အမေရိကန်နှင့် စင်္ကာပူအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည် ၊ မြန်မာနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရန် ဘင်္ဂလားဒေ့ရှ်ဆန္ဒရှိနေ ၊ ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်တပ်ဖွဲ့များ မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန

9 views
Skip to first unread message

မီးပြတိုက်

unread,
Dec 14, 2011, 5:34:39 AM12/14/11
to

  1. အမေရိကန်နှင့် စင်္ကာပူအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည် ၊
  2.  မြန်မာနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရန် ဘင်္ဂလားဒေ့ရှ်ဆန္ဒရှိနေ  ၊
  3.  ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်တပ်ဖွဲ့များ မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)သို့ ညွှန်ကြားစာ ပေးပို့ ၊
  4. ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကျင်းပမည်  ၊
  5.  ICBC ကိုယ်စားလှယ်ရုံးခွဲက မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကမ္ဘာ့ဈေးကွက် ဝင်နိုင်ရန် ဝန်ဆောင်မှုပေးမည်  ၊
  6. ဂျပန်ခုံးတံတားလေးစင်း ရန်ကုန်မှာ သုံးမည် ၊
  7. ဂျပန်နိုင်ငံမှ စီးပွားကူးသန်းဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည် ၊
  8.  မြန်မာနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရန် ဘင်္ဂလားဒေ့ရှ်ဆန္ဒရှိနေ  ၊
  9.  ကောလိပ်ကျောင်း ငါးကျောင်း၌ ပထမနှစ်ကျောင်းသားများ အခမဲ့ သင်ကြားခွင့်ရပြီ
  10.  ပြည်သူ့ရင်ပြင်ရှိ ရေပန်းရုပ်ရှင်ကို ခြောက်လအတွင်း ဖွင်လှစ်ရန်မျှော်မှန်း ပရိသတ်၁ဝဝဝဆံ့ ပွဲကြည့်စင်တည်ဆောက်မည်  ၊
  11. ပဉ္စမအကြိမ်မြောက် ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် ပန်းပွဲတော် နိုင်ငံတကာ အဆင့်မီ စည်ကား သိုက်မြိုက်စွာ ကျင်းပ  ၊
  12.  အနုပညာရှင်များ စင်ကာပူသို့ သွားရောက် ဖျော်ဖြေခဲ့  ၊


အမေရိကန်နှင့် စင်္ကာပူအပြီး ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်လာမည်

15:44  Myanmar Express Group  No comments


မြန်မာ့နိုင်ငံရေး တိုးတက်မှုများကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နဲ့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Mr K Shanmugam တို့ မြန်မာနိုင်ငံကို (၃) ရက်အကြာစီ ရောက်ခဲ့အပြီးမှာ အခု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိတ်ခါ လည်း မြန်မာနိုင်ငံ လာတော့မှာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ဂ် (William Hague) က မြန်မာနိုင်ငံကို နောက်နှစ် ဇန်န၀ါရီလ အစောပိုင်းမှာ သွားရောက်မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာအစိုးရခေါင်းဆောင်တွေနဲ့ ၀န်ကြီး ဟီလာရီကလင်တန်တို့ အောင်အောင်မြင်မြင် တွေ့ဆုံဆွေးနွေး နိုင်ခဲ့မှုအတွက် ၀မ်းမြောက်ကြောင်းလည်း ပြောခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးကလည်း ဗြိတိန်နိုင်ငံခြားရေး မြန်မာနိုင်ငံ သွားမယ့်အပေါ်မှာ ကြိုဆိုကြောင်း သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်ဟာ တစ်ဖက်အစိုးရလုပ်သမျှ ကို တစ်ဖက်က အမြဲကြိုဆိုမှုတွေ လုပ်ခဲ့တာဟာ အစဉ်အလာတစ်ခုလို ဖြစ်နေပါတယ်။ အမေရိကန်မှာ ဆန္ဒပြသူတွေကို ရဲက ငရုတ်ကောင်းရည်နဲ့ ဖျန်းချိန်နဲ့ ဗြိတိန်မှာ ရဲက ပြည်သူတစ်ဦးကို ပစ်သတ်ချိန်တွေမှာတော့ တစ်ယောက်နဲ့တစ်ယောက် မသိချင်ဟန်ဆောင်ခဲ့ကြပါတယ်။

လောလောဆယ်မှာ ဥရောပသမ္မဂ္ဂရဲ့ ငွေကြေးပြဿနာကြီးမားနေပြီး ငွေကြေးပြဿနာဖြေရှင်းဖို့အတွက် အစီအစဉ်သစ်တွေကို ယူရိုငွေကြေးသုံးစွဲတဲ့ သမဂ္ဂအဖွဲ့ဝင် ၁၇ နိုင်ငံလုံးက သဘောတူခဲ့ကြပေမယ့် ဗြိတိန်ကတော့ ကန့်ကွက်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်းက အီးယူအဖွဲ့ရဲ့ အစီအစဉ်သစ်ထဲမှာ ဗြိတိန်ပါဝင်မှာ မဟုတ်ကြောင်း ပြောခဲ့ပြီး ပြင်သစ်သမ္မတ နီကိုးလက် ဆာကိုဇီ ကတော့ ဗြိတိန်ရဲ့ဆုံးဖြတ်ချက်ကို စိတ်ပျက်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗြိတိန်နိုင်ငံကို ဥရောပသမ္မဂ္ဂရဲ့ အဝေးမှာ အထီးကျန်နိုင်ကြောင်း သတိပေးသံတွေထွက်လာအပြီးမှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားဖို့ အစီအစဉ်ပေါ်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းကလည်း တက္ကသိုလ် ကောလိပ်ကျောင်းသားတွေ က ဗြိတိန် တိုင်းပြည်တ၀ှမ်းလုံးမှာ ဆန္ဒ ပြနေခဲ့ကြပါတယ်။ ရှဖီး၊ လီးးဒ်၊ ဘရိုက်တန်၊ ဘာမင်ဟမ်၊ ဂလပ်စဂိုနှင့် အီဒင်ဘတ်မြို့ များအပါဝင် မြို့ ကြီးတွေမှာ အကြီးအကျယ် ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး လဆန်းပိုင်းတုန်းကလည်း ကွန်ဆာဗေးတစ်ပါတီ ဌာနချုပ်ရှေ့ မှာ ကျောင်းသား ငါး သိန်းကျော် သွားရောက် ဆန္ဒပြခဲ့ကြပါတယ်။ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူ စုစုပေါင်း (၄၁)ဦးကို ဖမ်း ဆီးထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ လကုန်တုန်းကလည်း အစိုးရက ပင်စင်လာစာတွေကို ပြောင်းလဲ သက်မှတ်လိုက်ခြင်းကို မကျေနပ်တဲ့ ပြည်သူပေါင်း ၂ သန်း လောက်က ဆန္ဒပြမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲဟာ ၁၀ နှစ်အတွင်းမှာ အကြီးဆုံး ဆန္ဒပြမှု ဖြစ်ပြီး အစိုးရဌာနတွေ အများအပြား ပါဝင်ခဲ့ကြပါတယ်။ ဒါ့အပြင် လန်ဒန်တစ်မြို့လုံး မီးဟုန်းဟုန်းတောက်ခဲ့တဲ့ ဗြိတိန်အဓိကရုဏ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။

အဲလိုနိုင်ငံတွင်း မငြိမ်သက်မှုတွေ၊ ဥရောပသမ္မဂ္ဂနဲ့ ပဠိပက္ခဖြစ်မှုတွေ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်နိမ်နှင်းမှုနဲ့ ယုံကြည်ချက်ကြောင့် ဆန္ဒပြသူတွေကို ဖမ်းဆီးထားမှုတွေ လုပ်နေတဲ့ ဗြိတိန်နိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံလာမည့်ခရီးကို မြန်မာအများစုကတော့ မကြိုဆိုကြဘူးလို့ သိရပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ချိန်မှာတော့ မြန်မာဒီမိုကရေစီ အစိုးရဖက်က ဗြိတိန်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ပြောဖို့ ရှိမရှိတော့ မသိရသေးပါဘူး။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးလာစဉ်က နိုင်ငံတော်သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးသူရရွှေမန်း နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ထံသို့ သွားရောက်တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ရှန်မူဂမ် လည်း သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးခင် အောင်မြင့် အပါအ၀င် အစိုးရအဖွဲ့ဝင်များ၊ သမ္မတ အကြံပေးအဖွဲ့မှ ဦးကိုကိုလှိုင်၊ ရဲမှူးကြီး စစ်အေး(ငြိမ်း)နှင့် ဒေါက်တာ စိန်လှဗိုလ်တို့ကို တွေ့ဆုံခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေး သိသိသာသာ တိုးတက်မှုများကြောင့် ဒီလထဲမှာပဲ ဘီလာရုစ် ဝန်ကြီးချုပ်နဲ့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်တို့လည်း မြန်မာနိုင်ငံကို ရောက်ရှိခဲ့ကြပြီး ကုလသမ္မဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းလည်း နောက်လထဲမှာ လာဖို့ ရှိနေပါတယ်။


မြန်မာနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရန် ဘင်္ဂလားဒေ့ရှ်ဆန္ဒရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေးအတွက် ဆန္ဒရှိနေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကိုလည်း ဝယ်ယူရန်စိတ်ဝင်စားနေကြောင်း ၂၉-၁၁-၂ဝ၁၁ ရက်က သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖာရပ်ခန်း(Faruk Khan) က ၂၅-၁၁-၂ဝ၁၁ ရက်တွင် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာ၌လည်း ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာ ဆီနာ၏ ဒီဇင်ဘာ ၅ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံခရီးစဉ်မြန်မာနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရန် ဘင်္ဂလားဒေ့ရှ်ဆန္ဒရှိနေမတိုင်ခင်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဖာရပ်ခန်းက ရှေ့ပြေးခရီးစဉ်အနေဖြင့်မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဖာရပ်ခန်းမှာ မြန်မာနိုင်ငံ၌ သုံးရက်ကြာနေထိုင်၍နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ကိစ္စများအား ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။ယင်းဆွေးနွေးမှုတွင် ဘဏ်ကိစ္စ၊ စွမ်းအင်ကိစ္စ၊ ကမ်းရိုးတန်းသွားသင်္ဘောကိစ္စ၊ နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းလိုင်းကိစ္စ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် နယ်စပ်ကုန်သွယ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်၍ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းစဉ် ခုနစ်ရပ်ပါ သဘောတူညီချက်ကို နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ နှစ်နိုင်ငံအထက်တန်း ပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလိုက် ခြင်းဖြစ်ကြောင်း၊ ၎င်းစာချုပ်အရ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ 'ဘယ'ခေါ် စိတ်ကြွဆေးပြားထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများကို နှစ်နိုင်ငံပူးတွဲစောင့်ကြည့်၍ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။



ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်တပ်ဖွဲ့များ မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)သို့ ညွှန်ကြားစာ ပေးပို့


ကချင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော် တပ်ဖွဲ့များအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှတစ်ပါး မည်သည့် တိုက်ခိုက်မှုမျိုးကိုမျှ မဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) သို့ ညွှန်ကြားလိုက်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုးပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) သို့ ပေးပို့သော ညွှန်ကြားစာတွင် “ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်သောကြောင့် မြန်မာ့တပ်မတော် တပ်ဖွဲ့များအနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခြင်းမှတစ်ပါး မည်သည့် တိုက်ခိုက်မှုမျိုးကိုမှ ဆောင်ရွက်ခြင်းမပြုရန် တစ်ဖက်တပ်စခန်းများအား ချဉ်းကပ်ခြင်း၊ တပ်များရွှေ့ပြောင်းခြင်း ဆောင်ရွက်ခြင်းမပြုရန်” ဟု ဖော်ပြပါရှိသည်။ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ကလည်း လက်အောက်ခံတပ်များသို့ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များအတိုင်း ဆက်လက် အကြောင်းကြားထားပြီး ဖြစ်ကြောင်း သတင်းရရှိသည်။ “နိုင်ငံတော်သမ္မတရဲ့ အခုလို ညွှန်ကြားချက်ဟာ တကယ့်ကို စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေး ရယူလိုနေတယ်ဆိုတာ ထင်ရှားပါတယ်။ နှစ်ဖက်စလုံးအနေနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် လက်တွဲဆောင်ရွက်စေချင်ပါတယ်။ ကေအိုင်အေအနေနဲ့လဲ ဒါကို အခွင့်အလမ်းကောင်း တစ်ခုအနေနဲ့ သုံးသပ်ယူဆပြီး ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ အရယူသင့်ပါတယ်။ ကျွန်တော်တို့ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးမှသာ ဒီမိုကရေစီရဲ့ အနှစ်သာရကို အားလုံးခံစားနိုင်မှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ္မတသို့ အိတ်ဖွင့်ပေးစာများ စာအုပ်ရေးသားခဲ့သူ အမျိုးသားစာပေဆုရ စာရေးဆရာ မောင်ခိုင်ခန့်က ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကုန်စည်ပြပွဲကျင်းပမည်

ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို တစ်နေရာတည်းတွင် အများပြည်သူများ တွေ့မြင်နိုင်စေရန်၊ ထုတ်ကုန်ပစ္စည်း အရည်အသွေးကိုသိရှိ၍ ပိုမိုတိုးတက် ထုတ်လုပ်နိုင်စေရန်၊ ပြည်သူများအနေဖြင့် ခေတ်နှင့်အညီ ဆန်းသစ်သော နည်းပညာများကို တွေ့မြင်နိုင်စေရန် ရည်ရွယ်ချက်များဖြင့် Yangon International Trade Exhibition 2011 (Including Auto-Mobile Show2011) ကို ရှိုင်းဆောက်လုပ်ရေး လုပ်ငန်း၏ အဓိကပံ့ပိုးမှုဖြင့် ရန်ကုန်မြို့ ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ၌ ဒီဇင်ဘာ ၂၂ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြပွဲတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ အီလက်ထရွန်နစ်နှင့် လျှပ်စစ်ပစ္စည်းအမျိုးမျိုး၊ အဝတ်အထည်နှင့် ဖက်ရှင်အသုံးအဆောင် ပစ္စည်းအမျိုးမျိုး၊ သန့်ရှင်းရေးနှင့် မီးဖိုချောင်သုံး အထွေထွေပစ္စည်းအမျိုးမျိုး၊ မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး၊ ကြမ်းခင်းပစ္စည်း အမျိုးမျိုး၊ ခေတ်မီပရိဘောဂ ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန် ပစ္စည်းအမျိုးမျိုး၊ ဆေးဝါးပစ္စည်းအမျိုးမျိုး၊ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းအမျိုးမျိုးတို့ကို အထူးအစီအစဉ်များအနေဖြင့် မော်တော်ယာဉ် အကျိုးဆောင် ကုမ္ပဏီများနှင့် ပြည်ပမှ မှာယူတင်သွင်းသည့် ကုမ္ပဏီများက ခင်းကျင်းပြသမည်ဖြစ်ရာ ပြပွဲအကြောင်း အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉-၈၆၂၆၀၈၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။





ICBC ကိုယ်စားလှယ်ရုံးခွဲက မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များကို ကမ္ဘာ့ဈေးကွက် ဝင်နိုင်ရန် ဝန်ဆောင်မှုပေးမည်

တရုတ်နိုင်ငံ၏ ကမ္ဘာ့အကြီးဆုံး ဘဏ်တစ်ခုဖြစ်သော ICBC (Industrial and Commercial Bank of China) ဘဏ်သည် မြန်မာနိုင်ငံတွင် ဖွင့်လှစ်လိုက်သော ၎င်းတို့၏ တရုတ်နိုင်ငံ ဘဏ်များတွင် ပထမဆုံး ကိုယ်စားလှယ်ရုံးခွဲမှတစ်ဆင့် ကမ္ဘာ့ဘဏ်အသီးသီးနှင့် ငွေကြေးဆိုင်ရာကိစ္စများ ချိတ်ဆက်လုပ်ဆောင်မှုများကို မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များအတွက် ကူညီပေးမည်ဖြစ်ကြောင်း ၇-၁၂-၂၀၁၁ ရက်က သိရသည်။ အဆိုပါ ကိုယ်စားလှယ်ရုံးခွဲအနေဖြင့် မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များကို စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုနှင့် ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်လိုမှုတို့အတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ပြီး အနာဂတ် အလားအလာများအရ ပြည်တွင်း၌ ဘဏ်ခွဲဖွင့်လှစ်သွားနိုင်ရန်အထိ ရည်ရွယ်ထားကြောင်း သိရသည်။ “လောလောဆယ်မှာ ဘဏ်ရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံမှာ မလည်ပတ်နိုင်သေးပေမယ့် ဘဏ်ကတစ်ဆင့် ချိတ်ဆက်ဝန်ဆောင်မှု ပေးသွားပါမယ်၊ တစ်ဆင့်ခံပုံစံမျိုး ဆောင်ရွက်ပေးသွားမှာပါ” ဟု ICBC ၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ ကျန်းကျင့်ချင်းက ပြောကြားသည်။ “ICBC အနေနဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်လုပ်ငန်း အခြေခံအုတ်မြစ်တွေ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အများကြီး အထောက်အကူပြုလာနိုင်ပါတယ်။ တရုတ်-မြန်မာ ကုန်သွယ်မှုကိုလည်း ဒီကိုယ်စားလှယ်ရုံးက အထောက်အကူ ပြုလာနိုင်ပါလိမ့်မယ်” ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ပြောကြားသည်။ လက်ရှိကာလတွင် ICBC အပါအဝင် စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ဂျပန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ ဘရူနိုင်း အစရှိသော နိုင်ငံများမှ ဘဏ်ကိုယ်စားလှယ် ရုံးခွဲပေါင်း ၁၆ ခုအထိ ဗဟိုဘဏ်က ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။ ICBC မှာ ၎င်း ၁၆ ခုတွင် ကမ္ဘာ့အကြီးဆုံး ဘဏ်ဖြစ်နေပြီး နိုင်ငံနှင့် ဒေသပေါင်း ၃၁ ခုတွင် ဘဏ်ခွဲပေါင်း မြောက်မြားစွာ ရှိနေပြီး အင်အားအတောင့်တင်းဆုံးဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။


ဂျပန်ခုံးတံတားလေးစင်း ရန်ကုန်မှာ သုံးမည်

ရန်ကုန်မြို့မှာ ဂျပန်နိုင်ငံလုပ်ငန်း ခုံးတံတားလေးစင်းကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့က လေးလအတွင်း အပြီးတပ်ဆင် ဆောက်လုပ်သွားမယ်လို့ သိရတယ်။ “ခုံးတံတားတွေရဲ့ အစိတ်အပိုင်းတွေ အကုန်လုံးကို ဂျပန်နိုင်ငံက မှာယူသွားမှာ၊ ပြည်တွင်းမှာ ခုံးကျော်တံတားတွေ တည်ဆောက်တဲ့နေရာမှာလဲ အရင်ကလို ခက်ခက်ခဲခဲ ဆောက်တော့မှာ မဟုတ်ဘဲ မှာယူထားတဲ့ အစိတ်အပိုင်းတွေကိုသာ ဆက်ပြီး ဆောက်သွားမှာ” လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။ ခုံးတံတားတွေ တည်ဆောက်သွားမယ့် နေရာတွေက ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီးမှာ တစ်ခု၊ တာမွေအဝိုင်းအနီးမှာ တစ်ခု၊ ရွှေဂုံတိုင်မှာ တစ်ခုနဲ့ ဘုရင့်နောင်တံတားအနီးမှာ တစ်ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ခုံးတံတားတွေ တည်ဆောက်ရာမှာ ဂျပန်နိုင်ငံကလာတဲ့ တံတားအစိတ်အပိုင်းတွေကို ပြည်တွင်းမှာ အဆင်သင့် တပ်ဆင်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ခုံးတံတား လေးစင်းလုံးကို ၂၀၁၂ ခုနှစ် မတ်လအပြီး ဆောက်လုပ်သွားမှာ ဖြစ်ပြီး လူရော ကားပါ သွားလို့ရမှာ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။


ဂျပန်နိုင်ငံမှ စီးပွားကူးသန်းဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်မည်

ဂျပန်နိုင်ငံမှ စီးပွားကူးသန်းဝန်ကြီး မြန်မာနိုင်ငံသို့ မကြာမီ လာရောက်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဒီဇင်ဘာလ ၁၁ ရက်နေ့က ကျင်းပသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံအနေဖြင့် မကြာမီ လက်ခံကျင့်သုံးရမည့် AFTA အတွက်ဖြစ်စေ၊ ၀င်ရောက်လာမည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက်ဖြစ်စေ ကြိုတင်ပြင်ဆင်မှုများ ယခုထက်များစွာ ပြုလုပ်ရမည့်အပေါ် ပြောကြားရာ၌ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ''ဂျပန် စီးပွား/ကူးသန်း ၀န်ကြီး မကြာခင် လာရောက်မယ်။ ကျန်တဲ့နိုင်ငံတွေကလည်း လာဖို့ရှိပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ပို့ကုန်သွင်းကုန်ဘဏ် (Exim Bank) လာတည်ထောင်ချင်တယ်ဆိုပြီး ဆွေးနွေးလာတဲ့သူတွေလည်း ရှိပါတယ်'' ဟု အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့ကြောင်း ၂၀၁၁  ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

မြန်မာနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရန် ဘင်္ဂလားဒေ့ရှ်ဆန္ဒရှိနေ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံနှင့် ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော် ထုတ်လုပ်ရေးအတွက် ဆန္ဒရှိနေကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကိုလည်း ဝယ်ယူရန်စိတ်ဝင်စားနေကြောင်း ၂၉-၁၁-၂ဝ၁၁ ရက်က သိရသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဖာရပ်ခန်း(Faruk Khan) က ၂၅-၁၁-၂ဝ၁၁ ရက်တွင် မြန်မာနိုင်ငံစွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာ၌လည်း ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာ ဆီနာ၏ ဒီဇင်ဘာ ၅ရက်မှ ၇ ရက်အထိ မြန်မာနိုင်ငံခရီးစဉ်မြန်မာနှင့်ပူးပေါင်းပြီး ရေနံတူးဖော်ရန် ဘင်္ဂလားဒေ့ရှ်ဆန္ဒရှိနေမတိုင်ခင်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဖာရပ်ခန်းက ရှေ့ပြေးခရီးစဉ်အနေဖြင့်မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်းသိရသည်။

ယင်းခရီးစဉ်တွင် ဘင်္ဂလားဒေ့ရှ်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဖာရပ်ခန်းမှာ မြန်မာနိုင်ငံ၌ သုံးရက်ကြာနေထိုင်၍နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ကိစ္စများအား ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း သိရသည်။ယင်းဆွေးနွေးမှုတွင် ဘဏ်ကိစ္စ၊ စွမ်းအင်ကိစ္စ၊ ကမ်းရိုးတန်းသွားသင်္ဘောကိစ္စ၊ နှစ်နိုင်ငံတိုက်ရိုက်လေကြောင်းလိုင်းကိစ္စ၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့် နယ်စပ်ကုန်သွယ်ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့ပြင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်၍ မူးယစ်ဆေးဝါးနှိမ်နှင်းရေးလုပ်ငန်းစဉ် ခုနစ်ရပ်ပါ သဘောတူညီချက်ကို နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ နှစ်နိုင်ငံအထက်တန်း ပုဂ္ဂိုလ်များက လက်မှတ်ရေးထိုးလိုက် ခြင်းဖြစ်ကြောင်း၊ ၎င်းစာချုပ်အရ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ 'ဘယ'ခေါ် စိတ်ကြွဆေးပြားထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများကို နှစ်နိုင်ငံပူးတွဲစောင့်ကြည့်၍ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။


ကောလိပ်ကျောင်း ငါးကျောင်း၌ ပထမနှစ်ကျောင်းသားများ အခမဲ့ သင်ကြားခွင့်ရပြီ

မြန်မာနိုင်ငံအတွင်းရှိ ကောလိပ်ကျောင်း ငါးကျောင်းတွင် ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ အခမဲ့ ပညာသင်ကြားခွင့် ရရှိပြီဖြစ်ကြောင်း သန်လျင်သမဝါယမ ဒီဂရီကောလိပ်မှ ၇.၁၂.၂၀၁၁ ရက်က သိရသည်။ ယင်းသို့ အခမဲ့ သင်ကြားခွင့်စနစ်ကို ယခုလာမည့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်က စတင်ခြင်းဖြစ်ပြီး ကျောင်းဝင်ကြေး၊ မှတ်ပုံတင်ကြေး၊ အားကစားကြေး၊ လက်တွေ့ခန်းကြေး၊ ကျောင်းလခ စသည်တို့အတွက် အခမဲ့ဖြစ်ကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူတစ်ဦးလျှင် ကျောင်းဝင်ကြေးနှင့် အခြားအကြောင်းအရာများအတွက် တစ်နှစ်လျှင် ၁၆၅၀၀ ကျပ် ပေးသွင်းရသည်ကို မကောက်ခံတော့ဘဲ အခမဲ့ သင်ကြားခွင့်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာတစ်နိုင်ငံလုံးတွင် အခမဲ့ သင်ကြားခွင့်ရသော ကောလိပ်ကျောင်း ငါးကျောင်းမှာ သန်လျင်သမဝါယမ ဒီဂရီကောလိပ်၊ တောင်ကြီးသမဝါယမ ကောလိပ်၊ စစ်ကိုင်းသမဝါယမ ကောလိပ်၊ မန္တလေးသမဝါယမ ကောလိပ်၊ ပုံဂံယွန်းပညာ ကောလိပ်တို့ဖြစ်ပြီး ၄င်းကျောင်းများတွင် ကျောင်းသားဦးရေ ၁၈၀၀ ကျော်ရှိကြောင်း ယင်းကျောင်းသူ၊ ကျောင်းသားများ တစ်နှစ်လျှင် ပေးသွင်းရမည့် ငွေပမာဏမှာ ငွေကျပ် သိန်း ၃၀၀ ကျော်ရှိကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။


ပြည်သူ့ရင်ပြင်ရှိ ရေပန်းရုပ်ရှင်ကို ခြောက်လအတွင်း ဖွင်လှစ်ရန်မျှော်မှန်း ပရိသတ်၁ဝဝဝဆံ့ ပွဲကြည့်စင်တည်ဆောက်မည်

ပြည်သူ့ရင်ပြင်အတွင်းရှိ ရေပန်းရုပ်ရှင်ကို ခြောက်လအတွင်း ဖွင့်လှစ်ရန်မျှော်မှန်းထားပြီး ၎င်းရေပန်းရုပ်ရှင်အားကြည့်ရှုရန် ပရိသတ် ၁ဝဝဝ ဆံ့ပွဲကြည့်စင် တည်ဆောက်မည်ဖြစ်ကြောင်း Natural World ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ၂၃-၁၁-၂ဝ၁၁ ရက်တွင်ပြောကြားသည်။''ရေပန်းရုပ်ရှင်ကို စင်ကာပူက ဆန်တိုဆာမှာ ပြုလုပ်ချက်အတိုင်း လုပ်သွားမှာပါ။ ရေပန်းရုပ်ရှင်အတွက် ရေပန်းတပ်ဆင်မှုပြီး သွားပေမယ့်၊ ပွဲကြည့်စင်ရယ်၊ ရေပန်းကနေ မီးထပေါက်တာ ဒီနှစ်မျိုးကျန်သေးတယ်။ ရေပန်းရုပ်ရှင်ကို ကွန်ပျူတာစနစ်နဲ့ ထိန်းချုပ်ထားတာဖြစ်ပြီး ပြည်တွင်း ပြည်ပပညာရှင်တွေကပူးပေါင်းဆောင်ရွက်နေတာပါ'' ဟုယင်းကပြောသည်။ လက်ရှိ ရေပန်းရုပ်ရှင်ဖွင့်လှစ်ရေးအတွက် သံစဉ်ရေပန်းစီစဉ်မှု ပြီးစီးသွားသော်လည်း ဘေးပတ်ဝန်းကျင်အလှဆင်မှုများ ပြီးစီးရန်လိုအပ်နေသေးကြောင်း၊ ရေပန်းရုပ်ရှင်အတွက်လိုအပ်သည့်ပစ္စည်းများကို စင်ကာပူနှင့် တရုတ်မှ တင်သွင်းခြင်းဖြစ်ကြောင်းသိရသည်။

''ရေပန်းရုပ်ရှင်က ညဘက်မှာ ကြည့်ဖို့အဆင်ပြေတယ်။ နေ့ဘက်ကျတော့ ကြည့်ဖို့အဆင်မပြေတဲ့အတွက် ရေပန်းရုပ်ရှင်ဖွင့်ပြီးရင် ကစားကွင်းပိတ်ချိန်ကိုလည်း တိုးမြှင့်သွားမှာပါ။ ရေပန်းရုပ်ရှင်မှာ lighting တွေ performance တွေပါမယ်။ ရေပန်းရုပ်ရှင်ကို သေချာကြည့်ရှုနိုင်ဖို့ ပွဲကြည့်စင်ကိုလည်း ဆောက်သွားမယ်။ ပစ္စည်းတွေကတော့ ရောက်နေပါပြီ'' ဟု ယင်းက ပြောသည်။ ပြည်သူ့ရင်ပြင်ကစားကွင်း၌ လက်ရှိကစားနည်း ကိုးလက်ရှိကစားနည်းကိုးနည်းရှိပြီး ထပ်မံ၍လည်း ကစားနည်းများ ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ အလှမွေးငါးကန်၊ အပျော်တမ်း ငါးဖမ်းကန်များကိုပါ တစ်ပြိုင်တည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။


ပဉ္စမအကြိမ်မြောက် ပြင်ဦးလွင် အမျိုးသား ကန်တော်ကြီး ဥယျာဉ် ပန်းပွဲတော် နိုင်ငံတကာ အဆင့်မီ စည်ကား သိုက်မြိုက်စွာ ကျင်းပ

နှစ်စဉ်ကျင်းပမြဲဖြစ်သော ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်၊ ပဉ္စမအကြိမ်မြောက် ပန်းပွဲတော်ကြီးကို ဒီဇင်ဘာ၁ ရက်မှ ဒီဇင်ဘာလ ၂ဝ ရက်အထိ ယခင်ပန်းပွဲတော်နှင့်မတူ နိုင်ငံတကာအဆင့်မီ ပန်းပွဲတော်ဖြစ်စေရေး အထူးအစီအစဉ်ဖြင့် ထူးခြားဆန်းပြားသော ပန်းပြကွက်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ယခုအခါ ပြင်ဦးလွင်သို့ ကမ္ဘာလှည့်ခရီးသည်များ ယခင်နှင့်မတူဘဲ ထူးထူးခြားခြား အဝင်အထွက်တိုးတက် များပြားလာသည်နှင့်အမျှ အမျိုးသားကန်တော်ကြီး ဥယျာဉ်မှာလည်း ကမ္ဘာလှည့်ခရီးသည်များအတွက် အဓိကကျသော နေရာဌာနတစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ပြီိဖြစ်သည်။

ယခုကျင်းပမည့် ပန်းပွဲတော်ဥယျာဉ် ဧရိယာအတွင်းသို့ ပန်းမန်သစ်ပင်များကိုလည်း ပန်းပွဲတော်အမီ သုံးလခန့်အချိန်ယူ၍ အကောင်းဆုံးနှင့် အထူးခြားဆုံးဖြစ်အောင် ပြင်ဆင်ထားသည်။ထို့ပြင် ပန်းပွဲတော်ဧရိယာအတွင်းလေ့လာကြည့်ရှုနိုင်ရန် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံတို့မှ မှာယူတင်သွင်းခဲ့သော မျိုးစေ့များမှ စိုက်ပျိုးရရှိထားသော ထူးခြားဆန်းပြားသည့် ပန်းပြကွက်များအပြင် နိုင်ငံခြားမျိုးနှင့် ဒေသမျိုးစုစုပေါင်း ပန်းမျိုး၎ဝ နှင့်အတူ ပန်းပြကွက်အတွင်း စုစုပေါင်း ပန်းပွင့်အရေအတွက် ၂၅ဝဝဝဝ ကိုလည်း အနုပညာ မြောက်စွာဖြင့် ခင်းကျင်းပြသထားသည့်အပြင် အထူးအစီအစဉ်အဖြစ် ဥယျာဉ် အတွင်းရှိသစ်ခွပန်းခြံကိုလည်း ပန်းပွဲတော်လာပရိသတ်များ စိတ်ဝင်စားစေရန် ခင်းကျင်းပြသထားသည်။

ပန်းပွဲတော်သို့ လာရောက်ကြသောပရိသတ်များအတွက် ဖျော်ဖြေရေးအစီအစဉ်အဖြစ် ၁၇-၁၂-၂ဝ၁၁ ရက်တွင် IronCross တေးဂီတအဖွဲ့နှင့်အတူ အဆိုတော်များဖြစ်ကြသော လေးဖြူ၊ အငဲ၊ ဝိုင်ဝိုင်း၊မျိုးကြီး၊ ၁၈-၁၂-၂ဝ၁၁ ရက်တွင် Metal Zone ဂီတအဖွဲ့နှင့်အတူ Rဇာနည်၊ လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ရဲလေး၊ အောင်လ၊ အေသင်ချိုဆွေ၊ ချမ်းချမ်း၊ အိမ့်ချစ်တို့ကလည်း ပန်းပွဲတော်ညနေ ဆည်းဆာဂီတပွဲအဖြစ် ကျင်းပသွားမည်ဖြစ်သည်။ယမန်နှစ် စတုတ္ထအကြိမ်မြောက် ပန်းပွဲတော်ကာလအတွင်း ပြည်တွင်းပြည်ပမှ ဧည့်ပရိသတ်ပေါင်း နှစ်သိန်းကျော်ခန့် လာရောက်ခဲ့ပြီး ယခုကျင်းပမည့် ပဉ္စမအကြိမ်မြောက် ပန်းပွဲတော်၏ ထူးခြားစွာပြင်ဆင်ထားမှုကြောင့် ပြည်တွင်းပြည်ပမှ ဧည့်ပရိသတ် ယမန်နှစ်ကထက် ပိုမိုလာရောက်လိမ့်မည်ဟုခန့်မှန်းထားကြောင်း ထူးကုမ္ပဏီများအုပ်စု၊ တိရစ္ဆာန်ဥယျာဉ်နှင့် ပန်းဥယျာဉ်များလုပ်ငန်းမှ ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောကြားသည်။


အနုပညာရှင်များ စင်ကာပူသို့ သွားရောက် ဖျော်ဖြေခဲ့

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ သျှန်ထွဏ်း (မြန်မာစာ)၊ သရုပ်ဆောင် မြင့်မြတ်၊ စွမ်း၊ မို့မို့မြင့်အောင်၊ ဝါဆိုမိုးဦး၊ ဂျူဂျူးကေ၊ နိုနိုကေနှင့် အခြားဟာသ သရုပ်ဆောင်များ ပါဝင်သည့် မြန်မာ အနုပညာရှင်များ အဖွဲ့သည် ၁၃-၁၁-၂ဝ၁၁ ရက်က စင်ကာပူနိုင်ငံတွင် သွားရောက် ဖျော်ဖြေ ခဲ့ကြောင်း သိရပြီး မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည် ရောက်ရှိ လာကြောင်း သိရသည်။

အဆိုပါ ခရီးစဉ်နှင့် ပတ်သက်ပြီး မော်ဒယ်လ် သရုပ်ဆောင် ဂျူဂျူးကေက ''သမီးတို့ ဒီကနေ  ၁၂ ရက်နေ့က သွားပြီး ရောက်ရောက်ချင်း ညနေ ၃ နာရီလောက်မှာ ပရိသတ်များနဲ့ အတူ ဓာတ်ပုံရိုက်ခြင်း၊ အမှတ်တရ လက်မှတ် ရေးထိုးခြင်းများနဲ့ အတူ ပွဲလက်မှတ်များကို ရောင်းချခဲ့ ပါတယ်။ လက်မှတ် နှုန်းထားတွေကတော့ စင်ကာပူ ဒေါ်လာ ၄၅၊ ၃၅၊ ၂၅ စသဖြင့် သတ်မှတ်ထား ပါတယ်။

သမီးရယ်၊ ဝါဆိုမိုးဦး၊ နိုနိုကေ၊ ဧကရီဆုစံတို့က စွမ်းနဲ့အတူ နှစ်ပါးသွား ကခဲ့ပါတယ်။ နောက်ပြီး ဆရာမောင်မျိုးမင်း (ရင်တွင်းဖြစ်) ဦးဆောင်တဲ့ ပြဇာတ်ကို မမို့၊ ကိုမြင့်မြတ်နဲ့  တခြား အနုပညာရှင်များ က ဖျော်ဖြေခဲ့ကြ ပါတယ်။ ၁၄ ရက်နေ့မှာ ရှော့ပင်း ထွက်ပြီး မြန်မာနိုင်ငံကို ၁၅ ရက်နေ့မှာ ပြန်လည် ရောက်ရှိခဲ့ ပါတယ်။ ဖျော်ဖြေပွဲမှာ မြန်မာပရိသတ် အတော်များများ လာရောက် အားပေးခဲ့ကြ ပါတယ် '' ဟု ပြောကြား ခဲ့သည်။




Libyan rebel fighters celebrate as they drive through Tripoli's Qarqarsh district August 22, 2011. (Bob Strong/Reuters)

A Libyan rebel fighter fires at positions held by regime forces during the battle for control of Zawiya, west of Tripoli, on August 19, 2011. (Florent Marcie/AFP) #

Libyan rebel fighters react after gaining positions against regime forces in Zawiya on August 19, 2011. (Florent Marcie/AFP) #

Pictures of Libyan leader Moammar Khadafy decorate the walls of the Zawiya hospital as rebel fighters fire at regime forces taking shelter inside on August 19, 2011. (Florent Marcie/AFP) #

Suspected members of the Libyan regime forces are rounded up in a truck by rebel fighters in Zawiya on August 19, 2011. (Florent Marcie/AFP) #

Libyan rebels celebrate after gaining positions against regime forces in Zawiya on August 19, 2011. (Florent Marcie/AFP) #

Libyan rebel fighters carry a comrade who was shot by a sniper in Zawiya as rebel forces staged an assault on regime forces in the city's main square on August 19, 2011. (Marc Hofer/AFP/Getty Images) #

A man takes pictures of the bodies of pro-Khadafy soldiers killed when rebel fighters seized control of the center of the strategic coastal city of Zawiyah on August 20, 2011. (Bob Strong/Reuters) #
A young boy who suffered a broken arm in a missile attack stands at the entrance to the main teaching hospital after Libyan rebel fighters pushed pro-Khadafy soldiers out of Zawiyah on August 20, 2011. (Bob Strong/Reuters) #

A doctor views the damage to the main teaching hospital after Libyan rebel fighters pushed pro-Khadafy soldiers out of Zawiyah on August 20, 2011. (Bob Strong/Reuters) #

Libyan rebels run for cover during fighting against regime forces near the Gadayem forest, west of Tripoli, on August 21, 2011. (Filippo Monteforte/AFP/Getty Images) #

A Libyan rebel runs for cover during fighting against regime forces near the Gadayem forest, west of Tripoli, on August 21, 2011. (Filippo Monteforte/AFP/Getty Images) #

--


--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/


Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


ကွန်ပျူတာနည်းပညာမှတ်စု
http://mee-pya-tite.blogspot.com/


ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
http://mdsng.blogspot.com/
 

နေ့စဉ် မြန်မာအီးမေးများ
http://myanmardailymail.blogspot.com/

 
မြန်မာ Blog များအားလုံး
http://allmyanmarblogs.blogspot.com/


မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
 

နားဆင်စရာ
http://myl6.blogspot.com/


ဖတ်စရာ
http://7comrades.blogspot.com/


MIET တက္ကသိုလ်ကျောင်းသားများ Forum
http://mietforum.ning.com/


နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmar...@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsub...@googlegroups.com သို့ အီးမေးပို့ပါ။
http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  ad...@mee-pya-tite.comforall...@gmail.com နှင့် simplev...@googlemail.com များသို့ ဆက်သွယ်ပါ။



Reply all
Reply to author
Forward
0 new messages