Groups
Groups

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)"စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ တရားဒေသနာတော်" (၈) - နိဂုံး

37 views
Skip to first unread message

Mandalay University Family 2006

unread,
Aug 25, 2015, 10:59:38 PM8/25/15
to Mandalay University Family 2006

"စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ
တရားဒေသနာတော်"

(၈) - နိဂုံး

အဲဒီ ကုရုဓမ္မဇာတ် ကို မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က အတိတ်က ဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်လှန်ပြီးတော့ဟောတာ။ အဲဒီ ဟောထားတဲ့အတိုင်း နောက်ဆုံးကျတော့ မြတ်စွာဘုရားက
အေး- လောကကြီးမှာ ဘယ်အရာမှ မတည်မြဲဘူး၊ အားလုံးဟာ ကျေနပ်စရာ မကောင်းလို့ ဒုက္ခသစ္စာချည့်ပဲတဲ့၊ ဟုတ်ကဲ့လား?

အဲဒီ ဒုက္ခဆိုတဲ့ သဘာဝတရား ဘာကြောင့်ရနေတာတုန်းဆိုရင် ရချင်တဲ့ တွယ်တာတဲ့ ခင်မင်တဲ့ လိုချင်လောဘ တဏှာကြောင့် ရနေတာ ဒါက ဒုက္ခသမုဒယတဲ့၊ ဟုတ်ကဲ့လား?

အဲဒီနှစ်ခု ရှိနေသေးလို့ရှိရင် သံသရာထဲမှာ ဒီလို ဒုက္ခတွေအဆိုးနဲ့ကြုံလိုက်၊ အကောင်းနဲ့ကြုံလိုက်၊ အဆိုးနဲ့ကြုံလိုက် အကောင်းနဲ့ကြုံလိုက် သံသရာထဲမှာ ဒီဒုက္ခနဲ့ သမုဒယ တဝဲလည်လည် ဒီလိုရှိနေကြဦးမှာတဲ့။

အဲဒီဒုက္ခတွေအားလုံး ငြိမ်းသွားတာက ဒုက္ခနိရောဓ လို့ခေါ်တဲ့ နိဗ္ဗာန်ပဲဖြစ်တယ်။ နိဗ္ဗာန်ရောက်သွားပြီဆိုရင် မိုးခေါင်တာလည်း မရှိတော့ဘူး၊ မိုးကောင်းတာလည်း မရှိတော့ဘူး၊ ဟုတ်ကဲ့လား?

ရောဂါဖြစ်တာလည်း မရှိတော့ဘူးတဲ့။ အဲဒါဟာ ဒုက္ခနိရောဓ ဒုက္ခတွေအားလုံး ငြိမ်းသွားမှ၊

အဲဒီဒုက္ခတွေအားလုံး ငြိမ်းသွားဖို့ကတော့ ဘာတုန်းဆိုရင် နံပါတ်(၁) အမြင်မှန်ဖို့လိုတယ်၊ အမြင်မှန်တာကို သမ္မာဒိဋ္ဌိလို့ ခေါ်တယ်။

အမြင်မှန်ဖို့အတွက် ဘာလုပ်ဖို့လိုလဲဆိုရင် မှန်မှန်ကန်ကန် တွေးတတ်ဖို့လိုတယ်။

ကဲ- အမြင်မှန်ပြီ၊ အမှန်တွေးတတ်ပြီ ဆိုလို့ရှိရင် ကိုယ်ကျင့်တရားကောင်းဖို့ လိုတယ်တဲ့။ မှန်ကန်တဲ့စကားပြောတယ်ဆိုတာ ဝစီဒုစရိုက်လေးပါးကို ရှောင်ရမယ်လို့ပြောတာ၊ ဝစီဒုစရိုက်ဆိုတာ လိမ်ပြောတာကို ဝစီဒုစရိုက်၊ တစ်ယောက်နဲ့ တစ်ယောက် မတည့်အောင် ကုန်းတိုက်တာ ဝစီဒုစရိုက်၊ အရပ်ထဲမှာ ဆဲတာဆိုတာ ဝစီဒုစရိုက်၊ ဟုတ်ကဲ့လား? တရားလက်လွတ်စကားတွေ လျှောက်ပြောတာ ဝစီဒုစရိုက် တဲ့။

အဲဒီ ဝစီဒုစရိုက်တွေ ကင်းပြီဆိုရင် သမ္မာဝါစာ ဖြစ်တယ်၊ မှန်ကန်သောစကားကိုပြောတာ။

မှန်ကန်သော အလုပ်ကိုလုပ်တယ်ဆိုတာ သူများအသက်သတ်ရင်၊ သူများဥစ္စာခိုးရင်၊ သူတစ်ပါး သားမယား ပြစ်မှားတယ်ဆိုရင် မှားယွင်းတဲ့လုပ်ရပ်။

အဲဒီမှားယွင်းတဲ့ လုပ်ရပ်တွေကို ရှောင်လိုက်ပြီဆိုရင် သမ္မာကမ္မန္တ မှန်ကန်တဲ့လုပ်ရပ် ဖြစ်တယ်။

အဲဒီ မှန်ကန်တဲ့စကားကို ပြောပြီးတော့ မှန်ကန်တဲ့လုပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုမယ်ဆိုရင် မှန်ကန်တဲ့ အသက်မွေးဝမ်းကျောင်းမှု ဖြစ်တယ်။

သူများအသက် သတ်ပြီးတော့ အသက်မမွေးနဲ့၊ သူများဥစ္စာခိုးပြီးတော့ အသက်မမွေးနဲ့၊ သူတစ်ပါး သားမယား စော်ကားပြီး အသက်မမွေးနဲ့၊ လိမ်ပြောပြီးတော့ အသက်မမွေးနဲ့၊ ကုန်းတိုက်ပြီးတော့ အသက်မမွေးနဲ့၊ ဆဲရေးပြီးတော့ အသက်မမွေးနဲ့၊ မဟုတ် မတရားလျှောက်ပြောပြီးတော့ အသက်မမွေးနဲ့လို့ ဆိုလိုတယ်၊ ဟုတ်ကဲ့လား?
အဲဒါဆို သမ္မာအာဇီဝ ဖြစ်တယ်။

ဟော ကိုယ်ကျင့်သီလ ပြည့်စုံပြီ ဘာလုပ်ရမတုန်းဆို သမ္မာဝါယာမ- မှန်ကန်တဲ့ ကြိုးစားမှုရှိဖို့လိုတယ်တဲ့
မှန်ကန်တဲ့ ကြိုးစားမှုဆိုတာဘာတုန်း။
ကိုယ့်သန္တာန်မှာ အကုသိုလ်မဖြစ်သေးရင် မဖြစ်ရအောင်၊
ဖြစ်လာတဲ့ အကုသိုလ်တွေကို ဖယ်ရှားနိုင်အောင်၊
ကုသိုလ် မဖြစ်သေးဘူးဆိုရင် ဖြစ်အောင်၊
ဖြစ်လာတဲ့ကုသိုလ် ကိုယ့်သန္တာန်မှာ တိုးပွားအောင် လေးဖက်လေးတန်က ကြိုးစားတာကို သမ္မာဝါယာမလို့ ခေါ်တယ် ဟုတ်ကဲ့လား?

အကုသိုလ်မဝင်အောင် ဆို့ပိတ်ရမယ်၊ ဥပမာမယ် ဒေါသမထွက်သေးဘူးဆို မထွက်အောင်တား၊ ထွက်ပြီဆိုလို့ရှိရင်လည်း မြန်မြန်ဖယ်ရှားပစ်ရမယ်၊ ဒီလိုဆိုလိုတယ်။

မေတ္တာမပွားရသေးဘူးဆိုရင် မေတ္တာပွားဖို့ကြိုးစားရမယ်၊
မေတ္တာပွားမိပြီဆိုရင် ပိုပြီးတော့ ပွားမိအောင်ကြိုးစားရမယ်၊
ဒါကို သမ္မာဝါယာမ- မှန်ကန်တဲ့ အားထုတ်မှုလို့ပြောတာနော်။

အဲ မှန်ကန်တဲ့ အားထုတ်မှုလုပ်ပြီ ဆိုလို့ရှိရင် သမ္မာသတိ- မှန်ကန်တဲ့ သတိထားမှု လိုအပ်တယ်။ မှန်ကန်တဲ့ သတိထားမှုဆိုတာ ကိုယ့်ရဲ့ထွက်လေဝင်လေလေးကို အာရုံစိုက်နေတာ ဟုတ်ကဲ့လား?
ကိုယ့်ရဲ့ခံစားချက်လေးကို အာရုံစိုက်နေတာ၊
ကိုယ့်ရဲ့အသိစိတ်လေးကို အာရုံစိုက်နေတာ၊
ကိုယ့်ရဲ့ကြံတွေးတာကို အာရုံစိုက်တယ်။
စာလိုပြောရင် ကာယ ဝေဒနာ စိတ္တ ဓမ္မ လို့ဆိုတဲ့ သတိပဋ္ဌာန်တရားလေးပါး ပွားတာလို့ ပြောတယ်နော်။

နောက် သမ္မာသမာဓိ ဆိုတာကျတော့ သမာဓိရအောင် သမထကျင့်စဉ်တစ်ခုကို ကျင့်ပြီးတော့ သမာဓိထူထောင်ပြီးတော့ပေးတာ သမ္မာသမာဓိတဲ့။

အားလုံးပေါင်းလိုက် တဲ့အခါကျတော့ မဂ္ဂင်ရှစ်ပါး အကျင့်တရား။ အဲဒီမဂ္ဂင်ရှစ်ပါး အကျင့်တရားသည် ဒုက္ခနိရောဓ လို့ဆိုတဲ့ ဒုက္ခချုပ်ရာကို ရောက်စေတတ်တဲ့ အကျင့်ပဲတဲ့၊ အဲဒါကို ကျင့်ပါလို့ ဒီလိုပြောတာနော်။

မြတ်စွာဘုရားက ဟောဒီဇာတ်လမ်းကို ဟောပြီးတဲ့အခါကျတော့ သစ္စာလေးပါးမှာလာတဲ့ မဂ္ဂင်ရှစ်ပါး အကျင့်တရားကိုကျင့်မှ ဒုက္ခနိရောဓ ဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုရမှာ။
ဒုက္ခနိရောဓ ဆိုတဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ မိုးခေါင်ခြင်း၊ ရေရှားခြင်း၊ ရောဂါဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ ရောဂါများခြင်း ဆိုတဲ့ အပြစ်အနာအဆာတွေက လုံးဝလွတ်မှာ ဖြစ်ပါတယ်တဲ့။

ဒါကြောင့် ဟောဒီဇာတ်လမ်းအတိုင်း "စံထားရမည့် ကိုယ်ကျင့်တရားရှိသူများ" ကို စံပြုပြီးတော့ မိမိတို့ဘဝမှာ ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားခြင်းဖြင့် နောက်ဆုံးမှာ နိဗ္ဗာန်ချမ်းသာထိ ကိုယ်စီကိုယ်ငှ မျက်မှောက်ပြုနိုင်ကြပါစေ ကုန်သတည်း။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph. D)

စာအုပ်အမှတ်စဉ်(၁ဝ၃)

-----------------------------------------------------------------

(မင်္ဂလာပါရှင်၊ post တိုင်းကို လွတ်လပ်စွာ share နိုင်ပါတယ်ရှင်၊ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ၍ လိုရာဆန္ဒ ပြည့်ကြပါစေရှင်)

Hla Hla Win's photo.
  • Khin Phyu Win မင်္ဂလာညချမ်းလေးပါ
    သာဓု သာဓု သာဓု ။
    Like · Reply · 1 · 11 hrs
  • Myint Myint Aye ပေးတဲ့ဆုနှင်ပြည့်ပါစေရှင်
    Like · Reply · 1 · 11 hrs
  • Ko Lay Nyo Monywa မဂ္ဂင်ရှစ်ပါး အကျင့်တရားသည် ဒုက္ခ
    နိရောဓရောက်စေနိုင်သည့်အကျင့်ပဲ
    ဖြစ်ကြောင်း ကျင့်ကြံအားထုတ်နိုင်စေဖို့
    ...See More
    Like · Reply · 2 · 11 hrs
  • ရသ အစုံ အခုလိုပင်ခံပြီး
    တရားတော်ကိုပြီး
    ဆုံးအောင်ရေးတင်ပေးတာ

    ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
    Like · Reply · 2 · 10 hrs
  • Zayyar Anatesa Dotekha Anatta Thar Du ~~~ Thar Du ~~~ Thar Du ~~~~~See Translation
    Like · Reply · 1 · 10 hrs
  • Kay Thwe သာဓု သာဓု သာဓုပါဘုရား

    လေးမြတ်ကြည်ညိုစရာကောင်းပါတယ်ရှင်
    Like · Reply · 2 · 10 hrs
  • U Pyin Nyar စတုသစ္စ၀ိနိမုတ္တော ဓမ္မော နာမ နတ္ထိ..သစ္စာလေးပါးမှ လွတ်သော တရားဆိုတာ မရှိပါဘူးတဲ့..ဒုက္ခံ တေဘူမကံ ၀ဋ္ဋံ..ကာမ,ရူပ,အရူပလို့ဆိုတဲ့ ဘုံသုံးပါးမှာဖြစ်တဲ့ လောကီစိတ် ၈၁.ပါး၊စေတသိက် ၅၂ ပါး၊ရုပ် ၂၈ပါးလို့ဆိုတဲ့ဝဋ်တရားဟာ ဒုက္ခသစ္စာပါတဲ့၊ တဏှာ သမုဒယော ဘဝေ..ဒုက္ခသစ္စာဖြစ်ကြော...See More
    Like · Reply · 4 · 9 hrs
  • Hla Hla Win သာဓု သာဓု သာဓု ပါဘုရား
    ပေးတဲ့ဆုနဲ့ ပြည့်ပါစေဘုရား
    Like · 1 · 1 hr
  • Daw Than Than ဆရာတော်ဘုရားတရားတော်များအားစိတ်ရှည်စွာကူးယူမျှဝေပေးခြင်းကိုအထူးကျေးဇူးတင်၍ကျန်းမာချမ်းသာပါစေရှင်။
    Like · Reply · 1 · 1 hr
  • Hla Myint
    Write a comment...

Reply all
Reply to author
Forward
0 new messages
Search
Clear search
Close search
Google apps
Main menu