ပြည်တွင်းအင်တာနက် ကောင်းမွန်ရန် နိုင်ငံတကာ ဆက်ကြောင်းတစ်ခုနှင့် ချိတ်ဆက်ရန် စီစဉ် |
အင်တာနက်
ဆက်သွယ်မှုတွင် နိုင်ငံတကာနှင့် ဆက်သွယ်မှုများ ပိုမိုကောင်းမွန်
အဆင်ပြေစေရေးအတွက် နိုင်ငံတကာပင်လယ်ရေအောက် အင်တာနက်ဆက်ကြောင်းသစ်တစ်ခု
ထပ်မံတိုးချဲ့ ချိတ်ဆက်သွားရန် စီစဉ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။ “SEW-ME-WE-4 ဖြစ်မလား၊ ၅ ဖြစ်မလားတော့
မသိဘူး။ ပိုပြီး ဆက်သွယ်ရေး အဆင်ပြေစေဖို့အတွက် ပူးပေါင်းဆောင်ရွက်ဖို့
ရှိပါတယ်။ အခုလို လက်ရှိအသုံးပြုနေတဲ့ တစ်ခုတည်းသော အာရှ-ဥရောပ
ရေအောက်ကေဘယ်လ် ဆက်သွယ်ရေးလုပ်ငန်း SEA-ME-WE-3 တစ်ခုတည်းကို
အားကိုးနေရတော့ ဒါပျက်သွားရင် အခြားလိုင်းတွေ မရှိတော့ အခက်အခဲတွေ
ဖြစ်တာပေါ့။ ဒါကြောင့် ဒုတိယဆက်သွယ်ရေး ဆက်ကြောင်း တစ်ခုအဖြစ်နဲ့
အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။ လက်ရှိ သုံးစွဲနေသော
အာရှ-ဥရောပ ရေအောက်ကေဘယ်လ် ဆက်သွယ်ရေး SEA-ME-WE-3 ကေဘယ်လ်တွင်
ချို့ယွင်းချက်များကို ပြည်တွင်း၌ ပြင်ဆင်ပြီးသွားပြီဖြစ်ကြောင်းနှင့်
အခြားအာရှတိုက်နေရာများမှာတွင်မူ ပြင်ဆင်နေကြောင်း၊ ပြင်ဆင်ပြီးပါက
အင်တာနက် ဆက်သွယ်မှု ပြန်ကောင်းလာနိုင်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅
ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
e-Ticket စနစ်အကောင်အထည်ပေါ်ပါက လေယာဉ်လက်မှတ်များ ၂၄ နာရီပတ်လုံး ၀ယ်ယူနိုင်လာမည်ဟုဆို |
ပြည်တွင်းလေကြောင်းခရီးစဉ်များ၏ လေယာဉ်လက်မှတ်များအား e-Ticket စနစ်ဖြင့် ၀ယ်ယူမည်ဆိုပါက (၂၄) နာရီပတ်လုံး ၀ယ်ယူနိုင်လာမည်ဖြစ်ကြောင်း သိရသည်။ e-Ticket စနစ်နှင့်ပတ်သက်၍ Nice Fare Travel Co.,Ltd ၏ လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးက “ပြည်ပကလူတွေ အလွယ်တကူဝယ်လို့ရမှာပါ။ လက်ရှိကာလထက် ရောင်းအားပိုကောင်းလာနိုင်ပါတယ်။ e-Ticket ဆိုတော့ လက်မှတ်အရောင်းကိုယ်စားလှယ်တွေအနေနဲ့ ပြည်ပကို အလွယ်တကူလှမ်းပို့လို့ရတယ်။ ပြည်ပကနေပြီးတော့လည်း ဒီကခရီးသွားလုပ်ငန်းတွေနဲ့ချိတ်ပြီး e-Ticket နဲ့ဝယ်လို့ရတယ်” ဟု သုံးသပ်ပြောပြသည်။ ၎င်းစနစ်မှာ နိုင်ငံတကာတွင် တွင်ကျယ်နေသောစနစ်ဖြစ်၍ ပြည်တွင်း၌ အကောင်အထည်ပေါ်လာမည်ဆိုပါက ရလဒ်ကောင်းများစွာရှိလာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။အဆိုပါစနစ်ကို အကောင်အထည်ဖော်ခြင်းအားဖြင့် အွန်လိုင်းမှ ၂၄ နာရီပတ်လုံး လေယာဉ်လက်မှတ်ဝယ်ယူနိုင်ခြင်း၊ ၀ယ်ယူရာတွင် လူကိုယ်တိုင်လာရောက်စရာမလို၍ အချိန်ကုန်သက်သာခြင်း၊ ပြုပြင် ပြောင်းလဲ၍ လွယ်ကူခြင်း အစရှိသည့် အကျိုးရလဒ်များရရှိမည့်အပြင် မသမာမှုအချို့လည်း ပေါ်ပေါက်လာနိုင်ဖွယ်ရှိကြောင်း မြန်မာ့လေကြောင်းမှ တာဝန်ရှိသူတစ်ဦး ကပြောကြားသည်။ “လေယာဉ် လက်မှတ်ဝယ်တဲ့လူကိုယ်တိုင် စီးတယ်မစီးဘူးဆိုတာ လေယာဉ်ထွက်တဲ့နေ့မှသိရမှာမို့လို့ လိမ်လည်မှုအချို့ရှိလာမှာကိုလည်း ဂရုစိုက်ရမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။ ပုံမှန်လေယာဉ်လက်မှတ်ကဲ့သို့ ပျောက်ဆုံးခြင်း၊ ရေစိုပျက်စီးခြင်းတို့ ရှိမည်မဟုတ်ဘဲ e-Ticket ပျောက်ဆုံးသွားပါကလည်း Ticket နံပါတ်ပြောပြ၍ စီးနှင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရေးသားသူ - ထွန်းထွန်း |
ဂျီအက်စ်အမ် အင်တာနက်သုံးစွဲခြင်းကို အသုံးပြုသူများနားမလည်ဟုဆို |
![]() |
ဂျပန် မော်တော်ကား ကုမ္ပဏီ Toyotaသည်
မိုဘိုင်းလ်ဖုန်းနှင့် Tabletကွန်ပျူတာများတွင် အသုံးပြုနေသော Touchscreen
နည်းပညာကို မော်တော်ကား တီထွင်ဖန်တီးမှု နယ်ပယ်ထဲ သယ်ဆောင်လာပြီဖြစ်သည်။
Fun-Viiဟု အမည်ပေးထားသော မော်တော်ယာဉ်သစ် တစ်မျိုးကို Toyotaက
မိတ်ဆက်ပြသခဲ့ရာ ကား၏ ကိုယ်ထည်တွင် Touchscreen နည်းပညာကို
သုံးစွဲထားသည်ကို တွေ့ရသည်။
ထိုTouchscreenကို အသုံးပြုကာ ကား၏ အသွင်အပြင် Themeကို
ပြောင်းလဲနိုင်သည့်အပြင် ကားအား ရောင်းချလိုက်သည့် အရောင်းဌာန၏
ဝက်ဘ်ဆိုက်သို့ ချိတ်ဆက်ကာ ကား၏ အနေအထားကို စစ်ဆေးမှုများ
ပြုလုပ်နိုင်မည်ဖြစ်သည်။ Toyotaသည် အဆိုပါ ကားသစ်ကို
တိုကျိုမော်တော်ကားပြပွဲတွင် စတင်မိတ်ဆက် ပွဲထုတ်ခဲ့သည်။ ကုမ္ပဏီ ဥက္ကဋ္ဌ
အာကီရို တိုယိုတာက “ကားတစ်စင်းဟာ လူတွေရဲ့ စိတ်ကို ညှို့ယူနိုင်ရပါမယ်။
တကယ်လို့ ပျော်ရွှင်နှစ်လိုစိတ် မဖြစ်လာနိုင်စေဘူးဆိုရင် ဒါကို ကားလို့
မခေါ်ပါနဲ့”ဟု ပြောကြားသွားသည်။
Code Nameအဖြစ် FT-EV IIIဟု သတ်မှတ်ထားသော ကားသည် Toyota iQကို အခြေပြု
ဖန်တီးထားသည့် လျှပ်စစ်ကားလည်းဖြစ်သည်။ လစ်သီယမ်အိုင်ယွန် ဘက်ထရီကို
အသုံးပြုထားပြီး တစ်ကြိမ်အားသွင်းထားပါက (၆၅)မိုင် မောင်းနှင်နိုင်သည်။
Toyotaသည် (၂၀၁၂)ခုနှစ်အတွင်း ခရီးတိုသွားလာရန် အဆင်ပြေမည့် လျှပ်စစ်ကားသစ်
တစ်မျိုးကို တီထွင်ရန် စီစဉ်လျက်ရှိသည်။ ထို့အပြင် (၂၀၁၅)ခုနှစ်တွင်
Toyota၏ ကိုယ်ပိုင်နည်းပညာဖြင့် ဖန်တီးထားသည့် လျှပ်စစ်ကား
ဘက်ထရီတစ်မျိုးကို ရောင်းချရန် မျှော်လင့်နေပြီး ယင်းဘက်ထရီသည်
တစ်ကြိမ်အားသွင်းထားပါက မိုင်ပေါင်း(၄၃၀)မျှ ခရီးပေါက်နိုင်ဖွယ်
ရှိနေကြေင်း သိရှိရသည်။
Source: DailyMail
သတင်းနှင့်စာသားများကို ဖော်ပြပေးနိုင်မည့် ကွန်ပျူတာစနစ်သုံး မျက်ကပ်မှန် |
![]() |
Apple iPhone 4S မီးထလောင်ခဲ့အပြီးတွေ့ရစဉ် © dailymail
တောင်ကိုရီးယား ထိပ်တန်းဂိမ်းကုမ္ပဏီကြီး Nexon Korea ၏ MapleStory အွန်လိုင်းဂိမ်း ဆော့ကစားသူ ၁၃ သန်း၏ ကိုယ်ရေးအချက်အလက်များ hack လုပ်ခံရပြီး ပေါက်ကြားမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ Nexon Korea သည် အွန်လိုင်ဂိမ်းကစားသူများ၏ အချက်အလက်များ ပေါက်ကြားမှုအတွက် တောင်းပန်ခဲ့ပြီး လုံခြုံရေးဆိုင်ရာ တိုးမြှင့်သွားမည်ဟု ပြောကြားသည်။ MapleStory ဂိမ်းကစားသူ ၁၃ သန်း၏ user ID, name, password နှင့် နေရပ်လိပ်စာအပါအဝင် ကိုယ်ရေးအချက်အလက်များကို ဟက်ကာများက ရယူသွားခဲ့ခြင်း ဖြစ်သည်။
MapleStory ဂိမ်းကို ကမ္ဘာာတစ်ဝှမ်း ဆော့ကစားသူ ၁၈ သန်းရှိပြီး နိုင်ငံရပ်ခြားမှ ဆော့ကစားသူများ၏ အချက်အလက်များမှာ hack လုပ်ခံရခြင်းမရှိချေ။ Nexon အနေဖြင့် ယခုအခါ ၄င်း၏ အွန်လိုင်းဂိမ်းကစားသူများအတွက် ကမ္ဘာတစ်ဝှမ်းတွင် လုံခြုံရေးဆိုင်ရာစောင့်ကြည့်မှုကို တိုးမြှင့်သွားမည်ဟုဆိုသည်။ Nexon သည် အွန်လိုင်းလုံခြုံရေး ကျွမ်းကျင်သူ ၃၀ ဦးခန့်ငှားရမ်းသွားမည်ဖြစ်ပြီး ဂိမ်းကစားသူများအား password ပြောင်းလဲရန်လည်း တိုက်တွန်းထားသည်။ ထို့အပြင် ပိုမိုစိတ်ချလုံခြုံlogin ဝင်ရောက်မှုစနစ်ကိုလည်း လာမည့်နှစ်တွင် မိတ်ဆက်ပေးသွားမည်ဟု သိရသည်။
ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူများက Nexon ၏ ဆာဗာအား hack လုပ်ခံရမှုကို တွေ့ရှိအတည်ပြုနိုင်ခဲ့သော်လည်း တရားခံလက်သည်ကိုမူ မသိရှိနိုင်သေးချေ။ တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာတွင် အင်တာနက်သုံးစွဲမှု အများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံတွင်းရှိနေအိမ် ၉၀ ရာခိုင်နှုန်းမှာ အင်တာနက်ချိတ်ဆက်ထားရာ ဆိုက်ဘာတိုက်ခိုက်မှု ကြုံတွေ့နိုင်ခြေလည်း ပိုမိုများပြားလျက်ရှိသည်။ ၂၀၁၀ ခုနှစ် မတ်လတွင် အဓိက လက်လီအရောင်းဆိုင်ကြီး Shinsegae နှင့် အခြားကုမ္ပဏီ ၂၄ ခု၏ ဝက်ဘ်ဆိုက်များ hack လုပ်ခံရကာ ၄င်းတို့နှင့်ဆက်သွယ်ထားသည့် အွန်လိုင်းအသုံးပြုသူ သန်း ၂၀ ၏ အချက်အလက်များ ခိုးယူခံရသည်။ ထို့အတူ ဇူလိုင်လအတွင်းကလည်း တောင်ကိုရီးယားရှိ အဓိက ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရပြီး သုံးစွဲသူ ၃၅ သန်း၏ အချက်အလက်များကို ဟက်ကာများက ခိုးယူသွားခဲ့သည်။
အာရှဒေသတွင် ယခုနှစ်အစောပိုင်းက ဂျပန်နိုင်ငံမှ နာမည်ကြီးကုမ္ပဏီ
Sony သည်လည်း ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရပြီး အချက်အလက်ပေါက်ကြားမှု
ကြီးမားစွာကြုံတွေ့ခဲ့ရသည်။ Sony နှင့် ချိတ်ဆက်ထားသည့် သုံးစွဲသူ သန်း ၁၀၀
ကျော်၏ user name, password၊ နေရပ်လိပ်စာ၊ မွေးနေ့စသည့်
ကိုယ်ရေးအချက်အလက်များကို ဟက်ကာများက ရယူသွားခဲ့သည်။ နောက်ပိုင်းတွင် Sony ၏
ဂရိ၊ ထိုင်း၊ အင်ဒိုနီးရှားရှိ ဝက်ဘ်ဆိုက်များနှင့် ကနေဒါရှိ Sony
Ericsson မိုဘိုင်းဖုန်း ကုမ္ပဏီဝက်ဘ်ဆိုက်တို့လည်း တိုက်ခိုက်ခံခဲ့ရသည်။
Source: ChannelNewsAsia
Apple ပစ0x081စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချသွားမည်
KMD ရဲ့ Apple Corner တွင် ဝါကျွတ်အထူးလျော့ဈေးအစီအစဉ်အဖြစ် Apple ပစ0x081စည်းများကို အထူးဈေးနှုန်းများဖြင့် ရောင်းချပေးနေသည့်အပြင် အခမဲ့ jailbreak ပြုလုပ်ပေးခြင်းနဲ့ applications installation များကိုပါ ဆောင်ရွက်ပေးနေကြောင်း သိရသည်။ ရောင်းချပေးနေသည့် ပစ0x081စည်းများမှာ –
MacBook Pro - USD 1,230 / 1,895
MacBook Air - USD 1,130 / 1,450
iMac - USD 1,320
iPod Touch - USD 248 / 320
iPod Nano - USD 158
iPod Shuffle - K 45,000
iPhone 4 - K 538,000 / 617,000
iPad 2 (WiFi) - USD 525 / 640 / 740
iPad 2 (3G) - USD 660 / 760 / 860
Facebook Game ဆော့နေသော ကလေးတစ်ဦး© dailymail
Facebookသည် ကလေးငယ်များ လောင်းကစား အလေ့အထ စွဲမြဲစေသည့် ပင်မရင်းမြစ်တစ်ခု ဖြစ်လာကြောင်း စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။
ကမ္ဘာ ကျော် လူမှုကွန်ရက် ဝက်ဆိုက်ကြီးမှတစ်ဆင့် ကလေးများက ငွေသားအစစ်များဖြင့် လောင်းကစားဂိမ်းများ ဆော့ကစားနေခြင်းသည် စိုးရိမ်ဖွယ်ရာ အခြေအနေ တစ်ခုဟု သုတေသီများကဆိုသည်။
အထူးသဖြင့် Virtual Fruit Machines၊ Bingo၊ Pokerနှင့် Rouletteကဲ့သို့ ဂိမ်းများသည် ကလေးများကို လောင်းကစား အလေ့အထနှင့် အလွန်နီးစပ် ယှက်နွယ်လာစေကြောင်း ပညာရှင်များက ထောက်ပြခဲ့သည်။ ဗြိတိန်တစ်နိုင်ငံတည်းတွင်ပင် Facebook သုံးစွဲသူ ၃ သန်းသည် အသက် ၁၃ နှစ်နှင့် ၁၇ နှစ်ကြား လူငယ်များ ဖြစ်ကြသည်။
၁၃ နှစ်အောက် အရေအတွက်မှာ သန်းဂဏန်းမျှ ရှိနေသည်ဟု ယုံကြည်ရသည်။ Promis Recover Centerကို တည်ထောင်ခဲ့သည့် ဒေါကပ်တာ ရောဘတ် လက်ဖီဗာက “Facebookကနေ လောင်းကစား အလေ့အထကို အစပြုလာတာဟာ ကြောက်စရာ ကောင်းပါတယ်။ ဒါဟာ လောင်းကစား ဈေးကွက်အသစ် တစ်ခုရဲ့ အသွင်မျိုး ဖြစ်လာတယ်။ အပျော်အနေနဲ့ စရာကနေ လောင်း ကစားကြောင့် မိသားစု တစ်ခုလုံး ဘဝပျက်သွားနိုင်တယ်”ဟု ပြောကြားသွားသည်။
၏ Centerသည် လောင်းကစား စွဲလန်းမှုကို တိုက်ဖျက်ရန် ရည်ရွယ်
တည်ထောင်ထားခြင်း
ဖြစ်သည်။ ဒေါက်တာ လက်ဖီဗာက Facebookမှတစ်ဆင့် အစပြုခဲ့မှုသည် လူငယ်ထု၏
စိတ်ကို များစွာ ဆွဲဆောင်နိုင်ကြောင်း၊ Facebookကို သုံးစွဲပုံ
လွဲမှားသဖြင့် လူငယ်များ လမ်း
ကြောင်းချော်ကာ လောင်းကစား လောကထဲ ရောက်သွားမည်ကို
စိုးရိမ်ကြောင်း ဆွေးနွေးပြောဆိုသွားခဲ့သည်။
ကုမ္ပဏီ၏ ထုတ်ကုန်အချို့ကို ရပ်ဆိုင်းမည့်အချိန်အား Google ကြေညာ |
Gears, Wave, Knol တို့အပါအ၀င် ထုတ်ကုန်အချို့ကို
ရပ်ဆိုင်းမည့်အချိန်အား Google မှ ထုတ်ပြန်ကြေညာခဲ့သည်။ ယခုကဲ့သို့
ထုတ်ကုန်အချို့ကို ရပ်ဆိုင်းရခြင်းသည် ကုမ္ပဏီ၏
ထုတ်ကုန်ထုတ်လုပ်မှုများအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်း၊
ကုမ္ပဏီ၏ရည်ရွယ်ချက်မှာ ရိုးရှင်းပြီး တီထွင်ဆန်းသစ်ကာ လှပသည့် Google user
experience ကို တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း Google စီနီယာဒုဥက္ကဌဖြစ်သူက
ဖော်ပြခဲ့သည်။ Wikipedia ပုံစံ ပရောဂျက်တစ်ခုဖြစ်သည့် ၂၀၀၈ ခုနှစ်
ဇူလိုင်လကလွှင့်တင်ခဲ့သော Knol ကို လာမည့်နှစ် ဧပြီလ ၃၀ ရက်အထိသာ
အသုံးပြုနိုင်မည်ဖြစ်ပြီး user များအနေဖြင့် content များအား download
နှင့် export ပြုလုပ်ခြင်းတို့ကို ခြောက်လသာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ၂၀၁၀
ခုနှစ် သြဂုတ်လက လွှင့်တင်ခဲ့သည့် Wave ကိုမူ ဇန်န၀ါရီလ ၃၁ ရက်နေ့တွင်
တရားဝင်ရပ်ဆိုင်းမည်ဖြစ်ပြီး ၎င်းနေ့နောက်ပိုင်းတွင် user များသည် read-only
အဖြစ်သာပြုလုပ်နိုင်ကာ wave အသစ်များကို ဖန်တီးနိုင်မည်မဟုတ်ကြောင်း
သိရသည်။ ဧပြီလ ၃၀ ရက်နေ့တွင်မူ Wave ကို အပြီးသတ်ရပ်ဆိုင်းမည်ဖြစ်ပြီး
ယင်းနေ့မတိုင်မီအထိ user များမှ အချက်အလက်များကို export
ပြုလုပ်နိုင်မည်ဖြစ်သည်။ အခြားထုတ်ကုန်များဖြစ်သည့် Google Gears ကို
ဒီဇင်ဘာလ ၁ ရက်တွင်လည်းကောင်း၊ Google Bookmarks Lists ကို ဒီဇင်ဘာလ ၁၉
ရက်တွင်လည်းကောင်း၊ Google Friend Connect ကို မတ်လ ၁ ရက်တွင်လည်းကောင်း
အသီးသီးရပ်ဆိုင်းမည်ဖြစ်ကြောင်း သိရသည်။
ရေးသားသူ - နောင်နောင်
Ref: PCMag |
1.VirtualPlasticSurgerySoftware
ဓါတ်ပုံထဲမှာပဲလှဖို့ဆိုရင်တော့နိုင်ငံရပ်ခြားသွားပြီးခွဲစိတ်ပြုပြင်စရာမလိုပါဘူး
ဒီဆော့ဝဲလ်လေးကလဲစွမ်းဆောင်နိုင်ပါတယ်
2.registry-defrag
3.ConvertImageToText0.9.6
Comment တွေပေးတဲ့နေရာမှာပဲသုံးရမလား.? ဘယ်လိုနေရာမှသုံးရင်ကောင်းမလဲ?
သဘောကျနှစ်သက်စရာလေးပါ
4.PassportPhotoStudio1.51
Passportဓါတ်ပုံမလုပ်တက်ရင်တော့ဒီဆော့ဝဲလေးကအလွယ်လုပ်ပေးပါလိမ့်မယ်
5.PhotoScreensaverMaker4.82
ချစ်သူဓါတ်ပုံတွေကို Screensaver အနေနဲ့ပြုလုပ်ထားနိုင်ပါတယ်
6.DigitalPhotoResizer
ဓါတ်ပုံချုံ့နိုင်တဲ့ဆော့ဝဲလ်တစ်ခုပါ
7.IntoCartoon_Professional_Edition_v3.1
ဓါတ်ပုံတွေကိုကာတွန်းပုံတွေအဖြစ်ပြောင်းလဲတဲ့နေရာမှာအသုံးပြုနိုင်ပါတယ်
8.Chinese_Symbols_Setup
အဲ…….ဘာသုံးလဲမသိပါ…
တရုပ်လိုနားမလည်လို့
9.Newlite Business Card Printer 2.0
လိပ်စာကဒ်တွေကိုယ်တိုင်ပြုလုပ်ချင်တဲ့သူတွေအတွက်ပါ
10.ColorTextGenerator
Website တွေမှာစာရေးရင်သက်တံရောင်စဉ်လေးတွေနဲ့ရေးချင်ရင်အလွယ်html code လုပ်ပေးပါတယ်
ဝမ်းနည်းစရာကောင်းတာကမြန်မာလိုမရပါဘူး
11.Audio_Recorder_Titanium
12.AshampooWinOptimizer7.17
Patchနဲု့keygen ထည့်ထားတဲ့ဖိုင်ကိုpassword ပေးထားတာမဖြုတ်လိုက်ရဘူး
ုpassword က Open ပါ
13.SaintPaint
14.Nokiaunlockcodescalculator
15.BirthdayAgent
16.UsbEnter
Usbstickတွေကိုသော့ခတ်ဖို့ပါ..ကျွန်တော်က format အရင်ရိုက်လိုက်ပါတယ်
4GB အထိသာစွမ်းဆောင်နိုင်ပါတယ်
Help file ကိုဖတ်ပြီးလုပ်နိုင်ပါတယ်
17.Defraggler
18.gBurner Portable
အခွေကူးဖို့အတွက်အဆင်ပြေပါတယ်
လင့်၂လင့်တင်မိထားလို့အဆင်ပြေတဲ့လင့်ကနေဒေါင်းလို့ရပါတယ်
19.PhotoWebAlbum
20.WinSnap3.5.1
Screen မျက်နှာပြင်တွေကိုဓါတ်ပုံရိုက်တဲ့ဆော့ဝဲလ်တွေမှာသူကတစ်မျိုးဆန်းတဲ့လုပ်ဆောင်ချက်တွေပါပါတယ်
တကယ်လို့crack file ထည့်ပြီးလည်း register လုပ်ခိုင်းနေရင် keyနေရာမှာကြိုက်သလိုသာထည့်လိုက်ပါ
21.EVEREST Ultimate Edition
22.LaptopBatteryDoubler
LaptopBatteryတွေကိုကြာရှည်ခံအောင်စွမ်းအားမြှင့်ပေးတဲ့နေရာမှာအသုံးပြုပါတယ်
23.CPUIDHWMonitorProv1.07
24.CDMenuProBusinessEditionv5.00
25.TweakNowPowerPack
26.AuslogicsSystemInformation
လင့်၂လင့်တင်မိထားလို့အဆင်ပြေတဲ့လင့်ကနေဒေါင်းလို့ရပါတယ်
27.InternetLockv5.3.0
28.ProcessHacker2.5
29.Photo Brushv5.2
30.FinePrintpdfFactoryPro2.45
31.Subtitle_Workshop
32.ColorImpact
33.Banner_Maker_Pro_6.0.2
34.ArtCine_NFO_Creator_2.0
35.TagRename3.2
36.3DBoxMakerProfessional
37.AMS Software Photo Collage Makerv2.67
38.InsoftaCoverCommanderv3.1.2
39.OfficePasswordRecoveryMagicv6
40PortableDuplicateFileDetectivev3.5.0.49
41.WindowsCareUninstall Gold_2.0.2.261
42.iobituninstaller
43.Panoradov4
ဘာသုံးလဲတော့မသိဘူး..သူ့မှာပါလာတဲ့ဓါတ်ပုံကတော့3d လိုမျိုးကြည့်လို့ရတာတော်တော်ကောင်းတယ်
44.DPAnimationMaker
45.CoolColorTextGenerator
46.SmartVirusRemover1.43.1
47.YamicsoftXPManagerv7.0.4
Trialversion ဖြစ်ပါတယ်..upload လုပ်မိသွားလို့ထည့်ထားတာပါ
48.Notepad5.8.5
49.Windows7FirewallControl
50.WindowsFirewallControl
51.AutorunExterminator
52.UsbExit.