Fwd: copy

2 views
Skip to first unread message

Sang Hmun Lian

unread,
Nov 20, 2010, 6:30:02 AM11/20/10
to anhmaw...@googlegroups.com


---------- Forwarded message ----------
From: aung aung <mamaau...@gmail.com>
Date: 2010/11/19
Subject: copy
To:


ပြောမထွက်သူ!!!

အသည်းကွဲဘူးတဲ့ သူကအချစ်ကြောင်းရေးမယ်။
စကားထစ်တက်တဲ့ကျွန်တော်လိုလူက..............
ဘယ်သူမှမရေးကြသေးတဲ့ကျွန်တော်လိုလူတွေအကြောင်း
ရေးသားလိုက်ပါသည်။အမှားပါခဲ့ရင်ပြုပြင်ပေးကြပါ။




အခြေခံဆိုတဲ့မူလတန်းကျောင်းသားဘဝကိုရောက်လာရင် မိဘတိုင်းက မိမိသားသမီးများကို
မေးကြပါတယ်။ သားရေမင်းကြီးလာရင်ဘာလုပ်မှာလဲ??? ကျောင်းဆရာကြီးလုပ်မှာပေါ့ဟု
မဆိုင်းမတွပဲကျွန်တော်ဖြေခဲ့ဖူးသည်။ ဒီလိုနဲ့အလယ်တန်းကျောင်းသားဘဝ ရောက်ပြန်တော့
လည်း ထပ်မေးပြန်သည်။ ကျွန်တော်ကျောင်းဆရာကြီးလုပ်မှာပါအဖေဆိုတဲ့စကားလုံမျိုးကို
မသုံးရက်တော့ပါ။ ဘာလို့လည်းဆိုတော့ ကျွန်တော်စကားထစ်နေပြီဆိုတာ သတိထားမိတဲ့
အရွယ်ရောက်နေပြီလေ။ အတိတ်ဘဝက ဝဋ်ကြွေးတစ်ခုကြောင့်လား၊ဒါမှမဟုတ်ကျွန်တော်
ထိန်းကျောင်ပေးတဲ့ ပတ်ဝန်းကျင်က ဦးမိုးဟိန်းဆိုတဲ့လူကိုနောက်မိလိုလား၊မိဘတွေငယ်စဉ်
အခါကမပြုပြင်လိုလား။ ဘာလိုပဲဖြစ်ဖြစ်စကာထစ်နေတဲ့ကျွန်တော် ပတ်ဝန်းကျင်ကိုရင်ဆိုင်
ရမှာတော့သေချာပါတယ်။ ပထမဆုံအရှက်ရတဲ့နေ့လေးတစ်ရက်ကိုပြောရမယ်ဆိုရင်.......
(၆)တန်းကျောင်သားဘဝပေါ့ သမိုင်းဆရာမ မေးတဲ့မေးခွန်းကိုတစ်ခန်းလုံးရကြတယ်။ကျနော်
လည်းအပါဝင်ပေါ့တစ်ယောက်ချင်မေးတော့ထစ်ငေါ့နေတဲ့ကျွန်တော် စာမပြန်နိုင်ခဲ့ပါဘူး။
အပြစ်ပေးစနစ်ကြီးတဲ့ဆရာမ အလံတိုင်အောက်စာထွက်ကျက်တဲ့လေ။ စာရမှစာသင်ခန်းထဲ
ပြန်ဝင်လာတဲ့လေ။ ကျောင်းသားတစ်ရာမှာ ကျွန်တော်ဆိုတဲ့ ထစ်ငေါ့သူတစ်ယောက်သာ
ရပြီးသားစာကို အများအမြင်မှာရှက်ဖို့ကောင်းလောက်အောင် ၄၅ မိနစ်ကျက်ခဲ့ရတယ်။
စကားထစ်သူတစ်ယောက်ရဲ့ပထမဆုံးသင်ခန်းစာလေးပါ။ သြော်ဆရာမလုပ်တဲ့သူကမသိလို့
လားဒါမှမဟုတ်တိကျလားဆိုတာတော့မပြောတက်ပါ။ ဒီလိုနဲ့အချိန်တန်အရွယ်ရောက်လာ
တော့(မ...)ဆိုတဲ့ချစ်သူလေးတစ်ယောက်ရသွားပါတယ်။ကျွန်တော်အားနည်းချက်လည်းသိ
ရောထုံစံအတိုင်းပဲပေါ့။(နန်းဆုရတီ..သီချင်းထဲကလို.. မေမေဆူလိမ့်မယ်)ပေါ့။အော်ဆိုးလိုက်
တဲ့ဘဝပါလား။၁၀ တန်းလေးကလည်းအောင် မိဘကိုလုပ်ကြွေးရမယ့်အရွယ်လေးရောက်
လာတော့ထုံစံအတိုင်း(ယုဇနပလာဇာ)မှာအရောင်းဝန်ထမ်း သူငယ်ချင်းတွေနဲ့အတူလျှောက်ကြ
တယ်။အာလုံကအသီးသီးအလုပ်လေးတွေရကြပါတယ်၊ ကံဆိုးတဲ့ မောင်လပ်ကီးကို
သဌေးလုပ်တဲ့သူက မင်ဒီလောက်တောင်ထစ်ငေါ့နေရင် ဈေးဝယ်သူကိုဘယ်လိုဆက်ဆံ
မှာလည်းတဲ့။ သူပြောတာလည်းဟုတ်နေတာလားဒါမှမဟုတ် ကျွန်တော်ဘဝကပဲဆိုနေတာလား။
စိတ်ဓာတ်ကျနေတဲ့ကျွန်တော် အန်တီလေးရဲ့ကူညီမှုကြောင့် မလေးရှားဆိုတဲ့နိုင်ငံကိုဆိုင်း
မဆင့်ဘုံမဆင့်ရောက်သွားပါတယ်။နိုင်ငံခြားဆိုတော့ဘာသာစကားလေးပါ ခြားရတော့လေ့လာ
ရတယ် မသိရင်မေးရတယ်။ ဘာသာစကားခြားတော့ပြောလို့ကောင်းမှာထင်တာပိုတောင်
ထစ်လိုနေသေး။ အော်လူမျိုးခြားတွေရှေ့မှာတောင် ငါဟာ ဟာသလေးတစ်ကောင်ပါလား။
စိတ်ဓာတ်ကျနေတဲ့ကျွန်တော် ငိုရမှာလား? ရယ်ရမှာလားဗျာ? ။ စကားထစ်တာတောင်ပုံစံ
အမျိုးမျိုးရှိပါသေးတယ်။ ကျွန်တော်သူငယ်ချင်းတစ်ယောက်ဆို(S)ဆိုတဲ့စကာလုံးမျိုးဆို
သူပြောလို့ကိုမရတာ။ မောင်လပ်ကီးကတော့(a,e,i,o,u)ဆိုတဲ့စကားလုံးတွေကိုထိပ်ဆုံးက
သုံးမယ်ဆိုရင် လုံးဝကိုပြောမထွက်တာ။ကိုယ်ဦးလေးအရွယ်ကိုခေါ်ချင်ရင်တောင်မှ ဦးဘယ်သူ
လိုမခေါ်ရပဲ ကိုဘယ်သူ ဆိုပြီးတပ်ခေါ်ရတာ။ဘေးလူမြင်ရင်တော့ မပြောတက်မခေါ်တက်တဲ့
အကောင်ပေါ့။ ဘာတက်နိုင်မှာလည်းကိုယ်ဘဝနဲ့ကိုယ်အကြောင်းဆိုတော့ ။ တစ်ချိန်က
ငိုခဲ့ရတဲ့ကျွန်တော်အခုတော့ဘာမှမခံစားရတော့ဘူးစိတ်ဓာတ်လည်းမကျတော့ဘူး။ ဘာလို့
လည်းဆိုတော့ နိုင်ဆိုက်တစ်ခုမှာဖတ်ခဲ့ရတဲ့ ဘလော့ပို့လေးတစ်ခုကြောင့်ပါ။လက်နှစ်ဖတ်
မရှိတဲ့သူလိုလူက ခြေထောက်နဲ့စာရေးတယ်။ခြေထောက်နဲ့ပဲမထင်မှက်ထာတွေလုပ်ပြ
သွားတယ်လေ။ ကျွန်တော်လို ကိုယ်ခန္ဓာပြည့်စုံနေတဲ့သူကဘာကို ဂရုဆိုက်ရမှာလည်း။
ကျွန်တော်လို စကားထစ်တဲ့သူငယ်ချင်းတွေ ရှိရင်လည်း စိတ်ဓာတ်မကျပါနဲ့ အားပေးရင်း
ဒိလောက်နဲ့ပဲ အဆုံးသတ်ပါရစေ။ ။




စကားထစ်သူနှင့်သူ၏ပတ်ဝန်းကျင်



၁။မိဘများအနေနှင့်စကားပြောတက်ကာစ ကလေးငယ်လေးများကို စကားထစ်သူနှင့်အတူ
မထားသင့်ပေ။
၂။မိမိအိမ်ဘေးတွင်တွေ့ပါက အတက်နိုင်ဆုံပြုပြင်ပေးပါ ငယ်ရွယ်စဉ်ပြုပြင်ပေးလျှင်ပိုမို့
သင့်တော်ပေမည်(ဥပမာ....ထစ်နေသည့်အချိန်တွင်...ခြောက်လှန့်တာမျိုး)။
၃။သူငယ်ချင်းအပေါင်းသင်းများတွင် ထစ်သောသူ ရှိပါကသွားမနောက်ပါနှင့်
ဝဋ်မလည်ရင်တောင်မှ အလေ့ကျင့်တစ်ခုလိုရောဂါဆွဲကပ်နိုင်ပါသည်။
၎။စကားထစ်သောသူသည် ဒုက္ခိတတစ်ယောက်လောက်မဆိုးပေမယ့် လူတစ်ကာနှင့်
နှိုင်းယှဉ်လျှင်အမြဲနောက်ကျတက်သောကြောင့် သူငယ်ချင်းများအနေဖြင့်ဝိုင်ဝန်းကူညီကြပါ့စို့


ဖြစ်လေရာဘဝတိုင်းမှာ စကားမထစ်ပါစေနဲ့ဆုတောင်းရင်း........lucky october



dawt sung

unread,
Nov 21, 2010, 2:31:22 AM11/21/10
to anhmaw...@googlegroups.com
On 11/20/10, Sang Hmun Lian <sangs...@gmail.com> wrote:
> ---------- Forwarded message ----------
> From: aung aung <mamaau...@gmail.com>
> Date: 2010/11/19
> Subject: copy
> To:
>
>
> ပြောမထွက်သူ!!!အသည်းကွဲဘူးတဲ့ သူကအချစ်ကြောင်းရေးမယ်။
Reply all
Reply to author
Forward
0 new messages