Groups
Groups
Sign in
Groups
Groups
MgEdu
Conversations
About
Send feedback
Help
Fwd: [HIM: Bur - 776] လိင်တူကြိုက်သူများသိသင့်သည့်ကျန်းမာရေးဆိုင်ရာလိုက်နာဖွယ်ရာများ
10 views
Skip to first unread message
David Aye Myat
unread,
Apr 26, 2012, 8:42:24 AM
4/26/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to mgedu, admin
---------- Forwarded message ----------
From:
Him Bur
<
himbu...@gmail.com
>
Date: 26 April 2012 18:41
Subject: [HIM: Bur - 776] လိင်တူကြိုက်သူများသိသင့်သည့်ကျန်းမာရေးဆိုင်ရာလိုက်နာဖွယ်ရာများ
To:
လိင်တူကြိုက်သူ၊ လိင်တူရောလိင်ကွဲပါကြိုက်သူနှင့်လိင်ပြောင်းလဲထားသူများမှာမည်ကဲ့သို့သောဘ၀မှ လာသည်ဖြစ်စေ၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာကိုကိုးကွယ်သူဖြစ်စေ၊ မည်သည့်စီးပွားရေးနှင့် အသက်မွေးဝမ်းကျောင်းပြု၍ မည်သည့်အရပ်တွင်နေထိုင်သည်ဖြစ်စေ ၄င်းတို့မှာ လူအများထဲမှ လူများပင်ဖြစ်၍ အများသူငါနည်းတူကျန်းမာရေးစောင့်ရှောက်မှုနှင့်ကျန်းမာရေးအသိပညာတန်းတူရထိုက်သည်။
ယခုနောက်ပိုင်းသုတေသနပြု လေ့လာဆန်းစစ်မှုများအရ ၄င်းတို့မှာ သာမန်လူများထက်ပင် အချို့သောရောဂါများရရှိရန် အခွင့်အလမ်းပိုများနေသည်ကိုတွေ့ရှိရသည်။ ဥပမာ- အမျိုးသမီးလိင်တူကြိုက်တူများတွင် ရင်သားကင်ဆာအဖြစ်များ၍ အမျိုးသားလိင်တူကြိုက်တူများတွင် ဆက်ဆံရာမှတဆင့် ကူးဆက်သောရောဂါများအဖြစ်များသည်။ သို့ဖြစ်ပါ၍ ၄င်းတို့၏ကျန်းမာရေးအတွက် လိုက်နာအပ်သည်များကို ဖော်ပြလိုက်ရပါသည်။
၁။ ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ။
လိင်တူကြိုက်ခြင်း၊ လိင်တူရောလိင်ကွဲကြိုက်ခြင်းနှင့်လိင်ပြောင်းလဲထားခြင်းသည်ရှက်စရာမဟုတ်ပါ။ ငြိုငြင်ခံဖွယ်ရာမဟုတ်ပါ။ အားငယ်စရာမဟုတ်ပါ မိမိကျန်းမာရေးသည်အဓိကဖြစ်၍ ပုံမှန်စစ်ဆေးမှု ဖျားနာလျှင် ဆေးကုသမှုခံယူပါ။
၂။ မရှက်ပါနှင့် မကြောက်ပါနှင့်။
ဆရာဝန်နှင့်ပြောဆိုဆက်ဆံရာတွင် မိမိ၏ဖြစ်ကြောင်းကုန်စင်နှင့်ခံစားနေရသောရောဂါဖြစ်စဉ်ကို မကွယ်မ၀ှက်ပြောရဲပါစေ။
၃။ ဟော်မုန်းဆေးများ။
ကျားဟော်မုန်း၊ မဟော်မုန်းပါဘေးထွက်ဆိုးကျိုး ကိုယ်စီကိုယ်ငှရှိကြသည်။ မဟော်မုန်းသည် သွေးခဲပျစ်စေ၍သွေးတိုးစေသည်။သွေးတွင်းသကြားဓာတ်ကိုမြင့်မားစေရုံမက လူကိုပါဖော်သွပ်၍၀စေသည်။ကျားဟော်မုန်းများမှာ အသည်းကိုပျက်စီးစေတတ်သည်။ ထို့ကြောင့်ဟော်မုန်းဆေးများကိုမိမိသဘောနှင့်မသုံးစွဲပါနှင့် နားလည်သောဆရာဝန်နှင့်ပြသတိုင်ပင်ပါ။
၎။ နှလုံးသားကျန်းမာရေး။
ဟော်မုန်းများကြောင့်သော်လည်းကောင်း၊ဆေးလိပ် အရက်တို့ကြောင့်သော်လည်းကောင်း အ၀လွန်ခြင်း၊သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ နှလုံးရောဂါတို့ဖြစ်တတ်သည်။ ထို့ကြောင့် အနည်းဆုံး ပုံမှန်သွေးပေါင်ချိန်ခြင်းကိုပြုလုပ်ပေးပါ။
၅။ကင်ဆာရောဂါ။
အဖြစ်နည်းသော်လည်းဟော်မုန်းများကြောင့် ကင်ဆာဖြစ်နိုင်သောကြောင့် မိမိခန္ဓာကိုယ်ကိုပုံမှန်ဂရုပြုစစ်ဆေးပါ။သံသယဖြစ်ဖွယ်အလုံးအကျိတ်အဖုများပေါ်လာပါက နားလည် တတ်ကျွမ်းသော ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။အချိန်မီကုသမှုခံယူပါ။
၆။ ပုံမှန်စစ်ဆေးပါ။
လိင်ဆက်ဆံရာမှတဆင့် ကူးဆက်တတ်သောရောဂါများကိုကာကွယ်ရန်အတွက်မည်ကဲ့သို့ သဘာဝမဟုတ်သည့်လိင်ဆက်ဆံမှုကိုပြုစေကာမူအကာအကွယ်ယူခြင်းသည် သာစိတ်အချရဆုံးဖြစ်သည်။ HIV နှင့် ကာလသားရောဂါ STD ပါပုံမှန်(သုံးလတစ်ကြိမ်)စစ်ဆေးပါ။ အသည်းရောင်အသားဝါဘီကာကွယ်ဆေးထိုးထားပါ။
၇။ ဆေးလိပ်၊အရက်ရှောင်ပါ။
ဟော်မုန်းဆေးသုံးစွဲနေသူများ၊ ဆေးလိပ်အရက်ပါသုံးစွဲလျှင်နှလုံးရောဂါ၊လေဖြတ်ခြင်းနှင့် အသည်းရောဂါဖြစ်ရန် အခွင့်အလမ်းပိုများတတ်သည်။ မသုံးစွဲလျှင်ကောင်းသည်။ သုံးစွဲနေလျှင် လျော့ချရန်ကြိုးစားပါ။
၈။ စိတ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း။
ပတ်ဝန်းကျင်၏ပုတ်ခတ်မှုကြောင့်အဖြစ်များသောပြဿနာဖြစ်သည် မည်သူတို့ကမည်သို့ပင်ဆိုစေ မိမိဘ၀ကိုမိမိသာလျှောက်လှမ်းရသည်ဖြစ်၍စိတ်ကိုပျော်ရွှင်ကျန်းမာပါစေ။စိတ်ပျို၍ ကိုယ်နုသည်ဖြစ်၍ အချိန်မှန်အိပ်၊ အချိန်မှန်စား၊ လေ့ကျင့်ခန်းမှန်မှန်လုပ်၊ အားလပ်ချိန်နား၍ သဘာဝအလှအပများကို တစ်ဝခံစားပေးပါ။ မိတ်ဆွေများနှင့် မကြာခဏတွေ့ဆုံပါ။ အိမ်မွေးတိရစ္ဆာန်လေးများမွေးမြူကြင်နာပါ။ အားလပ်ချိန်၌ ၀ါသနာပါရာ (ဥပမာ-ပန်းစိုက်ခြင်း) ပြုလုပ်၍စိတ်အပန်းဖြေပါ။
၉။ အစားအစာနှင့် လေ့ကျင့်ခန်း။
အများသူငါနည်းတူအဟာရပြည့်ဝသောအစားအစာ၊ နို့နှင့် နို့ထွက်ပစ္စည်းနှင့် လတ်ဆတ်သောသစ်သီးဝလံများစားသုံးပါ။ တစ်နေ့လျှင်မိနစ်သုံးဆယ်ခန့်နှင့် တစ်ပတ် ၅ ရက်ခန့် ကိုယ်လက်လှုပ်ရှားမှုပြုပေးပါ။
Health Care Journal Vol-3 No.14 Page 9 တွင်ရေးသားထားသော စန္ဒီ(ဆေး-၂) ၏ဆောင်းပါးမှကူးယူဖော်ပြပါသည်။
LGBT
-
လိင်တူကြိုက်သူများသိသင့်သည့်ကျန်းမာရေးဆိုင်ရာလိုက်နာဖွယ်ရာများ
--
ဟင်း[မ်] မြန်မာပိုင်းသို့ အိတ်ခ်ျအိုင်ဗီ ကျန်းမာရေး ပညာပေးနှင့် သက်ဆိုင်လျှင် ဆက်သွယ်နိုင်ပါသည်။ ကျနော်/ ကျမတို့ထံမှ အိတ်ခ်ျအိုင်ဗီနှင့် ပတ်သက်သော သတင်း အချက်၊ အလက်များ ရယူလိုပါက himburmese[at]gmail [dot] comကို ဆက်သွယ်နိုင်ပြီး၊ မိမိတို့ရဲ့ အီးမေးလ်လိပ်စာများအား အခြားသူများထံ မပေါက်ကြား စေရန် တာဝန်ယူပါသည်။ အိတ်ခ်ျအိုင်ဗီဖြင့် ပတ်သက်သော မိမိတို့ကိုယ်တိုင်ရေး အတွေ့အကြုံများ၊ အခြားအတွေ့အကြုံများ၊ သတင်း အချက်အလက်များကိုလည်း အထက်ပါ လိပ်စာသို့ ပေးပို့နိုင်ပါသည်။
Reply all
Reply to author
Forward
0 new messages