ပုဂံအာန္ဒာဘုရားတွင် ရှေးဟောင်း ဦးခေါင်းတော် မြှပ်သည့်နေရာ တွေ့ရှိ ၊ သာသနာတော် အဓွန့်ရှည်ရေး အတွက် သင်္ဂါယနာများတင်ခြင်း ၊ ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ချင်ရင် ဘာတွေလိုအပ်သလဲ? ၊ လှူတတ်ကြပါစေ..... ၊ သံသရာ၏အဆုံးသည် နိဗ္ဗာန်ဖြစ်ခဲ့သော် သံသရာ၏အစသည် မည်သို့ဖြစ်ပေါ်လာ

55 views
Skip to first unread message

Slip Knot

unread,
Jun 22, 2011, 5:53:23 PM6/22/11
to

  1. ပုဂံအာန္ဒာဘုရားတွင် ရှေးဟောင်း ဦးခေါင်းတော် မြှပ်သည့်နေရာ တွေ့ရှိ ၊
  2. သာသနာတော် အဓွန့်ရှည်ရေး အတွက် သင်္ဂါယနာများတင်ခြင်း ၊
  3.  ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ချင်ရင် ဘာတွေလိုအပ်သလဲ? ၊
  4. လှူတတ်ကြပါစေ..... ၊
  5. သံသရာ၏အဆုံးသည် နိဗ္ဗာန်ဖြစ်ခဲ့သော် သံသရာ၏အစသည် မည်သို့ဖြစ်ပေါ်လာသနည်း ၊
  6. သိပ္ပ္ပံပညာနှင့် အဘိဓမ္မာ ၊
  7. မလေးရှားကျောင်းထိုင်ဘုန်းကြီးဘ၀ ၊


ပုဂံအာန္ဒာဘုရားတွင် ရှေးဟောင်း ဦးခေါင်းတော် မြှပ်သည့်နေရာ တွေ့ရှိ

့news

အေဒီ ၁၀၀၁ ခုနှစ်က တည်ထား ကိုးကွယ်ခဲ့ပြီး ဗိသုကာ လက်ရာ များတွင် စံထားရသည့် ပုဂံအာနန္ဒာ ဘုရား အနောက်ဘက်တွင် တည်ထားသည့် ပဉ္စလောဟာဖြင့် သွန်းလုပ်ထား သော ငါးပေ အချင်း ရှိသည့် ရှေးဟောင်းဘုရား ဦးခေါင်းတော်ကြီး မြှုပ်နှံထားသည့်နေရာကို အာနန္ဒာ ဘုရား အရှေ့ ဘက် ခြမ်းတွင် ရှာဖွေ တွေ့ရှိထားကြောင်း Global9 Education Centre မှ သိရှိရပါသည်။

“အာနန္ဒာဘုရားရဲ့ အနောက် ဘက်ခြမ်းမှာရှိတဲ့ရှေးဟောင်းဘုရား ရဲ့ဦးခေါင်းတော်က မြေအောက်မှာ မြှုပ်နှံထားတာ နှစ်ပေါင်း ၃၀၀ လောက် ကြာမြင့်ခဲ့ပါပြီ။ အဲဒီဘုရားကို သက်ဆိုင်ရာ ယဉ်ကျေးမှု ၀န် ကြီးဌာန ရှေးဟောင်း သုတေသနဌာနက ထိန်းသိမ်းဖို့အတွက် တူးဖော်ရှာဖွေမှု ပြုခဲ့ပါတယ်။ ဒါပေ မယ့် ရှာဖွေ မတွေ့ရှိခဲ့ပါဘူး။ အခုမှ ကျွန်မတို့ သင်တန်း ကျောင်းက High Tech remote Sensing Methods များနဲ့ ရှာဖွေတဲ့အခါမှာ အရှေ့ဘက်ခြမ်းမှာ ဘုရားဦးခေါင်းတော်ရှိတဲ့ တွင်းငါးတွင်း တွေ့ ခဲ့ရပါတယ်။ ဒါ့အပြင် အာနန္ဒာဘုရားရဲ့ Remote Spectrum မတူညီတာကို တွေ့ရပါတယ်။ ဘုရား ရဲ့ အနောက်တောင်နဲ့ တောင်ဘက်မှာ သံသတ္တုကြွယ်ဝနေတဲ့ အုတ်ဖုတ်ရာနေရာ မတူညီမှုကို လည်း တွေ့ခဲ့ရတယ်။ အဲဒီတွေ့ရှိချက်အရ Spectrum တွေမှာ ထူးထူးခြားခြား Iron Oxide များစွာ ပါဝင် နေတာ တွေ့ရှိရတဲ့အတွက် ဘုရားတည်ဆောက်တုန်းက ဒေသနှစ်ခုကနေ အုတ်ဖုတ် လုပ်တယ် ဆို တာကို တွေ့ရတယ်” ဟု Global 9 Education Centre ဘူမိဗေဒသင်တန်းကျောင်း မှ ဆရာမ ဖြူမာ က ပြောကြားသည်။

ဘုရားဦးခေါင်းတော် မြှုပ်နှံထားသည့် တွင်းငါးတွင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဘုရားဦးခေါင်းတော်ရှိမည့် တွင်းကို သဲနမူနာယူကာ စမ်းသပ်စစ်ဆေးခြင်းဖြင့် အတည်ပြုတူးဖော်နိုင်မည်ဟု သိရသည်။ “ရှေးဟောင်းဘုရား ဦးခေါင်းတော် ရှာဖွေတဲ့အခါမှာ ရှေးဟောင်း ပစ္စည်းတွေ ပျက်စီးခြင်းမရှိဘဲ လေ့လာနိုင်တဲ့ နောက်ဆုံးပေါ်ခေတ်မီနည်းပညာနဲ့ ရှာဖွေခဲ့တာပါ။ တွေ့ရှိထားတဲ့နေရာမှာ တူးဖော်မှုပြုတဲ့အခါ နိုင်ငံတော်ရဲ့ခွင့်ပြုချက်နဲ့ တွင်းဟောင်း နေရာကနေ သဲနမူနာကောက်ယူပြီး HighTech နည်းပညာနဲ့ နေရာကို အသေးစိတ်ကွင်းဆင်း တိုင်းထွာပြီးမှ စနစ်တကျ တူးဖော်သင့်ပါတယ်” ဟု ဆရာကြီးဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။

source:Eleven Media Group/


သာသနာတော် အဓွန့်ရှည်ရေး အတွက် သင်္ဂါယနာများတင်ခြင်း


မြတ်စွာဘုရားက ရဟန်းတို့အား ``ငါဘုရား ပရိနိဗ္ဗာန်ပြုပြီးသောအခါ ငါဘုရား
ဟောကြားပညတ်တော် မူထားသော `ဓမ္မ-၀ိနယ´ တို့သည် သင်ချစ်သားတို့၏
ဆရာဖြစ်ပေလိမ့်မည်´´ -ဟု ပရိနိဗ္ဗာန်ပြုခါနီးချိန်၌ မိန့်မှာခဲ့သော စကားအရ
`ဓမ္မ-၀ိနယ´ သည် ဘုရား`ရှင်၏ကိုယ်စား ဆရာအဖြစ် ကျန်ခဲ့ပေသည်။ ထို့ကြောင့်
ဘုရားရှင်၏ တပည့်ရဟန်းတော်တို့သည် ဘုရားရှင်၏ ကိုယ်စားဆရာဖြစ်သည့် ဓမ္မ ၀ိနယ
ကို မပျောက်မပျက် အစဉ်တည်ရှိနေစေရန်အတွက် ဖြစ်ပေါ်လာသော အကြောင်းတရား
အခြေအနေများအရ၊ ရဟန်းသံဃာ အဆက်ဆက်တို့က ယခု ကာလတိုင်အောင်
လုံ့လကြီးစွာဖြင့် ကြိုးစားအားထုတ်၍ သင်္ဂါယနာတင်ပွဲကြီး
များကျင်းပပြုလုပ်ပြီး၊ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြပေသည်။

ပထမသင်္ဂါယနာ။ ။ အရှင်မဟာကဿပသည် ဘုရားရှင် ပရီနိဗ္ဗာန်စံဝင်ချိန်မှာ
ပါဝါပြည်မှ ကုသိနာရုံပြည်သို့ ကြွလာနေစဉ် လမ်းအကြား၌(ဘုရားရှင်
ပရိနိဗ္ဗာန်ပြုရာ ကုသိနာရုံပြည်မှာလာသော) သုဘဒ္ဒ အမည်ရှိ တောထွက်ရဟန်းကြီးက
ငါတို့ကို ချုပ်ချယ်လာခဲ့သော ရဟန်းဂေါတမ ပရိနိဗ္ဗာန်စံသွားပြီ၊ ယခု ငါတို့
အလိုရှိသလို နေထိုင်ပြုကျင့်နိုင်ပြီ ဟု မိမိ၏ မျက်မှောက်၌ ပြောကြားသည့်
ဘုရားရှင်၏ သာသနာကို စော်ကားသောစကားကို ဆတ်ဆတ်ကြားခဲ့ရသဖြင့်၊ ဘုရားရှင်
ပရိနိဗ္ဗာန်ပြုပြီးနောက် ၃-လအကြာ(ဘီစီ ၅၄၄)တွင် အဇာတသတ်မင်း၏ ပံ့မိုးကူညီ
မှုဖြင့် ရာဇဂြိုဟ်ပြည်၌ ရဟန္တာ ၅၀၀- စုဝေးကာ၊ ဘုရားရှင် ဟောကြားခဲ့သည့်
ဓမ္မ-၀ိနယ ခေါ် သုတ်.၀ိနည်း. အဘိဓမ္မာ ပိဋကတ်သုံးပုံကို
စုပေါင်းညှိနှိုင်းစုစည်း၍ နှုတ်တက်ရွတ်ဆိုခြင်း=
သင်္ဂါယနာတင်ပွဲကြီးကို(ပထမအကြိမ်) ၇ -လတိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပေ၏။

ဒုတိယသင်္ဂါယနာ။ ။ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးနောက်၊ သာသနာနှစ် ၁၀၀(ဘီစီ ၄၄၃)
သို့ရောက်သော်၊ ၀ဇ္ဇိတိုင်းသား ရဟန်းတို့က မူလ၀ိနည်းသိက္ခာပုဒ်များကို သွေဖီ၍
ကျင်ကြံလာသော (အဓမ္မ၀တ္ထု) ၁၀-ပါးကို အကြောင်းပြု၍ သာသနာ့အန္တရာယ်
ပေါ်ပေါက်လာသောကြောင့်၊ အရှင်ယသမထေရ် အမှူးပြု၍ ရဟန္တာမထေရ် ၇၀၀ တို့က
ဝေသာလီပြည်၌ ကာလာသောက မင်းကြီး၏ပံ့ပိုးကူညီမှုဖြင့် နှုတ်ဖြစ်ရွတ်ဆိုခြင်း =
သင်္ဂါယနာတင်ပွဲကြီးကို (ဒုတိယအကြိမ်) ၈ လတိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပေ၏။

တတိယသင်္ဂါယနာ။ ။ သာသနာနှစ်-၂၃၅ (ဘီစီ ၃၀၈) သို့ရောက်သော်၊ အိန္ဒိယပြည် အသောက
မင်းတရားကြီး လက်ထက်တွင် ရဟန်းတု ရဟန်းယောင်
(တိတ္ထိ)ခြောက်သောင်းတို့သည်(ဆွမ်းစသည်
ပစ္စည်းလေးပါးဆုတ်ယုတ်သွားခြင်းကြောင့်) ရဟန်းကောင်းအသွင်ဖြင့်
ဗဒ္ဓသာသနာအတွင်းသို့ဝင်ရောက်ပြီး မိစ္ဆာဝါဒ = အယူမှားတို့ကို သွတ်သွင်းလာသည့်
သာသနာ့ အန္တရာယ်ဖြစ်ပေါ်လာသဖြင့်၊ အသောကမင်းတရားကြီးက ထိုရဟန်းတုများကို
နှင်ထုတ်ပစ်၍ သာသနာသန့်ရှင်းရေးကို လုပ်ဆောင်ခဲ့ပြီးနောက်၊ ထိုမင်းကြီး၏
ပံ့ပိုးကူညီမှုဖြင့် အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ် အမှူးပြုသော ရဟန္တာမထေရ်
တစ်ထောင်တို့သည် ပါဋလိပုတ်ပြည်၌ နှုတ်ဖြင့်ရွတ်ဆိုခြင်း =
သင်္ဂါယနာတင်ပွဲကြီးကို (တတိယအကြိမ်) ၉ - လတိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်။
ဤသင်္ဂါယနာတင်ပွဲကြီး အဓိက ထူးခြားချက်များမှာ
-(၁)အရှင်မဟာမောဂ္ဂလိပုတ္တတိဿမထေရ်က အယူဝါဒရေးရာနှင့် ပတ်သက်၍၊
အယူဝါဒအမှားများကို ဗုဒ္ဓ၏အလိုတော်ကျ ထုတ်ဖေါ်ရှင်းလင်းခြင်းတို့ကို
ပြဆိုသည့် အဘိဓမ္မာဆိုင်ရာ ကထာဝတ္ထုကျမ်း ကိုရေးသားခြင်း၊ (၂) အသောကမင်းကြိး၏
အကူအညီဖြစ် သီဟိုဠ်အစရှိသည့် ၉ တိုင်း ၉ ဌာနသို့ သာသနာပြု ရဟန်းတော်များ
စေလွှတ်ခြင်းတို့ကို ပြုလုပ်ခဲ့ရာ၊ မြန်မာနိုင်ငံ သုဝဏ္ဏဘူမိ(သထုံ)သို့
အရှင်သောဏ နှင့် အရှင်ဥတ္တရ မထေရ်တို့ အမှူးပြုသော ရဟန္တာမထေရ် ၅- ပါး
ကြွရောက် သာသနာပြုခဲ့ကြသည်။

စတုတ္ထသင်္ဂါယနာ။ ။ သာသနာနှစ်-၄၅၀ (ဘီစီ ၉၄ ) သို့ ရောက်သောအခါ၊
သီဟိုဠ်(သီရီလင်္ကာ)နိုင်ငံတွင် သူပုန်ဘေး, ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့
၁၂-နှစ်တိုင်တိုင် ဖြစ်ပွါးခဲ့ရာ၊ သာသနာ့ဝန်ထမ်း ရဟန်းတော်တို့သည်
ပိဋိကတ်တော်များ မပျောက်မပျက်ရအောင် အလွန်ပင်ပန်းခက်ခဲစွာ
နှုတ်တက်အာရုံဆောင်ခဲ့ရသဖြင့်၊ နောင်တွင် ဤသို့သော ဘေးကြီးမျိုး ပေါ်ပေါက်၍
ပိဋကတ်တော်များကို နှုတ်တက်အာရုံဆောင်ရန် လွန်စွာခက်ခဲမည်ကို မြင်၍၊
အရှင်ဓမ္မရက္ခိတ အမှူးပြုသော ရဟန္တာမထေရ် ၅၀၀-တို့သည် ၀ဋ္ဋဂါမဏိ မင်းကြီး၏
ပံ့ပိုးကူညီမှုဖြင့် တစ်နှစ်တိုင်တိုင် ပိဋကတ်တော်များကို ပေရွတ်၌ရေးသား၍
(ပေထက်အက္ခရာ တင်ကာ) သင်္ဂါယနာတင်ပွဲကြီးကို(စတုတ္ထအကြိမ်)
ကျင်းပပြုလုပ်ခဲ့ကြသည်။

စဉ္စမသင်္ဂါယနာ ။ ။ သာသနာနှစ်- ၂၄၁၅ (အေဒီ -၁၈၇၁ ) သို့ရောက်သော်၊
မြန်မာနိုင်ငံ မန္တလေးမြို့တွင်၊ ဒက္ခိဏာရာမ ဘုရားကြီးတိုက်ဆရာတော်
ဘဒ္ဒန္တဇာဂရာဘိဝံသ (တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု- ဘွဲ့တံဆိပ်တော်ရ)
အမှူးရှိသော သံဃာတော် ၂၄၀၀ တို့သည် မင်းတုန်းမင်းတရားကြီး၏
ပံ့ပိုးကူညီမှုဖြင့် မူအမျိုးမျိုးကွဲပြားနေသည့် ပိဋကတ်တော်များကို
သုတ်သင်တည်းဖြတ်၍ ၅-လတိုင်တိုင် သင်္ဂါယနာတင်ပွဲကြီးကို
(ပဥ္မအကြိမ်)ကျင်းပပြုလုပ်ပြိးနောက် မင်းတုန်းမင်းကြီးသည် ထိုမူသန့်
ပိဋကတ်တော်များကို အရှည်တည်တံ့နိုင်စေရန် စကျင်ကျောက်ဖြူ (၇၂၉) ချပ်ပေါ်တွင်
အက္ခရာရေးထွင်း(ကျောက်ထက် အက္ခရာတင်) စေခဲ့ရာ၊ ၇ -နှစ်ခွဲမျှကြာမှ
ပြီးစီးသွားခဲ့ပေသည်။

ဆဋ္ဌသင်္ဂါယနာ ။ ။ သာသနာနှစ်-၂၄၉၈ (အေဒီ-၁၉၅၄ )ခုသို့ ရောက်သော်၊ မြန်မာနိုင်ငံ
ရန်ကုန်မြို့တွင် ၀န်ကြီးချုပ်ဦးနု အမှူးပြုသော နိုင်ငံတော် အစိုးရသည်
မြန်မာ, သီဟိုဠ်(သီရီလင်္ကာ),ထိုင်း,လာအို, ကမ္ဗောဒီးယား - ဟူသော ထေဒ၀ါဒ ၅-
နိုင်ငံတို့မှ သံဃာတော် ၂၅၀၀ တို့ကို ပင့်ဖိတ်၍၊
သင်္ဂါယနာတင်ပွဲကြီး(ဆဋ္ဌအကြိမ်) ကျင်းပပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက,
အဋ္ဌကထာကျမ်းများ, ဋီကာကျမ်းများကိုပါ မူအမျိုးမျိုးညှိနှိုင်း
တည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ ပြန့်ပွားထွန်းလင်းစေရန်
စက်တင်ပုံနှိပ် ဖြန့်ချီခဲ့ပေသည်။ ဤသင်္ဂါယနာတင်ပွဲကြီး၌
(ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း) မြန်မာနိုင်ငံမှ
ဘဒ္ဒန္တရေ၀တမထေရ်(အဘိဓဇမဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ)က သဘာပတိအဖြစ်၎င်း၊
မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘဏမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က ပုစ္ဆက =
မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တ၀ိစိတ္တသာရာဘိဝံသမထေရ်(ပထမဆုံး -
တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရီ ဘွဲ့ရ) က ၀ိသဇ္ဖက = ဖြေဆိုဥူအဖြစ်၎င်း၊
သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်
အောင်မြင်စွာ ပြီးစီးသွားခဲ့ပေသည်။

ဗုဒ္ဓဘာသာဝင် စစ်စစ်ဖြစ်ချင်ရင် ဘာတွေလိုအပ်သလဲ?


  ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ချင်ရင် ဘာတွေလိုအပ်သလဲဆိုတော့ ပထမ ဗုဒ္ဓဘာသာဝင်ဖြစ်ဖို့ သရဏဂုံသုံးပါးကို ဦးစွာဆောက်တည်ရပါတယ်။ ဒီသရဏဂုံသုံးပါးကို ရဟန်းတော်တစ်တစ်ပါးပါးအထံမှာ ဆောက်တည်ရမှာပါ။ ရဟန်းတော်တစ်ပါးပါးအထံမှာ ဆောက်တည်တယ်ဆိုတာ ကတိခံခြင်း တစ်မျိုးပါ။ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသူ တစ်ယောက်အတွက်တော့ ဘုရားရှေ့မှာ ထိုင်ပြီး သရဏဂုံသုံးပါးဆောက်တည်ရင်လဲရပါတယ်။ ယခုမှဗုဒ္ဓဘာသာ ၀င်ချင်သူအတွက်တော့ ရဟန်းတော်တစ်ပါးအထံမှာ သရဏဂုံဆောက် တည်ပြီး ငါးပါးသီလကိုပါတစ်ခါတည်း ခံယူကြရပါတယ်။

      ဒီလိုဆိုရင် ယခုမှဗုဒ္ဓဘာသာဝင်ချင်သူတစ်ယောက်က ဘာဖြစ်လို့ရဟန်း တော်တစ်ပါးအထံမှာဆောက်တည်ရပါသလဲ? ဘုရားရှေ့မှာရော သရဏဂုံ ဆောက်တည်ရင် ဗုဒ္ဓဘာသာဝင်မဖြစ်နိုင်ဘူးလား? မေးစရာရှိပါတယ်။

      ဗုဒ္ဓသာသနာကိုပထမဆုံး စတင်တည်ထောင်သူက မြတ်ဗုဒ္ဓပါပဲ။ မြတ်ဗုဒ္ဓပြီးရင် မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့တရားတော်ပါ။ ဒါပြီးမှ သာသနာကို စောင့်ရှောက်နေတဲ့ သံဃာတော်တွေပါ။ ဒီသုံးခုကို ရတနာသုံးပါးလို့ခေါ် ပါတယ်။ ဒီရတနာမြတ်သုံးပါးကိုဆောက်တည်ခြင်းကပင် သရဏဂုံသုံးပါး ဆောက်တည်ခြင်းလို့ခေါ်ပါတယ်။ ဆောက်တည်ပုံကတော့------

      ဗုဒ္ဓံ  သရဏံ ဂစ္ဆာမိ= ဘုရားကို ယုံကြည်ကိုးကွယ်ပါ၏။

      ဓမံ္မ သရဏံ ဂစ္ဆာမိ=  တရားကို ယုံကြည်ကိုးကွယ်ပါ၏။

      သံဃံ သရဏံ ဂစ္ဆာမိ= သံဃာတော်ကိုယုံကြည်ကိုးကွယ်ပါ၏ ဖြစ်ပါတယ်။

      ဒီသရဏဂုံဆောက်တည်ပုံကိုကြည့်ရင် သံဃာတော်တွေပါနေတာတွေ့ ရပါတယ်။ ဗုဒ္ဓဘာသာကိုအခုမှစ၀င်မည့်သူတစ်ယောက်ဟာ ယခုသက်ရှိထင် ရှားရှိတဲ့ သံဃာတော်တွေထံမှာသာ ဆောက်တည်ကတိခံပြီး ငါးပါးသီလကိုပါ ခံယူကျင့်သုံးရခြင်းဖြစ်ပါတယ်။ အများတွေးနည်းတွေးရင်တော့ သက်ရှိ ထင်ရှားရှိသူကို အသိသက်သေပြုခိုင်းခြင်းသဘောပါပဲ။နောက်တစ်ခု ဘာနဲ့ဥပမာတူသလဲဆိုတော့ ပိုက်ဆံတောင်းချင်ရင် ပိုက်ဆံရှိသူကိုတောင်းမှ ပိုက်ဆံရသလဲမျိုးပါ။ မြတ်ဗုဒ္ဓက လောကမှာသက်ရှိထင်ရှားမရှိတော့ သက်ရှိထင်ရှားရှိတဲ့ မြတ်ဗုဒ္ဓရဲ့သားတော်ဆီမှာသရဏဂုံ တောင်းခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းတစ်ပါးအထံမှာ သရဏဂုံဆောက်တည် ရခြင်းပါ။

      ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်အောင် သရဏဂုံဆောက်တည်ရုံနှင့်ဖြစ်ပြီလား။ မဖြစ်သေးပါဘူး။ ဗုဒ္ဓဘာသာဝင်တော့ဖြစ်သွားပြီ။ ဒါပေမဲ့ ဖြူစင်တဲ့ဗုဒ္ဓ ဘာသာဝင်တစ်ယောက်ဖြစ်ဖို့တော့လိုသေးတယ်။ ဘာတွေလိုလဲဆိုတော့ ကျင့်သုံးမှုအပိုင်းလိုသေးတယ်။ ကျင့်သုံးမှုမရှိဘဲ ပါးစပ်ကတဖွဖွရွတ်ဆိုနေ ရုံနဲ့တော့ ဖြူစင်တဲ့ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်လာမှာမဟုတ်ဘူး။ မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ဒေသနာတွေကများသည့်အတွက်ကြောင့် အကျဉ်းချုပ်ပြီး ကျင့်သုံးစရာလေးကို ပြောရမယ်ဆိုရင်-------

      ၁။ မကောင်းတာကိုမလုပ်နဲ့။

      ၂။ ကောင်းတာကိုလုပ်။

      ၃။ မိမိရဲ့စိတ်ကို ဖြူစင်အောင်ထားဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုဆိုရင်  ဗုဒ္ဓဘာသာဝင်စစ်စစ်ဖြစ်ပါပြီ။


လှူတတ်ကြပါစေ.....


မြန်မာလူမျိုးများဟာ အင်မတန်အလှူအတန်း ရက်ရောတဲ့ လူမျိုးများဖြစ်ပါတယ်။ ပြည်ထောင်စု တိုင်းရင်းသားတွေ အပါအ၀င် မြန်မာ့လူ့ဘောင်တစ်ခုလုံးမှာ အလှူဒါနနဲ့ ပတ်သက်တဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံ စကားပုံဆိုရိုးစကားတွေဟာ ပြောမဆုံးနိုင်အောင် ကျယ်ပြန့်လှပါတယ်။ အများစုဗုဒ္ဓ၀င်တွေပီပီ မွေးစနာမည်ပေးကင်ပွန်းတပ်ကစပြီး ကွယ်လွန်လို့ ရက်လည်ဆွမ်းကျွေးတဲ့အထိ အလှူအတန်းဟာ ဘ၀တစ်လျှောက်လုံး ပါနေခဲ့တာပါ။ ဒါပေမယ့် လှူတာဟာ လှူတတ်ဖို့ လိုပါတယ်။ လှူတတ်ဖို့ဆိုတာက ကုသိုလ်တစ်ပဲ၊ ငရဲတစ်ပိဿာဖြစ်မဲ့ အလှူမျိုးမဟုတ်ဘဲ လှူရင် လှူသလောက် အာသေ၀နပစ္စည်းအရ ပထမဇောနဲ့ လက်ငင်းဘ၀မှာ ဒိဌဓမ္မအကျိုးပေးဖို့ ၊ ဒါမှမဟုတ် သတ္တမဇောနဲ့ နောက်လာမဲ့ ဒုတိယဘ၀မှာ အကျိုးပေးဖို့ ဒါမှမဟုတ် အလယ်ငါးဇောအရ နိဗ္ဗာန်မရမီစပ်ကြား ဖြစ်ရာဘ၀မှာ သင့်လျော်သလို အကျိုးပေးဖို့ ဖြူဖြူစင်စင် ကုသိုလ်တွေရကြစေဖို့ ဆိုလိုတာဖြစ်ပါတယ်။

ဒါန
ဆရာကြီးဦးရွှေအောင်ရဲ့ ကိုယ်ကျင့်ဗုဒ္ဓ၀င် (ဗုဒ္ဓလောကသားတို့၏ အနှိုင်းမဲ့ ကျေးဇူးရှင် ) စာအုပ်မှာ "ဒါန၏ အနှစ်သာရမှာ စွန့်လွှတ်ခြင်းနှင့် အနစ်နာခံခြင်းဖြစ်၏ " ဒါနအမှုဖြစ်တဲ့ စွန့်လွှတ်ခြင်းနဲ့ အနစ်နာခံခြင်း ဆိုတာတွေကို ဘယ်ဘာသာဝင်မဆို လုပ်နိုင်ကြပါတယ်။ ဗုဒ္ဓဘာသာဝင်တွေ အတွက်ကတော့ မြတ်ရွှေပြည် နိဗ္ဗာန်ကို လှမ်းတက်ဖို့ရာ ဒါန၊ သီလ၊ ဘာဝနာဆိုတဲ့ လှေကားထစ်သုံးခု အနက် ဒါနသည် အရေးပါလှတဲ့ လှေကားထစ်ဖြစ်ပါတယ်။ ဒါနဟာ နိဗ္ဗာန်မဂ်ဖိုလ်ကို တိုက်ရိုက်ပို့ဆောင် ပေးနိုင်တဲ့ နည်းလမ်းမဟုတ်သော်လည်း နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ (နိဗ္ဗာနပစ္စယော) တော့ဖြစ်ပါတယ်။ ဘယ်လိုအထောက်အပံ့ ဖြစ်စေသလဲဆိုတော့ လှူဒါန်းတဲ့နေရာမှာ ထားခဲ့တဲ့ စေတနာသဒ္ဓါတွေရဲ့အကျိုးကြောင့် အစစအရာရာ ပြည့်စုံဖူလုံုံစွာနဲ့ တစ်မဂ်တစ်ဖိုလ် မြန်မြန်ဆန်ဆန် ရောက်စေနိုင်ပါတယ်။ ဒါနမျိုးစေ့ ရှိတဲ့သူနဲ့ မရှိတဲ့သူ ဘာတွေကွာခြားစေသလဲဆိုတော့ ကားရှိတဲ့သူနဲ့ ခြေလျင်လျှောက်ရတဲ့သူ ကွာခြားသလိုပဲ။ ကားရှိတဲ့သူ လိုရာခရီးကို မြန်မြန်ဆန်ဆန် ရောက်ရှိသွားတဲ့အချိန်မှာ ခြေလျင်သမားကတော့ နေပူပူအောက် ထီးကောက်တစ်ချောင်းနဲ့ ရုန်းကန်ရတုန်းပါ။ ဒါနအခြေခံရှိတဲ့သူဟာ အုတ်မြစ်ကောင်းချထားတဲ့ တိုက်အိမ်လိုပါပဲ။ အမြစ်အားကောင်းတဲ့ အပင်လိုပါပဲ။ ဖွံ့ဖြိုးတိုးတက်စည်ပင်ဖို့ အလွန်လွယ်ပါတယ်။ ဒီလိုအကျိုးပေးနိုင်ဖို့ သာမန်ဖြစ်ကတတ်ဆန်း အလှူမျိုးနဲ့တော့ မရနိုင်ပါဘူး။ အလှူဒါနမှာ ပြည့်စုံရမယ့် အရည်အသွေးတွေ အရည်ချင်းလက္ခဏာရပ်တွေ ရှိနေပါတယ်။

ဒါန၏ အင်္ဂါလက္ခဏာ
အဲဒီအရည်ချင်း အင်္ဂါလက္ခဏာတွေကတော့ ရုပ်ပိုင်းအရဆိုရင် အလှူပေးသူ၊ အလှူခံသူ၊ အလှူပစ္စည်းတို့ဖြစ်ပါတယ်။ ဘယ်သူမဆို လှူတာတော့ ဒီလိုဘဲလှူကြတာပါပဲ။ ဒါပေမယ့် လှူလိုက်ရခြင်း၏ အကျိုးပေးပုံခြင်းကတော့ တူကြမှာမဟုတ်ပါဘူး။ ဒါဟာဆိုရင် အလှူရဲ့စင်ကြယ်ခြင်း ကွာခြားခဲ့လို့ပါပဲ။ ညောင်စေ့လောက် လှူသော်လည်း ညောင်ပင်ကြီးလောက်ရတတ်ပြီး၊ ညောင်ပင်လောက် လှူသော်လည်း ညောင်စေ့လောက်သာရသလိုမျိုးပါ။ ကဿပမြတ်စွာဘုရားရှင် လက်ထက်တော်က မဟာဒုတ်ဆင်းရဲသားဟာ ထင်းပေါက်လို့ရတဲ့ အခကြေးငွေ၊ ပံ့သကူရတဲ့ ငါးကြင်းကြီးတစ်ကောင်နဲ့ပဲ မြတ်စွာဘုရားရှင်ကို ဆွမ်းကပ်ခဲ့သော်လည်း ဒိဌဓမ္မ ချက်ချင်းလက်ငင်း အကျိုးပေးပါတယ်။ ကျေးဇူးတော်ရှင် မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက မဟာဒုတ်အကျိုးပေးပုံနဲ့ ပတ်သက်လို့ အင်္ဂါသုံးတန်နဲ့ပြည့်စုံလို့ အကျိုးပေးခြင်းဖြစ်တဲ့အကြောင်း အခြေပြုပဌာန်းတရားတော် အာသေ၀နပစ္စည်းအပိုင်းမှာ ဟောတော်မူခဲ့ပါတယ်။အလှူရှင်အင်္ဂါသုံးတန်မှာ ပထမအင်္ဂါတစ်ခုကတော့ အလှူရှင်ရဲ့ ထက်သန်တဲ့ စေတနာသဒ္ဓါတရားပါပဲ။ စေတနာဟာ ကံဖြစ်တယ်လို့ မြတ်စွာဘုရား ဟောတော်မူခဲ့အတိုင်း စေတနာကြီးမြင့်သလောက် ကံလည်းကြီးမြင့်တာပါပဲ။ ကိုယ်စားမယ့်ထမင်းထုပ်ကို မစားဘဲ၊ ရဟန္တာကိုလှူတာ၊ ပစ္စေကဗုဒ္ဓါကိုလှူတာ၊ ကျွန်ခံနေရတဲ့ သမီးလေးကိုရွေးဖို့ ငွေပိုက်ဆံနဲ့ တောလမ်းခရီးမှာ တွေ့ရတဲ့ ရဟန်းတော် ဆွမ်းဘုန်းပေးဖို့အတွက် ဆွမ်းဝယ်ပြီးလှူလိုက်တဲ့ မဟာတိဿယဒါယကာလို သဒ္ဓါထက်သန်တဲ့ အလှူအတန်းမျိုးဟာ ဘယ်လောက်များ မြင့်မြတ် လိုက်ပါသလဲ။ တကယ်တော့ လှူတယ်ဆိုတာ စွန့်လွှတ်ပေးကမ်းတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လွှတ် ပေးကမ်းရတာ၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်လှူရတာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုသော် ငါ့ဟာ၊ ငါ့ဥစ္စာဆိုတဲ့ ''ငါ''တပ်မက်မှုတဏှာ၊ လောဘကို ချုပ်တည်းပယ်ဖြတ်ပြီးမှ စွတ်လွှတ်လှူဒါန်းရတာ၊ ငါမဟုတ်တဲ့နာမ်ရုပ်ကို ငါလို့စွဲမှတ်နေတဲ့ အ၀ိဇ္ဇာနှင့် သကာယဒိဌိကို ပယ်သတ်နိုင်ဖို့ တိုက်ပွဲဝင် လှူဒါန်းရတာ ဖြစ်ပါတယ်။ အတ္တကြီးလေလေ၊ လောဘကြီးလေလေ၊ ကိလေသာကြီးလေလေ၊ စွန့်လွှတ်ရမှာနှမြောလေလေပါပဲ။ တပ်မက်မှုတဏှာကြီးမားလေ၊ စွန့်လွှတ်ဖို့ခက်လေပါပဲ။ အဲဒီတော့ မဟာတိဿယလို လှူဒါန်းဖြစ်ဖို့အတွက် စေတနာသဒ္ဓါတရားကြီးမားဖို့ လိုအပ်ပြီပေါ့။ ထမင်းနဲအိုးကွဲလို့ ရွှေစည်းခုံလှူတာမျိုး၊ အကျိုးလိုလို့ ညောင်ရေလောင်းတာမျိုး၊ တစ်ကျပ်ဖိုးလှူပြီး တစ်ရာဖိုး လိုချင်လို့ လှူတာမျိုး၊ ပကာသန၊ ရာထူးဂုဏ်၊ နာမည်ကျော်စောဖို့အတွက် လှူတာမျိုးဆိုရင်တော့ တကယ် သဒ္ဓါစစ်စစ်နဲ့ လှူတာမဟုတ်တဲ့အတွက် စင်ကြယ်သောအလှူလို့ မခေါ်ဆိုနိုင်ပါဘူး။ တကယ်စင်ကြယ်တဲ့ သဒ္ဓါတရားဆိုတာ လှူလိုက်ရလို့ အလှူခံပုဂ္ဂိုလ်မှာ အကျိုးဖြစ်ထွန်းတာကို သိမြင်ရပြီး ပီတိဖြစ်တဲ့ စိတ်ကလေးပါ။ သို့ပေမယ့် ငါဥစ္စာဆိုတဲ့ နှမြောဝန်တိုစိတ်နည်းနည်းလေးမှ မဖြစ်မိဖို့ လိုပါတယ်။ သတိကပ်ပြီး ဉာဏ်နှင့်ယှဉ်ဖို့လိုပါတယ်။ အစာငတ်နေသော ခွေးလေးကို အစာကျွေးလိုက်ရတာ၊ လုပ်ကိုင်မစားနိုင်သော ဒုက္ခိတပုဂ္ဂိုလ်များကို ကူညီလှူဒါန်းလိုက်ရတာ၊ ဆွမ်းစားချိန်လင့်နီးနီး ဖြစ်နေသော ရဟန်းသံဃာတော်ကို အချိန်မီဆွန်းကပ် လှူဒါန်းလိုက်ရတာ စသဖြင့် အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ်အမြတ် မရွေးဘဲ မွန်မြတ်သော စေတနာသဒ္ဓါတရားနဲ့လှူမှ တကယ်စင်ကြယ်သော စေတနာဖြစ်မှာပါ။ လှူဒါန်းတဲ့နေရာမှာ ငါမှလှူနိုင်တာ၊ သင်းတို့ကဒီလောက်လှူနိုင်ရင် ငါတို့က ဒါထက်သာအောင်လှူမယ်ဆိုတဲ့ မာနစိတ်တွေ၊ ဣဿမစ္ဆိရိယစိတ်တွေနဲ့ လှူမယ်ဆိုပြန်ရင်လည်း ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်ရတဲ့ ဥပနိဿယ ပစ္စည်းဖြစ်ရပြန်ပါတယ်။ ကုသိုလ်ကိုအမှီပြုပြီး အကုသိုလ်ဖြစ်ရတဲ့အတွက် ကြောက်ဖို့ကောင်းလှပါတယ်။ ဒါဟာ အလှူရှင်ရဲ့ စင်ကြယ်မှုဖြစ်၏၊ မဖြစ်၏ဆိုတဲ့အပိုင်းပါ။အလှူခံပစ္စည်းရဲ့ စင်ကြယ်မှုအပိုင်းကတော့ စာဖတ်သူများ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ အဓိက ကတော့'ဓမ္မိယလဒ္ဓ' စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ပါပဲ။ စင်ကြယ်တဲ့ပစ္စည်းဖြစ်ဖို့ဆိုတာ မိစ္ဆာအာဇီဝလို့ ခေါ်တဲ့ လုပ်ငန်း(၅) မျိုးကိုရှောင်ကြဉ်ဖို့ပါပဲ။(၁) သတ္တ၀ါတွေ သေစေနိုင်သော လက်နက်များ ကုန်ကူးခြင်း။(၂) သတ္တ၀ါတွေ သေစေနိုင်သော အဆိပ်များ ကုန်ကူးခြင်း။(၃) သားငါးများ ကုန်ကူးခြင်း။(၄) အရက်သေစာများ ကုန်ကူးခြင်း။(၅) ကျွန်အဖြစ်၊ ပြည့်တန်ဆာအဖြစ် အသုံးပြုရန် လူများ ကုန်ကူးခြင်း။အဲဒီလို မကောင်းမှုနဲ့ ရှာဖွေရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ ခိုးပြီး၊ လိမ်ပြီး၊ လုယက်ပြီး သူတစ်ပါးဆီက မတရားသဖြင့် ရယူထားတဲ့ ပစ္စည်းမဖြစ်ဖို့၊ မိမိရဲ့ရိုးသားဖြောင့်မတ်စင်ကြယ်စွာ အသက်မွေးဝမ်းကြောင်းနဲ့ ရှာဖွေရရှိထားတဲ့ ပစ္စည်းဖြစ်ဖို့ပါပဲ။ မကောင်းမှုနဲ့ ရထားတဲ့ပစ္စည်းကို လှူလို့ရော အကျိုးမပေးဘူးလားဆို အကျိုးပေးပါတယ်။ သို့သော် မကောင်းမှုနဲ့ယှဉ်တဲ့ အကျိုးသွားလေးကတော့ ပါနေတော့မှာပေါ့။

အလှူခံပုဂ္ဂိုလ်
နောက်တစ်ပိုင်းကတော့ အလှူခံပုဂ္ဂိုလ်ရဲ့ စင်ကြယ်မှုအပိုင်းပါပဲ။ အလှူခံပုဂ္ဂိုလ်ဟာ စင်ကြယ်မြင့်မြတ်လေလေ လှူရတဲ့သူအဖို့ အကျိုးရှိလေလေပါပဲ။ မဟာဒုတ်ဒါယကာရဲ့ဆွမ်းကို ကဿပမြတ်စွာဘုရားရှင်က ချီးမြှေက်ဖို့အတွက် သမာပတ်ဝင်စားပြီး စိတ်တော်ကို နိဗ္ဗာန်အာရုံပြုပြီး ထုံထားပြီးမှ သမာပတ်က ထပြီးတော့ မဟာဒုတ်ဆွမ်းကို သပိတ်တော်ဘုန်းပေးတော်မူပါတယ်။ လောကတွင် အမြင့်မြတ်ဆုံး အစင်ကြယ်ဆုံး ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မှ ပိုမိုစင်ကြယ်သွားးအောင် သမာပတ်ဝင်စားပြီးမှ အလှူခံတော်မူတာဖြစ်ပါတယ်။တကယ်တော့ ပါရမီဆိုတာလည်း အရင်းခံအားဖြင့် တပ်မက်တဲ့တဏှာကိုသတ်ဖို့ ကြိုးစားတာပဲဖြစ်ပါတယ်။ ဒါနဆိုတာကလည်း ကိုယ်မှာရှိတဲ့ လောဘကိုထိန်းချုပ်၊ ကိုယ်ပိုင်ပစ္စည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ပါရမီ(၁၀)ပါးကို ဖြည့်ရာလည်းရောက်ပါတယ်။

ပါရမီ(၁၀)ပါး
(၁) ဒါန = ပေးကမ်း လှူဒါန်းခြင်း။
(၂) သီလ = သီလဆောက်တည်ခြင်း။
(၃) နိက္ခမ = ကိလေသာ အနှောင်အဖွဲ့မှထွက်ခြင်း(တောထွက်ခြင်း)။
(၄) ပညာ = ပညာဆည်းပူးခြင်း ၊ ဖြန့်ဝေခြင်း။
(၅) ၀ီရိယာ = မဆုတ်မနစ် ကြိုးစားအားထုတ်ခြင်း။
(၆) ခန္တီ = သည်းခံခြင်း၊
(၇) သစ္စာ = မှန်ကန်သော စကားကိုဆိုခြင်း။
(၈) အဓိဌာန် = ဆုံးဖြတ်ချက်အတိုင်း အောင်မြင်အောင် ဆောင်ရွက်ခြင်း။
(၉) မေတ္တာ = ဒေါသမဖြစ်အောင်နေခြင်း။
(၁၀) ဥပေက္ခာ= ချစ်ခြင်း၊ မုန်းခြင်း အစွန်းနှစ်ဖက်မှလွတ်အောင်နေခြင်း။

မိမိရဲ့အလှူဟာစင်ကြယ်တဲ့ အလှူဖြစ်တဲ့အတွက် ကိုယ်ပိုင်ပစ္စည်းကို စွန့်ပြီး တဏှာကိုသတ်ဖို့ ကြိုးစားတာဖြစ်တဲ့အတွက် ဒါနပါရမီမြောက်ပါတယ်။ ကိုယ်ကျင့်ဗုဒ္ဓ၀င်ကျမ်းပြု ဆရာကြီးဦးရွှေအောင်ရဲ့ အဆိုတွင် ယတိပြတ်စွန့်လွှတ်လှူဒါန်းတာ ဖြစ်ရင် နိက္ခမပါရမီ၊ မိမိဒါန အထမြောက်အောင်မြင်ဖို့အတွက် အားထုတ်ကြိုးစားရတဲ့အတွက် ၀ီရိယပါရမီ၊ ပညာဆင်ခြင်တုံဉာဏ်နဲ့ယှဉ်ပြီး လှူဒါန်းတဲ့အခါမှာ ပညာပါရမီ၊ မဖြစ်ဖြစ်အောင် လှူမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့လှူတဲ့အတွက် အဓိဌာန်ပါရမီ၊ အလှူခံပုဂ္ဂိုလ်အပေါ် စေတနာသဒ္ဓါအပြည့်နဲ့ မေတ္တာထားပြီးလှူတဲ့အတွက် မေတ္တာပါရမီ၊ ဒါနပြုရာမှာကြုံတွေ့ရတဲ့ အခက်အခဲအမျိုးမျိုးကို သည်းခံကျော်လွှားရတဲ့အတွက် ခန္တီပါရမီ၊ အလှူရှင်အပေါ် အလှူခံပုဂ္ဂိုလ်ဖြစ်ဖြစ်၊ဘေးပရိတ်သတ်ကဖြစ်ဖြစ် ကဲ့ရဲ့တာ၊ ချီးမွမ်းတာကို မတုန်မလှုပ် သည်းခံနိုင်မယ်ဆိုရင် ဥပေက္ခာပါရမီ၊ စတဲ့ ပါရမီ(၁၀)ပါးပါဝင်နေသလို ပါရမီဖြည့်ရာလည်း ရောက်ပါတယ်။ ဒါနတစ်ခုကို ပြုတော့မယ်ဆိုရင် ပါရမီအားလုံး ပြည့်စုံနေတဲ့ ပါရမီကုသိုလ်ကြီးတစ်ခု ပြုလိုက်တယ်လို့ ဆိုနိုင်ပါတယ်။ သို့သော် လှူတဲ့ပုဂ္ဂိုလ်အနေနဲ့ စေတနာကို စင်ကြယ်စွာထားနိုင်ဖို့ လိုပါတယ်။ လူချမ်းသာ၊ နတ်ချမ်းသာ စတဲ့ ကောင်းကျိုးချမ်းသာတွေကို လိုချင်လို့ လောဘနဲ့လှူတဲ့ အလှူမျိုး၊ သူများနဲ့ဂုဏ်တု ဂုဏ်ပြိုင် မခံချင်စိတ်နဲ့လှူတဲ့ အလှူမျိုး၊ သူများကဲ့ရဲ့မှာကြောက်လို့ လှူတဲ့အလှူမျိုး၊ စေတနာမပါတဲ့ အလှူမျိုး၊ အဲဒီလိုအလှူမျိုးတွေ မဖြစ်စေချင်ပါဘူး။လှူတဲ့နေရာမှာ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူပါ။ နိဗ္ဗာန်ကိုသာ ရည်မှန်းပြီးလှူရင် ကျွဲကူးရေပါသလို လူချမ်းသာ၊ နတ်ချမ်းသာဆိုတာ အလိုလို ပါပြီးသားပါ။ အရိယာသူတော်စင် များကလည်း ကိုယ်ချမ်းသာဖို့သက်သက်ကို ရည်စူးပြီးလှူတာကို မနှစ်မြို့ကြပါဘူး။ မိုးကုတ်ဆရာတော်ဘုရားကြီး မိန့်ဆိုခဲ့သည်မှာ ''လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်လို့ ကုသိုလ်လုပ်ရင် ကုသိုလ်ကံနဲ့တဏှာ ရောနေတယ်။ ကုသိုလ်လုပ်တာက ကုသိုလ်၊လူချမ်းသာ၊ နတ်ချမ်းသာဖြစ်ချင်တာက တဏှာပေါ့။ လူ့ဘ၀၊ နတ်ဘ၀ဆိုတဲ့ 'ဒုက္ခသစ္စာ' မထည့်ပါနဲ့။ နောက်ဘ၀ မသာဖြစ်တာ ကောင်းစားတာလား၊ မသာလွတ်မှကောင်းစားမှာပေါ့။ ကိုယ့်မှာလည်း ဒုက္စသစ္စာရှိနေပါလျက်နဲ့ နောက်ဒုက္စသစ္စာကို တောင့်တဖို့ လိုပါဦးမလား။ ၃၁-ဘုံအားလုံးဟာ အနိစ္စချည်းပဲ။ လူပြည်ဆုတောင်းတာ မြေကြီး ကြီးပွါးဖို့၊ နတ်ပြည်ဆုတောင်းတာ အသေထပ်ဖို့၊ ဗြဟ္မာပြည်ဆုတောင်းတာ မသာကြီးချဖို့၊ ဒီဒုက္ခသစ္စာကြီး မရချင်ရင် လှူပါ'' လို့ မိန့်ကြားတော်မူခဲ့ပါတယ်။လှူတဲ့နေရာမှာ ပုဗ္ဗ၊ မုဉ္စ၊ အပရ ဆိုတဲ့ စေတနာသုံးတန်ကို ပြတ်ပြတ်သားသား ပြဌာန်းပြီးတော့ တဏှာစွဲ ကျွတ်ကျွတ်လွတ်လွတ်နဲ့ စွန့်လွတ်ပြီးတော့ လှူလိုက်ပါ။ ငါစွဲမထားပါနဲ့၊ ငါ့ဥစ္စာစွဲ မထားပါနဲ့။ နိက္ခမပါရမီမြောက်အောင် လှူလိုက်ပါ။ ''ဒါနဆိုတာ ငါ့ပစ္စည်းဆိုတဲ့အစွဲကို စွန့်လွှတ်ပစ်တာ။ မမျှော်နဲ့၊ မျှော်ရင်ချော်မှာပဲ။ မျှော်တာက တဏှာ၊ အကျိုးပေးမှာက စေတနာ။ စေတနာသန့်ရှင်းရင် အကျိုးပေးသန့်ရှင်းမယ်။ ပစ္စည်းကို လက်ကလွှတ်ပေမဲ့ ငါစွဲစိတ်က မလွှတ်မိရင် ငါ၊ ၀တ္ထု၊ ပုဂ္ဂိုလ် စွဲများကြောင့် ပြိတ္တာခန်း တန်းဝင်ကြရမယ် '' လို့ မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးက ဆုံးမတော်မူခဲ့ပါတယ်။ လှူတဲ့နေရာမှာ ဒါနပါရမီသာမက ၀ိရိယပါရမီပါမြောက်အောင်၊ သဟသိကဒါန မြောက်အောင် ကိုယ်တိုင်ကိုယ်ကျ ၀ီရိယစိုက်ထုတ်ပြီး ဝေယျာဝစ္စကုသိုလ်ကိုပါ ရအောင်ယူပါ။အလှူခံပုဂ္ဂိုလ်အတွက် အလိုအပ်ဆုံးအချိန်မှာ အလိုအပ်ဆုံး ပစ္စည်း၊ အထောက်အပံ့ကို ပေးလှူနိုင်အောင်၊ (ကာလဒါန)ဖြစ်အောင် ကြိုးစားပါ။ အလှူခံပုဂ္ဂိုလ်ကို အယုတ်အလတ် အမြတ်မရွေး ကိုယ့်ကုသိုလ်ဖြစ်မြောက်အောင် ဖြည့်ဆည်းပေးတဲ့ ကျေးဇူးရှင်တွေအဖြစ် မေတ္တာထားပြီး လေးလေးစားစား ပေးလှူပါ။ မိမိရဲ့အလှူ အောင်မြင်ပြီးမြောက်တဲ့အထိ အခက်အခဲမှန်သမျှကို ရင်ဆိုင်ကျော်လွှားသည်းခံပြီး မဖြစ်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ပြီးလှူပါ။ မိမိရဲ့ အလှူပစ္စည်းဟာလည်း ဓမ္မိယလဒ္ဓ၊ စင်ကြယ်စွာရှာဖွေထားတဲ့ ပစ္စည်းဖြစ်ပါစေ။ ခိုးဝှက်၊ လုယက်၊ အဓမ္မရယူထားတဲ့ပစ္စည်း မဖြစ်ပါစေနဲ့။ ကိုယ်ရဲ့ချွေးနှဲစာနဲ့ ရှာဖွေထားတဲ့ပစ္စည်းဟာ အစင်ကြယ်ဆုံးပါ။ 'အသယှ' ဇာတ်တော်မှာ 'အသယှ' သူဌေးဟာ ရှိသမျှပစ္စည်း လှူဒါန်းလိုက်လို့ကုန်တော့၊ ခုနှစ်ရက်လုံးလုံး မြက်ရိတ်ပြီး ရောင်းရငွေနဲ့ တစ်မိသားစုလုံး ထမင်းတောင်မစားဘဲ အငတ်ခံပြီးလှူဒါန်းလို့ သိကြားမင်းရဲ့ ဗိမာန်တောင် တုန်လှုပ်ပါတယ်လို့ ဆိုထားပါတယ်။ လှူတဲ့အချိန်မှာ မြင့်မြတ်တဲ့ အလှူခံပုဂ္ဂိုလ်ကို လှူနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်။ အခုအခါမှာ အရိယာသံဃာတော်ကြီးများ၊ ပစ္စေကဗုဒ္ဓါစတဲ့ အလှူခံပုဂ္ဂိုလ်မျိုး ရှာရခက်လေတော့ အကောင်းဆုံးအကြံပြုချင်တာက သံဃာတော်များကို ရည်မှန်းပြီး လှူတာပါပဲ။ ရဟန်းတော်တစ်ပါးချင်းကိုရည်ရွယ်ပြီး လှူတာထက် သံဃာတော်များကိုရည်မှန်းပြီး လှူတာက ပိုပြီးမြင့်မြတ်ပါတယ်။ ပိုပြီးလည်း အပြစ်ကင်းပါတယ်။လှူတယ်ဆိုတာ ပစ္စည်းရှိမှလှူနိုင်တာ မဟုတ်ပါဘူး။ အမိအဘကို လုပ်ကျွေးတာ၊ သားသမီး မိသားစုကိုလုပ်ကျွေးတာ၊ ဆွေမျိုးမိတ်သင်္ဂဟကို စောင့်ရှောက်တာလည်း အလှူတွေပါပဲ။ မိမိရဲ့ပညာကို မျှဝေတာ၊ မိမိရဲ့လုပ်အားကိုမျှဝေတာ၊ မိမိရဲ့အားလပ်ချိန်ကို လူမှုရေးလုပ်ငန်းတွေမှာ လုပ်ဆောင်ပေးတာတွေဟာလည်း ပညာအလှူ၊ လုပ်အားအလှူ၊ အချိန်အလှူတွေပါပဲ။ ''မရှိလို့မလှူ မလှူလို့မရှိ'' ဆိုတာမဟုတ်ပါဘူး။ မရှိပေမယ့်လည်းလှူနိုင်ပါတယ်။ လှူချင်စိတ်မရှိလို့သာ မလှူကြတာပါ။ လှူချင်တဲ့ သဒ္ဓါစိတ်ရှိရင် ဘုရားအလောင်းယုန်မင်းတောင်မှ ကိုယ့်ကိုယ်ကို မီးပုံထဲခုန်ချဆင်းပြီး လှူခဲ့သေးတာပဲ။ ကိုယ့်ခန္ဓာကိုယ်ကနေ သွေး၊ မျက်ကြည်လွှာ လှူနိုင်ပါတယ်။ အရေးကြီးတာက လှူချင်တဲ့သဒ္ဓါစိတ်ရှိဖို့ပါပဲ။ လှူချင်တဲ့သဒ္ဓါစိတ် ထက်သန်ဖို့ပါပဲ။လောကီအရကြည့်မယ်ဆိုရင် အရာရာကိုစွန့်လွှတ် နိဗ္ဗာန်လမ်းကိုသာ ရောက်ရှိရေးအတွက် တရားဓမ္မကိုကျင့်ကြံအားထုတ်နေသော ဘိက္ခုအရှင်သူမြတ်တွေ၊ ရှေးကပြူဖူးသော ကံမကောင်းရှာလို့ ဒုက္ခိတဖြစ်ရပြီး လုပ်မစားနိုင်သော မသန်စွမ်းသူတွေ၊ ပဋ္ဋိရူပဒေသ အမှီမရလို့ ငယ်စဉ်က ပညာသင်ခွင့်ကောင်းကောင်းမရကြလို့ အသက်မွေးဝမ်းကျောင်း ခက်ခဲပြီး ဆင်းရဲနေကြသော မရှိဆင်းရဲသားများကို လှူဒါန်းရတာဟာ လောကကြီးကိုဟန်ချက်ညီအောင်၊ မျှတအောင် ကူညီလုပ်ဆောင်နေတာပါ။ ထို့ကြောင့် လှူတတ်မယ်ဆိုရင် လှူတယ်ဆိုတာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးကို ရရှိတာပါ။ လူတိုင်းလူတိုင်း ကလျာဏပုထုဇဉ်တိုင်း ဒါနအမှုကိုတော့ ပြုသင့်ကြပါတယ်။"" ဒါန၊ သီလ၊ ဘာဝနာ မပါရင် သန်းခေါင်လကွယ်၊ တောအုပ်လယ်၌ အမှောင်ထဲမှာ လမ်းပျောက်ရသူလို သံသရာလမ်းမှာ စမ်းတ၀ါးဝါး ဖြစ်နေရမှာပါ""လို့ လယ်တီဆရာတော်ဘုရားကြီး ဆုံးမတော်မူခဲ့ပါတယ်။ဤစာစောင်ကို ဖတ်ရှုကြရသော ဓမ္မချစ်ခင် သူတော်စင်အပေါင်းတို့သည် သတ္တ၀ါအားလုံးတို့ကို လှူနိုင်၊ ပေးနိုင်၊ ကျွေးနိုင်၊ ကမ်းနိုင်သော သူတော်ကောင်းသူတော်မြတ်များ ဖြစ်ကြပါစေ။ ဤစာစောင်ကို ဖတ်ရှုပြီးချိန်မှစ၍ နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်စေရန် လှူတတ်သော ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ ဖြစ်ကြပါစေ။ တယောက်ကိုတစ်ယောက် ပီယစက္ခု ချစ်ခင်သောမျက်လုံးဖြင့်ကြည့်ရှုနိုင်ကြပြီး သူတော်ကောင်းတရား လက်ကိုင်ထားနိုင်ကြ၍ သံသရာဝဋ္ဋ်ဆင်းရဲမှ လွတ်မြောက်နိုင်ပါစေကြာင်း တိုက်တွန်းနှိုးဆော်ရင်း ဤစာစောင်ဖြင့် ဓမ္မဒါန ပြုအပ်ပါသည်။

မှတ်ချက်။ ။ရေနံသာမောင်ဘဲ၏ ဓမ္မဒါနမှကူးယူဖော်ပြခြင်းဖြစ်ပါသည် ... ။


သံသရာ၏အဆုံးသည် နိဗ္ဗာန်ဖြစ်ခဲ့သော် သံသရာ၏အစသည် မည်သို့ဖြစ်ပေါ်လာသနည်း

သံသရာ၏အဆုံးသည် နိဗ္ဗာန်ဖြစ်ခဲ့သော် သံသရာ၏အစသည် မည်သို့ဖြစ်ပေါ်လာသနည်း။

မေးသူ။    ။ မခင်လမင်းထိန်

 

အထက်ပါမေးခွန်းအား  မခင်လမင်းထိန်မှ အတွေးအမြင်သို့  ဧပြီ၊ ၄ ရက် ၊ ၂၀၁၁ တွင် မေးမြန်းခဲ့ပါသည်။

အတွေးအမြင်စတင်တည်ထောင်စဉ်ကာလက စိတ်ပါဝင်စားစွာ မေးမြန်းခဲ့သော မခင်လမင်းထိန်အား အထူးကျေးဇူးတင်ရှိပါသည်။ ၄င်းမေးခွန်းကို အကြောင်းအမျိုးမျိုးကြောင့် အတွေးအမြင်မှ ပြန်လည်ဖြေကြားပေးနိုင်ခဲ့ခြင်းမရှိ ခဲ့ပါ။ သို့သော် လေ့လာရန်အညွန်းကို တင်ပြပေးခဲ့ပါသည်။

သက်တမ်း နှစ်လကျော်အတွင်း အဖွဲ့ဝင်ဦးရေ ၂၃၀ ကျော် အထိတိုးတက်လာခဲ့ပြီး ချိန်တွင် အတွေးအမြင်အဖွဲ့ဝင်

(လူ၊ရဟန်း)တို့မှ အထက်ပါ မေးခွန်းအားပြန်လည် ဖြေရှင်းဆွေးနွေးလာခြင်းမရှိသည့်အတွက် (အချို့ရဟန်းတော်တို့အား ဖြေပေးပါရန် ဖိတ်ခေါ်သော်လည်း ဖြေပေးရန်ဆန္ဒမရှိ) အတွေးအမြင်မှ  ပြန်လည်ဖြေရှင်းလိုက်ပါသည်။

 

ဖြေရှင်းချက်။   ။သံသရာ၏ အဆုံးမှာ နိဗ္ဗာန် ဖြစ်ကြောင်းဟု သုံးနှုံးသည်ထက် အတွေးအမြင်မှ သံသရာမှ ထွက်မြောက်ရာလမ်းကား နိဗ္ဗာန်ဖြစ်ကြောင်း ဟုသာ ဆိုမည်ဖြစ်သည်။ အကြောင်းမှာ သံသရာ သည် တွင်တွင်လည်သောောကာင့် အစဓ အဆုံးရှိသည် ဟု ဆိုရန် ခက်ပါသည်။ သို့ဆိုလျှင် သံသရာ၏ ထွက်မြောက်ရာလမ်းအား သိမြင်သူသည် အစအား သိနိုင်ရန် စွမ်းမည်လော။ဤသို့ အဖန်တလဲလဲ လည်ပတ်နေသော သံသရာ ၏ အစ သည် အဘယ်သို့ရှိမည်နည်း ဟူသော မေးခွန်းကား သံသရာ၏ အဆုံးရှိကြောင်း လက်ခံထားသူအဖို့ ၊တွေးကြည့်ဖူး ရန် ကောင်းသလို မေးရန်လဲသင့်ပါသည်။

သို့သော်လည်း မေးခွန်းကား အသစ်အဆန်း မဟုတ်။  ယခုမေးခွန်းအား ဗုဒ္ဓသခင် သက်တော်ထင်ရှားရှိစဉ် ၌ကပင်

ပုထုဇဉ်လူသားတို့ ကိုယ်တိုင် ၊ ဗုဒ္ဓနှင့် အယူဝါဒပြိုင်သူများက မေးခဲ့ပြီး သော၊ ဗုဒ္ဓကိုယ်တော်တိုင် ပြန်လည်ဖြေရှင်း အလင်းပြပေးခဲ့ပြီး ဖြစ်သော မေးခွန်းများပင်ဖြစ်ပါသည်။

 

 

၎င်းမေးခွန်းနှင့်ပက်သက်သည့် မေးမြန်းချက်ကို

 

ဗုဒ္ဓက

 

'' ဤသံသရာ သည် မြင်သိနိုင်သော အဆုံးမရှီပါ။ မသိမှူ အ၀ိဇ္ဇာ ပိတ်ဖုံး၍

လိုချင်တပ်မက်မှူ ၊ တဏှာနှင့်ချည်နှောင်ခံနေရသဖြင့်  လှည့်လည်ကျက်စားကာ

ဖြစ်ပျက်သွားနေကြသောသတ္တ၀ါတို့၏ ပထမအစကို မမြင်သိနိုင်ပါ။ ညီနောင်တို့

ဤသွားလာကျက်စား ဖြစ်ပျက်နေမှူ၏ မူလအစကို မတွက်ချက်နီုင်ပါ။

အ၀ိဇ္ဇာလွှမ်းခြုံ၊တဏှာနှင့်ချည်နှောင်ခံနေရသော သတ္တ၀ါတို့၏ ပြေးလွှားနေရခြင်း၊ သွားလာကျက်စား

ဖြစ်ပျက်နေ၇ခြင်း၏ အစောဆုံးအချိန်ကို ဖွင့်လှစ်ထုတ်ဖော်ပြထားခြင်း ဟူ၍

မရှီပါ။ '' ဟု ရှင်းလင်းသွားခဲ့ သည်။

 

 

ဤသည်ကား ဗုဒ္ဓ၏ ဖြေရှင်းချက်ပင်ဖြစ်သည်။

 

ဤသို့ဆိုလျင် ယနေ့ သီအိုရီ ဖြင့်ပြန်လည် ဆန်းစစ်သော်

 

ဖြစ်ခြင်း ပျက်ခြင်း ဟူသည် အချိန် ဟူသော ဒိုင်မင်းရှင်း ပေါ်တွင် မှီတည်နေသည်။

ဖြစ်ခြင်းပျင်ခြင်း ရှိမှ သာ အချိန်သည် ရှိလာပြီး ၊ ဖြစ်ခြင်း ပျက်ခြင်း

မရှီလျှင် အချိန် မရှိနိုင်ပါ။

 

အချိန်သည် ရုပ်ပိုင်းဟင်းလင်းပြင်တွင် နေရာအသီးသီးယူကြသော အရာဝတ္တုများ၏

ရွှေ့လျားမှူပေါ်တွင် မှီတည်ပါသည်။

 

အကြောင်းကား အရာဝတ္တုများနှင့် ၄င်းတို့နေရာယူရန်

ရုပ်ပိုင်းဟင်းလင်းပြင်တို့သာ မရှိခဲ့လျင် အချိန်ဟူ၍ မရှိနိုင်။

 

 

လူသား တိရစ္ဆာန်၊ သစ်ပင်ပန်းမန် ၊ ကျောက်သံပတ္တမြား၊ ဂြိုလ်ကမ္ဘာ ၊ စကြာဝဠာ

ဤ လောကတွင် အရာရာ တိုင်းသည်

 

ဖြစ်ခြင်းပျက်ခြင်းဟူသော သဘောတွင် အဖန်တလဲလဲ ကြုံဆုံခဲ့ရပြီး

အရာရာအားလုံးအတွက် အဆုံးသတ် နိဂုံးချုပ်သော ကာလ၊

အခိုက်သို့မရောက်သေးမီအထိ အားလုံးသည် ဖြစ်တည်ခဲ့ကြရဖူး၏။ ပျက်စီး

ခဲ့ကြရဖူးပါ၏။

 

 

၎င်းတို့၏ အစကို ယူချေသော် ၄င်းသည်  အချိန်၏ အစကို ယူခြင်း ၊ သံသရာ၏

အစကို ယူခြင်းမည်ပေသည်။

 

 

ဤတွင် ၂၀ ရာစု ၏ က၀ိအကျော် '' အိုင်းစတိုင်း'' ၏ လှမ်းလှမ်းတောက် သီအိုရီ

'' Relativity Theory ''

 

ကို ချိန်ထိုး ထောက်ချင့်သော်.

 

 

'' အကယ်၍ အချိန်သာ မရှိခဲ့သော် မည်သည့်အရာမှ ဖြစ်ပေါ်မလာနိုင်၊ တစ်ဖန်

ဖြစ်ရပ်များ(ဖြစ်ခြင်း၊ ပျက်ခြင်း)

 

မရှိခဲ့သော် အချိန်လဲ မရှိနိုင်'' ဟုဆိုပါသည်။

 

 

ထိုသို့ဖြစ်ခြင်းကြောင့် သံသရာ၏ အစအား ဖန်တီးခြင်း ၊ မူလအစအားဖန်တီးခြင်း သည် မဖြစ်နိုင်တော့သလို

(သို့) မူလအစအကြောင်းပြောဆိုခြင်းသည် အဓိပါယ် မရှိတော့ချေ။ဟု အိုင်းစတိုင်းက သုံးသပ်ပြသွားပါသည်။

 

 

သဗ္ဗညုတရွှေညာဏ်တော်ရှင် ဗုဒ္ဓသခင်သည် သံသရာ၏ အစအား ၄င်း၏ ဥာဏ်တော်ဖြင့်

သိမြင်တော်မူသော်လည်း

 

၎င်း အစအား ထုတ်ဖော်ရှင်းလင်းပြဆိုခြင်းသည်

သတ္တ၀ါများအတွက်အကျိုးမရှိနိုင် ၊ ဥာဏ်ရည်ဥာဏ်သွေး နိမ့်ပါးသော

ပုထုဇဉ်တို့အား သံသရာ၏ အစအား ရှင်းလင်းပြခြင်းသည် သက်တမ်း ၁၀၀ မျှရှိသော

လူသားတို့အပေါ်အကျိုးမဲ့ခြင်းကို

 

သာ ရှိစေတော့်မည်ဟု အောက်မေ့လျက် မိမိ၏ ၄၅

ဝါ သခါင်္ရ၊ အချိန်ရှိခိုက်တွင် သံသရာ၏ လွတ်ကြောင်းဖြစ်သော မဂ္ဂင်လမ်းကို သာ

လျှင် တွင်တွင် ပြတော်မူခဲ့ပါ၏။

 

 

ဗုဒ္ဓသည် လူသား၊ သတ္တ၀ါတို့၏ လောကီအကျိုး ၊ လောကုတ္တရာကောင်းကျိုးကို မျော်ကိုးရည်လျက်

အထူးထူးသော လမ်းညွန်ချက်များကို ချမှတ်အလင်းပြပေးခဲ့ပါသည်။

 

ဗုဒ္ဓရှင် သည် အောက်ပါစကားကြီး (၆)ခွန်းအား ဖွင့်ဆိုပြခဲ့ပါသည်။

 

ချစ်သားတို့ လောကတွင် လူတို့ ပြောဆိုကြကုန်သော စကားကြီး (၆)ခွန်း ရှိ၏။ ၄င်း(၆)ခွန်းကား

 

(က) ဟုတ်၊မှန် အကျိုးရှိ ၊ သူတစ်ပါး နှစ်သက်သောစကား

(ခ) ဟုတ်မှန်၊ အကျိုးရှိ ၊ သူတပါး မနှစ်သက်သော စကား

(ဂ) ဟုတ်မှန်၊ အကျိုးမရှိ၊ သူတပါး နှစ်သက်သောစကား

(ဃ) ဟုတ်မှန်၊ အကျိုးမရှိ၊ သူတပါး မနှစ်သက်သောစကား

(င)မဟုတ်မမှန်၊ အကျိုးမရှိ ၊သူတပါးနှစ်သက်သော စကား

(စ) မဟုတ်မမှန် ၊အကျိုးမရှိ၊ သူတပါးမနှစ်သက်သောစကား   တို့ပင်တည်း။

 

လောကီချမ်းသား၊ လောကုတ္တ၇ာ ချမ်းသာ ၊ အားရယူလိုမူ ဤစကားခြောက်ခွန်းတွင် ပထမ၊ ဒုတိယ စကားနှစ်ကိုသာ ပြောဆိုကြပါကုန်။ ပြီး ကျန် လေးခွန်းအား ပယ်ကြပါကုန်လော့။

 

ဟူ၍ မမြွက်ကြားခဲ့ပါသည်။

 

ထို့ကြောင့် လူသားတို့သည် ချမ်းသာမှူရရန်အလို့ငှာ မိမိတို့ အကျိုးရှိကြောင်း၊ဟုတ်မှန်သည့် စကားတို့ကိုသာ ဆင်ခြင်သုံးသပ်တွေးတောကြံစည်ခြင်းကား အမှန်တကယ်ပင် ချမ်းသာမှူကို ဆောင်မည်ဖြစ်ကြောင်း

 

 

''စကားခြောက်ခွန်း

လူ့၌ထွန်းလည်း

လေးခွန်းကိုပယ်

နှစ်ခွန်းတည်''

 

မင်းမဟော်.

(၉၊၆၊၂၀၁၁)

ဗုဒ္ဓဘာသာ/အတွေးအမြင်

http://www.facebook.com/Thoughts.Buddhism

 

မှတ်ချက်။    ။ ဝေဖန်အကြံပြုချက်များအရ သုံးထားသော စကားလုံးအချို့အား ပြင်ဆင်ပေးပါသည်။

ဤပို့သည် မင်းမဟော်.၏ ပိုစ် ၂၀၀ ကျော် အဘမ်းခံရပြီးချိန်တွင် ပထမဆုံးပြန်လည် တင်ဆက်သော ပို့စ် ဖြစ်ပါသည်။

(အချို့ရဟန်းတော်တို့အား ဖြေပေးပါရန် ဖိတ်ခေါ်သော်လည်း ဖြေပေးရန်ဆန္ဒမရှိ)ဟူသော စကားရပ်မှာ

မင်းမဟော်.တည်ထောင်ထားသော

ဗုဒ္ဓဘာသာ/အတွေးအမြင် http://www.facebook.com/Thoughts.Buddhism 

 မှ အဖွဲ့ဝင်များကိုသာ ရည်ရွယ်ပြီး ၊ ဤ ဖော်အဲဗားမှ လူ၊ ရဟန်းတော်များအား ရည်ရွယ်ရင်း မဟုတ်ပါ။


သိပ္ပ္ပံပညာနှင့် အဘိဓမ္မာ

         သိပ္ပ္ပံခေတ်၊ အာကာသခေတ်ဟူ၍ ရေပန်းစားနေသော မျက်မှောက်ခေတ်တွင် သိပ္ပ္ပံပညာသည်သာ ခေတ်မီ၍ ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် ခေတ်မမီတော့ဟု လူများစွာတို့က အထင်မှားမိကြပေလိမ့်မည်။

        အမှန်မှာ လွန်ခဲ့သော နှစ်တစ်ရာကျော်လောက်က တွေ့ရှိခဲ့သည့် သိပ္ပ္ပံပညာရပ်များသည်သာ ယနေ့ ခေတ်မမီတော့ပါ။ ယခုတွေ့ရှိထားသော သိပ္ပ္ပံပညာရပ်များသည်လည်း နောင်နှစ်ပေါင်း ၅၀ ကြာလျှင် ခေတ်တုံးသွားပါလိမ့်မည်။

         ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည်ကား နှစ် ၂၅၀၀ ကျော်ကြာညောင်းခဲ့ပြီဖြစ်လင့်ကစား ဆန်းသသစ်လျက် ထိပ်တန်းကျလျက်ပင် ရှိနေပါသည်။

           ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း မညစ်။

           တရားစစ်မှန်ကန်လျှင် ခေတ်အမျိုးမျိုးပြောင်းသော်လည်း မဟောင်း။

        သိပ္ပ္ပံပညာ၏ဆန်းကြယ်မှုဆိုသည်မှာ ရုပ်၏ဆန်းကြယ်မှုသာဖြစ်သည်။ ရုပ်၏ဆန်းကြယ်မှုသည် နာမ်၏ဆန်းကြယ်မှုကို မယှဉ်တုနိုင်ပါ။ ရုပ်တရားတို့ကို နာမ်တရားတို့က ကြီးစိုးနေသည်။ သိပ္ပ္ပံပညာကို စိတ်ကသာ ဦးဆောင်ပေးနေသည် မဟုတ်လော။

         သိပ္ပ္ပံပညာသည် ရုပ်ဟုဆိုအပ်သော ဒြပ်နှင့် စွမ်းအင်အကြောင်းတို့ကိုသာ သိနားလည်သည်။ နာမ်တရားဖြစ်သည့်စိတ်နှင့် စေတသိက်တို့၏ အကြောင်းကို မသိနားမည်ချေ။

         သိပ္ပ္ပံပညာသည် ရုပ်ဝတ္တုများကို အမျိုးမျိုးပြောင်းလဲစေပြီး လူသုံးပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ပေးနိုင်သော်လည်း လောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ၊ က္ကသာ၊ မစ္ဆရိယ စသည့် စေတသိက်ဆိုးတို့၏ ခြယ်လှယ်ခြင်းကို ခံနေကြရသော ကမ္ဘာသူကမ္ဘာသားတို့ကို ယဉ်ကျေးသိမ်မွေ့အောင် မဆုံးမပေးနိုင်ပါ။ ပျော်ရွှင်ချမ်းမြေ့အောင်လည်း မဖန်တီးပေးနိုင်ပါ။ လောဘ၊ ဒေါသ၊ မောဟတို့ လွန်ကဲ့နေသမျှ ကာလပတ်လုံး ဘ၀ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့ကို မရရှိနိုင်ပါ။

        သိပ္ပ္ပံပညာက ထုတ်လုပ်ပေးလိုက်သော လက်နက်ဆန်းများသည်း ယနေ့ကမ္ဘာ့ဒေသပေါင်းများစွားတို့၌ လူသားတို့၏ အသက်ပေါင်းများစွာတို့ကို ချေမှုန်းလျက်ရှိကြ၏။ တိုက်ချင်းပစ် ဒုံးပျံကြီးများနှင့် အဏုမြူထိပ်ဖူးများက ကမ္ဘာကြီးတစ်ခုလုံး ကို ချေမှုန်းပစ်ရန် ဒုံးပျံစင်ကြီးများပေါ်တွင် အသင့်စောင့်နေကြလေပြီ။

        တတိယကမ္ဘာစစ်ကို မည်သူတားဆီးနိုင်အံ့နည်း။ 

        သူတော်ကောင်းတရားမထွန်းကားဘဲ လူမိုက်တရားအားကောင်းနေလျှင် လူသားအပေါင်းတို့သည် အနှေးနှင့်အမြန် အစုလိုက်၊ အပြုံလိုက် စတေးခံကြရမည်သာတည်း၊

        သူတော်ကောင်းတရားထွန်းကားအောင် သိပ္ပ္ပံပညာက မဆောင်ရွက်ပေးနိုင်ပါ။ ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာကသာ ဆောင်ရွက်ပေးနိုင်သည်။

        ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် လောဘ၊ ဒေါသ၊ မောဟ တို့ဦးဆောင်သည့် တရားဆိုးများကို နှိမ်နှင့်ပြီးလျှင် ဘ၀ငြိမ်းချမ်းရေးကို ရရအောင် ရွက်ဆောင်ပေးနိုင်၏။

        ကမ္ဘာတစ်ဝန်းလုံး၌ ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာတာရားမြတ် ပွင့်လန်းထွန်းကားမည်ဆိုလျှင် ဤကမ္ဘာကြီးသည် လက်ငင်းချက်ချင်း ငြိမ်းချမ်းသာယာသွားပေးလိမ့်မည်။

        လောကီနယ်နှင့် လောကုတ္တရာနယ်တို့၌ တကယ်ရှိသော အရှိတရားများမှာ မြတ်ဗုဒ္ပ္ပ္ဓ္ဓ္ဓညွှန်ပြထားသည့်အတိုင်း စိတ်၊ စေတသိက်၊ ရုပ်၊ နိဗွာန်ဟူ၍ လေးပါးတို့ဖြစ်ကြ၏။

        ဤသို့ ပရမတ္တလေးပါးရှိကြောငိးကု သက်သေအထင်အရှားရှိသဖြင့် မည်သူမျှ မငြင်းဆိုနိုင်ပါ။ သို့သော် သိပ္ပ္ပံပညာသည် ရုပ်တရားတစ်ပါးကိုသာ သိသည်။ ကျန်တရား သုံးပါးကို မသိချေ။

        တစ်ဖန် ဤပရမတ္တတရားအပေါင်းတို့၏ ဖြစ်ပျက်ဆက်နွယ်ပုံကို ရှင်းပြရန် အတွက် အစုံးစွန်မှန်ကန်သော နိယာမတရားငါးပါးရှိသည်။

       (၁)   ဥတုနိယာမ   =    ရုပ်ပိုင်းဆိုင်ရာနိယာမများ

       (၂)   ဗီဇနိယာမ    =     ဇိဝဆိုင်ရာနိယာမများ

       (၃)  စိတ္တနိယာမ   =     စိတ်တို့၏ဖြစ်မြဲသဘော

       (၄)  ကမ္မနိယာမ    =    ကံတရားတို့၏ ဖြစ်မြဲသဘော

       (၅)  ဓမ္မနိ.ယမ      =   သဘာဝဓမ္မတို့၏ ဖြစ်မြဲသဘော

        ဤသို့ လောကအလုံးစုံကို လွှမ်းခြုံနိုင်သော နိယာမငါးပါးရှိသည့်အနက် သိပ္ပ္ပံပညာက ပထမနိာယမနှစ်ခုကိုသာ သိနားလည်သည်။ ကျန်နိယာမသုံးပါကို မသိနားမလည်ပါ။

       ထို့ကြောင့် သိပ္ပ္ပံပညာသည် ဘ၀ပြဿနာများနှင့် လောကပြဿနာများကို ပြေလည်အောင် မဖြေရှင်းပေးနိုင်ပါ။

       ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် အထက်ဖော်ပြပါ နိယာမငါးပါးလုံးကို သိမ်းကျုံးခြုံငုံထားသဖြင့် ဘ၀ပြဿနာများနှင့် လောကပြဿနာများကို ဖြေရှင်းပေနိုင်စွမ်းရှိ၏။

      ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာသည် လူတို့၏စိတ်ကို ရိုင်စိုင်းယုတ်ညံ့ ကြမ်းကြုတ်ညစ်နွမ်းစေကြသော ကိလေသာတရားဆိုးများအား ချိုးနှိမ်ဖယ်ရှားနိုင်စေသည့် နည်းလမ်းမှန်ကို ညန်ပြပေးနိုင်၏။

      စိတ်ထားဖြူစင်မြင့်မြတ်သောု လူကောင်းလူတော်များ ပေါ်ထွန်းအောင် ပျိုးထောင်ပေးနိုင်၏။ အကောင်းနှင့် အဆိုး၊ အမှန်နှင့် အမှားကို ဝေဖန်ပိုင်းခြားပြနိုင်၏။

      သိပ္ပ္ပံပညာက ပေးစွမ်းနိုင်သော ချမ်းသာသုခထက် အဆပေါင်းများစွာသာလွန်သည့် ချမ်းသာသုခကို ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာက ပေးဆောင်နိုင်၏။

      ဂရိတွေးခေါ်ရှင် ဆိုကရေးတီးပြောကြားခဲသည့်အတိုင်း ``လူသားတို့သည် အမှန်တရားကို သိအောင်ရှာကြံကြရမည်။ အမှန်တရားကိုသိလျှင် အမှားကို မည်သူမျှ ပြုလုပ်တော့မည်မဟုတ်´´။  

      ထို့ကြောင့် လူတိုင်းပင် မှန်ကန်သော ဘ၀လမ်းညွှန်ချက်ကို ရရှိပြီး စိတ်ချရသော ဘ၀အာမခံချက်ကို ထွေးပိုက်နိုင်ရေးအတွက် ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာကို အဆေတလျင် သင်အံသင့်ကြလေပြီ။

       ကမ္ဘာ့သိပ္ပ္ပံပညာကျော် အိုင်းစတိုင်းက ဤသို့မိန့်ဆိုသွာ၏။

       Religion is lame without science and science is blind without religion.

       သိပ္ပ္ပံပညာမပါသော ဘာသာရေးသည် အကျိုးဖြစ်ပြီး ဘာသာရေးမပါသော သိပ္ပ္ပံပညာသည် အကန်းဖြစ်သည်။

       ယနေ့ကမ္ဘာပေါ်တွင် စားဝတ်နေရေးအတွက် သိပ္ပ္ပံပညာသည် အမှန်လိုအပ်နေပါ၏။ သို့ရာတွင် သိပ္ပ္ပံပညာသည် ခြေလက်သန်စွမ်းသည် အကန်းနှင့် တူနေသဖြင့် မျက်စိနှင့်တူသော အဘိဓမ္မာတရားကို ဆတက်တပိုးတိုး၍ပင် လိုါအပ်နေပါ၏။

        လောကီပညာကိုသင်ကြားရင်း လက်တစ်ကမ်းတွင်ပင် အရန်သင့်ရှိနေသော ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာကို သင်အံသွားလျှင် အမြတ်ဆုံး ဘ၀ဆုလာဘ်ကို ဧကန်မုချရရှိမည်သာတည်း။

     

    ကျမ်းကိုး။    ။ ဒေါက်တာမင်းတင်မွန်၏ အဖိုးတန်ဆုံးဘ၀ပညာ တက္ကသိုလ်အဘိဓမ္မာ အတွဲ ၁၊ ၂၊ ၃

    ဗုဒ္ပ္ပ္ဓ္ဓ္ဓအဘိဓမ္မာ

    မလေးရှားကျောင်းထိုင်ဘုန်းကြီးဘဝ


    “ဟလို ဘုန်းကြီး ဘာတွေလုပ်နေတာတုန်းဘုရား”
    “ဟေ.. ကလေးနှစ်ယောက်ကို စာသင်နေတာပါကွာ”
    “ဟုတ်လားဘုရား၊ ကျူရှင်လခဘယ်လောက်ရလဲ”
    “အမ်..ကျူရှင်လခကတော့ကွာ ငါက အအေးတိုက် မုန့်ကျွေးပေါ့ဟ”
    “ဟား ဟား ဟား ကောင်းတယ်၊ တပည့်တော်လည်း သမီးကို လာအပ်ဦးမယ်”
    “ လာခဲ့လေကွာ”
    ရင်းနှီးတဲ့ဒကာတစ်ယောက်နဲ့ ဖုံးစကား ပြောခဲ့ကြတာပါ။ဦးကောလေးမှာ ကျောင်းသား
    နှစ်ယောက်ရှိတယ်။ အကြီးကောင်က(၁၁)နှစ်။အငယ်ကောင်က (၇)နှစ်။ညနေတိုင်း သူတို့ညီအစ်ကိုနှစ်ယောက်ကို စာသင်ပေးရတယ်။က.ခ ကနေစပြီးသင်ပေးရတာ။
    “နိုင်ငံခြားမှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်နေတာတောင် သင်ပုန်းကြီးသင်ပေးရတဲ့
    အလုပ်က ရေစက်မကုန်သေးဘူးလို့”ကိုယ်ဘဝကိုတွေးပြီး ရယ်ချင်စိတ်တောင်ဖြစ်မိ
    သေးတယ်။

    သူငယ်ချင်းအပေါင်းသင်းတွေကတော့
    “ နိုင်ငံခြားမှာ ကျောင်းထိုင်တာဆိုတော့ အင်္ဂလိပ်လိုတွေပြောပြီး သာသနာပြုနေတယ်”လို့
    ထင်နေကြမှာ။ဒီမှာတော့ က.ခ သင်ပေးနေရတယ်။ အကြီးကောင်က ဥာဏ်ကောင်းတယ်။
    ဟေ့ လို့အော်လိုက်ရင်အဆော့ရပ်ပြီး စာကျက်တယ်။ ပါဠိစာ လုံးဆင့်တွေကို တစ်လုံးချင်း
    ဖတ်တတ်အောင် သင်ပေးတာ။မေတ္တာသုတ်ကုန်လို့ ပဌာန်းပစ္စယနိဒ္ဒေသတောင် တစ်ဝက်
    ကျိုးသွားပြီ။ အလွတ်ပြန်ခိုင်းတယ်။တတိယနိုင်ငံကိုသွားမယ့် ကလေးတွေဆိုတော့ ဘာသာ
    ရေးစာပေတွေနဲ့ ဝေးမသွားအောင်စေတနာထားပြီး သင်ပေးနေတာ။ အငယ်ကောင်ကတော့
    ဒုတ်မပါရင် စိတ်မပါဘူး။ဒုတ်နဲ့ရိုက်ပေးလိုက်မှ က..ခ ဆိုပြီးအော်တာ။စကားက မပီတော့
    စာသင်ရတာ အရမ်းခက်တယ်။ က.ဆို တကြီးလို့ အသံထွက်တာ။ကားသမား။ကားဆရာ။
    ဖင်ကား။ရင်ကား။ခြေကားယား။လက်ကားယား။ က.အသံကို ပီပီသထွက်တတ်အောင် အော်ဟစ်ချပေးရတယ်။လ..ဆို ယ..လို့အသံထွက်တာ။လူဆို ယူပဲ။“လပေါ်လူရောက်
    ရီးမှမယုံဘူးကွာ”လို့လိုက်ဆိုခိုင်းရင် “ယပေါ်ယူရောက် ရီးမှမယုံဘူးကွာ ”လို့လိုက်ဆိုတယ်။

    သူ့ပေါင်လည်ကိုခြေမနှင့်ထိုးပြီး ဒါ ဘာတုန်းလို့မေးလိုက်ရင် “ရီး”လို့ဖြေတယ်။ တော်တော်
    ယဉ်ကျေးမှုရှိတဲ့ကလေးပဲလို့ တွေးပြုံး ပြုံးမိသေးတယ်။ဆရာတပည့်နှစ်ယောက်အသံက
    တစ်ကျောင်းလုံး ဟိန်းနေတာပဲ။ အသံထွက်ပီအောင် မနည်းသင်နေရတယ်။တစ်ရက်
    တစ်လေဆို ဆရာရောတပည့်ပါ အသံတွေကို ဝင်လို့။အခုတော့သင်ပုန်းကြီး တစ်ဝက်ကျိုး
    ရောက်နေပါပြီ။ အသံထွက်လည်း အရင်ကထက်စာရင် မဆိုးတော့ပါဘူး။

    ကိုယ်တိုင်စိုက်ပျိုးထားတဲ့ သစ်ပင် ပန်းမန်တွေကို နေ့စဉ်ကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူး
    တစ်ယောက်လိုပါပဲ။ ညီအစ်ကိုနှစ်ယောက်ရဲ့တိုးတက်မှုလေးတွေကို ကြည့်ပြီးနေ့စဉ် ပီတိ
    ဖြစ်မိပါတယ်။

    စာသင် စာချလုပ်ငန်းကိုတော့ မန္တလေးမှာကတည်းက ဝါသနာပါခဲ့တာပါ။စာချ(ဓမ္မာစရိယ)
    တန်းပြီးစက စာသင်တိုက်တည်ထောင်ပြီးစာသင်သားတစ်ရာကျော်နှစ်ရာလောက်ကို စာချ
    ပေးမယ်လို့ ကိုယ့်ဘဝကို စိတ်ကူးနှင့် ပုံဖေါ်ကြည့်ဖူးပါသေးတယ်။ ဖြစ်မလာခဲ့ဘူး။ ဘဝနှင့်
    ဆန္ဒဟာ ထပ်တူဖြစ်ခဲတယ်။နေပေါ့။ ဘာဖြစ်လဲ။လုပ်သလို ဖြစ်မလာတဲ့ဘဝကို ဖြစ်သလိုပဲ လုပ်ယူလိုက်တော့မယ်။မလေးရှားမှာကျောင်းထိုင်ပြီး က. ခ. ပဲ သင်ပေးနေလိုက်တော့မယ်။
                                                                                 အရှင်ကောသလ္လ(မစိုးရိမ်)

    ဆန်နီနေမင်း အမေးအဖြေ ဆွမ်းကပ်ပျက်မပျက်


    အရှင်ဘုရား သံဃာတော်များအား ဆွမ်းကပ်ပြီးသားစားပွဲကို လူများသွားရောက်ထိမိလျှင် ဆွမ်းကပ်ပျက်ပါသလားဘုရား။ တပည့်တော်တို့ လူသားများ ဆွမ်းကပ်လျှင် ဇဝေဇ၀ါဖြစ်နေပါတယ်။ တစ်ချို့က ထိကောင်းတယ်။ တစ်ချို့က မထိကောင်းဘူးလို့ ပြောနေကြလို့ပါ။ အဲဒါလေးကို အရှင်ဘုရား ကျေးဇူးပြုပြီး ဖြေကြားပေးစေချင်ပါတယ်ဘုရား။


    ဒီမေးခွန်းလေးက ဗုဒ္ဓဘာသာဝင်များ သိတဲ့ပုဂ္ဂိုလ်ရှိသလို ယောင်ဝါးဝါးဖြစ်နေတဲ့သူတွေလည်း ရှိကြပါတယ်။ တကယ်တော့ ဆွမ်းကပ်ပြီးသား စားပွဲကို သံဃာတော်များလက်နဲ့ဖြစ်စေ၊ ခန္ဓာကိုယ်နဲ့ဖြစ်စေ နှစ်တောင်ထွာအတွင်းမှာ ထိစပ်မှုရှိနေလျှင် လူပုဂ္ဂိုလ်များ သွားရောက်ထိနိုင်ပါတယ်။ သံဃာတော်များနဲ့ ကပ်ပြီးသားစားပွဲကိုဖြစ်စေ၊ ဆွမ်း၊ ဟင်းပုဂံများကိုဖြစ်စေ ထိစပ်မှုရှိနေလျှင် ဆွမ်းကပ်အာနိသင်မပျက်သေ



    --
    --

    More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


    With Best Regards,

    slip
    http://www.meepyatite.info/


    Simple Views On My Land
    http://simpleviewsonmyland.blogspot.com/


    Myanmar Social Network
    http://myanmar-social-network.socialgo.com/


    Computer Technical Notes & Sharing Software
    http://slip-meepyatite.blogspot.com/


    Myanmar Digital Satellite Navigation Gathering
    http://mdsng.blogspot.com/


    All Myanmar Blogs
    http://allmyanmarblogs.blogspot.com/


    Myanmar (Burma)
    http://republicoftheunionofmyanmar.blogspot.com/


    Music
    http://myl6.blogspot.com/


    Funny Jokes
    http://7comrades.blogspot.com/


    MIET Forum
    http://mietforum.ning.com/


    You received this message because you are member of
    "Myanmar Daily Info & General Knowledge" group. To post to this group, send email to
    myanmar-daily-info-...@googlegroups.com
    To unsubscribe from this group, send email to
    myanmar-daily-info-n-gene...@googlegroups.com
    For more options, visit this group at
    http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
    If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@gmail.com.


    Reply all
    Reply to author
    Forward
    0 new messages