Groups
Groups
Sign in
Groups
Groups
Alpha & Omega
Conversations
About
Send feedback
Help
Fwd: ချစ်သူရှိသောအမျိုးသားများတွင် မရှိအပ်သည့်အချက်(၂၀)
166 views
Skip to first unread message
PEACEMAKER
unread,
Aug 17, 2012, 8:33:04 AM
8/17/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to all_lifestudents
--
ချစ်သူရှိသောအမျိုးသားများတွင်
မရှိအပ်သည့်အချက်(၂၀)
၁ ။ မိမိချစ်သူက ရှော့ပင်ထွက်ချိန်သည့်အခါတွင် အကြောင်းအမျိုးမျိုးပြ ပိုက်ဆံ
မရှိလို့အချိန်မအားလို့ စသဖြင့် (အမှန် က သူငယ်ချင်းများနှင့် ဘီယာသောက် ၊
ဘောလုံးပွဲကြည့်ရန် ) မိမိချစ်သူကိုငြင်းပယ်တတ်ခြင်း ။
၂ ။ ချစ်သူရှေ့တွင် အလိုက်ကမ်းဆိုးမသိ ကွမ်းစား ခြင်း ဆေးလိပ်သောက်ခြင်း ဖြင့်
ချစ်သူ အား ရော ဂါတိုးစေခြင်း ။
၃ ။ မိမိချစ်သူက အချော့ခံချင်၍ အသေးအဖွဲကိစ္စလေးကအစ စိတ်ကောက်သည့်အခါ
နားလည်မှုမပေးပဲ ပြဿ နာ အကြီးကြီးရှာတယ် ဘာမှမဟုတ်တာလေးနဲ့ စိတ်ကောက်တယ် ဟု
အထင်လွဲခြင်း ။
၎ ။ မိမိချစ်သူက စိတ်အားငယ်သည့်အခါတွင် အားပေးဖော်မရပဲ မင်းမျက်နှာကြီးကလည်း
အမြဲစိတ် ပျက်နေ တဲ့ပုံကြီးပဲ ငါနဲ့တွဲရတာပျော်တော့ဘူးလားဟု
ဘုဂလန့်စကားများပြောဆိုခြင်း ။
၅ ။ မိမိချစ်သူက အမှတ်တရလက်ဆောင်ပစစ္စည်းအသေးအဖွဲလေးများ လဲလိုသည့်အခါတွင်
အရေးမကြီး တဲ့အ လုပ်တွေပါကွာ စိတ်ထဲက ချစ်နေရင်ပြီးတာပါပဲဟု ငြင်းပယ်တတ်ခြင်း ။
၆ ။ မိမိချစ်သူကိုပေးရမည့်အချိန်ထက် ဘောလုံးပွဲနှင့် မိမိအလုပ်များကို သာ
အချိန်ပေးနေတတ်ခြင်း ။
၇ ။ မိမိချစ်သူက ရှေ့ရေးအတွက် အလေးအနက်ထားတိုင်ပင်သည့်အခါတွင်
ပေါ့ပျက်ပျက်ဖြင့် အလေးမထားသလို အချိန်တန်ရင်နွားပိန်ကန်ပါလိမ့်မယ်ကွာ
နောက်တော့လည်း ဖြစ်လာမှာပေါ့ စသဖြင့် ဆင်ခြေဆင်လက်ပေးတတ်ခြင်း ။
၈ ။ မိမိချစ်သူက လုပ်ဖော်ကိုင်ဖက် အမျိုးသားများနှင့်
အလုပ်သဘောအရဆက်ဆံမှုရှိသည့်အခါမျိုးတွင် နားလည်မပေးနိုင်ပဲ နင်ငါ့ကွယ်ရာမှာ
တခြားဘဲနဲ့ကြိတ်ပုန်းခုတ်နေတာလားဟု သံသယထား စွပ်စွဲတတ်ခြင်း ။
၉ ။ မိမိချစ်သူက အကြောင်းတစုံတခုကြောင့် စိတ်ကောက်နေသည့်အချိန်တွင် မိမိက (
ဘာကြောင့်ပဲ မှားမှား ယောင်္ကျားလေးဖက်က အရင်စချော့ရမည် ) ဟူသော မူကို
လက်ကိုင်မထားပဲ ယောင်္ကျားတန်မဲ့ မိန်း
ကလေးနှင့်အပြိုင်စိတ်ဆိုးစိတ်ကောက်တတ်ခြင်း ။
၁၀ ။ မိမိချစ်သူက မိမိအား တခြားအမျိုးသမီးများနှင့် မိန်းကလေးသဘာဝ
သ၀န်တိုသောအခါများတွင် အော် ဒါ မိန်းကလေးသဘာဝပါလား ငါ့ကို ချစ်ရှာတာပဲလေဟု
နားလည်မပေးပဲ နင်င့ါကို မယုံဘူးလား ငါ့အချစ်ကို စော်ကားတယ် စသဖြင့်
ရန်စကားပြောဆိုခြင်း ။
၁၁ ။မိမိချစ်သူက မိမိအတွက် အလှပဆုံး ပြင်ဆင်လာသည့်အခါတွင် အော် သူလှတာလေးကို
ငါ့ကို ကြည့်စေ ချင်ပါလား ဟု ဖြည့်စွက်မတွေးပဲ နင်ငါရှိနေတာတောင်
တခြားဘဲတွေကြောင်အောင် ဘာလို့ အလှပြင်လာတာလဲ စသဖြင့် ပြဿနာရှာခြင်း ။
၁၂ ။ မိမိချစ်သူက တစ်ဖက်က PCO ဖုန်းပြောနေသည့်အခါတွင် မိမိက အားမနာလျှာမကျိုး
အရည်မရအဖတ်မရ ဖုန်းဘေလ်တတ်အောင် ပြောဆိုခြင်း ။
၁၃ ။ မိမိချစ်သူက Facebook တွင်တခြားအမျိုးသား သာမန်သူငယ်ချင်းများသို့
သွားလည်သည့်အခါတွင် ထိုအမျိုး သားများအား အကြောင်းမရှိအကြောင်းရှာ
ရန်သွားစတတ်ခြင်း ။
၁၄ ။ မိမိချစ်သူက အတူသုံးချင်၍ ဂျီမေလ်းပါ့စ၀ပ်တောင်းသည့်အခါတွင်
ကိုယ်ကြူထားတာပေါ်သွားမှာစိုး၍ အကြောင်း အမျိုးမျိုးပြ ငြင်းပယ်တတ်ခြင်း ။
၁၅ ။ မိမိချစ်သူက ဘယ်မှာရောက်နေတာလဲဟု မေးသောအခါတွင် (ဘီယာဆိုင်တွင်ရောက်နေပါက
Toilet ထဲ အမြန်ပြေးသွား၍ အေး ငါထမင်းဆိုင်မှာ ဟ ထမင်းစားနေတုန်းပဲ ) (
မာဆတ်ရောက်နေပါက အင်း ခဏလေးနော် ချစ်ရေ ကိုယ်ပုတီးစိပ်နေလို့ ) စသဖြင့်
လိမ်ညာပြောဆိုတတ်ခြင်း ။
၁၆ ။ မိမိချစ်သူ၏ ဖေ့ဘုတ်စာမျက်နှာကို လာလည်သလိုလိုနှင့် သူ့သူငယ်ချင်းများအား
လှည့်ပတ် ၍ အရောဝင်ခင်မင်၍ ကြုံရင် ကြုံသလို ကြူတတ်ခြင်း ။
၁၇ ။ မိမိချစ်သူက ကဗျာရေးသူစာရေးသူဖြစ်ပါက ကွန်မန့်ပေးဖော်မရပဲ အင်တာနက်သုံး၍
ကွန်နက်ရှင်ကျခြင်း လိုင်း မကောင်းခြင်းများကို အကြောင်းပြကာ
ဒိုတာခုတ်ခြင်းဖြင့်အချိန်ကုန်နေတတ်ခြင်း ။
၁၈ ။ မိမိချစ်သူနှင့်ရှော့ပင်အတူထွက်သည့်အခါမျိုးတွင် ကိုယ်တော့
ဒီဟာလေးကြိုက်လာတာ ချစ်ရဲ့လက်ဆောင် အနေနဲ့ဝယ်ပေးပါလားဟင် ဟင် ..ဒီဖိနပ်လေးက
ကိုယ်နဲ့သိပ်လိုက်မှာပဲ ကိုယ့်ကို လက်ဆောင် မပေးချင်ဘူးလားဟင်စသဖြင့်
အားမနာတမ်းပူဆာတတ်ခြင်း ။
၁၉ ။ မိမိချစ်သူက ရေခြားမြေခြားတွင် ရှိနေ၍ မိမိအားမမြင်နိုင်သောအခါမျိုးတွင် (
သူမမြင်ရသော အလုပ် ကိစ္စနှင့်တခြားအကြောင်း ပြချက် များစွာကို အရင်းပြုကာ)
အင်တာနက် ချက်တင်ထိုင်ရန်ပျက်ကွက်ခြင်း ။
၂၀ ။ မိမိချစ်သူက မိမိနှင့်တွေ့ဆုံရန်ချိန်းဆိုပြီးမှ
ကိစ္စတစ်ခုခုကြောင့်ပျက်ကွက်ခြင်း ( မိန်းကလေးကျန်းမာရေး ၊ ဖျားနာခြင်း )
ဆိုလျှင် ချိန်းထားတာ အလေးအနက်ထားပြီးမလာဘူးဟု တစ်ဖက်လူပြဿနာကို အရင်မစုံစမ်းပဲ
မိမိကအရင်ပြဿနာရှာတတ်ခြင်း ။
ကိုပုရိသတို့အတွက်လည်း ရှောင်ရမယ့်အချက်တွေပြောမယ်ဆိုရင် ပြောကုန်မယ်ထင်ပါဘူး ။
ဒီတခါတော့ မျှမျှ တတ အားလုံးကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ် ။
စိတ်ထဲကအတွေးလေးတွေကို မျှဝေထားတာဖြစ်တဲ့အတွက် ကျနော်ရေးတဲ့စာတွေကို
ဗွေမယူစေချင်ပါဘူး ။ ဒီအတိုင်းလေးကိုယ်နဲ့တိုက်ဆိုင်တာလေးကို ပြင်လိုက်ပြီး
ချစ်သူတိုင်းပြုံးပျော်ရွှင်စွာ ပေါင်းဖက်နိုင်ကြပါစေခင်ဗျားး)
Reply all
Reply to author
Forward
0 new messages