“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း” ဖွင့်လှစ်မည်

45 views
Skip to first unread message

hein

unread,
Jul 13, 2011, 7:07:03 AM7/13/11
to အလင်းစေတမန်
*“ရုပ်သံဖန်တီးထုတ်လုပ်မှုသင်တန်း”*

*ဖွင့်လှစ်မည်*

* *

မီဒီယာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း (MCPA) မှ ကြီးမှူး၍ ဒစ်ဂျစ်တယ်
ဗီဒီယိုနည်းပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန်ရည်ရွယ်ချက်ဖြင့်
*“**ရုပ်သံဖန်တီးထုတ်လုပ်မှု
သင်တန်း”* အား ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ Myanmar Info-Tech ရှိ အဆောင်(၁)
သင်တန်းခန်းတွင် သြဂုတ်လ (၁၅) ရက်မှ စက်တင်ဘာလ (၁၄) ရက်အထိ နေ့လည် (၃းဝဝ)နာရီ
မှ ညနေ(၆းဝဝ) နာရီအထိ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။ သင်တန်းကြေးမှာ
၁၄၀ဝဝဝိ/-(တစ်သိန်း လေးသောင်းကျပ်တိတိ) ကျပ်ဖြစ်ပြီး
မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဝင်များအား ၁ဝ% Discount ပေးမည် ဖြစ်သည်။

အဆိုပါသင်တန်းတွင် ကွန်ပျူတာအခြေခံအဆင့် လေ့လာထားပြီး၊
ရုပ်သံအစီအစဉ်များနှင့် ရုပ်မြင်သံကြားကြော်ငြာများ၊ မှတ်တမ်းရုပ်ရှင်ကားများ
ရိုက်ကူးတည်းဖြတ် ထုတ်လုပ်မှုများ အကြောင်းကို စိတ်ဝင်စားစွာလေ့လာလိုသူများ၊
ကုမ္ပဏီများ၊ ဌာနဆိုင်ရာများတွင် Video Presentation များဖြင့် နေ့စဉ်
ထိတွေ့လုပ်ကိုင်နေရပြီး သင်တန်းအတွက် အချိန်များစွာ မပေးနိုင်သူများ၊
ရုပ်သံဖန်တီးထုတ်လုပ်မှုကို အထူးပြု လေ့လာနေသူများ၊ နိုင်ငံရပ်ခြားတွင် Video
Production, Mass Communication, Animation ဘွဲ့နှင့် ဒီပလိုမာသင်တန်း
တက်ရောက်ကြမည့် အခြေခံပညာအထက်တန်းအောင်မြင်ပြီး လူငယ်လူရွယ်များအား ခေတ်သစ်
ရုပ်သံနည်းပညာတွင်ပါဝင်သော ဗီဒီယိုပုံရိပ်များဖွဲ့စည်းမှုသီအိုရီ၊
ဗီဒီယိုကင်မရာများ ကိုင်တွယ် အသုံးပြုပုံနှင့် အလင်းပေးခြင်း နည်းစနစ်များ၊
ဗီဒီယိုတည်းဖြတ်ခြင်း၊ စာတမ်းထိုးခြင်းနှင့် အရည်အသွေး မကျဆင်းအောင်
ထုတ်လုပ်ပုံများ၊ ဒစ်ဂျစ်တယ် အသံပိုင်း ဆိုင်ရာ သိကောင်းစရာများ စာတွေ့၊
လက်တွေ့ပါဝင်ပြီး Adobe Certified Expert စာမေးပွဲနှင့် နိုင်ငံခြားအနုပညာ
တက္ကသိုလ် ဝင်ခွင့်များ ဖြေဆိုရာတွင် အထောက်အကူ ရရှိပါမည်။ အထက်ပါသင်တန်းအား
ဦးဝဏ္ဏကျော် (Art Director - People Media, Inforithm-Maze) ASEAN Award
Winning New Media Artist, Contributor (Internet Journal) မှ သင်ထောက်ကူ
ပစ္စည်း အပြည့်အစုံဖြင့် လာရောက်သင်ကြားမည်ဖြစ်ပြီး ဧည့်ပညာရှင်များအဖြစ်
ဒါရိုက်တာမင်းထင်ကိုကိုကြီးမှ (Documentary Film Making) ကိုလည်းကောင်း၊
ဒါရိုက်တာဇော်ဆက်မှ (Screen-Play & Depth of Editing) ကိုလည်းကောင်း
လာရောက်ပံ့ပိုး ပို့ချပေးကြမည်ဖြစ်သည်။ သင်တန်းသားများအတွက် လိုအပ်သော
Software Application Installer များ၊ Plug-ins များ၊ Resource Material များ၊
မြန်မာဘာသာဖြင့် ရေးသားပြုစုထားသော ခေတ်ပေါ်ဗီဒီယိုနည်းပညာနှင့် ရုပ်ရှင်ဂီတ
သဘောတရား ဆိုင်ရာမှတ်စုများကိုလည်း တစ်ပါတည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

သင်တန်းသားဦးရေ ကန့်သတ်ထားပြီး အသေးစိတ်သိရှိလိုပါက
မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊
ဖုန်းနံပါတ်-၆၅၂၂၇၆ သို့ သြဂုတ်လ (၁၂) ရက်နေ့ နောက်ဆုံးထား၍
စာရင်းပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။


Thanks & Best Regards.,

MCPA Office

Nyeint Eisan

--
Yours
Hein :)
"To love an idea is to love it a little more than one should."
"The greatest happiness of life is the conviction that we are loved."

MCPA Training News 12.7.2011.pdf
Reply all
Reply to author
Forward
0 new messages