Please register now!!! စင်္ကာပူနိုင်ငံ၊ မဟာသတိပဋ္ဌာနသုတ္တန် တရားကျင့်နည်း ၃ရက် အထူး သင်တန်း

5 views
Skip to first unread message

dhammadownload

unread,
Feb 25, 2016, 8:18:31 AM2/25/16
to
စင်္ကာပူနိုင်ငံ၊ မဟာသတိပဋ္ဌာနသုတ္တန် တရားကျင့်နည်း ၃ရက် အထူး သင်တန်း (၂၀၁၆ ဧပြီ ၃၀၊ မေ ၁၊ မေ ၂ ရက်နေ့)
~~~~~~~~~
ဓမ္မမိတ်ဆွေအပေါင်းတို့

ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရာ ဘိဝံသ၏ စင်္ကာပူ နိုင်ငံ မဟာသတိပဋ္ဌာနသုတ္တန် တရားကျင့်နည်း (၃) ရက် အထူး သင်တန်းကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသဖြင့် ဝိပဿနာကျင့်နည်းများကို နားလည်သဘောပေါက်အောင် လေ့လာလိုသူများကို ဖိတ်ခေါ်အပ်ပါသည်။

Please register now and share this message to your friends!!!
အာက်ဖေါ်ပြပါ web link တွင် ဝင်ရောက် စာရင်းပေနိုင်ပါသည်

ယနေ့ ၂၅-၂-၂၀၁၆ အထိ စာရင်ပေးထားသော သင်တန်းသား၊သူ စုစုပေါင်း ၂၂၄ ဦး ရှိပါပြီ.


သင်တန်း နေ့ရက်၊ (စုစုပေါင်း ၃ ရက်)
----------------------------------------
၂၀၁၆ ဧပြီလ ၃၀ ရက် (စနေနေ့) နံနက် (၈း၃၀) နာရီမှ ညနေ (၆) နာရီ ထိ
၂၀၁၆ မေလ ၁ ရက် (တနင်္ဂနွေနေ့) နံနက် (၈း၃၀) နာရီမှ ညနေ (၆) နာရီ ထိ
၂၀၁၆ မေလ ၂ ရက် (တနလာင်္နေ့) (May Day Holiday) နံနက် (၈း၃၀) နာရီမှ ညနေ (၆) နာရီ ထိ

သင်တန်းအချိန်
------------------
နံနက် ၈း၃၀မှ ညနေ ၆ နာရီ


သင်တန်းနေရာ
----------------
Yeo's building
2 Telok Blangah Street 31, Singapore 108942
- သင်တန်းသားများထိုင်နိုင်ရန် ထိုင်ခုံများ စီစဉ်ပေးပါမည်။
- စာသင်ခန်းအတွင်း ထိုင်ခုံ ၄၀၀ ခန့် ဝင်ဆန့် မည်ဟု ခန့်မှန်း ပါသည်။
- နေ့လည်စာနှင့် Coffee Break အတွက် အစား အစာများ စီစဉ်ထားပါသည်။

*************************************
ဆရာတော် ဓမ္မဒူတ ဒေါက်တာ အရှင်ပညိဿရာ ဘိဝံသ ၏ထေရုပတ္တိအကျဉ်း
*************************************
၁၉၆၄ ခုနှစ်၊ ဇန်န၀ါရီလ ၂၃ရက်၊ ကြာသပတေးနေ့တွင် မွန်ပြည်နယ်၊ သထုံမြို့၊ ညောင်ဝိုင်းရပ်နေ၊ ဦးကျော်လှိုင်-ဒေါ်မြင့်ကြည်တို့မှ မွေးချင်း ငါးယောက်အနက် သားဦး ဖွားမြင်သည်။
သထုံမြို့၌ အခြေခံပညာ အထက်တန်း ဖြေဆိုပြီးနောက် ၁၉၈၁ ခုနှဏ်တွင် ကျေးဇူးတော်ရှင် တောင်စွန်း ဓမ္မဒူတတောရ ကျောင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတ (အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ)ကို ဥပဇ္ဈာယ်ပြုကာ ဆရာတော်၏ ပစ္စယာ နုဂ္ဂဟဖြင့် သာသနာ့ဘောင်သို့ စတင် ဝင်ရောက်သည်။
ရှင်သာမဏေဘဝမှ စတင်ကာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ဓမ္မဒူတတောရတွင် ပဋိပတ္တိနှင့် တွဲဖက်ပြီး ပရိယတ္တိစာပေများကို ပထမကြီးတန်းတွင် အောင်မြင်သည်အထိ သင်ယူခဲ့သည်။ အထက်တန်း ပိဋကတ်စာပေများကို
တောင်စွန်း ဓမ္မဒူတတောရ၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း၊ မစိုးရိမ်တိုက်သစ်၊ ပခုက္ကူမြို့ မဟာဝိသုတာရာမ ကျောင်းတိုက်၊ စစ်ကိုင်း တောင်ရိုး သဒ္ဓမ္မသီတဂူချောင်တို့တွင် လည်းကောင်း၊ Sri Lanka သီရီလင်္ကာနိုင်ငံနှင့် India အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်တို့တွင် လည်းကောင်း ပညာသင်ယူခဲ့ ပါသည်။
၁၉၈၈ - မန္တလေးတက္ကသိုလ် (B.A) ဘွဲ့၊
၁၉၈၉ - သာသနဇောတိပါလ ဓမ္မာစရိယဘွဲ့၊
၁၉၉၀ - သာသနဓဇ ဓမ္မာစရိယဘွဲ့၊
၁၉၉၇ - သီရိလင်္ကာနိုင်ငံမှ (M.A) ဘွဲ့၊
၁၉၉၉ - သာသနဟိတ ဂဏဝါစက အာစရိယဘွဲ့၊
၂၀၀၅ - ခုနှစ်တွင် အိန္ဒိယနိုင်ငံမှ (Ph.D) ဘွဲ့
၂၀၀၆ - ခုနှစ်တွင် နိုင်ငံတော်မှ ဆက်ကပ်သော မဟာဂန္တဝါစက ပဏ္ဍိတဘွဲ့တောတို့ကို ရရှိခဲ့သည်။

ဓမ္မဒူတ ဆရာတော်ဘုရားကြီး အရှင်ပညာဇောတ ပျံလွန်တော်မူသည့် ၁၉၉၇ ခုနှစ်မစ၍ တောင်စွန်း ဓမ္မဒူတတောရ ကျောင်းတိုက်၌ သီတင်းသုံးကာ ဂဏဝါစက နာယက ကမ္မဋ္ဌာနာစရိယ အဖြစ် တာဝန်ယူ ဆောင်ရွက်ရင်း စာပေပို့ချခြင်း စာပေး ရေးသားခြင်း၊ တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဓမ္မဒူတ တရားစခန်းများ၊ တရားပွဲများသို့ ကြွရောက် ဟောပြော ပြသခြင်းခြင့် သာသနာ့တာဝန်များ ထမ်းဆောင်ပါသည်။

2005 ခုနှစ်မှ စတင်၍ ပဲခူးမြို့၊ ဆယ်မိုင်ကုန်းတွင် ဓမ္မဒူတတောရ သာသနာ့ရိပ်သာကို တည်ထောင်ဖွင့်လှစ်ကာ ပဓာနနာယက ဆရာတော်အဖြစ် စာရေး၊ စာချ၊ တရားဟော၊ တရားပြကာ သာသနာ့တာဝန်များကို မနားမနေ ထမ်းဆောင်လျက် ရှိပါသည်။

ယ္ခုအခါတွင် ပဲခူးမြို့၊ ဆယ်မိုင်ကုန်း၊ ဟံသာဝတီဂေါက်ကွင်းအနီး၌ ဓမ္မဒူတတောရ သာသနာ့ရိပ်သာကို တည်ထောင်ကာ ပြည်တွင်း ပြည်ပ ယောဂီများ ချမ်းသာစွာ တရားဓမ္မ အားထုတ် ကျင့်သုံးနိုင်ရေးအတွက် သာသနိကအဆောက်အအုံများ တည်ဆောက်ကာ လစဉ် တရားစခန်းပြသလျှက် ရှိပါသည်။


maha-satipatthana-sutta.jpg
Reply all
Reply to author
Forward
0 new messages