Groups
Groups
Sign in
Groups
Groups
Burmese
Conversations
About
Send feedback
Help
4 views
Skip to first unread message
BurmaMedia Wash
unread,
Sep 20, 2012, 9:31:27 PM
9/20/12
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to BurmaMedia Wash
ဟစ်တိုင်/အဖြူရောင် ၀ိရောဓိ
ဖေါက်ပြန်တဲ့ကောင်မှန်သမျှ မီဒီယာစနိုက်ပါတွေက၀ိုင်းအုံချ
-
--ဦးခြံသူကြီး
-၁၀။၈။၂၀၁၂
(၁)
အဦးအစမှာပင်၊ဝေမျှချင်သည်က.၊GoldRoastCoffeeMixဧရာမလုပ်ငန်းရှင် ဦးမြသိန်း၏ စကားလက်ဆောင်ပါခင်ဗျာ..။
ဦးမြသိန်းသည်၊လုပ်ငန်းရှင်မလုပ်ခင်က၊ ကျော်ကြားသောရှေ့နေကြီးပါ။
ရန်ကုန်တက္ကသိုလ်ကျောင်းသား,ကိုမြသိန်းဘ၀တုန်းက၊ ‘ကျောင်းကပွဲ’မှာ၊မင်းသမီးအဖြစ် သရုပ်ဆောင်လေရာ၊မိန်းမချော,ချော..။ မိန်းမလှ,လှ..။ မိန်းမအမူအယာကလည်း၊ မိန်းမမှ, တကယ့်မိန်းမ..။
မင်းသမီးကိုမြသိန်း’က၊တက္ကသိုလ်ကိုလူပျိုတွေ‘ကျ’လောက်အောင်၊ကနွဲ့ကလျ၊ အကြွအရွတွေနှင့်.. ခင်ဗျ။
အနွဲ့အချွဲ၊အတီအတာ၊ပလီပလာ၊အခရာတွေနှင့်..ခင်ဗျ။
မူယာမာယာအပလိမ်းအနန္တတွေနှင့်..ခင်ဗျ။
ညု..ညု..ပြီး..၊ဆတ်စလူးခါကာ..၊အကြိမ်ကြိမ်..ကြာပစ်လိုက်တော့..ဟဲ..ဟဲ..ဟဲ…။
ဟိုးယခင်တက္ကသိုလ်နယ်မြေမှာ၊လွတ်လပ်ရေးယဉ်ကျေးမှုထွန်းကား ခဲ့ဖူးလေရာ..၊ပျော်တတ်ရွှင်တတ်သည့် တက္ကသိုလ် ကျောင်းသား အရင့်အမာကြီးတွေက၊ ယောက်ျားသား စစ်စစ်ကိုမြသိန်းကို၊မိန်းမသား စစ်စစ်မင်းသမီး အဖြစ်၊ မသိစိတ်ကြောင့် ထင်ယောင်မှား..ဟဲ…..ဟဲ..။
ဟိတ်..မင်းသမီးမြမြမြသိန်း..မြမြမြသိန်း..ရယ်လို့၊တကျော်ကျော်ချစ်စနိုးခေါ်ကာ သြဘာပေးပြီး၊စင်ပေါ်တက် ဆွဲမယောင်၊ ထွန့်ထွန့်လူး ဆွေ့ဆွေ့ခုန်ကြ ပါလေရော..။
ဒီတော့,တက္ကသိုလ်ကျောင်းတော်သူကျောင်းတော်သားပရိဿတ်ကြီးက၊တ၀ါးဝါးနဲ့အားပါး တရ ဟားပြီး၊စာသင်ချိန်မှာ ပမ်းခဲ့သမျှ၊ တဖန်ပြန်၍ လန်းခဲ့ကြရတာ၊ မေ့နိုင်ဖူးဗျာတို့ရာ..။
ဘယ်လိုမေ့နိုင်မှာလဲဗျာ..။
ဟိုးယခင်တက္ကသိုလ်အစစ်၏မွှေးရနံ့သင်းပျံ့သည့်..atmosphere..တစ်မျိုးပေကိုး..ဗျ…။
ဒါကို..တက္ကသိုလ်အငွေ့ အသက်ရယ်လို့၊ဆိုသူက..ဆို။ တက္ကသိုလ်အရသာရယ်လို့၊ မွှမ်းသူက..မွှမ်း။
အိမ်း..ကြုံတုန်းကြုံခိုက်စကားစပ်မိသည်ကိုအခွင့်ကောင်းယူ၍၊တက္ကသိုလ်အစစ်နှင့် ဝေးခဲ့ရသော၊တက္ကသိုလ် အတုကိုသာ တက်ခဲ့ရသော၊ မျက်မှောက် ကာလ နယ်ပယ် အသီးသီးတွင်တက်ကြွ လှုပ်ရှားနေကြသူ အပေါင်းအား၊တက္ကသိုလ်၏ သဘောသဘာဝ တစ်မျိုးကို၊ အမြည်းမျှ ပြောပြခြင်းဖြင့် လှုံ့ဆော်၍အပြီး..၊ မူလအစ ရည်ရွယ်ရင်း အကြောင်းခြင်းရာကို..၊ ပြန်၍ကောက်ပါမည်။
(၂) ဦးမြသိန်းကိုနောက်ထပ်တဖန်ပြန်၍မိတ်ဆက်ပေးမှသာ၊ပြောလိုရင်းအကြောင်းခြင်းရာက၊ပီပြင်လာပေလိမ့်မည်။
ထို့ကြောင့်…အဲ..အဲ..အဲ..
ဦးမြသိန်း၏အစ်ကိုကNLD၏ဗွေဇော်ဦးဗဟိုအလုပ်အမှုဆောင်ရှေ့နေကြီးဦးထွန်းတင်..။
ဦးမြသိန်း၊ဦးထွန်းတင်တို့၏ဖခင်ကလည်း၊ရှေ့နေကြီးပါပဲ။
နံမည်က..ဦးကျင်ထုံး..။
ရှေ့နေကြီးဦးကျင်ထုံးက၊သားတွေကိုဆိုဆုံးမခဲ့သည်မှာ“ကိုယ့်မှာ၊ဘာရှိသလဲ။
ကိုယ်က၊ဘာကိုပိုင်သလဲ။
ဒါကို..ကိုယ်ကိုယ်တိုင်အလေးဂရုသတိပြုမိရမယ်။နမော်နမဲ့မနေရဖူး။ကိုယ့်မှာရှိတာကို၊ကိုယ်ကပိုင်တာကို၊အလကားမထားပဲ၊အကျိုးရှိရှိအသုံးချတတ်ရမယ်”….တဲ့။
(၃)
ရေးဘော်ရေးဘက်(ဟိုခေတ်အခေါ်အဝေါ်,ကလောင်ရှင်……၊ ယခုခေတ်အခေါ်အဝေါ်) မီဒီယာရှင်တို့အား၊ကျွန်တော် ပြောမည့်စကား၊ လွယ်လွယ် ထင်ရှားစေဖို့ရာ..၊ ဥဒါဟရုဏ်တစ်ခုကို၊ နမူနာပြုပါမည်..။
ဟိုးတစ်ခါတုန်းက..၊အဓမ္မလုပ်ရပ်၊အဓမ္မ၀ါဒ၊အဓမ္မ၀ါဒီလက်လှမ်းမီသမျှကို၊ ကလောင် စူးချွန်ဖြင့်၊ဟိုထိုး, ဒီထိုး, ရန်းသမ်းမထိုးပဲ၊ အရှိုက်ကိုမှ သေချာရွေးပြီး ထိုးသည့်.. ၊(ဟိုးခေတ်,အခေါ်အဝေါ်)ကလောင်ရှင် တစ်ဦးရှိခဲ့ဖူးသည်။
တစ်ချိန်သော်၊ဓမ္မဘက်မှာမရပ်၊အဓမ္မဘက်မှာသာပြောင်ပြောင် ရပ်သည့်၊စစ်အာဏာရှင်၏ အစေအပါးပုဂ္ဂိုလ်ကြီး တစ်ဦး၏ လက်ချက်ကြောင့်၊ ထိုကလောင်ရှင်၏ ချွန်မြမြ ကလောင်သွားသည်၊ပိုးစိုးပက်စက် အချိုးအဖဲ့အခြေအမွှခံခဲ့ရသည်။
ကလောင်ခေါင်ညွန့်ကျိုးကျေခဲ့ရသည်ပါ့။
ထိုကလောင်ရှင်ခမျာ၊ဟိုခေတ်ထိုစနစ်က၊ အခွင့်အခါ မပေးလေသည်ကြောင့်၊အခိုင်အမာ အမြစ်စွဲပြီးသား သတင်းစာ,စာမျက်နှာကို လက်လွတ် ဆုံးရှုံးကာ၊ ကလောင် ရှင်သန်ခွင့်,မရခဲ့ရှာ။
‘ကလောင်ရှင်’..အဖြစ်မှ..၊‘ကလောင်မသေမရှင်’အဖြစ်သို့၊ ဘ၀လျှောကျကူးပြောင်းရပြီး၊ငေါင်တောင်တောင် ဝေဒနာခံစား၍ သာနေခဲ့ရသည်။
(၄)
ဟော..ပြောင်းလဲတိုးတက်ဖြစ်ထွန်းနေသောလောကသဘာဝနိယာမအရ၊ ‘အမှောင်ခွင်း၍ အလင်းဆောင်’ လာလေသည်လား..။
နည်းပညာခေတ်..၊သတင်းခေတ်..၊မီဒီယာခေတ်..၊ကမ္ဘာလုံးယှက်နွှယ်ခေတ်..၊ ကွန်ယက်ခေတ်..။
ထိုထိုခေတ်အတွင်း၊ ချင်းနင်းဝင်ရောက်လာချေပြီ။
ထိုအခါ,အထက်တွင်ဆိုခဲ့သော‘ကလောင်မသေမရှင်’သည်၊ဦးမြသိန်းနှင့်ဦးထွန်းတင်တို့၏ မွေးသဖခင် ကျေးဇူးရှင် ရှေ့နေကြီး ဦးကျင်ထုံး၏ ‘ကျင့်ထုံး အဆုံးအမ’ကို၊တသဝေမထိုး လိုက်နာဘိသည့် အလား၊ မိမိလက်ဝယ်ရှိသော, မိမိပိုင်ဖြစ်သော၊မီဒီယာ အရေးအသားဟူသည့် ကျည်တောင့်ကို၊ မီဒီယာစနိုက်ပါ ဟူသည့် အင်တာနက်ဖြင့်၊ ခလုတ်ဖြုတ် တော့သည်။
ဤနည်းနာဖြင့်၊ဟိုးတစ်ချိန်က‘ကလောင် မသေမရှင်’သည်၊ယခုမူ ‘မီဒီယာရှင်’ အဖြစ်ပြန်လည် သက်ဝင်ရှင်သန်လာနိုင်ခဲ့သည်။
သူ့နံမည်သည်လည်း၊ ခေတ်နှင့်အညီ ပြောင်းလဲဖြစ်တည် လာသည်မှာ၊ ‘မီဒီယာစနိုက်ပါ’ တဲ့ခင်ဗျာ။
(၅)
ထိုမီဒီယာစနိုက်ပါသည်၊နိုင်ငံရေးသတ္တ၀ါတာဝန်သိစိတ်အရ၊မီဒီယာစနိုက်ပါဖြင့်. ၊ဈေးဦးပေါက်’ ပထမ အချည်ပစ်ခဲ့ သည်မှာ၊LivingColour စင်တွင်၊ေ န၀င်းမောင်နှင့် အတူတကွ..၊ စစ်အာဏာရှင် အလိုကျ.၊အတိုင်အဖေါက် ညီညီ နှစ်ပေါက် တစ်ပေါက် ရိုက်ကာမှိုင်းတိုက် ခဲ့သော သခင်တင်မြ ကိုပါခင်ဗျာ။
မီဒီယာစနိုက်ပါကျည်နံမည်က…
…“သခင်တင်မြ _ တိကြာံးမင်းခေါင်လား ငှက်ပျောတော မင်းသားလား”..ဟူ၏။
ငှက်ပျောတောမင်းသားကိုနှိမ်နင်းနေရင်းတန်းလန်း၊ (ဦး) မောင်ချစ်လှိုင်တဖြစ်လဲ..၊ ကိုကိုမောင်တဖြစ်လဲ..၊ယခုတော့.. ဟဲ..ဟဲ.. ကိုကိုမောင်ကြီး..တဲ့။
အနှီပုဂ္ဂိုလ်က၊လျှပ်တစ်ပြက်စင်ပေါ်တက်ပြီး၊ငှက်ပျောတော မင်းသားဘက်က၊ စစ်ကူ၍တိုက် လာခဲ့သည်။
ဤတွင်မျော့တော့တော့ဖြစ်သွား၍နှာနှပ်နေရရှာသောသခင်တင်မြကို သက်သာရာ ပေးလိုက်ပြီး၊ဆလိမ်ရရစ် ရေးချဆြာ.. ဟဲ..ဟဲ..ဆြာကီး ယောင်ခြာ အဖြစ် ဖဆပလ အာဏာရှိသည့် ခေတ်မှာ၊ဖဆပလ၏ လက်သုံးတော် အစေအပါး..ဟဲ..ဟဲ…။
ဖဆပလအားပျော့လာသည့် နောက်ပိုင်း၊ဗိုလ်နေ၀င်းစစ်အာဏာရှင်ရူးကို သေလု သေခါနီးပါး တိုင်လုပ်ကြွေး သမှုပြုခဲ့သည့် လက်သုံးတော် အစေအပါး…။
ထိုထိုအာဏာရှိသူများနောက်တကောက်ကောက် လိုက်ပြီး အရောင်းပြောင်းတတ်သည်၊
့သူမျာ့းစိန်နားကပ်အနီးကပ်ပြီး, ပါးပြောင်လိုသည့်….၊ ကိုယ်ပိုင်ပြတ်သား ခိုင်မာသော ရပ်တည်ချက် ယိုင်နဲ့သည့်..၊ဆြာကီး ယောင်ခြာ (ဦး)မောင်ချစ်လှိုင်ကို၊ မီဒီယာစနိုက်ပါဖြင့် ပစ်ရပြန်သည်။
ရုတ်တရက်သော်….၊ဆြာကီးယောင်ခြာခမျာ၊ ရှော့ခ်ဝင်ကာ ကြက်သေ, သေသွားတာဖြစ်မည်။
လျှပ်တပြက်ဂျာနယ်ပေါ်အချိန်ကိုက်ပြန်တက်မလာခဲ့။ငြိမ်ဝပ်သွားပြီးမှ၊ချိန်ချိန်ဆဆထိန်းကာမှင်သေစွာပြန်တက်လာခဲ့သည်..ဟဲ..ဟဲ..။
ဆြာကီးယောင်ခြာမောင်ချစ်လှိုင်၊ပျောက်သွားပြီးအတန်မျှကြာလေသော်… NLDမှာဆြာကြီး လုပ်တာမရလို့, စပျစ်သီးချဉ်ရသည်က တစ်ကြောင်း….၊
မောင်ဆိတ်လစိဝံသကဲ့သို့ကြောက်ချီးပန်းသည်ကတစ်ကြောင်း….၊
စစ်အာဏာရှင်လက်ကိုင်ဒုတ်များ၏လက်ချာရာ,ရာထူးချကျွေး သည်ကိုဟပ်ပြီး၊ အရသာ တွေ့နေသည်က တစ်ကြောင်း… ထိုအကြောင်း တို့ကြောင့် မောင်မစူးမစမ်းက မဆင်မခြင် မစူးမစမ်းပါပဲ ဂျာနယ် တစ်စောင်တွင်၊တစ်စခန်းထကာ လိုင်းကြောင် လှာပြန်သည်။
ထိုပုဂ္ဂိုလ်လိုင်းကြောင်လျှပ်ပေါ်လော်လည်သည်ကိုမျက်စိနောက်လို့၊မီဒီယာ စနိုက်ပါ တစ်ချက်မျှ လှမ်းပစ်လိုက်တော့.. ဟဲဟဲ၊ မစူးမစမ်းပါဘဲ..၊
ဂျာနယ်တစ်စောင်မှ တဆင့် တုန့်ပြန်လိုက်ပုံက …
“ဟိတ်…ချက်အောက်ကိုမကလိနဲ့ကွ”..တဲ့..ဟဲ..ဟဲ..
လုပ်ပေါက်က…
…သူ့ကိုဗလာချည်ဘလိုင်းချနေသည်ဟုတက်သစ်စတို့ထင်ယောင်မြင်ယောင် လာစေရန် ကုလားဖန် ထိုးခြင်းဖြစ်သည်ကို၊ အကြောင်းသိ လယ်ဘယ်မတိမ်း မရိမ်းတွေက၊ သိ..မှ..သိ..ဟဲ..ဟဲ..။
သည်ကိုယ်တော်က‘ဇ’မသေး။
သူ့‘ဇ’ကို‘ဇာ..ချဲ့’ပုံက…
…ငါနဲ့မတူရင်တော့၊တစ်ယောက်မကျန်အားလုံးဟာstupidတွေ ချည့်ပဲတဲ့..ဟဲ..ဟဲ..။
ထို့ကြောင့်မောင်မစူးမစမ်းကိုပစ်ထဲ့လိုက်သောမီဒီယာစနိုက်ပါ ကျည်သည်၊ပင်ကိုယ်ဓါတ် သဘောအရ stupidကျည်ဟု ကမ်ဗျည်းတွင် လေသည်။
(၆)
မီဒီယာစနိုက်ပါအကြောင်း ဆက်၍ပြောရန်ရှိသေးသည်။
၂၀၁၂ခုနှစ်,နှစ်ဦးပိုင်းမှာ.၊ကြိတ်ပုန်း ခုတ်နေရာမှ၊ ပေါက်ကွဲမှုဖြစ်ခဲ့သည်။
လမ်းဘေးအာကျယ်, ဇာတ်ပွဲဝန်ကြီး, ကျော်ဆန်းနှင့် ‘အခွင့်ထူး ပါမစ်, ပြည်သူ့ခေတ်’ ထုတ်ဝေခွင့်ရ ,မောင်ဆိတ်လစိ ၀ံသ,တို့၊လက်ဝါးချင်းရိုက်မွေးထုတ်လိုက်သည့်၊ တစ်နှစ်တာ စာနယ်ဇင်း ဆုပေးရေး အဖွဲ့တွင်းအရှုပ်တော်ပုံမှ၊ ဇာတ်လမ်း, စ’ခဲ့သည်။
DVBရုပ်သံ၏March23,2012Talkshowတွင်..၊ DVBသတင်းထောက်က (ဆွဲချထက် အဆင့်မြင့်သော)အမှုလိုက်ရှေ့နေဟု ခေါ်တွင်သည့်..တွန်းချ…။
ဦးအံ့မောင်၊ ဦးကိုကိုကြီးနှင့် ဦးစိန်လှဦး တို့က၊ပေါက်ကွဲစွပ်စွဲ.. ဖွင့်ချ..တရားလိုများ…။
မောင်ဆိတ်လစိဝံသရုပ်သေးနှင့်ရုပ်သေးကြိုးဆွဲကျော်ဆန်းတို့က..၊အစွပ်စွဲခံတရားခံကြီးများ..။
ကြီးမိုက်ဖိုးသောကြာက၊အခိုင်းခံ,ဘောပင့်,ထောင်ပေး,တရားခံမှင်စာလေး…။
နောက်ဆုံးဇာတ်ပေါင်းသော်…
မောင်ဆိတ်လစိဝံသသည်မိမိကိုNLDအကြီးစားကြီးစစ်စစ်အဖြစ်အများက မြင်ယောင်မှားပြီး အထင်ကြီးလာစေရန် ဟန်ရေး တက်ပြဖူးသော“ဒီလှိုင်း” စာစောင်ပေါ်မှ,ကန်ထုတ်ခံပြစ်ဒဏ် သက်ဆုံးတိုင်ခံစေဟူသည့် စီရင်ချက်ချ ထားသည်ကိုခံ နေရသည်။
ထိုစီရင်ချက်ချမှတ်ရာတွင်၊ဘက်လိုက်မှုကင်းပ၊တရားမျှတ၊ သမာသမတ်ကျ,ဖို့ရာ၊ အဓိကလှုပ်ရှား ခဲ့သူမှာ၊BurmaMediaWashမှ မီဒီယာစနိုက်ပါ တစ်စုပါခင်ဗျာ..။
သူတို့ထဲကဗိုလ်ဖိုက်တာက၊လမ်းတစ်ချမ်းခင်းအောင်သိန်းလင်းကို..၊၀ိုင်းအုံကာဆွမ်းကြီးလောင်းကြရာတွင်ပါဝင်၍..WASH..လုပ်လိုက်သေးသည်။
ဗိုလ်ဖိုက်တာက၊မနေ့တစ်နေ့ကလည်း၊ကျော်ဆန်းကိုWASHလုပ်လိုက်သေးသည်။
မီဒီယာရှင်အပေါင်းကိုလည်းပုံနှိပ်မီဒီယာသုံးခွင့်မရသော်၊မီဒီယာရှင် ကိုယ်စီတွင်ရှိမွေးရာပါ ကိုယ်ပိုင်စနိုက်ပါ မီဒီယာဖြင့်၊ကျော်ဆန်းကို WASHလုပ်ကြပါကုန်ဟု နှိုးဆော် တိုက်တွန်းခဲ့သေးသည်။
(၇) BurmaMediaWashဗိုလ်ဖိုက်တာကဆိုပါသည်။မီဒီယာစနိုက်ပါလုပ်ရသည်ကို၊ ပို၍လက်, တွေ့’ နေပါသည်..တဲ့..။
သူ့လက်က၊မီဒီယာစနိုက်ပါအလုပ်,လုပ်ရသည်ကိုပို၍ပင်အရသာ တွေ့သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ဗိုလ်ဖိုက်တာ၏ မီဒီယာစနိုက်ပါနည်းနာမှာ..၊ ဦးမြသိန်းဦးထွန်းတင်တို့ဖခင်ဦးကျင်ထုံး၏ ကျင့်ထုံးအဆုံး အမအတိုင်း-
(1)နိုင်ငံရေးနယ်ပယ်နှင့်မီဒီယာနယ်ပယ်မှစုဆောင်းရရှိသမျှ..၊မိမိလက်ဝယ်ရှိ….၊မိမိပိုင်အီးမေးလ်လိပ်စာရှင်များထံသို့ချိန်ရွယ်လော့..။
(2)မိမိလက်ဝယ်ရှိ,မိမိပိုင်မီဒီယာအရေးအသားဟူသည့်ကျည်တောင့်ကို အသင့်အနေအထား မှာထားလော့..။
(3)မိမိလက်ဝယ်ရှိမိမိပိုင်မီဒီယာစနိုက်ပါဟူသည့်အင်တာနက်ဖြင့်ခလုတ်ဖြုတ်လော့..။
ဒီတော့…အကြောသိလျှင်လွယ်ပါသည်’..ဟူလို..။
(၈)
ကျွန်တော် ဦးခြံသူကြီးက ပြောစရာရှိသည်များကို ပြော၍အပြီး၊ ရှေ့နေကြီးဦးကျင်ထုံး ၏ ကျင့်ထုံး ကို ကျင့်သုံးကြခြင်းဖြင့်..
ဖေါက်ပြန်တဲ့ ကောင်မှန်သမျှ မီဒီယာ စနိုက်ပါတွေက ၀ိုင်းအုံချ ကြပါစို့ဟု မီဒီယာ ရဲဘော်ရဲဘက် စိတ်ထားဖြင့် နှိုးဆော်ကာ တပ်လှန့်လိုက် ပါသည်ခင်ဗျား..။ ။
--ဦးခြံသူကြီး (Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)
Reply all
Reply to author
Forward
0 new messages