ဒီမိုကရေစီဘက်တော်သား မီဒီယာရှင်များ အပါအ၀င် ပြည်သူတရပ်လုံး..သို့ … ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာ့နိုင်ငံရေး(ပထမတွဲ)ထုတ်ဝေဖြန့်ချီသူ BurmaMedia Washစာပေတိုက်၏ပန်ကြားချက်
>>>
ပဏာမ
ရည်ရွယ်ချက်တစ် = `ရှိပြီးသားမှန်ကန်သည့်နိုင်ငံရေးအတွေးအမြင်များ ၊ ပိုမိုခိုင်မာလာစေရေး´ <သို့မဟုတ်> `မှန်ကန်သည့်နိုင်ငံရေးအတွေးအမြင်သစ်များ ၊ ရရှိလာစေရေး´
ရည်ရွယ်ချက်နှစ် = ရရှိလာမည့်ငွေကြေးသည် `အများကောင်းကျိုး,ရွက်သည်ပိုးရင်း,မျိုးမျိုးဒုက္ခ,ခံနေရသူ,ဖေးမကူရေးသက်သက်တည်း´။
အထက်ဖော်ပြပါရည်ရွယ်ချက်နှစ်ရပ်ကိုထောက်ထားပြီး၊ နိုင်ငံရေး,ဥပဒေရေး,စစ်ရေး,စီးပွားရေး,လူမှုရေးနယ်ပယ်အသီးသီးကပုဂ္ဂိုလ်များထံ၊ဤစာအုပ်ပျံ့နှံ့စေရန်၊ ၀ိုင်းဝန်းကူညီကြပါကုန်…။
> > >
အကြောင်းအရာ
(၁)ပြည်သူတရပ်လုံး=ဘုရားသား+ကျောင်းသား+စစ်သား+တိုင်းရင်းသား=သား၎သား
(၂)သား၎သားတို့မဖတ်မဖြစ်ဖတ်ရှုလေ့လာသင့်သည့်စာအုပ်။
=THE LADY AND THE PEACOCK THE LIFE OF AUNG SAN SUU KYI OF BURMA PETER POPHAM
(၃)ထိုစာအုပ်ကိုလုံးစေ့ပတ်စေ့ဘာသာပြန်ပြီးပထမတွဲကိုဖြန့်ချီနေပါပြီ။ စာအုပ်ဘာသာပြန်အမည်က`ဒေါ်အောင်ဆန်းစုကြည်နှင့်မြန်မာ့နိုင်ငံရေး´
(၄)ဖော်ပြပါစာအုပ်နှင့်ပတ်သက်၍ ဘာသာပြန်သူတို့၏မှတ်ချက်
ထုတ်ဝေသူက ဘာသာပြန်သူတို့၏အမြင်ကို မှတ်ချက်ပေးပါဟု တောင်းဆိုလှာသည်။
ဘာသာပြန်ရာတွင်တွေ့မြင်ရသည့်ဒေါ်အောင်ဆန်းစုကြည်၏ဘ၀ကောက်ကြောင်းနှင့် နိုင်ငံရေးရုန်းကန်လှုပ်ရှားမှုတို့ကိုအကျဉ်းချုပ်`ဖော်ညွှန်း´ရမည်လော။
မူရင်းစာအုပ်ရေးသားသူသတင်းစာဆရာ,စာရေးဆရာPETERPOPHAM၏သုတေသနပြုတင်ပြမှုကို `ချီးမွှမ်း´ရမည်လော။
ဘာသာပြန်သူတို့၏ အတွေးအမြင်နှင့်ခံစားချက်ကို`ဗန်းတင်´ရမည်လော။
ဤမတင်မကျ`လော´သုံး`လီ´ကြောင့်၊ မိမိတို့ကိုယ်ကို မိမိတို့ ပြန်လည်ဆန်းစစ်ရပေတော့သည်။
PETERPOPHAMပြုစုထားသည့်ဒေါ်အောင်ဆန်းစုကြည်၏ဘ၀ကောက်ကြောင်းနှင့်နိုင်ငံရေးရုန်းကန်လှုပ်ရှားမှု`အလှတန်ဘိုး´သည်ကား၊သူ့သဘောသူဆောင်ကာလွန်စွာတောက်ပြောင်ပြီးဖြစ်သည်။
သို့ပါလျက် ဘာသာပြန်သူတို့က ထပ်ဆင့်၍`ကွန့်´လိုက်ပါမူ
`ကြက်တူရွေးကတော်တော်၊မယ်ဘော်ကကဲကဲ´ဆိုသည့်ပမာ၊`လှိုင်း´ရာကျမည်ကိုမလိုလားသည်ကတကြောင်း၊ `PETERPOPHAM`တင်´ထားသည့် `အလှတန်ဘိုး´လျော့သွားလေမည်လားဟုစိုးရိမ်မိသည်ကတကြောင်း၊
`ထိုထိုအကြောင်းတို့ကြောင့်`နေရာကျူးခြင်း´၊`လျှပ်ပန်းစားခြင်း´အလုပ်မျိုးကို`ရောဂါ´မထလို။
စင်စစ်အားဖြင့်PETERPOPHAMပြုစုထားသည်မှာ၊ ဒေါ်အောင်ဆန်းစုကြည်၏သက်ရှိရာဇ၀င်ကားချပ် ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည်လည်း၊သက်ရှိထင်ရှား။ စစ်ဗိုလ်ချုပ်ကြီးများသည်လည်း၊သက်ရှိထင်ရှား။ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများသည်လည်း၊သက်ရှိထင်ရှား။
ထိုထိုသက်ရှိထင်ရှားဇာတ်ဆောင်များ၏ရင်သပ်ရှုမောသဲထိပ်ရင်ဖိုပုံရိပ်စုံကို စာဖတ်သူများအပါအ၀င်ပြည်သူတရပ်လုံး၊ကြုံဆုံ,မြင်တွေ့,ကြားသိ,ခံစား,ကြရပြီးဖြစ်သည်။
သို့ပါသောကြောင့်ဘာသာပြန်သူတို့က၊ချိုသည်,ချဉ်သည်,ဖန်သည်,ခါးသည်,ဟု`နှမ်းဖြူး´ရန်မလို။ စာဖတ်သူတို့ကိုယ်တိုင်ကိုယ်ကျဖတ်ရှုလေ့လာအကဲဖြတ်သည်ကသာသဘာဝကျမည်ဟု၊ မမှိတ်မသုဉ်ယုံကြည်ပါ၏။
ဘသာပြန်သူကျနော်တို့အဖို့မူထုတ်ဝေသူတောင်းဆိုလှာသည်ကိုဖြည့်ဆည်းသောအားဖြင့် မှတ်ချက်ပေးစရာရှိသည်မှာ-
``အသင်စာဖတ်သူသည်ဤစာအုပ်ကိုဖတ်ရှုလေ့လာပြီးသည်နှင့်-`သင့်၌ရှိပြီးမှန်ကန်သည့်နိုင်ငံရေးအတွေးအမြင်များမှာ၊မုချမသွေပိုမိုခိုင်မာလာပေလိမ့်မည်။´ သို့မဟုတ် `သင့်အတွက်မှန်ကန်သည့်နိုင်ငံရေးအတွေးအမြင်များကို၊မုချမသွေရရှိလာပေလိမ့်မည်။´ ဟူသတည်း´´
ကြည်မောင် ရွှေဖိုးခေါင်
(၅)ဤစာအုပ်ကိုစာအုပ်ဆိုင်းများမှတဆင့်ဖြန့်ချီနေပါပြီ။ မြို့တွင်း,မြို့ပြင်,ပြည်တွင်း,ပြည်ပ,အနယ်နယ်အရပ်ရပ်သို့လည်း၊အရောက်ပို့ပေးပါသည်။ တန်ဖိုး-၄၀၀၀ိ/။ဆက်သွယ်ရန်>ဖုန်း-၀၁-၆၄၀၄၆၁, ၀၉-၇၃၁၆၃၀၁၉, ၀၉-၇၃၀၅၆၁၄၄ Email:burmame...@gmail.com,
ဖြန့်ချီပင်ရင်း - BurmaMedia Wash စာပေတိုက်၊ အမှတ်၁၂၇၉/က၊ဟေမာဂနိုင်ကျောင်းလမ်းသွယ်၊ မင်းကွန်းကျောင်းလမ်း၊ဗိုလ်ကုန်း၊အင်းစိန်မြို့နယ်။