Re: [အလင်းစေတမန်:7641] မြန်မာဆေးလောကကို မဟုတ်မမှန်ပုတ်ခတ်ရေးသားထားသော လျှပ်တစ်ပြက် ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ သတင်းအမှန်ကို ဆရာဝန်ကြီးမှ ပြောကြား ၊ ဆဲလ်ဖုန်းအသုံးပြုသူများ ဦးနှောက်ကင်ဆာစွဲကပ်နိုင် ၊ မိုဘိုင်းဖုန်းကြောင့် ကင်ဆာရောဂါဖြစ်နိုင်ဟု WH

129 views
Skip to first unread message

Sein Toe

unread,
Jun 14, 2011, 10:11:56 AM6/14/11
to a_lin_sa...@googlegroups.com
Thank a lot every time I read ur mail and hot a lot knowledge.

regards,
SS

2011/6/12 Slip Knot <ad...@meepyatite.org>

  1. မြန်မာဆေးလောကကို မဟုတ်မမှန်ပုတ်ခတ်ရေးသားထားသော လျှပ်တစ်ပြက် ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ သတင်းအမှန်ကို ဆရာဝန်ကြီးမှ ပြောကြား ၊
  2. ဆဲလ်ဖုန်းအသုံးပြုသူများ ဦးနှောက်ကင်ဆာစွဲကပ်နိုင်  ၊
  3.  မိုဘိုင်းဖုန်းကြောင့် ကင်ဆာရောဂါဖြစ်နိုင်ဟု WHO ပြောကြား ၊
  4. ကမ္ဘာ့လူငယ်များ အိပ်ခ်ျအိုင်ဗီကူးစက်မှု ၁၂ ရာခိုင်နှုန်းလျော့ကျ ကြောင်း ကုလအဖွဲ့ ကြေညာ ၊
  5. တရုတ်(တိုင်ပေ)မှ ဓာတုဆေးပါ အစားအစာများ တရုတ်နိုင်ငံကတား  ၊
  6. အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ် ၊
  7. နာရီများနှင့် ကျန်းမာရေး.....(နာရီအချိန်ပိုင်းအလိုက်......လူ့ခန္ဓာကိုယ်.......အလုပ်လုပ်ပုံ) ၊
  8.  ခေါင်းကိုက်ခြင်းကို ဘယ်လို ကာကွယ်ကုသကြမလဲ

မြန်မာဆေးလောကကို မဟုတ်မမှန်ပုတ်ခတ်ရေးသားထားသော လျှပ်တစ်ပြက် ဂျာနယ်ပါ ဆောင်းပါးနှင့် ပတ်သက်၍ သတင်းအမှန်ကို ဆရာဝန်ကြီးမှ ပြောကြား

လွန်ခဲ့သော ရက်ပိုင်းက မတော်တဆ ဦးခေါင်းဒဏ်ရာ ရရှိသော အသက်(၁၅)နှစ်ခန့်ရှိ လူငယ်တစ်ဦးကို အထူးကုဆေးခန်းတစ်ခုရှိ တာဝန်ကျဆရာဝန်များမှ လုံလောက်သော ကုသနိုင်စွမ်း မရှိသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ လေယာဉ် စင်းလုံးငှား၍ သွားရောက် ကုသခဲ့ပြီး ထိုအခါမှ လူနာအသက်ချမ်းသာရာ ရခဲ့ကြောင်း ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် အလည်အပတ်ခရီး ထွက်နိုင်သည်အထိ ထိုင်းဆရာဝန်များ၏ ကုသမှု ကောင်းမွန်ခဲ့သော်လည်း မြန်မာဆရာဝန်များက အရည်အချင်းမပြည့်မီသလို လူနာကို ဂရုမစိုက်ကြကြောင်း ပုတ်ခတ်ရေးသားသည့် သတင်းဆောင်းပါးတစ်ပုဒ် Facebook လူမှုဆက်သွယ်ရေးကွန်ရက်တွင် စတင်ပျံ့နှံ့ခဲ့ပြီး လျှပ်တစ်ပြက်သတင်းဂျာနယ်တွင် ဆောင်းပါးရှင် သံလျက်ဆိုသော အမည်ဖြင့် “ဒီလို ဒီလို ရှိတယ် အိုဘယ့်ဆေးဆရာ” ဆိုသော သတင်းဆောင်းပါး ပါရှိလာခဲ့သည့်အတွက် ပြည်သူအများကြား၌ အဆိုပါသတင်း လူပြောများခဲ့သည်။



အဆိုပါလူနာကို ကြီးကြပ်ကုသပေးခဲ့သော မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီး၏ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာခင်မောင်လွင်ကို ပြည်တွင်းမီဒီယာများမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင်ကို ဖြစ်ပွားပုံအနေအထားကို သိရှိခဲ့ရသည်။

ဖြစ်ပွားပုံမှာ ပြင်ဦးလွင်မြို့တွင် စကိတ်စီးရင်း မတော်တဆမှုဖြစ်ကာ ဦးခေါင်းဒဏ်ရာရရှိခဲ့သော အသက်(၁၅)နှစ်ခန့် ကလေးတစ်ဦး မန္တလေးမြို့ရှိ ငြိမ်းအထူးကုဆေးခန်းသို့ ထိုနေ့ညနေ ၆ နာရီခန့်က ရောက်ရှိလာခဲ့သည်။ ထိုအခါ လူနာ၏အဘိုးဖြစ်သူကို ကုသပေးခဲ့ဖူးသော ပါမောက္ခ ဒေါက်တာဦးခင်မောင်လွင်က တာဝန်ယူကုသပေးခဲ့သည်။

ပြင်ဦးလွင်တွင် ဒဏ်ရာရရှိစဉ်ကတည်းက လူနာ၏မိသားစုက ကြိုတင်၍ဖုန်းဖြင့် ဆရာဝန်ကြီးထံ အကြောင်းကြားခဲ့ကြောင်း၊ ဆရာဝန်ကြီးက မန္တလေးမြို့သို့လာခဲ့ရန် အကြောင်းပြန်ခဲ့ပြီး ဆေးခန်း၌ လိုအပ်သည်များကို ပြင်ဆင်ထားခဲ့ကြောင်း၊ လမ်းတစ်လျောက် လူနာ၏ဖခင်နှင့် ဖုန်းအဆက်အသွယ်မပြတ်ခဲ့ဘဲ လိုအပ်သည်များကို မှာကြားပေးခဲ့ကြောင်း သိရသည်။

လူနာရောက်လာသောအခါ CT Scan ခေါ် ဦးခေါင်းဓာတ်မှန် ချက်ချင်းရိုက်ခဲ့ပြီး ဦးခေါင်းတွင်း ညာဘက်ခြမ်းတွင် သွေးစက်အနည်းငယ် ထွက်နေခဲ့ကြောင်း ဦးခေါင်းတွင်းဘယ်ဘက်ခြမ်း၌လည်း ထိခိုက်မှု အနည်းငယ်ရှိကြောင်း တွေ့ရှိခဲ့ရကြောင်း၊ ဆေးပညာသဘောအရ ဤအနေအထားသည် စိုးရိမ်စရာမရှိဘဲ စောင့်ကြည့်ကုသရမည့် အနေအထားသာရှိကြောင်း၊ တစ်ပတ်အတွင်း ပြန်ကောင်းနိုင်မည်ဖြစ်ကြောင်း ဆရာဝန်ကြီးမှ ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်းပါးတွင် ရေးသားထားသော လူနာသည် သတိမရတစ်ချက် ရတစ်ချက် ဖြစ်နေသည်ဆိုခြင်း၊ လူနာပေါ် ဂရုမစိုက်ဘဲ ဒီအတိုင်းသာထိုင်ကြည့်နေကြခြင်း၊ နှလုံးခုန်နှုန်းကျဆင်းလာခြင်းကို ဘာမှမလုပ်ပေးနိုင်ခြင်း ဆိုသောအချက်များမှာ လွဲမှားပါကြောင်း၊ ဦးခေါင်းဒဏ်ရာ ရထားသောလူနာသည် မူးမော်၍ မှိန်းနေရုံမှအပ ထိုလူနာသည် အစားစားနိုင်ကြောင်း၊ ဆေးပညာသဘောအရ စောင့်ကြည့်ကုသခြင်း (Conservartive Treatment) ဟူသည် လိုအပ်သောဆေးများပေးထားပြီး လူနာ၏အခြေအနေကို စောင့်ကြည့်ရခြင်းဖြစ်ကြောင်း လိုအပ်လာခဲ့ပါက CT Scan ပြန်ရိုက်ပြီး ခွဲစိတ်ခန်းဝင်ရမည် ဖြစ်သော်လည်း မလိုအပ်သော ခွဲစိတ်မှုမှရှောင်ရှားရန် အရေးပါသော နည်းလမ်းဖြစ်ကြောင်း၊ လူနာ၏မိဘများသည် အစိုးရိမ်လွန်သောကြောင့် ဘန်ကောက်သို့ လေယာဉ်ငှား၍ သွားရန် စီစဉ်ကြကြောင်း၊ တတ်နိုင်သူများဖြစ်သောကြောင့် သားသမီးဇောဖြင့် ပြည်ပသွားရောက်ကုသခဲ့ခြင်းကို လူနာ၏အခွင့်အရေးအရ ဆရာဝန်ဘက်မှ တားဆီးရန်မရှိပါကြောင်း၊ မြန်မာပြည်တွင်ကုသလျှင်လည်း တစ်ပတ်အတွင်း ပြန်ကောင်းမည်ဖြစ်ကြောင်း ထိုကိစ္စကို အသုံးချ၍ ဆေးပညာလောကကို ထိပါးပုတ်ခတ်ရန် ရည်ရွယ်ချက်ဖြင့် သတင်းမှားတစ်ခုကို ကိုယ်လိုရာဆွဲ၍ ပြည်သူထဲသို့ ချပြလိုက်ခြင်းသည် လုံးဝမလုပ်သင့်သော အလုပ်တစ်ခုဖြစ်ကြောင်း ပါမောက္ခ ဒေါက်တာခင်မောင်လွင်က ပြောပြခဲ့သည်။



အဆိုပါ ဆောင်းပါးအတွင်းရှိ လွဲချော်မှားယွင်းနေသော အချက်အလက်များ ဆေးပညာသဘောနှင့် မကိုက်ညီသော အချက်အလက်များ ဆရာဝန်နှင့်လူနာကြား ၊ ဆေးပညာလောကသားများနှင့် ပြည်သူများအကြား ယုံကြည်မှုကို ပျက်ပြားစေအောင် ရည်ရွယ်၍ ပုတ်ခတ်ရေးသားခဲ့သည့်အတွက် အဆိုပါ သတင်းအတွက် လျှပ်တစ်ပြက်ဂျာနယ်နှင့် ဆောင်းပါးရှင်သံလျက်ကို မြန်မာနိုင်ငံ ဆရာဝန်အသင်း(မန္တလေး)မှ အပြင်းအထန်ကန့်ကွက် ရှုတ်ချပါကြောင်း ကြေညာချက်တစ်စောင် ဇွန်လ ၆ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။




ဆဲလ်ဖုန်းအသုံးပြုသူများ ဦးနှောက်ကင်ဆာစွဲကပ်နိုင်

(အေအက်ဖ်ပီ)
အောင်သာလင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)

ပါရီ - ဆဲလ်ဖုန်းခေါ် မိုဘိုင်းဖုန်း အသုံးပြုသူများသည် ဦးနှောက်ကင်ဆာ ရောဂါဖြစ်နိုင်ခြေပိုများနိုင်၍ စာလုံးများဖြင့် ပို့နိုင်လက်ခံနိုင် သည့်စနစ်ဖြင့် သော်လည်းကောင်း၊ လက်ဖြင့် ထိန်းရန် မလိုအပ်သောကိရိယာများအသုံးပြု၍ သော်လည်းကောင်း၊ ဆဲလ်ဖုန်းများကို ကိုင်ဆောင်သင့်ကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO) မှ ကင်ဆာပါရဂူများ က အကြံပြုထားသည်။

ဆဲလ်ဖုန်းမှထုတ်လွှတ်သော ရေဒီယိုကြိမ်နှုန်းလျှပ်စစ်သံလိုက်စက်ကွင်းများသည် လူ၌ ကင်ဆာရောဂါဖြစ်ပွားစေနိုင်သည်ဟု ပြင်သစ် နိုင်ငံ လိုင်ယွန် မြို့တွင် ရှစ်ရက်ကြာကျင်းပသည့် အစည်းအဝေးနောက်ဆုံးနေ့(ဇွန် ၁ ရက်)၌ ကမ္ဘာ့ကင်ဆာသုတေသန အဖွဲ့ (IARC) ကဆိုသည်။ယင်းအဆိုမှာ ကပ်ရောဂါဗေဒဆိုင်ရာ လေ့လာဆန်းစစ်ချက်များမှ 'ဂလီယိုမာ'ခေါ် ဦးနှောက်ကင်ဆာရောဂါ လူတွင်အဖြစ် များမှုအပေါ် အခြေခံ တင်ပြထားခြင်းဖြစ်သည်ဟုလည်း သုတေသနလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဂျိုနသန်ဆာမက်က သတင်းစာရှင်းလင်း ပွဲတစ်ခုတွင် တယ်လီဖုန်းဖြင့် ရှင်းလင်း ပြောကြားသည်။

၎င်း၏ ရှင်းလင်းချက်တွင် နောက် ဆုံးဆယ်နှစ်အတွင်း အကျယ်ပြန့်ဆုံး ပြုလုပ်ခဲ့သည့် ဆန်းစစ်မှုနှစ်ခုအရ ဆဲလ်ဖုန်းအများဆုံးအသုံး ပြုသူများတွင် ဦးနှောက်ကင်ဆာဖြစ်နိုင်ခြေပိုများ နေသည်ဟုလည်း ဖော်ပြထားသည်။ ဆယ်နှစ်ကာလအတိုင်းအတာအတွင်း သုတေ သနပြုလုပ်ခဲ့သူများ အနက် အချို့မှာ တစ်ရက်လျှင် ဆဲလ် ဖုန်းကို ပျမ်းမျှ မိနစ် ၃၀ သာ အသုံး ပြုကြသည်။

"လူတွေဆဲလ်ဖုန်းကိုဒီထက်ပိုပြီး အကြာကြီးပြောကြရင်တစ်သက်လုံးဆဲလ်ဖုန်းသုံးသွားကြရင်၊ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော် တို့ မသိနိုင်ကြ သေးဘူး"ဟု ဆာမက်က ပြောကြားသည်။ ကမ္ဘာတစ်ဝန်း မှတ်ပုံတင်ပြီး ဆဲလ် ဖုန်းပေါင်း ငါးဘီလျံခန့်ရှိနေသည်။

ဆဲလ်ဖုန်းအရေအတွက်နှင့် ပြောသည့် ပျမ်းမျှ အချိန်အတိုင်းအတာလည်း နှစ်စဉ် တိုးလာနေသည်။ ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့ (IARC) ကမူ သိပ္ပံနည်းကျ သုတေသန တွေ့ရှိချက်သည် ဖြစ်နိုင်ခြေရှိသော ဆက်နွှယ်မှုမျှသာဖြစ်ပြီး ကြိုးမဲ့ကိရိယာ များနှင့် ကင်ဆာ ရောဂါအမျိုးမျိုးတို့ ဆက်နွှယ်မှုမှာ အထောက်အထား မခိုင်လုံသေးဟုဆိုသည်။

ကင်ဆာရောဂါ ဖြစ်စေနိုင်သော ပစ္စည်းများနှင့် ပါတ်သက်ပြီး IARC ထုတ်ပြန်ချက်များအား တာဝန်ခံ တည်းဖြတ်သူ သိပ္ပံပညာရှင် ကပ်စထ ရိတ်ဖ်က ဆဲလ်ဖုန်း အသုံးများခြင်း ကြောင့် ဂလီယိုမာ(glioma) ဦးနှောက် ကင်ဆာရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုများ လာသကဲ့ သို့ ကင်ဆာဖြစ်နိုင်သည့် အဆင့်အထိ အန္တရာယ်မပေးသော အသံဆိုင်ရာ အကျိတ်အဖုများ ကြီးထွား လာနိုင်သေးသည်ဟု ဆိုပြန် သည်။

၎င်းကပင် ဆဲလ်ဖုန်းအသုံးပြုခြင်း ကြောင့် လူများတွင် ကင်ဆာဖြစ်ပွား သည်ဟု အခိုင်အမာပြောနိုင်လောက် သည့် အချိန်အခါမဟုတ် သေးကြောင်း သတိပေးသည်။ ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့ (IARC)အနေဖြင့်လည်း ယင်းအချက် ကို တရားဝင်ထောက်ခံကြေညာ ခြင်း မပြုသေးပေ။ ပါရဂူများအနေဖြင့်ကား ဆဲလ်ဖုန်းအသုံးပြုသူများ အန္တရာယ် နည်းပါးရေးအတွက် ကြိုတင်ကာကွယ် နိုင်သည့် နည်းလမ်းများကို ပြောပြထား ကြသည်။ ကင်ဆာအများဆုံးဖြစ်ပွားစေသည့် အခြေအနေအချို့ကို ဖန်တီးပေးသည့် လုပ်ရန်တစ်ခုမှာ မိမိဆဲလ်ဖုန်းကို အသံ ဖြင့်ပြောခြင်းနှင့် တစ်ဖက်မှပြောသံကို မိမိဆဲလ်ဖုန်းဖြင့် လက်ခံနားထောင် ခြင်းပင်ဖြစ်သည်ဟု စထရိတ်ဖ်က ကောက်ချက်ချသည်။ ဆဲလ်ဖုန်းဖြင့် စာလုံးများရိုက်၍ လည်းကောင်း၊ သို့တည်းမဟုတ် အသံ ဖြင့် ပြောရာတွင် လက်ဖြင့်မထိန်းရ သော ကိရိယာများ သုံး၍လည်းကောင်း မိမိ ဆဲလ်ဖုန်းကို အသုံးပြုပါက ကင်ဆာ ဖြစ်နိုင်ခြေကို အနည်းဆုံး ဆယ်ဆအထိ လျော့နည်း သွားစေနိုင်မည်ဟုလည်း ၎င်းက ခန့်မှန်းသည်။

ကမ္ဘာ့ကင်ဆာသုတေသနအဖွဲ့ (IARC) သည် ဆဲလ်ဖုန်းများနှင့် ဦးနှောက်ကင်ဆာ ဆက်နွှယ်မှုမရှိ ကြောင်း၊ ယခင်ကထုတ်ပြန်သည့် တွေ့ရှိ ချက်များမှာ မပြည့်စုံကြောင်း၂၀၁၀ ပြည့်ကပင် ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံပေါင်း ၁၄ ခုမှ သိပ္ပံပညာရှင် ၃၁ ဦးပါဝင်သော အဖွဲ့က ပြုစုထား သည့် ဆဲလ်ဖုန်းအန္တရာယ်ဆိုင်ရာ ယခု သုံးသပ်ချက်အသစ်ကို ယေဘုယျ သဘောတူညီချက်များအပေါ် အခြေခံ ပြုစုထားခြင်းဖြစ်သည်ဟု သုံးသပ်ချက် စာတမ်းတာဝန်ခံ ရောဘတ်ဘန်းက ဆိုသည်။ စာတမ်းတွင် အချက်အလက်များ မပြည့်စုံခြင်း၊ နည်းပညာပိုမိုတိုးတက် လာခြင်းနှင့် ဆဲလ်ဖုန်းအသုံးပြုသူများ ၏ အကျင့်စရိုက်ပြောင်းလဲနေခြင်း စသော အခြေအနေများကြောင့် သုတေ သနလုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ထပ်မံဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း ၃၁ ဦးအဖွဲ့က သုံးသပ် တင်ပြသည်။

ကမ္ဘာ့ ကင်ဆာသုတေသနအဖွဲ့ (IARC) က ကင်ဆာရောဂါဖြစ်စေနိုင် သည့် ကာဆီနိုဂျင်နစ်ခေါ် ကင်ဆာ ဖြစ် ၀တ္ထုပါဝင်မှု အနည်း အများအလိုက် ကင်ဆာရောဂါဖြစ်နိုင်ခြေကို အဆင့် များသတ်မှတ်ထားသည်။ ကင်ဆာဖြစ်နိုင်ခြေအများဆုံး အဆင့်အုပ်စု ၁ တွင် စီးကရက်၊ နေဆာလှုံကုလားထိုင် (Sunbeds) နှင့် အပူခံပြီး လျှပ်စစ်ဓာတ်မလိုက်သည့် ကျောက်ဂွမ်း (asbestos) စသည်တို့ ပါဝင်ပြီး ကင်ဆာဖြစ်နိုင်ခြေပိုများသည့် အဆင့်အုပ်စု ၂ မှ ဒုတိယအဆင့် ဘီတွင် ထုပ်ပိုးရန်နှင့် လျှပ်စစ်ဓာတ် မလိုက်ရန် အသုံးပြုသည့်မှန် စမျှင် အလုံး(glass wool) နှင့် ဓာတ်ဆီ မီးခိုးငွေ့ စသည်တို့ပါဝင်ရာ ယခုအခါ ဆဲလ်ဖုန်းကို ဤအဆင့်တွင် ထည့်သွင်းထားသည်။


မိုဘိုင်းဖုန်းကြောင့် ကင်ဆာရောဂါဖြစ်နိုင်ဟု WHO ပြောကြား

     ပြတိုက်မှသူငယ်ချင်းများ အထူးသဖြင့် မိုဘိုင်းဖုန်းလေးတကိုင်ကိုင်ဖြင့် အီစီကလီပွါးနေသူများ သတိထားဂရုပြုနိုင်စေရန်အတွက်

၎င်း မဖြစ်မနေဆက်သွယ်မှုလွယ်ကူစေရန်အတွက်အသုံးပြုနေသူများအတွက် သတိချပ်မိစေရန်အတွက်၎င်း ဒီပို့ စ်လေးကိုကူးယူဝေ

ငှပေးလိုက်ရခြင်းဖြစ်ပါသည်။

     မိုဘိုင်းဖုန်း အသုံးပြုသူများ အနေဖြင့် ဦးနှောက် ကင်ဆာရောဂါ ဖြစ်ပွားရန် အလားအလာ ပိုရှိနေသည်ဟု WHO ပညာရှင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။ စာရေးပို့ခြင်းနှင့် လက်ကိုင်မပြောပဲ နားကျပ်ဖြင့် ပြောဆိုခြင်းမှာ ဖြစ်နိုင်ချေကို ပိုမို လျော့နည်း

သက်သာစေနိုင်သည်ဟု လည်းဆို၏။

     ဤကဲ့သို့သော ကိရိယာပစ္စည်းများက ထုတ်လွှင့်သည့် ရေဒီယိုလှိုင်း လျှပ်စစ်သံလိုက် စက်ကွင်းများမှာ “ကင်ဆာဖြစ်စေနိုင်” သည်ဟု ပြင်သစ်နိုင်ငံ၊ လိုင်ယွန်မြို့တွင် ရှစ်ရက်ကြာ ကျင်းပပြုလုပ်သည့် နိုင်ငံတကာ ကင်ဆာသုတေသနအေဂျင်စီ IARC က ကြေညာခဲ့သည်။

     “ကူးစက်ရောဂါ လေ့လာရေး ရလဒ်များအရ လူသားအပေါ် သက်ရောက်မှု ရှိနေခြင်းကြောင့် ဤသို့ သတ်မှတ်ရခြင်းဖြစ်သည်” ဟု ကျွမ်းကျင်သူများကဆိုသည်။ ဦးနှောက်အကျိတ် ကင်ဆာဖြစ်သည့် ဂလီယိုးမား glioma ရောဂါ အရေအတွက် တိုးပွားလာမှုအပေါ်   ထောက်ပြကြကြောင်းကို လေ့လာရေးအဖွဲ့ ခေါင်းဆောင် ဂျွန်နက်သန်ဆမတ်က ရှင်းပြခဲ့သည်။

     ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း လေ့လာမှု ၂ ခု အရ “ဆဲလ်ဖုန်းများကို အများဆုံး အသုံးပြုခဲ့ကြသည့် သူများတွင်” ရောဂါ အဖြစ်အများဆုံး တွေ့ရှိရခြင်းပင်ဖြစ်ကြောင်း သတင်းညီလာခံတွင် သူက ပြောကြားခဲ့သည်။သုတေသန လေ့လာမှုတွင် ပါဝင်သူအချို့က တစ်ရက်လျှင် မိနစ် ၃၀ ခန့်မျှ ဆဲလ်ဖုန်းကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ကြသူများဖြစ်သည်။

     “ဆဲလ်ဖုန်းကို အကြာကြီး တစ်သက်လုံး သုံးနေတဲ့ လူတွေအတွက် ဘယ်လိုဖြစ်လာမလဲ ဆိုတာတော့ ကျနော်တို့ မသိနိုင်သေးပါဘူး။” စမတ်က ဆိုသည်။

     တကမ္ဘာလုံးတွင် ဆဲလ်ဖုန်းအရေအတွက် သန်း ၅ ထောင်မှာ မှတ်ပုံတင်ထားပါသည်။ များမကြာမီနှစ်များအတွက် ဖုန်းအသုံးပြုများနှင့် ဖုန်းစကားပြော ကြာချိန်တို့မှာ မြင့်တက်လာခဲ့သည်။

     ဤလေ့လာချက်မှာ ဖြစ်နိုင်ချေကိုသာ ခန့်မှန်းထားခြင်းဖြစ်ပြီး ကြိုးမဲ့ ကိရိယာများနှင့် ကင်ဆာရောဂါ ဆက်နွယ်မှုမှာ သက်သေ မပြ ရသေးကြောင်း IARC က သတိပေး ပြောကြားခဲ့သည်။

     ဤသတင်းဆောင်းပါးအားမောက္ခကျန်းမာရေးသတင်းမှကူးယူဖေါ်ပြပေးပါသည်။

     ပြတိုက်မှသူငယ်ချင်းများ ကျန်းမာရေးသုတပြည့်ဝနိုင်ပါစေ။

     စေတနာများစွာဖြင့်.......


ကမ္ဘာ့လူငယ်များ အိပ်ခ်ျအိုင်ဗီကူးစက်မှု ၁၂ ရာခိုင်နှုန်းလျော့ကျ ကြောင်း ကုလအဖွဲ့ ကြေညာ

(အေအက်ဖ်ပီ)
ရဲလင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)

ဂျိုဟန်နက်စဘာ့ဂ်- ပြီးခဲ့သည့် ဆယ်စု နှစ်အတွင်း ကမ္ဘာ့လူငယ်များ အတွင်း အိပ်ခ်ျအိုင်ဗီရောဂါ ကူးစက်မှု ၁၂ ရာခိုင်နှုန်းကျဆင်းခဲ့ ကြောင်း၊ သို့သော် ကမ္ဘာ့ခေါင်းဆောင်များ ချမှတ်ပေးခဲ့သည့် ရည်မှန်းချက်ထက် ၂၅ ရာခိုင် နှုန်းလျော့နေသေးသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့မှ ဇွန်လ ၁ ရက်နေ့က အစီရင်ခံလိုက်သည်။

အာဖရိကတိုက် အရှေ့ဘက်နှင့် တောင်ဘက်ပိုင်းဆိုင်ရာ ကုလ ကလေး များရန်ပုံငွေအဖွဲ့ ဒါရိုက်တာ အယ်လ်ဟတ်ခ်ျ အက်စ်စိုင်က အစီရင် ခံစာအရ တိုးတက်မှုရှိခဲ့သော်လည်း လုံလောက်မှုမရှိသေးကြောင်း ဆက်လက် ပြောကြားသွားခဲ့သည်။

အသက် ၁၅ နှစ်မှ ၂၄ နှစ်ရှိ လူ ငါးသန်းသည် အိပ်ခ်ျအိုင်ဗီရောဂါ ဖြစ် လျက်ရှိပြီး နေ့စဉ် ရောဂါကူးစက်သူ ၂,၅၀၀ ရှိနေကြောင်း၊ ၂၀၀၁ ခုနှစ်စာရင်း အရ ၁၂ ရာခိုင်နှုန်းကျဆင်းလာ ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ ပြီးခဲ့သည့်လက သုတေသနအသစ် တစ်ခု ၏တွေ့ရှိချက်အရ အိပ်ခ်ျအိုင်ဗီ ရောဂါရှိသူတို့အနေဖြင့် Anti-retroviral ဆေးဝါးသုံးစွဲခဲ့သော် အိပ်ခ်ျအိုင်ဗီ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု ၉၆ ရာခိုင်နှုန်းအထိ ကာကွယ်ပေးကြောင်း တွေ့ရှိခဲ့ရသည်။ သို့သော် အိပ်ခ်ျအိုင်ဗီကူးစက်နေကြ သည့် လူငယ်များက ၎င်းကိစ္စကို မသိ နားမလည်ကြတာကို တွေ့ရှိခဲ့ရသည်။

ယခုသုတေသနသည် အိပ်ခ်ျအိုင်ဗီကူးစက်နေသည့် လူငယ်များနှင့်ပြုလုပ်ခဲ့သည့် ပထမဆုံးလေ့လာချက်ဖြစ်ကြောင်း အစီရင်ခံစာက ဖော်ပြထားသည်။ ၎င်းသုတေသနကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့နှင့် ကမ္ဘာ့ဘဏ်တို့ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း ခုနစ်ခု တို့က ထုတ်ပြန်ခဲ့သည်။ လာမည့်ရက် သတ္တပတ်အတွင်း အေအိုင်ဒီအက်စ်ကို နှစ် ၃၀ ကြာ တိုက်ခိုက်ခဲ့ရာတွင် တိုးတက် မှုများကို လေ့လာဆန်းစစ်မည့် အဆင့် မြင့် ကုလအစည်းအဝေးပြုလုပ်သွား မည်ဟု သိရသည်။


တရုတ်(တိုင်ပေ)မှ ဓာတုဆေးပါ အစားအစာများ တရုတ်နိုင်ငံကတား

(အေအက်ဖ်ပီ)
ရဲလင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)

ပေကျင်း- တရုတ်(တိုင်ပေ)မှ အာဏာပိုင်များက ၎င်းတို့တင်ပို့သည့် အစား အသောက်အချို့ ပလတ်စတစ်လုပ်ငန်း တွင် အသုံးပြု သည့် ဓာတုဆေးဝါးပါ သဖြင့် ကျန်းမာရေး စိုးရိမ်ရသည်ဟု သတိပေးခံရပြီးနောက် တရုတ်နိုင်ငံက အချို့အစားအသောက် များကို ဇွန်လ ၁ ရက်နေ့က တားမြစ်လိုက်သည်။

ယခုတားမြစ်မှုတွင် DEHP အဆအလွန် အကျွံပါဝင်သည့် အားဖြည့်ဖျော်ရည်၊ အသီးအနှံဖျော်ရည်နှင့် ယိုများ၊ အစား အသောက် ပစ္စည်းများဖြစ်ကြောင်း တရုတ်ပစ္စည်း အဆင့်မီ စစ်ဆေးရေးနှင့် ကူးစက်ကာကွယ်ရေး အထွေထွေ အုပ်ချုပ်ရေးဌာနက ကြေညာခဲ့ သည်။

ဟောင်ကောင်က မေလ ၃၁ ရက် နေ့က တရုတ်(တိုင်ပေ) ဖျော်ရည် နှစ်မျိုးကို စစ်ဆေးပြီး DEHP အလွန်အမင်းပါရှိသည့်အတွက် တင်သွင်းခြင်းကို တားမြစ်ခဲ့သည်။ 


အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ်

အားဆေးများ သောက်သုံးခြင်းနှင့် ကောင်းကျိုးဆိုးပြစ် ယနေ့ခေတ်မှာ လူအတော်များများဟာ အလုပ်တွေ လုပ်ပြီးလို့ ပင်ပန်းသွားရင် အနားယူဖို့နဲ့ အတူ တွေးတတ်ကြတာက အားဆေးသောက်ပြီး နားဖို့ပါပဲ။ ကာယနဲ့ အလုပ်လုပ်သူဖြစ်ဖြစ်၊ ဥာဏနဲ့ အလုပ်လုပ်သူ ဖြစ်ဖြစ် ပင်ပန်းနွမ်းနယ်လာရင် အားဆေးတစ်ခုခု သောက်ပြီး နားဖို့ စိတ်ကူးမိတတ်ကြပါတယ်။ အနားမရနိုင်သေးဘူး ဆိုရင်လည်း အားဆေးလေးသောက်ပြီး ပင်ပန်းတဲ့ ဒဏ်ကို တွန်းလှန်နိုင်ဖို့ ကြိုးစားကြပါတယ်။ အားဆေးဆိုတာ ကလည်း ဆရာဝန်ခွင့်ပြုချက် မပါဘဲ ၀ယ်လို့ရတဲ့ ဆေးဝါး (Over-the-counter Drugs) တွေ ဖြစ်ပြီး ယနေ့ခေတ်မှာ ကျယ်ကျယ်ပြန့်ပြန့် အလွယ်တကူ ရနိုင်နေလို့ပဲ ဖြစ်ပါတယ်။

နီးစပ်ရာ လက်လီလက်ကား ဆေးဆိုင်ကြီးအချို့ကို မေးကြည့်တော့ အားဆေးတွေရဲ့ ရောင်းအားဟာ အထူးကောင်းနေပြီး ကျသွားတယ်လို့ မရှိကာ နှစ်စဉ် ရောင်းအား တက်လျက် ရှိပါတယ်တဲ့။ ပြည်ပကနေ အားဆေးတင်သွင်းနှုန်းလည်း တစ်နှစ်ထက်တစ်နှစ် တိုးလာနေတယ်လို့ ၄င်းတို့က ခန့်မှန်း ပြောဆိုပါတယ်။ ဒါကြောင့် သေချာပေါက် ပြောနိုင်တာက ယနေ့ခေတ်မှာ အလုပ်ပင်ပန်းမှု ရှိသူတိုင်းလိုလို အားဆေး မကြာခဏ သောက်သုံးမှု ရှိနေကြပါပြီ။

အကြောအရမ်းတက်တတ်တဲ့ အသိမိတ်ဆွေအချို့က ၄င်းတို့ဟာ Vitamin B1, B6, B12 တို့ ပါဝင်တဲ့ အားဆေးတွေ နေ့စဉ်သောက်မှ နေလို့ရ အလုပ်လုပ်လို့ ရတယ်လို့ ဆိုပါတယ်။ အာရုံစူးစိုက်ရလွန်းတဲ့ အလုပ်လုပ်သူတွေ၊ လုပ်ငန်းခွင်မှာ ပင်ပန်းသူတွေကလည်း မကြာခဏဆိုသလို စိတ်ဖိစီးမှု သက်သာစေတယ်ဆိုတဲ့ အားဆေးတွေ သောက်သုံးနေကျမြဲ ဖြစ်ပါတယ်တဲ့။ အချို့သူတွေကတော့ ပြောပါတယ်။ သူတို့ဟာ ပုံမှန်လုပ်နေကျ မဟုတ်တဲ့ အရမ်းပင်ပန်းတဲ့ အလုပ်မျိုး တစ်နေကုန် လုပ်လိုက်ရတဲ့ အခါမျိုးမှာ အားဆေးနဲ့ အားပြန်ဖြည့်တတ်တယ်လို့ ပြောကြသလို ကာမဆက်ဆံမှု လုပ်ပြီးသွားတိုင်း အားဆေးပြန်သောက်ဖြစ်ကြတဲ့ အမျိုးသားတွေလည်း များပါတယ်။



စာကျက်ကောင်းအောင် ဆိုပြီး စာမေးပွဲနီးရင် ကျောင်းသားလူငယ် အချို့ကလည်း အားဆေးကို အားကိုးတတ်ပါတယ်။ ဒီလို အနေအထားအထိ ပြည်သူတွေကြားမှာ ရေပန်းစားလာတဲ့ အားဆေးတွေနဲ့ ပတ်သက်လို့ ကျန်းမာရေး အသိနဲ့ သတိ ကောင်းကောင်းရှိတဲ့ လူများက နီးစပ်ရာ ဆရာဝန်များကို မေးခွန်းတွေ မေးလာကြပါတယ်။ မေးခွန်းတွေက အစုံပါပဲ။ အားဆေးတွေရဲ့ အာနိသင်ကရော တကယ် လန်းဆန်းအားပြည့်ကာ နေလို့ကောင်း စေတာလား။ ဒါတွေဟာ တကယ်ကို တော်တည့်မှန်ကန်တဲ့ လုပ်ရပ်များ ဖြစ်ပါရဲ့လား။ အားဆေးတွေရဲ့ ရေတို/ရေရှည် အကျိုးသက်ရောက်မှုတွေက ဘယ်လိုဖြစ်မလဲ။ ကောင်းကျိုး ဆိုးကျိုး ဘယ်လိုရှိမလဲ။ ဘယ်လို အခြေအနေ အချိန်အခါမှာ အားဆေးသောက်သင့်လဲ/ မသောက်သင့်ဘူးလဲ……….. စသဖြင့် ပေါ့လေ။

လောကမှာ ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးပြစ် (Pros & Cons) က ဒွန်တွဲ တည်ရှိမြဲ ဖြစ်တယ်ဆိုတာ စာဖတ်ပရိသတ်များ သိရှိကြမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သုံးစွဲမယ့် အရာတစ်ခုကို ကောင်းကျိုးတွေပဲ ရရှိပြီး ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင် သုံးစွဲနိုင်ရေးက ဆေးပညာအပါအ၀င် ယနေ့ခေတ် လူသားအကျိုးပြု နည်းပညာအားလုံးရဲ့ တူညီတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ အားဆေး ခေါ် ဗိုက်တာမင်အစုံနှင့် သတ္တုဓာတ် ဖြည့်စွက်ဆေး (Multivitamins & Minerals Supplements) များအကြောင်း အထက်ပါ အချက်များနဲ့တကွ စုစည်းတင်ပြအပ်ပါတယ်။

အားဆေးဆိုတာ ဘာလဲ
မြန်မာလို အားဆေးလို့ သုံးစွဲပြီး သောက်သုံးနေကြတဲ့ ဆေးများဟာ ခန္ဓာကိုယ်က မရှိမဖြစ် လိုအပ်တဲ့ ဗိုက်တာမင် (Vitamins) ခေါ် သက်စောင့်ဓာတ်များ နဲ့ သတ္တုဓာတ်များ (Minerals) ပါဝင်တဲ့ ဖြည့်စွက်အာဟာရများသာ ဖြစ်ပါတယ်။ ဒီဆေးတွေ သောက်ခြင်းဟာ ကောင်းမွန်တဲ့ အာဟာရ တစ်ခု မှီဝဲလိုက်သလို ပါပဲ။ ဒါပေမဲ့ အားဆေးလို့ ဝေါဟာရပြုထားတဲ့ အတွက် လူအများစုက ခွန်အားတိုးပွားစေတဲ့ဆေး၊ ကုန်သွားတဲ့ အားတွေ ပြန်ဖြည့်တဲ့ဆေးလို့ အမှတ်မှား နေကြတာလည်း ရှိပါတယ်။ တကယ်တမ်းတော့ အားဆေးများဟာ အာဟာရမျိုးစုံ ပါဝင်တဲ့ အစားအသောက်များ သဘောသာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အားဆေးဆိုတဲ့ အသုံးက ဘာသာစကားနဲ့ ချီပြီးတော့ကို တွင်ကျယ်နေပြီ ဖြစ်လို့ “ဗိုက်တာမင်နဲ့ သတ္တုဓာတ် ဖြည့်ဆေး” လို့ မှန်ကန်စွာ ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲဖို့ မလွယ်လှတော့ဘူး ထင်ပါတယ်။

ဒါဆို ဒါတွေ သောက်ရင် အားအင်နဲ့ ကျန်းမာရေးအပေါ်ကော အကျိုးမရှိဘူးလားလို့ မေးစရာ ရှိပါတယ်။ စနစ်တကျ နားလည်စွာ သောက်သုံးနိုင်ရင် ကောင်းကျိုးတွေ တကယ်ကို ရှိပါတယ်။ သိသင့်တဲ့ ဘယ်လိုလူတွေဟာ ၊ ဒါမှမဟုတ် ဘယ်အခြေအနေမှာ အားဆေးတွေ သောက်သင့်လဲ ဆိုတာ သိရှိပြီး သောက်နိုင်ရင် ကောင်းကျိုးတွေ ပိုများလာမှာ ဖြစ်ပြီး အားဆေးတွေနဲ့ မသင့်တော်တဲ့ အခိုက်အတန့်တွေမှာ ရှောင်ကြဉ်မယ်၊ အားဆေးတွေ လွန်ကဲမှုရဲ့ ဆိုးကျိုးလက္ခဏာတွေ သိရှိပြီး ပေါ်နေရင် ရှောင်ကြဉ်မယ် စသဖြင့် သေချာ သိပြီး သောက်သုံးရင် အထူးအကျိုးရှိမယ်လို့ ပြောလိုပါတယ်။

ဗိုက်တာမင်များ (Vitamins)
ဗိုက်တာမင်ဆိုတာ Vitamin ဆိုတဲ့ အင်္ဂလိပ်စကားကို တိုက်ရိုက် မွေးစားထားတာ ဖြစ်ပါတယ်။ မူရင်းအင်္ဂလိပ် ဘာသာအတိုင်း ခွဲခြားကြည့်ရင် Vita (ဗိုက်တာ) နဲ့ Amine (အေမင်း) လို့ နှစ်ပိုင်းတွေ့ရပါတယ်။ Vita ဆိုတာ လက်တင်ဘာသာစကားနဲ့ အသက်လို့ အဓိပ္ပာယ်ရပြီး Amine ကတော့ အေမင်းအုပ်စု အမျိုးအစား ဓာတုဒြပ်ပေါင်းများကို ဆိုလိုပါတယ်။

ပညာရှင်များက အစားအစာတွေမှာ ကနဦး စတင်တွေ့ရှိခဲ့တဲ့ Thiamine (သိုင်ယာမင်း) ခေါ် ဗိုက်တာမင် B1 ကို အစွဲပြုပြီး ပေးခဲ့တဲ့ နာမည် ဖြစ်ပြီး “အသက်စောင့်ဓာတ် အေမင်းအမျိုးအစား ဒြပ်ပေါင်းများ” လို့ ဆိုလိုပါတယ်။ နောက်ပိုင်းမှာ Vitamins တွေဟာ အေမင်း အမျိုးအစားတွေသာ မကတော့ဘဲ အခြား ဓာတုဒြပ်ပေါင်း အမျိုးအစားစုံ ဖြစ်နေတယ်ဆိုတာ တွေ့ရှိလာရပေမယ့် ဒီအသုံးကပဲ ဆက်တွင်သွားတာ ဖြစ်ပါတယ်။

အားဆေးများ၏ ကောင်းကျိုးများ
ဗိုက်တာမင်များဟာ သက်ရှိများရဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေရန်၊ ပုံမှန် ဇီဝရုပ် ဖြစ်ပျက်မှုများ စည်းချက် မှန်နေစေရန်၊ ရောဂါများမှ ကာကွယ်ရန် မရှိမဖြစ်လိုအပ်လှပါတယ်။ ဒါတွေကို အသားငါး၊ အသီးအနှံ စတဲ့ အစားအသောက် မျိုးစုံ မျှတအောင် ပုံမှန် စားသုံးပေးခြင်းဖြင့် ရရှိနိုင်ပါတယ်။ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ် ထဲမှာ ဗိုက်တာမင်တွေ ထုတ်လုပ်နိုင်ခြင်း မရှိလို့ အစာအာဟာရများကိုပဲ မှီခိုကြရပါတယ်။

အကြောင်းတစ်ခုခုကြောင့် အာဟာရထဲကနေ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ရရှိမှုဟာ လိုအပ်တာထက် လျော့နည်းမယ်ဆိုရင် ဗိုက်တာမင်ချို့တဲ့ခြင်း ရောဂါလက္ခဏာများ ခံစားရမှာ ဖြစ်ပါတယ်။ ဗိုက်တာမင် တစ်ခုချင်းစီအလိုက် ချို့တဲ့ခြင်း ရောဂါလက္ခဏာတွေ သီးသန့် ရှိပါတယ်။ ဥပမာ ဗိုက်တာမင်အေ (Vitamin A) ဟာ အသီးအနှံများမှာ အများဆုံး ပါဝင်တာ ဖြစ်လို့ အသီးအနှံ မစားတဲ့ သူတွေဟာ ကြာဆူးခေါ် အရေပြားပေါ်က မွေးညင်းပေါက်များ ကြမ်းတမ်းခြင်း (Hyperfollicular Keratosis) ခံစားရလေ့ရှိပြီး အရမ်းဆိုးရင် အမြင်အာရုံ ထိခိုက်ကာ ညမှောင်ရင် အမြင်အာရုံ မကောင်းတော့တဲ့ ကြက်မျက်သင့်ရောဂါ (Night Blindness) ခံစားရတတ် သလိုမျိုးပေါ့။ ဗိုက်တာမင် ချို့တဲ့မှုတွေ များလာရင် ကိုယ်ခံအား မကောင်းတော့ဘဲ သူများထက် ဖျားလွယ် နာလွယ် ဖြစ်တတ်ပါတယ်။

ဒါကြောင့် အသား၊ငါး၊ အသီးအနှံများကို မျှတစွာ မစားသူတွေနဲ့ အလုပ်များလွန်းလို့ စားဖို့ အဆင်မပြေတဲ့ သူတွေဟာ အားဆေးများ မကြာခဏ သောက်ပေးသင့်ပါတယ်လို့ အာဟာရ ပညာရှင်များက ထောက်ခံ အဆိုပြုကြပါတယ်။ အောက်မှာ ဗိုက်တာမင်တွေနဲ့ ၄င်းတို့ချို့တဲ့ရင် ဖြစ်လာနိုင်တဲ့ ရောဂါတွေ၊ ၄င်းဗိုက်တာမင် အကြွယ်ဝဆုံးတဲ့ အစားအစာတွေကို အတိုချုပ် ယှဉ်တွဲ ဖော်ပြပေးလိုက်ပါတယ်။

ဟင်းလေးအိုးကျန်းမာရေးမှ

နာရီများနှင့် ကျန်းမာရေး.....(နာရီအချိန်ပိုင်းအလိုက်......လူ့ခန္ဓာကိုယ်.......အလုပ်လုပ်ပုံ)


သုတေသန ပြုချက်အရ ညဆိုင်း အလုပ်လုပ်သူများသည် ကျန်းမာရေး အခြအနေ ကမောက်ကမ ဖြစ်တက်သည်။ အမျိုးသမီး များဆိုလျှင် ရာသီမမှန်ခြင်း၊ အရိုးပွရောဂါ ဖြစ်ခြင်း၊ ရင်သားကင်ဆာဖြစ်ခြင်း၊ ကိုယ်ဝန်မရရှိနိုင်ခြင်း စသည့်ေ၇ာဂါများပိုမို ဖြစ်တက်သည်။ ညသန်းခေါင် ၁၂ နာရီ ၁၀ မိနစ် အထိ မအိပ်သေးသူများတွင် ခန္ဓာကိုယ်၏ ဇီဝဖြစ်ပျက် ပြောင်းလဲ ဖြစ်စဉ် များသည် ကိုယ်တွင်းအရည် လောင်ကျွမ်းမှုကိုသာ အားကိုး၇သည်။ ကိုယ်တွင်းအရည် လောင်ကျွမ်းမှုသည် အဆိပ်အတောက် ဖြစ်ပေါ်မှုများတတ်သည်။ ခန္ဓာကိုယ်၏ *သက်စောင့်ရည်* များကို အက်ဆစ်ဓါတ် ဖြစ်စေနိုင်သည်။ ထို့ကြောင့် ခဏခဏ အိပ်ရေးပျက်ခံ သူများသည် ဆေးလိပ်သောက်၊ အရက်သောက် သူများဖြစ်နိုင်သည့် ရောဂါမျိုးများ ငါးဆ ပိုဖြစ်နိုင်သည်။ ထို့ကြောင့် နေ့စဉ် အတက်နိုင်ဆုံး ည ၁၁ နာရီ မတိုင်မီ အိပ်ရမည်။ မဖြစ်မနေ ညအလုပ်လုပ်ရန်ရှိသည် ဆိုလျှင် (အသားမပါသော) ညလယ်စာ စား လျှင်ခံသာသေးသည်။ နံနက်အခါ နေထွက်သည်။ ညနေရောက်လျှင် နေ၀င်သည်။ ဆောင်းရာသီပြီးလျှင်
နွေရာသီရောက်လေသည်။ သဘာဝလောကကြီးသည် အချိန်မှန်မှန်၊စည်းချက်ကျကျြ
ဖစ
်ပျက်နေသည်။
လူ့ခန္ဓာကိုယ်လဲ သဘာဝ လောကကြီးတွင် တည်ရှိပြီး အချိန်မှန်မှန်၊စည်းချက်ကျကျ
လှုပ်ရှားမှသာ ကျန်းမာပျော်ရွှင်မည်။
ည ၉-နာရီ မှ နံနက်၃-နာရီ    = ခန္ဓာကိုယ်အားဖြည့်ချိန်
ည ၉-နာရီ မှ ည ၁၁-နာရီ     = ရောဂါခုခံကာကွယ်စနစ်အချိန်
(အလယ်တန်းအောက်ကလေးသူငယ်များသည်
ရောဂါခုခံကာကွယ်စနစ်တည်ဆောက်မှုမပြည့်စုံသေးသဖြင့် ည ၉-နာရီတွင်
အိပ်နိုင်လျှင်ကောင်း၏)
ည ၁၁-နာရိ မှ နံနက် ၁-နာရီ = ရိုးတွင်းချဉ်ဆီမှ သွေးနီဥ တည်ဆောက်ချိန်
နံနက် ၁-နာရီ မှ နံနက် ၃-နာရီ= အသည်း၏အချိန်
နံနက် ၃-နာရီ မှ နံနက် ၅-နာရီ= အသက်ရှုစနစ်အတွက်အချိန်

နံနက် ၄-နာရီ = ခန္ဓာကိုယ်၏ သွေးခုန်အားအပျော့ဆုံး၊ နှလုံးခုန်နှုန်း အနှေးဆုံးအချိန်
(ဆေးပညာတွင် 'အန္တရာယ်များသည့်လေးနာရီ' ဟုပြောစမှတ်ပြုကြသည်။
လက်တွေ့တွင် ဤအချိန်၌ ရင်ကြပ်၊နှလုံး၊လေဖြတ်၊ဦးနှောက်သွေးကြောရောဂါ၊
သွေးတိုးရောဂါ စသည်တို့ ရောဂါဖောက်ပြန်သော အချိန်ဖြစ်တတ်သည်။ ထို့ကြောင့်
အဘိုးအဘွားများ နံနက် ၅-နာရီကျော်မှကိုယ်လက်လှုပ်ရှားလမ်းလျှောက်ထွက်သင့်သည်။)

နံနက် ၅-နာရီ မှ နံနက် ၇-နာရီ = အူမကြီးအလှုပ်ရှားဆုံးအချိန်
နံနက် ၇-နာရီ မှ နံနက် ၉-နာရီ = အစာအိမ်အလှုပ်ရှားဆုံးအချိန်
(ထို့ကြောင့် နံနက် ၇-နာရီ မတိုင်ခင် နံနက်စာစားသင့်သည်)
နံနက် ၉-နာရီ မှ နံနက် ၁၁-နာရီ = သရက်ရွက်အလှုပ်ရှားဆုံးအချိန်
နံနက် ၁၁-နာရီ မှ နေ့လယ် ၁-နာရီ = ရိုးတွင်းချဉ်ဆီ သွေးတည်ဆောက်ချိန်
(ကောင်းစွာအနားယူနိုင်ပါက သွေးအားနည်းရောဂါမဖြစ်တော့ပေ)
နေ့လယ် ၁-နာရီ မှ ညနေ ၃-နာရီ = အူသိမ်အလှုပ်ရှားဆုံးအချိန်
(နေ့လယ် ၁-နာရီ မတိုင်ခင်နေ့လည်စာစားလျှင်ကောင်း၏ - သို့မဟုတ်က အစာအိမ်ရောဂါ
လေထိုးလေအောင့်ရောဂါဖြစ်တတ်သည်။)
ညနေ ၃-နာရီ မှ ညနေ ၅-နာရီ = ဆီးအိမ်အလှုပ်ရှားဆုံးအချိန်
(ဤအချိန်တွင်ရေများများသောက်ရန်အရေးကြီးသည်။)
ညနေ ၅-နာရီ မှ ည ၇-နာရီ = ကျောက်ကပ်အလှုပ်ရှားဆုံးအချိန်
ည ၇-နာရီမှ ည ၉-နာရီ   = နှလုံးနှင့်ဦးနှောက်အာရုံကြောစနစ်၏အလှုပ်ရှားဆုံးအချိန်
(ဤသည်မှာ ရှေးတရုတ်တိုင်းရင်းဆေးပညာရှင်တို့၏ အဆိုဖြစ်သည်။)

အကိုး။     ။ လင်ကွမ်ချန်၏ကျန်းမာရေးစာအုပ်မှ
(ပါမောက္ခ ဒေါ်ခင်ဖြူ)

မြတ်မင်္ဂလာစာစောင် အတွဲ-၂၅၊အမှတ်-၁၊ ၂၀၀၉ခုနှစ်၊ ဇူလိုင်လ မှ ကောက်နုတ်ဖေါ်ပြသည်။

ခေါင်းကိုက်ခြင်းကို ဘယ်လို ကာကွယ်ကုသကြမလဲ

အမေရိကန်နိုင်ငံသားတွေ ထဲက ၄၅ သန်းကျော်ဟာ မကြာခဏ ခေါင်းကိုက်တတ်သူတွေ ဖြစ်ပြီး အဲဒီအထဲကမှ ၂၈ သန်းလောက်က ခေါင်းတစ်ခြမ်းကိုက်ရောဂါ လို့ လူသိများတဲ့ ခေါင်းကိုက်ခြင်းနဲ့ မူးဝေအော့အန်ခြင်း၊ အမြင်ေ၀၀ါးခြင်း တွဲဖက်ခံစားရတဲ့ မိုင်ဂရိမ်းရောဂါ (Migraine) ခံစားနေရသူတွေ ဖြစ်ပါတယ်လို့ အမေရိကန် အမျိုးသား ခေါင်းကိုက်ရောဂါ ဖောင်ဒေးရှင်း (National Headache Foundation) ရဲ့ အဆိုအရ သိရပါတယ်။ ဒါ့အပြင် ကလေးတွေနဲ့ မြီးကောင်ပေါက်တွေရဲ့ ၂၀% (ငါးယောက်မှာ တစ်ယောက်) ဟာလည်း ခေါင်းကိုက်တတ်သူများ ဖြစ်ကြပါသတဲ့။ ဒါဆို ကျွန်တော်တို့ နိုင်ငံမှာရော……..။

ခေါင်းကိုက်လို့ ညည်းညူနေကြသူတွေ၊ ဆေးသောက်နေကြရသူတွေကို ကျွန်တော်တို့ မကြာခဏဆိုသလို မြင်ဖူးကြပါတယ်။ ဒါကြောင့် အမေရိကန်လောက် မများရင်သာ နေမယ် ၊ ခေါင်းကိုက်ရောဂါရှိသူတွေ ကျွန်တော်တို့ဆီမှာလည်း နည်းမယ် မဟုတ်ဘူးလို့ မှန်းဆနိုင်ပါတယ်။

ခေါင်းကိုက်တဲ့ ဝေဒနာတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြသလို အမျိုးအစားတွေလည်း မတူကြပါဘူး။ အသေးစိတ် ခွဲခြားထားတဲ့ ခေါင်းကိုက်ရောဂါ အမျိုးပေါင်း ၁၅၀ တိတိ ရှိကြောင်း ကျန်းမာရေး ပညာရှင်များ ရှာဖွေတွေ့ရှိ ထားပါတယ်။ ဒါပေမဲ့ အဖြစ်အများဆုံး ခေါင်းကိုက်ရောဂါတွေကတော့ ၈ မျိုးပဲ ရှိပါတယ်။ အောက်ပါအတိုင်း ရှင်းလင်းစွာ ခွဲခြား ဖော်ပြပေးလိုက်ပါတယ်။ သင်ဟာ အကယ်၍ မကြာခဏ ခေါင်းကိုက်တတ်သူ ဆိုရင် သင့်ရဲ့ ရောဂါဟာ အောက်ပါ ၈ မျိုးထဲက ဘယ်ဟာလဲ ဆိုတာ ကွဲကွဲပြားပြား သိထားဖို့ လိုအပ်ပါတယ်။ ဒါမှ ကုသကာကွယ်နည်းတွေကို စဉ်းစားလို့ ရမှာ ဖြစ်ပါတယ်။



(၁) ဖိစီးမှု ခေါင်းကိုက်ရောဂါ ခေါ် Tension Headache
နာတာရှည် နေ့စဉ် ခေါင်းကိုက်ရောဂါ (သို့) ပိုဆိုးမလာသော နာတာရှည် ခေါင်းကိုက်ရောဂါလို့လည်း ခေါ်တွင်ပါတယ်။ ဆယ်ကျော်သက်တွေနဲ့ အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်အများဆုံး အမျိုးအစား ဖြစ်ပါတယ်။ ခေါင်းပတ်ပတ်လည်ကို တစ်ခုခုနဲ့ တင်းတင်းကြပ်ကြပ် စည်းနှောင်ထားသလို ခံစားရတတ်လေ့ရှိပါတယ်။ ဆိုးရင် ခေါင်းနဲ့ မျက်နှာက ကြွက်သားတွေပါ တင်းတောင့် နာကျင်တတ်ပါတယ်။ နာကျင်မှုက အပြင်းထန်ကြီး မဟုတ်သလို ရက်နည်းနည်း ဆက်ကိုက်လိုက် ၊ ရက်ပေါင်းများစွာ မကိုက်လိုက်နဲ့ နာတာရှည် ဖြစ်ပွားပါတယ်။ အကြောင်းရင်းတွေကတော့ စိတ်နဲ့ အဓိက ဆိုင်ပြီး စိတ်ဖိစီးမှု များခြင်း၊ အလုပ်ပိခြင်း၊ သောကများခြင်း၊ မျက်စိ အသုံးများလွန်း၍ အညောင်းမိခြင်း စတာတွေကြောင့် ဖြစ်တတ်တာ တွေ့ရပါတယ်။

(၂) မိုင်ဂရိမ်း ခေါ် ခေါင်းတစ်ခြမ်းကိုက်ရောဂါ (Migraine)
မိုင်ဂရိမ်း ဖြစ်စေတဲ့ အကြောင်းရင်းကို ယနေ့အထိ တိတိကျကျ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။ ဦးနှောက်အတွင်းက သွေးကြောတွေ ကျယ်လိုက် ကျဉ်းလိုက် ဖြစ်လို့ ဝေဒနာ ခံစားရတယ် ၊ ဦးနှောက်အတွင်း မျက်နှာပြင်အချို့မှာ မွေးရာပါ ချို့ယွင်းချက်ကလေးတွေ ပါတယ် ဆိုတာလောက်ပဲ သိရပါသေးတယ်။



အမှတ်စဉ် (၁) က ဖိစီးမှု ခေါင်းကိုက်ရောဂါထက် မိုင်ဂရိမ်းရဲ့ နာကျင်မှုက ပိုပြင်းထန်ပြီး လေးလံတဲ့ တစ်စုံတစ်ရာနဲ့ အဆက်မပြတ် စည်းချက်ကျကျ ထုနှက်နေသလားတောင် ထင်ရတဲ့အထိ ဝေဒနာ ပြင်းထန်လေ့ရှိတယ် ဆိုတာ တကယ်ခံစားဖူးသူတိုင်း သိကြပါတယ်။ နောက်ပြီး ဖြစ်နေကျသူ ဆိုရင် ခေါင်းမကိုက်ခင်လေးမှာ အလိုလိုနေရင်း ကိုက်တော့မယ် ဆိုတာ ကြိုသိတဲ့ သရိုးသရီခံစားမှု (Aura) တစ်ခုခု ကြိုရတတ်ပါတယ်။ တချို့ကလည်း မျက်လုံးထဲ အလင်းတွေ ၀င်းကလဲ မြင်လိုက်ရသလို၊ ရောင်စုံတွေ မြင်လိုက်ရသလို ခံစားရလေ့ ရှိပါတယ်။ မိုင်ဂရိမ်းတစ်ခါ ခံစားရပြီဆိုရင်လည်း အနည်းဆုံး ၄ နာရီလောက် ကြာအောင် ခံစားရတတ်လို့ လုံးဝ မစားသာပါဘူး။ သုံးရက်လောက်အထိ ဆက်တိုက်လည်း ဖြစ်နိုင်ပါတယ်။ ဖြစ်နေကျ သူတွေဟာ တစ်လမှာ အနည်းဆုံး တစ်ကြိမ်ကနေ လေးငါးကြိမ်လောက်အထိ ဖြစ်တတ်တာ တွေ့ရပါတယ်။ ခေါင်းကိုက်နေတဲ့ အချိန်မှာ အလင်းရောင်စူးစူး မကြည့်နိုင်ခြင်း၊ ဆူညံမှု၊ အနံ့စူးစူး မခံနိုင်ခြင်း၊ ပျို့တက်ခြင်း၊ အော့အန်ခြင်း၊ ခံတွင်းပျက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ လေပွခြင်း စတာတွေပါ တွဲဖက် ခံစားရတတ်ရင်တော့ မိုင်ဂရိမ်းခေါင်းကိုက်ရောဂါ ဟုတ်ဖို့ အတော်လေး သေချာတယ်လို့ ဆိုနိုင်ပါတယ်။

ကလေးတွေ မိုင်ဂရိမ်းဖြစ်ရင် မျက်နှာတွေ ဖြူဖျော့သွားခြင်း၊ မျက်လုံးတွေ ကြည့်မကောင်းဘူးလို့ ပြောခြင်း၊ ခေါင်းနောက်တယ် ပြောခြင်း၊ တခါတရံ ကိုယ်ပူတတ်ခြင်း၊ ဗိုက်အောင့်ခြင်း စတာတွေပါ အထက်ပါ လက္ခဏာတွေပေါ် ထပ်ဆင့် တွဲဖြစ်တတ်လို့ တော်တော် သနားစရာ ကောင်းပါတယ်။ ရှားရှားပါးပါး တချို့ကလေးတွေ ကျတော့ တစ်လတစ်ခါလောက် မှန်မှန် အော့အန်ခြင်းနဲ့ တွဲဖြစ်တတ်လို့ ၀မ်းဗိုက်နှင့်ဆိုင်သော မိုင်ဂရိမ်းရောဂါ (Abdominal Migraine) လို့ ခေါ်ပါတယ်။

(၃) ရောနှောခေါင်းကိုက်ခြင်း ရောဂါစု (Mixed Headache Syndrome)
အမှတ်စဉ် (၁) နဲ့ (၂) နှစ်ခုစလုံးမှာ ပြောထားတဲ့ ခေါင်းကိုက်ခြင်း နှစ်မျိုး တပြိုင်နက် ပူးတွဲ ဖြစ်တာ ဖြစ်ပါတယ်။ အဆိုးဝါးဆုံး ခေါင်းကိုက်ရောဂါ တစ်မျိုးလို့ ဆိုနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူတွေရော ကလေးငယ်တွေပါ ခံစားရနိုင်ပါတယ်။

(၄) စုပြုံခေါင်းကိုက်ရောဂါ (Cluster Headache)
ခေါင်းကိုက်ရောဂါတွေထဲမှာ အဖြစ်အနည်းဆုံးနဲ့ အဆိုးဝါးဆုံး ရောဂါမျိုး ပါပဲ။ မျက်လုံး တစ်ဖက်ဖက်ရဲ့ နောက်နား ဦးနှောက်ထဲကနေ ပြင်းထန်စွာနာပါတယ်။ များသောအားဖြင့် ဘက်မပြောင်းဘဲ တစ်ဖက်တည်းကနေ နာပါတယ်။ အချွန်တွေ အများကြီးနဲ့ တပြိုင်နက် အဆက်မပြတ် ထိုးဆွနေသလို ပူလောင်ပြင်းပြသလို စုပြုံပြီး ခံစားရလေ့ ရှိပါတယ်။ ခံစားရသူဟာ ကောင်းကောင်းတောင် မထိုင်နိုင်ဘဲ ဆောက်တည်ရာမရ ဖြစ်နေတတ်ပါတယ်။ အစုလိုက်အပြုံလိုက် နာကျင်မှုတွေ ခံစားရလို့ စုပြုံခေါင်းကိုက်ရောဂါလို့ ခေါ်တာ ဖြစ်ပါတယ်။ ရောဂါထတဲ့ ကာလမှာဆို တစ်နေ့ကို ၃ ကြိမ်လောက်အထိ ခံစားရနိုင်ပေမယ့် နောက်တစ်ခါ ပြန်ခံစားရဖို့လည်း လအနည်းငယ်ကနေ နှစ်နဲ့ချီ ကြာတဲ့အထိ အလိုလို လုံးဝ ပျောက်နေတတ်တဲ့ ခေါင်းကိုက်ရောဂါပါပဲ။

(၄) ထိပ်ကပ်နာခေါင်းကိုက်ရောဂါ (Sinus Headache)

ပါးစောင်အပေါ်၊ မျက်ခမ်းအောက်က အရိုးတွေ၊ နဖူးနဲ့ နှာခေါင်းရိုးနောက်ထဲက စူးစူးနင့်နင့်နဲ့ တောက်လျောက်နာပြီး နှာစေးခြင်း၊ နားစည်အတွင်း တင်းကြပ်နေသလို ခံစားရခြင်း၊ ဖျားနာခြင်း၊ မျက်နှာယောင်ခြင်း စတာတွေနဲ့ တစ်ခုခုနဲ့ တွဲဖက်ဖြစ်မယ် ဆိုရင် ထိပ်ကပ်နာ ခေါင်းကိုက်ရောဂါလို့ ခေါ်ဆိုနိုင်ပါတယ်။ (ထိပ်ခတ်နာ၊ ဖွတ်စအိုနာ ဆိုတဲ့ အမည်များလည်း ရှိပါတယ်) များသောအားဖြင့် နာတာရှည် နှာစေးတတ်တဲ့ သူတွေမှာ ဒီခေါင်းကိုက်ရောဂါကို တွေ့ရလေ့ ရှိပါတယ်။

ဖြစ်ရတဲ့ အကြောင်းရင်းက နှာစေးခြင်းကို ဖြစ်စေတဲ့ ဘက်တီးရီးယားပိုးတွေက နှာခေါင်းလိုဏ်ခေါင်း (Nasal Cavity) ကနေ တစ်ဆင့် ဆက်နေတဲ့ ဦးခေါင်းအရိုးထဲက အခေါင်းပေါက် (Sinuses) တွေထဲကို ၀င်ရောက်ကာ ပြည်ကဲ့သို့ နှာရည်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအရေတွေဟာ တော်တော်နဲ့ အပြင်မထွက်လို့ ဒီရောဂါဟာ နာတာရှည် ဖြစ်စေပါတယ်။ အရေတွေ အရိုးခေါင်းပေါက် ထဲမှာ ရှိနေလို့ နှာခေါင်းအရင်းဘက် ထိပ်နဲ့ နဖူးထဲမှာ တစ်ခုခု ကပ်နေသလို ခံစားနေရလို့ ထိပ်ကပ်နာ၊ ထွက်သွားအောင် နှာခေါင်းရှုံ့ပြီး ခတ်ထုတ်ရလွန်းလို့ ထိပ်ခတ်နာဆိုပြီး ခေါ်ကြပါတယ်။ ဒီအရေတွေက အာရုံကြောတွေကို ဖိအားသက်ရောက်စေသလို ပိုးတွေကြောင့် ရောင်ယမ်းမှုတွေ ဖြစ်စေတဲ့အတွက် ပြင်းထန်တဲ့ ခေါင်းကိုက်ဝေဒနာကို ရစေတာ ဖြစ်ပါတယ်။ များသောအားဖြင့် ခေါင်းနေ့စဉ် လျှော်သူတွေ၊ ငယ်ထိပ်ကို ရေခဏခဏ ဆွတ်သူတွေ ထိပ်ကပ်နာ ဖြစ်တာ တွေ့ရပါတယ်။

(၅) ဟော်မုန်းခေါင်းကိုက်ရောဂါ (Hormone Headache)
အမျိုးသမီးတွေ ဖြစ်လေ့ရှိတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်ပါတယ်။ ရာသီလာရက်၊ ကိုယ်ဝန်ဆောင်စဉ်၊ သွေးဆုံးခါနီးနဲ့ ဆုံးပြီးချိန် စတဲ့ အနေအထားတွေမှာ အမျိုးသမီးဟော်မုန်းတွေရဲ့ သွေးတွင်းပမာဏ အတက်အကျ ဖြစ်လို့ ခေါင်းကိုက်ဝေဒနာ ရတာဖြစ်ပါတယ်။ ရာသီလာပြီးသွားရင် အလိုလို ပျောက်သွားလေ့ရှိပြီး တစ်ခါဖြစ်ဖူးသူတွေဟာ များသောအားဖြင့် လစဉ် ဖြစ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်ရင် သွေးပေါင်တက်နေသလားလို့တော့ မဖြစ်မနေ စစ်ဆေးသင့်ပါတယ်။ သွေးပေါင်မတက်ဘဲ ရိုးရိုးခေါင်းကိုက်တာ ဆိုရင်တော့ ကိစ္စမရှိပါဘူး။

ဒီလို အမျိုးသမီးတွေ အပြင် ပဋိသန္ဓေတားနည်းကို ဆေးကတ်သောက်တဲ့ အမျိုးသမီးတွေလည်း ဖြစ်တတ်ပါတယ်။ အကယ်၍ ဆိုးလာရင်တော့ ပိုပြီးအဆင်ပြေမယ့် အခြားသန္ဓေတားနည်း တစ်ခုကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ပြောင်းသင့်ပါတယ်။

(၆) ပို၍ပို၍ ဆိုးလာသော နာတာရှည် ခေါင်းကိုက်ရောဂါ (Chronic Progressive Headache)
အလေးချိတ်ဆွဲထားခြင်း (သို့) ရောင်ယမ်းခြင်း ခေါင်းကိုက်ရောဂါလို့လည်း ခေါ်ဝေါ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဖြစ်တဲ့ အရေအတွက် စိတ်လာခြင်း၊ ဝေဒနာ ပိုပြင်းထန်လာခြင်း စတဲ့ အချက်တွေက သိသာပါတယ်။ ဦးခေါင်းအရိုးခွံ (သို့) ဦးနှောက်မှာ ပြဿနာတစ်ခုခု ရှိနေလို့ ခေါင်းကိုက်တာမျိုးကို ဆိုလိုပါတယ်။ ဥပမာ Brain Tumor ခေါ် ဦးနှောက်အကျိတ်၊ ဦးခေါင်းထိခိုက်ဒဏ်ရာ ရထားပြီး ချက်ချင်း ဘာမှ ဝေဒနာ မပေါ်သော်လည်း အတွင်းပိုင်း သွေးယိုစီးမှု တစ်ခုခု၊ ဦးနှောက်ဆိုင်ရာ ကူးစက်ရောဂါ တစ်ခုခု၊ သွေးပေါင်အရမ်းတက်ပြီး အသက်ရှင်ရေးအတွက် လတ်တလော အရေးမကြီးသေးတဲ့ သွေးကြော တစ်ခုခု ပေါက်ကာ သွေးခဲက ဖိမိတာမျိုး၊ မွေးရာပါ သွေးကြောအဖောင်း ပါလာပြီး တဖြည်းဖြည်း ကြီးလာလို့ ခေါင်းကိုက်ရောဂါ ဆိုးသထက် ဆိုးလာခြင်း စသဖြင့် အမျိုးစုံ ဖြစ်နိုင်လို့ ပိုပိုဆိုးလာတဲ့ ခေါင်းကိုက်ဝေဒနာရှင်များဟာ အချိန်မီ စစ်ဆေးကာ ကုမှု ခံယူသင့်ပါတယ်။

ဒါပေမဲ့ ဒါဟာ အဖြစ်နည်းလှပြီး ခေါင်းကိုက်တတ်သူ အရွယ်ရောက်ပြီး အားလုံးရဲ့ ၅% နဲ့ ခေါင်းကိုက်တတ်သူ ကလေးငယ် ၂% ခန့်ကသာ ဒါမျိုး ဖြစ်တတ်လို့ တော်သေးတယ် ဆိုရမှာပဲ။

(၈) ရှောင်တခင် ခေါင်းကိုက်ရောဂါ (Acute Headache)
ဒီအမျိုးအစားကတော့ ကလေးလူကြီး အားလုံးနီးပါး ခံစားဖူးကြပြီး အရေးမကြီးတဲ့ အမျိုးအစားဖြစ်ပါတယ်။ အန္တရာယ် ရှိတဲ့ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာ တစ်စုံတစ်ခု မပါကြဘဲ ခေါင်းကိုက်တာ သက်သက် ဖြစ်ပါတယ်။ အဖြစ်အများဆုံး အကြောင်းက တုပ်ကွေး၊ အအေးမိဖျားနာ စတဲ့ ဖျားနာမှု တစ်ခုခုကြောင့် ဖြစ်ပြီး အဲဒီ အနာရောဂါတွေ သက်သာသွားတာနဲ့ ခေါင်းကိုက်ခြင်းလည်း အလျဉ်းပျောက်သွားတာမျိုး ဖြစ်ပါတယ်။

ခေါင်းကိုက်ရောဂါဟာ မျိုးရိုးလိုက်တတ် ပါသလား
ဟုတ်ပါတယ်။ ခေါင်းကိုက်ရောဂါအများစု အထူးသဖြင့် မိုင်ဂရိမ်းလို ခေါင်းကိုက်ရောဂါများဟာ မိသားစုတွင်း အမွေ ဆက်ခံ တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ရှိသူ ကလေးများနဲ့ ဆယ်ကျော်သက်များကို ကြည့်ရင် ၄င်းတို့ရဲ့ ၉၀% ဟာ အဆိုပါရောဂါ ရှိသူ မိသားစုဝင် (အထူးသဖြင့် မိခင် ဖခင် တစ်ဦးဦး) ရှိနေတတ်တာ တွေ့ရပါတယ်။ လေ့လာချက်များအရ မိခင် (သို့) ဖခင် တစ်ယောက်ယောက်က မိုင်ဂရိမ်းရှိရင် မွေးလာတဲ့ ကလေး ၄ ယောက်မှာ ၁ ယောက်ကနေ ၂ ယောက်မှာ တစ်ယောက်အထိ မျိုးရိုးလိုက်ကာ ခေါင်းကိုက်ရောဂါ စွဲကပ်နိုင်ခြေရှိပြီး မိခင်ကော ဖခင်မှာပါ တူညီတဲ့ ခေါင်းကိုက်ရောဂါ ရှိနေပါက သားသမီးများဟာ ၄ ယောက်မှာ ၃ ယောက်လောက်အထိ ဖြစ်စေနိုင်တယ်လို့ တွေ့ရှိထားရပါတယ်။



ခေါင်းကိုက်ရောဂါဝေဒနာရဲ့ အကြောင်းရင်းတွေက ဘာတွေလဲ
ဦးနှောက်တွင်းမှာရှိတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကြား အပြန်အလှန် အချက်ပြဆက်သွယ်မှုတွေ လွဲချော်မှုရှိလို့ ခေါင်းကိုက်တယ်လို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။ သွေးကြောတစ်ခုနဲ့ ဆက်စပ်နေတဲ့ အာရုံကြောကို သွေးကြောကနေ နာကျင်မှု အချက်ပြမှု (Pain Signals) တွေ ပေးပို့ရင် အံဒီအာရုံကြောကလည်း သူ့အလုပ်အတိုင်း ဦးနှောက်မှာ နာကျင်တဲ့ အသိ ဖြစ်ပေါ်စေဖို့ ပေးပို့လိုက်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ဟာ ဦးခေါင်းအတွင်း နာကျင်တယ်ဆိုတဲ့ အသိပေါ်လာတာ ဖြစ်ပြီး ဒါကို ခေါင်းကိုက်တယ်လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ ခြေလက် ကိုယ်အင်္ဂါ တစ်ခုခုမှာ ထိခိုက်ဒဏ်ရာရသလို မြင်သာထင်သာ အသားကြေမှု၊ ပေါက်ပြဲမှု စတဲ့ ဒဏ်ရာဒဏ်ချက်တွေ မရှိဘဲ နာကျင်မှု ခံစားချက်က အာရုံမှားပြီး ရကြတာလို့ ဆိုလိုတာပါ။ ဒီလို ဦးနှောက်တွင်းသွေးကြောတွေကနေ နာကျင်မှု အချက်ပြပစ္စည်းတွေ စထွက်စေတဲ့ အကြောင်းအရင်းကို ယခုအချိန်အထိ ရှင်းလင်းစွာ မသိရှိရသေးပါဘူး။

မိုင်ဂရိမ်းနဲ့ ပတ်သက်ရင်တော့ နာကျင်မှုနေရာ (Pain Center) ဟာ အလယ်ဦးနှောက်မှာ တည်ရှိနေတယ်လို့ တွေ့ရှိထားပါတယ်။ ပုံမှန်ထက်ပိုပြီး နိုးကြွနေတဲ့ အာရုံကြောဆဲလ် (Hyperactive Nerve Cells) တွေဟာ သွေးကြောတွေဆီကို ရုတ်တရက် ကျဉ်းသွားစေတဲ့ လှုံ့ဆော်မှုအမိန့် (Impulses) တွေ ပေးပို့လို့ သွေးကြောတွေ ရုတ်တရက် ကျဉ်းသွားပြီး အဲလို ကျဉ်းသွားလို့ ပရော်စတာဂလန်ဒင် (Prostaglandin) ၊ စီရိုတိုနင် (Serotonin) နဲ့ အခြားဓာတုပစ္စည်းတွေ ထွက်လာကာ သွေးကြောတွေကို ကျယ်လိုက်ကျဉ်းလိုက် ဖြစ်စေပြန်ပါတယ်။ ရလဒ်ကတော့ နှလုံးခုန်နှုန်း တစ်ချက်ချင်း အတိုင်း ကျွန်တော်တို့ဟာ နာကျင်မှု ခံစားရစေတာ ပါပဲ။

ဖျားနာအအေးမိခြင်း၊ ထိပ်ကပ်နာ၊ လည်ချောင်းနာ၊ နားစည်ရောင်ယမ်းခြင်း စတဲ့ ဦးခေါင်းနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါတစ်ခုခု ရှိနေတဲ့ အချိန်မှာ အဲဒီလို ဖြစ်စဉ်တွေက ရုတ်တရက် ထဖြစ်ကြပါတယ်။ ဆေးပညာရဲ့ လေ့လာတွေ့ရှိချက်များ အရ အမှတ်စဉ်(၁) ဖိစီးမှု ခေါင်းကိုက်ရောဂါရဲ့ အခြား အဖြစ်များတဲ့ အကြောင်းရင်း တွေကတော့ မိသားစု၊ လူမှုရေး၊ အလုပ်အကိုင်၊ ပညာရေး စတာတွေကြောင့် စိတ်ဖိစီးမှု ရှိနေခြင်း၊ အရက်အလွန်အကျွံ ပုံမှန် သောက်သုံးခြင်း၊ အဆာလွန်သွားခြင်း၊ နေ့နဲ့ည မှား၍ အိပ်နေရသော နေ့စဉ်ဘ၀ ရှိနေခြင်း၊ ရေရှည် ဆေးဝါးများ မှီဝဲနေရခြင်း၊ စိတ်ကျရောဂါ ရှိနေခြင်း၊ သွေးတိုးရောဂါ ရှိနေခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ ခေါင်းကိုက်နေတာ ကြာလာပြီ ဆိုရင် မိမိမှာ ဒီရောဂါတွေ (သို့) ဒီအခြေအနေတွေ ရှိနေလားလို့ ဆန်းစစ်ကြည့်ပါ။ ရှိနေရင်တော့ ဒါတွေကြောင့်ပဲ ခေါင်းကိုက်နေရတာ သေချာပြီး ဒါတွေကို ကုသ ပြုပြင်လိုက်ရင် ခေါင်းကိုက်ပါ ပျောက်သွားမှာ ဖြစ်ပါတယ်။
ထူးထူးခြားခြား အဖြစ်များတဲ့ ခေါင်းကိုက်ခြင်း တစ်မျိုးလည်း ရှိပါသေးတယ်။ မျက်လုံးအသုံးများတဲ့ သူတွေ (ဥပမာ စာရင်းဇယား၊ ကွန်ပျူတာ စသဖြင့် နေ့စဉ် ကြည့်လွန်းရသူတွေ) မှာ မျက်မှန်မရှိသေးရင် မျက်မှန်လိုတဲ့ ရောဂါစု ခံစားရတတ်ပါတယ်။ မျက်လုံးတွေကိုက်မယ်၊ မျက်စိက နီလာမယ်၊ အမြင်တွေဝါးမယ်၊ မျက်လုံးထဲ တစ်ခုခု ၀င်သလို ခိုးလိုးခုလု ဖြစ်မယ်၊ ဇက်ကြောအရမ်းတက်မယ်။ ဒါ့အပြင် မျက်ရိုးတွေနဲ့ ခေါင်းက သိသိသာသာ ကိုက်လာတဲ့ လက္ခဏာတွေ စုပြုံခံစားရတာကို မျက်စိမှုန်လာ၍ မျက်မှန်လိုသော ရောဂါစု (Asthenopic Syndrome) လို့ ခေါ်ပါတယ်။



အဲဒီရောဂါစုကြောင့် ခေါင်းကိုက်ရင် ဘာဆေးသောက်သောက် မပျောက်ပါဘူး။ မျက်မှန်လိုတဲ့ ရောဂါဟာ မျက်စိအားဆေး ဘယ်လောက်ဈေးကြီးတာ ၀ယ်သောက်သောက် မပျောက်ဘဲ မျက်မှန်လုပ်လိုက်တာနဲ့ တစ်ပတ်အတွင်း ခေါင်းကိုက်တာ အပါအ၀င် အကုန်ပျောက်သွားမှာပါ။ မျက်မှန် တပ်နေတဲ့ သူတွေလည်း ရှိရင်းစွဲမျက်မှန် ပါဝါမကိုက်တော့တဲ့အခါ ဒီရောဂါစုမျိုး ခံစားရတတ်ပါတယ်။ ဒါကြောင့် ခေါင်းကိုက်တာအပြင် အထက်ပါ လက္ခဏာများ တွဲပြီး ခံစားနေရသူတိုင်း မျက်စိသွားစမ်းသင့်ပြီလို့ အကြံပြုပါတယ်။

လူအများစု သတိမပြုမိတတ်ကြတဲ့ ခေါင်းကိုက်မှုကို ဖြစ်ပေါ်စေတဲ့ အခြားအချက်တွေက Passive Smoking ခေါ် သူများသောက်တဲ့ ဆေးလိပ်ငွေ့ ရှူမိခြင်း၊ အိမ်တွင်း (သို့) လုပ်ငန်းခွင်မှာ အသုံးပြုတဲ့ အမွှေးနံ့များ မိမိနဲ့ မတည့်ခြင်း၊ နေ့စဉ် ဓာတုပစ္စည်းများ ကိုင်တွယ်ရသော အလုပ် လုပ်ခြင်း၊ စိတ်ဖိစီးမှု အရမ်းများခြင်း၊ ခန္ဓာကိုယ် အပူချိန် အတက်အကျ မြန်သော အလုပ်များ လုပ်ခြင်း (ဥပမာ နေပူထဲက ပြန်လာပြီး ရေတန်းချိုးခြင်း၊ ပြင်ပ၌ အရမ်းပူ/ အရမ်းအေး ဖြစ်နေချိန်တွင် ခေါင်းလျှော်ရေချိုးခြင်း၊ နေပူချိန် ပြင်းပြင်းဒဏ် စသဖြင့်) တွေဟာ ခေါင်းကိုက်စေတဲ့ အချက်တွေ ဖြစ်ပေမယ့် သတိမထားမိတတ်ကြလို့ မဆင်ခြင် မိကြတာ များပါတယ်။ ပြင်းထန်လွန်းတဲ့ အားကစား (သို့) အလုပ်ကြမ်းကို ရုတ်တရက် စလုပ်တဲ့ အစပိုင်း ရက်တွေမှာလည်း ခေါင်းကိုက်တတ်ပေမယ့် သူ့အလိုလို အသားကျပြီး ပြန်ကောင်းသွားတတ်ပါတယ်။

ကလေးငယ်တွေမှာဖြစ်တဲ့ ခေါင်းကိုက်ရောဂါက ကလေးအသက်ကြီးလာတာနဲ့ အမျှ သက်သာပျောက်ကင်း သွားကြလေ့ ရှိကြလို့ မိဘများ အထူး စိုးရိမ်စရာ မရှိပါဘူး။ ဒါပေမဲ့ ငယ်ဘ၀မှာ ခေါင်းကိုက်ဖူးတဲ့သူဟာ ကြီးလာရင် ခေါင်းကိုက်ရောဂါ ပြန်ဖြစ်ဖို့ သူများတွေထက် နီးစပ်တာမို့ သတိထားသင့်ပါတယ်။ မိုင်ဂရိမ်းလို ခေါင်းကိုက်ရောဂါမျိုး ကျတော့ ဟော်မုန်းအတက်အကျနဲ့ ဆ




--
Tank you and best regards,
              Sein Toe

Reply all
Reply to author
Forward
0 new messages