ဆားဝက်ခြံအကြောင်း

96 views
Skip to first unread message

7greendays

unread,
Dec 10, 2011, 12:04:24 PM12/10/11
to all_life...@googlegroups.com
မှန်ကြည့်တိုင်း ဆားဝက်ခြံတွေကြောင့် စိတ်ညစ်မနေနဲ့တော့နော်။
ဆားဝက်ခြံကို လက်ပြနှုတ်ဆက်နိုင်မယ့် နည်းလမ်းလေးတွေရှိပါတယ်။
ပထမဆုံးအနေနဲ့ ဆားဝက်ခြံဆိုတာ ဘာလဲဆိုတာကို လေ့လာကြရအောင်။

ဆားဝက်ခြံ တွေဟာလည်း ၀က်ခြံတွေလိုပါပဲ…… အဆီပိုတွေကြောင့် ဖြစ်လာရတာပါ။
အဆီပိုတွေဟာ ချွေးပေါက်ထဲမှာ ပိတ်မိနေပြီး ဆဲလ်အသေတွေနဲ့
ပေါင်းစပ်သွားပါတယ်။ အဲဒီကမှတဆင့် မယ်လနင်တွေ ဓာတ်တိုးပြီး မဲမဲအဆံလေးတွေ
အဖြစ် တွေ့မြင်ကြရတာပါ။ အဆီပြန်တဲ့အသားအရေရှိသူတွေနဲ့ ပေါင်းစပ်အသားအရေ
ရှိသူတွေမှာ တွေ့ရပါတယ်။ ကဲ.. ဆားဝက်ခြံ ဘာကြောင့် ဖြစ်သလဲဆိုတာကို
သိပြီဆိုတော့ ဆားဝက်ခြံတွေကို ကာကွယ်ဖို့၊ ဖယ်ရှားဖို့
နည်းလမ်းရှိသွားပါပြီ။ လွယ်လွယ်လေးပါ.. သင့်ချွေးပေါက်ထဲက အဆီပိုတွေနဲ့
ဆဲလ်အသေတွေကို မှန်မှန်ဖယ်ရှားပေးရင်ရပါပြီ။


ဆားဝက်ခြံလေးတွေကို အလွယ်တကူ တိုက်ထုတ်ကြမယ်….

- ရေနွေးနွေးလေးနဲ့တစ်ရက်ကို အနည်းဆုံး (၂)ကြိမ် မျက်နှာသစ်ပါ။
ဆားဝက်ခြံတွေကို အစပျိုးပေးတဲ့ အဆီပိုတွေ မရှိအောင်ပေါ့။ ကိုယ့်
အသားအရေနဲ့ သင့်တော်မယ့် Facial Foam ကို သုံးပေးပါ။

- ချွေးပေါက်ကျဉ်းပြီး အသားအရေ တင်းရင်းလှပနေစေဖို့ Toner ကောင်းကောင်း
သုံးဖို့လည်း မမေ့နဲ့နော်။

- Oil Free Moisture ကိုပဲ သုံးပါ။

- ဆားဝက်ခြံတွေကို မမြင်ရအောင်မိတ်ကပ် အထူကြီးလိမ်းမလို့လား။
မလုပ်လိုက်နဲ့နော်..။ မိတ်ကပ် ထူထူလိမ်းရင် ချွေးပေါက်တွေပိတ်ပြီးတော့
ပိုဆိုးလာမှာ သေချာတယ်။ Oil Free Make-UP ကိုရွေးချယ်ပါ။ အဆီပြန်ပြီး
ဝက်ခြံ၊ ဆားဝက်ခြံ ရှိသူတွေက မိတ်ကပ်ကိုလိမ်းတာ နည်းလေ ကောင်းလေပါဘဲ။ The
Fewer you put on your face,the better!

- မိတ်ကပ်တွေ အကုန်ဖျက်ပြီးမှ အိပ်ရာဝင်ဖို့လည်း မမေ့နဲ့နော်။

- ရေကို အနည်းဆုံးတစ်နေ့ကို ရှစ်ဖန်ခွက်သောက်ပါ။ ကျန်းမာတဲ့
အသားအရေဖြစ်လာဖို့ ရေဓာတ်ကလည်း အရမ်းအရေးကြီးတယ်လေ။

- သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားဖို့လဲ လိုတယ်နော်။

- Mild Facial Scrub နဲ့ တစ်ပတ်ကိုနှစ်ကြိမ် မျက်နှာသစ်ပါ။ အဆီပိုတွေ၊
ဆဲလ်သေတွေနဲ့ ဆားဝက်ခြံတွေကို ဖယ်ရှားပေးပြီး အသားအရေကို
ညီညာချောမွေ့စေပါတယ်။ Scrub နဲ့ မျက်နှာကို သန့်စင်တဲ့အခါမှာ
စက်ဝိုင်းပုံ ညင်ညင်သာသာ လေးတော့ နှိပ်ပေးဖို့တော့ လိုပါတယ်။ သတိထားရမှာက
အပြင်းစား Scrub တွေကို မသုံးမိဖို့နဲ့၊ မျက်နှာကို ညင်ညင်သာသာ
ကိုင်တွယ်ဖို့ပါ။

- အိမ်မှာလုပ်နိုင်တဲ့ Scrub နည်းလေးတွေလဲ ရှိပါတယ်။

* ဆန်အနည်းငယ်ကို နွားနို့ထဲမှာ (၄) နာရီခန့် စိမ်ထားပါ။

* ထို့နောက် ကြိတ်ပြီးရလာတဲ့ အနှစ်ကို Scrub အဖြစ်သုံးနိုင်ပါတယ်။

- တစ်ပတ်ကို တစ်ခါ မျက်နှာပေါင်းတင်ပါ။ အဆီပြန်သူတွေ အတွက်တော့ ရွှံ့စေး
မျက်နှာပေါင်းတင်ဆေး ဟာ အကောင်းဆုံးပါပဲ။ အလွန်အကျွံမသုံးမိဖို့
တော့လိုတယ်နော်။

- ဆားဝက်ခြံတွေကို ဖယ်ရှားပေးနိုင်တဲ့ ကပ်ခွာလေးတွေ ကိုလည်း အသုံးပြုနိုင်ပါတယ်။

- ဆားဝက်ခြံတွေကို ညှစ်တတ်တဲ့ သူတွေကတော့ မညှစ်ခင်မှာ မျက်နှာကို
ရေနွေးငွေ့ခံပေးပါ။ သန့်ရှင်းတဲ့လက်နဲ့ တစ်ရှုး (သို့)
ဝါဂွမ်းကိုသုံးပြီး ညင်သာစွာညှစ်ပါ။ အားမသုံးရဘူးနော်။ အားသုံးရင်
ဆားဝက်ခြံလေးတွေက ထွက်မလာဘဲ အထဲကိုပိုဝင်သွားပြီး ပိုဆိုးနိုင်ပါတယ်။
လက်တွေ၊ တစ်ရှုးတွေ၊ ၀ါဂွမ်းတွေက မသန့်ရင်လည်း ပိုးဝင်နိုင်လို့
သန့်ရှင်းမှုကိုလည်း ဂရုစိုက်ဖို့လိုပါတယ်။

- ပြီးတော့ ညှစ်ထုတ်လို့ မရရင်လည်း အတင်းမရမကညှစ်ဖို့တော့
မကြိုးစားနဲ့နော်။ နာနာတွေဖြစ်ပြီး လှလှတွေ ပျက်သွားနိုင်တယ်လေ။

- တကယ်လို့ ဆားဝက်ခြံတွေဟာ အရေပြားရဲ့ အတွင်းကျတဲ့နေရာမှာ ရှိမယ်၊
အရမ်းဆိုးမယ်ဆိုရင် အရေပြားဆရာဝန်ကိုပဲ အားကိုးရပါလိမ့်မယ်။


ဆားဝက်ခြံအတွက် သဘာဝ နည်းလမ်းကောင်းများ

- ခရမ်းချဉ်သီးကို ပျစ်သွားတဲ့အထိ ကြိတ်ချေပြီး ဆားဝက်ခြံ
ရှိတဲ့နေရာပေါ်မှာ ၁၅ -၂၀ မိနစ်ခန့်ထားပြီးနောက် ရေနွေးနွေးလေးနဲ့
ဆေးပေးရပါမယ်။ ပြီးရင် ဒီတိုင်းပဲထားနော်။ Moisturizer ကို
ချက်ချင်းမလိမ်းရဘူး။

- ပျားရည်ကို နွေးနွေးလေးဖြစ်အောင် အပူပေးပြီး ဆားဝက်ခြံရှိတဲ့နေရာမှာ ၁၅
-၂၀ မိနစ်ခန့်ထားပြီး ရေနွေးလေးနဲ့ ဆေးချပါ။ ဒီနည်းလေးဟာ
လူသုံးများပြီးအလွန်ထိရောက်မှုရှိပါတယ်။

- မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေနှင့် ဆတူရောစပ်ပါ။ ရလာတဲ့အနှစ်ကို
မျက်နှာပေါ်တင်ပြီး မိနစ်အနည်းငယ် ညင်သာစွာ ပွတ်ပေးပါ။ ထို့နောက်
ရေနွေးလေးနဲ့ ဆေးချပါ။

- ထူးဆန်းတဲ့နည်းလေးလည်း ရှိသေးတယ်နော်။ အမြှပ်ထအောင် ခေါက်ထားတဲ့
ကြက်ဥအကာကို ဆားဝက်ခြံရှိတဲ့နေရာတွေပေါ်မှာ လိမ်းလိုက်ပြီး အပေါ်က
တစ်ရှုးလေးကပ်လိုက်ပါ။ နာရီဝက် ဒါမှမဟုတ် ခြောက်သွားတဲ့အခါ
ဖြေးဖြေးလေးဆွဲခွာပြီး ရေနွေးလေးနဲ့ မျက်နှာသစ်လိုက်ရင် Ok ပြီ။

Myanmar Sky Link (Myanmar Health & Beauty Website) မှ
ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

**************************************************************

7gree...@googlegroups.com သို့  ပေး ပို့  လို သော Email များ ပို့ 
နိုင် ပါ သည်၊
7 Greendays Google group သို့  လည်း Member ၀င် ရောက် နိုင် ပါ သည်၊ 7
Greendays Google group တွ င် နည်း ပညာ ။ ရ သ ဆောင် ပါး ။ အ လှ အ ပ ဆိုင်
ရာ များ ။ Online shopping mall ။ ပညာ ရေး နှင့် ဆိုင် သော ဆောင်း ပါး
များ အား Member ၀င် ခြင်း ဖြင့် ဖတ် ရှု နိုင် ပါ သည်၊

Member များ ၀င် ရောက် လည် ပတ် နိုင် ရန် >>
http://groups.google.com/group/7greendays


**************************************************************

Reply all
Reply to author
Forward
0 new messages