မန်းလေး သင်္ကြန်

8 views
Skip to first unread message

CMS

unread,
Mar 29, 2008, 12:16:48 AM3/29/08
to မန်းလေးသားများ စုဝေးရာ_GoldenMandalay
သူငယ်ချင်းတို့ရေ .... ဘာလိုလိုနဲ့ သင်္ကြန် နီးလာပြန်ပါပြီ

သင်္ကြန်မှာ ကိုယ့်မြို့လေးနဲ့ အတူရှိနေတာပဲဖြစ်ဖြစ် ဝေးပြီးနေတာပဲ
ဖြစ်ဖြစ် သင်္ကြန်နား နီးလာရင် ပိုးက ထလာစမြဲပဲ။ မန်းလေးသားတွေက
ပိုဆိုးမယ် ထင်တယ်နော်။ အခုကိုပဲ သင်္ကြန်မရောက်သေးဘူး သင်္ကြန်အကြောင်းတွေ
လျောက်ရေးနေတာပဲကြည့်တော့။ သီချင်းများ နားထောင်လိုက်ရင် ထပြီး က
ချင်စိတ်တောင်ပေါက်တယ်။

မန်းလေးမှာရှိနေတဲ့ မန်ဘာများကို တစ်ခု တောင်းဆိုချင်ပါတယ်။
သင်္ကြန်မတိုင်မီနှင့် သင်္ကြန်အတွင်းမှာ မန်းလေးရဲ့ သင်္ကြန်ပုံရိပ်
မှတ်တမ်းများကို မျှဝေ ပေးစေလိုပါတယ်။ မိမိဘလော့ရှိရင်လည်း
ဘလော့မှာတင်ပြီးတော့ ဒီနေရာမှာ လင့်ခ်လေး လာပေးထားရင်လည်း အဆင်ပြေပါတယ်။

အဝေးရောက် မန်းလေးသားတွေအနေနဲ့လည်း မိမိပတ်ဝန်းကျင်မှာ ပြုလုပ်တဲ့
သင်္ကြန်ပွဲ အမှတ်တရ ပုံရိပ်များကို မျှဝေကြရအောင်။

ယူကေမှာတော့ ၆ ရက်နေ့မှာ လုပ်မည့်ပွဲတစ်ခုရှိတယ်။ ကျွန်တော်
သွားဖြစ်ဖို့များတယ်။ ဓာတ်ပုံတွေ၇ိုက်ခဲ့မယ်။ ဘလော့မှာလည်း တင်မယ်။
ဒီနေရာမှာလည်း ထပ်ပြီး တင်ပေးမယ်။

ကဲ သူငယ်ချင်းတို့ သီချင်းတွေ ဓာတ်ပုံတွေနဲ့ သင်္ကြန်ကို အလွမ်းပြေ
ကြိုဆိုကြရအောင်

နှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းပါစေ

CMS
Reply all
Reply to author
Forward
0 new messages