မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ

4 views
Skip to first unread message

ko myo

unread,
Apr 3, 2012, 5:45:47 AM4/3/12
to mgedu


မြစ်ဧရာဝတီကို နောက်ကြောင်းပြန်လှည့်ခွင့် လုံးဝမပြုတော့ပါ

၃၁-၃-၂၀၁၂ (စနေ)အားလုံးမင်္ဂလာဘာ။ ပထမဦးစွာဘုရားသခင်ကို ကျေးဇူတင်ပါတယ်။ ကျနော်တို့ရဲ့ သမ္မတကြီး ဦးသိန်းစိန် ကနေပြီးတော့မှ လွန်ခဲ့တဲ့ ၃၀-၉-၂၀၁၁ ရက်နေ့မှာ မြစ်ဆုံရေကာတာ စီမံကိန်းကို တရားဝင် ရပ်ဆိုင်းလိုက်ပြီ ဆိုတာ အားလုံးနိုင်ငံသိ၊ ကမ္ဘာသိပဲ။ ကျနော်တို့အားလုံး အရမ်းဝမ်းသာခဲ့တယ်။ ဒါပေမယ့် ဒီနေ့ဟာ တရုတ်အစိုးရနဲ့ CPI ကုမ္ပဏီမှနေ၍ ဒီစီမံကိန်းကို ပြန်လည်စတင်ကြောင်း လွန်ခဲ့တဲ့ ၆-၃-၂၀၁၂ ရက်နေ့မှာ ထုတ်ဖေါ်ပြောကြားခဲ့တယ်။ ဒီနေ့ကြွရောက်လာတဲ့ ဘုန်းတော်ကြီးများ၊ အင်မတန်မှ လေးစားရပါသော အမျိုးသားလွတ်တော် ကိုယ်စားလှယ် အမတ်မင်း ဦးဂျေယောဝူနှင့်တကွ မိဘပြည်သူများ ခင်ဗျား၊ - မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍ ကျနော့်အမြင်၊ ကျနော့်ခံစားချက်ကို အနည်းငယ် ရင်ဖွင့်ချင်ပါတယ်။ ဒီမြစ်ဆုံရေကာတာ စီမံကိန်းကို ကျနော်တို့ရဲ့ နိုင်ငံတော် ခေါင်းဆောင်ကြီးမှနေ၍ တရားဝင်ရပ်ဆိုင်းလိုက်ပြီဖြစ်တယ်။ ဒါပေမယ့် တရုတ်အစိုးရနဲ့ CPI ကုမ္ပဏီတို့က ပြန်လုပ်ဖို့ အမျိုးမျိုးပြောဆို အကြပ်ကိုင် ဖိအားပေးလာတယ်။ အခုဟိုဘက်ကမ်းမှာဆိုရင် တရုတ်တွေအမြောက်အများ ရောက်ရှိလာတယ်။ ထိန်ချူံးဘက်မှနေပြီး နောက်ထပ် အမြောက်အများ ရောက်လာဖို့လည်း အစီအစဉ်တွေရှိတယ်။ အနည်းဆုံး တရုတ် ၅၀၀ လောက်ရောက်လာမယ်။ ကားတွေ၊ ယာဉ်တွေ၊ ယန္တရားတွေလည်း အများကြီး ထပ်ရောက်လာဖို့ အစီအစဉ်ရှိကြတယ်။ ဒီလိုနိုင်ငံတော် အကြီးအကဲမှ တရားဝင် ပိတ်ထားလိုက်တဲ့ဟာကို ပြန်လုပ်ဖို့ပြောတာဟာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးစော်ကားတဲ့ လုပ်ရပ်ဖြစ်တယ်။ တိုင်းသူပြည်သား၊ ရဟန်းရှင်လူအပေါင်း ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်ရမယ့် ကိစ္စဖြစ်တယ်။ ဘာဖြစ်လဲဆိုတော့ နဂိုကတည်းက တိုင်းသူပြည်သား၊ ရဟန်းရှင်လူအပေါင်း ၀ိုင်းဝန်းဆန့်ကျင် ကန့်ကွက်တဲ့အတွက် သမ္မတကြီးမှ ပိတ်ထားလိုက်ပြီးသားဖြစ်တယ်။ ကျနော်တို့နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဖြစ်တဲ့အလျောက် တိုင်းသူပြည်သားအပေါင်းရဲ့ အသံကိုနားထောင်ပြီး ရပ်လိုက်တယ်။ ဒါဟာပြည်သူတစ်ဦး အနေနဲ့ ဒီမိုကရေစီခံယူချက်၊ အမျိုးသားခံယူချက်ဖြစ်တယ်။ ဒီလိုပြောဆိုနိုင်တာလဲ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ (က) မှာ အတိအလင်း ဖော်ပြထားပြီးဖြစ်တယ်။ ကျနော်တို့ရဲ့ ခံယူချက်၊ သဘောထားအမြင်တွေကို လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်ရှိတယ်။ အခုကျနော်ဒီလို ပြောဆိုတဲ့အတွက် တရုတ်အစိုးရက ကျနော့်ကို ဖမ်းလို့မရဘူး။ ဘာဖြစ်လဲဆိုတော့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၌က ကာကွယ်ထားပြီးဖြစ်တယ်။ ဒီနေ့ရောက်ရှိလာတဲ့ ပုဂ္ဂိုလ်တွေထဲကလဲ ရဲရဲဝံ့ဝံ့ ပြောဆိုကန့်ကွက်ဖို့ ကျနော် ဖိတ်ခေါ်ပါတယ်။ တရုတ်နိုင်ငံကိုကြည့်ပါ။ တရုတ်နိုငံဟာ သဲကန္တာရ တိုင်းပြည်မဟုတ်ဘူး။ ကျနော်တို့တိုင်းပြည်ထက် အဆပေါင်းများစွာ ကြီးမားတဲ့ တိုင်းပြည်ဖြစ်တယ်။ မြစ်တွေ၊ ချောင်းတွေ၊ အင်းတွေ၊ အိုင်တွေ မရေတွက်နိုင်အောင် ရှိတယ်။ ရေကာတာလုပ်ချင်ရင် မင်းတို့တရုတ်နိုင်ငံမှာ လုပ်ကြပါလား။ ဘာဖြစ်လို့ကျနော်တို့ တိုင်းပြည်မှာ လာလုပ်တာတုန်း။ လိုအပ်လို့ရှိရင် ကျနော်တို့လုပ်မှာပေါ့။ မလိုအပ်လို့ သမ္မတကြီးကပိတ်လိုက်ပြီ။ ပြည်သူလူထုလဲဆန့်ကျင်ကန့်ကွက်တယ်။ လာမလုပ်နဲ့။ လုပ်တာတောင်မှ ၁၀% ပဲပေးမယ်။ ၉၀% သူတို့ယူလိုက်မယ်တဲ့။ မီဂါဝပ် ၄၁၀၀ ထွက်မယ်။ ငါတို့နိုင်ငံက ၄၁၀ ပဲရမယ်။ မင်းတို့တရုတ်နိုင်ငံမှာ မီဂါဝပ် ၄၀၀၀ မကဘဲ ၁၀၀၀၀ လုပ်ချင်လဲလုပ်ပါ။ ငါတို့တိုင်းပြည်မှာ လာမလုပ်နဲ့။ မင်းတို့တိုင်းပြည်မှာ ကြိုက်သလိုလုပ်။

 

ရေကာတာလုပ်ရာမှာ ငလျင်ဒဏ်ခံနိုင်အောင် လုပ်မယ်လို့ သူတို့ကြွေးကြော်တယ်။ သဘာဝ ပတ်ဝန်းကျင်ကိုလဲ မထိခိုက်အောင် လုပ်မယ်လို့ သူတို့ပြောတယ်။ ဒီစကားဟာ ဒီမှာလာမပြောနဲ့။ တရုတ်ပြည်မှာသွားပြော၊ ဒီမှာလက်မခံဘူး။ သူတို့ပြောတဲ့ ငလျင်ဒဏ် ခံနိုင်တယ်ဆိုတာ ရိတ်တာစကေး ဘယ်လောက်ခံနိုင်တာတုန်း။ ဂျပန်နိုင်ငံကိုကြည့်ပါ။ တရုတ်ထက် နည်းပညာအင်မတန် ရှေ့တန်းရောက်နေတဲ့ နိုင်ငံပဲ။ သူတို့ရဲ့ ညူကလီးယား ဓါတ်ပေါင်းဖိုကို ငလျင်ဒဏ်ခံနိုင်အောင် လုပ်ထားတာပဲ။ ဒါပေမယ့် ရိတ်တာစကေး (၈.၉) လောက်ပဲရှိတဲ့ ငလျင်လှုပ်လို့ အားလုံးပျက်စီးသွားခဲ့တယ်။ အကုန်လုံး ဒုက္ခရောက်ရတယ်။ ငလျင်ဆိုတာ ရိတ်တာစကေး (၇) ပဲလာလိမ့်မယ်၊ (၈) ပဲလာလိမ့်မယ်၊ (၉) ပဲလာလိမ့်မယ် ဆိုတာ ဘယ်သူမှမသိနိုင်ဘူး။ ဘုရားပဲသိမယ်။ ဒီရေလှောင်ကန်ပေါက်ကွဲတဲ့နေ့ဟာ ကျနော်တို့အားလုံး ဟို….မြစ်ဝကျွန်းပေါ်အထိ ဘ၀နိဂုံးချုပ်မယ့်နေ့ ဖြစ်ပါလိမ့်မယ်။ငလျင်ဒဏ်ကို ခံနိုင်အောင် ဆောက်ထားပေမယ့် မမျှော်လင့်ဘဲ ပေါက်ကွဲပြီးတော့ လူတွေ ထောင်းသောင်းသိန်းချီပြီး သေကြေကုန်တဲ့ သာဒကတွေ ကမ္ဘာ့ နိုင်ငံကြီးများမှာ မြောက်များစွာ ရှိခဲ့တယ်။ ၁၉၆၃ခုနှစ်တုန်းက အီတလီနိုင်ငံမှာ ငလျင်ဒဏ်ခံနိုင်အောင် လုပ်ထားတဲ့ ရေကာတာကြီး ကျိုးပေါက်သွားလို့ လူတွေ များစွာသေကြေခဲ့ရတယ်။ နောက်၁၉၉၂ခုနှစ်တုန်းက နည်းပညာ အင်မတန်တိုးတက်တဲ့ ကနေဒါနိုင်ငံမှာလည်းရေကာတာ ကျိုးပေါက်ပြီး လူတွေအမြောက်အများ သေကြေခဲ့ရတယ်။ ၁၉၉၅ ခုနှစ်မှာတော့ ပါကစ္စတန်နိုင်ငံမှာလည်း အင်မတန်ခိုင်ခံ့အောင် ဆောက်လုပ်ထားတဲ့ ရေကာတာ ပေါက်ကွဲခဲ့တယ်။ ၁၉၉၉ခုနှစ်မှာတော့ နိုင်ဂျီးရီးယားနိုင်ငံမှာ ရေကာတာပေါက်ကွဲလို့ ပြည်သူတွေ အများအပြား သေကြေခဲ့ရတယ်။ ၂၀၀၄ခုနှစ် ဇွန်လမှာတော့ ဘရာဇီးလ်နိုင်ငံမှာ အခိုင်အမာ ဆောက်ထားပေမယ့် ပေါက်သွားတဲ့အခါ လူတွေများစွာ သေကြေခဲ့ရတယ်။ ၂၀၀၄ခုနှစ်မေလတုန်းက တရုတ်နိုင်ငံမှာ ရေကာတာ ပေါက်ကွဲလို့ လူတွေများစွာ စတေးကုန်ကြတယ်။ နောက်ပါကစ္စတန်က နောင်တမရဘဲပြန်လုပ်တယ်။ ၂၀၀၅ဖေဖေါ်ဝါရီလမှာ ပေါက်ထွက်သွားတယ်။ အများကြီးသေကြေခဲ့ရတယ်။ ၂၀၀၇ဧပြီလမှာဆိုရင် အိန္ဒိယမှာ ရေကာတာပေါက်ကွဲလို့ လူအများအပြား သေကြေခဲ့ရတယ်။ ဒီလိုနဲ့ ခိုင်ခံ့အောင် လုပ်ထားပါတယ်ဆိုတဲ့ ရေကာတာတွေ ကျိုးပေါက်ပြီး လူတွေမြောက်များစွာ သေကြေခဲ့ရတာပဲ။ယနေ့ကနော်ပြောချင်တာက နည်းပညာပိုင်းမှာ ဘယ်လောက်ပဲ အာမခံနေပါစေ၊ သဘာဝကိုတော့ မလွန်ဆန်နိုင်ဘူး။ ငလျင် ရိတ်တာစကေး ဘယ်လောက်လာလိမ့်မယ် ဆိုတာလဲ ဘယ်သူမှ ကြိုတင် မသိနိုင်ဘူး။ သူတို့က ကျနော်တို့ဒေသခံ ပြည်သူတွေကို အမျိုးမျိုးမက်လုံးပေးတယ်။ ခိုင်ခံ့အောင် ဆောက်လုပ်မယ်။ သေသွားရင်လဲ လျော်ကြေးပေးမယ်။ တကယ်တော့ အလောင်းတောင် ရှာတွေ့တော့မှာ မဟုတ်ဘူး။ အားလုံးတစ်ခါထဲ ပင်လယ်ထဲကိုပါသွားမယ်။ မြစ်ဆုံကနေ မြစ်ဝကျွန်းပေါ်အထိ မိုင်ပေါင်း ၁၃၄၈မိုင် ရှိတယ်။ မြို့တွေ၊ ရွာတွေ၊ အိုးတွေ၊ အိမ်တွေ၊ ခြံတွေ၊ လယ်ယာတွေ မရေတွက်နိုင်အောင်ရှိတယ်။ လူတွေ သန်းပေါင်းများစွာရှိတယ်။ အကုန်လုံးပျောက်ကွယ်သွားမယ်။ ဒီတော့လျော်ကြေးပေးဖို့ ဘယ်မှာသွား စုံစမ်းမှာလဲ။ ဘယ်သူ့ကိုသွားပေးတော့မှာလဲ။ လုံးဝလက်ခံနိုင်စရာ အကြောင်းမရှိတဲ့ မက်လုံးမျိုးနဲ့ ကျနော်တို့ကို မျူဆွယ်နေတယ်။ ကျနော်တို့က လုပ်ပေးပါဦးဆိုပြီး တောင်းဆိုခဲ့တာမဟုတ်။ သူတို့ကပဲ လုပ်ကြရအောင်၊ လုပ်ကြရအောင်ဆိုပြီး ကျနော်တို့ အစိုးရကို မရမကပူဆာလို့၊ မက်လုံးအမျိုးမျိုးနဲ့ မျူဆွယ်လို့ ဖြစ်လာရတဲ့ ကိစ္စဖြစ်တယ်။ကျနော်တို့နိုင်ငံမှာလဲပဲ တရုတ်ပညာရှင်တွေထက် အတွေ့အကြုံရင့်ကျက်တဲ့ ပညာရှင်တွေရှိတယ်။ လိုအပ်ရင် ကျနော်တို့ တည်ဆောက်မှာပေါ့။ မလိုလို့မဆောက်တာပဲ။ ကျနော်တို့ တည်ဆောက်ရင် ၁၀% မဟုတ်ဘူး၊ ၉၀% လဲမဟုတ်ဘူး၊ ၁၀၀% အပြည့် ကျနော်တို့အသုံးပြုနိုင်မှာဖြစ်တယ်။ သူတို့လာဆောက်ရင် ၁၀%ပေးမယ်။ နောက်နှစ်ပေါင်း ၅၀ ကြာရင် အားလုံးပေးမယ် ဆိုတဲ့စကားတွေ လုံးဝလက်မခံနိုင်ဘူး။ ဒီမြစ်ဆုံရေကာတာ တစ်ခုထဲမဟုတ်ဘူး၊ အင်မိုင်ခ ဖက်မှာ အခြားရေကာတာ စီမံကိန်း (၆) ခုရှိသေးတယ်။ ရီဒမ်မှာ မီဂါဝပ် ၁၂၀၀ ထွက်မယ်။ ခေါင်လန်ဖူးမှာ မီဂါဝပ် ၁၇၀၀ ထွက်မယ်။ နောက် ၀န်စုတ်မှာ မီဂါဝပ် ၂၀၀၀ ထွက်မယ်။ ၀န်စုတ်ရဲ့အောက်နား ဖီဇော်မှာ မီဂါဝပ် ၁၈၀၀ ထွက်မယ်။ ချီဖွေအထက်မှာ မီဂါဝပ် ၂၈၀၀ ထွက်မယ်။ ချီဖွေနားမှာ မီဂါဝပ် ၉၉ ထွက်မယ်။ နောက်ပြီး မလိခဖက်မှာလဲ ခရန်ခဖြစ်ဆုံရဲ့ အောက်နား လာဇာမှာ မီဂါဝပ် ၁၉၀၀ ထွက်မယ်။ မြစ်ဆုံရဲ့အထက်ပိုင်းမှာ ရေကာတာပေါင်း (၇)ခုရှိတယ်။ ဒီလိုနဲ့ဒီမြစ်ဆုံရေကာတာ ကြောင့် ရေလွှမ်းမိုးသွားမယ့် ဧရိယာမှာ စတုရန်းမိုင် ၁၈၀၀ရှိမယ်။ ဒီမြစ်ဆုံရေကာတာ အပါအ၀င် ရေကာတာ (၈)ခု ဆောက်လုပ် ပြီးစီးသွားတဲ့အခါ ကျနော်တို့ ကချင်ပြည်နယ် သေးသေးလေးဟာ ထာဝရ ရေအောက်ကမ္ဘာသို့ ရောက်သွား တော့မယ်။ ရှိရှိသမျှ သက်ရှိသတ္တ၀ါတွေ၊ အဖိုးမဖြတ်နိုင်တဲ့ ဆေးမြစ်တွေ၊ သစ်တွေဝါးတွေ၊ တာယံဇာတတွေ ထာဝရရေအောက်ကို ရောက်သွားမယ်။ ဘယ်လိုမှ ထုတ်ယူလို့မရတော့ဘူး။ ဒါတွေကို ကြည့်လိုက်တဲ့အခါ ဆုံးရှုံးမှု တန်ဖိုးဟာ မနည်းဘူး။ ရေကာတာကြီး ပေါက်သွားရင်လည်း ဒီကစပြီး မြစ်ဝကျွန်းပေါ်အထိ သေကြေပျက်စီးကုန်ကြမှာဖြစ်တယ်။ဒါ့ကြောင့် ဒီအန္တရာယ်ကိုမဖြစ်ခင် ကြိုတင်ကာကွယ်ဖို့ဖြစ်တယ်။ ဒီမြစ်ဆုံရေကာတာ တစ်ခုအတွက်သာ မဟုတ်ဘဲ၊ မေခဘက်က (၆)ခု၊ မလိခဘက်က တစ်ခု၊ စုစုပေါင်း (၈) ခုအတွက် ကန့်ကွက်ဖို့လိုတယ်။ တားဆီးဖို့လိုတယ်။ အသံထွက်ဖို့လိုတယ်။ ပြည်သူတွေရဲ့အသံထွက်မှ၊ ၎င်းအသံကို နိုင်ငံခေါင်းဆောင်တွေ ကြားသိမှ၊ သူတို့ချင့်ချိန် သုံးသပ်ဆုံးဖြတ်နိုင်မှ၊ ဒီမိုကရေစီသက်ရောက်မှ ဤစီမံကိန်းတွေကို တားဆီးပေးနိုင်မှာဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေဟာ ကိုယ့်ယူဆချက်၊ ထင်မြင်ချက်၊ လိုလားချက်တွေကို ရဲရဲဝံ့ဝံ့ တင်ပြရအောင်၊ တောင်းဆိုရအောင် ဆိုပြီး အားလုံးကို ဖိတ်ခေါ်ပါတယ်။တရုတ်တွေကိုလဲပဲ ယခုလိုလူတွေရဲ့ အသက်အိုးအိမ် မြောက်များစွာကိုခြိမ်းခြောက်စေတဲ့ အန္တရာယ်ပြုတဲ့ လုပ်ရပ်မျိုးကို ရှောင်ရှားပြီး၊ အခြားအန္တရာယ်ကင်းတဲ့ နေစွမ်းအင်၊ လေစွမ်းအင်စတဲ့ သဘာဝစွမ်းအင်တွေကို အသုံးပြုရန်၊ ထုတ်လုပ်ရန်၊ အကြံပြုပေးသင့်ကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။ မြစ်ဆုံရေကာတာကို ကန့်ကွက်သူတစ်ဦး။

 


TANGHPRE MAZUP KYU HPYI HPAWNG February (24) bat Manga, Jinghpaw Mungdaw Mali Hka hte N Mai Hka mazup, Tanghpre Mare kaw galaw ai kyu hpyi hpawng hpe dai hpaw daw hkying (11:00am) ram kaw hpang ai lam na chye lu ai. N dai Kyu hpyi hpawng de Jinghpaw mung na myitsu salang ni, 88 Jawng ma dingsa hpung ni sa du shang lawm lai wa sai lam hpe mung na chye lu ai.


facebook မှ Jinghpaw Kasa ၏ note ကိုပြန်လည်မျှဝေပါတယ်။



Ya Dahaytha

unread,
Apr 4, 2012, 1:01:46 AM4/4/12
to mg...@googlegroups.com
ဘာပြောရမှန်းတောင် မသိတော့ဘူး။



--
You received this message because you are subscribed to the Google
Groups "MgEdu" group.
To post to this group, send email to Mg...@googlegroups.com
To unsubscribe from this group, send email to
MgEdu+un...@googlegroups.com
For more options, visit this group at
http://groups.google.com/group/MgEdu?hl=my



--

Ya Dahaytha |Network Admin| Myanmar Gay Education Social-Networking Site
y...@myanmargay.org | www.mymgedu.com

ko myo

unread,
Apr 4, 2012, 1:33:58 AM4/4/12
to mg...@googlegroups.com
'ဒီနေ့ facebookမှာ နောက်ထပ်တွေ့တဲ့ စာပါ။
နိုင်ငံတော်သမ္မတက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းကြောင်း ဆုံးဖြတ် ထားသော်လည်း CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီဝန်ထမ်းများ မြစ်ဆုံစီမံကိန်း ဧရိယာအတွင်း လှုပ်ရှားမှုများရှိနေကြောင်း အထောက်အထားများအရ သိရပါသည်။
===========================================

ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံသို့ တရုတ် CPI ကုမ္ပဏီမှ မြစ်ဆုံစီမံကိန်း ပြန်လည် စတင်ရန်အတွက် လူနှင့်ပစ္စည်းများ ပြန်လည်ဝင်ရောက် တင်ပို့ခွင့် ပြုရန် အကြောင်းကြားစာ..

Credit : ဒီမိုဝေယံ


2012/4/4 Ya Dahaytha <y...@myanmargay.org>
မြစ်ဆုံ Dam.jpg

Ya Dahaytha

unread,
Apr 4, 2012, 1:58:36 AM4/4/12
to mg...@googlegroups.com
ဟယ် ဒီလိုဆိုတော့ သမ္မတ ကဘာပြောပြော ပြည်နယ်ဝန်ကြီးချုပ်က ဂရုမစိုက်တဲ့သဘောလား။ 
အဲ့ဒီမှာဆည်ဆောက်ပေမယ့်ရေကြီး ရင် အောက်ပြည်အောက်ရွာတွေ တစ်နိုင်ငံလုံး အကုန် ခက်ကုန်မှာလေ။ 
ဒါကဖြစ်သင့်လား။ ဆွေးနွေးကြပါဦး။ တရုတ်ကလည်း ဂရိုမစိုက်ဘူးဟေ့ဆိုပြီး။ ခါတိုင်း သူများနိုင်ငံအတွင်းရေးလို့ အော်နေတာ အပေါက်ပိတ်ပြီး အခုတော့ အချုပ်အခြာအာဏာတောင် စွက်ဖက်နေပါပေါ့လား။

ko myo

unread,
Apr 4, 2012, 2:11:12 AM4/4/12
to mg...@googlegroups.com
ဒီလို ဒီလိုပါတဲ့......
မြစ်ဆုံစီမံကိန်းပြန်စနေပြီ အကြောင်းကြားစာနှင့်ပတ်သတ်၍ဖြေရှင်းချက် ကို အောက်ပါလင့်တွင်အပြည့်အစုံဖတ်နိုင်ပါတယ် ။

https://www.facebook.com/note.php?note_id=379562055399084

ဒီသတင်းနဲ့ပတ်သတ်ပြီးစိတ်အေးနိုင်ကြပါစေ ။

ဧရာဝတီကိုချစ်ခင်သူ

သက်တန့်ချို


2012/4/4 Ya Dahaytha <y...@myanmargay.org>
Reply all
Reply to author
Forward
0 new messages