Fwd: message

6 views
Skip to first unread message

Yunn San Eain

unread,
Aug 25, 2011, 1:26:21 PM8/25/11
to

                                             စိတ် များကို ပြုပြင်ကြပါစို့

ယခုတစ်လော ဧည့်လမ်းညွန်များ အသင်းတွက် ငြင်းခုန်ကြခြင်းများ ပြီးဆုံးသွားလောက်ပြီးဟု ထင်မိပါသည်။
မှန်ကန်တဲ့ ရွေးကောက်ပွဲများ နှင့် အများဆန္ဒနှင့်အညီ ဘာသာစကားတိုင်းမှ ဧည့်လမ်းညွန် ကိုယ်စားလှယ်များ လည်း ရွေးချယ်ပြီးသွားကြပြီးဟု မျှော်လင့်မိပါသည်။
ဟိုတစ်နေ့က ကိုချစ်ကိုမေးလ် မှ ဖတ်လိုက်ရသည့် ရွှေရန်ပြေ ဘုန်းကြီးကျောင်းတွင် ဟိုတယ် ကြော်ငြာကပ်ခြင်း နှင့် စစ်ကိုင်းတောင် ကားအဆင်းလမ်းတွင် သက်ကြီးရွယ်အို များ တောင်းရမ်းစား နေကြခြင်း
မှာ အလွန်ပင် အန္တရာယ် ရှိနေသည်မှာလည်း အရမ်းမှန်ကန်ပါသည်။ နိုင်ငံ နှင့် လူမျိုး အတွက်လည်း သိက္ခာကြလှပါသည်။
တာဝန်ရှိသော သူများမှ တာဝန်သိစွာဖြင့် ဖြေရှင်းပေးနိုင်မယ်ဆိုရင်၊အလွန်ပင်ဝမ်းသာစရာဘဲ ဖြစ်ပါလိမ့်မည်။
နိုင်ငံတိုင်းမှာလည်း တောင်းစားသူများရှိကြပါသည်။သို့သော် ယခုလို့ ရုပ်ပျက်လွန်စွာသည် မိမိနိုင်ငံကိုပို၍ အထင်သေးခြင်းကိုခံနေရပါသည်။

ကောင်းသောအသိစိတ်များနှင့် ဝိုင်းဝန်းပြုပြင်ကြမယ် ဆိုရင်၊လူသားမှန်လျှင် လူပီသ ရန်လိုအပ်ပါသည်။
လူ ပီသ ရန်အတွက် တာဝန်သိ ရပါမည်။ တာဝန်သိ ပြီးလျှင်လည်း တာဝန်ယူရဲ ရမည်ဖြစ်သည်။
သို့မှသာ လူပီသ မည်ဖြစ်ပေသည်။
ထို့ကြောင့် ဗုဒ္ဓ၏တရား တော်များနှင့်အညီလည်း ဖြစ်ပေးမည်။

ဟိုတစ်နေ့က ဆရာတော် အရှင်သုမင်္ဂလ( ဒယ်အိုး) တရားတော် ကိုနာကြားပြီးတဲ့နောက် ၊ဤ ဗုဒ္ဓ ဘာသာဝင်များ ၏အကြောင်း၊ မြန်မာလူမျိုးများ၏ ဗုဒ္ဓဘာသာဝင်များ အကြောင်း၊
သာ့သနာ ကြီးပျက်လုနီးပါး ဖြစ်နေတဲ့အကြောင်း ရင်းများသည် လူသားများ စောင့်သိရမည့် တရားများကို မစောင့်ထိန်းနိုင်ကြလာခြင်းများကြောင့် ပိုမို၍ဆိုးရွာလာကြောင်းကို ဟောကြားသွားပါသည်။
အချို့သောသူများလည်း နားကြားဖူးပြီးသူများလည်း ရှိသလို့၊ ဗုဒ္ဓ ဘာသာ ကိုလေ့လာထားပြီးသားသူများလည်း ရှိကြမှာပါ။

သို့ပါ၍ ဗုဒ္ဓ ဘာသာ အကြောင်းလေးကို အားလုံးသိစေချင်တဲ့ စေတနာဖြင့် အနည်းငယ် သိထားလေ့လာထား သမျှလေးကိုဝေမျှ၍                              လုပ်ပေးခြင်းဖြစ်ပါသည်။
ကျွန်ပ်တို့၏ ဗုဒ္ဓ သည်ဖန်ဆင်းရှင် လည်းမဟုတ်၊ကယ်တင်ရှင်လည်း မဟုတ်ပါ။
အထ္ထဟိ အထ္ထနဟိကော မိမိကိုယ်သာ မိမိကိုးကွယ်ရာ။မိမိ လုပ်မှမိမိ ရမည် ဟုဟောကြား ခဲ့ပါသည်။
ကိုယ်လျှောက်တဲ့လမ်းကို ကိုယ်ရောက်မှာဖြစ်ပါတယ် ဟုပြောကြားခဲ့ပါသည်။

ဘာကြောင့် ဗုဒ္ဓ လမ်းစဉ်ကို ကြိုက်ရတာလဲ
ကိုယ်လုပ်မှ ကိုယ်ရမှာမို့လို့။

ဗုဒ္ဓ ဘာသာ = ဘုရား ၏ အဆုံး အမ
ဗုဒ္ဓ = ဘုရား
ဘာသာ = အဆုံး အမ

ကျွန်ပ် တို့သည် ဗုဒ္ဓ ဘာသာဝင်များသာ ဖြစ်ကြသောလည်း ၊ဗုဒ္ဓ ဘာသာ တရားကို သေချာစွာနားလည်ကြဖို့ လိုအပ်ပါသည်။
မိရိုးဖလာ ဗုဒ္ဓ ဘာသာ ဝင်များမဖြစ်ကြဖို့ အရေးကြီးပါသည်။

ဘုရား ၏ ဆိုဆုံး မ မှုများနှင့် လေ့ကျင့်မှု၊နားထောင်မှု များဝေးကွာလာကြခြင်းကြောင့်၊လူသားများ တရားပျက်လာမှု များပြားလာခြင်း၊ စိတ် ဓာတ်ရေးရာများ ပိုမိုပျက်ပြားလာခြင်း များကို
တွေ့ရှိနေရပါသည်။

ဗုဒ္ဓ ဘုရားကို ဘာကြောင့် ရှစ်ခိုးရပါသနည်း။
ကျေးဇူးရှိလို့ ။

ဘာကြောင့် ကျေးဇူးရှိရတာလဲ။
ကျွန်ပ်တို့အား လမ်းပြပေးသော သူ မို့လို့၊ကျေးဇူး ရှိပါသည်။

ဘာကိုလမ်းပြ ပေးတာပါလဲ။
အကောင်း အဆိုး၊ အကြောင်း အကျိုး၊ အမှား အမှန် တွေကို ပိုင်းခြားသိမြင် နိုင်တဲ့ ဉာဏ်ရရှိဖို့ လမ်းပြပေးလို့။

မိဘ များကိုလည်း ဘာကြောင့် ရှစ်ခိုးရပါသနည်း။
မွေး ကျွေး ကျေးဇူး များရှိလို့။

၎င်းအပြင် သီလ၊ သမာဓိ၊ ပညာ ဆိုတဲ့ လမ်းစဉ် နဲ့ လျှောက်လှမ်းနိုင်ပြီး၊ သံသရာ ဝဋ်ဆင်းရဲမှ လွတ်မြောက်ဖို့ လမ်းဆုံးကို ရောက်ဖို့
ညွန်ပြပေးသော လမ်းးပြသူဖြစ်ပါသည်။

လူသား အားလုံးဟာ ဗုဒ္ဓ တရားတော်၏ အဆုံး အမ တွေကို မလိုက်နာကြတော့လို့၊
မိမိတို့၏ သာ့သနာ လည်း တဖြေးဖြေးပျက်သုန်းလာသလို့၊ လူမျိုး လည်းပျက် လူ့နီးပါး၊ လူတစ်ဦးစီ ချင်းစီကစ၍ တရားပျက် ရကာနေ၊ လူ အများလည်း ပျက်ခဲ့ရတဲ့ အတွက်
ပျက်ဆီးမှုတွေက မြန်မာပြည် နှင့် မြန်မာလူမျိုး တွေမှာ ဗုဒ္ဓ္ဓ ဘာသာ ထွန်းကား ကိုးကွယ်တဲ့ နိုင်ငံ ဖြစ်လင့် ကစား၊ စိတ် ဓာတ်ရေးရာများ ပိုပျက်စီး နေကြခြင်းဖြစ်ပါသည်။

သို့ပါ၍ ကျွန်ုပ်တို့အားလုံး ဤကဲ့သို့ စိတ်ဓာတ်ရေးရာများ မပျက်စီးစေရန်နှင့် သူ့များပျက်တိုင်း၊ မိမိ မပျက်စီး စေဖို့ရာလိုအပ်ပါကြောင်း စေတနာဖြင့်ရေးသား မျှဝေပါသည်။

Ma YI YI HAN ( Ex_French Guide )

Reply all
Reply to author
Forward
0 new messages