ခွင့်မပန်ပဲ ပစ်မသွားပါနဲ့ အချစ်ရယ်
တညလုံး မင်းကိုမောင် စောင့်ကြည့်ခဲ့ရတယ်၊
ခုတော့မောင်မျက်လုံးတွေ လေးလံနေပြီကွယ်။
မောင်အိပ်ပျော်သွားတဲ့အချိန်မှာ
မင်းကိုဆုံးရှုံးသွားမှာစိုးမိတယ်
ခွင့်မပန်ပဲ ပစ်မသွားပါနဲ့ အချစ်ရယ်။
မောင် လန့် နိုးတယ်ဆိုရင်ပဲကွယ်
မောင့်လက်တွေကိုဆန့် တန်းပြီး
မင်းကို အငမ်းမရ စမ်းမိတယ်
အိမ်မက်တွေများလား အချစ်ရယ်။
မောင့်နှလုံးသည်းညှာကကွယ်
မင်းရဲ့ ခြေအစုံကို ရစ်ပတ်ပြီးတော့ရယ်
ရင်ခွင်ထဲမှာ ထွေးပိုက်ထားနိုင်ရင်ကွယ်
ဘယ်လောက်ကောင်းမလဲ အချစ်ရယ်။
အချစ်ရယ်
ခွင့်မပန်ပဲပစ်မသွားပါနဲ့ကွယ်။ ။
ပုသိမ်မောင်စိမ်းသူ
(ကဗျာရှင်လှေငယ်လေးကြိုက်သောပုသိမ်မောင်စိမ်းသူ၏ကဗျာလေးတစ်ပုဒ်)