ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်း တောက်မည့် မြန်မာပြည် ဆောင်းပါးမှ ကောက်နှုတ်ချက် ၊ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဟုဆို ၊ မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း ဝန်ကြီးပြော ၊ ကြားဖြတ် ရွေးကောက်ပွဲ နှင့် တစညပါတီ ၊ မြန်မ

24 views
Skip to first unread message

မီးပြတိုက်

unread,
Dec 17, 2011, 4:45:33 AM12/17/11
to

  1. ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်း တောက်မည့် မြန်မာပြည် ဆောင်းပါးမှ ကောက်နှုတ်ချက် ၊
  2. ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဟုဆို ၊
  3.  မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း ဝန်ကြီးပြော ၊
  4. ကြားဖြတ် ရွေးကောက်ပွဲ နှင့် တစညပါတီ ၊
  5.  မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်လုပ်ငန်းပုဂ္ဂလိက လွှဲပြောင်းရန် စီစဉ် ၊
  6. တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ လုပ်ငန်းပေါင်း (၂၂) ခု သဘောတူစာချုပ် ချုပ်ဆို ၊
  7. ရန်ကုန်၌ ယာဉ်သွား ခုံးကျော် တံတားများ တည်ဆောက်ခွင့် ကုမ္ပဏီ ၂ ခု ရရှိ ၊
  8. ရန်ကုန်တွင် အထပ်မြင့် လူနေအိမ် ခန်းပါ ဈေး ၁၀ ခု ခန့် တည်ဆောက်မည်  ၊
  9. စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများစောင့် ကြည့် ဖမ်းဆီးရန် အစိုးရပင်စင်စားများကို ခန့်မည်  ၊


ဆရာဝန်တစ်ဦး၏ မီးဟုန်းဟုန်း တောက်မည့် မြန်မာပြည် ဆောင်းပါးမှ ကောက်နှုတ်ချက်

04:06  Myanmar Express Group  3 comments

ယနေ့ လမ်းမများပေါ်တွင် လှည့်လည်၍ အစိုးရထွက်ပေးဟု အော်နေကြသော ကုန်သည်၊ ပွဲစားများကို မေးလိုပါသည်။

လုပ်သားပြည်သူများ စားဝတ်နေရေး ချောင်လည်အောင်၊ ကုန်ဈေးနှုန်းကျဆင်းအောင် ဘာတွေများ တတ်စွမ်းသလောက် ဆောင် ရွက်ခဲ့ ကြပါသလဲ။

မိမိတို့ ကိုယ်ကျိုးကိုသာ ရှေးရှု ၍ ဈေးနှုန်းများကစားခြင်း၊ ကုန်သိုလှောင်ခြင်း လုပ်ခဲ့ကြသူတို့မှာ ဘယ်သူတွေလဲ။

အမြတ်ခွန်တွေကိုကော မှန်မှန်ကန်ကန် ပေးခဲ့ကြသလားဟု မေးလိုပါသည်။

ဈေးနှုန်းတက်စရာရှိ လက်မနှေးဘဲ လွယ်လွယ်ကူကူ တက်ပစ်လိုက်၏။

ကျစရာရှိလျှင်တော့ ဖြည်းဖြည်းပေါ့ဟု ဆိုကြ၏။

ကားသမားကလည်း ကားသမားအလျောက်၊ စပယ်ယာကလည်း စပယ်ယာအလျောက် ပြည်သူကို နှိပ်စက်၏။

မိမိကိစ္စ အောင်မြင်ရေးအတွက် ရိုးရိုးသားသားရှိခဲ့ကြသော ၀န်ထမ်းများကို လာဘ်ထိုးခြင်းဖြင့် ဖျက်ဆီးကြ၏။

ယူသူကလည်း ယူ၏၊ ပေးသူကလည်း ပေး၏။

ထို့နောက် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် စွပ်စွဲ အပြစ်ဖို့ကြ၏။ (ယနေ့ စင်ပေါ်တက်၍ အာပေါင် အာရင်းသန်သန် ဟောပြော နေကြသော ရုပ်ရှင်သရုပ်ဆောင်တို့က အမြတ်ခွန် မပေးရလေအောင် နည်းမျိုးစုံ ကျင့်ကြံခဲ့ကြ၏။)

ရောင်းဝယ်မှု၊ အပေးအယူမှု အသီးသီးတို့တွင် ငွေမည်းတို့ဖြင့် ကစားခဲ့၊ လှည့်ပတ်ခဲ့ကြ၏။

အခြား မကုန်နိုင်အောင် ထောက်ပြစရာများ ရှိပါသည်။

ယေဘုယျအားဖြင့် ပြည်သူလူထုဘက်မှလည်း တိုင်းပြည်အပေါ် တာဝန်ပျက်ကွက်ခဲ့ကြကြောင်း ရိုးရိုးသားသား ၀န်ခံကြစေလို ပါသည်။

အချုပ် ဆိုရင်လျှင် တိုင်းပြည်ပျက်ရခြင်းတွင် အစိုးရတာဝန်ရှိသလို ပြည်သူတို့ဘက်မှလည်း တာဝန်မကင်းကြောင်း နားလည် ကြစေ လိုပါသည်။

လက်ရှိအရေးအခင်းများကို ဆက်လက်၍ သုံးသပ်တင်ပြပါမည်။

ယခု တစ်တိုင်းပြည်လုံး အော်ဟစ်တောင်းဆိုနေကြသော ဒီမိုကရေစီသည် အင်မတန် ကောင်းမွန်၍ လွတ်လပ်မျှတသော စနစ် တစ်ခုလည်း ဖြစ်ပါသည်။

ကျွန်တော် အလွန်ကြိုက်ပါသည်။

ထို့ ကြောင့် လုပ်သားပြည်သူတို့ ငြိမ်းချမ်းစွာ လှည့်လည်၍ ဒီမိုကရေစီပေးရေး တောင်းခံမှုကို ကျွန်တော် ထောက်ခံ ကြိုဆိုပါသည်။

သို့သော် တဖြည်းဖြည်း ကျွန်တော် ထိတ်လန့်လာပါသည်။

တိုင်းပြည်အရေးအတွက် ရင်လေးမိပြီး တုန်လှုပ်ချောက် ချားလာပါသည်။

ကျွန်တော်တို့ မြန်မာ ပြည်သားများ ဒီမိုကရေစီကို မသုံးတတ်ကြောင်း နားလည်လာရပါသည်။

ဥပမာအချို့ပြရလျှင် နိုင်ငံတော်အလံကို ဇောက်ထိုးတပ်ကြခြင်း၊ တချို့က လုံးခြေ၍ ခြေထောက်ဖြင့် တက်နင်းပြခြင်း၊ ရုပ်ရှင် မင်းသမီး တစ်ဦးက တိုင်းပြည်၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ စာအုပ်ကို ခြေထောက်ဖြင့် နင်းပြခြင်း (ဟောပြောသူတစ်ဦးက စင်မြင့်ပေါ်မှ နေ၍ အစိုးရအဖွဲ့အစည်းအသီးသီးအား မအေနှင့် ကိုင်တုတ်ခြင်း)၊ ကားများ ချောဆွဲခြင်း၊ လူတွေ မတန်တဆ တက်စီး ကြခြင်း၊ သင်္ကြန်ကဲ့သို ဟေးလားဝါးလား အပျော်ကြူးကြခြင်း၊ လမ်းလွှဲမရှိသော အချို့ဆင်ခြေဖုံးရပ်ကွက်များကို ပိတ်၍ နာရီပေါင်း များစွာ ဟောပြောပွဲကျင်းပနေသဖြင့် ယာဉ်များ လုံးဝမသွားနိုင်ဘဲ လုပ်သားပြည်သူပေါင်းများစွာ ဒုက္ခ ရောက်ခဲ့ကြခြင်း စသည်တို့ကို ပြည်သူများ တွေ့မြင်ကြပါလိမ့်မည်။

ကိုယ့်နိုင်ငံအလံကို ချနင်းပြီး သူများနိုင်ငံအလံကိုလွှင့်ထူးထားသော မြန်မာအတိုက်အခံများ


ထို့ပြင် ရန်ကုန်ဆေးရုံကို ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့်အတွက် အစိုးရအား ပြင်းထန်စွာ ဝေဖန်ရှုတ်ချကြသည်။

ကျွန်တော်လည်း လုံးဝ စိတ်ဆိုးခဲ့ပါသည်။

သို့ရာတွင် ရက်ပေါင်းများစွာ ဆေးရုံကြီးကို သပိတ်စခန်းဖွင့်၍ တို့အရေး၊ တို့အရေးဟု အသံကုန် အော်ဟစ်နေကြခြင်းကို ဘာကြောင့် မတားဆီးခဲ့ကြပါသနည်း။

ဆေးရုံပေါ်တွင် ရှိနေသော အသည်းအသန်လူနာ တို့ကို ကြွေးကြော်သံ၊ ဆူပူအော်ဟစ်သံ တို့ကြောင့် ဘယ်လိုထိတ်လန့်ဝေဒနာ တိုးကြမည်ကို မည်သူမျှ မစဉ်းစားမိကြတော့ဘူးလား။

ဒီမိုကရေစီကျကျ ပွင့်ပွင့်လင်းလင်း ရေးသားရလျှင် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးရုံကို ပစ်ခတ်ခြင်း အတွက် ရှုတ်ချသလို သပိတ် စခန်းဖွင့် ခြင်းကိုလည်း ရှုတ်ချပါသည်။

ကျွန်တော့အနေဖြင့် ဩဂုတ်လ ၂၄ ရက်နေ့ည၊ နိုင်ငံတော်သမ္မတ ဒေါက်တာ မောင်မောင် တိုင်းပြည်သို့ မိန့်ခွန်းပြော ကြားပြီး ကတည်းက သပိတ်အောင်ပွဲ ရရှိပြီဟု နားလည်ပါသည်။

အလွန် အနှစ်သာရ ပြည့်ဝသော မိန့်ခွန်းတစ်ခု ဖြစ်ပြီး နိုင်ငံတော်သမ္မတကိုယ်တိုင်က ကတိအတန်တန်ပေးထားပြီဖြစ်ရာ ကိုယ့် တိုင်းပြည်ကို ချစ်ကြလျှင်၊ လူမျိုးကို ချစ်ကြလျှင် သပိတ်လှန်၍ အလုပ်ခွင်သို့ ပြန်ဝင်ကြရန်သာ ရှိပါသည်။

ဥပဒေ ဘောင်အတွင်းမှ စနစ်တကျ ပြည်သူတို့ ဆန္ဒ လိုက်လျောခြင်းဖြစ်၍ လက်မခံ နိုင်စရာ မရှိပါ။

စက်တင်ဘာလ ၁ ရက်နေ့တွင် နောက်တစ်ကြိမ် ထပ်မံ၍ တိုင်းပြည်သို့ မိန့်ခွန်းပြောခဲ့ပြန်သည်။

သူ့မိန့်ခွန်းများတွင် တိုင်းပြည်အပေါ် ထားရှိသော သူ့စေတနာကို အထင်အရှား သိနိုင်ပါသည်။

သမ္မတတစ်ဦးအနေဖြင့် လိုက်လျောနိုင်သမျှ အစွမ်းကုန် လိုက်လျောနိုင်၊ မလိုက်လျောနိုင်သော ကိစ္စများကိုလည်း အကျေအလည် ရှင်းလင်းတင်ပြထားပါသည်။

ကျွန်တော် လူမှန်းသိကတည်းက တိုင်းပြည်သို့ တိုက်ရိုက်မိန့်ခွန်းပြော၍ ရှင်းလင်းတင်ပြသော သမ္မတဟူ၍ ယခုတစ်ဦးတည်းသာ တွေ့ဖူးပါသည်။

ဒေါက်တာမောင်မောင် ကဲ့သို့ ခေါင်းဆောင်ကောင်းတစ်ဦး လက်လွှတ်လိုက်ရမည်ကို ကျွန်တော် အင်မတန် နှမြောမိပါသည်။

ယခုလို တိုင်းပြည်ပျက်ခါမှ သမ္မတတက်လုပ်ပြီး သူ့ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက် ကြိုးစားစွမ်းဆောင်နေသော ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် များစွာချီးကျူးဂုဏ်ပြု ထိုက်ပေသည်။

သူ အာဏာမလိုချင်မှန်း ကျွန်တော် သိပါသည်။

ယခုသပိတ်တိုက်ပွဲသည် တဖြည်းဖြည်းနှင့် အခြေအနေပိုဆိုးလာသည်။

နိုင်ငံရေးအမြတ်ထုတ်မှုများ၊ သမဂ္ဂများ မှိုလိုပေါက်လာကြသည်။

ပါတီစုံမဖြစ်ရသေးဘဲ တွဲရေး ကွဲရေးများ ဖြစ်နေကြပြီ။

ထောင်များလည်း ကျိုးပေါက်၍ ထောင်သားများ လွတ်မြောက်လာကြသည်။

လုကြ၊ သတ်ကြ၊ ယက်ကြ၊ ဖြတ်ကြ ဖြစ်လာကြသည်။

ဒီမိုကရေစီဟု အော်ဟစ်ထွက်ပေါ်လာကြသော စာစောင်များလည်း စီးပွားရေးဆန်ဆန် အလုအယက် ထွက်ပေါ်လာကြသည်။

ဒီမို ကရေစီကျကျ ရေးဖို့ထက် အစိုးရကို များများတွယ်လေ လူကြိုက်များလေဖြစ်၍ အစိုးရကို ပို၍ ဖိအားပေး နှိပ်ကွပ်နေကြသည်။

နိုင်ငံခြားသားများလည်း ခြေရှုပ်လာကြသည်။ ဘီဘီစီ၊ ဗွီအိုအေတို့မှလည်း ကောလာဟလမျိုးစုံ၊ အတို့အထောင် မျိုးစုံတို့နှင့် တိုင်းပြည်ကို မပျက်ပျက်အောင် လုပ်လာကြသည်။

ပြည်တွင်း ကောလာဟလဖြန့်ချိရေးအဖွဲ့မှလည်း တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း ကောလာဟလပေါင်းစုံကို တစ်နေ့ တစ်မျိုး ရအောင် ထုတ်လွှင့်ပေးခဲ့သည်။

နယ်စွန်နယ်ဖျားမှ သူပုန် သောင်းကျန်း သူတို့ ရန်ကုန်မြို့တွင်းသို့ ၀င်ရောက်လာကြပြီး ကင်းစောင့်ရာမှ ပြဿနာဖြစ်ပြီး ရပ်ကွက် အချင်းချင်း အပြင်းအထန် သတ်ဖြတ်ကြသည်။

အစိုးရယန္တရား တစ်ခုလုံးလည်း ပျက်ယွင်းပေပြီ။

ဓာတ်ဆီ လုံးဝမချက်တော့သဖြင့် ဓာတ်ဆီ လုံးဝမရှိ၊ ထို့ကြောင့် ကား ဈေးနှုန်း ကြီးမြင့်လာ၍ လက်လုပ်လက်စားတို့ ငတ်ကြလေပြီ။

ငတ်သဖြင့် လုကြ၏။

ပြည်သူတို့ကို နှိပ်စက်ခိုးဆိုး အကြံအဖန်လုပ်ခဲ့ကြသော ၀န်ထမ်း အသီးသီးတို့သည် ယခုအခါ အပြစ်ကင်းစင်သော သူရဲကောင်းများ ဖြစ်လာကြ၏။

အစိုးရကို ကလော်ဆဲကြ၏။

တစ်လလုံး လှည့်လည်သပိတ် မှောက်ပြီး လကုန်ရက် လခထုတ်စရာရှိတော့ အပြည့်အ၀ သွားရောက်ထုတ်ယူကြ၏။

ဒီလ အလုပ် မလုပ်ပါလား၊ ဒါကြောင့် လခမယူတော့ဘူးဟု ငြင်းသူမရှိ။

လခထုတ်ပြီး နောက်တစ်နေ့ သပိတ်ဆက်မှောက်၏။

အချုပ် ဆိုရသော် တိုင်းပြည်ကြီး ရစရာမရှိအောင် ပျက်ယွင်းသွားလေပြီ။

နဂို ကတည်းက အပျော်ကြူးရမည်ဆိုလျှင် ဗိုလ်မထားသော ကျွန်တော်တို့ မြန်မာ ပြည်သူပြည်သားများသည် ဒီမိုကရေစီကို လွဲမှားစွာ အသုံးချကုန်ကြလေပြီ။

ဤအတိုင်းဆိုလျှင် မကြာမီပင် မြန်မာနိုင်ငံကြီး မီးဟုန်းဟုန်းတောက်လောင်ပေတော့မည်။

သွေးချောင်းစီးပွဲများ ဖြစ်ရမည်မှာ မလွဲပါ။

ယခုလို အရေးကြီးသည့်အချိန်တွင် အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နှင့် တိုင်းပြည်ကို ကယ်တင်ရန် အရေးကြီးလှပေ သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးသည် ယခုအခါ ချောက်နှုတ်ခမ်းပေါ်တွင် တဲတဲလေးသာ ကျန်တော့သည်။

ယခင်က လုပ်ခဲ့ကိုင်ခဲ့ကြသူ ခေါင်းဆောင်များအနေဖြင့်လည်း တိုင်းပြည်ကို ကယ်တင်ဖို့ထက် မိမိတို့ အာဏာရရှိရေး အတွက် အပြင်းအထန် စည်းရုံး၍ တိုင်းပြည်ကို ချောက်ထဲသို့ အတင်းတွန်း ချနေကြသည်။

တကယ်အရေး အကြောင်း၊ တိုင်းပြည်အတွက် လိုအပ်စဉ်ကာလက ၎င်းတို့ ဘယ်မှာ ပုန်းခိုနေ ကြသည်မသိ၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး တစ်ဦးတည်းသာ အမိုက်ခံ၊ အနစ်နာခံ၍ တိုင်းပြည်၏ ပကတိအခြေ အနေကို ရဲရဲဝံ့ဝံ့ ဖော်ထုတ်တင်ပြခဲ့ပေသည်။

သူ့စာများတွင် အမှားအယွင်း အနည်းငယ်ပါရှိသော်လည်း မူရင်း စေတနာနှင့်ယှဉ်လျှင် မပြောပလောက်ပါ။

ယခု လောလောဆယ်လည်း သူ့အနေဖြင့် ဘာမှလက်လွတ်စပယ် ဟောပြောခြင်း၊ ပုဂ္ဂလိက တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ဘဲ ဒီမို ကရေစီကျကျ ပြောဆိုလုပ်ကိုင်နေသည်ကို တွေ့ရပေသည်။

အချို့နိုင်ငံရေးခေါင်းဆောင်ဟောင်းများစွာ အစိုးရက ဘွဲ့ထူး ဂုဏ်ထူးတွေ ချီးမြှင့်စဉ်ကပင် ကျေကျေနပ်နပ် လက်ခံ ယူခဲ့ကြပြီး ပေးအပ်သော ငွေကြေးနှင့် အခြား ခံစားခွင့်ရှိသည်တို့ကိုလည်း အပြည့်အ၀ ခံစားခဲ့ကြပေပြီ။

လေး-ငါး သောင်းခန့် တန်ဖိုးဖြင့် အစိုးရပေးသော ကားများကိုယူ၍ စီးပွားရှာကြသည်။

အချို့မှာ နှစ်သိန်းပတ်ဝန်းကျင်ဖြင့် ပြန်၍ ရောင်းချကြသည်။

အစိုးရကို မကျေနပ်လျှင် အစကတည်းက ငြင်းပယ်ခဲ့ကြပါလား။

မိမိကိုယ်တိုင်က အစိုးရပေးသော အခွင့်အရေးများကို အသိအမှတ်ပြုခံစားပြီး ယခုအခါကျမှ အစိုးရ ကို ဘာကြောင့် ပုဂ္ဂလိက တိုက်ခိုက်နေ ကြသလဲဟု ပြန်လည်စဉ်းစားကြစေလိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး ဆိုလျှင် ၎င်းဖော်ထုတ်ဟောပြောခဲ့သော သွေးထက်သံယိုမှုပေါင်းစုံတို့၏ သုံးပုံ နှစ်ပုံခန့်တွင် မိမိသည် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်အဖြစ် တာဝန်အရှိ ဆုံး ပါဝင်ခဲ့သည်ကို မေ့လျော့နေသလားဟု မေးကြည့်ချင်ပါသည်။

ယနေ့ ဒီမိုကရေစီ အမြန်ပေးပါဟု အော်ဟစ် ကြွေးကြော်နေသော တပ်မှူးဟောင်းများ မိမိတို့ ဘာကြောင့် တပ်မှ အထုတ်ပယ်ခံရ သည်ကို ပြန်လည် စဉ်းစားကြစေလိုသည်။

မိမိတို့ ကျူးလွန်ခဲ့သည့် မဲဆွယ်မှု၊ မဲခိုးမှုတို့အတိုင်း ယခု ပြန်လုပ်ကြမည်စိုး၍ ဆန္ဒခံယူပွဲ မလုပ်သင့်ပါဟု အော်နေကြသလားဟုပင် ထင်မိပါသည်။

တစ်ချိန်လုံး ဘယ်နေရာတွင် အိပ်နေမှန်းမသိသော ရှေ့နေများ ကောင်စီကလည်း ဒေါက်တာမောင်မောင်၏ မိန့်ခွန်းကို အကိုး အကားများ ထုတ်၍ ကန့်ကွက်ခဲ့ကြ၏။

အခြေခံ ဥပဒေကို အစိုးရက အကြိမ်ကြိမ် ချိုးဖောက်ခဲ့ကြောင်း၊ ပုဒ်ထီး ပုဒ်မများဖြင့် အတိတ်ကို ပြန်လည်ဖော်ထုတ်ခဲ့ကြ၏။

၎င်းရှေ့နေများကို ကျွန်တော်တစ်ခု မေးလိုပါသည်။

အစိုးရအနေဖြင့် ၎င်း အခြေခံဥပဒေများကို ချိုးဖောက်ခဲ့စဉ်က ရှေ့နေများကောင်စီက ဘာကြောင့် တရားဝင် ကန့်ကွက်လွှာ မတင်သွင်း ခဲ့ကြပါသနည်း။

ဒါတော့ ပြောလို့ရမှာ မဟုတ်ဘဲဟု ဆင်ဝှေ့ရန်ရှောင် မပြုလုပ်ကြစေလိုပါ။

အစိုးရအနေဖြင့် အရေးယူသည်၊ မယူသည်မှာ မိမိတာဝန်မဟုတ်၊ ဥပဒေကို နားအလည်ဆုံးဖြစ်သည့် ရှေ့နေများ ကောင်စီအနေဖြင့် အစိုးရက ဥပဒေချိုး ဖောက်နေကြောင်း သိလျှင် ရဲရဲဝံ့ဝံ့ ကန့်ကွက်လွှာတင်သွင်းရန် တာဝန်ရှိပေသည်။

ဥပဒေကိုချိုးဖောက်နေကြောင်း သိလျက်နှင့် ငြိမ်နေခြင်းသည် ဥပဒေ ကျူးလွန်ရာရောက်သည်ဟု ကျွန်တော် နားလည်ပါသည်။

ယခုလို ဘေးရန်ကင်းရှင်းမှ လက်ခမောင်းခတ်သူများကို ပြည်သူတို့ ဘယ်လိုမြင်ကြမည်ကို စဉ်းစားကြည့်စေလိုပါသည်။

နောက်တစ်ခုအနေနှင့် ပြောရလျှင် "ယနေ့ ပါတီစုံစနစ်ကို တောင်းဆိုနေကြသူများ စင်ပေါ်တွင် အော်ဟစ်ပြောဟော နေကြသူများက "ရွေးကောက်ပွဲလုပ်စရာ မလိုပါ။ ပါတီစုံစနစ်ကိုသာ တန်းပြီး ပေးလိုက်ပါတော့"ဟု ဘာကြောင့် တောင်းဆိုနေကြပါသလဲ။ တစ်ဖက်က လည်း ဒီမိုကရေစီဟု တောင်းဆိုသည်။

တစ်ဖက်မှလည်း ရွေးကောက်ပွဲလုပ် မနေနှင့်တော့။

ပါတီစုံကို တစ်ခါတည်းသာ ပေးလိုက်တော့"ဟု ဆိုပြန်ရာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် ဖြစ်မနေဘူးလားဟု မေးလိုပါသည်။

ပြည်သူများ ဆန္ဒကို မသိချင်ကြတော့ဘူးလား။ တစ်ပါတီစနစ်ကိုသာ လိုလားသူ ပြည်သူ သန်းပေါင်းများစွာ ရှိနေကြပါသည်။

ယင်းကိုထည့်၍မစဉ်းစားဘဲ အဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်းလိုက်လျှင် တစ်ပါတီလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာ သွားမည်ကို ဒီမိုကရေစီကျကျ စဉ်းစားမိ ကြရဲ့လား။

ပြည်သူအားလုံး၏ ဆန္ဒပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်း မလုပ်ရဲကြတော့ဘူးလား။

ပြည်သူအားလုံး၏ဆန္ဒ မပါဝင်ဘဲ ပါတီစုံစနစ်ကို အတင်းအဓမ္မ တောင်းဆိုနေကြခြင်းမှာ ဒီမိုကရေစီ ဟုတ်ပါရဲ့လား။

ပါတီစုံကို တစ်ခါတည်း ပြောင်း လိုက်လျှင် တစ်ပါတီကိုလိုလားသူ ပြည်သူလူထုကို ဘယ်လောက် နစ်နာသွားမည်ကို ဒီမိုကရေစီ ကျကျ စဉ်းစားမိရဲ့လား။

ပြည်သူအားလုံး၏ဆန္ဒ ပါဝင်သော တစ်ပါတီနှင့် ပါတီစုံ ဆန္ဒခံယူပွဲကို သန့်သန့်ရှင်းရှင်းနှင့် မလုပ်ရဲကြဘူးထား၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိကြဘူး လားဟု အထပ်ထပ်အခါခါ မေးမြန်းလိုပါသည်။

လုပ်သားပြည်သူအပေါင်းတို့ခင်ဗျား နိဂုံးချုပ်ဆိုပါမည်။

ကျွန်တော်တို့ တိုင်းပြည်ပျက်စီးပုံအရေးကို မြင်ကြပါ။

ကျွန်စော်နံလာပြီကို သတိပြုကြပါ။

အစိုးရသည် အစိုးရသာဖြစ်ပါသည်။

တိုင်းပြည်မဟုတ်ပါ။

အစိုးရကို မုန်းတီးရုံ၊ ဦးနေ၀င်း၊ ဦးစန်းယုကို မုန်းတီးရုံနှင့် တိုင်းပြည်ကို မဖျက်ကြပါနှင့်။

ကျွန်တော်တို့သည် တိုင်းပြည်မျက်နှာကိုသာ ကြည့်ရမည်ဖြစ်ပါသည်။

ဦးနေ၀င်း မျက်နှာကို ကြည့်စရာမလိုပါ။

ထို့အတူ ဒေါက်တာမောင်မောင်၊ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး၊ ဗိုလ်ချုပ်ကြီးဟောင်း တင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် စသည်ဖြင့် ဘယ်သူ့မျက်နှာကိုမျှ ကြည့်စရာမလိုပါ။

သန်းပေါင်းများစွာသော ပြည်သူတို့၏ အကျိုး၊ တိုင်းပြည်၏အကျိုးကိုသာ ရှေးရှု၍ တိုင်းပြည်ချစ်စိတ်မွေးကြပါ။

တရားမျှတသော၊ ဒီမိုကရေစီကျသော ဥပဒေဘောင်အတွင်းမှ ဆန္ဒခံယူပွဲများတွင် ကြိုက်သလိုပါဝင်ကြပါ။

မိမိတို့အလုပ်ကို ပြန်လုပ်ကြရင်း တိုင်းပြည် ချစ်ကြောင်း၊ အစိုးရ မကောင်းသော်လည်း မိမိတို့ကောင်းကြောင်းပြကြပါ။

အစိုးရများ အနေဖြင့်လည်း နုတ်ထွက်ပေးမည်ဖြစ်ကြောင်းကို အထပ်ထပ် ဖြေပြီးဖြစ်ပါသည်။

မိမိတို့လက်ထဲတွင် ဒီမိုကရေစီရောက်နေကြောင်း စဉ်းစားကြည့်လျှင် သိနိုင်ပါသည်။

မှန်မှန်ကန်ကန် ဆုံးဖြတ်ကြပါ။

ကြားကြားသမျှ ကောလာဟလများကိုလည်း ဉာဏ်ရှိသူများပီပီ ချင့်ချိန်၍ ယုံကြပါ။

ထပ်၍ဆိုပါမည်။

ကျွန်တော်သည် တိုင်းပြည်ကို ချစ်မြတ်နိုးသော ဆရာဝန် တစ်ဦးသာဖြစ်၍ ဘယ်ဘက်သို့မှ မလိုက်ဘဲ ဒီမိုကရေစီကျကျ ရေးသား တင်ပြကြောင်း ပြည်သူကို သိစေချင်ပါသည်။

ကျွန်တော် ဆွေမျိုးရင်းချာတစ်ဦးလည်း အရေးအခင်းထဲတွင် သေနတ်မှန်၍ သေဆုံးခဲ့ရပါသည်။

သို့သော်လည်း မိမိ၏ ဆွေမျိုးတစ်ဦး၏အရေးထက် တိုင်းပြည်၏အရေးကိုသာ ကျွန်တော် ကြည့်ပါသည်။

ref: myanmar times

ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဟုဆို

  ကြားဖြတ်ရွေးကောက်ပွဲအတွက် ကော်မရှင်က ကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဟုဆို
ဦးတင်အေး (ဓါတ်ပုံ-မက်စင်ဂျာ ဂျာနယ် ဖေ့ဘုတ်)
မကြာမီ ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲကော်မရှင်က ငွေကျပ်သန်း ၇၀၀ ကျော် ကုန်ကျခံသုံးစွဲမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။
ယနေ့နံနက် နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်သော သတင်း စာရှင်းလင်းပွဲ၌ ဦးတင်အေးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲက ကျပ်သန်းပေါင်း ၁၀ ဒသမ ၈ ဘီလီယံကို ကော်မရှင်အနေနှင့် အကုန်ကျခံ သုံးစွဲခဲ့ သည်ဟုသိရသည်။
ရွေးကောက်ပွဲကျင်းပမည့်ရက်နှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းမှုကို ဦးတင်အေးက `ကျင်းပပေးမှာ သေချာပါတယ်။ ကျင်းပမယ့်ရက်မတိုင်ခင် သုံးလကြိုပြောပါမယ်´ဟု ပြန်လည်ဖြေ ကြားခဲ့သည်။
လတ်တလောတွင် ၂၀၁၀ ရွေးကောက်ပွဲပါဝင်ခဲ့သည့် နိုင်ငံရေးပါတီ ၃၇ ခုနှင့် မှတ်ပုံတင်ခွင့်ပြုပြီး ပါတီ သစ်လေးခု စုစုပေါင်း ၄၁ ပါတီရှိပြီး ယင်းပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်နိုင်မည်ဖြစ် သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် မှတ်ပုံမတင်ရသေးသည့် နိုင်ငံရေးပါတီသစ်ခြောက်ခု မှာမူ မှတ်ပုံတင်ကျပြီးမှသာ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုများကိုပြုလုပ်နိုင်မည်ဖြစ်သည်။
ရွေးကောက်ပွဲတွင် ကြိုတင်မဲပေးသည့်လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှု ကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပြီးခဲ့သည့် ၂၀၁၀ ရွေးကောက် ပွဲတွင် လူထု၊ ပါတီနှင့် ကော်မရှင်တို့၏ အားနည်းချက်များရှိခဲ့သော်လည်း အောင်မြင် သည့် ရွေးကောက်ပွဲတစ်ခုဖြစ်ခဲ့သည်ဟု ယုံကြည်ကြောင်း ဦးတင်အေးကဖြေကြားသည်။
မီဒီယာများ ရွေးကောက်ပွဲကာလအတွင်း လွတ်လွတ်လပ်လပ်သတင်းရယူခွင့်နှင့်ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် တိုင်ပင်ကာ ဥပဒေနှင့်အညီခွင့်ပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ဆိုသည်။
ရွေးကောက်ပွဲကာလတွင် ပြည်ပမှ လေ့လာသူများ လာရောက်ခွင့်ပြု၊ မပြုနှင့်ပတ်သက်ပြီး တိကျသော အဖြေ တစ်စုံတစ်ရာပေးမသွားသော်လည်း `ရွေးကောက်ပွဲလုပ်တဲ့အချိန်ကျရင် အခြေအနေအချိန် အခါအပေါ် မူတည်ပြီး ဆုံးဖြတ်သွားမှာပါ´ဟု ဦးတင်အေးကဖြေကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် စုစုပေါင်း လစ်လပ်နေရာ ၄၈ နေရာရှိပြီး အမျိုးသားလွှတ်တော်တွင် ခြောက်နေရာ၊ တိုင်းဒေသကြီးလွှတ်တော်တွင် နှစ်နေရာနှင့် ပြည်သူ့လွှတ်တော်တွင် ၄၀ နေရာတို့ဖြစ် သည်။

နေပြည်တော်၊ ဒီဇင်ဘာ - ၁၆
by 7Day News Journal  


မငြိမ်းချမ်း၍ ကမ္ဘာက အထင်သေးကြောင်း ဝန်ကြီးပြော

  မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းမှု မရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခများ ရှိနေဆဲကြောင့် ကမ္ဘာက အထင်သေးကြောင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြောလိုက် သည်။

အဖွဲ့ခေါင်းဆောင် ဝန်ကြီး ဦးအောင်သောင်းနှင့် ဒုတိယခေါင်းဆောင် ဝန်ကြီး ဦးသိန်းဇော်တို့က သောကြာနေ့က ရန်ကုန်မြို့ ၈ မိုင်လမ်းဆုံရှိ ဟိုတယ်ရန်ကုန်၌ သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ရာတွင် ဦးအောင်သောင်းက ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
at3
မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်ကြာ ငြိမ်းချမ်းမှု မရှိခဲ့ဘဲ လက်နက်ကိုင် ပဋိပက္ခများ ရှိနေသောကြောင့် ကမ္ဘာက အထင်သေးကြောင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီက ပြော (ဓါတ်ပုံ မဇ္ဈိမ)
“ကျနော်တို့ တိုင်းပြည်လည်း အများသိတဲ့ အတိုင်းပါပဲ။ ငြိမ်းချမ်းမှု မရှိပါဘူး။ မရှိခဲ့တာ နှစ်ပေါင်း ၆၀ ကျော်ပြီ။
နှစ်ပေါင်း ၆၀ ကျော်သည့်တိုင်အောင် လက်နက်ကိုင်ဆောင်သော အဖွဲ့များရှိနေခြင်းမှာ ကမ္ဘာမှာ တခုတည်းသော
နိုင်ငံလည်း ဖြစ်ပါတယ်။ အဲတော့ ကမ္ဘာကလည်း အထင်သေးပါတယ်။ ဆိုတော့ တိုင်းပြည် တခုလုံးလည်း အထင်သေးခံရတဲ့ အနေအထား ရှိပါတယ်။ ဒီဘဝကလည်း ကျနော်တို့ လွတ်မြောက်ချင်ပါတယ်။ တနည်းအားဖြင့်
ပြည်သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုပါတယ်” ဦးအောင်သောင်းက ပြောသည်။

ယခုအစိုးရ သက်တမ်းအတွင်း တိုင်းပြည်တွင် ငြိမ်းချမ်းရေး ရအောင် လုပ်သွားမည်ဟုလည်း ပြောဆိုသွားသည်။

“ငြိမ်းချမ်းရေးနှင့် ပတ်သက်တဲ့ အပြောအဆိုတွေကို ကျနော်တို့ သတိထားပါတယ်။ ခံယူချက် မှားမသွားအောင်၊ ယူဆချက် ပြောင်းမသွားအောင်၊ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားပါတယ်ဆိုတာ သိစေချင်ပါတယ်။ ဒါတွေကို အခြေခံ လုပ်နေတဲ့အတွက် ကျနော်တို့ အောင်မြင်နေတာလို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအစိုးရ သက်တမ်း မှာ ငြိမ်းချမ်းရေး ရအောင်လုပ်မယ်လို့ ခိုင်ခိုင်မာမာ ပြောခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

ပြည်တွင်း ပြည်ပ မီဒီယာသမားများနှင့်ပတ်သက်၍လည်း “ပြည်ပမီဒီယာ၊ ရှိနေတဲ့ မီဒီယာ အမျိုးမျိုးတွေပေါ့။
ကောင်းတာတွေလည်း အများကြီးပဲ။ အကျိုးပြုတာတွေလည်း အများကြီးပဲ။ ကြိုဆိုတာတွေလည်း အများကြီးပဲ။ ပြီးတော့လည်း တချို့တလေတွေမှာ ဆွဲခေါ်ပြီးတော့မှ တွန်းတိုက်ပြောဆိုတာတွေလည်း ရှိတယ်။ တချို့ အပြော
လေးတွေက တိုင်းရင်းသားတွေထံ မရောက်ဘူး။ ဒါလေးတွေကိုလည်း ရှင်းသွားစေချင်တယ်” ဟု အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြောဆိုသွားသည်။

မွန်းလွဲ ၂ နာရီမှ စတင်သော အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ မီဒီယာများမှ သတင်းထောက် ၂၅ ဦးခန့် တက်ရောက်ကြပြီး ညနေ ၄ နာရီတွင် ပြီးဆုံးခဲ့သည်။

မင်းသက်
ရန်ကုန် (မဇ္ဈိမ)


ကြားဖြတ် ရွေးကောက်ပွဲ နှင့် တစညပါတီ

15:14  Myanmar Express Group  No comments


တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် ကြားဖြတ် ရွေးကောက် ပွဲတွင် လစ်လပ် မဲနေရာ ၄၅ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင် သွား မည် ဖြစ်ကြောင်း ဇမ္ဗူသီရိ မြို့နယ်ရှိ (တ.စ.ည)ရုံး မှ ဦးကျော်အေးက ယခုလ ၉ ရက်နေ့တွင် ပြောသည်။ လစ်လပ်မဲဆန္ဒနယ်တွေထဲ က ၃ နေရာ ကိုတော့ မရေရာသေး ဘူး။ ၄၅ နေရာကိုတော့ တိတိကျ ကျပြိုင်သွားမယ်လို့ ပြောလို့ရပါ တယ်။ စည်းရုံးရေးတွေကိုလည်း ထိ ထိရောက်ရောက် လုပ်သွား မှာပါဟု ၄င်းကဆိုသည်။

ဇမ္ဗူသီရိမြို့နယ် တ.စ.ညရုံး၏ နာယက ဦးကျော်အေးသည် ပြီးခဲ့ သည့် ၂၀၁၀ နိုဝင်ဘာရွေးကောက် ပွဲတွင် ယခုနိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက် အရွေးချယ်ခံခဲ့ကာ ရှုံးနိမ့်ခဲ့ပြီး လက်ရှိတွင် ကြားဖြတ်ရွေးကောက် ပွဲ၌ ဝင်ရောက်အရွေး ချယ်ခံတော့ မည်မဟုတ်ကြောင်းသိရသည်။ အသက်ကလည်း ၇၄ နှစ် ရှိနေပြီ။ ကျန်တဲ့သားသမီး ၃ ယောကက် လည်းတကသ္က လိုေ် ကျာင်း စရတိ န် စဲ့ားဝတေ် နရေးအဆင်မ ပြေပါ ဘူး ။

အသိမ်းခံရတဲ့လတ်တလော မြေတွေကလည်း လျော်ကြေးမရ တော့ ပိုဆိုးတယ်။ ရုံးချုပ်က ဝင် ပြိုင်စေချင်ပေမယ့် နောက်ဆက်တွဲ ကုန်မယ့်ကုန်ကျစရိတ်ကို မတတ် မနိုင်တော့ဘူး ။ ဒါကြောင့် ဒြီကားဖြတ် ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် အနေနဲ့ မပြိုင်တော့ဘူး ။ ဇမ္ဗူသီရိရုံး ရဲ့ နာယကနေရာကိုပဲ ယူထားပါ တယ်ဟု ၄င်း ကဖွင့်ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြားဖြတ် ရွေးကောက် ပွဲ ကျင်းပမည်အတအိ လင်း မကြေညာသေးသော်လည်း လစ် လပ်မဲဆန္ဒနယ်များကို ပါတီအသီးသီးသို့ အသိပေးခဲ့ပြီးဖြစ်သည်။

ဧရာဝတီတိုင်း ဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၅ နေရာ၊ အမျိုး သားလွှတ်တော် ၁ နေရာ၊ တိုင်း ဒေသကြီး လွှတ်တော် ၁ နေရာ၊ ရှမ်းပြည်နယ်တွင်ပြည်သူ့လွှတ်တော် ၁ နေရာ၊ အမျိုးသားလွှတ်တော် ၁ နေရာ၊ ရန်ကုန်တိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ၆ နေရာ၊ မွန်ပြည်နယ်တွင် ပြည်သူ့လွှတ်တော် ၁ နေရာ၊ မန္တလေးတိုင်းဒေသကြီး ရှိ (နေပြည်တော်အပါအဝင်) ပြည် သူ့လွှတ်တော် ၁၀ နေရာ၊ မကွေး တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ် တော် ၅ နေရာ၊ အမျိုးသားလွှတ် တော် ၁ နေရာ။ ပဲခူးတိုင်းဒေသကြီး တွင် ပြည်သူ့လွှတ်တော် ၄ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် တွင် ၁ နေရာ၊ တနင်္သာရီတိုင်းဒေ သကြီးတွင် ပြည်သူ့လွှတ်တော် ၂ နေရာ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ၃ နေရာ၊ အမျိုး သားလွှတ်တော်တွင် ၂ နေရာနှင့် ကချင်ပြည်နယ်တွင် ပြည်သူ့လွှတ် တော် ၃ နေရာဟူ၍ ထုတ်ပြန် သည့် စာရင်းဇယားများအရ သိရ သည်။

လစ်လပ်သော မဲဆန္ဒနယ် အပြည့်အစုံမှာ

ရန်ကုန်တိုင်း

၁။ဦးအောင်ကြည် မင်္ဂလာတောင်ညွန့် အလုပ်သမား၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီး
၂။ဒေါက်တာပွင့်ဆန်း မရမ်းကုန်း ဒု-ဝန်ကြီး (ကူးသန်းရောင်းဝယ်ရေး)
၃။ ဦးခင်မောင်စိုး လှည်းကူး အမှတ် (၂) လျှပ်စစ်စွမ်းအားဝန်ကြီး
၎။ ဦးသိန်းထိုက် ဒဂုံ (ဆိပ်ကမ်း) သတ္တုတွင်းဝန်ကြီး
၅။ သူရဦးမြင့်မောင် သုံးခွ သာသနာရေးဝန်ကြီး
၆။ ဦးစိုးတင့် ကော့မှုး ဒု-၀န်ကြီး (ဆောက်လုပ်ရေး)


မန္တလေးတိုင်း

၇။ ဦးသိန်းစိန် ဇမ္ဗူသီရိ သမ္မတ
၈။ သီဟသူရ ဦးတင်အောင်မြင့်ဦး ပုဗ္ဗသီရိ ဒုတိယသမ္မတ
၉။ ဦးမြင့်လှိုင် ဒက္ခိဏသီရိ လယ်ယာ/ဆည်မြောင်းဝန်ကြီး
၁၀။ ဦးကျော်စွာခိုင် ဥတ္တရသီရိ သမ္မတရုံး ဝန်ကြီး
၁၁။ဒေါက်တာမြအေး မဟာအောင်မြေ ပညာရေးဝန်ကြီး
၁၂။ ဦးတင်အေး တံတာဦး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ
၁၃။ ဦးလှထွန်း ကျောက်ပန်းတောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး
၁၄။ ဦးညဏ်ထွန်းအောင် နွားထိုးကြီး ပို့ဆောင်ရေးဝန်ကြီး
၁၅။ ဦးသိန်းအောင် မိတ္ထိလာ
၁၆။ ဒေါက်တာမြင့်အောင် ပြင်ဦးလွင်


ဧရာဝတီတိုင်း

၁၇။ ဦးတင့်ဆန်း မြောင်းမြ ဟိုတယ်/ ခရီး၊အားကစားဝန်ကြီး
၁၈။ ဦးသိန်းညွန့် မအူပင် သမ္မတရုံး ဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန်
၁၉။ ဦးသန်းထွန်း ပုသိမ်
၂၀။ ဦးခင်မောင်အေး ၀ါးခယ်မ
၂၁။ ဦးသန်းဌေး မြန်အောင်
၂၂။ ဒေါက်တာ မြတ်မြတ်အုန်းခင် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁၀) (ဖျာပုံ၊ ဒေးဒရဲ) ဒုတိယဝန်ကြီး(ကျန်းမာရေး)
၂၃။ ဦးသောင်းဟန် ရေကြည်မြို့နယ် အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်


တနင်္သာရီတိုင်း

၂၄။ ဦးစိုးသိန်း ကျွန်းစု စက်မှုဝန်ကြီး
၂၅။ ဒေါက်တာကျော်ကျော်ဌေး လောင်းလုံ


ပဲခူးတိုင်း

၂၆။ ဦးအောင်မင်း တောင်ငူ ရထားပို့ဆောင်ရေးဝန်ကြီး
၂၇။ ဦးဝင်းတင် ထန်းတပင်
၂၈။ ဦးအံ့ကြီး သနပ်ပင်
၂၉။ ဒေါက်တာဝင်းမြင့် လက်ပံတန်း ဒု-၀န်ကြီး (ကျန်းမာရေး)
၃၀။ ဒေါ်ချိုနွယ်ဦး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) (အုဌ်တွင်း၊ ထန်းတပင်)
၃၁။ ဦးအေးနိုင် က၀ မဲဆန္ဒနယ် အမှတ် ၂ (တိုင်းဒေသကြီး လွှတ်တော်)


မကွေးတိုင်း

၃၂။ ဦးဇော်မင်း မကွေး အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီး
၃၃။ ဒါက်တာ မောင်မောင်ဌေး ပွင့်ဖြူ ဒု-ဝန်ကြီး(သာသနာရေး)
၃၄။ ဦးစိုးမောင် ရေစကြို သမ္မတရုံး ဝန်ကြီး
၃၅။ ဦးသိန်းထွန်း မြိုင် ဆက်သွယ်ရေး ၀န်ကြီး
၃၆။ ဦးစောလှ ပခုက္ကူ
၃၇။ ဦးခင်ဇော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၄) (တောင်တွင်းကြီး)


စစ်ကိုင်းတိုင်း

၃၈။ ဦးခင်မောင်မြင့် စစ်ကိုင်း ဆောက်လုပ်ရေးဝန်ကြီး
၃၉။ ဦးကျော်ဆန်း ပုလဲ ပြန်ကြားရေး၊ယဉ်ကျေးမှုဝန်ကြီး
၄၀။ ဦးမောင်မြင့် မင်းကင်း ဒု-ဝန်ကြီး(နိုင်ငံခြားရေး)
၄၁။ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃)စီးပွားရေးနှင့် (ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်၊ ရေဦး) ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
၄၂။ ဦးခင်မောင်အေး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၇) ဒု-၀န်ကြီး (ဗန်မော်၊ ကောလင်း၊ ၀န်သို၊ ပင်လည်ဘူး၊(မွေးမြူရေး နှင့် ရေလုပ်ငန်း)


ကချင်ပြည်နယ်

၄၃။ ဦးဘုန်းဆွေ မိုးကောင်း ဒု-ဝန်ကြီး (လူမှုဝန်ထမ်း/ကယ်ဆယ်ရေး)
၄၄။ ဦးအုန်းမြင့် ဖားကန့် သမဝါယမဝန်ကြီး
၄၅။ ဦးလွန်းမောင် ဗန်းမော် ပြည်ထောင်စု စာရင်းစစ်ချုပ်


မွန်ပြည်နယ်

၄၆။ ဦးအေးမြင့် မော်လမြိုင် သိပ္ပံနှင့် နည်းပညာဝန်ကြီး


ရှမ်းပြည်နယ်

၄၇။ ဦးတင်နိုင်သိန်း ကလော အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး
၄၈။ ဒေါက်တာစိုင်းမောက်ခမ်း(ခ)မောင်အုန်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၃) ဒုတိယ သမ္မတ

တို့ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် တ.စ.ညပါတီ သည် တစ်နိုင်ငံလုံးအနေဖြင့် မဲဆန္ဒ နယ် ၅၄ နေရာအနိုင်ရရှိခဲ့ကြောင်း သိရသည်။


မြန်မာ့ဆက်သွယ်ရေး၊ စာတိုက်လုပ်ငန်းပုဂ္ဂလိက လွှဲပြောင်းရန် စီစဉ်

မြန်မာဆက်သွယ်ရေး (စာတိုက်မှ) လုပ်ငန်းဝန်ဆောင်မှုများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ်ပြောင်းလဲ၍ စိတ်ဝင်စားမှုရှိသော စီးပွားရေးလုပ်ငန်းရှင်များကို ခေါ်ယူကား ဆွေးနွေးမှုနှင့် သဘောထားရယူမှုပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (စာတိုက်ကြီး)မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ “ပုဂ္ဂလိကကို လွှဲပေးမလားဆိုတော့ ဒီလုပ်ငန်းကိုစိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီးဆွေးနွေး၊ သဘောထားရယူမှုတော့ လုပ်ထားပါတယ်။ လက်ရှိစာတိုက်လုပ်ငန်းရဲ့ အခြေအနေကတော့ အလေ့အကျင့်ရှိတဲ့ ကျွမ်းကျင် ဝန်ထမ်းတွေနဲ့ ဆောင်ရွက်နေတဲ့အတွက် အခက်အခဲမရှိပါဘူး။ အခုလက်ရှိ နိုင်ငံတော်ကလည်း လုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးအောင် ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုဝန်ထမ်းနဲ့ ပြန်လည် နေရာချထားရေး စတာတွေကြတော့ ပုဂ္ဂလိကကို လွဲပေးလို့ရတဲ့ လုပ်ငန်းတွေမဟုတ်ဘူးလေ အခု စာတိုက်လုပ်ငန်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားတဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေရှိလား၊ ရှိရင်ဆောင်ရွက်မယ့် အနေအထားရှိပြီး ဝန်ကြီးဌာနက မူဝါဒတစ်ခုချပြီး ဆောင်ရွက်စေမှာပါ” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အထက်ပါ မြန်မာဆက်သွယ်ရေးလုပ်ငန်း (စာတိုက်နှင့်ကြေးနန်း) အနေနဲ့ လက်ရှိတွင် ပြည်တွင်း/ ပြည်ပ စာပို့၊ ပြည်တွင်း/ ပြည်ပ အမြန်ချောပို့ လုပ်ငန်းနှင့် ပုဂ္ဂလိက ချောပို့လုပ်ငန်းတစ်ခုဖြစ်သည့် DHL နှင့် ပူးပေါင်း၍ ပြည်ပအမြန်ချောပို့လုပ်ငန်းကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ၂၀၁၁ ခုနှစ်ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။


တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်း၍ လုပ်ငန်းပေါင်း (၂၂) ခု သဘောတူစာချုပ် ချုပ်ဆို

တရုတ်-မြန်မာနှစ်နိုင်ငံပေါင်း၍ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် (၁၁)ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်စီးပွားကုန်သွယ်ရေး ကုန်စည်ပြပွဲနှင့် အတူပူးတွဲ၍ လုပ်ငန်းပေါင်း(၂၂) ခု ဖက်စပ်လုပ်ကိုင်နိုင်ရန် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ သဘောတူစာချုပ် ချုပ်ဆိုသော အခမ်းအနားတွင်  မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မင်း၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ တာဟုန်တိုင်းမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ မိမိတို့နှင့်သက်ဆိုင်ရာ လုပ်ငန်းများကို သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း ၍ လုပ်ငန်း၂၂ ခုကို သဘောတူစာချုပ် ၃၀ ခုအထိ လုပ်ငန်းရှင်များက လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အဆိုပါ စာချုပ်တန်ဖိုးငွေမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၅၇၃ အထိ ရှိကြောင်း၊ နှစ်နိုင်ငံ တင်သွင်းရောင်းဝယ်ရေး စာချုပ်တန်ဖိုးငွေ ကန်ဒေါ်လာသန်းပေါင်း ၇၇၉၃၃ နှင့် ပို့ကုန်ရောင်းဝယ်ရေးစာချုပ် ၂၀ ခုကို အမေရိကန်ဒေါ်လာသန်း ၇၇.၉၃ အထိ လုပ်ငန်းရှင်အသီးသီးမှ လုပ်ငန်းအသီးသီးတို့ကို သဘောတူလက်မှတ် ရေးထိုးခဲ့ကြောင်း ဒီဇင်ဘာ ၉ ရက်က သတင်းရရှိခဲ့သည်။ နှစ်နိုင်ငံမှ လုပ်ငန်းရှင်အများစု သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော လုပ်ငန်းများမှာ ဆေးဝါးလုပ်ငန်း၊ ရေထွက်ကုန်ထုတ်လုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ စက်မှုကုန်ကြမ်းထုတ်လုပ်ငန်းနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းထုတ် လုပ်ငန်းတို့ကို အဓိကလုပ်ငန်းများအဖြစ် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြကြောင်း ၂၀၁၁ ခုနှစ်ဒီဇင်ဘာ ၂၀ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။


ရန်ကုန်၌ ယာဉ်သွား ခုံးကျော် တံတားများ တည်ဆောက်ခွင့် ကုမ္ပဏီ ၂ ခု ရရှိ

p_3_49_6

ယာဉ်သွား ခုံးကျော် တံတား များကို ရန်ကုန် မြို့ရှိ ယာဉ်ကြော ပိတ်ဆို့မှု အဖြစ် များသည့် နေရာ ၄ ခု တည်ဆောက် ရန် ပြည်တွင်း ဆောက်လုပ်ရေး ကုမ္ပဏီ ၂ခု၌ လုပ် ကိုင်ခွင့် ရရှိ သွားပြီ ဖြစ် ကြောင်း ဆောက် ခွင့်ရ ကုမ္ပဏီများ ထံမှ သိရသည်။ လှည်းတန်းနှင့် တာမွေအဝိုင်း လမ်းဆုံ ခုံးကျော် တံတားများ အတွက် လေ့လာ ဆန်းစစ် မှုများ ပြုနေသည့် ရွှေတောင် ကုမ္ပဏီ၊ လမ်း တံတား ဆောက်လုပ်ရေးမှ ဦးသန်းထွန်း က ဆောက် လုပ် ခွင့် တော့ ယေဘုယျအနေနှင့် ရသွား ပြီ။

စာချုပ်နဲ့ လက်မှတ် ထိုးတာ မျိုးတွေတော့ မလုပ်ရ သေးဘူး ဟု ပြောသည်။ ရန်ကုန်မြို့ ကမာရွတ် (လှည်း တန်း)၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ မြို့နယ် များတွင် ခုံးကျော် တံတား ၄ စင်းအား လေးလ အတွင်း အပြီးတည်ဆောက်သွား မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မီဒီယာများအား ထုတ် ဖော်ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ခွင့်ကို သက်ဆိုင်ရာက ချထား ပေးခြင်း ဖြစ် ကြောင်း သိရသည်။

ရွှေဂုံတိုင်နှင့် ဘုရင့်နောင် ခုံး ကျော်တံတားများကို တာဝန်ယဆောက်လုပ်မည့်FMI ကုမ္ပဏီမူ  ဦးလင်းမြိုင်က ရတာတော့ ဟုတ်သွားပါပြီ။ ဒီ့အတွက် အရင် ကတည်းက လေ့လာတိုင်းတာမှု တွေ ပြုလုပ်နေတော့ စမယ့်အချိန် ကို အခုပြောဖို့ စောပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အမြင့်တို့၊ အကျယ်တို့၊ နေရာတို့က ဆွေးနွေးဆဲ ပါဟု ပြောသည်။

တံတား ၄စင်းအား ဆောက် လုပ်ရန်အတွက် ပြည်တွင်းရှိ ဘဏ် အချို့နှင့် ဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှ ချေးငွေဖြင့် ဆောက်လုပ် မည်ဟု အကြမ်းဖျင်းလျာထား ကြောင်းသိရပြီး လှည်းတန်းခုံးကျော် တံတားအတွက် ကမ္ဘောဇဘဏ်မှ ချေးငွေဖြင့် ဆောက်လုပ်မည်ဖြစ် ကြောင်း၊ တာမွေခုံးကျော်တံတား ကိုလည်း စက်မှုလက်မှုဖွံ့ဖြိုးရေး ဘဏ်မှ ချေးပေးရန် ရှိကြောင်းနှင့် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော် တံတားကိုမူ BOT စနစ်ဖြင့်ကုမ္ပဏီတစ် ခုအားလုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက ပြောသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တွင် ခုံး ကျော်တံတားများ ဆောက်လုပ် ခြင်းမှာ စင်ကာပူနိုင်ငံကဲ့သို့ ခေတ်မီ လှပစေရန် သမ္မတကြီးက လမ်းညွှန် ထားခြင်းကြောင့်ဖြစ်သလို ယာဉ် ကြောပိတ်ဆို့မှုများ အမြန်ဆုံး ကျ ဆင်းသွားစေရန်လည်း ဖြစ်သည်ဟု သိရသည်။ လက်ရှိလုပ်ကိုင်ခွင့်ရ ကုမ္ပဏီ များ ဆောက်လုပ်မည့် အစီအစဉ် တွင် အရည်အသွေးပိုင်းဆိုင်ရာ စစ် ဆေးခြင်းကို မြို့တော်စည်ပင် (ရန် ကုန်)က ပြုလုပ်မည်ဟု သိရသည်။

PN-051
 

ရန်ကုန်တွင် အထပ်မြင့် လူနေအိမ် ခန်းပါ ဈေး ၁၀ ခု ခန့် တည်ဆောက်မည်

ရန်ကုန်မြို့တော်၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အတွက် ဘဏ္ဍာငွေ ရရှိစေရန်နှင့် မြို့တော် အင်္ဂါရပ်နှင့်အညီ ဈေးများလည်း ဖွံ့ဖြိုး တိုးတက်လာ စေရန် စည်ပင်သာယာ နယ်နိမိတ် အတွင်း အထပ်မြင့် လူနေတိုက်ခန်းပါ ဈေး ၁၁ ခုခန်းကို ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အကျိုးတူ ပူပေါင်း၍ တည်ဆောက် မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(ဈေးများဌာန) ဌာနမှူးက The Voice Weekly သို့ပြောကြားသည်။ ယခုအစိုးရ သက်တမ်းအတွင်း အဆိုပါ အဆင့်မြင့်ဈေးများကို အပြီး တည်ဆောက်မည်ဖြစ်ကြောင်း၊ လုပ်ငန်း စဉ်ကိုမူ ယခုအချိန်တွင် အတိအကျ ပြောဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ဆိုသည်။ “အနည်းဆုံးလေး၊ ငါး၊ ခြောက် ဈေး ကနေ ဆယ်ဈေးလောက်ထိဆောက် ဖြစ်မှာပါ။ နေရာကတော့ အချက်အချာကျတဲ့ နေရာတွေပဲဖြစ်မှာပါ”ဟု ၎င်းက ဆိုသည်။

အဆိုပါတည်ဆောက်မည့် ဈေး များသည် ယခင်ရှိပြီးသားဈေးများကို ပြန်လည်တည်ဆောက်မည့် အစီအစဉ် ဖြစ်ကြောင်း၊ မူလဈေးနေရာအပြည့် တည်ဆောက်မည်ဖြစ်ပြီး အပေါ်ထပ်များ သည် လူနေအိမ်ခန်းများ အတွက် ထား၍ မြေညီထပ်ကိုဈေးအဖြစ် သတ်မှတ်မည်ဖြစ် ကြောင်း ဈေးများဌာနထံမှ သိရသည်။ ပထမဆုံးစီမံချက်အဖြစ် စမ်းချောင်း မြို့နယ် ရှမ်းလမ်းဈေးကို ၂၀၁၂ခုနှစ် မတ်လမှစတင်ကာ တည်ဆောက်မည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ မူလဈေးဆိုင်ခန်းများအား ဈေး သစ်များတည်ဆောက်ပြီးလျှင် မြေညီ ထပ်တွင် အခမဲ့ပြန်လည်နေရာချထား ပေးမည်ဖြစ်ကြောင်း၊ ဈေးတည်ဆောက် မှုကြာမြင့်ချိန်နှင့် ဆိုင်ခန်း နေရာများ ပြန်လည်ရရှိရန် ဈေးများဌာနက အာမခံ ပါကြောင်း ဈေးများဌာန အကြီးတန်း အရာရှိကြီးတစ်ဦးကဆိုသည်။

“အာမခံတာကိုမယုံကြည်ရင် ဈေး သူဈေးသားတွေနဲ့ စည်ပင်နဲ့စာချုပ် ချုပ်မယ်လို့ တောင်ပြောထားတယ်” ဟု ၎င်းကပြောကြားသည်။ ရှမ်းလမ်းဈေး သစ်တည်ဆောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ ဈေးသူ ဈေးသား အချို့မှ ၎င်းတို့၏ မူလ ဆိုင်ခန်းများ ပြန်လည် မရရှိမည်ကိုစိုးရိမ်နေကြကြောင်း ဆိုင်ခန်းပိုင်ရှင်အချို့က The Voice Weekly သို့ ပြောကြားသည်။ “City Mart နေရာက သက်သေ ပါ” ဟု မူလဆိုင်ခန်းများ ပြန်လည်မရရှိ ခဲ့မှု ဖြစ်ပေါ်ခဲ့မှုနှင့်ပတ်သက်၍ ရှမ်းလမ်း ဈေးမှ အသက် ၃၅နှစ်ခန့် ကုန်ခြောက် ရောင်းချသူအမျိုးသားတစ်ဦးက ၎င်း၏ စိုးရိမ်စိတ်ကိုဖွင့်ဟပြောဆိုသည်။ ယင်းရှမ်းလမ်းဈေးမှ ဈေးသည်များ ကို ဈေးတည်ဆောက်စဉ်ကာလအတွင်း မူလက အခွန်လွတ်ဈေးတွင် ရောင်းချခွင့် ပြုရန် စီစဉ်ခဲ့သော်လည်း ယခုအခါ အဆိုပါဈေးအနီးတစ်ဝိုက်တွင်သာ ရောင်းချ ခွင့်ပြုတော့မည်ဖြစ်ကြောင်း ဈေးများဌာန တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

လူနေအိမ်ခန်းပါ အထပ်မြင့်ဈေး များတည်ဆောက်ပြီးစီးပါက ဆောက် လုပ်ရေးကုမ္ပဏီဘက်မှ အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းနှင့် ဈေးများဌာနမှ အကျိုး အမြတ် ၃၀ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီး မူလဈေး နေရာများပြန်လည် ချထားရ သည့် အတွက် ဈေးသူ ဈေးသားများအား ၂၀ ရာခိုင်နှုန်းပေး လိုက်ရသည့်သဘော ဖြစ်ကြောင်း ဈေးများဌာနထံမှ သိရှိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်ပင်သာယာ နယ်နိမိတ် ၃၃မြို့နယ်မှ ရရှိသော အခွန် ဘဏ္ဍာငွေများကို ယင်း နယ်နိမိတ်အတွက် လမ်းတံတားအစ ရှိသော လုပ်ငန်းများအတွက် လိုအပ် သလိုပြန်လည်သုံးစွဲရပြီး မှော်ဘီအစရှိ သော စည်ပင်သာယာ နယ်နိမိတ်အတွင်း မပါဝင်သည့်မြို့နယ်ကမူ မိမိတို့မြို့နယ် မှရရှိသော အခွန်ငွေများကို မိမိတို့ မြို့နယ်အတွက်သာ ပြန်လည်သုံးစွဲရ ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံး အတွက် နောင် ၂နှစ်အတွက် ဘတ်ဂျက် လိုငွေမှာ ဘီလီယံ ၂၀ခန့်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားထားသည်။

 

စည်းကမ်းမဲ့အမှိုက်စွန့်ပစ်သူများစောင့် ကြည့် ဖမ်းဆီးရန် အစိုးရပင်စင်စားများကို ခန့်မည်

ရန်ကုန်မြို့တော်တွင် ဆောင်ရွက်နေသည့် သန့်ရှင်းသာယာရေး စီမံချက်အရ စည်းကမ်းမဲ့ အမှိုက်ပစ်သူ၊ စည်းကမ်းမဲ့ အပေါ့အလေးစွန့်သူနှင့် ကွမ်းတံတွေး ထွေးသူများ အား စောင့်ကြည့်ဖမ်းဆီးရန်အတွက် အစိုးရပင်စင်စား ၀န်ထမ်းများကို ခန့်ထားမည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သတင်း ရရှိသည်။

ရန်ကုန်မြို့တော် သန့်ရှင်း သာယာလှပေးရေး စီမံချက်ကို အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိပြီး ယင်း စီမံချက် ပြုလုပ်နေသည့် အချိန်အတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူများနှင့် အပေါ့အလေးစွန့်သူများကို ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့တို့မှ အရေးယူလျက်ရှိရာ ယင်း လုပ်ငန်းများကို အကူအညီ အထောက်အပံ့ဖြစ်စေရန်နှင့် လုပ်ကိုင်လိုသည့် အစိုးရပင်စင်စား ၀န်ထမ်းများ အလုပ်ရရှိရန် ရည်ရွယ်၍ ယခုကဲ့သို့ခန့်အပ် သွားရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ ခန့်အပ်သည့်အပိုင်းကို ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီမှ ရွေးချယ်ပြုလုပ် သွားမည်ဖြစ်ပြီး အသက် ၆၀ နှင့် ၇၀ ကြား ပင်စင်စား သန်စွမ်းသူများကို အဓိကထားရွေးချယ်မည်ဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်မြို့တော် သန့်ရှင်းသာယာရေး စီမံချက်လုပ်တဲ့နေရာမှာလမ်းဘေးသေးပေါက်တာ၊ ကွမ်းတံတွေး ထွေးတာ၊ စည်းကမ်းမဲ့အမှိုက်ပစ်တာ တွေကို စောင့်ကြပ် ကြည့်ရှုဖမ်းဆီး ခိုင်းဖို့အတွက် အစိုးရပင်စင်စားတွေ ကို ခန့်ထားမယ်။ အဓိကတော့ အသက် ၆၀ နဲ့ ၇၀ ကြားရှိ သန်စွမ်းသေးတဲ့ ပင်စင်စားတွေပေါ့။ ခန့်တဲ့အပိုင်းကိုတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လုပ်သွားမယ်။ လောလောဆယ်တော့ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်မှာ အရင်ဆုံးလုပ်ဖို့တော့ စီစဉ်ထားတယ်။ စောင့်ပြီးဖမ်းတဲ့ ပင်စင်စားတွေကို လည်း သူတို့ပဲ လွှတ်ပေးမထားဘူး။ သူတို့ရဲ့ မလှမ်းမကမ်းမှာ စည်ပင်သာယာ ရဲဝန်ထမ်းတွေကို အရန်အဖြစ် ထားရှိပေးထားမယ်။ သူတို့ကိုခန့် ထားတဲ့နေရာမှာ နေ့စားလုပ်အားခ၊ ပုံမှန်လစာအနေနဲ့ ပေးမှာတော့ မဟုတ်ဘူး။ ဖမ်းဆီးရမိလို့ ဒဏ်ရိုက်တဲ့ ငွေ ရဲ့ ၁၀ ရာခိုင်နှုန်းကိုပေးမယ်။ ဥပမာ ဒဏ်ငွေက ကျပ် ၁၀၀၀၀ ဆိုရင် ၁၀ ရာခိုင်နှုန်း ကျပ် ၁၀၀၀ ရမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့သည်။

ယင်းသို့ စောင့်ကြည့်ဖမ်းဆီးမှု များပြုလုပ်မည့် အစီအစဉ်အတွက် ပညာပေးကာလမရှိဘဲ မကြာမီ စတင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း၊ မြို့တွင်းခြောက်မြို့နယ်တွင် ပြုလုပ်၍ အဆင်ပြေပါက မြို့တွင်းနှင့် ဆက်စပ်မြို့နယ်များ၊ အခြားမြို့နယ်များ တွင် ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

“အဲဒီလိုစောင့်ကြည့်ဖမ်းဆီးဖို့ အတွက် ပညာပေးကာလ မရှိဘူး။ ပညာပေးကာလက အရင်ကတည်းက လုပ်ပြီးသား၊ အခုကတော့ တကယ် ဖမ်းဆီးမှာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆိုပါ တာဝန်ရှိသူက ဆက်လက် ပြောပြခဲ့သည်။




--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/


Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


ကွန်ပျူတာနည်းပညာမှတ်စု
http://mee-pya-tite.blogspot.com/


ဂြိုဟ်တုစနစ်များနှင့် ပဲထိန်းနည်းပညာများ
http://mdsng.blogspot.com/
 

နေ့စဉ် မြန်မာအီးမေးများ
http://myanmardailymail.blogspot.com/

 
မြန်မာ Blog များအားလုံး
http://allmyanmarblogs.blogspot.com/


မိန့်ခွန်း၊ ဥပဒေနှင့် ပြန်တမ်းများ
 

နားဆင်စရာ
http://myl6.blogspot.com/


ဖတ်စရာ
http://7comrades.blogspot.com/


MIET တက္ကသိုလ်ကျောင်းသားများ Forum
http://mietforum.ning.com/


နေ့စဉ် မြန်မာ အီးမေးများ အဖွဲ့သို့ဝင်ရန် mayanmar...@googlegroups.com ကို အီးမေးပို့ပါ၊ ပြန်ထွက်ရန် mayanmardailymail+unsub...@googlegroups.com သို့ အီးမေးပို့ပါ။
http://groups.google.com/group/mayanmardailymail  သို့ တိုက်ရိုက်ဝင်ဖတ်နိုင်ပြီး ဝေဖန်၊ အကြံပြု၊ တိုင်ကြားရန်  ad...@mee-pya-tite.com ၊ forall...@gmail.com နှင့် simplev...@googlemail.com များသို့ ဆက်သွယ်ပါ။



Reply all
Reply to author
Forward
0 new messages