အလင်းစေတမန် သူငယ်ချင်းများသို့
မြန်မာ နှစ်သစ်ကူးမှာ အလင်းစေတမန် သူငယ်ချင်းများ ရွှင်လန်းချမ်းမြေ့ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ အချိန်အတော်ကြာ ပျောက်ဆုံးနေတဲ့ အလင်းစေတမန် ၀ိုင်းတော်သားတစ်ဦးပါ။ အလင်းစေတမန် ၀ိုင်းတော်သားတွေလည်း အလုပ်တွေများပြီး ဒီအဖွဲ့ ကို Adminလုပ်ဖို့ အချိန်ကိုပေးနိုင်တဲ့ အချိန်တွေ နည်းပါးလာတာနဲ့အမျှ အလင်းစေတမန် အဖွဲ့ ရဲ့  Postတွေ ဟိုးအရင်ကလို ရောက်ရှိလာနိုင်ခြင်းမရှိခဲ့တာကို အများကြီးတောင်းပန်ပါတယ်။ ကျွန်တော်လည်း အလင်းစေတမန်ကို မကြည့်နိုင်ခဲ့တာ ၂၀၁၁ တစ်ခုလုံးဆိုပါတော့ဗျာ။ ဒီနှစ်တော့ အချိန်အနည်းနဲ့အများပေးပြီး ကြည့်ရှုဖို့ ဆုံးဖြတ်ထားပါတယ်။
အလင်းစေတမန်ကို OpenGroupလေးလုပ်လိုက်ချင်ပေမယ့် ထိန်းကွပ်မှု အနည်းနဲ့ အများမရှိရင် အလင်းစေတမန်သူ၊ အလင်းစေတမန်သားတွေကို အနှောက်အယှက်ဖြစ်စေမယ့် အကြောင်းအရာတွေ ရောက်နိုင်ခြေရှိတဲ့အတွက် Moderation အနည်းငယ်လုပ်ပြီး Postingများကို ခွင့်ပြုပေးနေပါတယ်။ အလင်းစေတမန်ကို ပေးပို့လာတဲ့ စာတွေက ပေးပို့လာသူရဲ့  အာဘော်တွေသာဖြစ်ပြီး အလင်းစေတမန် Adminများတွင် စာသားများ အကြောင်းအရာများနှင့်ပတ်သက်ပြီး တာဝန်မရှိပါကြောင်း ထပ်မံပြီး ပြောကြားလိုပါတယ်။ အင်တာနက်ဆိုတာ ပွင့်လင်းတဲ့ အလင်းတွေကို ပေးစွမ်းနိုင်တဲ့ နေရာတစ်ခုဖြစ်သလို အမှောင်ဘက်သားတွေလည်း ရှိနေတဲ့အတွက် အလင်းစေတမန် သူငယ်ချင်းများက အလင်းစေတဲ့ စာသားတွေကိုပဲ အလေးထား ဖတ်ကြပါစေကြောင်း ပြောကြားလိုပါတယ်။
ဒီနှစ်မြန်မာ့နှစ်သစ်ကူးမှာလည်း အလင်းစေတမန် အဖွဲ့ရဲ့  အလင်းစေသူများကို ဆုမွန်ကောင်းများတောင်းကာ ရှေ့ လာမယ့် အနာဂတ်နိုင်ငံတော်ကြီးအတွက် အလင်းတန်းများ ဆောင်ယူပေးမယ့် နိုင်ငံသားကောင်းများဖြစ်ပါကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မတူညီမှုတွေထဲမှာ တူညီစွာ ကခုန်နိုင်ကြပါစေ။
အလင်းစေတမန် ၀ိုင်းတော်သား
ကောင်းမြတ်ထွန်း
ကြေငြာချက်များ
- အလင်းစေတမန်ကို Google Group Features အသစ်ကို ပြောင်းလဲအသုံးပြုလိုက်ပါပြီ။
- အလင်းစေတမန်ရဲ့  Footer စာသားအခ့ ကို ပြင်ဆင်ရေးသားထားပါတယ်။