လျပ်စစ်မီး

0 views
Skip to first unread message

David Aye Myat

unread,
Apr 4, 2012, 2:41:48 AM4/4/12
to mgedu
ပြီးခဲ့သည့်နွေက မီးအပြည့်ရသည်တဲ့။ သူတို့တက်ခါစမို့ထင်တယ်။ လုပ်ပြကြည့်တာ။ ဒီနှစ်တော့ သူတို့ကို မကြိုက်မှန်းသိသွားပြီ။ ဒီတော့ စိတ်ပြန်ဆင်းရဲအောင် ပြန်လုပ်တာပဲဖြစ်မယ်။

အချိန်ပိုင်းလျှပ်စစ်မီးကြောင့် ရန်ကုန်လူထု စိတ်ပျက်

ရန်ကုန်၊ ဧပြီ - ၂

ရွေးကောက်ပွဲကျင်းပအပြီး စတင်သည့် အလှည့်ကျ မီးပေးစနစ်ကြောင့် ရန်ကုန်မြို့လူထုမှာစိတ်ပိုင်းဆိုင်ရာမပျော်ရွှင်မှုများနှင့်စတင်ကြုံတွေ့နေရပြီး လုပ်ငန်းများတွင်လည်း ကုန်ကျစရိတ် တိုးလာနိုင်ကြောင်း မြို့ခံတို့က ပြောဆိုကြသည်။

“မီးပြတ်တာကတော့ ရွေး ကောက်ပွဲနဲ့ မဆိုင်ဘူးထင်တယ်။ အုပ်ချုပ်မှုယန္တရား ညံ့တယ်လို့ပဲ ထင်တယ်။ ရာသီဥတုပူပြင်းတဲ့ ဒဏ်ကို ခံနေရတဲ့အချိန်မှာ အိမ်ပြန်လာတော့ မီးကမလာတော့ စိတ်ညစ်စရာတွေဖြစ်ပြီး မပျော်နိုင်ဘူး။ အလုပ်မှာလည်း ကုန်ကျစရိတ်တွေ တက်လာတာပေါ့”ဟုပုဂလိကဆေးရုံတွင် တာဝန်ထမ်းဆောင်နေ 

သော ဒေါက်တာကျော် စွာဦးက ပြောသည်။ထို့အတူ ပဲခွဲစက်လုပ်ငန်းတွင် ဒါရိုက်တာတာဝန် ထမ်းဆောင်နေသူ ဦးသိန်းဝင်းကလည်း “မီးမလာတဲ့အတွက် အလုပ်လုပ်လို့မရဘူး။ မီးစက်သုံးရတဲ့အတွက် ဆီဖိုးပိုကုန်မယ်။ ကုန်ဈေးနှုန်းကတော့ လျှပ်စစ်တစ်ခုတည်းနဲ့ မဆိုင်ပါဘူး”ဟု မှတ်ချက်ပြုသည်။

ရန်ကုန်မြို့တွင် မီးပေးဝေမှုအား ဧပြီလ ၂ ရက်မှစ၍ A, B, C အုပ်စု သုံးခုခွဲကာ နံနက် ၅ နာရီမှ၁၁ နာရီ ထိတစ်ကြိမ်၊ နေ့ လယ် ၁၁ နာရီမှ ညနေ ၅ နာရီထိ တစ်ကြိမ်၊ 
ညနေ ၅ နာရီမှ ည ၁၁နာရီထိ တစ်ကြိမ်၊ည ၁၁ နာရီမှ နံနက် ၅ နာရီထိတစ်ကြိမ်ဖြင့် အလှည့်ကျ မီးပေးသွားမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ “နိုင်ငံခြားသားတွေ အခုလို အများကြီး ရောက်နေတဲ့အချိန် မှာ မီးပြတ်တာ သိက္ခာကျစရာပဲ။ ဆည်တွေလည်း အသစ်ဆောက်ထားရဲ့သားနဲ့ 
မီးပြတ်တာ မကောင်းဘူး”ဟု ဒို့မိုးယံမော်တော်ယာဉ်အရောင်းစင်တာ ဖွင့်လှစ်လုပ်ကိုင်သူ ဦးကျော်ထင်ကျော်က ဆိုသည်။ ယခုကဲ့သို့ အုပ်စုခွဲ၍ မီးပေးရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏ မြင့်တက်လာပြီး ထုတ်လုပ်မှုအပိုင်းတွင် တိုး၍မထုတ်လုပ်နိုင်ခြင်း ကြောင့် ဓာတ်အားလိုအပ်ချက်မြင့်မားနေသဖြင့် အလှည့်ကျစနစ် အားဆောင်ရွက်ရခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးအဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးမောင်မောင်လတ်ကပြောသည်။

သို့သော် အရေးကြီးနေရာ ဟု သတ်မှတ်ထားသော H အုပ်စု နေရာများဖြစ်သည့် လုံခြုံရေးဆိုင် ရာနေရာများ၊ ဆေးရုံများ၊ ဘဏ် များ၊ ဆက်သွယ်ရေး၊ လေဆိပ်၊ သံရုံးနှင့် စီအင်န်ဂျီဓာတ်ငွေ့ပေး ဝေရာ နေရာများတွင်မူ မီးအပြည့် ပေးသွားမည်ဟု အဆိုပါတာဝန် ရှိသူကပြောသည်။ ယခုနှစ် အလှည့်ကျ မီးပေး သောစနစ် 
စတင်သောအချိန် သည် နိုင်ငံတော်တွင် မြန်မာကျပ် ငွေနှင့် အမေရိကန်ဒေါ်လာလဲလှယ်နှုန်းပြင်ဆင်မည့်အချိန်နှင့် တိုက်ဆိုင်နေသဖြင့် ထိုကဲ့သို့ငွေလဲနှုန်းပြောင်းလဲမှုကြောင့် အခွန်ကောက်ခံမှုတိုးလာနိုင်ရာ ဒီဇယ်ဆီဈေးနှုန်းမှာလည်းလက်ကျန်ကုန်ပြီးနောက် ဈေးတက်လာနိုင်
ကြောင်း သုံးသပ်ကြသည်။ ပြီးခဲ့သည့်နွေက 
လျှပ်စစ်မီး အပြည့်ရရှိခဲ့ခြင်းကြောင့် အများပြည်သူ စိတ်ချမ်းသာခဲ့ရပြီး၊ နောက်နှစ်များတွင်လည်း လျှပ်စစ်မီးအပြည့်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

ko myo

unread,
Apr 4, 2012, 4:58:35 AM4/4/12
to mg...@googlegroups.com
အတည်မပြုရသေးသော သတင်းတခုအရ ကြားရပါတယ်။ မီးမပျက်တော့ပါဘူးတဲ့။ ဒါပေမယ့် အတည်မပြုနိုင်တဲ့အတွက် စောင့်ကြည့်ရပါဦးမယ်။ ဒီနေ့ ညနေ ၅နာရီ ပျက်တဲ့အလှည့်ဆိုတော့ ပျက်လားမပျက်လား စောင့်ကြည့်ရမယ်။


2012/4/4 David Aye Myat <daye...@gmail.com>

--
You received this message because you are subscribed to the Google
Groups "MgEdu" group.
To post to this group, send email to Mg...@googlegroups.com
To unsubscribe from this group, send email to
MgEdu+un...@googlegroups.com
For more options, visit this group at
http://groups.google.com/group/MgEdu?hl=my

Ya Dahaytha

unread,
Apr 4, 2012, 5:05:43 AM4/4/12
to mg...@googlegroups.com
ကြည့်ကြမယ်လေ။ ပျက်မပျက်ဆိုတာ စောင့်ကြည့်ရတာပေါ့။ အကယ်၍ မီးပျက်တယ်ဆိုတာက ဓါတ်အားအလုံအလောက်မရှိလို့လား ဒါမှမဟုတ် တမင်သက်သက်ပြည်သူလူထုအနေနဲ့ ဒုက္ခတွေထဲရောက်နေပြီး တခြားအဆင့်မြင့်တဲ့ အကြောင်းအရာတွေကို မစဉ်းစားနိုင်အောင်လုပ်တာလား။ စဉ်းစားရအောင်နော်။
--

Ya Dahaytha |Network Admin| Myanmar Gay Education Social-Networking Site
y...@myanmargay.org | www.mymgedu.com

ko myo

unread,
Apr 4, 2012, 6:39:49 AM4/4/12
to mg...@googlegroups.com
၅နာရီ ၁၀မိနစ်ရှိသွားပြီ ခုထိတော့ မပျက်သေးပါလား

2012/4/4 Ya Dahaytha <y...@myanmargay.org>

Kyaw Lay

unread,
Apr 4, 2012, 8:17:38 AM4/4/12
to mg...@googlegroups.com
ပျက်မှာ ပျက်မှာ...ခုတောင် ဆူးလေမှာ တစ်နေ့ကုန်ပျက်နေတာ 5
နာရီထိုးမှပြန်လာတာ..မြို့ထဲမီးစက်သံ တညံညံပဲ...

On 4/4/12, ko myo <komy...@gmail.com> wrote:
> ၅နာရီ ၁၀မိနစ်ရှိသွားပြီ ခုထိတော့ မပျက်သေးပါလား
>
> 2012/4/4 Ya Dahaytha <y...@myanmargay.org>
>
>> ကြည့်ကြမယ်လေ။ ပျက်မပျက်ဆိုတာ စောင့်ကြည့်ရတာပေါ့။ အကယ်၍ မီးပျက်တယ်ဆိုတာက
>> ဓါတ်အားအလုံအလောက်မရှိလို့လား ဒါမှမဟုတ် တမင်သက်သက်ပြည်သူလူထုအနေနဲ့
>> ဒုက္ခတွေထဲရောက်နေပြီး တခြားအဆင့်မြင့်တဲ့ အကြောင်းအရာတွေကို
>> မစဉ်းစားနိုင်အောင်လုပ်တာလား။ စဉ်းစားရအောင်နော်။
>>
>> On 4 April 2012 15:58, ko myo <komy...@gmail.com> wrote:
>>
>>> အတည်မပြုရသေးသော သတင်းတခုအရ ကြားရပါတယ်။ မီးမပျက်တော့ပါဘူးတဲ့။ ဒါပေမယ့်
>>> အတည်မပြုနိုင်တဲ့အတွက် စောင့်ကြည့်ရပါဦးမယ်။ ဒီနေ့ ညနေ ၅နာရီ
>>> ပျက်တဲ့အလှည့်ဆိုတော့ ပျက်လားမပျက်လား စောင့်ကြည့်ရမယ်။
>>>
>>>
>>> 2012/4/4 David Aye Myat <daye...@gmail.com>
>>>
>>>> ပြီးခဲ့သည့်နွေက မီးအပြည့်ရသည်တဲ့။ သူတို့တက်ခါစမို့ထင်တယ်။ လုပ်ပြကြည့်တာ။
>>>> ဒီနှစ်တော့ သူတို့ကို မကြိုက်မှန်းသိသွားပြီ။ ဒီတော့
>>>> စိတ်ပြန်ဆင်းရဲအောင် ပြန်လုပ်တာပဲဖြစ်မယ်။
>>>>

>>>> 7Day News Journal <https://www.facebook.com/7daynews>

>> *Ya Dahaytha* |Network Admin| *Myanmar Gay Education Social-Networking
>> Site*
>> *y...@myanmargay.org* | *www.mymgedu.com*


>>
>> --
>> You received this message because you are subscribed to the Google
>> Groups "MgEdu" group.
>> To post to this group, send email to Mg...@googlegroups.com
>> To unsubscribe from this group, send email to
>> MgEdu+un...@googlegroups.com
>> For more options, visit this group at
>> http://groups.google.com/group/MgEdu?hl=my
>>
>
> --
> You received this message because you are subscribed to the Google
> Groups "MgEdu" group.
> To post to this group, send email to Mg...@googlegroups.com
> To unsubscribe from this group, send email to
> MgEdu+un...@googlegroups.com
> For more options, visit this group at
> http://groups.google.com/group/MgEdu?hl=my
>


--
Wherever you go....... Whatever you do....... I will be right here,
waiting for you..............

Reply all
Reply to author
Forward
0 new messages