ကျွန်တော်တို့ဟာဖယောင်းတိုင်တွေဖြစ်တယ်
ကံအခြေအနေတွေက တဖြည်းဖြည်းနိမ့်ပါးလာကြပြီ
လေတိုက်နှုန်းနဲ့ လောင်ကျွမ်းမှု့အားဆီက ကျွန်တော်တို့အသက်ကိုပြန်ရတယ်
ဝါဆိုဖယောင်းတိုင်ကြီးတွေကိုမြင်ဖူးတယ်..
ရေစိုနေတဲ့ဖယောင်းတိုင်တွေ
မီးစာကြိုးကျွတ်ထွက်သွားတဲ့ ဖယောင်းတိုင်...
နေလောင်ခံရပြီး လိမ်ကောက်နေတဲ့ဖယောင်းတိုင်..
ရောင်စုံဖယောင်းတိုင်လေးတွေ
ဖယောင်းတိုင် အာဇာနည်.....
ခင်ဗျားရော ဘယ်လိုဖယောင်းတိုင်လဲ
ဘာကိုပဲသက်သေပြပြ ဘယ်လောက်ပဲ မျက်ရည်ကျကျ
လေခပ်ပြင်းပြင်းတစ်ချက်လောက်တိုက်လိုက်ရင်
ခင်ဗျား ငြိမ်း သွားမှာအသေအချာပဲ...။