အမျိုးသားလူ့အခွင့်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ ၊ အမိန့်မရဘဲ ဆုတ်ခွာထွက်ပြေးခဲ့သော KIA တပ်ရင်းမှူးများအား သေဒဏ်ချမှတ် အပြစ်ပေးနေခြင်းကြောင့် လက်အောက်ငယ်သားများ ခံပြင်းနာကြည်းလျှက်ရှိ ၊ မန္တလေးတွင် ၁၁,ဝ၀ဝ ဗို ထရန်စဖော်မာ ၃၂ လုံး ကနဦးတပ်ဆင်မည် ၊ မန်း

11 views
Skip to first unread message

မီးပြတိုက်

unread,
Dec 17, 2011, 5:01:37 AM12/17/11
to

  1.  အမျိုးသားလူ့အခွင့်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ ၊
  2. အမိန့်မရဘဲ ဆုတ်ခွာထွက်ပြေးခဲ့သော KIA တပ်ရင်းမှူးများအား သေဒဏ်ချမှတ် အပြစ်ပေးနေခြင်းကြောင့် လက်အောက်ငယ်သားများ ခံပြင်းနာကြည်းလျှက်ရှိ ၊
  3. မန္တလေးတွင် ၁၁,ဝ၀ဝ ဗို ထရန်စဖော်မာ ၃၂ လုံး ကနဦးတပ်ဆင်မည်  ၊
  4. မန်းတွင် စွယ်တော် ဖူးမြော်သူ များသဖြင့် တည်းခို နေရာများ လူပြည့်လျှံ  ၊
  5. မန္တလေးတွင် GSM တာဝါတိုင် ၅၀ တည်ဆောက်မည် ၊
  6.  စီးပွား/ကူးသန်းဝန်ကြီးဌာနသို့အခက်အခဲစာ များ ပေးပို့ရန် စာတိုက်ပုံးများထားမည်  ၊
  7. ကားအရောင်းစင်တာငါးခု ထပ်မံ ဖွင့်ခွင့် ပြုမည်  ၊
  8. ကိုရီးယားနိုင်ငံမှခရီးသည်တင် ယာဉ်အသစ် များ ရောက်ရှိပါက လိုင်းသစ်တိုးချဲ့မည်  ၊
  9.  မြန်မာမီနီဆလွန်းကား အစီး ၁၀၀၀ ရန်ကုန် ဆိပ်ကမ်း သို့ ရောက်ရှိလာ
  10. မလေးရှားထုတ် ပရိုတွန်ကားများ ယခုနှစ်ကုန်တွင် ရောက်မည်  ၊
  11.  မြန်မာမီနီဆလွန်းဝယ်ယူသူများ၍ လျှောက်လွှာများပိတ်ထားရ ၊ အချိုမှုန့် အပါအဝင် ကန့်သတ် ကုန်ပစ္စည်း ငါးမျိုးအား တရားဝင် တင်သွင်းခွင့်ပြုမည် ၊

အမျိုးသားလူ့အခွင့်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များ

07:57  Myanmar Express Group  No comments


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်ထောင်စု သမ္မတ အစိုးရ တက်လာပြီး လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် အပြောင်း အလဲများစွာအား အကောင် အထည်ဖော်ပြီးသည့် အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ယနေ့ ဒီဇင်ဘာ ၁၃ ရက်တွင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ကြေငြာ လိုက်ပါသည်။ ယင်းသတင်း ထုတ်ပြန်ချက်အရ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လဆန်းမှစ၍ လက်နက်ကိုင် ပဋိပက္ခကြောင့် ရပ်ရွာစွန့်ခွာ တိမ်းရှောင်လာသော ပြည်သူများအား ကချင်ပြည်နယ် အစိုးရ၏ ကြီးကြပ် ကွပ်ကဲမှု အောက်တွင် လူမှုရေး ထောက်ပံ့ကူညီမှု ပေးထားသော စခန်းများနှင့် နယ်မြေ အခြေအနေကို သိရှိနိုင်ရန်နှင့် အကူအညီ ပေးရန် လိုအပ်မှု အခြေအနေ သိရှိနိုင်ရန် အတွက် ကော်မရှင် အတွင်းရေးမှုး ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့လေးဦး သည် (၈.၁၂.၂၀၁၁ မှ ၁၀.၁၂.၂၀၁၁) အထိ ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ပါသည်။

ဆက်လက်ပြီး ကော်မရှင်က ကချင်ပြည်နယ် အစိုးရ အနေဖြင့် ရပ်ရွာစွန့်ခွာ တိမ်းရှောင်လာသော ပြည်သူများအနက် လက်လှမ်းမီသော ဒေသများရှိ ပြည်သူ (၁၄၀၀၀) ကျော်၏ အခြေခံ လိုအပ်ချက်များ ရရှိအောင် ကောင်းစွာ ကူညီ စောင့်ရှောက် ထားခြင်းအား ကော်မရှင်က အသိအမှတ် ပြုပါကြောင်း၊ မိသားစုဝင်များ၏ အခြေခံပညာ သင်ယူနေသည့် ကလေးငယ်များ အားလုံး အခြေခံပညာ သင်တန်းတွင် သင်ယူနိုင်ရန် ဆောင်ရွက်ပေးမှုကိုလည်း ကြည်နူးမိပါကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ အဆိုပါ ပြည်သူများ၏ ကျန်းမာရေး၊ ဘာသာရေးနှင့် လူမှုရေးများ အပြင် ငွေကြေးလှူဒါန်းမှု များအားလည်း အသိအမှတ် ပြုကြောင်း၊ ရပ်ရွာစွန့်ခွာရသော ပြည်သူများ အနေဖြင့် ၎င်းတို့၏ အိုးအိမ်၊ လယ်ယာမြေ၊ စိုက်ခင်းများ၊ ကျွဲ၊ နွား၊ တိရစ္ဆာန်များ၊ အခြားပိုင်ဆိုင် မှုများကို စွန့်လွှတ်ရသည့် အတွက် စိတ်ဓာတ် ပိုင်းဆိုင်ရာ ထိခိုက်ရပါ ကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် တပ်ဖွဲ့များ၏ ဒေသတွင်း လုံခြုံရေး ရရှိအောင် မေတ္တာ ရပ်ခံပါကြောင်း သုံးသပ် အကြံပြုခဲ့ပါသည်။

ယခုအခါ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းချက်အရ ငြိမ်းချမ်းရေး ရရှိရေးအတွက် နှစ်ဦးနှစ်ဖက် ကြိုးပမ်းခဲ့မှုများ၊ ကြိုးပမ်းနေဆဲ လုပ်ငန်းများကို ကော်မရှင်က သိရှိထားသည့် အတွက် လက်နက်ကိုင် တိုက်ခိုက်မှုများ ရပ်တန့်၍ ပဋိပက္ခများ ချုပ်ငြိမ်းပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက်ရန် အတွက် ဆက်လက် တွေ့ဆုံ ဆွေးနွေးခြင်းကို အောင်မြင်စွာ ဖော်ဆောင် ပေးရန်ကိုလည်း အလေးအနက် ထားလျက်ရှိသည်။ လတ်တလော ကြားသိရသော သတင်းများအရ နိုင်ငံတော် သမ္မတမှ တပ်မတော်အား ကချင်ပြည်နယ်တွင် ရှိသော မိမိတပ်များ အနေဖြင့် ခုခံကာကွယ်ရုံမှ အပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ KIA တပ်စခန်းများအား ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ညွှန်ကြားကြောင်း သိရှိရပါသဖြင့် ကော်မရှင်မှ လှိုက်လှဲစွာ ထောက်ခံ ကြိုဆိုပါကြောင်းနှင့် တစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်း များမှလည်း အလားတူ လိုက်နာဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း နှိုးဆော်ပါကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူများ၏ အခွင့်အရေးများ အားလုံးအတွက် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အလေးအနက်ထား ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။

ဖူးစုံထွေး

http://shwepyithit.blogspot.com/ မှ ကူးယူဖော်ပြပါကြောင်း


အမိန့်မရဘဲ ဆုတ်ခွာထွက်ပြေးခဲ့သော KIA တပ်ရင်းမှူးများအား သေဒဏ်ချမှတ် အပြစ်ပေးနေခြင်းကြောင့် လက်အောက်ငယ်သားများ ခံပြင်းနာကြည်းလျှက်ရှိ

02:25  Myanmar Express Group  1 comment

လိုင်ဇာ ဒီဇင်ဘာ ၁၅

ကချင်လွတ်မြောက်ရေးတပ်မတော်ဌာနချုပ် လိုင်ဇာမှာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်ဦးစီးပြီး ဒီဇင်ဘာ(၁၂)ရက်နေ့ကအစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး စခန်းတွေကိုစွန့်ခွာထွက်ပြေးခဲ့တဲ့ တပ်ရင်း(၁၅)မှ ဗိုလ်မှူး မရန် ရော်ဘင်နဲ့တပ်ရင်း(၂၇)မှ ဗိုလ်မှူးယော်ထုံတို့နှစ်ဦးကို ဖမ်းဆီးမိန့်ထုတ်ပြန်ပြီး သေဒဏ်အပြစ်ပေးလိုက်တဲ့ အကြောင်းကို ဗိုလ်ချုပ်ဂမ်ရှောင်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒီလိုပြောဆိုလိုက်တာဟာ တိုက်ပွဲဝင်နေ တဲ့အခြား KIAတပ်ရင်းမှူးတွေကိုလဲ ဒီလိုလုပ်ရင်ဒီလိုအပြစ်ပေးမယ်ဆိုတာကို တရားဝင်ကြေညာလိုက်တဲ့ သဘောပဲဖြစ်ပါတယ်။


ဒီဇင်ဘာလ(၅)ရက်နေ့က အစိုးရတပ်တိုက်ခိုက်သိမ်းပိုက်သွားလို့ ဆုတ်ခွါပေးလိုက်ရတဲ့တပ်ရင်း (၁၅)က ထွက်ပြေးလွတ်မြောက်လာသူ ဗိုလ်ကြီးလွန်းဂမ်အောင်ကတော့ သူရဲ့အတွေ့အကြုံကို ခုလိုမျိုး ပြောပြပါတယ်၊ “ကျွန်တော်တို့စခန်းကို စစ်တပ်ကလာတိုက်တယ်၊ ကျွန်တော်တို့ကလဲ ပြန်တိုက်ပါတယ် အင်အားချင်းမညီမျှဘူး၊ကျွန်တော်တို့မှာစားစရာလဲမရှိတော့ဘူး၊ ဗိုလ်မှူးမရန်ရော်ဘင်ကလက်နက်ကြီးပစ် ခိုင်းလို့ ပစ်တော့လဲကျွန်တော်တို့်ပစ်တဲ့ ကျည်တွေကရွာတွေပေါ်ကျသွားတာရှိတယ်၊ အစိုးရတပ်တွေပစ် တဲ့လက်နက်ကြီးတွေက ကျွန်တော်တို့စခန်းပေါ်ကိုတိုက်ရိုက်ကျနေတာ၊ ကျွန်တော်တို့ဘက်ကလက်နက် ကြီးတွေနဲ့ မှန်းပြီးပစ်ရတာဆိုတော့ ရွာတွေပေါ်ထပ်ကျရင် လူတွေထိမှာစိုးတာရယ်၊ နောက်ပြီးအစိုးရ တပ်က အတင်းထိုးဖောက်ဝင်လာတာရယ်ကြောင့် ဘယ်လိုမှနေလို့မရတော့လို့ ကျွန်တော်တို့ဆုတ်ပေး လိုက်ရတာပါ၊ ကျွန်တော့်တပ်ရင်းမှူးနဲ့ ရင်း(၂၇)တပ်ရင်းမှူးတွေအပြင် ပြီးခဲ့တဲ့ ၈ ရက်နေ့က “၀ထောင်” ကနေစွန့်ခွါသွားခဲ့ရတဲ့ရင်း (၃) တပ်ရင်းမှူး ဗိုလ်မှူးဖော်ကျဲလတောင်ကိုလည်း သေဒဏ် ပေးထားတယ်” လို့ပြောပြပါတယ်။
ဗိုလ်မှူးမရန်ရော်ဘင်နဲ့အနီးကပ်အတူနေတဲ့တပ်ကြပ်ကြီး အင်ယော်နော်ကလဲသူ့ရဲ့ခံစားချက်ကို ခုလိုမျိုးပြောပြပါတယ်၊ “ကျွန်တော်ကတပ်ရင်းမှူးအနားမှာနေရတာပါ၊ တိုက်ပွဲစဖြစ်တော့ သူပစ်ကိုယ်ပစ် ပစ်ကြတာပါ၊ကျွန်တော်တို့စခန်းထဲမှာက အရင်ရက်တွေမှာတိုက်ပွဲဖြစ်တုန်းက ဒဏ်ရာရထားတဲ့သူတွေလဲ ရှိနေပါတယ်၊ တကယ်တန်းပစ်ခတ်နိုင်တဲ့ အင်အားကသိပ်မရှိပါဘူး၊ အဖြစ်နိုင်ဆုံးကျွန်တော်တို့တောင့်ခံ ထားပါတယ်၊ဒါပေမဲ့ ရွာသားတွေအတွက်လည်း စိုးရိမ်စရာဖြစ်နေတဲ့အတွက် ဗိုလ်မှူးမရန်ရော်ဘင်ကစခန်း ကနေ ဆုတ်ခွာဖို့အမိန့်ပေးတဲ့အတွက် ကျွန်တော်တို့ဆုတ်ခဲ့ရတာပါ၊ ဆက်နေရင်လဲ ကျွန်တော်တို့အားလုံး သေမှာပဲ၊ အခုကျတော့ ဒီလိုမျိုးစခန်းတွေကိုဆုတ်ခွာခဲ့လို့ဆိုပြီး ကျွန်တော်တို့ကို ဖမ်းမိတာနဲ့သတ်ပစ်ဖို့ အမိန့်ပေးထားပါတယ်၊ ကျွန်တော်တို့လဲအသေခံတိုက်တာပါပဲ၊ သူတို့ကျတော့ လိုင်ဇာမှာကောင်းကောင်း စားသောက်နေထိုင်ပါတယ်၊ ကျွန်တော်တို့တပ်တွေမှာတော့ ရွာတွေကနေပြီး တောင်းစားနေရပါတယ်၊ ဗိုလ်ချုပ်ဂမ်ရှောင်က ရှေ့တန်းမှာပင်ပန်းဆင်းရဲခံနေရတဲ့ ကျွန်တော်တို့အပေါ်မှာ သနားညှာတာစိတ်မရှိဘဲ တပ်ရင်း(၁၅)နဲ့ တပ်ရင်း(၂၇)ကတပ်ရင်းမှူးနှစ်ဦးကို တိုက်ပွဲရှုံးလို့ဆိုပြီး သေဒဏ်ပေးလိုက်တာ မတရား ပါဘူး၊ ကျွန်တော့်တပ်ရင်းမှူးက ကျွန်တော်တို့စစ်သည်တွေ အားလုံးသေမှာစိုးရိမ်တဲ့ အပြင်အနီးဝန်းကျင် ကရွာသူရွာသားတွေကိုလည်း မထိခိုက်စေချင်တဲ့အတွက် အခုလိုဆုတ်ခိုင်းခဲ့တာပါ၊ KIA လူကြီးတွေက ကျွန်တော်တို့အားလုံးနဲ့ ရွာသားအားလုံးသေသွားတယ်ဆိုရင်တောင် ဆုတ်ခွင့်ပေးမှာမဟုတ်ပါဘူး၊ ဒီထက် နာကြည်းဖို့ကောင်းတာက စစ်ပွဲနဲ့မဆိုင်ဘဲရွာမှာနေတဲ့ ကျွန်တော်တို့ရဲ့မိသားစုတွေကိုပါကျွန်တော်တို့ထွက် ပြေးလို့ဆိုပြီး ဖမ်းဆီးအပြစ်ပေးနေတယ်ဆိုတာပါပဲ၊ ဒီလိုလုပ်တာဟာကျွန်တော်တို့ယောက်ျားတွေကိုရှေ့ တန်းစခန်းတွေမှာအသေခံပြီး မဆုတ်တမ်းတိုက်ခိုက်နိုင်အောင် သူတို့သုံးတဲ့နည်းလမ်းပဲဖြစ်ပါတယ်”


ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အတွင်းမှာ အခုအချိန်ဟာ အချင်းချင်းစည်းလုံးညီညွတ် စွာနေထိုင်ရမဲ့ အချိန်ဖြစ်ပါတယ်၊ အဖက်ဖက်က ဘေးကြပ်နံကြပ်ဖြစ်နေတဲ့ဒီလိုအချိန်မျိုးမှာ တိုက်ပွဲမှာ ရှုံးတိုင်း စခန်းတွေကိုစွန့်ခွာတိုင်းသာ သေဒဏ်အပြစ်ပေးနေမယ်ဆိုရင် လိုင်ဇာကွက်ကွက်ကလေးမှာပဲ KIA ဆိုတာရှိနေပါလိမ့်မယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ စခန်းတွေဆုံးရှုံးသွားခဲ့သလို ကချင်ပြည်နယ် အတွင်းမှာလည်း စခန်းတွေလက်လွှတ်ဆုံးရှုံးနေပါတယ်၊ KIA ဗဟိုအနေနဲ့ကတော့ အထက်ကအမိန့် မပေး ဘဲဆုတ်ခွာခဲ့လို့ အပြစ်ပေးတာလို့ရှင်းပြပေမဲ့ ကိုယ့်လူမျိုးတိုက်ပွဲဝင်ရဲဘော်အချင်းချင်း သေဒဏ်ပေးတာ ဟာ ရက်စက်လွန်းပါတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ အမျိုးသမီးအစည်းအရုံး(KIWA)မှ စည်းရုံးရေး မှူးဒေါ်မေလီအောင်ကပြောပြပါတယ်။


“ကျွန်မတို့ဆိုရင် ရွာတွေလှည့်လည်ပြီး တပ်ဖွဲ့ဝင်အသစ်တွေရဖို့ စည်းရုံးနေရတာပါ၊ လူတစ် ယောက်ရဖို့ တကယ်မလွယ်ပါဘူး၊ ယောက်ျားတွေမ၀င်ရင်တောင် မိန်းမတွေဝင်ချင်လာအောင် ကျွန်မ ကိုယ်တိုင် စည်းရုံးခဲ့တာမို့ အချင်းချင်းစိတ်ဝမ်းကွဲမှာမျိုး ကျွန်မ မလိုလားပါဘူး၊ စစ်တိုက်ရင် နိုင်တဲ့အခါလဲ ရှိသလို ရှုံးချင်လဲ ရှုံးနိုင်တာပဲ၊ စစ်ရှုံးတိုင်းသာ သတ်ပစ်ရရင် တစ်ယောက်မှကျန်မှာမဟုတ်တော့ပါဘူး၊ လက်ရှိအခြေအနေမှာ ကျွန်မတို့ကို လူထုတွေထောက်ခံဖို့ အရမ်းကြိုးစားနေရပါတယ်၊ သူတို့သွားနေတဲ့ တံတားတွေမိုင်းခွဲလိုက်ရင် သူတို့သွားလာရေးခက်သွားမယ်၊ သွားလာတဲ့သူမရှိရင် ကျွန်မတို့လဲ ငွေ ကောက်ခံလို့မရတော့ဘူး၊ ဒါကြောင့် တံတားတွေမဖျက်ဖို့ ကျွန်မတို့လဲပြောတာပါပဲ၊ ဒါပေမဲ့ မအောင် မြင်ဘူး၊ အဆိုးဆုံးကတော့ တိုက်ပွဲဖြစ်ပွားရာဒေသမှာရှိတဲ့ ရွာသားတွေပြောင်းရွေှ့ ထွက်ပြေးတာကို ပြန်လည်ဖမ်းဆီးပြီး သူတို့နေစေချင်တဲ့နေရာမှာ နေခိုင်းတာတွေရှိသလို လိုင်ဇာမှာရှိတဲ့ ဒုက္ခသည် မိသားစု တွေကိုလဲဘယ်သူ့ကိုမှ အပြင်ထွက်ခွင့်မပေးဘဲ အချုပ်ထဲမှာထားသလို ထိန်းသိမ်းထားပါတယ်၊ မိသားစု လိုက်ထွက်ပြေးတဲ့ အဖွဲ့တွေကိုလည်း ပြန်လည်ဖမ်းဆီးတာတွေရှိတယ်၊ တကယ်တော့ဒီဒုက္ခသည်တွေကို KIA တပ်မတော်က သူတို့အဖွဲ့အစည်းအတွက် အသုံးချနေတာ ဖြစ်တယ်လို့ ကျွန်မတော့ထင်တယ်” ဆိုပြီးပြောပါတယ်။

ဒေါ်မေလီအောင်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော်အတွက် တကယ့်ကိုရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေ သူဖြစ်ပါတယ်၊ အခုတော့သူမကိုယ်တိုင်က KIAကို စိတ်ပျက်နေပါတယ်၊ တံတားတွေဖျက်ဆီးလိုက်တာ စစ်တပ်တွေ မလာနိုင်အောင်ရည်ရွယ်ပေမဲ့ တစ်ကယ်တမ်းကျတော့ဒေသခံလူထုတွေကိုပဲ ဒုက္ခရောက် စေတာဖြစ်ပါတယ်၊ အရင်တုန်းက မော်တော်ကား အမျိုးအစားအလိုက်၊ ကုန်ပစ္စည်းအလိုက် လစဉ်ကြေး၊ နှစ်စဉ်ကြေး မှန်မှန်ရတဲ့အတွက် KIA အတွက်အဆင်ပြေခဲ့တာပါ၊ ခုခါမှာတော့ ကုန်စည်ကူးသန်းမှုကနေ အခွန်ငွေ မလုံလောက်တော့တဲ့အတွက် ဒေသခံလူထုဆီကပဲ အတင်းအဓမ္မ တိုးပြီးကောက်ခံလျက်ရှိ ပါတယ်၊
ကချင်တပ်မတော်အတွက် လူသစ်စုတော့လဲ တစ်ရွာတစ်ယောက်စုတာမဟုတ်တော့ဘဲ အိမ်ရှိ လူကုန် ပြည်သူ့တပ်ဖွဲ့အမှုထမ်းနေကြရပါတယ်၊ ဒီကြားထဲမှာ ရှမ်းနဲ့ဗမာလူမျိုးတွေဆိုရင် အစုလိုက်အစု လိုက်ဖမ်းပြီးသတ်ပစ်ခြင်း၊ ငွေကြေးနဲ့ရွေးယူခိုင်းခြင်းတွေကြောင့် တိုင်းရင်းသားအချင်းချင်းစိတ်ဝမ်းကွဲစရာ ဖြစ်နေပါတယ်၊ အဆိုးဆုံးကတော့ KIA တပ်ဖွဲ့တွေလူသစ်စုဆောင်းရင် ယောက်ျားချည်းခေါ်တာ မဟုတ် တော့ဘဲ အမျိုးသမီးတွေပါ ခေါ်နေပါတယ်၊ နိုဝင်ဘာ(၁၀)ရက်နေ့က ဆင်ဘိုမြို့နဲ့ (၅)မိုင်လောက်ဝေးတဲ့ နတ်ထုတ်လယ်ကွင်းမှာ လယ်လုပ်နေသူ ၈ ဦးကို KIA က အတင်းအဓမ္မ ဖမ်းဆီးသွားတဲ့အထဲမှာ မသွင်သွင်ကြည် ၂၃ နှစ်၊ မမိချော ၂၃ နှစ်၊ မမာမာအေး ၂၀နှစ်နဲ့ မရှမ်းမ ၁၈နှစ်တို့ ပါဝင်ခဲ့ပါတယ်၊ တစ်ချို့ဆိုရင်မိသားစုလိုက် ဖမ်းခေါ်သွားတာမျိုးရှိပြီး ထွက်ပြေးရင်လည်း ပစ်သတ်ခံကြရတယ်။

သူတို့ကို ငွေကြေးနဲ့ပြန်ရွေးခိုင်းမလား၊ ဒါမှမဟုတ်KIA တပ်ဖွဲ့ဝင်တွေအတွက် အပျော်မယား လုပ်ခိုင်းမလားဆိုတာကတော့ အလွန်ပဲစိုးရိမ်စရာကောင်းနေပါတယ်၊ ဒီလိုမျိုး အမျိုးသမီးလေးတွေ ဖမ်းဆီးခေါ်ဆောင်တဲ့လုပ်ရပ်ဟာ နေရာတော်တော်များများမှာ ဖြစ်နေတာမို့ KIAကို လူထုက ရွံရှာမုန်းတီး နေတာဟာ အပြစ်မဆိုသာပါဘူး၊ KIA တပ်ဖွဲ့တွေဖမ်းတဲ့အထဲမှာပါတဲ့ အသက်၁၄နှစ်ကနေ ၃၀နှစ်အတွင်း ယောက်ျားမှန်သမျှ KIA မှာ စစ်မှုမထမ်းမနေရသတ်မှတ်ထားပါတယ်၊ အသက်အရွယ်ကြီးနေတဲ့သူတွေကို သူတို့ရဲ့ဆွေမျိုးတွေက ပိုက်ဆံပေးပြီး ပြန်လည်ရွေးယူကြရပါတယ်၊ KIA တပ်မတော်အတွက် ရန်ပုံငွေရ ဖို့ဆိုရင် နည်းလမ်းပေါင်းစုံသုံးပြီးရှာဖွေနေပါတယ်၊ မပေးနိုင်တဲ့သူတွေ ကုမ္ပဏီတွေဆိုရင် မိုင်းထောင် ဖျက်ဆီးခြင်းခံကြရပါတယ်။ ကေအိုင်အေအနေနဲ့ သူတို့လိုအပ်ချက်တွေအတွက် ဒေသခံပြည်သူများကို နည်းမျိုးစုံနဲ့အသုံးချဆောင်ရွက်နေတာကြောင့် အတိဒုက္ခရောက်နေရတဲ့ ပြည်သူ့လူထုရဲ့စိတ်ထဲမှာတော့ KIA ဆိုတာ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးမှန်း အခုချိန်မှာ မြင်သာထင်သာဖြစ်နေပါပြီ။

ပြည်သူလူထုအပေါ် နည်းမျိုးစုံသုံးဒုက္ခရောက်စေရုံသာမက တာဝန်ထမ်းဆောင်ရင်း စခန်းစွန့် ခွါရတဲ့ KIA တပ်ရင်းမှူးတွေကို သေဒဏ်ပေးခဲ့တဲ့လုပ်ရပ်ဟာ ကချင်လူထုနဲ့ KIA လက်အောက် ငယ်သားများအတွက် KIA ဗဟိုအပေါ် ခံပြင်းနာကြည်းစရာများ ဖြစ်ပေါ်စေလျက်ရှိကြောင်း တရုတ်-မြန်မာ နယ်စပ်ရေးရာလေ့လာနေသူ ဦးအောင်ကျော်ဇောက သတင်းပေးပို့ပါတယ်။

မန္တလေးတွင် ၁၁,ဝ၀ဝ ဗို ထရန်စဖော်မာ ၃၂ လုံး ကနဦးတပ်ဆင်မည်

လျှပ်စစ်ဓာတ်အား အလေအလွင့် လျှော့ချရေးနှင့် မန္တလေး ခုနစ်မြို့နယ်အတွင်း ဗို့အားအပြည့် သုံးစွဲနိုင် ရေးအတွက် ၁၁,ဝ၀ဝ ဗို့အားရှိ ထရန်စဖော်မာ အလုံးနှစ်ရာ နီးပါး ထပ်မံ တပ်ဆင်ရန် လိုအပ်လျက်ရှိရာ နိုဝင်ဘာလ ကုန်တွင် ၃၂ လုံး ကနဦးတပ်ဆင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု အများဆုံးမြို့နယ် များဖြစ်သော ချမ်းအေးသာစံ မြို့နယ်တွင် ၁၀ လုံး၊ အောင်မြေသာစံမြို့နယ်တွင် ၁၀ လုံး၊ မဟာအောင်မြေ မြို့နယ်တွင် ခုနစ်လုံး၊ ပြည်ကြီး တံခွန်မြို့နယ်တွင် သုံးလုံး၊ ပုသိမ်ကြီးမြို့နယ်တွင် တစ်လုံးနှင့် အမရပူရမြို့နယ်တွင် တစ်လုံးတို့ကို တပ်ဆင်မည် ဖြစ်ကြောင်း အဆိုပါရုံး၏ စာရင်းဇယားများအရ သိရသည်။ ယခုလက်ရှိတွင် ၁၁çဝ၀ဝ ဗို့အားရှိ ထရန်စဖော်မာအလုံးရေ ၁၉၀ဝ နီးပါးဖြင့် ဓာတ်အားဖြန့် ဝေပေးနေသော်လည်း မလုံလောက်သဖြင့် အချို့မြို့ နယ်များ၌ ဗို့အားကျဆင်းလျက်ရှိပြီး ထရန်စဖော်မာ ၃၂ လုံးတပ်ဆင်ပြီးပါက ဗို့အားအပြည့်အဝ သုံးစွဲနိုင်မည်ဟု တိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မီးအားကျ တယ်ဆိုတာ ရှိနေတဲ့ ထရန်စဖော်မာ ကနေ ယူသုံးရတာ ဆိုတော့ သုံးစွဲသူများရင် မီးအားကျ သွားတတ်တယ်။ ဒါကြောင့် ထရန်စဖော်မာတွေ ထပ်တပ် လိုက်ပြီဆိုရင် သုံးစွဲမှုကို အလုံအလောက် ပေးနိုင်မှာမို့လို့ မီးအားကျတာ မဖြစ်နိုင်တော့ဘူး။ မီးပျက်တယ်ဆိုတာလည်း သုံးစွဲသူများပြီး မနိုင်လို့ ဖြစ်ရတာပါ။ သုံးစွဲမှုရဲ့ လျှပ်စစ်ဗို့အား နှစ်ဆရှိတယ်ဆိုရင် မီးပျက်တယ်ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ မန္တလေးစက်မှုဇုန်ရှိ လုပ်ငန်းရှင်တစ်ဦးက “လက်ရှိမှာတော့ မီးက ၂၄ နာရီ မှန်နေတယ်။ ဓာတ်အားအပြည့်လည်း ရနေတယ်။ ဒါပေမဲ့ လုပ်ငန်း မကောင်းလို့ လုပ်ငန်းလည်ပတ်မှုက ပုံမှန်ပဲရှိပါတယ်” ဟု ပြောကြားသည်။ မန္တလေး ခုနစ်မြို့နယ်တွင် လျှပ်စစ်ဓာတ် အားသုံးစွဲမှု မဂ္ဂါဝပ် ၁၅၀ ခန့်ရှိရာ ယခုလက်ရှိအချိန်တွင် ၂၄ နာရီအပြည့်အဝ ဖြန့်ဖြူးပေး လျက်ရှိကြောင်း အမှတ် (၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြား သည်။

 

မန်းတွင် စွယ်တော် ဖူးမြော်သူ များသဖြင့် တည်းခို နေရာများ လူပြည့်လျှံ

p_3_49_6

မန္တလေးမြို့ မဟာ အတုလ ဝေယံ ကျောင်း တော်ကြီး တွင် ယာယီ ကိန်းဝပ် စံပယ်တော် မူလျက် ရှိ သော ဗုဒ္ဓ မြတ်စွယ်တော် အား မန္တလေး မြို့ခံများ အပြင် မြို့ အနီး တစ်ဝိုက်ရှိ ဒေသများမှ လာရောက် ဖူးမြော် သူများဖြင့် စည်ကားလျက် ရှိရာ မြို့တွင်း တည်းခိုစရာ နေရာများတွင် လူပြည့်လျှံ မှုများ ရှိခဲ့ကြောင်း သိရသည်။ အမေက အသက် ၈၂ နှစ် ရှိပြီ။

ကျန်းမာရေးလေး ကောင်းတုန်း စွယ်တော် မြတ် ကြွလာ တာနဲ့ ကြုံလို့ လာဖူး တာပါ။ သွားလို့ လာလို့ ကောင်းကောင်း မကောင်းတော့ ဘူးဆိုပေမယ့် စွယ်တော်မြတ်ကို ဖူးရတော့ ပင်ပန်းတာတွေ ပျောက် ပြီး ရင်ထဲမှာ ငြိမ်းအေးပြီးတော့ ဝမ်း သာတယ်။ ဒီလိုမှ မဖူးရရင် ဒီတစ် သက် ဖူးခွင့်ရမှာ မဟုတ်တော့ဘူး ဟု စဥ့်ကိုင်မြို့မှ မန္တလေးသို့ စွယ် တော်လာရောက် ဖူးမြော်သည့် အဘွားအိုတစ်ဦးက ပြောသည်။

မန္တလေးမြို့ မဟာအတုလ ဝေယံကျောင်း၌ ဒီဇင်ဘာလ ၈ ရက်မှ ၂၃ ရက်အထိ ကိန်းဝပ်စံပယ် တော်မူမည့် ဗုဒ္ဓမြတ်စွယ်တော်ကို ပြင်ဦး လွင်၊ နောင်ချို၊ ကျောက်မဲ၊ စဥ့်ကိုင်၊ ကျောက်ဆည်၊ မတ္တရာ၊ လက်ပံလှ၊ စစ်ကိုင်းစသည့်မြို့များမှ နေ့ချင်းပြန်လာရောက် ဖူးမြော်ကြ သူများ၊ ငါန်းဇွန်၊ ငါန်းမြာ၊ တွင်းငယ်၊ မြတောင်စသည့်ဒေသများမှ ညအိပ် တည်းခိုလာရောက် ဖူးမြော်ကြသူ များကြောင့် မြို့တွင်းတည်းခိုဆောင် များ၊ ဘုန်းကြီးကျောင်းများ လူပြည့် လျှံမှု ရှိခဲ့ကြောင်း မြို့ခံတည်းခို ဆောင်များနှင့် ဘုန်းကြီးကျောင်း များမှ သိရသည်။ စွယ်တော်ဖူးဖို့ နယ်က လာ ကြတဲ့ သူတွေ တော်တော်များ တယ်။ ဟိုနေ့က ၁၆ ယောက် အဖွဲ့ကြီး လာတည်းကြတာ အခန်း တွေ ပြည့်နေလို့ တခြား တည်းခို ခန်းကို ညွှန်ပေးလိုက်ရတယ် ဟု စိန်မြင့်မိုရ် တည်းခိုခန်းမှ ကိုဟိန်းဇော် က ပြောသည်။

ယင်းနှင့်ပတ်သက်၍ မတ္တရာ မြို့မှ မန္တလေးသို့ စွယ်တော် လာ ရောက်ဖူးမြော်သူတစ်ဦးကလည်း စွယ်တော်မန္တလေးကို ၈ ရက်နေ့ ရောက်မယ်ဆိုလို့ ၇ ရက်နေ့က တည်းက ကြိုလာထားတာတောင် တည်းခိုစရာ မရဘူး။ အဲဒါ အခု အသိ ဘုန်းကြီးကျောင်းမှာ တည်း ရတယ်။ ဒါတောင် တည်းစရာ မရ လို့ ကျောင်းမှာ လာတည်းကြသူ တွေ အများကြီးပဲ ဟု ဆိုသည်။ အရင်တစ်ခေါက်တုန်းက မဖူးလိုက်ရဘူး။ အခုတစ်ခေါက် တော့ ဖူးဖြစ်အောင် ဖူးမယ်ဆိုပြီး လာတာ။ အေးအေးဆေးဆေးနေပြီး ဖူးမလို့ပါပဲ။ တည်းခိုစရာ အဆင် မပြေတာနဲ့ နေ့ချင်းပြန်ပဲ ဖူးပြီးပြန် တော့မယ် ဟု ဆားလင်းကြီးမြို့မှ လာရောက်ဖူးမြော်သူ အသက် ၇၂ နှစ်အရွယ် အမေတစ်ဦးက ပြော သည်။

ဗုဒ္ဓမြတ်စွယ်တော်သည် တရုတ်နိုင်ငံမှ နိုဝင်ဘာလ ၇ ရက်က မြန်မာနိုင်ငံသို့ ပင့်ဆောင် လာခဲ့ခြင်းဖြစ်ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့တို့၌ ရက်သတ္တနှစ်ပတ် ကြာစီ ယာယီကိန်းဝပ်စံ ပယ်တော်မူ ခဲ့ပြီးနောက် မန္တလေးမြို့သို့ ကြွချီ လာခဲ့ခြင်းဖြစ်ကာ မန္တလေးမြို့၌ ၁၆ ရက်ကြာ ယာယီစံမြန်းပြီး တရုတ် နိုင်ငံသို့ ပြန်လည်ြွကချီမူမည် ဖြစ် ကြောင်း သိရသည်။

ဥာဏ်လင်းအောင်၊ မောင်တာ
 

မန္တလေးတွင် GSM တာဝါတိုင် ၅၀ တည်ဆောက်မည်

မြန်မာနိုင်ငံတစ်ဝန်း GSM မိုဘိုင်းလ် ဖုန်း သန်း ၃၀ ငှားရမ်းအသုံးပြုခွင့်ပေး ရေးစီမံကိန်း၏ ပထမ နှစ်လေးသန်း စီမံကိန်း၌ ပါဝင်သည့် မန္တလေးတိုင်း ဒေသကြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သည် GSM ဆက်သွယ်ရေး တာဝါတိုင် ၅၀ကို ၂၀၁၂ ခုနှစ်အတွင်း အပြီး တည် ဆောက်သွား မည်ဖြစ်ကြောင်း နိုဝင်ဘာ လ ၂၈ ရက်နေ့တွင် ယင်းတာဝါတိုင် များဆောက် လုပ်မှု၌ ပါဝင်သည့် ဆက်သွယ် ရေးအင်ဂျင်နီယာ များထံမှ စုံစမ်းသိရှိ ရသည်။ တည်ဆောက်မည့်ဆက်သွယ်ရေး တာဝါတိုင်များမှာ မန္တလေးခရိုင် ငါးမြို့နယ်တွင် တာဝါတိုင် ၂၀ နှင့် ခရိုင်ခြောက်ခုတွင် နေရာ ၃၀ တို့ဖြစ်ပြီး ယခုလောလောဆယ်တွင် မန္တလေး- နေပြည်တော် လမ်းမကြီး အနီးဝန်းကျင် ၌ နေရောင်ခြည်စွမ်းအင်သုံး ဆက်သွယ် ရေးစနစ်များကို Asia Mega Link ကုမ္ပဏီ နှင့် တာမိုးညဲကုမ္ပဏီတို့က တည်ဆောက် ပေးနေကြောင်း အဆိုပါအင်ဂျင်နီယာ များထံမှ ထပ်မံစုံစမ်းသိရှိရသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် မိုဘိုင်းလ် ဖုန်း ပထမနှစ်လေးသန်းစီမံကိန်းအရ တာဝါတိုင်ပေါင်း ၁၄၀ဝ ကို ပုဂ္ဂလိက ကုမ္ပဏီများနှင့် ပူးပေါင်းတည်ဆောက် သွားရန်ရှိသည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းထံမှ သိရသည်။

 

စီးပွား/ကူးသန်းဝန်ကြီးဌာနသို့အခက်အခဲစာ များ ပေးပို့ရန် စာတိုက်ပုံးများထားမည်

စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ အခက်အခဲများ၊ အကြံပြုစာများ၊ တိုင်စာများပေးပို့ရန် စာတိုက်ပုံးများ ထားရှိပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ပါသည်။

စီးပွား/ကူးသန်းဝန်ကြီးဌာန မှဝန်ထမ်းများ၊ လုပ်ငန်းအမှားများရှိ၍ တိုင်ကြားလိုပါက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီးတို့အား လိပ်မူကာတိုင်ကြားနိုင်ကြောင်းနှင့် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န် ကြီးတို့အား တိုင်ကြားလိုပါက နိုင်ငံတော်သမ္မတထံ လိပ်မူကာ တိုင်ကြားနိုင်ကြောင်းလည်း သိရသည်။

''ကျွန်တော်တို့ကို အကြံပြုစာတွေ ပို့ပါ။ အခက်အခဲတွေရှိရင်လည်း ပြောပါ။ အခွန်ဆိုလည်း ဘယ်အခွန်က လျော့သင့်တယ်၊ ဘယ်အခွန်က တိုးသင့်တယ်ဆိုတာမျိုး၊ ရုံးလုပ်ငန်းအဆင့်ဆင့်က ဘယ်လိုဖြစ်နေတယ်၊ အချိန်ကုန်တာလား၊ အဆင့်များနေတာလား၊ ပြည်ပကို ယှဉ်နိုင်ဖို့ ဘယ်လိုလုပ်သင့်တယ်ဆိုတာမျိုးတွေကို အကြုံပြုပေးကြပါ။ အဲဒီအတွက် စာတိုက်ပုံးတွေ ထားပေးသွားမယ်။ တိုင်ကြားစရာရှိရင်လည်း ကိုယ်တိုင် လက်မှတ်ထိုးပြီး တိုင်ပါ။ နာမည်ကို လျှို့ဝှက်ပေးထားမယ်။ ၀န်ကြီး၊ ဒုဝန်ကြီးဆီ လိပ်မူပြီးတိုင်ပါ။ တကယ်လို့ ကျွန်တော်တို့ဝန်ကြီး၊ ဒုဝန်ကြီးတွေကို တိုင်ချင်တယ်ဆိုရင်လည်း နိုင်ငံတော်သမ္မတထံ လိပ်မူပြီးတိုင်ပါ''ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။



ကားအရောင်းစင်တာငါးခု ထပ်မံ ဖွင့်ခွင့် ပြုမည်

ယာဉ်ဟောင်း အပ်ထား သူများသာ ရောင်းချ ခွင့်ရရှိမည့် ကားအရောင်း စင်တာ ဖွင့်လှစ်ခွင့်ကို လုပ်ငန်းငါးခုသို့ ထပ်မံ ချထားပေး မည်ဖြစ်ရာ ကားအရောင်း စင်တာ ဖွင့်လှစ်ခွင့် ရရှိပြီးသည့် လုပ်ငန်း ရှစ်ခုအထိ ရရှိလာ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးညွန့်အောင်က ပြောကြားသည်။ “အခု အချက်အလက် ပြည့်စုံတဲ့အတွက် မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီကို တင်ပြ ထားတာငါးခုရှိပါတယ်။ အရင်သုံးခုကိုတော့ ချထားပေးပြီးပါပြီ” ဟု ၎င်းက ရှင်းပြသည်။ အသစ်ချ ထားပေးမည့် ကားအရောင်း စင်တာငါးခုမှာ ရွှေယမုံ၊ Ran Speed? High-Tech Princess? Billion Power နှင့် Best Auto တို့ဖြစ်ကာ ယခင်ချထားပေးပြီးဖြစ်သည့် ကားအရောင်း စင်တာသုံးခုမှာ Sakura ၊ Diamond Auto နှင့် Sandrar တို့ဖြစ်သည်။ ယင်းကား အရောင်းစင်တာ ရှစ်ခုစလုံးမှာ ရန်ကုန်မြို့တော်၌ ဖွင့်လှစ်မည်ဖြစ်ပြီး ယင်းတို့ထဲမှ Run Speed နှင့် Sakura တို့က နေပြည်တော် တွင်ပါ ဖွင့်လှစ်မည်ဖြစ်သည်။

မူလချထား ပေးပြီးဖြစ်သည့် ကားအရောင်းစင်တာ သုံးခုမှာ ဒီဇင်ဘာလ နှောင်းပိုင်း တွင် ကား အရောင်း စင်တာ များ စတင်ဖွင့်လှစ်နိုင်မည်ဖြစ်ပြီး အရောင်းစင်တာအတွက် မှာယူထား သောကားများမှာ ဒီဇင်ဘာလဒုတိယ ပတ်ခန့်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း ယင်းအရောင်း စင်တာများထံမှ သိရသည်။ “ရန်ကုန်ဈေးကွက်အနေအထားကို ကြည့်ပြီးတော့ နေပြည်တော်နဲ့ မန္တလေးမှာ အရောင်း စင်တာတွေ ဆက်ဖွင့် သွားမှာပါ။ အခု ရန်ကုန်အရောင်းစင်တာအတွက် ကားအစီး ၁၀ဝကို ဂျပန်က မှာထားပြီးပါပြီ။ ဒီဇင်ဘာလ ဒုတိယ အပတ်လောက်ရောက်မှာပါ” ဟု အမှတ် ၁၅၀၊ B ၊ တက္ကသိုလ်ရိပ်သာ လမ်းသစ်၊ ဗဟန်းမြို့နယ်တွင် ကားအရောင်း စင်တာ ဖွင့်လှစ် ထားသော Diamond Auto မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ လက်ရှိဖွင့်လှစ်ခွင့်ချထားပေးလိုက်သည့် ကုမ္ပဏီသုံးခုမှာ Sakura Techanical Services Co., Ltd., Sandrar Services Co., Ltd နှင့် Diamond Auto Services Co., Ltd. တို့ဖြစ်ကြောင်း၊ ယာဉ်တင်သွင်းခွင့်ကို Sukura ကုမ္ပဏီက အစီးရေ ၃၀ဝ၊ Diamond Auto က အစီးရေ ၁၀ဝနှင့် Sandrar က အစီးရေ ၁၃၇ စီး တင်သွင်းခွင့် လျှောက်ထားကြောင်း ယာဉ်တင်သွင်းခွင့်များ အတွက် စိစစ်ခွင့်ပြု ထားပြီးဖြစ်ကြောင်း စီးပွား/ကူးသန်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Sakura ကမူ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ်အိမ်ရာ၌ ဖွင့်လှစ်ထားသော Sakura Auto Auction Centre တွင်ပင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး နေပြည်တော်ရှိ ဥတ္တရသီရိ အဆင့်မြင့်ဆိုင်ခန်း အမှတ် ၂၁ တွင်လည်း ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ မန္တလေးတွင် ဖွင့်လှစ်နိုင်ရေး အတွက် နေရာရှာနေကြောင်း၊ ပထမအသုတ် အဖြစ် ကားအစီးရေ ၆၀တင်သွင်း မည်ဖြစ်ပြီး ဒီဇင်ဘာလ လယ်ခန့်တွင် စတင်ရောက်ရှိ မည်ဖြစ်ကြောင်း Sakura မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ ဖွင့်လှစ်ခွင့် လျှောက်ထား ဆဲဖြစ်သော Run Speed ကားအရောင်း စင်တာကမူ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ်နှင့် နေပြည်တော်တို့တွင် တစ်ပြိုင်တည်း ဖွင့်လှစ်သွားရန် စတင်ပြင်ဆင်လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ဖွင့်လှစ် ခွင့်ရသည်နှင့် အမြန်ဆုံးဖွင့်လှစ်သွားမည်ဖြစ်ကြောင်း Run Speed မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။


ကိုရီးယားနိုင်ငံမှခရီးသည်တင် ယာဉ်အသစ် များ ရောက်ရှိပါက လိုင်းသစ်တိုးချဲ့မည်

ကိုရီးယားနိုင်ငံမှတင်သွင်းသည့် ခရီးသည်တင်ယာဉ်အသစ်များ ရောက်ရှိလာပါက ယာဉ်လိုင်းအသစ်တိုးချဲ့ ခြင်းများနှင့် ယာဉ်အင်အားနည်းသော အထူးယာဉ်လိုင်း များတွင် ဖြည့်သွင်းပြေး ဆွဲပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ(မထသ)မှ သိရသည်။

 မထသလက်အောက်တွင် ပြေးဆွဲနေသည့်နှစ် ၄၀ ကျော် သက်တမ်းရှိ ယာဉ်များနေရာတွင် ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲနိုင်ရေးအတွက် မထသ(ရန်ကုန်တိုင်းဒေသကြီး)က ပြည်ပမှ မော်တော်ယာဉ် တင်သွင်းပေးနိုင်သည့် ကုမ္ပဏီတစ်ခုနှင့် ညှိနှိုင်းခဲ့ကာ (၂၀၀၀-၂၀၀၂) မော်ဒယ်များဖြစ်သော ကိုရီးယားနိုင်ငံထုတ် ဒေ၀ူး မီနီဘတ်စ် RJ ဆိုဒ် CNG ယာဉ် (လူ ၂၅ ယောက်စီးနိုင် သည့်ယာဉ်)နှင့် လူ ၄၅ ယောက် စီးနိုင်သော ဟွန်ဒိုင်း CNG ယာဉ် (၂၀၀၄-၂၀၀၅မော်ဒယ်)များကို တင်သွင်းမည်ဖြစ်သည်။

''ယာဉ်အိုယာဉ်ဟောင်းတွေ အပ်နှံပြီး ယာဉ်အသစ်တွေဖြည့်သွင်းမယ့် စီမံချက်အရ ခရီးသည်တင် ယာဉ်လိုင်းတွေမှာလည်း နှစ် ၄၀ ကျော်သက် တမ်းရှိတဲ့ယာဉ်တွေအပ်နှံနေရပါပြီ။ဒါကြောင့်အပ်နှံပြီးသွားတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း တွေနေရာမှာ တခြားယာဉ်တွေ အစားထိုး ဖြည့်ဆည်းပြေးဆွဲ ပေးနိုင်ဖို့ကို ကျွန်တော်တို့ မထသက ပြည်ပကနေ ကားတင်သွင်းပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ညှိပြီးစီစဉ်ဆောင်ရွက်မှု ရှိနေပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။

 

မြန်မာမီနီဆလွန်းကား အစီး ၁၀၀၀ ရန်ကုန် ဆိပ်ကမ်း သို့ ရောက်ရှိလာ



  • မြန်မာမီနီဆလွန်းကား အစီး ၁၀၀၀ ရန်ကုန် ဆိပ်ကမ်း သို့ ရောက်ရှိလာ

    မြန်မာမီနီဆလွန်း အစီး ၁,၀၀၀ ရန်ကုန်ဆူးလေ ဆိပ်ကမ်း အမှတ် ၆ သို့ ဒီဇင်ဘာ ၆ ရက်တွင်ရောက်ရှိ လာပြီး ယခုလ အတွင်း မော်တော်ယာဉ်တင်သင်္ဘော များထပ်မံရောက်ရှိရန်ရှိကြောင်း မြန်မာဆိပ်ကမ်း အာဏာပိုင် ရုံးမှ သိရသည်။

    အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ့ ဆိပ်ကမ်းအာ ဏာပိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးက “ဒီဇင်ဘာ ၆ ရက် ညနေပိုင်းမှာ မြန်မာမီနီဆလွန်း အစီးရေ ၁,၀၀၀ ပါ မော်တော်ယာဉ်တင်သင်္ဘော ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ပါ တယ်။ ကားကြီး သုံးစီးပါတယ်။ ကွန်တိန်နာ နဲ့ ရောက်တာတွေ လည်း ရှိတယ်။ ဒီလထဲမှာ မော်တော် ယာဉ် တင်သင်္ဘော တွေ ဆက်တိုက် ရောက်လာဖို့ရှိတယ်” ဟု ဆိုသည်။ လက်ရှိတွင် ရန်ကုန် ဆိပ်ကမ်းသို့ ကွန်တိန် နာဖြင့်ရောက်ရှိလာသည့် မော်တော်ယာဉ်အစီးရေ ၂,၀၀၀ ကျော်ရှိကြောင်း၊ ဒီဇင်ဘာ ၄ ရက်တွင် ဂျပန် နိုင်ငံ မှ မော်တော်ယာဉ်အစီးရေ ၄၃၇ စီးတင်ဆောင်ခဲ့သည့် သင်္ဘော ရန်ကုန်ဆိပ်ကမ်း သို့ရောက်ရှိ လာကြောင်း၊ အဆိုပါ ၄၃၇ စီးတွင် အိမ်စီးမော်တော်ယာဉ်အစီး ၃၉၀ ပါဝင်ကြောင်း သိရသည်။

    “ရောက်ရှိလာတဲ့ မော်တော်ယာဉ်တွေကို လာထုတ် တဲ့သူတွေ အနေနဲ့ လိုအပ်တဲ့ စာရွက် စာတမ်း ပြည့်စုံရင် နေ့ချင်းပြီး ထုတ်လို့ရပါတယ်။ စာရွက် စာတမ်းပြည့်စုံ အောင် ပြင်ဆင် ထားဖို့ပဲလိုတယ်”ဟု ဆိပ်ကမ်း တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

    ရန်ကုန် ဆိပ်ကမ်းအမှတ် ၆ ဆူးလေ တံတားဆိပ် သို့ပြီးခဲ့ သည့် နိုဝင်ဘာ ၅ ရက် တွင်ရောက်ရှိလာပြီး ကား အစီး ၁၁၀ ချထားခဲ့သည့် M.V Ocean Blue သင်္ဘောသည် ဂျပန်နိုင်ငံ Kawasaki ဆိပ်ကမ်း၊ iNA-GOYA ဆိပ်ကမ်း တို့မှ မော်တော်ယာဉ် အစီးရေ ၁,၂၀၀ တင်ဆောင်ပြီး ရန်ကုန်ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၁၀ ရက်တွင် ထပ်မံ ရောက်ရှိ ခဲ့ကြောင်း သိရသည်။

    ထွန်းလင်း၊ လူမင်းသောင်းထွန်း


မလေးရှားထုတ် ပရိုတွန်ကားများ ယခုနှစ်ကုန်တွင် ရောက်မည်

p_3_49_7

ကားဟောင်း အစားထိုး ကားသစ် တင်သွင်းမည့် အစီအစဉ်ကြောင့် ခေတ္တ ရပ်ဆိုင်း ထားသော စီးတီး တက္ကစီအဖြစ် အသုံးပြုမည့် မလေးရှား နိုင်ငံထုတ် ပရိုတွန် ကားများ ဒီဇင်ဘာလ ကုန်တွင် ရောက်ရှိ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ ဌာနေ ကုမ္ပဏီ အဖြစ် ဆောင်ရွကပေးနေသော ဗျငေ ဩအသ မှ အမှုဆောင် အရာရှိချုပ် ဦးကျော်နိုင်က် ပြောသည်။

အခုရောက်မယ့် ကားတွေက တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတာ။ အားလုံး ၃၁ စီး သူတို့ ဘယ်လိုလုပ်မယ်ဆိုတာ တော့ မသိသေးဘူး။ တက္ကစီအဖြစ် မဲ ဖောက်ပြီးရောင်းချင် ရောင်းလိမ့် မယ်ဟု ၄င်းကပြောသည်။ ယင်းကားတန်ဖိုးမှာ ကန်ဒေါ် လာ ၇၅၀ဝ၊ မြန်မာငွေကျပ် ၅၈ သိန်းသာရှိပြီး ဂျူတီကြေးထည့် တွက်ပါကကျပ် သိန်း ၁၂၀ ဝန်း ကျင်သာရှိကြောင်း ၄င်းကဆိုသည်။

ယင်းပရိုတွန်ကားများသည် ၂၀၁၁ မော်ဒယ်ဘယ်မောင်းဆလွန်း ကားသစ်များဖြစ်ပြီး အင်ဂျင်ပါဝါ ၁၆၀ဝစီစီရှိကြောင်း၎င်းကပြောသည်။ အဆိုပါ ကားသစ်များကို ဓာတ်ဆီနှင့် စီအင်န်ဂျီ နှစ်မျိုးစလုံး မောင်းနှင်နိုင်ပြီး နိုင်ငံတကာ တက္ကစီ များ၏ စံချိန်စံညွှန်းအတိုင်း တက္ကစီ ဘုတ်နှင့် မီတာတပ်ဆင်ထားကြောင်း ၄င်းကပြောသည်။

အငှားယာဉ်များနှင့် ပတ်သက် ၍ ကာတွန်းဆရာ အော်ပီကျယ်က ရန်ကုန်တက္ကစီ စီးရတာ တော် တော်အရဲစွန့်ပြီးစီးရတာ စီးရင်းနဲ့ ဆိုဖာခုံကြီး ကျွတ်ပြီး လမ်းပေါ်မှာ ပြုတ်ကျ ကျန်ခဲ့မှာတောင် စိုးရိမ်နေ ရတယ်ဟု ဆိုသည်။ မလေးရှားနိုင်ငံထုတ် ပရိုတွန် ကားများကို အစားထိုးအသုံးပြုပါက ကားနှင့် ပတ်သက်သည့် အပိုပစ္စည်း အစိတ်အပိုင်းများကို အလွယ်တကူ ဝယ်ယူနိုင်ရန် ယင်းကုမ္ပဏီမှ ဒေါ်လာ ၄၄ သန်း အကုန်ကျခံ၍ အပိုပစ္စည်းထုတ် ကုမ္ပဏီကိုလည်း မြန်မာနိုင်ငံတွင် ထူထောင်မည်ဟု ဦးကျော်နိုင်က ပြောသည်။


မြန်မာမီနီဆလွန်းဝယ်ယူသူများ၍ လျှောက်လွှာများပိတ်ထားရ

One Stop Service ဖြင့်မည်သူမဆို လွတ်လပ်စွာ ဝယ်ယူခွင့်ရှိသော မြန်မာမီနီဆလွန်းကားများအား ဝယ်ယူမည့် အရေအတွက်နှင့် ရောင်းချပေးသည့် ဝန်ဆောင်မှုအင်အားမျှတခြင်းမရှိသည့်အတွက် လျှောက်လွှာများအား ၁၃-၁၂-၂၀၁၁ ရက်မှစ၍ ပိတ်ထားကြောင်း ယင်းတာဝန်ရှိသူတစ်ဦးနှင့် ဝယ်ယူသူများထံက သိရှိရသည်။ အဆိုပါ မြန်မာမီနီဆလွန်းကားများအား ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့များတွင် ရောင်းချခြင်းဖြစ်ပြီး မန္တလေးနှင့် နေပြည်တော် အရောင်းပြခန်းတွင် အစီရေ ၂၅ စီးသာထားရှိသည်ဟု တာဝန်ရှိသူတစ်ဦးမှ ပြောပြခဲ့သည်။ လက်ရှိရန်ကုန်တွင် ဝယ်ယူသည့် အရေအတွက် အလွန်အမင်းများသောကြောင့် “မနိုင်သေးလို့လျှောက်လွှာတွေပိတ်ထားတာပါ။ ဘယ်နေ့ပြန်ဖွင့်မယ်ဆိုတာမပြောနိုင်သေးဘူး။ တစ်နေ့ကို အစီးခြောက်ဆယ် ရောင်းပေးတယ်။ တစ်နာရီလူလေးဦးရဲ့ ငွေကို လက်ခံစစ်ဆေးပေးနိုင်တာကြောင့်ပါ မဝယ်ရမှာတော့မပူပါနဲ့ ဒီကားတွေကုန်သွားရင် အစီးနှစ်ထောင် ထပ်မှာထားတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။ လက်ရှိအစီးရေ ၁၀၀၀ ထဲမှ လျှောက်လွှာအရေအတွက် ၆၀၀ ခန့်ထိ လက်ခံရရှိထားပြီးအစီး ၂၀၀ ခန့် ရောင်းချ ထုတ်ယူသွားပြီးဖြစ်သည်။ မြန်မာမီနီဆလွန်းကားဝယ်ယူမည့် သူများမှာ များပြားလွန်းနေပြီး One Stop Service အခြေအနေဖြင့် ဝယ်ယူ၍ မရကြောင်းကို One Stop Service တဲ့ဗျာမဟုတ်ပါဘူး။ Non Stop Service ဖြစ်နေတာ။ မရပ်မနား အခေါက်ခေါက်အခါခါ လာနေရတယ် ဟိုသွားရဒီသွားရနဲ့ ကားဝယ်တာကို တခြားနိုင်ငံက မြင်သွားရင်ဘယ်လိုနေမယ်မသိဘူး ဒီမှာတော့ ဝယ်ခွင့်ရတုန်း အသည်းအသန် အလုအယက်ပဲ’ ဟု ၎င်းတွေ့ကြုံရပုံအား ပြောပြခဲ့သည်။ လက်ရှိ ချယ်ရီဝက်ဂွန်တစ်စီး၏ ပေးဆောင်ရနှုန်းထားများမှာ ကားတန်ကြေးဒေါ်လာ ၅၈၀၀ ၊ကညန ဒေါ်လာ ၃၃၇၃၊ Custom Duty 2840000 နှင့် CT ခွန် ၂၀၀၀၀ ပေးဆောင်ရပြီး ကား၏တန်ကြေးမှာ ဒေါ်လာဈေး အတက်အကျပေါ်တွင် မူတည်၍ ကျပ်သိန်း ၁၀၅ သိန်းခန့်မှ ကျပ်သိန်း ၁၁၀ ခန့် ထိရှိ ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။


အချိုမှုန့် အပါအဝင် ကန့်သတ် ကုန်ပစ္စည်း ငါးမျိုးအား တရားဝင် တင်သွင်းခွင့်ပြုမည်

အချိုမှုန့် အပါအ၀င် ကန့်သတ် ကုန် ပစ္စည်းငါးမျိုး အား တရားဝင် တင်သွင်း ခွင့်ပြုမည်ဖြစ်ကြောင်း စီး ပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန မှသတင်းထုတ်ပြန်သည်။

အဆိုပါကိစ္စ နှင့်ပတ်သက်၍ နေပြည်တော်ရှိ စီးပွားရေး နှင့်ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းလောက်ဆိုရင် အဆင် သင့်ဖြစ်သွားမယ်။ ရုံးပိုင်းဆိုင်ရာ ကိစ္စလေးတွေရှိနေလို့ပါ” ဟု ပြော ကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၏အမိန့်အမှတ် ၉ / ၉၉ နှင့် အမိန့်အမှတ် ၂ / ၂၀၀၀ တို့ဖြင့် ထုတ်ကုန် သွင်းကုန်လုပ်ငန်း ရှင်များနှင့် သမ၀ါယမ အသင်းများ အားပြည်ပမှ တင်သွင်းခွင့်ပြုရန် ကန့် သတ် ထုတ်ပြန်ထားသည့်ကုန်ပစ္စည်း များ အနက် ပထမအဆင့် အနေဖြင့် အချိုမှုန့်၊ အချိုရည်၊ ဘီစကစ်မျိုးစုံ၊ စည်သွပ်ဘူးများ (အသားနှင့်သီးစုံ)၊ ခေါက်ဆွဲခြောက် အမျိုးမျိုး စသည့် လူသုံးကုန် ပစ္စည်းငါးမျိုးအား ပင် လယ်ရေကြောင်း နှင့်နယ်စပ်ဒေသ များမှ အကန့် အသတ်ဖြင့်တင်သွင်း ခွင့်ပြု မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

ယင်းကဲ့သို့ တင်သွင်းရာ တွင် ကျန်းမာရေး ၀န်ကြီးဌာန၏ ထောက် ခံချက်ဖြင့် တင်သွင်း ခွင့်ပြုမည်ဖြစ် ကြောင်း၊ လတ်တလော ဈေးကွက် အတွင်း တရားမ၀င် ၀င်ရောက်ခြင်း ကြောင့် ပြည်သူများ၏ ကျန်းမာရေး ကိစ္စရပ်များ တွင် ထိခိုက်နစ်နာဆုံး ရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိ ရသည်။

“တရားဝင်တင် သွင်းခွင့်ပြုမယ် ဆိုရင်တော့ ကောင်းတယ်။ ဈေး မတက်ဖို့ဘဲ အရေးကြီးတယ်။ အခု ဟာက အောက်လမ်းကနေ၀င်တော့ ဈေးက ဒီလောက်မကြီးဘူး။ တရား ၀င်တင် သွင်းခွင့်ပြုတော့မှ ဈေးတက် သွားရင်တော့ မကောင်း ဘူးပေါ့”ဟု သာကေတမြို့နယ်မှ စားသောက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြား သည်။

ယခုခွင့်ပြုလိုက် သောကုန်ပစ္စည်း များသည် အဓိက အားဖြင့် ထိုင်းနိုင်ငံ မှဝင်ရောက် လျက်ရှိပြီး ထိုင်းနိုင်ငံ တွင် ရေကြီးမှု ကြောင့် အဆိုပါ ပစ္စည်း ဈေးနှုန်းများမြင့်တက်သွားခဲ့ကြောင်း ညောင်ပင်လေး ဈေး စားသောက်ကုန် ဈေးကွက်မှ သိရသည်။

ဇော်မင်းနိုင်























--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/


Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


ကွန်ပျူတာနည်းပညာမှတ်စု
http://mee-pya-tite.blogspot.com/


ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
http://mdsng.blogspot.com/
 

နေ့စဉ် မြန်မာအီးမေးများ
http://myanmardailymail.blogspot.com/

 
မြန်မာ Blog များအားလုံး
http://allmyanmarblogs.blogspot.com/


မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
 

နားဆင်စရာ
http://myl6.blogspot.com/


ဖတ်စရာ
http://7comrades.blogspot.com/


MIET တက္ကသိုလ်ကျောင်းသားများ Forum
http://mietforum.ning.com/


နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmar...@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsub...@googlegroups.com သို့ အီးမေးပို့ပါ။
http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  ad...@mee-pya-tite.com ၊ forall...@gmail.com နှင့် simplev...@googlemail.com များသို့ ဆက်သွယ်ပါ။



Reply all
Reply to author
Forward
0 new messages