လဘက်ရည်ဆိုင် ယဉ်ကျေးမှု

14 views
Skip to first unread message

CMS

unread,
Aug 8, 2008, 9:57:01 PM8/8/08
to Mandalay Google Group
မင်္ဂလာပါ သူငယ်ချင်းတို့

ကျွန်တော်တို့ မတွေ့ရတာလည်း ကြာပြီ။ တစ်ချို့က အလုပ် တစ်ချို့ကကျောင်းနဲ့
တစ်ယောက်တစ်မျိုးစီ ဘ၀ရဲ့ဇာတ်ခုံအောက်မှာ ကနေကြရတယ်ဗျာ။ အဲလိုမျိုး
လှုပ်ရှားရုန်းကန်ရင်း ပင်ပန်းတဲ့အချိန်တွေဆိုရင် အပျင်းဖြေရင်း
သူငယ်ချင်းတွေနဲ့ ထိုင်ဖြစ်ခဲ့တဲ့ မန္တလေးက လဘက်ရည်ဆိုင်တွေကို သတိရမိတယ်။

မန္တလေးမှာ လူငယ်တော်တော်များများ အရွယ်ရောက်လာပြီဆိုတာနဲ့
လဘက်ရည်ဆိုင်ဆိုင်တတ်တဲ့ ယဉ်ကျေးမှုက အလိုအလျောက် ဖြစ်ပေါ်လာတယ်။

ကျွန်တော် ၈ တန်း ၉ တန်းလောက်မှာစပြီး လဘက်ရည်ဆိုင် စထိုင်ခဲ့တယ်။
အဲဒီတုန်းက သမ၀ါယမကောလိပ်ဝန်းထဲမှာနေတော့ ၀န်းထဲက ဘော်ဒါတွေ
အစ်ကိုကြီးတွေနဲ့ပေါ့။

တကယ်တော့ လဘက်ရည်ဆိုင်ဆိုတဲ့ အပန်းဖြေရင်း ဗဟုသုတဆွေးနွေး၊ ရင်ဖွင့်
လောကကြီးအကြောင်း ဟစ်ကြူးကြတဲ့နေရာထဲမှာ တစ်ခုအပါအ၀င်ပေါ့။

လဘက်ရည်လေး တစ်ကျိုက်လောက်မော့ စကားလေးတွေပြောရင်း ပတ်ဝန်းကျင်မှာ
လှုပ်ရှားသွားလာနေတဲ့ လူတွေရဲ့ လူနေမှု့ဘ၀ကို တပြိုင်နက်
ခံစားနိုင်တယ်လေ။

ဆယ်တန်းပြီးနောက်ပိုင်းမှာတော့ လဘက်ရည်ဆိုင် ပိုလို့တော့
ထိုင်တတ်သွားတယ် :)

မန်းလေးမှာ ဘော်ဒါတွေကလည်း များတော့ တွေ့လိုက်တာနဲ့
လဘက်ရည်သောက်ရအောင်ကွာဆိုတဲ့စကားနဲ့စပြီး လဘက်ရည်ဆိုင်မှာ လဘက်ရည်သောက်
မုန့်စားပြီး အိမ်ပြန်ဖြစ်ခဲ့ရတဲ့ နေ့တွေခ ခပ်များများ

ကျွန်တော်က ဆေးလိပ်လည်း သောက်တတ်တော့ လဘက်ရည်ဆိုင်ထိုင်ရင်
ဆေးလိပ်သောက်ပြီး အညင်းပွား စကားများ၇တာလည်း အရသာတစ်မျိုး :)

နောက်ပိုင်း မန္တလေးမှာ ထိုင်ဖြစ်တဲ့ လဘက်ရည်ဆိုင်ကတော့ မင်းသီဟပေါ့။
မနက်မိုးလင်းတာနဲ့ မုန့်စားရင်း သူငယ်ချင်းတွေနဲ့ လဘက်ရည်ဆိုင်မှာ ဆုံကြ
ပြောကြတယ်။ ဒါက မနက်ပိုင်း တစ်ဆိုင် :)

နေ့လည်ပိုင်းမှာတော့ ထိုင်ဖြစ်တဲ့ဆိုင်က ပုံမှန်မရှိပေမဲ့
များသောအားဖြင့် ၇၃ လမ်းပေါ်က 3 colors မှာ ထိုင်ဖြစ်တာများတယ်။
တစ်ခါတလေတော့လည်း ရတနာပုံဈေးအနီးက မင်းသီဟပေါ့။ ဒါက နေ့ပိုင်း :)

ညနေပိုင်းရောက်တော့ ထိုင်လို့အရမ်းကောင်းတဲ့ဆိုင်လေးကတော့
အောင်တော်မူဘုရားနားလေးက Cafe Blue ပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ
ဂျော်တကီး (အခြောက်) တွေများများလာလို့ သိပ်မထိုင်ဖြစ်တော့ဘူး။ ဒါနဲ့
၂၈လမ်း ၇၄လမ်းဒေါင့်က မဟာနွယ်ဆိုတဲ့ ကဖေးကို ပြောင်းထိုင်လိုက်ကြတယ် :)

လဘက်ရည်ဆိုင်ထိုင်ရင်း ဆုံကြ တွေ့ကြ ခင်သွားကြတဲ့ သူငယ်ချင်း
ဘော်ဒါတွေလည်း အများကြီးပဲ။

တစ်ခုရှိတာက လူတစ်ယောက် အမြင်တစ်မျိုးဆိုသလို့ပဲ တစ်ချို့တွေက
လဘက်ရည်ဆိုင် ထိုင်တာကို သက်သက် အချိန်ဖြုန်းတယ်လို့ မြင်ကြတယ်။
ကျွန်တော်လည်း ထောက်ခံပါတယ် ဒါပေမဲ့ ၇၀% ပဲ

ဘာလို့လည်းဆိုတော့ ကျန်တဲ့ 30% မှာ သူငယ်ချင်းတွေနဲ့ဆုံကြတွေ့ကြတဲ့အတွက်
စိတ်ပျော်ရွှင်မှုရတယ်၊ information တွေ၇တယ်၊ ပတ်ဝန်းကျင်မှာ
ဘာတွေဖြစ်ပျက်ပြောင်းလဲနေလဲဆိုတဲ့ သတင်းတွေကို လဘက်ရည်ဆိုင်တွေက
အများဆုံး၇တယ်။ တစ်ချို့ဆိုင်တွေမှာ ဂျာနယ်တွေ မဂ္ဂဇင်းတွေပါ
ထားပေးတဲ့အတွက် စာဖတ်ရင်း လဘက်ရည်သောက်သုံးရတဲ့အ၇သာကိုလည်း
ခံစားလို့၇တယ် :)

ဒါကတော့ ကျွန်တော်ရဲ့ လဘက်ရည်ဆိုင်ယဉ်ကျေးမှုနဲ့ ပက်သက်တဲ့
အတွေးအမြင်စာစုလေးတစ်ခုပေါ့

သူငယ်ချင်းတို့လည်း အားရင် ဒီနေရာလေးမှာ လဘက်ရည်သောက်ရင်း
မိမိတွေ့ကြုံခဲ့ဘူးတဲ့ လဘက်ရည်ဆိုင်ယဉ်ကျေးမှုလေးအကြောင်းလာပြီး
မျှဝေပေးကြဦးနော်...

ကဲ ... ညီလေးရဲ့ ပေါ့စိမ့်တစ်ခွက် ... လန်ဒန်တစ်ပွဲ :P

m mt

unread,
Aug 11, 2008, 3:34:15 AM8/11/08
to GoldenM...@googlegroups.com
I miss those moments....
We used to sit Min-Thi Ha and Unison. Mostly near Ma-Har-Mu-Ni Pagoda and Mdy university.
 
Later, Shwe-Pyi-Moe, near the main hospital.
 
We, all girls group, loved sitting-at-the-tea-shop culture. When we started going to the tea shop, the price was 5 kyats per cup. At that time, no Min Thi Ha,no Unison, just small shops but we could sit there freely....!
 
Now, my friends became Assistant Lecturers, some are business women.
But everytime,I visited Myanmar (every year), we gathered and went to the tea shop, at that moment, we are just girls, not yet women...
 
Lovely culture! Lovely moments!

 
Reply all
Reply to author
Forward
0 new messages