သူငယ်ချင်းရေ……..
ဒီနေ့တော့ မင်းအတွက် အသုံးဝင်မယ်ထင်တဲ့ အကြောင်းအရာတစ်ခုကို ပြောပြချင်တယ်ကွာ။ အဲဒါက Apache Struts 2 အကြောင်းပါ။ မင်းသိပြီးသားလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ငါသိထားတဲ့ အခြေခံ အကြောင်းလေးပါ။
Apache Struts 2 ဆိုတာ Enterprise-read Java web applications တွေလုပ်ဖို့ အတွက် အသုံးဝင်တဲ့ Framework တစ်ခုပါ။ သူ့ရဲ့ Framework က Extensible ဖြစ်တယ်။ အဲဒီ Framework က Development Cycle ကိုအကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးထားတယ်။ စပြီး တည်ဆောက်တဲ့ အဆင့်ကနေ အသုံးချတဲ့ အဆင့် အဲဒီကနေ..ပြင်ဆင်မှုတွေ လုပ်ရတဲ့ အထိ လွယ်လွယ်ကူကူ လုပ်နိုင်အောင် ထောက်ပံ့ပေးတာပေါ့။
Apache Struts 2 ကို အရင်တုန်းက WebWork 2 လို့ ခေါ်တယ်။ နှစ်တွေကြာပြီးတဲ့ နောက် WebWork နဲ့ Struts ပေါင်းစပ်ပြီး Struts 2 ဖြစ်လာတယ်။ Version အသစ်ဖြစ်ပေမယ့် အရင်တုန်းက Struts လိုပဲ အသုံးဝင်ပါတယ်။ ပိုပြီးတော့ ကောင်းလာတယ်လို့ ဆိုရမယ်။ www.struts.apache.org ဆိုတဲ့ site မှာ ၀င်ပြီးလေ့လာလို့လည်းရတယ်။
ငါလည်း အခုမှ စပြီး Struts 2ကို လေ့လာနေပြီ။ ငါပြောတာတွေမှာ မှားတာတွေပါရင် လည်း ပြုပြင်ပေးပါကွာ။ သူငယ်ချင်း MVC Structure ဆိုတာကို ကြားဖူးမှာ ပေါ့။ Model View Controller ဆိုတာလေ။ အခုခတ်စားနေတဲ့ Design Structure တစ်ခုပေါ့။ Struts 2 က လည်း အဲဒီ Structure ကို အကောင်အထည်ဖေါ်နိုင်အောင် လုပ်ပေးတဲ့ Framework တစ်ခုပေါ့။ သူ့ရဲ့  အားသာချက်တွေကတော့ အများကြီးပဲကွ။ မင်းအားတဲ့ အခါထပ်ပြီး လေ့လာကြည့်ပေါ့ကွာ။ ငါတို့ရဲ့  ဘော်ဒါကြီး www.google.com က ငါတို့သိချင်တာ ဘယ်ဟာမဆို သိအောင်လုပ်ပေးနေတာပဲ မဟုတ်လား။
Apache Struts2 ရဲ့  အဓိက စွမ်းဆောင်မှုတွေက သူက Pluggable Framework Architecture ကွ။ ဆိုလိုတာက မင်းလိုအပ်သလို Customize လုပ်ပြီးသုံးနိုင်တယ်။ Flexible Validation Framework ဖြစ်လို့ Validation Rules တွေကို Action Code တွေက နေခွဲထွက်ပြီး လုပ်နိုင်လာတယ်။ Action Code တွေမှာ ရေးစရာ မလိုတော့ဘူးပေါ့။ Hierarchical approach နဲ့ Localizing applications တွေကို Internationalization လုပ်လာတယ်။ သူက Integrated dependency injection engine တစ်ခုဖြစ်ပြီး component lifecycle နဲ့ dependencies တွေကို အကောင်းမွန်ဆုံး manage လုပ်ပေးတယ်။ Default အနေနဲ့ သူက Spring ကို သုံးပြီး dependency injection တွေကို ဖြေရှင်းတယ်။ သူ့မှာ Modular configuration files တွေရှိပြီး packages တွေ namespaces တွေကို သုံးပြီး ကြီးမားတဲ့ projects(actions ပေါင်း ၁၀၀ လောက်ပါတဲ့) တွေကို ကောင်းကောင်းကြီးကို manage လုပ်လို့ ရတယ်။ Java 5 annotations ဖြစ်လို့ configuration overhead တွေကို လျော့ကျစေတယ်။ *(Java 1.4 က minimum platform)
သူငယ်ချင်းရေ… မင်းသိတဲ့ အတိုင်း web ဆိုတာ သုံးတဲ့ သူက တောင်းဆိုမှ စပြီး အလုပ်လုပ်တာမဟုတ်လား။ Apache Struts 2 လည်း ဒီလိုပဲ။ သူ့ ရဲ့  Request Processing အကြောင်းကို ပြောရမယ်ဆိုရင်……
၁။ web browser က resource တွေဖြစ်တဲ့ /mypage.action, /reports/myreport.pdf စတာတွေကို request လုပ်မယ်။
၂။ Filter Dispatcher ဆိုတဲ့အရာက request တွေကို ကြည့်ပြီး သင့်တော်တဲ့ Action တွေကို ဆုံးဖြတ်ပေးတယ်။
၃။ Interceptors ဆိုတဲ့အရာက အလိုအလျောက် ယေဘူယျဖြစ်တဲ့ လုပ်ဆောင်ချက်တွေကို apply လုပ်ပေးတယ်။ workflow, validation, file upload handling စတဲ့ အရာတွေကို ပေါ့။
၎။ Action method က လုပ်ပေးတာကတော့ များသောအားဖြင့် information တွေကို Database မှာ သိမ်းတာတွေ၊ ယူတာတွေကို အဓိက လုပ်တယ်။
၅။ Result ဆိုတဲ့အရာကတော့ output တွေကို Browser ကို ပြန်ပို့ပေးတဲ့ဟာပေါ့။ HTML, images, PDF စတဲ့ အရာတွေ အနေနဲ့ ပို့ပေးတယ်။
Struts 2 မှာ လုပ်ထားတဲ့ improvements တွေက……
Design ပိုင်းကို ရိုးရှင်းစွာပြုလုပ်ထားတယ်။ struts 1 မှာတုန်းကကြုံတွေခဲ့ရတဲ့ Design Problem တစ်ခုဖြစ်တဲ့ interfaces အစား abstract classes တွေကို ရေးခဲ့ရတာတွေကို struts 2 မှာ ဖြေရှင်းထားတယ်။ Struts 2 ရဲ့  classes တွေက များသောအားဖြင့် interfaces အပေါ်မှာ အခြေခံထားတယ်။ သူ့ရဲ့  အဓိက interfaces တွေက HTTP အပေါ်မှာလည်း မှီခိုမှု ကင်းတယ်။
Intelligent Defaults ဖြစ်တယ်။ configuration elementsတွေက များသောအားဖြင့် default value တွေပါပြီးတော့ လိုအပ်သလို ထားပြီး သုံးနိုင်တယ်။ xml ကို အခြေခံထားတဲ့ default configuration files တွေပါပြီးတော့ အဲဒါတွေကို လည်း လိုအပ်သလို extended လုပ်နိုင်တယ်။
Results ပိုင်းမှာလည်းတိုးတက်လာတယ်။ ActionForwards နဲ့ မတူတော့ပဲ Struts 2ရဲ့  Results တွေက အမျိုးစုံလင်တဲ့ outputs တွေ ထုတ် နိုင်အောင် flexible ဖြစ်လာတယ်။
POJO (Plain Old Java Object) Action's အနေနဲ့ ပြောရရင် Struts 1 မှာတုန်းက Actions တွေက Servlet API ကို မှီခိုထားတယ်။ HttpServletRequest နဲ့ HttpServletResponse objects တွေက execute() method ကို pass လုပ်တယ်။ Struts2 မှာကြတော့ ဘယ် java class မဆို execute() method ပါရင် Action class အနေနဲ့ သုံးလို့ရတယ်။ Actions တွေက underlying framework မှာ neutral ဖြစ်ရမယ်။
Struts 2 Framework မှာ ActionForm's တွေမရှိတော့ဘူး။ ရိုးရှင်းတဲ့ JavaBean တွေကိုပဲ propertyies တွေတိုက်ရိုက်ပို့ဖို့ သုံးတော့တယ်။
Testing အတွက်လည်း Enhancement တွေလုပ်ထားတယ်။ Struts 2 ရဲ့  Actions တွေက HTTP independentဖြစ်ပြီး Framework နဲ့လည်း neutral ဖြစ်တဲ့ အတွက် struts applications တွေကို test လုပ်တဲ့အခါမှာ အလွန်လွယ်ကူပြီး mock objects တွေကို လည်းပြန်ပြီး စီစဉ်နေရမှုတွေ မရှိတော့ဘူးပေါ့။ mock objects ဆိုတာက objects တွေကို unit testလုပ်တဲ့ အခါမှာ ကြားခံအနေနဲ့ လုပ်ဆောင်တဲ့ အရာတစ်ခုပါ။
Tag Features တွေပိုကောင်းလာတယ်။ Struts 2 tags တွေက style sheet-driven markup တွေကို ထည့်သုံးနိုင်တဲ့ စွမ်းရည်တွေရှိလာတယ်။ consistent ဖြစ်တဲ့ pages တွေကို code နည်းနည်းနဲ့ ရေးနိုင်လာမယ်။ Struts 2 tage markup တွေကို underlying stylesheet ကနေပြင်နိုင်တယ်။ Struts 2 tags တွေက ပိုပြီးစွမ်းဆောင်ရည် မြင့်လာတယ်။ result oriented ဖြစ်လာတယ်။ JSP ရော FreeMaker tags တွေရော နှစ်ခုလုံးကို အပြည့်အ၀ support လုပ်ပေးထားတယ်။
Annotations Support အနေနဲ့ Java 5 annotations ကို XML နဲ့ Java properties configurations ရဲ့  alternative အနေနဲ့ သုံးထားတယ်။
(Stateful Checkboxes)Struts 2 ရဲ့  checkboxes တွေက မှားယွင်းတဲ့ values တွေ အတွက် special handling တွေ မလိုအပ်တော့ဘူး။
(Quick Start)ပြောင်းလဲမှုတွေကို လျှင်လျှင်မြန်မြန် လုပ်နိုင်တယ်။ web container ကို ပြန်စစရာမလိုဘူး။
သူငယ်ချင်းလိုအပ်ရင် request handling တွေကို action အလိုက် customize လုပ်လို့ရတယ်။ Customizable Controller ပေါ့။
Spring Beans ကို add လိုက်တာနဲ့ပဲ Strus 2 Actions တွေက Spring-aware ဖြစ်သွားတယ်။ Easy Spring Integration ပေါ့။
Struts 2 ရဲ့  extensions တွေကို JAR file ကို drop လုပ်လိုက်တာနဲ့ပဲ add လုပ်နိုင်ပါတယ်။ XML တို့ properties files တွေကို ထည့်စရာ မလိုပါဘူး။
Ajax ကိုလည်း Support လုပ်တယ်။ AJAX client side validation တွေ၊ Remote form submission support(work with the submit tag as well) တွေ လုပ်ပေးတယ်။ Partial HTML တွေကို dynamic reloading လုပ်ပေးတဲ့ advanced div template တွေ၊ JavaScript တွေကို remotely load တွေ evaluate တွေ လုပ်နိုင်တဲ့ စွမ်းရည်တွေ ထောက်ပံ့ပေးတဲ့ advanced template တွေ၊ AJAX -only tabbed Panel implementation တွေ၊ rich pub-sub event model တွေ၊ interactive auto complete tag တွေ ကို support လုပ်ပေးထားတယ်။
ဒါတွေက Apache Struts 2 ရဲ့  ပိုမိုကောင်းမွန်လာတဲ့ အကြောင်းတွေပဲ။ သူငယ်ချင်းရေ စာတွေ အများကြီးဖတ်ခိုင်းလို့ ပျင်းနေပြီလား။ OK! ဒီနေ့တော့ ဒီလောက်ပဲကွာ။ ငါလည်းစာတွေရေးရတာ ပျင်းလာပြီ။
နောက်နေ့ကြမှ Apache Struts ရဲ့  အလုပ်လုပ်ပုံတွေကို ပြော ပြတော့မယ်။
မင်းကို ခင်မင်တဲ့….
KG,