|
မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ်သည် မကြာမီ ကုန်ဆုံး၍ ၁၃၇၃ ခုနှစ်သို့
ကူးပြောင်းမည့် မဟာသင်္ကြန်ကာလသည် မကြာမီ ရောက်ရှိတော့မည် ဖြစ်ရာ
ယင်းသင်္ကြန်ကာလအတွင်း ရှေးဘိုးဘေးဘီဘင် လက်ထက် ကတည်းက အတိတ်မှ ဖြစ်ခဲ့သော
အညံ့များ၊ ရောဂါများ ပပျောက်ကာ အနာဂတ်တွင် ဖြစ်ပေါ်မည့် အညံ့များ
လျော့နည်းစေနိုင်သည် ဟူသည့် အယူအဆဖြင့် ထုံးတမ်းစဉ်လာအရ ကျင့်သုံးခဲ့သည့်
ခေါင်းဆေးမင်္ဂလာ ပြုလုပ်သော ဓလေ့မှာလည်း ယနေ့ထိတိုင် ရှိနေဆဲ ဖြစ်သည်။
ထို့ကြောင့် ယခုနှစ် သင်္ကြန်ကာလတွင် နေ့နံအလိုက် မွေးဖွားသူများ
ခေါင်းဆေးမင်္ဂလာ ပြုလုပ်အပ်သည့် နေ့ရက်၊ အချိန်၊ နေရာတို့အပြင်
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်သို့ ကူးပြောင်းပြီးသည့် တစ်နှစ်တာ ကာလအတွင်း
မြန်မာနိုင်ငံ၌ ရာသီဥတု အခြေအနေ၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် လူမှုရေး
စသည့် ကဏ္ဍ အသီးသီးတွင် ဖြစ်ပေါ်နိုင်ခြေ ရှိသည့် ကံကြမ္မာအသီးသီးတို့ကို
နက္ခတ်ပညာရှင် ဦးဇေယျာကို၊ ဗေဒင်ပညာရှင် ဆရာစံဇာဏီဘို တို့၏
နက္ခတ်ရှုထောင့်နှင့် ဗေဒင်ရှုထောင့်တို့မှ တွက်ချက် သုံးသပ်ထားမှုများကို
စာဖတ်ပရိသတ်အား တင်ပြအပ်ပါသည်။

ဆရာစံဇာဏီဘို(ဗေဒင်ပညာရှင်) သင်္ကြန်ကာလရဲ့ အတာစားတဲ့
နေ့နံကို ကံမကောင်းဘူးလို့ တစ်သမတ်တည်း ယူဆလို့ မရတဲ့အတွက်
ကံကောင်းရင်လည်း အခြားနေ့နံတွေထက် အများကြီး ကံကောင်းတယ်။ ကံညံ့ရင်လည်း
သူများထက် ဆိုးတယ်။ ဒီနှစ်သင်္ကြန်ကတော့ စနေ အတာစားမှာဖြစ်လို့ စနေ့နေ့
မွေးဖွားသူတွေ ကံကောင်းမှုတွေ ဖြစ်အောင် သင်္ကြန်အတက်ချိန်ဖြစ်တဲ့ ဧပြီလ ၁၆
ရက် ည ၇ နာရီ ၄၅ မိနစ်၊ ၁၁ စက္ကန့်မှာ အိမ်ရှိဘုရားမှာ ၀တ်ကောင်းစားကောင်း
ဝတ်ဆင်ပြီး အနောက်တောင်ဘက်ကို မျက်နှာမူ ပန်းဆီမီးပူဇော်၊
လိုရာဆုတောင်းခြင်းဖြင့် အညံ့တွေ ပပျောက်အောင် ပြုလုပ်နိုင်ပါတယ်။
ခေါင်းဆေးမင်္ဂလာပြုခြင်း ကိစ္စကိုတော့ ကြာသပတေးနေ့နံကလွဲရင် ကျန်တဲ့နေ့နံ
မွေးဖွားသူတွေက သင်္ကြန်အကျနေ့ ညနေ ၄ နာရီ၊ ၄ မိနစ်၊ ၄၉ စက္ကန့်မှာ
နှစ်ဟောင်းမှာရှိတဲ့ ဘေးဥပဒ်တွေ၊ အညံ့တွေ ပပျောက်အောင် ခေါင်းဆေးမင်္ဂလာ
ပြုရပါမယ်။ ကြာသပတေးနေ့နံ မွေးသူတွေကတော့ ဧပြီလ ၁၅ ရက် ညနေ ၄ နာရီ ၄ မိနစ်၊
၄၉ စက္ကန့်မှာ ခေါင်းဆေးမင်္ဂလာ ပြုရပါမယ်။
၁၃၇၃ ခုနှစ်အတွင်း ဖြစ်ပေါ်နိုင်တဲ့ အခြေအနေရပ်ရပ်ကို သုံးသပ်ရရင်တော့
ရာသီဥတုပိုင်းဆိုင်ရာမှာ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီနဲ့ ၉၇ ဒီဂရီ အကြားရှိ
နေရာဒေသတွေမှာ အပူချိန် မြင့်မားမယ်။ ၀ါခေါင်လဆုတ် ၁ ရက်နေ့ကစပြီး သြဂုတ်လ
၁၅ ရက်နဲ့ ၁၆ ရက် အတွင်း၊ တော်သလင်းလဆန်း ၁ ရက်နေ့ကစပြီး သြဂုတ်လ ၃၀၊ ၃၁
ရက်အတွင်း၊ တော်သလင်းလဆုတ် ၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၄ ရက်၊ ၁၅ ရက် အတွင်း၊
သီတင်းကျွတ်လဆန်း ၁ ရက်နေ့ကနေ စက်တင်ဘာလ ၂၈၊ ၂၉ ရက်နေ့ နဲ့ ၃၀ ရက် အတွင်း၊
သီတင်းကျွတ် လဆုတ် ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့
အတွင်းတွေမှာ ထူးကဲဒီရေ တက်နိုင်ပါတယ်။ အဲဒီ ရက်ပိုင်းအတွင်း
လေ၀င်မယ်ဆိုရင် မုန်တိုင်းနဲ့ဆူနာမီ မဖြစ်ဖို့ ဆုတောင်းရလိမ့်မယ်။
ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အခက်အခဲတွေ အနည်းငယ် ပြန်ပြေလည်လာနိုင်ပြီး
လူမှုရေး ပြဿနာ အနေနဲ့ကတော့ လူငယ်ထုအတွင်းမှာ မူးယစ်ဆေးနဲ့ ပတ်သက်တဲ့
ပြဿနာတွေ အများအပြား ပေါ်လာနိုင်တယ်။ ပညာရေးပိုင်းဆိုင်ရာ ထူးထူးခြားခြား
အားကောင်းမယ် ဆိုပေမယ့် ပညာကို ငွေကြေးနဲ့ဆပ်ရမယ့် အခြေအနေတွေ ဖြစ်လာမယ်။
ကျန်းမာရေးပိုင်းဆိုင်ရာမှာ ဆိုရင် တိရစ္ဆာန်တွေကနေ တစ်ဆင့်
လူကိုကူးစေမယ့် ကပ်ရောဂါတွေ ဖြစ်ပေါ်လာနိုင်တယ်။ မွေးမြူရေး လုပ်ငန်း
လုပ်ကိုင်သူတွေ အနေနဲ့လည်း ကျွဲ၊ နွားသတ္တ၀ါတွေရဲ့အစာရေစာနဲ့ ပတ်သက်တဲ့
ကျန်းမာရေးကို အထူး ဂရုစိုက်သင့်ပါတယ်။
တောင်သူတွေ အထွက်နှုန်း နည်းပေမယ့် အမြတ်ရမယ်။ ရေလုပ်ငန်းကဏ္ဍမှာ
အမြတ်အစွန်း ရရှိမှုနည်းမယ်။ ပဲက တာထွက်မှာ အားကောင်းပေမယ့်
နှစ်လယ်ပိုင်းမှာ အားပျော့မယ်။ လောင်စာဆီဈေးနှုန်းတွေ တက်ရိပ်ပြပြီး
အခြေခံစားကုန်တွေ ကတော့ ပုံမှန်အတိုင်း နေလိမ့်မယ်။
နိုင်ငံရေးပိုင်းမှာတော့ ပြောင်းလဲမှု ရှိမလာနိုင်ပါဘူး။ နာမည်ကြီးတဲ့
လူလတ်ပိုင်း အနုပညာရှင်တွေ ကြွေလွင့်ကိန်း ရှိပါတယ်။ အထူးသဖြင့်
စာပေပိုင်းဆိုင်ရာမှာ ပိုဖြစ်နိုင်ခြေ ရှိတယ်။
ဦးဇေယျာကို(နက္ခတ်ပညာရှင်) အခုသင်္ကြန်မှာ
စနေနေ့ အတာစားမှာ ဖြစ်တဲ့အတွက် စနေနေ့ မွေးဖွားသူတွေကတော့ အတက်နေ့ နေ့လယ်
၁၁ နာရီ ၄၅ မိနစ်မှာ အရှေ့မြောက်အရပ်မှာ သီဟိုဠ်ညွန့်ခင်း၊
အုန်းညွန့်ကိုကိုင်၊ အနောက်တောင်အရပ်ဘက် မျက်နှာမူပြီး ခေါင်းဆေး မင်္ဂလာ
ပြုလုပ်ရပါမယ်။
မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ် အတွင်းမှာ ဗုဒ္ဓဟူးဂြိုဟ်နဲ့
ကြာသပတေးဂြိုဟ်တို့ အားကောင်းစွာ ရပ်တည်တဲ့အတွက် စီးပွားရေးကဏ္ဍမှာ အများကြီး
တိုးတက်နိုင်ပါတယ်။ ပြီးတော့ ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတို့မှာ
ဖွံဖြိုးတိုးတက်စေနိုင်မှုကို ကိုယ် စားပြုတဲ့ သောကြာဂြိုဟ်နဲ့
စနေဂြိုဟ်ကလည်း အားကောင်းနေပါတယ်။ ခရီးသွားလုပ်ငန်း၊ ဟိုတယ်၊ မိုတယ်၊
ဆောက်လုပ်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ကဏ္ဍတွေမှာ ထူးထူးခြားခြား
ပြောင်းလဲနိုင်ပါတယ်။ အခုလာမယ့် ဧပြီလ အတွင်းနဲ့ ဒီဇင်ဘာလတို့မှာ
ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့် အခြေအနေသစ်တွေ ပေါ်နိုင်ပါတယ်။
ဧပြီလ ၁၉ ရက်ကနေ မေလ ၂၀ ရက် အတွင်းမှာ တစ်နှစ်တာ ကာလလုံးရဲ့ ရွှေဈေးနှုန်း
အမြင့်မားဆုံး ရောက်ရှိနိုင်ပြီး အဲဒီကာလနောက် ပိုင်းကစပြီး ရွှေဈေးနှုန်း
ကျနိုင်တာကြောင့် တစ်နှစ်ပတ်လုံးမှာ ရွှေလုပ်ငန်းရှင်တွေ နစ်နာမှု
ဖြစ်နိုင်ပါတယ်။၂၀၁၁ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၁၂ ခုနှစ် မတ်လတို့မှာ သယံဇာတ
တူးဖော်တွေ့ရှိမှုတွေ ဖြစ်နိုင်ပါတယ်။ |
ဘာဖွား လဲသိရအောင် မဟာဘုတ်တိုင်လေး ထူပြီး ကိုယ်တိုင်တွက်ကြည့်ရအောင်
မဟာဘုတ်ဗေဒင်သည် မည်သည့်ခေတ်အခါက
ပေါ်ပေါက်လာသည်ဟု သမိုင်းကအတိအကျ မဆိုထားသော် လည်း ပုဂံခေတ်က
အသုံးပြုခဲ့သည်ဟု စဉ်းစားဖွယ်ရာ အချက်များကို တွေ့နေရသည်။ မဟာဘုတ်ဗေဒင်ပညာ
သည် မြန်မာလူမျိုးတို့၏ ရိုးရာ အစဉ်အဆက် လက်ဆင့်ကမ်း ယူဆောင်လာသော
ပညာစစ်စစ် ဖြစ်၏။ နောက် မြန်မာလူမျိုး အများစုနှင့် အတော် နီးစပ်သောပညာရပ်
ဖြစ်၏။ ထိုမဟာဘုတ်ပညာသည် လွန်စွာ တွက်ချက်၍ လွယ်ကူသည်ဖြစ်ရာ တစ်ချို့
လူများသည် လွန်စွာ အထင်သေးလေ၏။ (၇)ခုစား ၊ (၈)ခုစား လေးပါကွာ။
လွယ်လွယ်လေးပါကွာ စသည်ဖြင့် အထင်အမြင် သေးလှ၏။
အမှန်အတိုင်း
ဝန်ခံရပါမူ ကျွန်ုပ်ကိုယ်တိုင် အသက်(၁၀)နှစ်သား လောက်ကပင် မဟာဘုတ်ဗေဒင်
တွက်နည်းကို ကျွန်ုပ်ဖခင်၏ ကျေးဇူးဖြင့် တတ်မြောက်နေ၏။ မြန်မာသက္ကရာဇ်
ဘယ်နှစ်ခုနှစ်ဆိုတာနှင့် အကြွင်းက ဘယ်လောက် ၊ ဘာကြွင်း ၊ ဖွားဇာတာက ဘာဖွား
စသည်ဖြင့် တတ်နေခဲ့၏။ ပုတိဖွားလား ၊ ဘင်္ဂ ဖွားလား၊ အထွန်းဖွားလားပင်
တွက်တတ်နေခဲ့၏။ အမှန်မှာမူ မဟာဘုတ် ဗေဒင်တွက်နည်းကိုသာ တတ်
မြောက်ခြင်းဖြစ်၍ မဟာဘုတ်ဗေဒင်ပညာကို တတ်မြောက်ခဲ့ခြင်း မဟုတ်ပါ။ အခု
ခေတ်တွင်လည်း ကျွန်ုပ်ငယ်စဉ်ကလို မဟာဘုတ် တွက်နည်းကို လူတိုင်းနီးပါး
တတ်မြောက်နေကြ၍ မဟာဘုတ်ဗေဒင် ပညာကိုကား လူတိုင်း နားမလည်နိုင်ကြပေ။
တစ်ချို့
နားမလည်သော သူများက ဗေဒင်ပညာကို စာကျက်သလို ကျက်မှတ်ကြ၏။ အမှန်အတိုင်
ပြောရလျှင် ထိုစာကျက်သူများသည်လည်း မဟာဘုတ်ကို တတ်မြောက် မသွားရှာပေ။
ကျက်တာလောက်ကတော့ ကြက်တူရွေး တစ်ကောင်ကို သေသေချာချာ လေ့ကျင့်ပေးရင်တောင်
အကျက်သမားများကဲ့သို့ "အောင်လံထူ စစ်သူကြီးပွဲတို့ ၊ ပုတိသဘော မကျော်ဇော
နှမျောတွန့်တို ရှိတတ်စွာ လောက်ကတော့ ရွတ်တတ်မည် အ မှန်ပင်။ကဲ...
ကျွန်တော်တို့ မဟာဘုတ်ဗေဒင်ပညာ တွက်နည်းလေး စကြရအောင်ပါ။ တော်တော် လွယ်ပါ
တယ်။ ၁၀-မိနစ်လောက် လေ့လာရင် တွက်တတ်ပါပြီ။
မဟာဘုတ်ဗေဒင်ပညာမှာ
မိမိ၏ မြန်မာ မွေးသက္ကရာဇ်ကို တည်ပြီး ၊ (၇)နှင့် စားရပါတယ်။ အကြွင်းကို
ဘင်္ဂဆိုတဲ့ နေရာက စချရမယ်။ အဲဒီလို ချတဲ့အခါမှာ ဂြိုဟ်တစ်ခုနှင့် တစ်ခု
လေးခုမြောက်ကွာသော စတုရန်းလင်္ကာနှင့် ချရပါတယ်။
အောင် ၊ လံ ၊ ထူ ၊ စစ် ၊ သူ ၊ ကြီး ၊ ပွဲ
ဒါက
စတုရန်း လင်္ကာပါ။ ပါးစပ်ကတော့ အောင်လံထူ စစ်သူကြီးပွဲလို့ ရွတ်ပြီးချရမယ်။
လက်က ချတဲ့နေရာမှာ တော့ ဂဏန်းသင်္ချာနဲ့ ရေးပြီး ချသွားရမယ်။ အောင်ဆိုရင်(၁) ၊
လံဆိုရင်(၂) ၊ ထူဆိုရင်(၀ သို့ ၇) ၊ စစ်ဆိုရင် (၃) ၊ သူဆိုရင်(၆)၊
ကြီးဆိုရင်(၂) ၊ ပွဲဆိုရင်(၅)။ အဲဒီလိုရေးပြီး ချသွားရမယ်။ အဲဒီမှာ
အထူးသတိထားရမှာက မိမိကြွင်းတဲ့ ဂဏန်းက စချရမယ်။ ၁ကြွင်းရင်
ဘင်္ဂဆိုတဲ့နေရာမှာ ၁-ကိုချ။ ပြီးရင် လင်္ကာရွတ်ပြီး ဆက်ချပေါ့။ အဲဒီလိုပဲ
(၂)ကြွင်းရင် ဘင်္ဂဆိုတဲ့နေရာမှာ ၂-ကိုရေး ။ ပြီးရင် ကြီးပွဲအောင်လံထူစစ်သူ
ဆိုပြီး လင်္ကာ ဆက်ရွတ် ပြီး ချပေါ့နော်။
ကဲ... မဟာဘုတ်ရဲ ပုံစံလေးကို အရင်ကြည့်ရအောင်။

ဒါကတော့ မဟာဘုတ်ကို ချရမယ် အစဉ်လေးပါ။ အဲဒီပုံလေးထဲကအတိုင်း ချရမှာပါ။

ဘင်္ဂဆိုတဲ့
နေရာလေးမှာကိုယ်ရဲ့အကြွင်းကို ချရပါတယ်။ ပြီးရင် မျှားပြထားတဲ့အတိုင်း
အောင်လံထူစစ်သူကြီးပွဲ ဆိုပြီး ဆက်ချပေတော့။ အောက်မှာ မဟာဘုတ် (၁)ကြွင်းကနေ
(၇)ကြွင်းထိ ပုံလေးတွေနှင့် ပြထားပါတယ်။
ဒါက မဟာဘုတ်(၁)ကြွင်းပုံစံပါ။
လင်္ကာကတော့=အောင်;လံ;ထူ;စစ်;သူ;ကြီး;ပွဲ
ဒါကတော့ မဟာဘုတ်(၂)ကြွင်းပုံစံပါ။
လင်္ကာကတော့-ကြီး;ပွဲ;အောင်;လံ;ထူ;စစ်;သူ;
ဒါကတော့မဟာဘုတ်(၃)ကြွင်းပုံစံပါ။
လင်္ကာကတော့-စစ်;သူ;ကြီး;ပွဲ;အောင်;လံ;ထူ;
ဒါကတော့မဟာဘုတ်(၄)ကြွင်းပုံစံပါ။
လင်္ကာကတော့-လံ;ထူ;စစ်;သူ;ကြီး;ပွဲ;အောင်;
ဒါကတော့မဟာဘုတ်(၅)ကြွင်းပုံစံပါ။
လင်္ကာကတော့-ပွဲ;အောင်;လံ;ထူ;စစ်;သူ;ကြီး;
ဒါကတော့မဟာဘုတ်(၆)ကြွင်းပုံစံပါ။
လင်္ကာကတော့-သူ;ကြီး;ပွဲ;အောင်;လံ;ထူ;စစ်;
ဒါကတော့မဟာဘုတ်(၀ သို့ ၇ )ကြွင်းပုံစံပါ။
လင်္ကာကတော့-ထူ;စစ်;သူ;ကြီး;ပွဲ;အောင်;လံ;
ကဲ... ဒီလောက်ဆိုရင် မိမိရဲ့ မဟာဘုတ်ကို မိမိကိုယ်တိုင် တွက်ကြည့်လို့
ရလောက်ပါပြီဗျာ။ ကိုယ် ဘာဖွားလဲ သိချင်တယ်ဆိုရင်တော့ ကိုယ်ချထားတဲ့
မဟာဘုတ်မှာ ကိုယ်မွေးနံ ရှိတဲ့နေရာဟာ ကိုယ့်ရဲ့ ဖွားဇာတာပေါ့ဗျာ။
ဘင်္ဂ ဆိုတဲ့နေရာမှာ ကိုယ့်မွေးနံ ရှိတယ်ဆိုရင် ကိုယ်က ဘင်္ဂဖွားပေါ့။
ကိုယ်မွေးနံက အထွန်းမှာ ရှိနေတယ် ဆိုရင်တော့ ကိုယ်က အထွန်းဖွားပေါ့ဗျာ။
မခက်ပါဘူး။ ကျန်တာကိုတော့ ဆက်သာလေ့လာ လိုက်ပါတော့ ဗျာ။
မွေးနေ့အလိုက် တိရစ္ဆာန်လေးများနဲ့ တင်စားတဲ့ ဗေဒင်
ဗေဒင်ဆိုတာ တွက်နည်းအမျိုးမျိုးနဲ့ တွက်ကြတာပါ..........
မှန်တာရှိသလို လွဲတာတွေလည်းရှိပါတယ်.........
ခုဗေဒင်လေးကတော့ မွေးနေ့အလိုက် တိရစ္ဆာန် အကောင်များနဲ့ တင်စားပြီး အမူအကျင့် ဘယ်လိုရှိတယ် ဆိုတာ
ကို ပြောပြတဲ့ ဗေဒင်လေးပါ။
ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ အပျင်းပြေသဘောလေးနဲ့ စစ်ကြည့်ပေါ့ရှင်....
January ၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်၂၅ - ၃၁ ခြင်္သေ့
February၀၁ - ၀၅ ကြောင်၀၆ - ၁၄ ချိုးငှက်၁၅ - ၂၁ လိပ်
၂၂ - ၂၈၊၂၉ ကျားသစ်နက်March ၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခြင်္သေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်April၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်၁၅ - ၂၆ ကြွက်၂၇ - ၃၀ လိပ်
May၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်၂၂ - ၃၁ ခြင်္သေ့June
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်July
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်August
၀၁ - ၁၅ မျောက်၁၆ - ၂၅ ကြွက်၂၆ - ၃၁ လိပ်
September ၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး
October၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်
November၀၁ - ၁၆ ခြင်္သေ့
၁၇ - ၃၀ ကြောင်
December
၀၁ - ၁၆ ခွေး၁၇ - ၂၅ မျောက်၂၆ - ၃၁ ချိုးငှက်
၁။ အကယ်၍ သင့်မွေးရက်သည်
ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ
သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို
လေးစားသူ ဖြစ်ပြီး ပင်ကို
စိတ်ရင်းအားဖြင့်လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်ဆက်ဆံရာတွင်
မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ထို့ ကြောင့်
မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကို
ရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့်အ၀တ်အစားများကို
ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား
မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ
ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင်
ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။
၂။ အကယ်၍ သင့်မွေးနေ့သည်
ကြွက် ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။
ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက်
လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း
ရှိသည်။ ထို့ ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန်
လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန်
လိုလားကြသည်။ သို့ သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန်
အပေါင်းအသင်းများကစကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။
တစ်စုံတယောက်က
စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။
၃။ အကယ်၍ သင့်မွေးနေ့သည်
ခြင်္သေ့ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့် ကျင်စွာ ငြိမ်းချမ်းရေးကို
လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ
မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ
ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ
ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား
အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင်
သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က
ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ
တုံ့ ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက
မြှောက်ပင့်
ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။
၎။ အကယ်၍ သင့်မွေးနေ့သည်
ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင်
လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း
ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ်
သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို
လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို
့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင်တစ်ခု ပေါက်ကွဲသလို
ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီအ၀တ်အစားများကို နှစ်သက်သည်။
ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။
ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန်
ဝန်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း
ဖြစ်သည်။
၅။ အကယ်၍ သင်၏ မွေးရက်သည်
လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး
စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က
အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကိုမြတ်နိုးသူဖြစ်သည်။
တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်
ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ထို့ ကြောင့် ပတ်ဝန်းကျင်မှ
မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ
နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း
ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး
ဖြစ်သည်။
၆။ အကယ်၍ သင့်မွေးနေ့သည်
ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ
တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ ပင် ဖြစ်စေကာမူ
ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏
ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ
ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင်
ကိုယ်ကခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့်
အားပေးတတ်
သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလိုလား။ ဤသို့  ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ
လုပ်ကိုင်ဆောင်ရွက်တတ်သည်။
အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦးဖြစ်သည်။
၇။ အကယ်၍ သင်သည်
ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ
မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင်
အပေါင်းအသင်း များနှင့်
အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း
ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့
ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့ သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့
ဆက်ဆံရေး
ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူဖြစ်သည်။
၈။ အကယ်၍ သင့်မွေးနေ့သည်
မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး
ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏
အာရုံ စိုက်မှုကို ခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး
ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း
ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ်သူ ဖြစ်သည်။ ထို
့ကြောင့် မည်သည့်အလုပ်ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ
ဖြစ်သည်။ ဆဌမ အာရုံ၏နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ
ကင်းဝေးတတ်သည်။ ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။
အသားလှုပ်အဟော
ထိပ်လှုပ်မူ အကြီးအကဲမစအံ့၊ နှာခေါင်းလှုပ်မူ ချစ်ခင်သူနှင့် တွေရအံ့၊
အထက်နှုတ်ခမ်းလှုပ်မူ ရန်သူနှင့်တွေ့ရအံ့၊ အောက်နှုတ်ခမ်းလှုပ်မူ
အစားကောင်းစားရအံ့၊ မေးလှုပ်မူ ရန်ဖြစ်ရအံ့၊ လည်ပင်းလှုပ်မူ တန်ဆာရအံ့၊
ကျောက်ကုန်းလှုပ်မူ အ၀တ်အထည်ရအံ့၊ ချက်လှုပ်မူ ဥစ္စာရအံ့၊ ခါးလှုပ်မူ
ပစ္စည်းပျောက်အံ့။
လက်ဝဲဘက်အသားလှုပ် အဟော
ဦးကင်းလှုပ်မူ သောကရောက်အံ့၊ မျက်ခုံးလှုပ်မူ လာဘ်ရအံ့၊ မျက်ခမ်းလှုပ်မူ
ဘေးတွေ့အံ့၊ နှာခေါင်းလှုပ်မူ ၀မ်းမြောက်ရအံ့၊ ပါးလှုပ်မူ ဥစ္စာရအံ့၊
နားလှုပ်မူ လာဘ်ရအံ့၊ ခါးလှုပ်မူ အ၀တ်အစားရအံ့၊ ရင်ဘတ်လှုပ်မူ
မကောင်းသတင်းကြားရအံ့၊ ဆီးစပ်လှုပ်မူ အကြီးအကဲ မျက်အံ့၊ တင်သားလှုပ်မူ
လာဘ်ရအံ့၊ ပေါင်သားလှုပ်မူ ရန်တွေ့အံ့၊ ပခုံးလှုပ်မူ ဥစ္စာရအံ့၊ လက်ဝါးလှုပ်မူ
ရွှေငွေရအံ့၊ ဒူးလှုပ်မူ စိတ်ဆင်းရဲအံ့၊ ခြေသလုံးလှုပ်မူ မိန်းမနှင့်
စကားများရအံ့။
အချစ်ဗေဒင်
အဆင့်(၁)
ကို့ကိုချစ်စကားလာပြောတဲ့သူရဲ့ နာမည် အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။အက္ခရာနဲ့ သင်္ချာဂဏန်းတွဲပြထားပါတယ်
ဗျည်း ကိုသာယူပါတယ်..။
အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ ၁
က ခ ဂ ဃ င ၂
စ ဆ ဇ စ် ည ၃
ယ ရ လ ၀ ၄
ပ ဖ ဗ ဘ မ ၅
သ ဟ ၆
ထ တ ဒ ဓ န ၇
ဥပမာ ကို အောင်ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး= အ +က+ ဌ
= ၁ + ၂+ ၇
=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။
အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။
မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇
ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူအသက်=၂၅
ချစ်ရေးဆိုခံရသူ၏မွေးနေ့ သင်္ချာ နံ =ကြာသပတေး= ၅
အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာပေါင်းရထားတဲ့
အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ် ဂဏန်းနဲ့ စားပါ အကြွင်းကိုကြည့်...။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။
အကြွင်း ၁ က ၀ ထိ ရေးပေးထားပါတယ်။ ကို့ကို ချစ်စကားဆိုသူ က ၂ ယောက် ၃
ယောက်ဆိုရင် သူတို့နာမည်တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံး
ရတဲ့အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။
အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။တကယ်ချစ်နေတာပါ။ဒါပေမယ့် လက်ထပ်တဲ့အထိတော့ ကိယ့်အပေါ်မှာ
မစဉ်းစားသေးဘူးနော်။လက်ထပ်မယ်လို့ပြောလာရင်လဲ အပေါ်ယံ ပြောတာ။တကယ် လက်ထပ်နိုင်တဲ့အခြေအနေ လတ်တလော သူ့မှာ
မရှိသေးဘူး။သူ့မှာ ဖြေရှင်းစရာ။ရင်ဆိုင်စရာမိဘ အသိုင်းအ၀ိုင်းကြားထဲက ချစ်နေရတာ။ ချစ်သူဘ)နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့
တော့ကောင်းပါတယ်။ဒါပေမယ့် အိမ်ထောင်ဖက်တော့ဖြစ်လာမှာမ ဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို
သတိရပါ..။
အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကိုစံတင်လောက်တယ်။သူတကယ်ကို့ကိုချစ်နေတာ။သနားဖို့ကောင်း
ပါတယ်။သူ့ဘ၀ သူ့အချစ် သူ့မေတ္တာ အားလုံး ကို့ကိုပုံပေးပြီး အဖြေ
တုံ့ပြန်မှုကို တကယ်မျှော်လင့်နေတာ။သဘောကလောက်တဲ့ အနေအထား ကိုလိုလားတဲ့
အခြေအနေများ ရှိရင် လက်ခံသင့်တဲ့သူပါ။တခုတော့ရှိတယ်နော်။သူက
တကယ်လက်ထပ်မှာလို့ပဲပြောတာ။
ကိုက မစဉ်းစားသေးဘူးဆိုလည်းသူက နေက်ဆုတ်သွားမှာပါ..။အနှောက်အယှက်မပေးပါဘူး..။
အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့..။
မျက်နှာများတဲ့သူပဲ။ကို့ကိုသဘောကျတွဲချင်တာ ပဲ
ရှိပါတယ်။လေးလေးနက်နက်ချစ်တဲ့အနေအထားတော့မဟုတ်ဘူးနော်။လက်ထပ်ပေါင်းသင်းဖို့နေနေသာသာ
ရေရှည်ချစ်ပါ့မလားတောင်
မသိ။ကိုက လက်ခံမိရင် ကို့အပြင်သူနောက်ထပ်တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ပြန်လာလိုက်နဲ့ချစ်တမ်းကစားနေတာတို့
လုပ်အုံးမှာ။ အသည်းကွဲကာကွယ်ဆေးထိုးပြီးမှချစ်ပေါ့။ဒါပေမယ့် ကမ္ဘာမှာ အဲဆေးမပေါ်သေးဘူးနော်..။မိတ်ဆွေလောက်နဲ့ပဲထားဖို့ကောင်းပါတယ်။
အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ကို့ကိုမြတ်နိုးနေတာမှသဲသဲ
လုပ်ပဲ။ကို့အတွက်ဆိုဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့
မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။သူက စကားနည်းတယ်။
ဒီမေတ္တာစကားပြောဖို့တောင်တော်တော်အရှိန်ယူ ရပုံပဲ။ကို့အပေါ်သူတတ်အားသလောက်တင့်တင့်တယ်တယ်ထားမှာ အမှန်ပဲ။
သဘောကျရင်စဉ်းစားဖို့တကယ်ကောင်းတဲ့သူပေါ့။သူ့ဝန်းကျင် အသိုင်းအ၀န်း။သူ့အနေအထားတွေကိုမိန်းကလေးပီပီထည့်တွက်ပေး
မယ်။အချစ်ဘက်ကတော့အမှတ်ပြည့်တကယ်ပေးထားတယ်။ကို့သဘော ကို့အလိုတကယ်လိုက်ပြီး ကို့မျက်နှာအညိုးမခံရအောင်
သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ.
လက်ခံလို့ရတယ်။သူဘက်ကလက်ထပ်ဖို့သေချာပါတယ်။အချိန်ယူပြီးစဉ်းစားဆုံးဖြတ်ပေါ့..။
အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။တခါတလေကို့ကိုချစ်လိုက်။တစ်ခါတလေ
ကို့ကိုမေ့ထားလိုက် လုပ်မှာပါ..။ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။တခါလောက်ပြောပြီး ကိုက မူပြီးအချိန်
ဆွဲထားရင်ကြားထဲမှာ ထပ်အဖြေတောင်းတော့မှာမဟုတ်ဘူး။သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။သူ့ရင်ထဲမှာ အသည်းနလုံးရော
ရှိရဲ့လား..။ဆိုတာကိုလေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။တွေးကြည့်ပေါ့။ငြင်းစရာမှိလောက်အောင်ပြည့်စုံလို့
လက်ခံမယ် ။ကိုကချစ်သာနေပြီးမဆွတ်ခင်က ညွတ်ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့အချိန်လေးယူပါအုံး..။
အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်
ကောင်းတဲ့သူဆိုတာသတ်မှတ်လိုက်ပါ။သူ့မေတ္တာက
အမှန်တည်ငြိမ်ပါတယ်။ကိုမှတပါးနောက်တယောက်ထားမှာမဟုတ်ဘူး။ပြီးခဲ့တဲ့
အတိတ်မှာဘယ်လောက်ရှုပ်ရှုပ် ကိုနဲ့ကျမှတည်တည်ငြိမ်
ြိငိမ်ဖြစ်မှာ။အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေကြားထဲမှာ ပေါက်ဖွားလာတဲ့အချစ်စစ်။တကယ်လက်ထပ်သင့်တဲ့သူပေါ့။
သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ရေရှည်တည်မြဲပါတယ်။ကို့မိဘ ကို့အသိုင်းအ၀ိုင်းသူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ
စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသားအောက်မေ့ပေတော့.။။။
အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ ကို့နဲ့ မထိုက်တန်ပါဘူး။ဟိုမရှင်းဒီမရှင်း အရှုပ်ထုတ်ထဲ
ကို့ပါဆွဲသွင်းနေတာ။သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ရှေးစကားနဲ့ပြောတာမှတ်မိသေးတယ်
ဒူးနဲ့မျက်ရေသုတ်နေရမယ်။သူချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်းတစ်မျိုးနှင့် မညလမ၀ယ် မိန်းကလေးများဆိုရင်တော့..
တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ယောင်လို့များသွားမတွဲနဲ့ ယူလို့လဲမကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက်
ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။အလိမ္မာလေးနဲ့ ငြင်းလိုက်ပါ။
ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီးပြန်အဖြေမပေးခင် ချိန်ဆနိုင်အောင် ပေးထားတာပါ။ချစ်သူရှိပြီးသားလူတွေနဲ့ပတ်သတ်ပြီး
တွက်ကြည့်ချင်ရင် တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ချိန်ပြီးတွက်။ ရည်းစားမရှိသေးသူတွေကလည်းဘယ် အသက်မှာ
ဘယ်နာမည်မျိုးနဲကလူက အချစ်စစ်ကမ်းလှမ်းလာမယ်ဆိုတာ ဥာဏ်ကစားပြီးတွက်ကြည့်ပေါ့နော့်..။
ဟုတ်ရင်လည်းဟုတ်တယ်ပြောဦးနော်..( သူငယ်ချင်းတစ်ယောက်ပို့ ပေးတဲ့ မေးလ်လေးကိုမျှဝေပေးတာပါ)
![]()
နတ် ဗေဒင်အယူအဆ နဲ့  မြတ်ဗုဒ္ဓအမြင်
ဗုဒ္ဓဘာသာဝင်တော်တော်များများဟာ မိရိုးဖလာ အယူအဆ နက္ခတ်ဗေဒင် ယတြာ
အတိတ်နိမိတ်ကို ယုံကြည်သူတွေ တော်တော်များများ တွေ့ ရပါတယ်။ နတ်ကိုးကွယ်မှုတွေလဲ
ယခုအချိန်ထိရှိနေတုန်းပါပဲ။ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊
အစ္စလာမ်၊ ဟိန္ဒူ ။ဘာသာကြီး လေးခု ရှိပါတယ်။
ခရစ်ယာန်ဆိုရင်လဲ သခင်တော်ယေရှု..
အစ္စလာမ်ဆိုရင်လဲ.အလ္လာအရှင်မြတ် တစ်ပါးတည်းပဲကိုးကွယ်စရာ၇ှိပါတယ်။
မြတ်ဗုဒ္ဓကိုကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်အားလုံးဟာရတနာမြတ်သုံးပါအပြင် .
မင်းကြီး မင်းလေး.မမနှဲ ဘိုးတော် မယ်တော် ရိုးရာနတ် အိမ်တွင်းနတ် ဆိုပြီးစုံပလုံနေရောပဲ။
တိုင်းရင်းသား ၈ မျိုး က ကိုးကွယ်စရာ နတ်တွေ ၈ မျိုးတောင်ထွက်လာတယ်နော်။
နတ် နဲ့ ပက်သက်တဲ့အတွေ့ အကြုံ လေးပြောပြမယ်နော်..
အမှားပါရင် ခွင့်လွှတ်ပါလို့  ကြိုတောင်ပန်ပါတယ်..ပြောပြချင်လွန်းလို့  သိစေချင်လွန်းလို့ ပါ.
အိမ်ခေါင်းရင်းမှာ ဖွားနန်းပုတ် ဆိုတဲ့ အသက် ၆၀ ကျော် အက၀ါသနာပါတဲ့ အဖွားတစ်ယောက်ရှိတယ်။
အဖွားက ကားဂိတ်မှာ ထမင်းဆိုင်ဖွင့်ထားတယ်။ရှင်ပြု..ကထိန်ပွဲ မှန်သမျှ
အဖွားမပါရင်ပွဲမစည်ဘူးလေ.အဖွားက စိတ်ရင်းကောင်းပေမယ့်.စိတ်ထဲမတည့်ရင်
အကုန်ပတ်ဆဲတာအဆဲတော့ ဘာကြမ်းသလဲမမေးနဲ့ ..
ချမ်းချမ်း တို့ ဆို အဖွားကို ဖွားနန်းပုတ် လို့ မခေါ်ဘူး အမေဂျမ်းဝင်စားတဲ့ (ဖွားဂျမ်းပုတ် )
လို့ ပဲ ခေါ်တယ်။တစ်နေ့ ဘုံကျောင်းဘေးက ကနားစီးအိမ်မှာ ၃ရ မင်းကတယ်တဲ့..အဖွားလဲ အဲ့ဒီကနားစီးကိုသိပ်ကြည့်လို့ မရတော့
မြေး နှစ်ယောက်ကို လက်ဆွဲပြီး .ကနားပွဲသွားကြည့်တာ..ဟိုလဲရောက်ရော
မြေးနှစ်ယောက်ကို အရှေ့ ဆုံးမှာ ပေးထိုင်ခိုင်းပြီး ဘာမပြောညာမပြောနဲ
့ဝင်ကတာ..ကနေတဲ့ အခြောက် ကနားစီးတွေ လန့် ဖြန့် ကုန်တာတဲ့. နတ်ပွဲမှာက
သူတို့ လူအချင်းချင်းပဲ ပူးကြတာများတယ်.အပြင်လူမပူးတော့...အခု
တစ်ကယ်ထင်တာပေါ့..ပြာပြာသလဲနဲ့ 
အဖွားကို ..အမေ က ဘာနတ်လဲဟင်ဆိုတော့..ဖွားနန်းပုတ်က ..
ရိုင်းသွားရင်ခွင့်လွှတ်နော်..““ငါအမေဂျမ်းဟဲ့ ..မသာမတွေ .စောက်အလိုက်မသိတဲ့ သားသမီးတွေ ဟင်..ငါ့ကို လက်ဖက်ကပ်စမ်း
ငှက်ပြောသီးနဲ့  အရက်ပါပေး..ဟင် နင်တို့ တွေ ငါ့ကိုခေါ်ဖို့ မေ့နေတယ် နင်တို
့ပထွေး ငမူး ကြက်သမားကျတော့.ကြက်ကောင်လုံးတွေကပ်လို့  ဖေကြီးကျော်
ဖေကြီးကျော်နဲ့ ဟင် ငါ့ကိုတော့ ငါးစိမ်းသည်ဆိုပြီး
အဖတ်မလုပ်တာလားဟင် စောက်သုံးမကျတဲ့ သားသမီးတွေ..ဆိုပြီး စိတ်ရှိလက်ရှိ ပတ်ဆဲ လိုက် လက်ထဲက ငှက်ပြောသီးကို
ထိုင်နေတဲ့ လူအုပ်ထဲ ပစ်ပေးလိုက် အရက်သောက်ဟန်ဆောင်လိုက်.လက်ဖက်လေးစာလိုက် နဲ့ စိတ်ရှိလက်ရှိ ပညာပြနေတာ.
ကနားစီးတွေ ချွေးတောင်ပြန်တယ်တဲ့..အေး နောက်နှစ် ငါ့ကို အရင်မပင့်ပဲ နင်တို့ ပထွေး ငမူး ကြက်သမား ကိုအရင်ပင့်ကြည့်
ငါနဲ့ ထပ်တွေ့ မယ်..ငါ့အကြောင်းသိတယ်နော်..အမေဂျမ်းဟဲ့ တစ်ဂျမ်းထဲ ရှိတယ်။
ကနားစီးတွေကလဲ.အမေရယ် နောက်နှစ် ပြန်က ဖို့ သမီးတော် တို့ ကို ဂဏန်းလေးဘာလေးပေးခဲ့ပါလားဆိုတော့..
ဖွားနန်းပုတ်...ကဘာပေးခဲ့လဲဆိုတော့..
၁ နဲ့  ၉ ကြား သတိထား ၀ တစ်လုံး မမေ့နဲ့ 
တဲ့ ..
သေချာပြန်စဉ်းစားရင်
ထွက်မှာ က ၃ လုံး
သတိထားရမှာက ၁ ကနေ ၉ .ထိ
ဝ ကို လဲ..မမေ့ရဘူးဆိုတော့
ဂဏန်း ဆယ်လုံးကုန်ပြီ .ကိုယ့်ဘာသာပတ်ထိုး တော့ .ဘယ်ဂဏန်းပဲထွက်ထွက် ဖွားနန်းပုတ်ပေးတာအမှန်ပဲလေ..
ကဲ..နတ်ကတော်တွေကို ဖွားနန်းပုတ် ပညာပေးလိုက်တာ လှတယ်ဟုတ်။
အဖွားက အသက်ကြီးတော့.ကြာကြာမကနိုင်ဘူးလေ ..မအမေဂျမ်းနတ် တစ်ကယ်မ၀င်ပဲ ကတော့ လူကမခံ နိုင်ဘူးပေါ့။
နောက်တော့ လှဲအိပ်ချလိုက်တယ်.အမေဂျမ်းနတ် ထွက်သွားပြီဆိုတဲ့ သဘော.အမှန်တော့ မကနိုင်တော့လို့ အိပ်ချလိုက်တာ။
ကနားစီးတွေကလဲ..ပြာပြာသလဲနဲ့  ယပ်လေးခပ် ရျုဆေးလေးတေ့ပြိး ပြုစုတာပေါ့..အဖွားသတိဝင်လာတော့
မှင်သေသေ နဲ့  ဟဲ့ ငါဘာဖြစ်တာလဲ ငါ့မြေးတွေရောဆိုတော့...
အဖွားကိုအမေဂျမ်းဝင်ပူးတာလေ..အခုထွက်သွားပြီ.အဖွားမသိဘားလားဆိုတော့.ဟအင်း ငါဘာမှမသိဘူး။
ပြန်တော့မယ်..ဆိုပြီး မြေးနှစ်ယောက်လက်ဆွဲပြီး ပြန်လာခဲ့တယ်တဲ့။
ဖွားဂျမ်းပုတ် ကို ပြန်မေးတာပေါ့နော်..အရက်ကို အဖွားဘယ်လိုသောက်ဟန်ဆောင်ခဲ့လဲဆိုတော့ ..
အဖွားက .အရက်ပုလင်းကို မော့ရင် ကခုန်နေတုန်းမော့တာ လျှာလေးပါ မသိမသာထုတ်ထားတော့အရက်က
အာခေါင်ထဲ မ၀င်ဘူးလေ..ခုန်နေတော့ အကုန်ဖိတ်တာပေါ့။မူးဟန်ဆောင်ပြီးမှ ကနားစီးတွေကို ပတ်ဆဲတာတဲ့.
ဒီခေတ်မှာ..အလှူပဲလုပ်လုပ် ဘာပဲလုပ်လုပ် အနည်းဆုံး ၁၀ သိန်းမကျော်ရင် မပြီးဘူးနော်..
အဲ့ဒီဆယ်သိန်းဆိုတဲ့ ပိုက်ဆံကိုလေ.ဒီခေတ်မှာ တစ်ကယ်သမာအာဇီဝနဲ့  ရှာရင်တစ်ကယ် ရှာရခက်ပါတယ်..
သာမန်လူတန်းစားတွေအတွက် လ နဲ့ နှစ်နဲ့ ချီတောင်၇ှာရတယ်နော်..အကုန်ခံမယ်ဆိုရင်တောင်
တစ်ကယ်မွန်မြတ်တဲ့ အလှူ. မြင့်မြတ်တဲ့ အလှု မှာ အကုန်ခံသင့်ပါတယ်။