စစ်အာဏာရှင်ကို ခစား ကိုးကွယ်နေကြသော နောက်လိုက်များ( အများစု) အကြောင်း
တကယ်တော့ ကျမ တိုင်းပြည် နိုင်ငံနဲ. သက်ဆိုင်တဲ့ အကြောင်းအရာတွေကို
ကောင်းတဲ့ အကြောင်းတွေ ပဲ ပြောချင် ရေးချင်တာပါ... ဒါပေမယ့် အဆိုးတွေ
ချည်းဖြစ်ဖြစ်သွားရတာတော့ အကောင်းတွေ မရှိလို.ပေါ့...
ကျမ ရဲ့ စီဘောက်နဲ. ရောက်လေရာရာ စီဘောက်တွေ မှာ အစိုးရဘက်တော်သားတွေ
သူတို.အမြင်တွေ ရေးကြတာတွေ.ရပါတယ်.. ဒါဟာ ကောင်းတယ် သူ.အမြင် ကိုယ့်အမြင်
ဖလှယ်လို.ရတယ်လို. ကျမ ယူဆခဲ့ပါတယ်... သူတို.သည် အကြောင်းတစုံတရာကြောင့်
အစိုးရဘက်တော်သားဖြစ်ပေမယ့် ပညာတတ်တွေ ဖြစ်တဲ့အတွက် ဗဟုသုတ ကြွယ်ဝလာတာနဲ.
အမျှ အမှန်တရားကို မြင်တတ်လာမယ်လို. ထင်ခဲ့မိတယ်...
ဒါပေမယ့် သူတို. ဟာ အမှောင်ကမ္ဘာထဲက တက်မလာနိုင်တော့ ဘာကြောင့်လဲ ဆိုတဲ့ အမေးကို မေးမိတယ်..
စစ်ထဲ ကို အကြောင်း အမျိုးမျိုးကြောင့်ဝင်တယ်.. မိသားစုကို ထောက်ပံ့ဖို.၊
ရာထူးရဖို. ၊ အခွင့်အရေးလိုချင်လို...ဒါကို နားလည်ပေးပါတယ်..
ဘုရားခေတ်ကတောင် ဘုန်းကြီးက ဆွမ်းခံပြီး မိခင်ကို လုပ်ကျွေးခဲ့တာ ပဲ
..မိသားစုကို ပြန်ကြည့်တာ မွန်မြတ်ပါတယ်... ဒါပေမယ့် ဒီအချက်ကြောင့်
စစ်အာဏာရှင်တွေ ကို ထိရင် မချိအောင် နာနေကြတာလား...... မျက်စိစုံမှိတ်ပြီး
ဇွတ်ငြင်းနေကြတာလား ဆိုတော့ ဒါတင် မကသေးပါဘူး... အကြောင်းစုံ က ဒီလို
ဒီလို တဲ့ ရှင့်...............
စစ်တပ်က အာဏာသိမ်းပြီး အရပ်သားတွေ ကို မက်လုံးပေး စည်းရုံးသိမ်းသွင်းတဲ့
စီမံကိန်းစခဲ့တာ ၁၉၉၃ လောက်ကပေါ့........ ရိုးရိုး စစ်အရာရှိသင်တန်းတွေ
အပြင် အင်ဂျင်နီယာ ၊ ဆရာဝန် သင်တန်းတွေ ကို တိုးချဲ့ခေါ်ယူခဲ့ပြီး
သူတို.ဖက် ကို စည်းရုံး သိမ်းသွင်းခဲ့ပါတယ်... စစချင်း မှာ
တတိုင်းပြည်လုံး အတိုင်းအတာနဲ. သင်တန်းသား ၁၀၀ လောက်သာ ခေါ်ယူခဲ့ပြီး
နောက်ပိုင်းမှာ တိုးချဲ့ ခေါ်ယူခဲ့ပြီး ခုဆို ထောင်ချီပြီး
နှစ်စဉ်ခေါ်ယူနေတာပါ.. အရပ်သားတွေ က ကျောင်းပြီး အလုပ်အကိုင်ရမှ
လစာပေးရတာဖြစ်ပြီး ဒီစစ်သင်တန်းသားတွေ က တော့ သင်တန်းတက်တာ နဲ.
လစာပေးထားရတာပါ.( ဒါဟာ မလိုအပ်ပဲ တိုင်းပြည် ငွေကို ဖြုန်းတီးခြင်းပါ..)
စစ ခေါ်ယူချင်းတုန်းက အရည်အချင်းအတွက် ရိုးရိုးအရပ်သားတန်းတူ
ဝင်ခွင့်အမှတ်တွေ ကို ကန်.သတ်ထားပေမယ့် နောက်ပိုင်းမှာ အရည် အချင်းထက်
အရေအတွက်ကို ဦးစားပေးခဲ့ပါတယ်... အဲ့ဒီ သင်တန်းတွေ မှာ စာပေပညာထက်
စစ်ပညာကို ပိုပြီး ဦးစားပေး သင်ခဲ့တဲ့ အတွက် ဘွဲ.ရပြီးလို. နိုင်ငံခြား
ပညာသင်စေလွှတ်တဲ့ အခါ အရမ်းကို အခက်အခဲ တွေ
နဲ.ကြုံတွေ.ကြရပါတယ်......ဘာသာစကား မကျွမ်းကျင်ခြင်း ၊ မိမိနှင့်
မသက်ဆိုင်သော ဘာသာရပ်များကို သင်ကြားရခြင်းများကြောင့် ပညာတော်သင်ဆိုတဲ့
အမည်ခံ ဆိုရုံသာသာပဲ ရှိပါတယ်.. ဒီလို ပညာသင်စေလွှတ် ခြင်းခံရသူတွေ ဟာ
မူရင်းလစာအပြင် ပညာသင်စရိတ်အပိုရရှိပါတယ်.. ဒါဟာ သူတို. ပညာ တကယ့်
အရည်အချင်းနဲ. အပြင်မှာ ရှာရင် မရနိုင်တာပါ....
မွဲပြာကျလာတဲ့ တိုင်းပြည် အခြေအနေကြောင့် နောက်ပိုင်းပညာသင်စေလွှတ် ရာမှာ
အခက်အခဲတွေ ရှိပါတယ်.. ကံစမ်းမဲ နှိုက်သလို ကံထူးသူသာ ရွေးချယ်ခံရတဲ့
အခြေအနေမျိုးဖြစ်လာပါတယ်.... ကျမသိတဲ့ ပညာတော်သင်ဆိုတာ ပညာထူးချွန်လို.
အစိုးရက ရွေးချယ်စေလွှတ်တဲ့သူပါ.. သူတို.ပညာတော်သင်ရွေးချယ်တဲ့ နည်းက
တမျိုးရှင့်........... သင်တန်းဆင်းတွေ ကို ပတ္တလားပုံ
တန်းစီခိုင်းလိုက်ပြီး နံပါတ်စဉ်ရေခိုင်းသတဲ့ရှင်........ ပြီးတော့
စုံကျတဲ့ သူ သွား ၊ မ ကျတဲ့ သူ မြန်မာပြည်မှာပဲ သင်ဆိုပြီး ရွေးသတဲ့ ရှင်
........
ဒါကြောင့် ဒီလို ရွေးချယ်ခံလိုက်ရသူတွေဟာ သူတို.ကို ဒီလို
ရွေးချယ်စေလွှတ်ခဲ့တဲ့ ဘဘကြီးများကို ကျေးဇူးရှင်ကြီးများ အဖြစ်သတ်မှတ်ပြီး
ကိုးကွယ်နေကြတာပေါ့ရှင်....
ပြီးတော့  သူတို.က သိတယ်လေ...အကင်းပါးပြီး အလျှောက်ကောင်းရင်
နေရာကောင်းရနိုင်တယ်.. မှန်ရာကို ပြောပြီး စပါးမွှေးစူးရင်
ရာထူးတိုးမပေးတော့ဘူးဆိုတာ သိလေတော့ မှားမှားမှန်မှန်
ဇွတ်ကာကွယ်ပေးတော့တာပါပဲ.............
နောက်ပြီး သူတို.သင်တန်းတွေ မှာ (ဦး) သန်းရွှေက စလို. ဗိုလ်ချုပ်ကြီးတွေ
လက်သုံးစကားဖြစ်တဲ့ " မင်းတို. ငါလို စားချင်ရင် ငါလို ဖြစ်အောင်လုပ်"
...." တိုင်းပြည် အတွက် ၅၀ ဖိုး ကိုယ့်အတွက် ၅၀ ဖိုးလုပ် " ဆိုတဲ့
အမှာစကားက ခေါင်းထဲ စွဲနေကြတာ... အဲ့ဒီတော့ သူတို.ဘဘတွေ ထိတိုင်း
ကိုယ့်ကံနဲ. ကိုယ်ဖြစ်တာ မနာလို မရှိနဲ.လို.ပြောကြတာပေါ့ရှင်.....
အမှားအမှန် ၊ အပြစ် ၊ လုပ်သင့် မလုပ်သင့် ဆိုတာတွေ မသိကြတော့ဘူးလေ...
အဆီတဝင်းဝင်း စိန်ရောင် ရွှေရောင် တွေ ပဲ မျက်လုံးထဲ မြင်ကြတော့တာပေါ့......
ဘယ်မှာလဲ တိုင်းပြည် ချစ်လို. တိုင်းပြည်အတွက် အသက်ကို စွန်ဝံ့ပါတယ်ဆိုတဲ့
အမျိုးကို ကာကွယ်စောင့်ရှောက် ပေးပါမယ်ဆိုတဲ့
စိတ်ဓါတ်တွေ........ဘယ်သူသေသေ ငတေမာ ရင် ပြီးေ၇ာ တွေသာ ဖြစ်ကုန်တယ်....
သူတို.တွေ ဒီ ဘဘကြီးတွေ ပြုတ်မှာကို ကြောက်တယ်...ဘဘကြီးတွေ ပြုတ်ရင်
သူတို.လဲ မြောင်းထဲရောက်ပြီ... ကိုယ့်အရည်အချင်းကိုယ်သိတယ်လေ.............
ဒါကြောင့် ပထွေးထိရင် ဆတ်ဆတ်မခံ ဖြစ်နေသော. .. အမှန်တရား ကို
မျက်ကွယ်ပြုရွေ. မျက်စိပိတ် နားပိတ် ကုန်းအော်နေရရှာသော စစ်အာဏာရှင်ကို
ဘုရားလို ကိုးကွယ်နေကြသူများ အကြောင်း ကို တင်ပြလိုက်ရပါတယ်...........
* အကယ်ရွေ.များ မတော်တဆ တကယ်ပင် တိုင်းပြည် နှင်.လူမျိုးကို
ချစ်မြတ်နိုးပြီး အသက်စွန်.ဝံ့သူ များ ရှိခဲ့ပါက ဒီပို.စ် နှင့်
မဆိုင်ပါ... ၁၀%လောက်ပဲ ရှိလိမ့်မည်ဟု မျှော်လင့်ပါသည်..
လေးစားစွာဖြင့်
simple views........
(
http://simpleviewsonmyland.blogspot.com/2010/08/blog-post_29.html)
--
Binary