ဆူပူအုံကြွမှုနှိမ်နင်းရေး လေဆာလက်နက်ဆန်း ဗြိတိန်ရဲတပ်ဖွဲ့ စမ်းသပ်အသုံးပြု ၊ ပင်စင်ဥပဒေကို ပြင်ဆင်ခြင်းအတွက် နှစ်ပေါင်း ၃ဝအတွင်း ဗြိတိန်နိုင်ငံတွင် အကြီးမားဆုံး ဆန္ဒပြမှု ဖြစ်ပွား ၊ အိန္ဒိယ​ဆေး​ရုံ မီး​​လောင်မှု ၇၃ ဦး​​သေဆုံး​ ၊ ပေါင်ချိန် ၂၈၀ရှိ ငါးလိပ်ကေ

13 views
Skip to first unread message

မီးပြတိုက်

unread,
Dec 14, 2011, 5:32:51 AM12/14/11
to


  1. ဆူပူအုံကြွမှုနှိမ်နင်းရေး လေဆာလက်နက်ဆန်း ဗြိတိန်ရဲတပ်ဖွဲ့ စမ်းသပ်အသုံးပြု  ၊
  2. ပင်စင်ဥပဒေကို ပြင်ဆင်ခြင်းအတွက် နှစ်ပေါင်း ၃ဝအတွင်း ဗြိတိန်နိုင်ငံတွင် အကြီးမားဆုံး ဆန္ဒပြမှု ဖြစ်ပွား  ၊
  3.  အိန္ဒိယ​ဆေး​ရုံ မီး​​လောင်မှု ၇၃ ဦး​​သေဆုံး​  ၊
  4.  ပေါင်ချိန် ၂၈၀ရှိ ငါးလိပ်ကျောက်ကြီးနှင့် လေးနာရီကြာ စစ်ခင်းပြီးနောက် အသေဖမ်းဆီးရမိ  ၊
  5. ကမ္ဘာ့​အသက်အကြီး​ဆုံး​​ခွေး​ ​သေဆုံး​သွား​ပြီဖြစ် ၊
  6. သစ္စာအမဲ့​ဆုံး​စာရင်း​တွင် မ​လေး​ရှား​နိုင်ငံသား​များ​ ထိပ်ဆုံး​ပိုင်း​တွင်ပါဝင်  ၊
  7.  အ​​မေရိကန်တွင် ရိုက်ကူး​​​သော အပြာရုပ်ရှင်များ​​တွင် ကွန်ဒုံး​​အသုံး​​ပြုရဖွယ်ရှိ ၊
  8.  လင်​ဆေး​လိုဟန်၏ Playboy ဓာတ်ပုံများ​ အင်တာနက်တွင် ကြိုတင်ပျံ့​နှံ့​  ၊
  9.  လိင်နှင့်​​ ချစ်မှု​​ရေး​​ရာ ဒီပလိုမာလက်မှတ်​​ပေး​​သည့်​​ ကမ္ဘာ့​​ပထမဆုံး​​​ကျောင်း​​  ၊


ဆူပူအုံကြွမှုနှိမ်နင်းရေး လေဆာလက်နက်ဆန်း ဗြိတိန်ရဲတပ်ဖွဲ့ စမ်းသပ်အသုံးပြု

လေဆာလက်နက်သည် James Bondဇာတ်ကားများထဲမှ စိတ်ကူးယဉ် လက်နက်တစ်မျိုးသဖွယ် အဆန်းတကျယ် ဖြစ်နေပြီး လေဆာအလင်းရောင်သည် ထိမှန်သူကို အမြင်အာရုံ ခဏတာမျှ ဆုံးရှုံးသွားပြီး အကန်းဖြစ်သွားစေ

ဆူပူအုံကြွမှုနှိမ်နင်းရေး လေဆာလက်နက်ဆန်း ဗြိတိန်ရဲတပ်ဖွဲ့ စမ်းသပ်အသုံးပြု

ဗြိတိန်ရဲတပ်ဖွဲ့သည် အကြမ်းပတမ်း ဆူပူအုံကြွ ဆိုးသွမ်းသူများကို နှိမ်နင်းရန်အတွက် အဆင့်မြင့် လေဆာနည်းပညာ တစ်ရပ်ကို စတင်စမ်းသပ် အသုံးပြုနေပြီဟု သိရသည်။ အဆိုပါ လေဆာလက်နက်သည် James Bondဇာတ်ကားများထဲမှ စိတ်ကူးယဉ် လက်နက်တစ်မျိုးသဖွယ် အဆန်းတကျယ် ဖြစ်နေပြီး လေဆာအလင်းရောင်သည် ထိမှန်သူကို အမြင်အာရုံ ခဏတာမျှ ဆုံးရှုံးသွားပြီး အကန်းဖြစ်သွားစေသည်။



(ဆူပူအုံကြွသူများအား ပစ်ခတ်နှိမ်နင်းမည့် လေဆာလက်နက်ဆန်း)

မူလက အဆိုပါ နည်းပညာကို ကုန်တင်သင်္ဘောများအနီး ချဉ်းကပ်လာသည့် ပင်လယ်ဓားပြများကို ဟန့်တားရန် ရည်ရွယ်ပြီး တီထွင်ခဲ့ခြင်းဖြစ်သည်။ ထိုလေဆာစနစ်ကို လက်နက်များတွင် တပ်ဆင်ပြီး တော်ဝင်မရိန်းတပ်ဖွဲ့များတွင်လည်း အသုံးပြုရန် စီစဉ်နေသည်။ ပေါင်စတာလင် (၂၅၀၀၀)တန် လေဆာလက်နက်မှ ထွက်လာသော အလင်းရောင်ကို ကြည့်မိသူတိုင်း မျက်စိ တစ်ဒင်္ဂမျှ ကန်းသွားမည်ဖြစ်သည်။ ထိုလေဆာ အလင်းတန်းသည် ပေပေါင်း (၁၆၄၀)ထိရောက်အောင် စူးရှစေနိုင်ပြီး (၁၃)ပေရှိသော အလင်းတံတိုင်းတစ်ခုကိုလည်း ဖန်တီးနိုင်မည်ဖြစ်သည်။



(လန်ဒန်မြို့တော် တော့တင်ဟမ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူအုံကြွမှု)

ဗြိတိန် အစိုးရ၏ အထောက်အပံ့ကို ရယူထားသော သိပ္ပံပညာရှင်များသည် အဆိုပါ လေဆာလက်နက်ကို စမ်းသပ်သုံးစွဲမှုများ ပြုလုပ်ထားပြီးဖြစ်ပြီး နောက်ပိုင်းတွင် အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့ထံသို့လည်း လက်လွှဲသွားရန် စီစဉ်နေသည်။ ယင်းလက်နက်ကို သုံးစွဲခြင်းဖြင့် ရဲများသည် ဆူပူအုံကြွမှုများကို အင်အားသုံး နှိမ်နင်းခြင်း မရှိဘဲ လူစုခွဲနိုင်မည်ဖြစ်သည်။ ထိုလေဆာ နည်းပညာ၏ အခြေခံစနစ်ကို မရိန်းစစ်တပ် ကွန်မန်ဒိုဟောင်းတစ်ဦးက စိတ်ကူးယဉ် ပုံဖော်ခဲ့ပြီး ရိုင်ဖယ်သေနတ်တွင် တပ်ဆင် စမ်းသပ်ခဲ့ကြောင်း သိရှိရသည်။

Source: DailyMail



ပင်စင်ဥပဒေကို ပြင်ဆင်ခြင်းအတွက် နှစ်ပေါင်း ၃ဝအတွင်း ဗြိတိန်နိုင်ငံတွင် အကြီးမားဆုံး ဆန္ဒပြမှု ဖြစ်ပွား

ကုန်သွယ်ရေးသမဂ္ဂ အဖွဲ့ဝင်များသည် နိုဝင်ဘာလ ၃ဝရက်နေ့တွင် ဆန္ဒပြပွဲ၌ ပါဝင်လိုက်ခြင်းဖြင့် ဗြိတိန်နိုင်ငံတွင် နှစ်ပေါင်း၃ဝကျော်အတွင်း အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ပေါ် လာကြောင်းသိရသည်။ ဆန္ဒပြသူများသည် ပင်စင်ဥပဒေကို ပြင်ဆင်ရန်ကြိုးစားသည့် အစိုးရ၏ အစီအစဉ်များကို ကန့်ကွက်ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ ဆန္ဒပြသူများသည် လူနာတင်ကား ဌာနများ ၊ ဆေးရုံများ ၊ ပါလီမန်အဆောက်အအုံ များနှင့် အစိုးရရုံးများတွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူပေါင်း ၃ဝ,ဝဝဝ ကျော်ရှိပြီး လန်ဒန်မြို့အနှံ ဆန္ဒပြပွဲများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။




အိန္ဒိယ​ဆေး​ရုံ မီး​​လောင်မှု ၇၃ ဦး​​သေဆုံး

alt

အိန္ဒိယ​ဆေး​ရုံ မီး​​လောငှ်ိ ©dailymail

အိန္ဒိယ နိုင်ငံတွင် ​ဆေး​ရုံမီး​​လောင်မှုတစ်ခု ဖြစ်ပွား​ရာ လူ​ပေါင်း​ ၇၃ ဦး​ ​သေဆုံး​သွား​​ကြောင်း​ သိရှိရသည်။

အထူး ​သဖြင့်​ လူနာ​စောင့်​များ​သည် ​ဘေး​လွတ်ရာ ထွက်​ပြေး​စဉ် မလှုပ်ရှား​နိုင်​သော လူနာများ​ကို စွန့်​ပစ်ခဲ့​ရာ လူနာ အများ​အပြား​ မီး​ခိုး​မွှန်၍ ​သေဆုံး​ခဲ့​​ကြောင်း​ အာဏာပိုင်များ​က ဆိုသည်။ နိုင်ငံ အ​ရှေ့​ပိုင်း​ရှိ ကိုကတ္တား​တွင် ဖြစ်ပွား​​သော မီး​​လောင်မှုတွင် ကယ်ဆယ်​ရေး​ များ​သည် ရုတ်တရက် ​ဆေး​ရုံထဲ ၀င်မရဘဲ ဖြစ်​နေပြီး​ အတွင်း​မှ ဆူညံ​သော ​အော်ဟစ်တိုင်တည်သံများ​ကို အတိုင်း​သား​ ကြား​​နေရသည်။ “အဖြစ်အပျက်က ဆိုး​လွန်း​တယ်။

ကျွန် ​တော်တို့​ တတ်နိုင်သမျှ​တော့​ ကြိုး​စား​ခဲ့​ပါတယ်”ဟု အ​နောက်ဘင်္ဂလား​ ​ဒေသ၏ ဝန်ကြီး​ချုပ် မာမာတာ ဘနာဂျီက ​ပြောကြား​ခဲ့​သည်။ ယခုသီတင်း​ပတ်အတွင်း​ ​လောင်ကျွမ်း​​သော မီး​အတွင်း​ ၇၃ ဦး​ ​ သေဆုံး​ပြီး​ ယင်း​တို့​အနက် ၃ ဦး​သည် ​ဆေး​ရုံမှ အလုပ်သမား​များ​ဟု သိရသည်။ မီး​​လောင်ချိန်တွင် ခုတင် ၁၉၀ ဆန့်​ ​ဆေး​ရုံအတွင်း​ လူနာ ၁၆၀ ရှိ​နေ​ကြောင်း​လည်း​ သိရသည်။

မီး​သည် ​ဆေး​ရုံ၏ ​မြေတိုက်ခန်း​မှ စတင်လာခြင်း​ဖြစ်ပြီး​ မီး​​လောင်ကျွမ်း​ရသည့်​ အ​ကြောင်း​ရင်း​ကို ရုတ်တရက် မသိရှိ​သေး​ဟုလည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။


ပေါင်ချိန် ၂၈၀ရှိ ငါးလိပ်ကျောက်ကြီးနှင့် လေးနာရီကြာ စစ်ခင်းပြီးနောက် အသေဖမ်းဆီးရမိ

ဗြိတိန်နိုင်ငံသား တံငါသည် ဂျရမီးဝိတ်ဆိုသူသည် ကမ္ဘာ့အကြီးဆုံးနှင့် အန္တရာယ်အများဆုံး ရေချိုငါးကြီးနှင့် လေးနာရီကြာ ဖက်ပြိုင်တိုက်ခိုက်ခဲ့ရပြီးနောက် အသေဖမ်းဆီးနိုင်ခဲ့ကြောင်း DM သတင်းဌာနက နိုဝင်ဘာလ ၃ဝရက်နေ့က ဖော်ပြသည်။ ဂျရမီးဝိတ် (၅၃ နှစ်) သည်အာဂျင်တီးနားနိုင်ငံ ဗျူနိုအေးရီးစ်မြို့အနီးရှိ ပါရာနာမြစ်အတွင်း ငါးမျှားရာမှ ယင်းငါးလိပ်ကျောက်ကြီးကို မိခဲ့ပြီးလေးနာရီကြာ ငါးကြီးနှင့် ပြိုင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ အဆိုပါငါးမျိုးသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ရေချိုငါးဖြစ်ပြီး အဆိပ်အပြင်းဆုံး ငါးလည်းဖြစ်သည်။ ငါးကြီး၏ အလေးချိန်မှာ ပေါင်ချိန် ၂၈၀ရှိကြောင်း သိရသည်။

ကမ္ဘာ့​အသက်အကြီး​ဆုံး​​ခွေး​ ​သေဆုံး​သွား​ပြီဖြစ်

alt

သေဆုံး​သွား​သော ကမ္ဘာ့​အသက်အကြီး​ဆုံး​​ခွေး​ © dailymail

ကမ္ဘာ​ပေါ်တွင် အသက်အကြီး​ဆုံး​အဖြစ် မှတ်တမ်း​တင်ခြင်း​ ခံထား​ရ​သော ​ခွေး​ကြီး​မှာ ယခုအခါ ​သေဆုံး​သွား​ပြီဖြစ်သည်။

ပူဆူကီဟု အမည်​ပေး​ထား​​သော ​ခွေး​ကြီး​သည် ဂျပန်နိုင်ငံရှိ ပိုင်ရှင်ဖြစ်သူ၏ ​နေအိမ်တွင်ပင် ကွယ်လွန်သွား​ရှာသည်။ ​ခွေး​ထီး​ကြီး​သည် ​နောက်ဆုံး​ထွက်သက်တွင် ညင်ညင်သာသာပင် ရှိခဲ့​​ကြောင်း​လည်း​ သိရသည်။

အသက် ၂၆ နှစ်ရှိ ​ခွေး​ကြီး​သည် ဂင်း​ နစ်မှတ်တမ်း​ စာအုပ်၏ ကမ္ဘာ့​အသက်အကြီး​ဆုံး​ ​ခွေး​အဖြစ် မှတ်တမ်း​တင်ခြင်း​ကိုလည်း​ ခံထား​ရသည်။ ၎င်း​၏ အသက်သည် လူ့​သက်တမ်း​နှင့်​ ချိန်ထိုး​ကြည့်​ပါက ၁၈၆ နှစ်နှင့်​ ညီမျှသည်။ ​ ကြေကွဲ​နေသည့်​ ပိုင်ရှင် ယူမီကို ရှီနိုဟာရာက သူမ၏ ​ခွေး​ကြီး​သည် ယခုသီတင်း​ပတ် အ​စောပိုင်း​ကပင် ​ပျော်​ပျော်ရွှင်ရွှင် ကျန်း​ကျန်း​မာမာ ရှိ​နေ​သေး​​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

သို့ ​​သော်လည်း​ ပူဆူကီသည် ဗုဒ္ဓဟူး​​နေ့​ ညပိုင်း​တွင် အသက်ရှူ ခက်ခဲလာပြီး​ ​သေဆုံး​သွား​သည်။ သူမသည် တိုချီဂီရှိ ​နေအိမ်သို့​ အလုပ်မှ ပြန်လာပြီး​ ၃ မိနစ် အကြာတွင် ပူဆူကီ၏ ​နောက်ဆုံး​ထွက်သက်ကို ​ တွေ့​မြင်လိုက်ရ​ကြောင်း​ ယူမီကိုက ဆိုသည်။ ပူဆူကီ၏ စံချိန်သည် ထာဝရ အသက်အရှည်ဆုံး​ ​ခွေး​ဖြစ်ခဲ့​သည့်​ ဩစ​တြေး​လျ နိုင်ငံမှ ဘလူဝီကိုမူ မမီခဲ့​​ပေ။ ၁၉၃၉ ခုနှစ်က ​သေဆုံး​သွား​​သော ဘလူဝီသည် အသက် ၂၉ နှစ်နှင့်​ ၅ လထိ ​နေသွား​ခဲ့​သည်။



သစ္စာအမဲ့​ဆုံး​စာရင်း​တွင် မ​လေး​ရှား​နိုင်ငံသား​များ​ ထိပ်ဆုံး​ပိုင်း​တွင်ပါဝင်

alt

သစ္စာအမဲ့​ဆုံး​စာရင်း​တွင် မ​လေး​ရှား​နိုင်ငံသား​များ​ ထိပ်ဆုံး​ © dailymail

မ​လေး​ရှား​ နိုင်ငံသား​များ​သည် ကမ္ဘာ​ပေါ်တွင် သစ္စာအမဲ့​ဆုံး​ နိုင်ငံသား​များ​ စာရင်း​အနက် ထိပ်ဆုံး​နား​မှ ပါဝင်​နေ​ကြောင်း​ သိရှိရသည်။

စစ်တမ်း​တစ်ခုအရ မ​လေး​ရှား​နိုင်ငံသား​ ၃၃ ရာခိုင်နှုန်း​မျှသည် လက်တွဲ​ဖော်အ​ပေါ် သစ္စာ​ဖောက်ဖူး​​ကြောင်း​ ဝန်ခံခဲ့​သည်။ ၎င်း​၏အထက်တွင် ထိုင်း​နှင့်​ ​တောင်ကိုရီး​ယား​တို့​သာ ကျန်​တော့​သည်။ ထိုင်း​လူမျိုး​ ၅၄ ရာခိုင်နှုန်း​က သစ္စာ​ဖောက်ဖူး​​ကြောင်း​ ဖွင့်​ဟခဲ့​ပြီး​ ​တောင်ကိုရီး​ယား​တို့​၏ ၃၄ ရာခိုင်နှုန်း​ကလည်း​ သစ္စာ​ဖောက်​လေ့​ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ မ​လေး​ရှား​နိုင်ငံမှ အမျိုး​သမီး​ ၃၉ ရာခိုင်နှုန်း​က ခင်ပွန်း​၊ ချစ်သူတို့​အ​ပေါ် သစ္စာ​ဖောက်မိ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

အမျိုး​သမီး​အများ​စု သစ္စာ​ဖောက်မှု အများ​ဆုံး​ နိုင်ငံများ​မှာ ၆၂ ရာခိုင်နှုန်း​ရှိသည့်​ နိုက်ဂျီး​ရီး​ယား​နှင့်​ ၅၉ ရာခိုင်နှုန်း​ရှိသည့်​ ထိုင်း​တို့​ဖြစ်သည်။ ရုရှား​အမျိုး​သမီး​တို့​ သစ္စာ​ဖောက်မှု ပမာဏသည် ၃၃ ရာခိုင်နှုန်း​ဖြစ်ပြီး​ စင်္ကာပူကမူ ၁၉ ရာခိုင်နှုန်း​ဖြင့်​ ပဉ္စမချိတ်သည်။ ယခုစစ်တမ်း​ကို ကွန်ဒုံး​ထုတ်လုပ်သည့်​ Durexက ပြုလုပ်ခဲ့​ပြီး​ ၃၆ နိုင်ငံမှ လူ​ပေါင်း​ ၂၉၀၀၀ ကို သ​ဘောထား​​ကောက်ခံ ​မေး​မြန်း​ခဲ့​သည်။

မ ​လေး​ရှား​ နိုင်ငံသား​များ​သည် ပျမ်း​မျှအား​ဖြင့်​ ဘဝတွင် အမျိုး​သမီး​ ၄ ဦး​မျှနှင့်​ လိင်ဆက်ဆံဖူး​​ကြောင်း​နှင့်​ စင်္ကာပူ၊ ​ဟောင်​ကောင်တို့​က ပျမ်း​မျှ ၁၆ ဦး​ထိရှိရာ အာရှတိုက်တွင် အများ​ဆုံး​ဖြစ်​ကြောင်း​ သိရှိရသည်။



အ​​မေရိကန်တွင် ရိုက်ကူး​​​သော အပြာရုပ်ရှင်များ​​တွင် ကွန်ဒုံး​​အသုံး​​ပြုရဖွယ်ရှိ

alt

ကွန်ဒုံးရောင်စုံ © dailymail

အ​​မေရိကန် နိုင်ငံတွင် ရိုက်ကူး​​​သော အပြာရုပ်ရှင်များ​​တွင် ကွန်ဒုံး​​အသုံး​​ပြုရဖွယ် ရှိ​​နေ​​ကြောင်း​​ သိရသည်။

ညစ်ညမ်း​​ဇာတ်ကား​​ အများ​​စု ရိုက်ကူး​​ထုတ်လုပ်ရာတွင် ကွန်ဒုံး​​သုံး​​စွဲခြင်း​​ မရှိ​​ သော်လည်း​​ ၂၀၁၂ ခုနှစ်၊​ ဇွန်လတွင် ပြုလုပ်မည့်​​ မဲ​​ပေး​​ပွဲအတွင်း​​ အဆိုပါ ကိစ္စအတွက် အဆိုတင်သွင်း​​ရန် စီစဉ်​​နေကြသည်။

AIDS ​​ရောဂါ ကာကွယ်တား​​ဆီး​​​ရေး​​ လှုပ်ရှား​​သူများ​​က ဦး​​စီး​​ကာ ရုပ်ရှင်များ​​တွင် ကွန်ဒုံး​​သုံး​​စွဲမှုကို ထည့်​​သွင်း​​ရိုက်ကူး​​ရန် ​​ဆော်ဩမှုများ​​ ပြုလုပ်​​နေသည်။ အချို့​​ကလည်း​​ ယခုကိစ္စသည် ကွန်ဒုံး​​​ရောင်း​​ချသည့်​​ လုပ်ငန်း​​ကြီး​​များ​​က မိမိတို့​​ပစ္စည်း​​ ​​ရောင်း​​စွံ​​စေရန် အဆန်း​​ထွင်​​နေခြင်း​​ဟု ​​ဝေဖန်​​နေသည်။ 

လော့ ​​စ်အိန်ဂျယ်လိစ် မြို့​​​တော်သည် အ​​မေရိကန်၏ ညစ်ညမ်း​​ဇာတ်ကား​​များ​​ ထုတ်လုပ်သည့်​​လုပ်ငန်း​​ အဓိက အ​​ခြေစိုက်ရာ ​​ဒေသလည်း​​ဖြစ်သည်။ အပြာရုပ်ရှင် ဇာတ်ကား​​ ထုတ်လုပ်သူများ​​သည် ပြီး​​ခဲ့​​သည့်​​ နှစ်ပိုင်း​​များ​​အတွင်း​​ ပြည်သူ့​​ကျန်း​​မာ​​ရေး​​ အာဏာပိုင်များ​​၏ ဆန့်​​ကျင်ဘက် ဖိအား​​​ပေး​​မှုများ​​နှင့်​​ ရင်ဆိုင်လာရပြီး​​ ယခုအခါတွင်လည်း​​ ကွန်ဒုံး​​သုံး​​စွဲ​​ရေး​​ လှုံ့​​​ဆော်မှုများ​​နှင့်​​ ကြုံ​​နေရသည်။

အသက် ၂၅ နှစ်ရှိ အပြာရုပ်ရှင် သရုပ်​​ဆောင်​​ဟောင်း​​ ဒါရစ်ဘရုသည် ၂၀၁၀ ပြည့်​​နှစ်က ဇာတ်ကား​​ရိုက်ကူး​​ရင်း​​ HIVပိုး​​ ကူး​​စက်ခြင်း​​ ခံရသည်။ ယခုကိစ္စနှင့်​​ ပတ်သက်ပြီး​​ အပြာဇာတ်ကား​​များ​​ ရိုက်ကူး​​ထုတ်လုပ်​​နေသည့်​​ လုပ်ငန်း​​များ​​ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်​​ပေး​​မှု မရှိ​​သေး​​​ကြောင်း​​ သိရှိရသည်။


လင်​ဆေး​လိုဟန်၏ Playboy ဓာတ်ပုံများ​ အင်တာနက်တွင် ကြိုတင်ပျံ့​နှံ့

alt

လင်​ဆေး​လိုဟန်၏ Playboy ဓာတ်ပုံများ​© dailymail

လင်း​​ဆေး​လိုဟန် ရိုက်ကူး​ထား​သည့်​ Playboy မဂ္ဂဇင်း​ ဓာတ်ပုံများ​ အင်တာနက်တွင် ကြိုတင်ပျံ့​နှံ့​လာခဲ့​​ကြောင်း​ သိရှိရသည်။

အ ​စောပိုင်း​က Mean Girlsစတား​ အဆို​တော် မင်း​သမီး​၏ ဓာတ်ပုံများ​သည် ဒီဇင်ဘာ ၁၅ ရက်​နေ့​တွင် မဂ္ဂဇင်း​ စတင်ထုတ်​ဝေခြင်း​ မပြုမီ လ​ဝှက်ထား​​သော်လည်း​ ယခုလို ပျံ့​နှံ့​လာခြင်း​ဖြစ်သည်။

Playboyသည် လိုဟန်၏ ဓာတ်ပုံများ​ကို ဇန်နဝါရီ-​ဖေ​ ဖော်ဝါရီ issueအတွက် ရိုက်ကူး​ထား​ခြင်း​ဖြစ်သည်။ အဆိုပါ မဂ္ဂဇင်း​ မျက်နှာဖုံး​တွင် လိုဟန်သည် Playboyတံဆိပ်ဖြင့်​ သူမ၏ ခန္ဓာကိုယ်ကို ဖုံး​ကွယ်ထား​သည်ကို မြင်နိုင်သည်။ အသက် ၂၅ နှစ်ရှိ လိုဟန်သည် သူမ၏ စံနမူနာပြုရာ မင်း​သမီး​​ဟောင်း​ မာရီလင် မွန်ရိုး​ကို အတုယူကာ ပြင်ဆင်ထား​သည်ကို ​တွေ့​ရှိရသည်။

ယခုကဲ့ ​သို့​ ဓာတ်ပုံများ​ ပျံ့​နှံ့​လာခြင်း​နှင့်​ ပတ်သက်ပြီး​ Playboyက တစ်စုံတစ်ရာ မှတ်ချက်ပြု ​ပြောဆိုခြင်း​ မရှိ​သေး​​ချေ။ ပရိသတ်များ​ကမူ လိုဟန်၏ ရုပ်ပုံသည် ဂန္ဓ၀င်ဆန်ပြီး​ မွန်ရိုး​၏ တစ်ချိန်တစ်ခါက လှပမှု အရိပ်အ​ယောင်များ​ကို ပြန်လည် ခံစား​ရ​စေ​ ကြောင်း​ ချီး​ကျူး​ခဲ့​သည်။ သူမကို အဆိုပါ ဓာတ်ပုံများ​ ရိုက်ကူး​ရန် Playboy အယ်ဒီတာချုပ် ဟုဂ်ျဟက်ဖနာက ​ဒေါ်လာ ၁ သန်း​ဖြင့်​ ကမ်း​လှမ်း​ခဲ့​ခြင်း​ဖြစ်သည်။ 


လိင်နှင့်​​ ချစ်မှု​​ရေး​​ရာ ဒီပလိုမာလက်မှတ်​​ပေး​​သည့်​​ ကမ္ဘာ့​​ပထမဆုံး​​​ကျောင်း

alt

နိုင်ငံတကာလိင်သင်တန်း​​​ကျောင်း​​ ရုပ်ပြောင်ကာတွန်း© dailymail

တက္ကသိုလ် ဘာသာရပ်များ​​တွင် အထူး​​ပြုနယ်ပယ် အသီး​​သီး​​ ရှိ​​သော်လည်း​​ ဩစတြီး​​ယား​​ရှိ ​​ကျောင်း​​တစ်ခုမှ ပို့​​ချ​​သော ဒီပလိုမာ သင်တန်း​​မှာ အတန်ငယ် ထူး​​ခြား​​လျက်ရှိသည်။

ဗီယင်နာမြို့ ​​တွင် ဖွင့်​​လှစ်​​သော လိင်သင်တန်း​​​ကျောင်း​​သည် ​​ကျောင်း​​သူ ​​ကျောင်း​​သား​​များ​​အား​​ ချစ်မှု​​ရေး​​ရာနှင့်​​ ပတ်သက်၍ မည်သို့​​မည်ပုံ တတ်ကျွမ်း​​ရမည်ကို အထူး​​ပြု သင်ကြား​​​ပေး​​မည်ဖြစ်သည်။

အဆိုပါ ​​ ကျောင်း​​သည် ကမ္ဘာ​​ပေါ်တွင် လိင်နှင့်​​ ချစ်မှု​​ရေး​​ရာ ဆွဲ​​ဆောင်မှုကို ဒီပလိုမာ​​ပေး​​ကာ သင်ကြား​​​ပေး​​သည့်​​ ကမ္ဘာ့​​ပထမဆုံး​​​ကျောင်း​​လည်း​​ ဖြစ်လာသည်။ နိုင်ငံတကာ လိင်သင်တန်း​​​ကျောင်း​​ဟု အမည်​​ပေး​​ထား​​​သော ​​ကျောင်း​​၏ ​​ကျောင်း​​အုပ် ဆရာမကြီး​​က အသက် ၁၆ နှစ်အထက် မည်သူမဆို အဆိုပါ​​ကျောင်း​​သို့​​ တက်​​ရောက် သင်ကြား​​ရန် ​​လျှောက်ထား​​နိုင်​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

စာသင်နှစ် တစ်နှစ်အတွက် ကုန်ကျစရိတ်သည် ​​ပေါင်စတာလင် ၁၄၀၀ မျှ ရှိမည်ဖြစ်သည်။ ​​ကျောင်း​​သူ ​​ကျောင်း​​သား​​များ​​သည် အ​​ဆောင်များ​​တွင် သီး​​သန့်​​ ​​ရော​​နှော​​နေပြီး​​ ၎င်း​တို့​​၏ အိမ်စာများ​​ကို လက်​​တွေ့​​ ပြုလုပ်ရမည်ဖြစ်သည်။ ​​ကျောင်း​​အုပ်ဆရာမကြီး​​က သူမတို့​​၏​​ကျောင်း​​သည် သီအိုရီပိုင်း​​ထက် လက်​​တွေ့​​ကို အလွန်ဦး​​စား​​​ပေး​​​ကြောင်း​​၊​ ပညာ​​ရေး​​၏ ရည်ရွယ်ချက်မှာ လိင်ပိုင်း​​ဆိုင်ရာ ဆွဲ​​ဆောင်သိမ်း​​သွင်း​​မှု ပိုမိုမြင့်​​မား​​သည့်​​ ချစ်သူ​​ကောင်း​​များ​​ ဖြစ်လာ​​စေရန်သာဖြစ်​​ကြောင်း​​ ​​ပြောကြား​​သွား​​သည်။






--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/


Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


ကွန်ပျူတာနည်းပညာမှတ်စု
http://mee-pya-tite.blogspot.com/


ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
http://mdsng.blogspot.com/
 

နေ့စဉ် မြန်မာအီးမေးများ
http://myanmardailymail.blogspot.com/

 
မြန်မာ Blog များအားလုံး
http://allmyanmarblogs.blogspot.com/


မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
 

နားဆင်စရာ
http://myl6.blogspot.com/


ဖတ်စရာ
http://7comrades.blogspot.com/


MIET တက္ကသိုလ်ကျောင်းသားများ Forum
http://mietforum.ning.com/


နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmar...@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsub...@googlegroups.com သို့ အီးမေးပို့ပါ။
http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  ad...@mee-pya-tite.comforall...@gmail.com နှင့် simplev...@googlemail.com များသို့ ဆက်သွယ်ပါ။




Reply all
Reply to author
Forward
0 new messages