အချစ်နဲ့အချိန်

0 views
Skip to first unread message

ကျော်ခိုင် ၀င်း

unread,
Nov 20, 2009, 1:18:57 AM11/20/09
to a_lin_sa...@googlegroups.com
အချစ်နဲ့အချိန်

ဟိုးရှေးရှေးတုန်းက Love ဆိုတဲ့ ကောင်မလေးဟာ Felling ရယ်၊ Richness ရယ်၊ Happiness ရယ်၊ Sadness ရယ်ဆိုတဲ့ သူငယ်ချင်းတွေနဲ့ အတူနေထိုင်သတဲ့ ။

တစ်နေ့တော့ Love ဟာ သူမအတွက် မည်သူသာလျှင် Love ရဲ့တန်ဖိုးနဲ့ ထိုက်တန် သလဲ လို့ စဉ်းစားမိသတဲ့ ။

အဲဒါကို အကောင်အထည်ဖော်ချင်တာနဲ့အမျှ Love က လည်း သူမရဲ့ သူငယ်ချင်းတွေကို မေးသတဲ့ ….

အဲဒီအခါ Richness ကလည်း သူသည်လျှင် Love ရဲ့ အဓိပ္ပာယ်ကို အလှပဆုံး ဖန်တီး နိုင်တဲ့သူ လို့ သူရဲ့ စည်းစိမ်တွေနဲ့ ဖျားယောင်း ပြောဆိုသတဲ့ ……။

Happiness ကလည်း သူသာလျှင် Love ရဲ့ ဘ၀ တစ်လျှောက်လုံးကို သာယာမှုတွေ၊ စိတ်ချမ်းသာမှုတွေ အများဆုံးပေးနိုင်သူဖြစ်စေမယ်လိ
ု့ ပြောပြန်သတဲ့ …….။

Sadness ကလည်း သူနဲ့သာတွဲလိုက်ရင် အများသူဟာစိတ်ထဲမှာ သနားစိတ်တွေ ၀င်လာမယ်၊ ၀မ်းနည်းမှုတွေပါလာမယ်၊ အဲဒီအခါ Love ရဲ့ အဓိပ္ပာယ်ဟာလည်း ပိုပြီး လေးနက်ပြီး ခံစားချက်ပါစေမယ် လို့ ပြောပြန်သတဲ့……. ။

Love က ဘယ်သူ့ကို ရွေးချယ်ရမလဲလို့ Feeling ကိုမေးတဲ့အခါ ။ Feeling က တစ်ယောက်ပြောတိုင်း ပြောတဲ့ တစ်ယောက်ချင်းစီအပေါ် အမျိုးမျိုးပြောင်းလဲ ပြီး တိကျတဲ့အဖြေရယ်လို့ မပေးနိုင်ပြန်ဘူး ။

အဲဒီအခါ Love က ဘယ်သူ့ကို ရွေးရမလဲလို့ စိတ်ရှုပ်နေသတဲ့ ။ နောက်ဆုံးတော့ Love ဟာ ခရီးထွက်ဖို့ စိတ်ကူးမိတဲ့အခါ သူမ ရဲ့ သူငယ်ချင်းတွေကို အဖော်လိုက်ဖို့ ခေါ်သတဲ့ ။

ပထမဆုံး Richness ကို အဖော်ခေါ်သတဲ့ Richness က သူက ဒီနေရာကနေ ထွက်ခွာ သွားလို့ မဖြစ်ဘူးတဲ့ ။ သူ့ရဲ့ စီးပွားရေးကြောင့် Richness ဟာ Love ခေါ်ရာ နောက်ကို မလိုက်နိုင်ဘူးလေ .. ။ ဒါပေမယ့် Love ကိုတော့ မသွားပဲ သူ့နားမှာနေဖို့ တားမြစ်သတဲ့ ။

Love ဟာ ဒုတိယ တစ်ယောက်ဖြစ်တဲ့ Happiness ကို ခေါ်ပြန်သတဲ့ ။ အဲဒီအခါ Happiness ကလည်း သူက အမြဲပျော်နေချင်တာ ပျော်စရာနေရာတွေကိုပဲ လိုက်ပြီး ရှာချင်တာ ။ Love နဲ့ပျော်သလို တခြားအကြောင်းအရာတွေနဲ့လည်းပျော
်တယ် Love ရဲ့ ခရီးတစ်လျှောက်လုံးကိုတော့ လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ငြင်းပြန်သတဲ့ .။

Love ဟာ ၀မ်းနည်းသွားမိသွားတယ် ။ အဲဒီအခါ ၀မ်းနည်းပူဆွေးနေတက်တဲ့ Sadness ကို လိုက်ရှာပြီး ရင်ဖွင့်သတဲ့ .. နောက်ဆုံးတော့ Love ဟာ သူ့ရဲ့ ခံစားချက်ကို နားလည်ပေးတက်သူဟာ Sadness လို့ ယူဆသတဲ့ ။ နောက်တော့ Sadness ကို သူ့ခရီးကို လိုက်ဖို့ ခေါ်တဲ့အခါ … အဲဒီအချိန်မှာတော့ Sadness ဟာ ပိုပြီး ၀မ်းနည်းတဲ့ သရုပ်ပေါ်လွင်တဲ့ မျက်နှာဘေးနဲ့ love ရယ် ငါတောင်း ပန်ပါတယ်။ ငါက နဂိုကတည်းက ပူဆွေးနေတက်တာ နင့်လည်း အခု ၀မ်းနည်းနေတဲ့အချိန်မှာ ငါတို့အတူသွားတဲ့ ခရီးဟာ ပျင်းစရာကောင်းပါတယ်။ အဲလိုပဲ ငါကလည်း အေးအေးဆေးဆေးပဲ ကြေကွဲချင်နေတာ … ခရီးမထွက် ချင်သေးဘူးလို့ လှလှ ပပ ငြင်းဆိုလိုက်ပြန်တယ်။

Feeling ကို ခေါ်ဖို့ Love က ဆုံးဖြတ်တဲ့ Feeling ကလည်း သူက မည်သူနဲ့မဆို အဆင်ပြေ တဲ့အကြောင်း Richness ကလည်း သူ့ကို အလိုရှိကြောင်း၊ Sadness ကလည်း သူမကိုအလိုရှိကြောင်း၊ Happiness ကလည်း အမြဲခေါ်နေသတဲ့ ဒါ့ကြောင့် တစ်လှည့်စီနေမယ်လို့ပြောတဲ့အခါ Love က အခြေအနေ မှန်ကို နားလည်သွားပြီး သူတစ်ယောက်တည်း ခရီး ထွက်လာသတဲ့ …..။

ဒီလိုနဲ့ လမ်းတစ်ဝက်ရောက်တဲ့အခါ Knowledge နဲ့ လမ်းမှာ သွားတွေ့သတဲ့ ။ Love ဟာ သူ့ရဲ့ မိတ်ဆွေတွေဟာ သူ့ကို ဥပက္ခာပြုတယ်၊ ဘယ်သူကမှ လိုက်မလာကြဘူး လို့ ရင်ဖွင့်သတဲ့ …။ အဲဒီအခါ Knowledge က သေချာစိုက်ကြည့်ပီး …. မဟုတ်ဘူး Love မင်းလမ်းတစ်လျှောက် အဖော်မမဲ့ခဲ့ပါဘူး တဲ့ အဲလိုပြောတဲ့အခါ Love က ကြောင်အမ်းအမ်းနဲ့ ကျွန်မ အဖော်မမဲ့ခဲ့ဘူးဟုတ်လား လို့ပြန်မေးတဲ့အခါ … မင်းဘေးမှာ Time က အမြဲကပ်ပါလာတယ်လေ လို့ဖြေလိုက်သတဲ့ ။

Love ကလည်း Knowledge ပြောမှ ဘေးဘီကို ကြည့်မိတဲ့အခါ ဘေးနားက Time ကို သတိထားမိသတဲ့။ ဒါနဲ့ပဲ Love က Time ကိုတောင်းပန်သတဲ့ ကျွန်မသူငယ်ချင်း တွေ တောင် ကျွန်မနောက်ကို မလိုက်ဘူး Time က ဘာ့ကြောင့်လိုက်လာရသလဲလို့ မေးတော့

Time က သာလျှင် Love ရဲ့ အဓိပ္ပာယ်ကို အနားလည်ဆုံး၊ Time ကသာ Love ကို တည်ငြိမ်ရာ အရပ်သို့ ခေါ်ဆောင်သွားနိုင်ဆုံးနဲ့ Love ရဲ့ တန်ဖိုး၊ Love ရဲ့ တန်ခိုးကို အမြင့်မားဆုံး ဖြစ်အောင် ဆောင်ရွက်နိုင်သူပါ

လို့ ရဲရဲ ၀ံ့ဝံ့ ဟစ်ကြွေးသတဲ့ … ။ အဲဒီအခါမှာတော့ Love ဟာ သူ့ရဲ့ ခံစားချက်ကို အနားလည်ဆုံး သူမ၏ ဘေးမှာ အမြဲရပ်တည်သူအဖြစ်နဲ့ Love ဆိုတဲ့ မိန်းကလေးဟာ Time ရဲ့ ခေါ်ဆောင်ရာ ခရီးတစ်လျှောက် တဖြည်းဖြည့် ရင့်ကျက်တည်ငြိမ်လို့ အသွင်အမျိုးမျိုးပြောင်းပြီး Love ဆိုတဲ့ အဓိပ္ပာယ်ကို ကောင်းကောင်း ဖော် ညွှန်း တက် သွားပါတဲ့ ။

Nay Myo Lin

unread,
Nov 28, 2009, 10:49:53 AM11/28/09
to
--


Reply all
Reply to author
Forward
0 new messages