လူသားချင်းစာနာမှုအတွက် အကူအညီတောင်းခံခြင်း

1 view
Skip to first unread message

doubting thomas

unread,
Sep 1, 2011, 2:57:09 AM9/1/11
to


ညီအစ်ကို မောင်နှမများ ခင်များ ,



ယခုလက်ရှိအချိန်အခါတွင်  ရေကြီးခြင်း၊ လေပြင်းတိုက်ခြင်းများကဲ့သို့
သော သဘာဝဘေးအန္တရာယ်များ မကြာခဏဖြစ်ပေါ်နေခြင်း၊
 နိုင်ငံခြားငွေလဲလှယ်နှုန်းများ ကျဆင်း၍ လူမှုရေးအဖွဲ့အစည်းများတွင် ရန်ပုံငွေလျော့နည်းကျဆင်းလာခြင်းတို့ကြောင့်
လိုအပ်သည့်အချိန်တွင် အဆင်သင့်ကူညီပံ့ပိုးပေးနိုင်ရန်အတွက်  မိမိတို့၏
အသုံးမပြုတော့သော အ၀တ်အထည်များကို တန်ဖိုးမဲ့စွာ
သိမ်းဆည်းထားမည့်အစား အပြန်အလှန်ကူညီခြင်းနှင့် အချင်းချင်းမျှဝေခံစားခြင်း လူ့အဖွဲ့အစည်း ( Caring
and Sharing Society ) အလေ့အထ ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်စေရန်
လှူဒါန်းကြစေလိုပါသည်။ 0.7 Fund အဖွဲ့ အနေဖြင့်လည်း
ငွေအားဖြင့်ထောက်ပံ့ကူညီခြင်းအပြင် ၀တ္တုပစ္စည်းများအားဖြင့်လည်း
ပိုမိုကူညီလှူဒါန်းလာနိုင်ပါမည်။ လှူဒါန်းရန် အ၀တ်အထည်များကို
သေချာစွာစုဆောင်း၊ လျှော်ဖွတ်၊ မီးပူတိုက်ပြီးပါက EGG အဖွဲ့မှ လာရောက်ကူညီ ယူဆောင်ဖြန့်ဝေပေးပါမည်။ သို့ဖြစ်ပါ မိမိပတ်ဝန်းကျင်ရှိ အဖွဲ့အစည်း၊ မိတ်ဆွေ၊ သူငယ်ချင်းများကိုလည်း လှူဒါန်းနိုင်ရန် ပြောကြားပေးစေလိုပါသည်။
သီးခြားအကြံဥာဏ်နှင့် အကူအညီများကိုလည်း   ပေးကြပါရန်လည်း မေတ္တာရပ်ခံအပ်ပါသည်။


contacts:

Ma Aye Su Kyi      EGG         09 73117518
Su Susandi          Activista     01- 546671 (ext-223),8603142 (ext-223)
Gaeha Hita                               01- 523931 ( ext-3202)

collection points:
ဂေဟဟိတ
ဒိုင်းမွန်းကွန်ဒို ဘီ၊ ဒုတိယထပ် လှည်းတန်းနှင့် စိုက်ပျိုးရေး အကြား၊ မေတာ ဦး မျက်စိဆေးခန်းအနီး။

Activista
အမှတ် ၁ ၊ ၀င်္ကဘာလမ်း၊ ရွေဂုံတိုင် ဗဟန်း ရန်ကုန်၊
(ဇီဝိတဒါန သံဃာ့ ဆေးရုံအနီး)
--
tzo
up with justice
down with any injustice




Reply all
Reply to author
Forward
0 new messages