ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု ကုလသမဂ္ဂ ကြိုဆို ၊ ဦးအောင်ကြည်အကြောင်း သိထားသမျှ ၊ မြန်မာအတိုက်အခံများထဲတွင် စိတ်ဖောက်ပြန်သူများစွာ ရှိနေကြောင်း ထူးထူးဟန်မှ သက်သေပြ

41 views
Skip to first unread message

Slip Knot

unread,
Jul 26, 2011, 12:01:51 PM7/26/11
to

  1. ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု ကုလသမဂ္ဂ ကြိုဆို ၊
  2.  ဦးအောင်ကြည်အကြောင်း သိထားသမျှ ၊
  3.  မြန်မာအတိုက်အခံများထဲတွင် စိတ်ဖောက်ပြန်သူများစွာ ရှိနေကြောင်း ထူးထူးဟန်မှ သက်သေပြ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံမှု ကုလသမဂ္ဂ ကြိုဆို


ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထောက်များအား ရှင်းလင်း ပြောကြားနေစဉ်။ ဇူလိုင် ၂၅၊ ၂၀၁၁။

အစိုးရသစ်လက်ထက်မှာ အစိုးရ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုကနေ မြန်မာနိုင်ငံနဲ့ ပြည်သူပြည်သားတွေ အကျိုးဖြစ်ဖို့ မျှော်လင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တနင်္လာနေ့က တွေ့ဆုံခဲ့တဲ့ အလုပ်သမား၊ လူမှုဖူလုံရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးအောင်ကြည်ကလည်း ဆွေးနွေးမှုတွေမှာ အများပြည်သူ အကျိုးဖြစ်စေမယ့် ကိစ္စတွေ ပါပါတယ်လို့ ပြောပါတယ်။ တနင်္လာနေ့က အစိုးရ ဧည့်ဂေဟာမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံအပြီး အခုလို သူတို့ ၂ ယောက်က သတင်းထောက်တွေကို တွေ့ဆုံ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အခုလို တွေ့ဆုံမှုကို ကုလသမဂ္ဂက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးကို တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

“စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုက တဆင့် အပြန်အလှန် နားလည်မှု တည်ဆောက်နိုင်ရေး အမြင်နဲ့ အခုလို အားထုတ်မှုကို ဆက်လက် လုပ်ဆောင်သွားလိမ့်မယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ လိုလားချက်ရယ်၊ မြန်မာပြည်သူတွေရဲ့ အကျိုးရယ်ကို ရှေ့ရှုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မျှော်လင့်တယ်လို့ ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေကို စောလျှင်စွာ လွှတ်ပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပါတယ်။”

တနင်္လာနေ့ ကုလသမဂ္ဂ ရုံးချုပ်မှာလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ပြောခွင့်ရသူ မာတင် နီစာကီ (Martin Nesirky) ပြောသွားတာ ဖြစ်ပါတယ်။ ဒီလိုခြေလှမ်းမျိုးဟာ အမေရိကန် အစိုးရက မြင်လိုတဲ့ ခြေလှမ်းတွေ ဖြစ်ပါတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဗစ်တိုးရီးယား နူလန် (Victoria Nuland) က တနင်္လာနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

တနင်္လာနေ့က တွေ့ဆုံပွဲအပြီး ဦးအောင်ကြည်နဲ့အတူ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာမှာလည်း တွေ့ဆုံမှုတွေကနေ တိုင်းပြည်အတွက် အကျိုးရှိတဲ့ ရလဒ်တွေ ရလာဖို့ မျှော်လင့်တယ်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ကျမတို့ကလည်း တိုင်းပြည်အတွက် အကျိုးဖြစ်စေမယ့် ရလဒ်ကိုပဲ မျှော်လင့်ပါတယ်။ ဘာပဲလုပ်လုပ်၊ ဘာစကားပဲပြောပြော၊ ဘယ်သူနဲ့ပဲတွေ့တွေ့ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ ပြည်သူပြည်သားများကို အကျိုးပြုဖို့ပါပဲ။ အဲဒါကိုလည်း ကျမတို့ မျှော်လင့်ပါတယ်။”

အရင် စစ်အစိုးရ လက်ထက်က စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြားမှာ ဆက်ဆံရေး အရာရှိအဖြစ် ဆောင်ရွက်ပေးခဲ့ရတဲ့ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အရင်က ၉ ကြိမ်လောက်ကို တွေ့ဆုံခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတွေ့ဆုံမှုတွေကနေ စစ်ခေါင်းဆောင်တွေနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးတဲ့ အဆင့်ကို မရောက်ခဲ့ပါဘူး။ တနင်္လာနေ့ တွေ့ဆုံပွဲမှာတော့ ၂ ဘက် ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်လို့ ဝန်ကြီး ဦးအောင်ကြည်က ကြေညာချက်ကို သတင်းထောက်တွေကို အခုလို ဖတ်ပြခဲ့ပါတယ်။

“နှစ်ဘက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။ ထိုသို့ ဆွေးနွေးရာတွင် တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး ကိစ္စနှင့် အများပြည်သူ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စတို့လည်း အပါအ၀င် ဖြစ်ပါသည်။ သင့်လျော်သောရက်တွင် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန်ကိုလည်း သဘောတူညီကြပါသည်။”




ဦးအောင်ကြည်အကြောင်း သိထားသမျှ

ကိုယ်ရေးကိုယ်တာ

ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမျက်နှာဖြစ်သွားအောင်လုပ်နိုင်တာ ဦးအောင်ကြည် တစ်ယောက်ပဲရှိတယ်

မြန်မာ့နိုင်ငံရေးစာမျက်နှာတွင် အစိုးရနှင့်ဒေါ်စုကြည်အကြား ဆက်ဆံရေးဝန်ကြီး အဖြစ်တာဝန်ယူဆောင် ရွက်နေသော ဦးအောင်ကြည် သည်လည်း အရေးပါသောအခန်းကဏ္ဍမှ ပါဝင်သူတစ်ဦး ဖြစ်လေသည်။ ထိုဦးအောင်ကြည်၏ ဘ၀တစ်လျှောက်ဖြတ်သန်းဆောင်ရွက်ခဲ့သော ဘ၀အဖုံဖုံကို သိရှိနိုင်ပါရန် ဖေါ်ပြ အပ်ပါသည် ။

ရန်ကုန်သားဦးအောင်ကြည်

ဦးအောင်ကြည်ကို အဘ ဦးဘကြည် ၊ အမိဒေါ်ကြည် တို့မှ ၁.၁၁.၁၉၄၆ ခုနှစ်တွင် ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ် ၊ ဖဆပလ တွင် မွေးဖွားခဲ့ပြီး ဗုဒ္ဒဘာသာဝင်ဗမာလူမျိုးတစ်ဦး ဖြစ်ပါသည် ။

ကျောင်းဆရာဦးအောင်ကြည်

အခြေခံပညာရေးကို ရန်ကုန်မြို့ စိန်ပေါ ကျောင်းနှင့် စိန့်အန်ထော်နီကျောင်းတို့တွင် သင်ကြားအောင်မြင်ခဲ့ပြီး ၁-၄-၆၄ နေ့မှစတင်၍ စိန့်အန်ထော်နီကျောင်း (ယခု အထက ၄ ၊ မင်္ဂလာတောင်ညွန့်) တွင်မူလတန်းပြ ဆရာအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် ။ ၁၉၆၇ တွင်လုပ်သားများကောလိပ်မှ သိပ္ပံဘွဲ့ ရရှိခဲ့ပြီး ထိုနှစ်နိုဝင်ဘာလမှ ၁၉၆၉ ခုနှစ် စက်တင်ဘာလထိ အထက (၁) တာမွေတွင် အထက်တန်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည် ။

ဗိုလ်ချုပ်အောင်ကြည်


ဦးအောင်ကြည်သည် ၁၉၆၉ ခုနှစ်တွင် ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၄၀) သို့တက်ရောက်အောင်မြင်ခဲ့ ပြီး တပ်မတော်တွင် တပ်စုမှူး ၊ တပ်ခွဲမှူး ၊ တပ်ရင်းမှူး ၊စစ်ဗျူဟာမှူး ၊ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ၊ တိုက်ခိုက်ရေးကျောင်းအုပ်ကြီး ၊ လေ့ကျင့်ရေးညွှန်ကြားရေးမှူး ၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် တာဝန်များဖြင့် ဗိုလ်ချုပ်အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သည် ။


အထက်တန်းရှေ့နေ ၊ သူရဲကောင်းမှတ်တမ်းဝင် ဦးအောင်ကြည်

တပ်မတော်တွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၁၉၈၂ ခုနှစ်တွင် အထက်တန်းရှေ့နေစာမေးပွဲ ကိုအောင်မြင်သည် ၊ ၁၉၈၄ ခုနှစ်တွင် နိုင်ငံတော်မှ သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ချီးမြှင့်ခြင်း ခံခဲ့ရသည် ၁၉၈၆ ခုနှစ်တွင် အမေရိကန်နိုင်ငံ Fort Benning တွင်ဖွင့်လှစ်ခဲ့သော ခြေလျင်အရာရှိတန်းမြင့်သင်တန်း (IOAC) ကို တက်ရောက်အောင်မြင်ပြီး ဒီပလိုမာလက်မှတ်ရရှိခဲ့သည် ။


တပ်မတော်အစိုးရလက်ထက် ၀န်ကြီး ဦးအောင်ကြည်

၂၀၀၆ခု မေလမှ နိုဝင်ဘာလအထိ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် ဒုတိယ၀န်ကြီးအဖြစ်လည်းကောင်း ၂၀၀၆ နိုဝင်ဘာလမှ ၂၀၀၇ အောက်တိုဘာလအထိ အလုပ်သမားဝန်ကြီး အဖြစ်လည်းကောင်း ၂၀၀၇ ခုနှစ်အောက်တိုဘာလမှ စတင်၍ အလုပ်သမားဝန်ကြီးတာဝန်များအပြင် ဆက်ဆံရေးဝန်ကြီးတာဝန်များကိုပါ ပူးတွဲ၍ ၃၀.၃.၂၀၁၁ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးသုဝေကို အနိုင်ယူခဲ့သည့် ဦးအောင်ကြည်

ဦးအောင်ကြည်သည် ၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၊ မင်္ဂလာတောင်ညွန့်မြို့နယ် မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အဓိကပြိုင်ဘက်ဖြစ်သော ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ နာမည်ကြီး ဦးသုဝေကိုအနိုင်ရခဲ့သည် ။

ဦးသုဝေကိုယ်တိုင် စောင့်ကြည့်ရေတွက်ပြီးနောက် ရှုံးနိမ့်ကြောင်း ဝန်ခံသွားခဲ့ရတဲ့ မဲရလဒ်



လက်ရှိအစိုးရသစ်၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်

ဦးအောင်ကြည်သည် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန နှစ်ခု၏ ပြည်ထောင်စု ၀န်ကြီးတာဝန်များကိုထမ်းဆောင်လျက်ရှိသည် ။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ အဆိုကိုထောက်ခံခဲ့သည့် ဦးအောင်ကြည်

၂၀၁၁ခု မတ်လ ၁၆ ရက်နေ့တွင်ကျင်းပသော ပထမအကြိမ်ပြည်သူ့လွှတ်တော်ပုံမှန်အစည်းဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ၊မရမ်းကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပွင့်ဆန်း၏ " နိုင်ငံတကာအဆင့်မီလူမှုဖူလုံရေးဥပဒေတစ်ရပ်မူကြမ်းရေးဆွဲပြုစုပြီး ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးသို့တင်သွင်းနိုင်ရေးအတွက် လိုအပ်သောအစီစဉ်များပြုလုပ်ပေးရေး " အဆိုကို ၀န်ကြီးဦးအောင်ကြည်က ထောက်ခံဆွေးနွေးခဲ့သဖြင့် ယင်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြု ချက်ရယူခဲ့ရာမှာ ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့သဖြင့် ဦးပွင့်ဆန်း၏ အဆိုကိုလွှတ်တော်က အတည်ပြုဆောင်ရွက်ခဲ့ပါသည် ။
စာပေသမားဦးအောင်ကြည်

ဦးအောင်ကြည်သည် ဗိုလ်ချုပ်အောင်ကြည် ၊ မင်းဗထူး ကလောင်အမည်များဖြင့် စစ်ဘက် ၊ နယ်ဘက် ဆောင်းပါး တစ်ရာကျော် နှင့် စာအုပ်များကိုရေးသားထုတ်ဝေခဲ့သည် ။သူ၏ထင်ရှားသောစာအုပ်များမှာ....

၁။ ခေါင်းဆောင်များအတွက် ဆုံးဖြတ်ချက် ၁၉၉၈ ခုနှစ် (မြ၀တီစာပေတိုက်)
၂။ ခေါင်းဆောင်များအတွက် စစ်ဆေးရန်အချက်များ ၁၉၉၉ ခုနှစ် (ပညာရွှေတောင်စာပေ)
၃။ ခေါင်းဆောင်များအတွက် စီမံခန့်ခွဲမှုအယူအဆများ ၂၀၀၅ ခုနှစ် (မြဝတီစာပေတိုက်)
၎။ ခေါင်းဆောင်များအတွက် မိမိကိုယ်မိမိ စီမံခန့်ခွဲမှု ၂၀၀၆ ခုနှစ် (ရဲအောင်စာပေ)
၅။ ဘဝကိုပြောင်းလဲစေသောအရာများ ၂၀၀၉ ခုနှစ် (တူဒေးစာအုပ်တိုက်)
၆။ အကျပ်အတည်းအတွင်းခေါင်းဆောင်ခြင်း ၂၀၁၀ ခုနှစ် (တူဒေးစာအုပ်တိုက်)
၇။ ပြောင်းလဲခြင်းဖြင့် တိုးတက်စေ ၂၀၁၀ ခုနှစ် (တူဒေးစာအုပ်တိုက်)
၈။ စဉ်းစားတွေးခေါ်မှုကို ပြောင်းလဲပါ ၂၀၁၁ ခုနှစ် (တူဒေးစာအုပ်တိုက်)

တို့ဖြစ်ပါသည် ဦးအောင်ကြည်သည် ယခုတိုင် တူဒေးစာအုပ်တိုက် CEO မဂ္ဂဇင်းတွင် ပင်တိုင်စာရေးဆရာ အဖြစ် စာပေများကိုရေးသားလျက်ရှိကြောင်း သိရှိရပါသည် ။

Posted by ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား



မြန်မာအတိုက်အခံများထဲတွင် စိတ်ဖောက်ပြန်သူများစွာ ရှိနေကြောင်း ထူးထူးဟန်မှ သက်သေပြ

Posted by ဒေါ်လာစား on 00:01




ဒီနေ့မြန်မာအတိုက်အခံတွေနဲ့ အဖွဲ့အစည်းတွေ အားလုံးက နေ့စဉ်နှင့်အမျှ ဆိုးသတင်းတွေကို BBC, VOA, DVB, RFA တို့က နားထောင်လိုက် ဧရာဝတီ၊ မဇ္ဈိမ နဲ့ တခြား အလကားရတိုင်း စွတ်ရေးနေကြတဲ့ ဘလော့ပေါင်းများစွာက ဖတ်လိုက်နဲ့ တစ်ရက်ပြီး တစ်ရက် အကုသိုလ်တွေများကာ စိတ်တွေ ကျဆင်းလျှက် ရှိနေပါတယ်။ အကြောင်းအရာ တစ်ခုခုဆိုရင် ဘယ်လို ဆန့်ကျင်ရမလဲ ဆိုတဲ့ ကန်လန့်အတွေးမျိုးတွေကိုပဲ တွေးနေတတ်ပါတော့တယ်။ ကိုယ့်ဖက်ကနိုင်ဖို့ဆိုရင် မဟုတ်တာတွေရော ဟုတ်တာတွေရော ကယောင်ကတမ်းနဲ့ သိမ်းကျုံးပြောနေတဲ့ အတိုက်အခံတွေလည်း ဒုနဲ့ဒေးပါပဲ။ သေချာတာကတော့ အဲဒီ ဒီမိုကရေစီ ဘက်တော်သား ဆိုသူတွေအားလုံးရဲ့ စိတ်တွေက ပုံမှန်မဟုတ်တော့ပါဘူး

ရွေးကောက်ပွဲကလည်းပြီး၊ ပြန်လုပ်လို့ကလည်းမရ၊ အခြေခံဥပဒေကလည်း အတည်ဖြစ်နေ၊ ပါတီပေါင်းကလည်း များတဲ့အပင်၊ အားကိုးနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထင်သလောက် ဖြစ်မလာတော့ သတင်းဌာနတွေလည်း သတင်းပျက်လို့ ဒီဗွီဘီ တို့ကလည်း ဟာသ ဇတ်လမ်းတွေရိုက်လို့ရိုက်၊ ဧရာဝတီဘလော့ကလည်း ပေါတောတော ဟာသတွေပဲ တင်လို့တင် ဖြစ်နေကြရပါတယ်။

သတင်းပြတ်လပ်နေသူတွေနဲ့ သူရေဲကောင်းအလိုရှိနေတဲ့ အတိုက်အခံလောကထဲက လူဗြိန်းတွေအပေါ်မှာ ကတုံးပေါ်ထိပ်ကွက် သွားနိုင်သူကတော့ ထူးထူးဟန် ဆိုတဲ့ ယနေ့မြန်မာသတင်းလောကမှာ ထင်ပေါ်ကျော်ကြားပြီး အားလုံးက သူရဲကောင်းကြီးအဖြစ် အထင်ကြီးလေးစားခြင်း ခံနေရသူဖြစ်ပါတယ်။

နာမည်က ထူးထူးဟန်ဆိုတဲ့အတိုင်း အင်မတန်ထူးခြားသူ တစ်ယောက်ဖြစ်ပါတယ်။ ထူးတာများလို့ပဲ ရူးသွားတာလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ အရူးက တမူးသာ သွားတာကို အားလုံးအငိုက်မိ ခံလိုက်ရပါတယ်။

ထူးထူးဟန် (ယခင် နိုင်ငံရေး အကျဉ်းသား ယခု ဒုက္ခသည်၊ အော်ဇီ) ။ ။ "ကျွန်တော် လူသတ်သမားပါ" ဆန္ဒပြသူ ၂၄ ဦးထက်မနည်း ကိုယ်တိုင် ပစ်သတ်ခဲ့ပြီး ၁ဝဝ ကျော် သတ်ဖို့ အမိန့်ပေးခဲ့တယ်။

( ကျောင်းဆင်းစ စစ်ဗိုလ်က အဲ့လောက်တောင် လုပ်ပိုင်ခွင့်တွေ ရှိခဲ့တာလား။ ဗိုလ်ထူးထူးဟန်တောင် ဒီလောက် သတ်လာရင်၊ ဗိုလ်မှူး အောင်လင်းထဋ်ဆိုရင်တော့ အနည်းဆုံး ၁၀၀ ကျော် သတ်ခဲ့မှာပဲ။ ICC ကို အတူသွားဖို့သာ ပြင်ပေတော့ )

"တနေ့ကို ၄ နာရီလောက်ပဲ အိပ်ရတယ်၊ ၃ နာရီလောက်ပဲ အိပ်ရတယ်။ ဦးနှောက် မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ချက် မရဘူး။ အဲဒီအချိန်မှာ အရမ်းရှုတ်ထွေးနေတဲ့ အချိန်။ ကျောင်းသားသမဂ္ဂမှာလည်း ကျနော်က အထွေထွေ အတွင်းရေးမှူး’’

(ဂေါက်ရတဲ့အကြောင်းထဲမှာ အဲ့ဒါလည်း ပါမယ်)

"ကျနော် အသက် ၂၂ နှစ်မှာ ၉ တန်းကျော်ငးသားအနေနဲ့ ကျောင်းသားထုထဲဝင်လာတာပေါ့ ’’

( ၂၂ နှစ်နဲ့ ၉ တန်း လို့ လိမ်ဝင်ခဲ့တာတဲ့၊ နိုင်ငံရေးလုပ်တဲ့ကျောင်းသားတွေ အခုမှ အ တာမှတ်နေတာ အဲဒီတုန်းကကတည်းက သူများအညာခံနေရတာကိုး)

"DSA ၂ နှစ်တက်ခဲ့တယ်၊ ရွှေဓား လည်း ရခဲ့တယ် ’’

( ထူးထူးဟန် ၁၈ နှစ် တုန်းက ၁၉၈၅ ခုနှစ်ပါ။ အဲဒီတုန်းက DSA က သက်တမ်း ၄ နှစ် တောင်တက်ရတယ်။ DSA ကို ၂ နှစ် တက်ပြီး အရာရှိဖြစ်တာ မြန်မာ့သမိုင်းမှာ ထူးထူးဟန် တစ်ယောက်ပဲ ရှိတယ်။ ဒီထက်ဆိုးတာက ရွှေဓား ရခဲ့တယ်တဲ့။ သူ့ဘကြီးက ပန်းတိမ်ဆရာမို့နေမှာ။ DSA မှာ အမှတ်စဉ် ၁ ကတည်းက ငွေဓားပဲ ပေးလာတာ သူ့ကျမှ ရွှေဓားတဲ့။ တွေ့ရင် ခဏလောက် ငှားကြည့်ချင်တယ်ဗျာ၊ အဆိုးဆုံးကတော့ ကျောင်းဆင်းတာနဲ့ ထောက်လှမ်းရေးသင်တန်းတောင် မတက်ရပဲ ထောက်လှမ်းရေးရာက်တယ်တဲ့။ ယုံလိုက်ကြအုံးပေါ့ လူဗြိန်းများ)

"DSA မှာ ဘယ်ကျောင်းတက်ခဲ့ရလဲဆိုတာ ပြောလို့မဖြစ်ဘူးနော်၊ ဘာကြောင့်လဲဆိုတော့ ကျနော့်မှာ ဒီမှာ ရဲဘော်တွေ တချို့မိဘတွေက ဗမာပြည်မှာ ရှိနေတယ်။ သင်တန်းက နံပတ်စဉ်တွေ ပြောချလိုက်ရင် အကုန်လုံး ရှုပ်ကုန်မှာစိုးလို့ ’’

( DSA က ဘယ်ကျောင်းတက်ရလဲ ပြောလို့မဖြစ်ဘူးဆိုတော့၊ ကျနော့်နာမည် ထူးထူးဟန် ပြောလို့မဖြစ်ဘူး လို့ဖြစ်နေတယ်။ DSA တက်တုန်းက ငွေဓါး (အဲလေ) ရွှေဓားတောင် ရထားပြီး ၂ နှစ်နဲ့ ထောက်လှမ်းရေး ပို့ခံရအောင် ထူးချွန်နေတာပဲ အဲဒီတုန်းက ဘာမှမဟုတ်တာမှ မလုပ်ခဲ့တာ အမှတ်စဉ်တော့ ပြောနိုင်သင့်တာပေါ့၊ အောင်လင်းထွဋ်တောင် ပြောနိုင်သေးတာပဲ၊ မဟုတ်မှလွဲရော အမှတ်စဉ်ကို ကြိုတွက်မထားဘူးထင်တယ်။ )

"ကျနော့်ကို ဒေါ်လာ ၂၀၀၀၀ ထည့်ပေးတယ်။ ကျနော်က အဲဒီ ၂၀၀၀၀ စလုံးကို တပတ်အတွင်းမှာ သုံးပစ်လိုက်တယ်။ ကျနော့်ကို နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ချနိုင်တယ်” အဲလိုမျိုး ခြိမ်းခြောက်လာတယ်’’

(ဒေါ်လာ ၂၀၀၀၀ တစ်ပတ်အတွင်း သုံးတာနဲ့ ထောက်လှမ်းရေးက နိုင်ငံတော်ပုန်ကန်မှုနဲ့သေဒဏ်ချမယ်တဲ့။ မဟုတ်မှလွဲရော အဲဒီခေတ်ကတည်းက ဒေါ်လာ ၂ သောင်းကို တစ်ပတ်နဲ့ သုံးခဲ့တယ် ကွ လို့များ လူသိစေချင်တာလား။ )


"ကျနော်က ထောင်ထဲမှာ အရိုက်ခံရတာကိုး။ ကျနော် MI 6 မှာ လုပ်နေတာကို ထောင်က အရာရှိတွေကို ပေးမသိဘူး။ ပေးမသိတော့ ကျနော့်ကို ကျောင်းသားပဲ ထင်တာပေါ့။ ’’

(စုံထောက်က ဘယ်သူမှမသိအောင် သူလျှိုလုပ်ပြီး ထောင်ကျ အရိုက်ခံရတယ် ဆိုတာ ဇတ်ကားထဲမှာပဲ ရှိတယ်။ အော်ဇီရောက်မှ စုံထောက်ကားတွေ ကြည့်ပြီး စိတ်ကူးယဉ် ဇတ်လမ်းဆင်နေတယ်ထင်တယ်)

"ကျနော်အပါအဝင် ၉ ယောက်ပေါ့နော်။ တခြားသူတွေ့က စီးပွားရေးအရ အရမ်းအောင်မြင်နေကြပြီ၊ အိမ်တွေ၊ ကားတွေနဲ့။ ’’

(အော်... တိုင်းပြည်အတွက် အလုပ်လုပ်ချင်တဲ့ နိုင်ငံရေးသူရဲကောင်းကြီးတွေက သူများနိုင်ငံမှာ ကောင်းစားနေကြတာပါလား)

"တယောက်ကတော့ မူးယစ်ဆေးဝါး စွဲနေပြီး၊ စိတ်ဓာတ်ကျတယ်ပေါ့။ သူလည်း လုပ်ခဲ့တာတွေ၊ ဒီမတရား လုပ်ခဲ့တဲ့ဟာတွေ၊ ကျနော့်လိုပေါ့။ စိတ်ကျရောဂါ ဖြစ်တယ်ပေါ့ ’’

(မူးယစ်ဆေးတောင် စွဲနေလိုက်သေး။ ကိုယ်တိုင်ကလည်း စိတ်ကျရောဂါသည်၊ အပေါင်းအသင်းတွေကလည်း စိတ်ကျသူတွေနဲ့ မူးရစ်ဆေးစွဲသူတွေ။ ဒီလူတွေနဲ့မှ ဒို့နိုင်ငံ ဒီမိုကရေစီမရရင် နောင် ဘယ်လွယ်လိမ့်)

" အိုးဝေအောင်တို့၊ ရဲတေဇတို့ဘာတို့ အခုအမေရိကမှာ ရှိပါတယ် ဒီကောင်တွေ။ ကျနော်နဲ့ အတူလုပ်ခဲ့တဲ့ ကောင်တွေ’’

(အိုးဝေအောင်က ထူးထူးဟန်ကို မသိဘူးတဲ့)


"ကျနော့်ရည်ရွယ်ချက်က ICC ကို ရောက်ချင်တယ် ’’

( ICC တော့ မမြင်ဘူး၊ အရူးထောင်နဲ့တော့ နိးနေပြီ)


"ကျနော်က ပန်းချီဆရာအလုပ်လုပ်ပါတယ်၊ ဆုတွေရတယ်။ မနှစ်က တသောင်းဆု ရတယ်လေ။ ကျနော့်ပန်းချီကားတွေက ဈေးအရမ်းကြီးတယ်။ တော်ရုံတန်ရုံလူ မဝယ်နိုင်ဘူး။ ကျနော့်ဟာ ကျနော် ဆွဲတယ်။ စိတ်ပြေလက်ပျောက် လုပ်တယ်။ ’’

(စိတ်ပြေလက်ပျောက်နဲ့ တော်ရုံလူမဝယ်နိုင်တဲ့ ဆုရပန်းချီကားတွေ ဆွဲနိုင်တဲ့ လူပါလား၊ တစ်ပတ်အတွင်း ဒေါ်လာ ၂ သောင်းသုံးခဲ့တယ် ပြောတုန်းက ကြွားလှပြီထင်နေတာ။ ခုမှ ပိုဆိုးနေ)

" ခုထက်ထိပေါ့ ဆက်လက် ဆေးကုသမှု ခံယူနေဆဲပဲ ’’

(ဒီပုံစံနဲ့ဆိုရင် တစ်သက်လုံးကုရလိမ့်မယ်)






ဘုန်းကျော် (ယခု ဒုက္ခသည် အော်ဇီ) ။ ။"ကိုထူးထူးဟန်ကို သံသယနဲ့ ရေးလာပြောတာကိုကြည့်ပြီး တခါတလေ အဲဒိလိုသံသယမျက်လုံးနဲ့ကြည့်တဲ့လူတွေဟာ ခေါင်းမရှိသလိုပဲ။ ဒီကိစ္စက အမှုသေးသေးလေးမဟုတ်ဘူး။ အနည်းဆုံးထောင်ကျနိုင်တယ်။ ဂေါက်ပြီးပြောရင်တောင် စစ်လားဆေးလားမြန်းလားနဲ့ ဘယ်လောက်အလုပ်ရှုပ်တယ်မှတ်လဲ။ ကျနော်သာဆိုရင် ဘာဘီကျူနဲ့ဘီယာပဲ ဇိမ်ခံပြီးသောက်တော့မယ်။ ဒီလိုပေါက်ကရကို ဘယ်တော့မှမပြောပါ။’’

"ဒီလောက် အန္တရာယ်များတဲ့ ၀န်ခံချက်ကို ကျနော်သာဆိုရင် ဘယ်တော့မှမပြောပါ။ အနည်းဆုံး အလုပ်ရှုပ်တယ်။ ရဲတို့ တရားရုံးတို့နဲ့ စကားပြောရတာ အရမ်းအလုပ်ရှုပ်တယ်။ Centerlink ပိုက်ဆံစားပြီး သြစီဝိုင်တစ်ခွက်နဲ့ ဘာဘီကျူစားပြီး ဇိမ်ပဲခံမယ်။ ဒီလိုမျိုး ပေါက်တကရတော့မပြော။’’

"နာမည်ကြီးချင်ရင် တခြားနည်းလမ်းရှိပါတယ်။ နောက်ပြီး ကိုထူးထူးဟန် ဂေါက်တာဆိုရင်တော့ မတက်နိုင်။’’

သြစီမှာ တချို့ သော ၈၈-ကလူတွေ မုန့် ရှုလိုက်၊ ဂလုလိုက်နဲ့ ကျွန်းကြောင်တာဖြစ်ကုန်တယ်။ ဒါပေမဲ့ ကိုထူးထူးဟန်ကတော့ ဖြစ်ပုံမပေါ်ပါဘူး။ သြစတျေးလျမှာ မြန်မာထောက်လှမ်းရေးတွေ တစ်ပုံကြီးရှိတယ်လို့ ကိုထူးထူးဟန်ပြောပါတယ်။

"သူပြောသလို ထောက်လှမ်းရေးဟောင်းအရှိတွေရဲ့ သားတွေသမီးတွေလည်း ပြောတာကို တွေ့ဘူးပါတယ်။ မယုံမရှိနဲ့။ အိမ်ရှေ့ ကိုလာပြီး သေနတ်နဲ့ တေ့ ပစ်သွားနိုင်တယ်။ ကျနော် စစ်ထောက်လှမ်းရေးတစ်ဦးနဲ့ တစ်ရုံးတည်းနေဘူးပါတယ်။ မဲ့ဆောက်က ရုံးမှာပါ။ သူစစ်ထောက်လှမ်းရေးဆိုတာ မသိခဲ့ပါ။ ဒီလိုလူမျိုးတွေအများကြီး။ ဘာဘဲဖြစ်ဖြစ် ကိုထူးထူးဟန်ရဲ့ သတ္တိကို ချီးကျူးပါ။’’


စိုးမြင့်အောင် soemyin...@gmail.com (ယခင်နိုင်ငံရေးအကျဉ်းသား ယခု ဒုက္ခသည်၊ အော်ဇီ) ။ ။ "ထူးထူးဟန်နဲ့ပတ်သက်လို့ ကျနော်သိသမျှလေးပြောပြချင်ပါတယ်။ ၁၉၈၇မှာကျနော်တို့ တရပ်ကွက်ထဲ အတူနေခဲ့ရပါတယ်။ အဲဒီ့အချိန်က ထူးထူးဟန်ညီနဲ့ကျနော်နဲ့က ကျောင်းနေဘက် သူငယ်ချင်းပါ။ကျနော်က ၈တန်းကျောင်းသားပါ။ထူးထူးဟန်တို့အိမ်က ကျနော့်အတွက် စားအိမ်သောက်အိမ်ပါ။’’

"ထူးထူးဟန်အဖေက ကားပွဲစားလုပ်ပါတယ်။ထူးထူးဟန်ကလည်း သူ့အဖေနဲ့အတူ ကားပွဲစား လုပ်ပါတယ်။
’’

"၈လေးလုံး အရေးတော်ပုံကြီးမှာ တောင်ဥက္ကလာမြို့နယ် လူငယ် တွေအဖြစ် ...ထူးထူးဟန်ရော...ကျနော်ပါ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ထူးထူးဟန်က သုံးရောင်ခြယ်အဖွဲ့မှာ ပါဝင်လှုပ်ရှားကြောင်း ကျနော်သိရပါတယ်။
’’

"ကျနော်က တောင်ဥက္ကလာမြို့နယ် သပိတ်တပ်ပေါင်းစုမှာ သတင်းနဲ့ပြန်ကြားရေး လုပ် ကိုင်ခဲ့ပါတယ်။ ၈၈၈၈ပြီးနောက်ပိုင်း ... စက်တင်ဘာ ၁၈ ရက် -န၀တက စစ်အာဏာသိမ်းတော့ ထူးထူးဟန် တောခိုသွားပါတယ်။

၈၈နိုဝင်ဘာလမှာ န၀တက ထိုင်းနယ်စပ်မှာ ကြိုဆိုရေးစခန်း ဖွင့်တော့ ထူးထူးဟန် ပြန်လာပါတယ်။ ထိုင်းနိုင်ငံ၊တပ်ခ်ခရိုင်လေဆိပ်ကနေ-ရန်ကုန်၊မင်္ဂလာဒုံလေဆိပ်အထိ၊ န၀တက လေယာဉ်နဲ့ပို့ဆောင်ပေးတဲ့အခါ-ထူးထူးဟန် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

၁၉၈၉ ခုနှစ် ၈လပိုင်း ရှစ်လေးလုံး၁နှစ်ပြည့်နှစ်ပတ်လည်အကြိုအတွက် ...စာဝေခြင်း၊ပြောက်ကျားဆန္ဒပြခြင်းများကို တောင်ဥက္ကလာမြို့နယ်မှာ ကျနော်တို့ လုပ်ခဲ့ပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းကြောင့် ထူးထူးဟန်ရော...ကျနော်ရော...စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနေရာမှာ ထူးထူးဟန် ရပ်တည်ချက်ကို ကျနော်ပြောချင်ပါတယ်။ ထူးထူးဟန်ကို အိမ်မှာ လာဖမ်းဆီးချိန်မှာ ထူးထူးဟန် အဖမ်းမခံရပါဘူး။ သူ့အဖေကို စစ်ထောက်လှမ်းရေးက ဖမ်းလိုက်ပါတယ်။ သားဖြစ်သူ ထူးထူးဟန်ကို မိမှပြန်လွှတ်ပေးမယ်...ဆိုလို့ ထူးထူးဟန် အဖမ်းခံခဲ့ပါတယ်။တောင်ဥက္ကလာမြို့နယ် အားကစားကွင်း(စစ်ကြောရေးစခန်း)မှာ ထူးထူးဟန်ကို စစ်ကြောရေး ၀င်ပါတယ်။စစ်ကြောရေးမှူးက မ.၀.တ ဗိုလ်မူးမောင်စိန်ပါ။”ဘယ်သူတွေ ပါသေးလဲ...”လို့ ရိုက်နှက်မေးမြန်းခြင်းကို ထူးထူးဟန်၂ရက်ကြာ တောင့်ခံခဲ့ပါတယ်။

ကျနော့်ကို လဘက်ရည်ဆိုင်မှာ စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီး အားကစားကွင်းဆီခေါ်သွားပါတယ်။ဗိုလ်မှူးမောင်စိန်က ”ထူးထူးဟန်ကို ထုတ်ခဲ့”လို့ အမိန့်ပေးချိန်မှာ ထူးထူးဟန်ကို ဆွဲခေါ်လာကြပါတယ်။မတ်တပ်တောင် မရပ်နိုင် တော့ပါဘူး။သွေးတွေမြင်မကောင်းအောင် ပေကျံနေပြီး တကိုယ်လုံး ဖူးယောင်နေပါတယ်။

”မင်းပြောတဲ့ ကုလားလေးလား”လို့ ဗိုလ်မှုးမောင်စိန်မေးတဲ့အချိန်မှာ ထူးထူးဟန်က ကျနော့်ကိုမော့ကြည့်ပြီးဖြေးညှင်းစွာခေါင်းခါပြပါတယ်။ သူ့မျက်လုံးကို ကျနော်သဘောပေါက်တယ်။ ကျနော့်ကိုပြန်လွှတ်ပေးလိုက်ပါတယ်။နေ့လည်ဘက်မှာပါ။

ည၁၁နာရီမှာ ကျနော့်ကို စစ်ထောက်လှမ်းရေးက လာဖမ်းပါတယ်။ထူးထူးဟန်နဲ့ကျနော်... ရုံးချိန်းအချုပ်ခန်းတွေမှာ..စစ်ခုံရုံးမှာ... ၊ထောင်ထဲမှာပါ အတူနေခဲ့ရပါတယ်။ ။ထောင်တွင်းတိုက်ပွဲတွေဖြတ်သန်းစဉ်မှာလည်း ကျနော်တို့နဲ့အတူပါတယ်။သွေးထွက်၊ချေးထွက်အောင် အရိုက်ခံရတော့လည်း ထူးထူးဟန်ပါ အရိုက်ခံရတယ်။

အဲဒီ့နောက် လွတ်ရက်စေ့လို့ပြန်လွတ်တော့..၁၉၉၂မှာ လွတ်တယ်။ ထူးထူးဟန်ထောင်က လွတ်လာတဲ့အချိန်မှာ ချောင်းဆိုးရင်သွေးတောင်ပါတယ်။

ထောင်တွင်းမှာ ရခဲ့တဲ့ဒဏ်ရာတွေပါ။ လွတ်မြောက်ပြီး မကြာခင်မှာပြည်ပကို ထူးထူးဟန် ထွက်သွားပါတယ်။ ကျနော်နဲ့အဆက်အသွယ်ပြတ်သွားတာ ယနေ့အချိန်ထိပါ။

တကယ်တမ်းပြောရရင် လက်ရှိဖြစ်ပျက်နေတဲ့ ထူးထူးဟန်ပြောစကားတွေက (မီဒီယာများတွင် သူသည်စစ်ထောက်လှမ်းရေးဘ၀က လူများသတ်ခဲ့သည်ဟု ထုတ်ပြောသော စကားတွေက) ကျနော်နဲ့ထိစပ်ခဲ့သမျှတွေနဲ့ လုံးဝ ကွာခြားနေပါတယ်။ သူပြောနေတာတွေက ဖြစ်နိုင်ချေနည်းပါးတယ်လို့ ကျနော်ထင်ပါတယ်။
’’


အိုးဝေအောင် owa...@gmail.com (ယခင်နိုင်ငံရေးသမား ယခုဒုက္ခသည်၊ အမေရိက) ။ ။ "ထူးထူးဟန် ပြောတဲ့ တခြားအကြောင်းအရာတွေထဲမှာ မှန်တာ မှားတာတွေ ဘာမှ မပြောချင်ပေမယ့် ..mizzima ထူးထူးဟန် အင်တာဗျူးထဲမှာပါလာတဲ့ ”အကသ ”ကိစ္စတွေ ပြောရင်တော့ ...သူ မဟုတ်တာ မမှန်တာ ပြောနေတယ်ဆိုတာ ဖြေရှင်းရပါလိမ့်မယ်။

အင်တာဗျူးဖော်ပြပေးတဲ့ မဇ္ဈိမသတင်းဌာနကိုလည်း အဖြစ်မှန် ပြောပြချင်ပါတယ်။ထူးထူးဟန်နဲ့လည်း တိုက်ရိုက်ဆက်သွယ်ပေးပြီး ဖုန်းလိုင်း ၃ခုချိတ်ကာ အဖြစ်မှန်များကို ဆက် မေးမြန်းစေချင်ပါတယ်။

အကသ=အခြေခံပညာကျောင်းသားသမဂ္ဂ မှာ ကိုမိုးသီးဇွန်(ဗကသ)ပါတယ် ဆိုကတည်းက မှန်မမှန် စဉ်းစားကြည့်ပေါ့ဗျာ။

နောက် တခု -သူပြောခဲ့တဲ့အထဲက ”အိုးဝေအောင်တို့ ရဲတေဇတို့နဲ့ အတူလုပ်ခဲ့တယ်”လို့ သူက ဆိုရအောင် ..သူနဲ့ကျနော်တို့နဲ့က ၁၉၈၉ခု သြ၈ုတ်လကုန်ပိုင်းမှာမှ တောင်ဥက္ကလာ ရဲစခန်းအချုပ်+မြို့နယ်တရားရုံးအချုပ်တွေထဲရောက်မှ စတွေ့ဖူးတာဗျာ။၈၈နှစ်ကုန်ပိုင်းနဲ့၈၉နှစ်ဆန်းပိုင်း မြို့နယ် အကသ လှုပ်ရှားမှုတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဘူး။ ရန်ကုန်တိုင်း အကသ အစည်းအဝေးတွေမှာလည်း တခါမှ မတွေ့ဖူးခဲ့ဖူးဘူး။ဒါ့ကြောင့် သူနဲ့အလုပ်အတူလုပ်ခဲ့တယ်ဆိုတာ လုံးဝမဟုတ်သော စကားလို့ ပြန်ဖြေရှင်းချင်တယ်။

အခု သူ့ကိုယ်သူ စစ်ထောက်လှမ်းရေးဟောင်းလို့ ပြောလိုက်တဲ့သတင်းကို အာဇာနည်နေ့မတိုင်ခင် သတင်းမီဒီယာတွေကတဆင့် စသိခဲ့ရတယ်။

သိပ် အံ့အားသင့်ခဲ့သလို သိပ် စိတ်ဝင်စားခဲ့တယ်။ကျနော်တို့နဲ့ အချုပ်ထဲ+ထောင်တွေထဲမှာ ၃နှစ်ကျော်နေခဲ့ရသူတဦးဟာ ထောက်လှမ်းရေးဖြစ်တယ်လို့ ထုတ်ဖော်လိုက်လို့ ထူးထူးဟန်နဲ့ပတ်သက်တဲ့သတင်းမှန်သမျှ လိုက်လံစုဆောင်း စနည်းနာနေတယ်။သူနဲ့ပတ်သက်ခဲ့သူတွေ အထူးသဖြင့်=သူနဲ့အမှုတွဲခဲ့တဲ့ သန့်ဇင်လင်း(အော်စီ)+စိုးမြင့်အောင် (ထိုင်း) တို့ရဲ့သဘောထားတွေလည်း သိချင်တယ်။

နောက်ဆုံး သူ့မိသားစုဝင်တွေထဲက သူ့ဘ၀ဖြစ်ရပ်မှန်ကို ပြောလာမယ့်သူတွေရဲ့ အသံကို ကြားချင်နေတယ်။

ခေါင်းခဏခဏ အရိုက်ခံရတဲ့ ထူးထူးဟန်တယောက် စိတ်အရူးဖောက်တုန်း ပြောနေတာလား -။

သူ့ကိုယ်သူ စိတ်ရောဂါရှိသူလို့  ပြောနေလေတော့ -မြန်မာ့နိုင်ငံရေး ဇာတ်ခုံရဲ့ကန့်လန့်ကာနောက်ကွယ်ရောက် နအဖသန်းရွှေတို့ကို လောလောဆယ် အပြစ်ဖို့ပြီး- မိမိသာ မီဒီယာမှာ နာမည်ကြီးရင် ပြီးရော ဘ၀င်ရူးအထာမို့ ( အော်စီအစိုးရက မဖမ်းမှန်းသိလို့ ) ဇာတ်လမ်းဆင်ပြီး စိတ်ကူးယဉ် နေတာလား..။

သတင်းများအရ ထောက်လှမ်းရေးအရာရှိဟောင်း ထူးထူးဟန်သည် ၁၉၈၇ တွင် ဒီအက်အေ ကျောင်းဆင်းကာရွှေဒါးဆုရထားသူဟုဆိုသည်၊ (၁၉၈၇ ကျောင်းဆင်းသည် အပတ်စဉ် ၂၉ ခန့်ဖြစ်မည်၊) ကျောင်းဆင်းဆင်းချင်း ဒုဗိုလ် ဘ၀ဖြင့် ထောက်လှမ်းရေး(၆)တွင်တာဝန်ထမ်းဆောင်ကာ ကျောင်းသားအဖွဲ့တွင် ရွှေထီးဆိုသောနာမည်ဖြင့် လှုပ်ရှားခဲ့သည်ဟုဆိုပါသည်၊ ပြီးနောက်ဆန္ဒပြသူများအား နောက်စိကို သေနတ်ဖြင့်ပြစ်သတ်ကာ မီးရှို့ပြီး သာကေတတံတားဟောင်းမှ ငမိုးရိပ်ချောင်းထဲသို့စွန့်ပြစ်ခဲ့သည်ဟုဆိုသည်၊ ပြီးနောက် ၁၉၈၉ ခုနှစ်တွင်စာရွက်စာတမ်းဖြန့်ဝေ မှု့ဖြင့် ထောင်သုံးနှစ်ကျကာ ၁၉၉၂ ခုနှစ်တွင်ထောင်မှလွတ်သည်ဟုဆိုသည်။

ထိုသတင်းအားသုံးသပ်ကြည့်ရလျှင် ဒီလောက်ထဲထဲဝင်ဝင်ဆောင်ရွက်ခဲ့သောထောက်လှမ်းရေးအရာရှိ တယောက်က ၈၉ခုနှစ်မှာစာရွက်စာတမ်းဖြန့်ဝေမှု့ဖြင့် ထောင်၃နှစ် ဘာလို့ကျရတာလဲ၊ (တချို့သတင်းလိုချင်လို့ထောင်ကျခံပြီးဝင်တဲ့သူလဲရှိပါတယ်၊) ဒါပေမယ့်သူက တကယ်ထောင်ကျလို့သာ အခု သြစတြေးလျမှာနိုင်ငံရေးခိုလှုံခွင့်နဲ့နေ နေတာပါ၊ တကယ့်ထောက်လှမ်းရေးတွေ ၈၈တုန်းကထဲထဲဝင်ဝင် လုပ်တဲ့သူတွေ န.၀.တ၊ န.အ.ဖ လက်ထက်မှာကောင်းစားနေကြတာအားလုံးအသိပဲ၊( ဥပမာ.ဖိုးကံကောင်း၊ ဗိုလ်ကြီးစည်သူ၊ အရေးအခင်းမှာပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ တပ်မ၂၂ တပ်မမှူး ဗခတင်လှတို့) သူ့ကျမှဘာလို့ထောင်ကျရတာလဲ၊ နောက်ပြီး ဘီဘီစီက အမေးမှာ ဘာလို့ဒီအချိန် နှစ်၂၀ကြာမှဖော်ထုတ်ရလဲဆိုတော့ အီး၊ အဲ နဲ့ဖြစ်နေတယ်၊ နောက်သူ့အပြောအရ ကျောင်းသားခေါင်းဆောင် တယောက်၊ ဒီဘက်မှာ အော်ဖစ်ဆာကြီးတယောက်တဲ့၊ တျောင်းဆင်းကာစ တပွင့်နဲ့ဗိုလ်လေးတယောက်ကို ဒီလောက်ကြီးလေးတဲ့တာဝန်တွေပေးပါ့မလား၊ (ဗိုလ်မှူး အောင်လင်းထွဋ်အသိဆုံးဖြစ်မှာပါ၊ ဒီလူသည် D.S.A 29 မှာရွှေဒါးဆုရခဲ့ပြီး လှမ်း၆တွင် တာဝန်ထမ်း ဘူးသူဟုတ်မဟုတ် ကွန်ဖန်းလုပ်ကြည့်ပေးပါ၊) သူနဲ့ထောင်အတူကျဖူးသူရဲ့အပြောအရတော့ စိတ်ဖိစီးမှု့တွေများနေတယ်လို့ ယဉ်ယဉ်လေးပြောထားတယ်။
’’




အမည်မဖော်ဝံ့သူ ဒီမိုကရေစီ ဘက်တော်သား သူရဲကောင်းတစ်ဦး ။ ။ "ကျနော်က ထူးထူးဟန် (၀ါတီး) ဆိုတာကို သူမိသားစု တစ်စုလုံးပါ သိတဲ့သူပါ။ ထူးထူးဟန်ဆိုတာ ဘာထောက်လှမ်းရေးမှ မဟုတ်ဘူး။ ၁၉၆၇ ကလဲမွေးတာမဟုတ်ဘူး။ တောင်ဥက္ကလာပ ၁၀ ရပ်ကွက် ဇေယျလမ်းမှာနေတယ်။ စစ်တက္ကသိုလ် နာမည်ဆိုတာတော့ ကြားဖူးပါလိမ့်မယ် ရောက်ဖို. တက်ဖို.ဆိုတာကတော့ အိပ်မက်တောင်မက်ခဲ့ဖူးမှာ မဟုတ်ဘူး။ ပညာအရည်အချင်းက ၆ တန်းလား ၇ တန်းလား မသိဘူး ဒါထက်မမြင့်ဘူး။ ၁၉၈၈ မှာ အသက်က ၁၅ နှစ်လောက်ပဲရှိသေးတယ်။ ဟိုယောင်ယောင် ဒီယောင်ယေါင်လုပ်တာတော့ ၀ါသနာပါတယ်။ နာမည်ကြီးချင်တယ်။ သူမိသားစုအကြောင်း အကုန်သိတယ်။ သူ.အကိုက ဆန်နီဟန်(တီးတော့) မြန်မာပြည်မှာတုံးက RIT မှာ တက်ခဲ့တယ်။ ၈၈ တုန်းက တောခိုခဲ့တယ်။ ဘုရားသုံးဆူဖက်ကို ရောက်လာဖူးတယ် ကြားတယ်။ ဆန်နီဟန်ကို ကိုနေမျိုး (ABSDF) ရဲဘော်ဟောင်းကြီး သိပါတယ်၊ တလ ၂ လလောက်ပဲ ရှိမယ် သိပ်မကြာဘူး ပျောက်သွားတယ်။ မြန်မာပြည်ပြန်သွားပြီး နောက်တော့ ဘန်ကေါက်ပြန်တက်လာပြီး UNHCR ဒုက္ခသည်အနေနဲ. အမေရိကားကို ရောက်လာပြီး အခု Buffalo, New York ဖက်မှာ ရှိတယ်လို.တော့ ကြားမိတယ်။ သူ.ညီက ထက်ထက်ဟန်(ပဲပြုတ်) အခု Australia မှာပဲနေနေပါတယ်။ ထူးထူးဟန်က ၈၈ မှာတောခိုခဲ့သေးတယ် သေ့ဘောဘိုးစခန်းကို ရောက်တယ်။ ၂ ပတ်လောက်နေတော့ ငှက်ပျောအူ မစားနိုင်တော့ ပြန်လစ်သွားတယ်။

မြန်မာပြည်မှာ အကသ အဖွဲ.၀င်အနေနဲ. ဟိုစာဝေ ဒီစာဖြန်.လုပ်ပြီး ထောင်ကျခဲ့တယ်တော့ ကြားမိတယ်။ နောက်တော့ထွက်လာပြီး ဘန်ကေါက်မှာ ဒုက္ခသည်လျှောက်ပြီး သံရုံးနိုင်ငံရေး (သံရုံးရှေ.မှာ သွားအော်တာကို ပြောတာပါ) လုပ်တယ် ခေတ်ပြိုင်ဖေါက်သည်ကြီးပေါ့။ ထူးထူးဟန်ပုံက ၈၈ တုန်းက Time magazine မှာနဲ.တူတယ် လူအုပ်လိုက်ကြီးဆန္ဒပြနေတဲ့ ပုံကိုရိုက်ထားတာ သူ.မျက်နှာက ထင်ထင်ရှားရှားကြီး ပါသွားတယ်။ ဒါကြောင့်ပြောတာထင်တယ် သူ.ကိုသူပြောတာကိုး (ကျနော်က အရမ်းနာမည်ကြီးတယ်ဆိုတာ)။
ပြောချင်တာကတော့ ထူးထူးဟန်ဟာ ဘာထောက်လှမ်းရေးမှ မလုပ်ခဲ့ မဖြစ်ခဲ့ဘူး။ ဖြစ်ဖို.လဲ အရည်အချင်းမရှိခဲ့ပါဘူး။ ကိုယ်ကျိုးအတွက် သတင်းရောင်းစားတဲ့ သူတော့ ဖြစ်ကေါင်းဖြစ်ခဲ့မယ်။ အခုကိစ္စကလဲ သူကိုယ်သူနာမည်ကြီးအောင် လုပ်တာသက်သက်ပါ။ သူတို.ကို ဟိုငယ်ငယ်လေးထဲက မျက်စေ့ရှေ.အောက်မှာ ကြီးလာတာကို တွေ.လာခဲ့တာပါ။ စစ်တက္ကသိုလ်တက်ခဲ့တယ်တို. ဆိုတာ လုံးဝမဖြစ်ခဲ့ပါဘူး။ ရပ်ကွက်ထဲ ဟေးလားဝါးလားနဲ. မူးယစ်ဆေးဝါးလေးသုံး အုပ်စုဖွဲ.ပြီး ပြသနာရှာ ရန်ဖြစ်တာကိုတော့ တွေ.ခဲ့ပါတယ်။

ကိုအောင်ဇော်နဲ. အဖွဲ.သားများရောစာဖတ်သူတွေရော ကျုနော် comment ကိုဖတ်ပြီးရင် သူ.ရဲ့ရည်ရွယ်ချက်က ဘာလဲဆိုတာကို သိပါလိမ့်မယ်။ ထူးထူးဟန်တကယ်လုပ်ခဲ့တာပဲ ဆိုပြီးယုံကြည်နေသူများလဲ အမှန်သိနိုင်အောင်ပါ။ အခုသူလုပ်တဲ့ အလိမ်အညာက ပေါ်သွားရင် အာဏာရှင်တွေ တကယ်လုပ်နေတာတွေက မှေးမှိန်သွားပြီး နိုင်ငံတကကာက မြန်မာ့ဒီမိုကရေစီ အတိုက်အခံတွေကို အထင်သေးအမြင်သေး ဖြစ်သွားဖို.က သေချာနေပါတယ်။ အဲဒီတော့ အမှန်တရားပေါ်အောင် သတင်းသမားတွေကိုရော စာဖတ်သူတွေကိုပါ ဘယ်သူက ဘာလဲဆိုတာ သေချာသိအောင်လို. ရေးလိုက်တာပါ။ ’’


ဦးတင်မောင်ထူး (CFB မှ အမှုဆောင်ဒါရိုက်တာ ) ။ ။ “မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက တကယ်ရှိနေတာ။ အခုလိုမျိုး ဇာတ်လမ်းတွေ ထွင်ပြောလို့ ဒါတွေဟာ မဟုတ်ခဲ့ဘူးလို့ တနေ့ သိတဲ့အချိန်မှာ တကယ်ဖြစ်ရပ်တွေအပေါ် ဖုံးကွယ်သွားပြီး စစ်အစိုးရကို အထောက်အကူ သွားဖြစ်နိုင်တယ်”။

“အများကြီး ထိခိုက်မှုရှိနိုင်တာပေါ့။ ကျနော်တို့ပြောခဲ့တဲ့ ဟာတွေက ဘာမှ လိမ်ညာပြောဆိုခဲ့တာ မဟုတ်ဘူး။ သူ ထ,လုပ်လိုက်တော့မှ ကျနော်တို့ပြောတဲ့ အရာတွေက မှန်ပေမယ့် အမှားတွေ ဖြစ်သွားနိုင်တဲ့ အချက်ပေါ့။ ကျနော်တို့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေနိုင်တယ်။ လှုပ်ရှားမှုကို အများကြီး ထိခိုက်နိုင်တယ်”

ကိုဇေယျာဦး။ ။“ကျနော် အကဲခတ်မိသလောက်ကတော့ သူ့စကားက အမျိုးမျိုးပြောနေတော့ မယုံရဘူး။ နိုင်ငံရေးမှာလည်း ဟီးရိုးဖြစ်ချင်တာတွေ အများကြီးပဲ။ ဟုတ်တာရော၊ မဟုတ်တာရော ပါးစပ်က ပြောနေတာ။ သူနာမည်ကြီးရင် ကောင်းတာဖြစ်ဖြစ်၊ မကောင်းတာဖြစ်ဖြစ် လုပ်မှာပါပဲ”

အမည်မဖော်ဝံ့သူ ဒီမိုကရေစီ ဘက်တော်သား သူရဲကောင်းတစ်ဦး ။ ။ "ထူးထူးဟန် ၂၀၀၃ ခုမှာ ခြေခြင်းခတ်ပြီး လက်မှတ်ကောက် ကမ်ပိန်း လုပ်ချိန်မှာ ဒီမို အရေးနှင့် သြ စီမြန် မာအဖွဲ့ တွေက အဲဒီကောင်ကို အားမပေးနဲ့  ဒီကောင်က ထောက်လှမ်းရေး၊ ဘန်ေ ကာက်မှာ ခြေချင်း လိမ်ပြီး အတိုက်ခံ အဖွဲ့ တွေကို ဒုက္ခပေးတဲ့လူ။ ဒီလူက ခုမှ နိုင်ငံရေး ကန်ပိန်း ဆိုပြီး လျောက် လုပ်နေတာ။ တချို့ ဆရာကြီးများက သူ့ ရဲ့ ကန်ပိန်းကို စတိန့် မန့်တွေပါ ထုတ်ပြီး လုံးဝ မထောက်ခံကြောင်း ထူး ထူးဟန်သည် မြန်မာ ထောက်လှ မ်းဖြစ်ကြောင်း စစ်အစိုးရ ဖက်လြူ ဖစ်ကြောင်း ဆိုပြီး စာတွေ ဘာတွေ ထုတ်ပြီး သူ့ ရဲ့ နိုင်ငံရေး လုပ်ရပ်များကို သြစတေး လျမြန်မာ အဖွဲ့ များ လုံးဝ မထောက်ခံရန် ဆိုပြီး လုပ်လိုက်ြ ကတာ။ ခုသူက သူ့ ကိုယ်သူ ထောက်လှန်းေ ရးဟောင်းပါလို့ လဲ ၀န်ခံရော ခင်ဗျားတို့ သြစီမြ န်မာအဖွဲ့ တွေ ကမ ဟုတ်ပါဖူး မယုံပါဖူး ငြင်းပြန်ရော ဘာတွေ လဲဗျ။ အရင်က သူ့ ကိုထောက်လှန်းေ ရးလို့ စွပ်စွဲပြီး ခုသူ ကဟုတ်ပါတယ် ပြောတော့ခင် ဗျားတို့ က မယုံကြ ပန်ဖူး။’’




ကိုတင်ကို ။ ။ “ကျနော်ထင်တယ်။ နောက်ပိုင်း ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်။ နောက်ပိုင်းလာတဲ့ လူတွေကို စိစစ်မှုတွေ ပိုလုပ်လာမယ်။ အရေအတွက် လျှော့ချတာတွေ ဖြစ်လာနိုင်တယ်။ သူ လီဆယ်ပြီး ပြောတယ်ဆိုရင်လည်း သြစတြေးလျအစိုးရက ဥပဒေအရ အရေးယူပါလိမ့်မယ်”


ဒေါက်တာမြင့်ချို (ယခင်ခု ဒုက္ခသည်၊ အော်ဇီ) ။ ။ "ပွင့်ပွင့်လင်းလင်း ပြောရရင် ထူးထူးဟန်ဟာ စစ်ရာဇဝတ်ကောင် တယောက် ဖြစ်နိုင်ချေ မရှိပါဘူး" “သူ လူ ၁၀၀ လောက် ဗမာပြည်မှာ သတ်ခဲ့တယ် ဆိုတဲ့ကိစ္စက ယုံဖို့ အရမ်းခက်တယ်”


ထိုင်းမြန်မာနယ်စပ်မှ အတိုက်အခံတဦး ။ ။ "အခု CoI လုပ်နေချိန်မှာ ဒီသတင်းထွက်ပေါ်လာတာ ကျနော်တို့အတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ သတင်းအမှားတွေ ပေးတယ်လို့ နိုင်ငံတကာက ထင်သွားမှာ စိုးရိမ်ရပါတယ်"

ကိုတိတ်နိုင် ။ ။ “အခုလို သူပြောတဲ့ အချက်တွေက မဖြစ်နိုင်ပါဘူး၊ ထောင်ထဲမှာ ကျနော်နဲ့ တွေ့တုန်းက သူ့ အသက်က ၁၆ နှစ်ပဲ ရှိသေးတယ်”





အမည်မဖော်ဝံ့သူ ဒီမိုကရေစီ ဘက်တော်သား သူရဲကောင်းတစ်ဦး (ယခု ဒုက္ခသည်၊ အော်ဇီ)။ ။ "ထူးထူးဟန်ရေ မင်းချိန်းကြိုးကြီးနဲ့ သြဇီတပတ် ပတ်တုန်းကလည်း ငါတို့မှာ ဘာမသိ ညာမသိနဲ့ မင်းနောက်လောက်ပြီး အားပေးခဲ့ရတယ်။ ခုလုပ်ပြန်ုပြီ။ ဒီမိုကရေစီအရေးကိုတော့ ထိခိုက်အောင်မလုပ်ပါနဲ့ကွာ။ မင်းနဲ့မည်ငါတို့ အားလုံးသိပြီးသားပါပဲ။ တိုက်စရာနောက်တနည်း ထပ်စဉ်းစား သူငယ်ချင်း။ ’’

ကြာကူလီစိုင်းသိန်းဝင်း။ ။ "စစ်တက္ကသို လ်တွေက ပေးတဲ့ အကောင်းဆုံး ဗိုလ်လောင်းဆုက ငွေဒါးပါ။ ရွှေဒါး မဟုတ်ပါဘူး။ ၈၇ မှာေ ကျာင်းဆင်းရင် စတသ အပတ်စဉ်-၂၈ ပေါ့။ ခုဆို အနည်းဆုံး အသက် ၄၇ နှစ်တန်းေ တွဖြစ်နေပြီ။ နောက် တစ်ချက်က ထောက်လှ မ်းရေးကို ဒုဗိုလ်အဆင့်နဲ့ ရောက်တယ် ဆိုတာလည်း တမျိုးပဲ။ ကျောင်းဆင်း ဆင်းချင်း ထောက်လှမ်းရေး တပ်ကို ဘယ်သူမှ မရောက်ပါဘူး။ ဗထူးမှာ combat သင်တန်း အရင် တက်ရတယ်။ အဲဒီက ထူးခွှန်မှ ရေကြည်အိုင်မှာ counter သင်တန်း တက်ခွင့် ရပြီး ထောက်လှမ်းေ ရးရောက်ပါတယ်။ ဒုဗိုလ်ကနေ ဗိုလ်ဖြစ်ဖို့ တစ်နှစ်သာ ကြာတဲ့အတွက် အဲဒီ တိုက်ခိုက်ေ ရးသင်တန်း၊ တန်ပြန်ေ ထာက်လှမ်းရေးသ င်တန်းနှ စ်ခုလုံး တက်ပြီးချိန်မှာ ဗိုလ်အဆ င့်ဖြစ်နေပါပြီ။ ဆိုတော့.. ထောက်လှမ်းရေးမှာ ဒုဗိုလ်အဆင့်နဲ့ တာဝန်ထမ်းေ ဆာင်ဖို့ မဖြစ်နိုင်ပါ။ နောက်ပြီး ဖမ်းဆီးရမိတဲ့ ရန် သူတွေကို အရာရှိတွေ ကိုယ်တိုင် သတ်စရာ မလိုပါဘူး။ အခြားအ ဆင့်ရဲဘော်ေ တွရှိပါတယ်။ အဲဒီ အခြားအ ဆင့်ရဲဘော်တွေ ထွက်ြေ ပးလို့ ပြန်ဖမ်း မိတဲ့ အခါမျိုးသာ အရာရှိက ပစ်သ တ်ပါတယ်’’






ဒီမိုကရေစီ ဘက်တော်သား ဆိုသူများက သူများနောက်လိုက်ပြီး ဟေးလားဝါးလားပဲ လုပ်ဖို့စိတ်ကူးနေကြတာပါ။ အစိုးရဆန့်ကျင်တဲ့ ဘယ်သူဘာလုပ်လုပ် လက်ခုပ်တဖြောင်းဖြောင်းတီးပြီး ထောက်ခံနေကြပါတယ်။ အကျိုးအကြောင်းခြင့်ချိန်နိုင်စွမ်းမရှိကြတော့ပါဘူး။ ဦးနောက်တွေကလည်း မသုံးတာကြတော့ မှိုတွေ တပ်နေကြပါပြီ။ အခြေအနေကို ခြုံငုံသုံးသပ်ရရင်တော့ အတိုက်အခံ ဒီမိုကရေစီဘက်တော်သားများထဲတွင် စိတ်မမှန်သူများစွာရှိနေတာ အသေအချာပါပဲ..။ ဒါ့အပြင် အချင်းချင်း တိုင်ပင်မှု၊ စည်းလုံးမှု၊ ညှိနှိုင်းမှုမရှိကြပါဘူး။ ကိုယ်ထင်ရာကိုယ်လုပ်နေကြသူများဖြစ်ကြပါတယ်။ အဖွဲ့ငယ်ပေါင်းများစွာကွဲနေပြီး သူတလူငါတမင်းနဲ့ အစိုးရမကောင်းကြောင်းပြောချိန်တစ်ခုပဲ တက်ညီလက်ညီ ဝိုင်းအော်ကြပြီး ကျန်တဲ့အချိန်တွေမှာတော့ ခွေးတွေလို စောင်နေကြပါတယ်။



ပြီးခဲ့တဲ့လကလည်း အံ့ဘုန်းမြတ် နဲ့ အောင်မျိုးမင်း၊ ဇာနည်မောင်တို့က အခြောက်ကြီးတွေ ဖြစ်နေကြောင်း နီးစပ်သူများက ဆိုကြပြန်ပါတယ်။ တစ်ခါတုန်းကလည်း ဝေနှင်းပွင့်သုန်က မပြောမဆိုနဲ့ ကရိန်းပေါ်ကနေ ကြိုးနဲ့ခုန်ချပြလိုက်ပါသေးတယ်။ ဇိုရဖမ်းနဲ့ ဝေနှင်းပွင့်သုန် တို့ကလည်း တစ်လင်နှမယား လုပ်နေကြတယ်လို့ ဗြိန်တိန်ရောက် မြန်မာအသိုင်းအဝိုင်းက ဆိုပါတယ်။ RFA က မင်ကြင်းနိုင်တစ်ယောက်လည်း VOA က သားညွန့်ဦးနဲ့ ကလေး တစ်ယောက်ရှိနေတာကို စိုင်းသိန်းဝင်းနဲ့ ပြီးခဲ့တဲ့ လပိုင်းအတါင်းမှာပဲ နောက်မီးလင်းခဲ့ပြန်ပါတယ်။ နောက်ထပ် RFA က မစုမွန် ကလည်း ဂျေဂျူဝိုင် ဆိုတဲ့ ဘုန်းကြီးနဲ့ ကြိုက်ခဲ့လို့ ပြဿနာ အကြီးကြီးတက်ခဲ့ဖူးပါသေးတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကပဲ နော်ဝေရောက် ဒုက္ခသည်မလေး မေကိုလတ် က ရုရှားက စစ်ဗိုလ်လေးတွေဆီမှာ အတူသွားပြီး အိပ်ခဲ့ပါသေးတယ်။ မေးကိုလတ်အမေ မဗေဒါ (ခေါ်) မအေးအေးခိုင်ကလည်း ယောကျာ်ားနှစ်ယောက် ယူထားပါတယ်။ နောက်ထပ် မငယ်နိုင် ရဲ့ နောက်မီးလင်း သတင်းနဲ့ မိုးသွေးငယ်ရဲ့ ကြာကူလီသတင်းတွေကလည်း ပြန့်နေပါသေးတယ်။ မြန်မာအတိုက်အခံလောကအကြောင်းပြောရရင်တော့ စိတ်ပျက်စရာတွေက တပုံကြီးပါပဲ။ ခြုံငုံသုံးသပ်ရရင်တော့ ဒီမိုကရေစီဘက်တော်သား ယောက်ျားအများစုက စိတ်ဖောက်ပြန်သူများ၊ ကြာကူလီရိုက်သူများ၊ အခြောက်များ၊ မိန်းမဆန်ဆန် အတင်းတုတ်သူများ ဖြစ်ကြပြီး အမျိုးသမီးအများစုမှာ ယောက်ျားတစ်ယောက်နဲ့ မတင်းတိမ်နိုင်သူများ၊ နောက်မီးလင်းသူများ၊ ဘုန်းကြီးတောင်မရှောင် ကြိုက်သူများ၊ မနေနိုင်မထိုင်နိုင် ယောက်ျားလေးတွေ ရှိတဲ့ တိုင်ပြည်ထိ သွားရောက် အတူအိပ်သူများ ဖြစ်ကြပါကြောင်း ခြုံငုံသုံးသပ်လိုက်ရပါတယ်ခင်ဗျား....။




--
--

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

Slip
http://www.meepyatite.info/


Facebook
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


Myanmar Digital Satellite Navigation Gathering
http://mdsng.blogspot.com/


All Myanmar Blogs
http://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@googlemail.com.


Reply all
Reply to author
Forward
0 new messages