နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး သမိုင်းဝင်အဆုံးအဖြတ်ချမှတ် | ||||||
နိုင်ငံတော်
အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂
ပါပြည်နယ်သို့မဟုတ် တိုင်းဒေသကြီးများရှိ
တိုင်းရင်းသားလူမျိုးရေးရာဆောင်ရွက်ရန် ရွေးကောက်တင်မြှောက်ထားသည့်
လွှတ်တော်ကိုယ်စားလှယ်များကို ပြည်နယ်သို့မဟုတ်
တိုင်းဒေသကြီးဝန်ကြီးအဆင့်သတ်မှတ်၍မရဟူသော ရှေ့နေချုပ်ရုံး၏
ရှင်းလင်းတင်သွင်းချက်ကို ဝန်ကြီးအဆင့်သတ်မှတ်နိုင်သည်ဟု
မြန်မာနိုင်ငံသမိုင်းတွင် ပထမဦးဆုံးအကြိမ် ပြင်ဆင်ချေဖျက်လိုက်ကြောင်း
သိရသည်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် အပါအဝင်
လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတို့က တိုင်းဒေသကြီးသို့မဟုတ်
ပြည်နယ်အဆင့်ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့်
အဆောင်အယောင်များဆိုင်ရာ ဥပဒေ ပုဒ်မ ၄(ဂ) နှင့် ပုဒ်မ ၅ တို့တွင်
ဖော်ပြပြဋ္ဌာန်းချက်များ၏ အနက်အဓိပ္ပာယ်အား ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၂ ၊
၂၆၃၊ ၂၆၄ တို့နှင့် ညီညွတ်မှု ရှိ၊ မရှိ အဆုံးအဖြတ်ပေးရန်
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် အခြေခံဥပဒေခုံရုံးထံ တင်သွင်းလျှောက်ထားရာ
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံးက တာဝန်ပေးအပ်ချက်အရ
နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ရုံးက နိုင်ငံတော်
အခြေခံဥပဒေ ခုံရုံးသို့တင်သွင်းသော ရှင်းလင်းချက်အပေါ် ခုံရုံးက
ပယ်ချကာဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ပြင်ဆင်ပေးလိုက်ခြင်းဖြစ်သည်။
ယင်းကဲ့သို့ ပြင်ဆင်ပေးလိုက်ခြင်းသည် နိုင်ငံတော်ဖွဲ့စည်ပုံအခြေခံ
ဥပဒေဆိုင်ရာ ခုံရုံးဥပဒေပုဒ်မ ၂၃ နှင့် ၂၅ အရ အပြီးအပြတ်အတည်ဖြစ်ပြီး
သက်ဆိုင်ရာအစိုးရဌာန အသီးသီးသို့ အာဏာသက်ရောက်ကြောင်း ယင်းဥပဒေတွင်
ဖော်ပြပါရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလွှတ်တော်
ကိုယ်စားလှယ်ဦးနိုထန်ကပ်က ရှေ့နေချုပ်ရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်
အကောက်အယူလွဲခြင်းကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးက
ပြင်ဆင်ပေးလိုက်ခြင်းကို အလွန်အားရကျေနပ်မိကြောင်း၊ ယင်းသို့
ဆုံးဖြတ်ပေးခြင်းသည် အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ပေးခြင်းဖြစ်ကြောင်း
၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
|
ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်ရက် သုံးလကြိုတင် ကြေညာမည် |
ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်သည် လစ်လပ်မဲဆန္ဒနယ်များအတွက် ကြားဖြတ်ရွေးကောက်ပွဲ
ကျင်းပမည့်ရက်ကို သုံးလကြိုတင် ကြေညာမည်ဖြစ်ပြီး လက်ရှိအချိန်တွင်
လစ်လပ်မဲဆန္ဒနယ်များ စာရင်းကို တရားဝင် ထုတ်ပြန်လိုက်ပြီးဖြစ်သဖြင့်
မှတ်ပုံတင်ကျပြီး နိုင်ငံရေးပါတီများအနေနှင့် ရွေးကောက်ပွဲအတွက်
စည်းရုံးရေးလုပ်ငန်းများ လွတ်လပ်စွာ စတင်လုပ်ဆောင်နိုင်ပြီဖြစ်ကြောင်း
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။
နေပြည်တော်တွင် ဒီဖင်ဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် ကြားဖြတ်ရွေးကောက်ပွဲ မည်သည့်အချိန်တွင်
ကျင်းပမည်နည်းဟု မေးမြန်းရာ ဦးတင်အေးက အထက်ပါအတိုင်း
ထည့်သွင်းပြောဆိုသွားခြင်း ဖြစ်သည်။ “ဇန်နဝါရီ၊ ဖေဖော်ဝါရီလမှာ
ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုတဲ့ သတင်းက ကောလဟလလို့ မပြောလိုဘူး။
ကြားဖြတ်ရွေးကောက်ပွဲကို သမ္မတက သုံးလကြိုတင် ကြေညာမှာပါ။ ကော်မရှင်အနေနဲ့
အမြန်ဆုံး ကျင်းပချင်ပါတယ်။ ဒါပေမယ့် မှတ်ပုံတင် လျှောက်ထားဆဲ
နိုင်ငံရေးပါတီတွေ ရှိနေတယ်။ မှတ်ပုံတင်ဖို့ အချိန်ပေးရမယ်။ ရွေးကောက်ပွဲ
ကျင်းပဖို့ ဌာနဆိုင်ရာနဲ့ ဘတ်ဂျက် ညှိနှိုင်းဖို့လည်း လိုသေးတယ်” ဟု
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ဖြေဆိုခဲ့သည်။
နိုင်ငံရေးပါတီများ စည်းရုံးရာတွင် လွတ်လွပ်လပ်လပ် စည်းရုံးနိုင်ပြီး
ကော်မရှင်အနေနှင့် ကန့်သတ်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း ၄င်းကဆိုသည်။
“ပါတီတွေ လွတ်လွပ်လပ်လပ် သွားလာပြီး စည်းရုံးရေး လုပ်စေချင်တယ်။ ပါတီတွေ
နိုင်ငံ့ကောင်းကျိုး လုပ်မယ်လို့ ယူဆတဲ့အတွက် လုပ်စေချင်တာပါ။ ပါတီတွေက
လွတ်လပ်စွာ စည်းရုံးခွင့်ရဖို့ လိုတယ်။ ဒါမှ လူထုဆန္ဒမဲတွေရမှ
လွှတ်တော်ထဲရောက်မယ်။ လွှတ်တော်ထဲရောက်မှ လူထုအကျိုး သယ်ပိုးနိုင်မယ်” ဟု
ဦးတင်အေးက ပြည်တွင်းမီဒီယာများကို ရှင်းလင်းပြောဆိုသည်။ ဦးတင်အေးက
ကြားဖြတ်ရွေးကောက်ပွဲတွင် မဲရုံဝန်ထမ်း၊ မဲရုံမှူးများကို ဌာနဆိုင်ရာ
ဝန်ထမ်းများကိုသာ အသုံးပြုမည်ဖြစ်ကြောင်း၊ မဲရုံနှင့်
မဲပုံးများပြားသည့်အတွက် လူအင်အားလိုအပ်ကြောင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများသည်
ပါတီနိုင်ငံရေး ကင်းရှင်းပြီး မသမာမှုများ မလုပ်နိုင်ကြောင်း၊ သို့သော်လည်း
မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများ လုပ်လိုကြောင်း အဆိုပြုမှုများ
ရှိလာလျှင်လည်း ခွင့်ပြုမည်ဖြစ်ကြောင်း ဦးတင်အေးက ရှင်းပြခဲ့သည်ဟု ၂၀၁၁
ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ |
ကြားဖြတ်ရွေးကောက်ပွဲတွင် မီဒီယာများအား ဥပဒေနှင့်အညီ လွတ်လပ်စွာ သတင်းရယူခွင့် ပြုသွားမည် |
ဦးတင်အေးက “အခုကြားဖြတ် ရွေးကောက်ပွဲမှာ မီဒီယာတွေကို ဥပဒေနဲ့အညီ လွပ်လပ်စွာ သတင်းယူခွင့်ပြုမှာပါ။ မီဒီယာတွေဘက် ကလည်း နားလည်ပေးပါ။ အတိတ် က ဟာတွေကို မေ့လိုက်ပါ။ လာမယ့် ရွေးကောက်ပွဲမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပါမယ်။ ပြင်ပကလာတဲ့ မီဒီယာတွေကို ဖိတ်ကြားဖို့၊ မဖိတ်ကြားဖို့ကို တိတိကျကျဖြေနိုင်တဲ့ အခြေအနေ မရှိသေးပါဘူ။ ၂၀၁၀ ရွေးကောက်ပွဲတုန်းက သံရုံးက ပုဂ္ဂိုလ် တွေကို ဖိတ်ခဲ့ပါတယ်”ဟု ပြောကြား ခဲ့သည်။ ထို့အပြင် “၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်တယ်လို့ ကျွန်တော် အနေနဲ့ ယူဆပါတယ်။ ၂၀၁၀ ရွေး ကောက်ပွဲက အားနည်းချက်တချို့ ရှိကောင်းရှိပါလိမ့်မယ်။ ၂၀၁၀ ရွေး ကောက်ပွဲက အားနည်းချက်တွေကို သင်ခန်းစာယူပြီး နောင်ရွေးကောက်ပွဲတွေမှာ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားပါမယ်။ လွပ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်အောင်လည်း ကြိုးစားသွားပါ မယ်”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ယင်းတွေ့ဆုံပွဲသို့ တက် ရောက်လာသော သတင်းသမားတစ် ဦးက “၂၀၁၀ပြည့်နှစ် ရွေးကောက်ပွဲတွင် သတင်းမီဒီယာများ လွတ်လပ်စွာ သတင်းရယူခွင့် မရခဲ့ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ် လပ်စွာသတင်းရယူခွင့်နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးပါမည်နည်း” ဟုမေးမြန်းချက်အပေါ် “ဥပဒေနှင့် အညီ လွတ်လပ်စွာ သတင်းရယူခွင့် ပြုမည်ဖြစ်ကြောင်း “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်၍ သိလိုသည်များကို မေးမြန်းသတင်းရယူ လိုပါက ဦးဝင်းကို(ညွှန်ကြားရေးမှူးချုပ်)၊ ဖုန်း-၀၆၇-၄၀၄၄၇၅ သို့ လည်းကောင်း၊ ဦးသောင်းလှိုင် (ညွှန်ကြားရေးမှူး)၊ဖုန်း-၀၆၇-၄၀၄၂၁၄ သို့လည်းကောင်း၊ ဦးလှမောင်ချို (ဒု တိယညွှန်ကြားရေးမှူး)ဖုန်း-၀၆၇-၄၀၄၂၁၉ သို့လည်းကောင်း ဆက်သွယ်မေးမြန်း သတင်းရယူနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင်ပြောကြားခဲ့သည်။ |
ကြား ဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရက် မကြေညာနိုင်သေးတာဟာ အန်အယ်ဒီအပါအဝင် ပါတီသစ်တွေ ထူထောင်ခွင့်နဲ့ မှတ်ပုံတင်တဲ့ကိစ္စရပ်တွေ မပြီးပြတ်သေးတဲ့ အချက်ကြောင့် ဖြစ်တယ်လို့ မြန်မာ့ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။
သတင်း စာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
နေပြည် တော်မှာ ဒီနေ့ပြုလုပ်တဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို မေးမြန်းခဲ့တဲ့ သတင်းထောက်တဦးကို ဖြေကြားရာမှာ အခုလို ပြောဆိုလိုက်တာပါ။
ပါတီထူ ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားဆဲ ပါတီဆယ်ခုရှိပြီး အဲ့ဒီ ပါတီတွေဟာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ကြဖို့ ထူထောင်ပြီး မှတ်ပုံတင်ကြတဲ့ ပါတီတွေလည်း ဖြစ်ပါတယ်။
ဒီပါတီတွေကို ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေလိုတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကို မကြေညာနိုင်သေးတာလို့ ဦးတင်အေးက ပြောဆိုခဲ့တဲ့အကြောင်း၊ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့တဲ့ ဂျာနယ်သတင်းထောက်တဦးက ပြောပါတယ်။
သတင်းစာရှင်း လင်းပွဲတက်ရောက်တဲ့ သတင်းထောက်တွေက ကြိုတင်မဲနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ကော်မရှင်ဥက္ကဋ္ဌရဲ့ ဖြေကြားခဲ့ပုံကိုလည်း သူက ခုလို ပြောပါတယ်။
“ကြိုတင်မဲ ကိစ္စတွေကို မေးတယ်။ ဒါတွေ ပွင့်လင်းမြင်သာဖို့ ဘယ်လိုလုပ်မယ်၊ အဲဒါတွေမေးတယ်။ မေးတော့ အတိတ်ကကိစ္စတွေကို ထားလိုက်ပါတော့၊ အဲဒီအတိတ်ကဟာကို သင်ခန်းစာယူပြီးတော့ သူတို့အနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် လုပ်မယ်ပေါ့။ ကြိုတင်မဲကို ဘယ်လိုပုံစံနဲ့ ပေးရမယ် ဆိုတာကို အသေးစိတ် ထပ်ပြီးတော့ မီဒီယာကို ရှင်းတယ်။ ဒါပေမယ့် ကျမတို့ကလည်း ကြိုတင်မဲကို ကြိုပြီး ရေတွက်ထားတာမျိုး၊ ကြိုတင်မဲ ဘယ်နှမဲရှိတယ် ဆိုတာကို ကြိုပြောထားတာမျိုး အဲဒါတွေကိုမေးတာတော့ ဖြေမသွားပါဘူး။”
ရွေးကောက်ပွဲ ကျင်းပတဲ့အခါ နိုင်ငံတကာ သတင်းဌာနတွေ သတင်းရယူခွင့်ကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ခွင့်ပြုတဲ့အကြောင်း၊ ဒါပေမယ့် ဒီကိစ္စတွေကို ပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်မှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ သဘောထား ပြောကြားသွားပုံကိုလည်း သူက ခုလို ပြောပြပါတယ်။
“ဒေါ် အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ တယောက်အနေနဲ့ ပြောရမယ်ဆိုရင် သူကြိုဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော်ကောင်းဖို့ လုပ်မယ်လို့ ပြောထားတဲ့ စကားကို သူတို့ယုံကြည်လို့၊ အဲဒီစကားကို ယုံတဲ့အတွက် နိုင်ငံတော်ကို ကောင်းဖို့လုပ်မယ့် ပုဂ္ဂိုလ်တယောက်ကို ဘာလို့မကြိုဆိုရမှာလည်းတဲ့။ ဒါပေမယ့် ကိုယ်စားလှယ် တယောက်အနေနဲ့ကတော့ လဝကတို့ ပြည်ထဲရေးတို့ကနေပြီးတော့ သူတို့စစ်ဆေးဦးမှာပေါ့။ ကိုယ်စားလှယ် ဖြစ်ဖို့ကတော့ ဥပဒေနဲ့ညီ မညီဆိုတာကို စစ်ဆေးမယ်။ သူတို့ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့တော့ ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်အဖြစ် လက်ခံတယ်။ ဒါပေမယ့် ပြည်ထဲရေးနဲ့ လဝက က လက်ခံ၊ မခံ မသိသေးဘူး။”
မြန်မာ့ရွေး ကောက်ပွဲ ကော်မရှင်ကို သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ပြန်လည် ဖွဲ့စည်းပေးခဲ့တာ ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်တာ ပထမဆုံး ဖြစ်ပါတယ်။
မန္တလေးတိုင်း ဒေသကြီးတွင်း ပါတီများနှင့် တွေ့ဆုံခြင်းမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ တည်ထောင်ခြင်းနှင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်မည် ဆိုသည့် အပေါ် ကြိုတင် စည်းရုံးရေး ပြုလုပ်ခြင်းနှင့် သဘောထား ရေးရာ ပြင်ဆင်ခြင်း မဟုတ်ကြောင်း မန္တလေး တိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အတွင်း ရေးမှူး ဦးဝင်းမောင်က ပြော သည်။မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ပါတီ ၈ ပါတီနှင့် ဒီဇင် ဘာလ ၁၄ ရက်က ပါတီရုံး အစည်းအဝေး ခန်းမ၌ ၃ နာရီကျော်ကြာ အလွတ်သဘော တွေ့ဆုံမှု အပြီး ပေါ်ပြူလာ နယူးစ်၏ မေးမြန်းမှုအပေါ် ၄င်းက အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ”ကျွန်တော် တို့လည်း အများက အဲဒီလို ထင်မှာစိုးလို့ ဒီပွဲကို NLD ပါတီကိုလည်း ဖိတ်ပါတယ်။ ကျွန်တော်တို့လည်း အဲဒီပါတီ ပေါ်ပေါက်လာတာကို ကြိုဆိုတယ်။ ဘာမှ မရှိပါဘူး။ တိုင်းပြည် အတွက် ပဲ ကြည့်ရမှာပါ။ အားလုံးပါတီ ဆုံရင် ကျွန်တော်တို့က ကြိုဆိုပါတယ်” ဟု ဦးဝင်းမောင်က ပြောသည်။ ယင်းနှင့် ပတ်သက်၍ တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ၈၈ ပြည်သူ့အင်အားစု ပါတီမှ ဥက္ကဋ္ဌ ဦးညွန့်ဦးက ”တွေ့ဆုံမှုအပေါ် ကျေနပ်ပါတယ်။ ပြည်သူ့အကျိုးကို ကာ ကွယ်မယ်။ တိုင်းပြည် အကျိုးကို ကာကွယ်မယ်ဆိုရင် ဘယ်ပါတီနဲ့ မဆို ပူးပေါင်း ဆောင်ရွက်သွားမှာပါ။ တစ်ပါတီ အင်အားကြီး သဘောနဲ့ လုပ်ဆောင်မယ် ဆိုရင်တော့ ဘယ်ပါတီကို မဆို ကန့်ကွက်သွားမှာပါ” ဟုသူ၏ သဘောထားကို ပြောသည်။
ယခု တွေ့ဆုံမှုသည် မိမိတို့ ပါတီတို့ အနေနှင့် အခြားပါတီများနှင့် ချိတ်ဆက် မဟာမိတ်ဖွဲ့ရန် တွေ့ဆုံခြင်းမျိုး မဟုတ်ပဲ အလွတ် သဘော လက်ဖက် ရည်သောက် တွေ့ဆုံခြင်းမျိုး ဖြစ်ကြောင်း၊ အခြားသော ပါတီများမှ မဟာမိတ်ဖွဲ့ရန် ကမ်းလှမ်းလာပါက ပူးပေါင်းသွားမည် ဖြစ်ကြောင်း ပါတီ အတွင်းရေးမှူး ဦးဝင်းမောင် ကသတင်းထောက် များနှင့် တွေ့ဆုံစဉ် ပြောသည်။ ”တွေ့ဆုံပွဲက အလွတ် သဘော ဆိုပေမယ့် ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အခက်အခဲ ပြဿနာ တွေနဲ့ ပတ်သက်ပြီး ပါတီတွေက ပြည်ခိုင်ဖြိုးကို အစိုးရလို သဘော ထားပြီး တင်ပြကြတာ တွေ့ရပါတယ်။ ပါတီ အတွင်းရေးမှူး ဆိုတာကလည်း တိုင်းဒေသကြီး ဥက္ကဋ္ဌ ဆိုတော့ နောက်ဥပဒေချုပ်လည်း ပါတယ်ဆိုတော့ ပါတီဝင် အချင်းချင်း ဆိုတာ မျိုးထက် ဥက္ကဋ္ဌ ဥပဒေချုပ် ဆိုပြီး မတရားတဲ့ကိစ္စတွေ တင်ပြကြတာ တွေ့ရပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် သတင်းထောက် တစ်ဦးက ပြောသည်။ တွေ့ဆုံပွဲသို့ မန္တလေးတိုင်း အခြေစိုက် ပါတီများ ဖြစ်သည့် ၈၈ ပြည်သူ့အင်အားစု ပါတီ၊ ပြည်သူ့ ဒီမိုကရေစီ ပါတီ၊ ဝံဿနု ဒီမိုကရက် တစ်ပါတီ၊ ဒီမိုကရက်တစ် မဟာမိတ် ပါတီ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ)၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ၊ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေး ပါတီ၊ အမျိုးသား နိုင်ငံ ရေး မဟာမိတ်များ အဖွဲ့ချုပ်တို့ တက်ရောက်ခဲ့ကြပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကတော့ ဖိတ်ကြား ထားသော်လည်း တက် ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရ သည်။
”ကျွန်တော်တို့ ဒီတွေ့ဆုံပွဲကို မတက်ရောက် ဖြစ်တာက တခြား အကြောင်း မရှိပါဘူးခင်ဗျာ၊ ကျွန်တော်တို့ကလည်း ဒီဘက်မှာ ခရိုင်အောင်နိုင်ရေး အဖွဲ့ ဖွဲ့စည်း တာ လေးတွေ လုပ်နေတော့ သူတို့ ဖိတ် ကြားတာကို လက်ခံ ရရှိပေမယ့် မတက်ရောက်နိုင်ခဲ့တာပါ။ အဲဒီနေ့ နေ့လယ် ၁ နာရီမှာ ကျွန်တော်တို့ ကလည်း ကျောက်ဆည် ခရိုင် အောင်နိုင်ရေး အဖွဲ့လေးဖွဲ့ ရှိနေတာ နဲ့ သွားတိုက်ဆိုင်နေလို့ပါ။ အဲဒါကြောင့်ပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မန္တလေးတိုင်း ဒေသကြီး စည်း ရုံးရေး ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ ကိုမျိုးနိုင်က ပါတီ အနေနှင့် တွေ့ဆုံပွဲကို တက်ရောက် နိုင်ခြင်း မရှိခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ပြောသည်။
ဥာဏ်လင်းအောင်သြော်.. သတင်းစာတွေခမျာလည်း လိုရင်လိုသလို အမွှမ်းတင်ခံရလိုက်၊ မလိုရင်မလိုသလို ချောင်ထိုး အပုပ်ချ ခံရလိုက်နဲ့။ တရားကျမိပါ၏။ တတ်လည်းတတ်နိုင်ကြပါပေ့ကွယ်တို့.... :D
သတင်းလိုလို ဘာလိုလိုနဲ့ ပြည်သူနဲ့အစိုးရကြားကို ရန်တိုက်ပေးနေတာ အလဲဗင်းဂျာနယ်ပါ
အက်ဒမင်တွေကိုတစ်ခုပြောချင်တယ်..
ခင်ဗျားတို့ သတင်း(ရန်တိုက်ပေးနေသော) တွေတင်နေတဲ့ social network ဆိုတာ
virtual world တစ်ခုပါ.. အဲဒီ အတုအယောင်လောကမှာ ရလာတဲ့ လက်ခုပ်သံဆိုတာလဲ
အတုအယောင်တစ်ခုဖြစ်တယ်ဆိုတာ မမေ့နဲ့ .. ရဖို့လဲ တစ်အားလွယ်တယ်ဆိုတာ
မမေ့နဲ့.. မီးစင်လေးကြည့်ပြီး ကဖို့ပဲလိုအပ်တယ်.. သွန်းနေစိုးရေးတဲ့
ဖော်လံဖား ဆိုတာ ခင်ဗျားတို့မှ အစစ်.. ဒီနေရာကနေ သတိပေးလိုက်ပါတယ်
အမေ့ထမီစ ခေါင်းမှာပတ်မယ့် အယ်ဒီတာချုပ် ဝေဖြိုး၊ စီအီးအို သန်းထွဋ်အောင် နှင့် ဂျိုကြွလာသော အလဲဗင်းမီဒီယာ ဂရု မှသိစေရန်!!
http://doctorsatephwar.blogspot.com/2011/09/eleven-media.html
ပြောစရာကျန်သေးလို့ .. သူတို့ ဆိုဒ်မှာ အစိုးရနဲ့ ပြည်သူကိုရန်တိုက်ပေးတဲ့ပို့စ်လေး တင်လိုက်၊ အောက်က ကွန်မန့် တွေမှာ အစိုးရပုတ်ခတ်ပြောတဲ့ ကွန်မန့်တွေဆို ကြည့်ကောင်း၂ နဲ့ လွတ်ကြည့်တာ.. အပြုသဘော ဝေဖန်ဆွေးနွေးလာလို့ အပေါင်းအနုတ်တွေပေးရင် သူတို့က သိပ်သဘောကျတာ.. ဒီထက်ပိုပြီး သူတို့ ဂျာနယ်ကို နဲနဲ ရေးမိလိုက်တာနဲ့ အကောင့်ကို တန်းပြီးဘလော့တော့တာပါပဲ.. မယုံမရှိနဲ့ ကိုယ့်လူတို့ .. ထူးမခြားနား ဧရာဝတီ ဘီဘီစီ တို့လိုပါပဲ.. တစ်ခုသာတာက အလဲဗင်းက ဒဲ့မဖိုက်ဘူး. ဆိတ်ဂွေးစိလို ဟိုဘက် ကပ်သလို ဒီဘက်ကပ်သလိုလေးနဲ့ ရန်ကို အကြီးအကျယ်တိုက်ပေးနေတဲ့ ၀ဘ်ဆိုဒ် တစ်ခုဖြစ်ကြောင်းပါဗျာ
မြန်မာနိုင်ငံက အခြေအနေတွေအပေါ် အကောင်းမြင်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အကြီးတန်း အရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
UNHCR
UNHCR လက်ထောက်မဟာမင်းကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ်။
မြန်မာပြည်ခရီးစဉ်အပြီး မနေ့ကနေ့စွဲနဲ့ ထုတ်ပြန်တဲ့ UNHCR ရဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ဆွစ်ဇာလန် နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် UNHCR ဒုက္ခသည်များ အကာကွယ်ပေးရေးဆိုင်ရာ လက်ထောက် မဟာမင်းကြီး Erika Feller က အခုလို ပြောကြားလိုက်တာပါ။
Ms. Erika Feller က ထိုင်းမြန်မာနယ်စပ် မြန်မာဒုက္ခသည်တွေအရေး လေ့လာဖို့ ထိုင်းမြန်မာနယ်စပ်ကို သွားအပြီး မြန်မာနိုင်ငံကို ရောက်ခဲ့ကြောင်း၊ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အရင်က မရှိဖူး၊ မတွေ့ဖူးတဲ့ အခြေအနေ အခွင့်အလမ်းတွေ တွေ့ခဲ့ကြောင်း၊ ဒုက္ခသည် ပြဿနာတွေနဲ့ပတ်သက်လို့ ဖြေရှင်းနိုင်မယ့် အလားလာတွေလည်း တွေ့ခဲ့ရကြောင်း UNHCR သတင်းပြန်ကြားရေးဌာနနဲ့ မေးမြန်းခန်းမှာ ပြောကြားထားပါတယ်။
မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့သလို နိုင်ငံခြားရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအပါအ၀င် မြန်မာအစိုးရ အကြီးတန်း အရာရှိတွေ၊ နေပြည်တော်က လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့လည်း သိရပါတယ်။
လက်ထောက်မဟာမင်းကြီးဟာ မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပူးပေါင်းပြီး UNHCR စီမံကိန်းတွေနဲ့ လှုပ်ရှားဆောင်ရွက်ခွင့်တွေ ပိုရလာမယ်လို့ အပြုသဘောတွေ့ရှိရပြီး မြန်မာပြည်တွင်းမှာ UNHCR ၀န်ထမ်းတွေ အကန့်အသတ်နည်းနည်းနဲ့ လုပ်ငန်းဆောင်ရွက်ခွင့်တွေရဖို့လည်း တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင် ဟိုတယ်လုပ်ငန်းရင်းနှီးမြှုပ်နှံနိုင်ရန်အတွက် အဆိုပြု တင်ဒါများခေါ်ယူ |
နိုင်ငံတော်တွင်
ပြည်ပမှ ခရီးသွားများ ၀င်ရောက်မှု တိုးတက်များပြားလာပါ၍ ခရီးသွားများ
တည်းခိုနိုင်ရေးအတွက် ရန်ကုန်မြို့ ကမ်းနားလမ်းရှိ
ရန်ကုန်တိုင်းဒေသကြီးစုပေါင်းရုံး၊ ပြည်လမ်းရှိ ပြည်ထောင်စုရိပ်သာ မြေကွက်၊
အလုံလမ်းနှင့် ခရေပင်လမ်းထောင့်ရှိ အိမ်ရာအဆောက်အအုံနှင့် မြေကွက်၊
ကုန်သည်လမ်းရှိ မြန်မာ့မီးရထား ရုံးချုပ်ဟောင်း၏ ငါးထပ်အဆောက်အအုံ စသည့်
အဆောက်အအုံနှင့် မြေကွက်များတွင် ဟိုတယ်လုပ်ငန်းအား ရင်းနှီးမြှုပ်နှံမှု
ဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူလျက်ရှိသည်။ ဟိုတယ်လုပ်ငန်းဆောင်ရွက်နိုင်ရန်
ဖော်ပြပါ အဆောက်အအုံနှင့် မြေကွက်များကို သတ်မှတ်ထားသည့်အတိုင်း
နှစ်ရှည်ငှားရမ်းသွားမည်ဖြစ်ပြီး ပြည်တွင်း/ ပြည်ပ
လုပ်ငန်းရှင်များအနေဖြင့် ဆောင်ရွက်လိုသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ
အဆိုပြုလွှာများကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရုံးအမှတ်
(၃၂)၊ နေပြည်တော်သို့ ၃၁-၁၂-၂၀၁၁ ရက် နောက်ဆုံးထား၍ ပေးပို့သွားရန်
တင်ဒါခေါ်ယူအပ်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဖုန်း-၀၆၇-၄၀၆၃၄၂ နှင့် ၄၀၆၃၃၄ တို့သို့
ဆက်သွယ်မေးမြန်းနိုင်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့ထုတ် ကြေးမုံ
သတင်းစာတွင် ဖော်ပြထားပါသည်။ |
ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ဆိပ်ကမ်းများ နိုင်ငံတကာဆိပ်ကမ်းများအတိုင်း ၂၀၁၂ တွင် အဆင့်မြှင့်မည် |
|
အာဆီယံနိုင်ငံများမှ
ဆိပ်ကမ်းများအတိုင်း ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ရှိ ဆိပ်ကမ်းများကို
နိုင်ငံတကာ အဆင့်မြှင့်တင်နိုင်ရန်အတွက် လာမည့်နှစ်ဝက်အတွင်း
အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရသည်။ ရန်ကုန်မြစ်ကြောင်းတစ်လျှောက်ရှိ
ဆိပ်ကမ်းများကို နိုင်ငံတကာအဆင့်ထိ မြှင့်တင်နိုင်ရန်အတွက်
လာမည့်နှစ်ဝက်မှစ၍ ရန်ကုန်မြစ်ကြောင်း တစ်လျှောက်တွင် လိုအပ်သည့်နေရာများ၌
ဆိပ်ကမ်းများ၊ ဆိပ်ခံတံတားများနှင့် လက်ရှိဆိပ်ခံတံတားများကို
နိုင်ငံတကာအဆင့်မီ မြှင့်တင်ခြင်းလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
သိရသည်။ “စီမံကိန်းကိုတော့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူးပေါင်းပြီး
ရေးဆွဲနေပါပြီ။ လာမယ့်နှစ်ဝက်လောက်မှ စီမံကိန်းရေးဆွဲတာက ပြီးစီးနိုင်မယ်။
အဲဒါမှ မြစ်ကြောင်းတစ်ခုလုံးရဲ့ ဘယ်နေရာမှာ ဘာတွေထားမယ်။ ဘယ်လိုတွေ
လုပ်မယ်ဆိုတာကို သိနိုင်ပါမယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိအချိန်တွင်
ရန်ကုန်မြစ်ကြောင်းတစ်လျှောက်တွင် တန်ချိန် ၃၀၀၀၀ နှင့်အထက်
ပင်လယ်ကူးသင်္ဘောများ ဝင်ထွက်နိုင်ရန် မြစ်ကြောင်းများ
ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်အတွက် တရုတ်၊
ထိုင်းနှင့် နယ်သာလန်နိုင်ငံများမှ မြစ်ကြောင်းထိန်းသိမ်းရေး ကုမ္ပဏီများ
လာရောက်လေ့လာလျက်ရှိကြောင်း သိရသည်။ “အခု မြန်မာပြည်က ဆိပ်ကမ်းနှုန်းထားတွေက
အခြားနိုင်ငံတွေထက် မြင့်နေသေးတယ်။ အဲဒါတွေကိုလဲ ပြုပြင်ပေးဖို့
လိုအပ်တယ်။ ပထဝီအနေအထားအရ ဆိုရင်တော့ မြန်မာနိုင်ငံက
ဆိပ်ကမ်းလုပ်ငန်းတွေနဲ့တင် စီးပွားဖြစ်နိုင်တယ်။ အခု စင်ကာပူက
နိုင်ငံသေးသေးလေးနဲ့ သူ့နိုင်ငံဖွံ့ဖြိုးအောင် ဆိပ်ကမ်းတွေကနေပဲ အဓိက
ပိုက်ဆံရှာတယ်။ အဲဒီလိုမျိုး ဒီမှာလဲ လုပ်လို့ရတယ်။ ကျန်တာကတော့
နည်းပညာပိုင်းနဲ့ ဆိပ်ကမ်းတွေကို အဆင့်မြှင့်ရမယ်” ဟု နိုင်ငံတကာ
သင်္ဘောကုမ္ပဏီတစ်ခုမှ ဌာနေကိုယ်စားလှယ် ဦးနိုင်မြင့်က ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အနေဖြင့်
ရန်ကုန်မြစ်ကြောင်းတစ်လျှောက်နှင့် သီလဝါဆိပ်ကမ်းတစ်လျှောက်တွင်
အပြည်ပြည်ဆိုင်ရာ ပင်လယ်ကူးသင်္ဘောကြီး ၇၅ စင်း ဆိုက်ကပ်နိုင်ရန် ဆိပ်ခံတံတား
၆၂ စင်းကို အလားတူ အဆင့်မြှင့်တင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း ၂၀၁၁
ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင်
ဖော်ပြထားပါသည်။ |