Fwd: ညီမလေး

98 views
Skip to first unread message

su mon

unread,
Jun 2, 2011, 9:04:01 PM6/2/11
to a_lin_sa...@googlegroups.com




ညီမလေး...........
လုံးဥ နုဖောင်းနေတဲ့ ပါးပြင်တစုံကို ခြယ်သခြင်းကင်းမဲ့အောင်ထားတတ်တဲ့ညီမလေး............
ရှည်လျားကော့ညွှတ် နေတဲ့မျက်တောင်တွေ ကိုမုန်းတီးတတ်တဲ့ ညီမလေး............

ညီမလေး............
ငါ့ဘ၀လေး...........
င့ါအလင်းရောင်................
ငါဆုံး၇ှုံးမှုနဲ့ကျရှုံးမှုတိုင်း ထပ်တူလဲကျနေတတ်တဲ့ ငါလမင်းလေး.........
ငါ့အတွက်ဆိုရင်အရာအားလုံးကို ဆန့်ကျင်၊ မှားနေတဲ့ဘက်မှာတောင် ရပ်ပေးနိုင်တဲံ ငါအနာဂတ်လေ..............
ငါမရှိရင်အသက်မရှင်နိုင်တော့ဘူးလို့ မျက်ရည်ဝဲပြီးပြောနေပေမဲံ...........
ညီမလေး...........နင် အသက်ရှုသံတွေပုံမှန်ရှိနေ၇ဲ့လား.။

ညီမလေး..............
ငါ့စိတ်ကောက်ရင် မနေတတ်တဲ့ ငါ့ညီမလေး...............
ငါ့ဘ၀ကိုနားလည်မှု အပေးနိုင်ဆုံး ငါ့ညီမလေး.............
ငါ့မျက်ရည်တွေကို အဝေးကိုဖယ်နိုင်တာ ညီမလေးနင်တယောက်တည်းပါ.............
ငါ့ဘ၀သည်သာ ပထမ သူဘ၀ကိုမမဘ၀နဲ့ ဆက်ထားတာပါဆိုတဲ့ ညီမလေး..............
ငါသုံးဖို့ပိုက်ဆံ ပျက်ရင်သူဌေးမကြီးလို ဖြေရှင်းပေးတဲ့ညီမလေး.................
ငါပိုက်ဆံလိုမဲ့အချိန်ကိုကြိုတွေး စုဆောင်းတတ်တဲ့ညီမလေး..............

ညီမလေး............
ငါအောင်မြင်မှုကိုအမြဲကြည့်ချင်တဲ့ညီမလေး............
ငါသီချင်းသံကြားမှ ပျော်ရွင်ပါတယ်ဆိုတဲံ့ညီမလေး...........
ငါအလှကိုတဆိမ့်ဆိမ့် ခံစားပြီး ဘယ်သူနဲ့မှမတန်ဘူးလို့ သ၀န်တိုတတ်တဲ့ ညီမလေး.........
ငါကြိုက်တဲ့ဟင်းဆိုရင် ဗိုက်ပြည့်ပြီလို့ ပြောပြီးအငတ်ခံပေးတဲ့ညီမလေး...........
ငါချွေးတစက် ကသူသွေးတစက် လိုပါပဲလို့အမြဲ ချွဲတတ်တဲ့ညီမလေး..............


ညီမလေး.........
ငါပါးလေးကို နမ်းပြီး သူများတွေနဲ့လုမနမ်းချင်ဘူးလို့ဆိုတတ်တဲ့ ညီမလေး.........
ငါဆိုနေပြနေကျ လက်ရွေးစင် သီချင်းဆယ်ပုဒ် ကို အမြဲတောင်းတပါတယ်ဆိုတဲ့ ညီမလေး...........
ငါသင်ပေးတဲ့ စာကျက်ရရင် ပိုအရ လွယ်တယ်ဆိုတဲ့ညီမလေး...........

ညီမလေး...........
ငါပြုံးခဲ့ဖူးတယ်။
ရယ်ခဲ့ဖူးတယ်။
ညီမလေး...........နင်ပဲတတ်နိုင်ခဲ့တာပါ။
ငါတို့ပျော်ခဲ့တဲ့အချိန်တွေ
ခိုးလုပ်ခဲ့ကြတဲ့ရင်ခုန်စရာ အချိန်တွေ
ပြန်မရနိုင်ဘူး......
နင်ပေးတဲ့အနမ်းလိုချင်တယ်။
နင်အသံကြားချင်တယ်.။
နင်ပြုံးတာကိုမြင်ချင်တယ်။


ညီမလေး..........
ငါကြောင့်နင်အမြဲ ငိုရတယ်။
ငါကြောင့် နင်အမြဲ အရိုက်ခံရတယ်။
တောင်းပန်ပါတယ်ကွာ။
ငါနဲ့အတူနေရရင် ထမင်းငတ်မှာတောင်မစိုးရိမ်ဘူးလို့နင်ပြောပေမဲ့
နင်ဘ၀အရောင်မှိန်မှာတော့ အကြီးတယောက်အနေနဲ့
ပူပင်ပါရစေ.....
ငါကြိုးစားနေတယ်။
နင်စိတ်ချ...........
ငါတို့တနေ့အတူတူ နေ၇မယ်.....
ငါတို့အရင်အချိန်နဲ့ အိမ်မက်တွေဖန်တီးရအောင် ညီမလေးရယ်။


Theint Theint

unread,
Jun 13, 2011, 9:58:33 AM6/13/11
to a_lin_sa...@googlegroups.com
အရမ်းသဘောကျပါတယ်....

2011/6/3 su mon <snowsu...@gmail.com>
--
အလင်းစေတမန် မှ ဖြစ်ပါသည်။
 
သင်ယခု စာကိုသင်ရရှိနေခြင်းမှာ သင်သည် အလင်းစေတမန် ၏ အဖွဲ့ဝင် တစ်ယောက်ဖြစ်နေ၍ ဖြစ်သည်။ သို့မဟုတ်ပါက တဆင့်ပေးပို့သူထံမှ ရရှိခြင်းဖြစ်နိုင်ပါသည်။
 
အဖွဲ့ဝင် တစ်ယောက်အနေဖြင့် အလင်းစေတမန်သို့ စာများ ပို့လိုပါက a_lin_sa...@googlegroups.com သို့ ပေးပို့ နိုင်ပါသည်။ အဖွဲ့ ၀င် အားလုံးဆီသို့ ရောက်ရှိပါမည်။
 
ပေးပို့သော post များကို အလင်းစေတမန်မှ Admin များက ဖတ်ရှုပြီး သင့်တော်ပါက post ခွင့်ပြုပေးလျက်ရှိပါသည်။
 
အသင်းဝင်ချင်ပါက
http://groups.google.com/group/a_lin_say_ta_mum/subscribe?note=1
အထက်ပါလင့်မှတစ်ဆင့် ၀င်ရောက်နိုင်ပါသည်။
 
သင် အလင်းစေတမန် အဖွဲ့ မှ စာများကို ရရှိရန် ဆန္ဒမရှိပါက a_lin_say_ta_m...@googlegroups.com
သို့ mail ပို့နိုင်ပါသည်။ သင့်အား အဖွဲ့မှ စွန့်ခွာခွင့်ပေးပါမည်။
 
ကျေးဇူးတင်ပါတယ်ဗျ။
Admin
အလင်းစေတမန်

naung

unread,
Jun 14, 2011, 11:19:23 AM6/14/11
to a_lin_sa...@googlegroups.com
သူငယ်ချင်း ရဲ့  ဆန္ဒ တွေ ပြည့် စုံပါစေ နော်
Reply all
Reply to author
Forward
0 new messages