ဦးကျော်လှအောင်နှင့် ပတ်သက်၍ နယ်စည်းမထား ဆရာဝန်များ အဖွဲ့ရှင်းလင်း

2 views
Skip to first unread message

Pao Wyne

unread,
Jun 28, 2012, 3:05:17 AM6/28/12
to MgEdu
 ရန်ကုန်၊ ဇွန်-၁၈ နယ်စည်းမထားဆရာဝန်များအဖွဲ့ (MEDECINS SANS FRONTIERES
-HOLLAND (AZG)) မှ ၀န်ထမ်းတစ်ဦးဖြစ်သူ ဦးကျော်လှအောင်သည်
ရခိုင်ပြည်နယ်အတွင်း၌ အကြမ်းဖက်အဖွဲ့များနှင့် ဆက်သွယ်မှုရှိသည်ဟူသော
သတင်းများနှင့်ပတ်သက်၍ AZG မှ ရှင်းလင်းပွဲတစ်ရပ် ဇွန် ၁၇ ရက်
ယနေ့တွင်ပြုလုပ်ခဲ့သည်။ သက်ဆိုင်ရာမှ AZG ရှိ ရုံးခန်းများနှင့်
ဂိုဒေါင်များအားကောင်းမွန်စွာဝင်ရောက်ရှာဖွေခြင်း ပြုလုပ်ခဲ့ပြီးဖြစ်ပြီး
မသင်္ကာဖွယ်ရာ တစ်စုံတစ်ရာတွေ့ရှိခဲ့ခြင်းမရှိခဲ့ကြောင်း AZG မှ
ဒုတိယဌာနေကိုယ်စားလှယ် Ms. Vickie Hawkins က ရှင်းလင်းပွဲတွင်ပြောသည်။ AZG မှ
ဝန်ထမ်းများသည် မိမိတို့ စီမံကိန်းများ လုပ်ကိုင်လျက်ရှိရာ နိုင်ငံများ၏
ဥပဒေများအား လိုက်နာဆောင်ရွက်ရပြီး AZG မှလည်း လိုက်နာရမည့်
စည်းကမ်းချက်များအား လက်မှတ်ရေးထိုး ထားစေကြောင်းသိရသည်။ အကယ်၍
ဖောက်ဖျက်ခဲ့ပါက စည်းမျဉ်းအတိုင်း အရေးယူမည်သာ ဖြစ်ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် ဦးကျော်လှအောင်ကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ
ခေါ်ယူစစ်ဆေးသည်မှာမှန်သော်လည်း အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုရှိသည်
မရှိသည်ကို အတည်ပြုပြောကြားခြင်းမရှိသေးကြောင်း သတင်းရရှိသည်။
ဦးကျော်လှအောင်သည် AZG ၏ စီမံရေးရာဌာနတွင် အလုပ်လုပ်လျက်ရှိသော
ဝန်ထမ်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံတွင်နေထိုင်သည့်
မွတ်စလင်လူမျိုးတစ်ဦးဖြစ်ကာ AZG တွင် တာဝန်ထမ်းဆောင်ခဲ့သည်မှာ ၁၀ နှစ်ခန့်
ရှိပြီဖြစ်ကြောင်း AZG မှ အတည်ပြုပြောကြားသည်။ by 7Day News Journal
http://feeds.feedburner.com/thithtoolwin/yIWV


--
ဖြစ်ပျက်သမျှ သင်္ခါရ ဒုက္ခ သစ္စာမှတ်၊ ဖြစ်ပျက်မှုတွင် ငါကောင်ထင် ထင်မြင်
သမုဒယမှတ်၊ ရုပ်နာမ်အားလုံး ဖြစ်ပျက်သုဉ်း ချုပ်ဆုံးနိဗာန်မှတ်၊
ချုပ်ဆုံးမှုတွင် ဥာဏ်သက်ဝင် သိမြင် မဂ်ဟု မှတ်
www.facebook.com/paowyne

Reply all
Reply to author
Forward
0 new messages