ပီဒီယာလက်နက်=စတုတ္ထမဏ္ဍိုင် (1)ဖေါက်ပြန်တဲ့ကောင်မှန်သမျှ မီဒီယာစနိုက်ပါတွေက ၀ိုင်းအုံချ + (၂)......

20 views
Skip to first unread message

BurmaMedia Wash

unread,
Sep 20, 2012, 11:57:14 AM9/20/12
to BurmaMedia Wash
ဟစ်တိုင်/ရသ
မီဒီယာဆြာတွေ အစွမ်းပြကြပုံက (အပိုင်း-၃)
-မီဒီယာစနိုက်ပါ-
-၁၈။၉.၂၀၁၂


>>>အပိုင်း ၂ မှ အဆက်>>>

- - - - - - - - - - - - - - - - - - - - - - - -
[နောက်တိုးကြောင်းရာ >>>

“မီဒီယာဆြာတွေအစွမ်းပြကြပုံက”ဆောင်းပါးတွဲကို၊လွန်ခဲ့သော တစ်နှစ်ကျော်က
ရေးသားခဲ့သည်.။
သို့ဖြစ်၍ထိုဆောင်းပါးတွဲတွင်မပါဝင်ခဲ့သောနောက်တိုး ထူးခြားကြောင်းရာ
နှစ်ရပ်ကို၊ ယခုပင်လျှင် ဖေါ်ပြလိုက်ပါသည်-
(၁)ဦးဟန်ညောင်ရွှေက၊ပြည်တော်ပြန်ခွင့်ရရှိရေး အတွက်၊ကျော်ဆန်းငနဲကို
မလှန်နိုင်၍၊ နော်ဝေး DVBရုပ်သံလွှင့် အစီအစဉ်ထဲက “နေဇော်နိုင် အပတ်စဉ်
satire”ကဏ္ဍကို ဖြုတ်ပစ်ခဲ့သည်။

(၂)နော်ဝေးDVBရုပ်သံလွှင့်သည်၊ သေရေးရှင်ရေးကာလ တလျှောက်လုံး
သက်စွန့်ကြိုးပမ်း တာဝန်ထမ်းခဲ့သော ပြည်တွင်း လုပ်ဖေါ်ကိုင်ဖက် များကို၊
သစ္စာဖေါက်ကာ အရေးမလုပ် ဖြုတ်ပစ်ပြီး၊ အစိုးရပြန်ကြားရေး ၀န်ထမ်းများကို
အစားထိုး ခန့်ထားဖို့ လုံးပမ်းသည်။]

- - - - - - - - - - - - - - - - - - - - - -


နောက်တိုးကြောင်းရာနှစ်ရပ်ကိုကြားညှပ်ဖေါ်ပြအပြီး ၊မူလ
ရေးထားဆောင်းပါးကို၊ မူရင်း အတိုင်း ဖေါ်ပြလိုက်ပါပြီ…

ပြောစားမီဒီယာဆြာတွေအကြောင်းတင်ပြလာတာလုံလောက်ပြီထင်ပါ့။
ဒါကြောင့်ရေးစားမီဒီယာနယ်ပယ်ဘက်ကို၊ မနောအာရုံညွှတ် လိုက်ပါတယ်ခင်ဗျာ။
ဟော..ချက်ချင်းပါပဲ၊ကျနော့်အာရုံရဲ့ရှေ့မှောက်ဘွားခနဲကြွရောက်လာသူက၊
ဆလိမ် ရရစ်ရေးချာဆြာ ဆိုတဲ့ဂုဏ်ဒြပ်ထက်၊ပိုမြင့်, ပိုတင့်, တဲ့သူ..။

ဆလိမ်ရေ..ဆ၊ရကောက်ရေးချာ..ရာ၊..ဆရာ..ဆိုတဲ့ဂုဏ်ပုဒ်ကိုရှေ့တန်းတင်ပြီး၊
ဦးညွှတ်ကြိုဆိုရမယ့်သူ..။
ကျနော်မီဒီယာစနိုက်ပါကပင့်ဖိတ်လိုက်၍၊အခြားဂြိုဟ်ကမ္ဘာ တမလွန် ဘ၀တပါးမှ၊
ခေတ္တခဏ ကြွရောက်လာသူ..။
အမည်နာမအတိအကျဖေါ်ပြရလျှင်၊သတင်းစာဆရာ ဘိုးအေကြီးများရဲ့ ဂျူနီယာ,
သတင်းစာဆရာ ဘကြီး, ကြေးမုံဦးသောင်း(ခေါ်)ဆရာ အောင်ဗလ ပါခင်ဗျာ။

ဆရာအောင်ဗလအာစရိက၊ကျနော့်ကိုဗျုံးခနဲလက်ဆွဲပြီးနှုတ်ဆက်စကားဆိုပါတယ်။
“ဟိတ်..မီဒီယာစနိုက်ပါ..Congratulations! ”

“ကျေးဇူးတင်ပါတယ်အာစရိ..။သြ၀ါဒပေးစရာရှိတာ၊ပေးခဲ့ပါဦးခင်ဗျာ..။”

“မင်းကဒိတ်တွေကိုချည်းမဲပြီးနှိပ်နေသူဖြစ်လေတော့၊ဆက်ပြီးနှိပ်သာနှိပ်….။
ဟေး….မီဒီယာစနိုက်ပါ…ရဲ့….။ဒီကလောင် နံမည်သစ်နဲ့ မျက်နှာဖုံးစွပ်
ထားလိုက်တာ..။ လုပ်ချလိုက်ပုံက.. ဟုတ်ပါ့ကွာ..ဟဲ..ဟဲ..”

“အာစရိ..ရာ။အာဏာရှင်ရူး၊ခေတ်ပျက်သူဌေးရူး၊လုပ်စား စကော်လာရူးတွေနဲ့
လုပ်စားမီဒီယာ ဆြာရူးတွေက၊ သစ္စာတို့.. ဓမ္မတို့..၊ဟိရိတို့...
သြတပ်ပတို့..၊ ဗလာနတ္ထိ ဘာမျှမရှိ။
သူတို့ကိုဆေးကြောသုတ်သင်ရတာ၊ရန်များလှပါတယ်…အာစရိ..ရယ်..။

ဒါကြောင့်ကလောင်နံမည်သစ်ကို၊မျက်နှာဖုံးအဖြစ်စွပ်ထား ရတာပါခင်ဗျာ..။”

“ဟုတ်ပါ့ကွာ..ဟိုးတုန်းကအာစရိတို့တတွေဟာ၊သတင်းစာဆရာအဖြစ်နဲ့၊
အဖိနှိပ်ခံပြည်သူ များဘက်က ရပ်တည်ဖို့ရည်ရွယ်ခဲ့တယ်။
အဖိနှိပ်ခံပြည်သူများရဲ့ကောင်းရာကောင်းကျိုးသယ်ပိုးဖို့ရည်ရွယ်ခဲ့တယ်။
အဲဒီ…ရည်ရွယ်ချက်တွေအတွက်၊ သစ္စာဘက်တော်သားဓမ္မဘက်တော်သား အဖြစ်၊ သတင်းလိုက်ခဲ့တယ်။
သတင်းရေးခဲ့တယ်။ဆောင်းပါးရေးခဲ့တယ်။ သတင်းစာတိုက်ထောင်ခဲ့တယ်။”
အာစရိကစကားကိုအားထည့်ပြီးပြောလိုက်လို့မောသွားလေသလား..။
တထောက်နားပြီးမှဆက်ပြောပါတယ်။

“အရေးကောင်းလွန်းလို့၊‘ဂျောင်း’ခဲ့ရတာက‘အင်းစိန်တောရ’ထောင်..။ထောင်ကျချိန်ကစပြီး
လူမှုဒုက္ခဗလပွတွေကို၊နောက်ဆက်တွဲ အဖြစ်ခံခဲ့ရ တာတွေကလည်း၊ နာမှနာ..။
ကျင်မှကျင်..
..“ဘယ်လောက်ပဲနာနာကျင်ကျင်..။အဖိနှိပ်ခံပြည်သူတွေအတွက်၊သတင်းစာဆရာ
တစ်ယောက်အဖြစ်နဲ့၊ တာဝန်ကျေခဲ့တယ်။ ဒါကြောင့် အာစရိရဲ့ လိပ်ပြာကသန့်တယ်။
အဲ….အဲ..အဲ.. ဒါပေမယ့်၊ တစ်ခုတော့ရှိတယ်…”

အာစရိ,ဟာ၊အားနဲ့အင်နဲ့ပြောလာရင်းရုတ်ချည်းထစ်ထစ် ငေါ့ငေါ့နဲ့‘တစ်’နေပါရော..။
ခဏကြာမှစကားကို ဆက်နိုင်ရှာတယ်။
“အဲဒီတစ်ခုအကြောင်းကိုတော်ကြာမှပြောမယ်ကွာ..။

လောလောဆယ်ပြောစားမီဒီယာဆြာကြီးတွေအကြောင်းကို ထပ်ဖြည့်ချင်သေးတယ်။”
အာစရိရဲ့စစ်ကူစကားကြောင့်၊ကျနော်အားတက်ခဲ့ရပါတယ်…..။
အာစရိကထပ်ဖြည့်ချင်သေးတယ် ဆိုတာတွေကိုပြောပါပြီ။

“ဟို..နောင်ဝေးစလောင်းရုပ်သံလွှင့်မီဒီယာဆြာတွေတင်ပြနေတဲ့အထဲမှာ၊ ခေါက်ဆွဲ
ကြော်ငြာတွေ ပလူပျံနေတယ်ကွ။
ခေါက်ဆွဲတွေအတောင်ပံပေါက်ပြီး၊နိုင်ငံတကာကိုဝင်လားထွက်လား၊ ၀ယ်လား
ရောင်းလား ကိစ္စမျိုးကို တင်ပြတာဆို၊ ရှိစေတော့..။ထားတော့..။
ဒါက..နိုင်ငံတကာနဲ့ ဆိုင်နေတာကိုး..။”

အာစရိက၊တစ်ဘက်သပ်မပြော။ကြောင်းကျိုးကိုဘယ်ပြန်ညာပြန်ဆက်စပ်ပြီးမှ၊ ပြောလှာပါတယ်။

“ခုဟာက ခေါက်ဆွဲပေါက်ဖေါ်ကြီးက၊ ဘွာ..ဘွာ..ခေါက်ဆွဲ ပေါက်ဖေါက်ကြီးက၊
ခေါက်ဆွဲ အိမ်တွင်းမှာ ပါးစပ်ဖြဲ,သွားဖျီး, လုပ်ပြုံးပြုံးပြီး၊
မှိုင်းတိုက် ကြော်ငြာမျိုးစုံနဲ့ ပြည်သူကို brain-washလုပ်နေတာ..။
ခေါက်ဆွဲ အိမ်တွင်းရေးနဲ့သာ ဆိုင်တဲ့ကိစ္စ…. ... “ဒါကိုနောင်ဝေး စလောင်း
မီဒီယာဆြာတွေက၊ ခေါက်ဆွဲအိမ်ရဲ့ ပြင်ပက နိုင်ငံတကာ ဈေးကွက်မှာ၊
ဘာကြောင့်များ မဆီမဆိုင် ထည့်သွင်း ကြော်ငြာ ပေးနေတာလဲ။ ခေါက်ဆွဲ
ပေါက်ဖေါက်ကြီးရဲ့ မျက်နှာတော်ကို၊ ပြောင်လက် တောက်ပ လာစေဖို့၊ပေါ်လစ်သုတ်
ပေါင်းတင် ပေးနေတာလား”

ဆရာအောင်ဗလအာစရိကမေးခွန်းထုတ်ပြီး၊တပြိုင်တည်းပင်မှတ်ချက်ပေးလေပြီ။

“နောင်ဝေးမီဒီယာဆြာတွေ၊ဧကန္တခေါက်ဆွဲpropaganderလုပ်တာ ပေါ်တင်ပဲ..ဟေ့။
မဟုတ်မှလွဲရော့..။
ဒီငနဲတွေခေါက်ဆွဲစားတာ၊‘မပြေးသော်,ကန်ရာရှိ’ပဲ။ လုပ်ပေါက်ကဒီမိုကရက်တစ်
ရနံ့မသင်းဘူး။
ခေါက်ဆွဲအီအီးနံ့နံသကွ..အဟမ်း..‘ထတ်တြီး’..”

ဤတွင်ခေါက်ဆွဲစားတယ်ဆိုတဲ့ဝေါဟာရအကြောင်းကို၊နှောင်းလူတို့
အတွက်ကြားဖြတ်၍ ရှင်းပြဖို့ရာလိုလာပြီ...။
ဒီအကြောင်းကိုကျနော်မီဒီယာစနိုက်ပါ..၊ ဖေါက်သည်ချပါ့မယ်..။

ဟိုး..ယခင်ကအောင်ဆန်းကွင်းမှာဖြစ်ခဲ့တာပါ။ ဘောလုံးအသင်းတစ်သင်းက၊
ကစားရာမှာ အသက်မပါဘူး။ အားထည့်ပြီး မကစားဘူး။ မရှုံးရှုံးအောင်ကို၊
လုပ်ရှုံးနည်းနဲ့ ကစားသွားတယ်။
ဒီတော့..ဒီဘောလုံးအသင်းဟာ၊လောင်းကစားဒိုင်တွေဆီကလာဘ်စားပြီး၊ အရှုံးပေး
ကစားတယ်လို့၊ ပရိဿတ်က၊ တထစ်ချ မှတ်ယူကြတယ်။ ဒီမှာတင်ဘောပွဲဟ
ာဆူညံသံတွေနဲ့ ပွက်လောက်ရိုက်ကုန်ပါလေရော..။
ဒီအကြောင်းကိုဆရာအောင်ဗလကမကထပြုတည်ထောင်ခဲ့တဲ့ ကြေးမုံ သတင်းစာ
ပင်တိုင်ဆောင်းပါးရှင်ကြီး ဆရာဇ၀နက၊သတင်းစာ ဖတ်ပရိဿတ် ကွက်ကွက်ကွင်းကွင်း
အထင်းသားမြင်အောင် ရေးသားခဲ့တယ်။
ပေါ်တင်မရေးပဲ“ခေါက်ဆွဲစားတယ်”လို့ တင်စားပြီးရေးခဲ့တာ..။

ဆရာဇ၀နရေးခဲ့တာကို၊သတင်းစာဖတ်ပရိဿတ်က၊လက်ခနဲသဘောပေါက်တယ်။
သဘောပေါက်ပုံကဒီလိုပါဗျ။
ရန်ကုန်မြို့လသာတ၀ိုက်တလုပ်တန်းမှာမှ၊လောင်းကစားဒိုင်တွေ
အများဆုံးရှိတာကို၊ အများက သိကြပါတယ်။
အဲဒီတလုပ်တန်းလောင်း ကစားဒိုင်တွေက၊ ‘ကြောင်..ဖြူချင်ဖြူ..မဲချင်မဲ၊
ကြွက်ရဖို့သာအဓိက’ ပေါ်လစီနဲ့ ငွေရှာတာကိုလည်း အများက သိကြပါတယ်..။
တဘက်သောဘောလုံးအသင်းကမရှုံးရှုံးအောင်၊ လုပ်ရှုံးနည်းနဲ့ဗျောင်ကျကျ လိမ်ညာ
ကစားသွားတာကိုလည်း အများကသိကြပါတယ်။

ဒီတော့အဖြေကရိုးရိုးရှင်းရှင်းလေးပါ။တလုပ်တန်းလောင်းကစားဒိုင်တွေက၊
ဒိုင်အချင်းချင်း လက်ဝါးရိုက်ညှိနှိုင်းပြီး၊ တဘက်သော ဘောလုံးအသင်းကို
ငွေထုပ်ပုံအော လာဘ်ထိုးလိုက်လို့…၊ ဘောလုံးသမားတွေ လာဘ်စားထားကြတယ်။

တလုပ်တန်းလောင်းကစားဒိုင်တွေဆီကစားရတဲ့လာဘ်ငွေဖြစ်လို့၊ တလုပ်တန်းရဲ့
သင်္ကေတ ပြယုဂ်ဖြစ်တဲ့ ခေါက်ဆွဲဆိုတဲ့ ဝေါဟာရကိုအသုံးချပြီး
‘ခေါက်ဆွဲစားတယ်’လို့…၊ ဆရာဇ၀နက ဇ၀နဥာဏ်ရွှင်ရွှင်နဲ့ ယဉ်းကျေး သိမ်မွေ့
ပြောင်မြောက်စွာ တင်စား ရေးသားခဲ့ပါလေရော။

ဒီမျှဆိုဆရာဇ၀နရဲ့‘ခေါက်ဆွဲစားတယ်’ဆိုတဲ့ဝေါဟာရရဲ့အဓိပ္ပါယ်၊ရှင်းလောက်ပါပြီ။
ဟော..ယခုပင်လျှင်ဆရာအောင်ဗလ,က၊နောက်ထပ်တကျော့ပေါ်လာပြန်ပါတယ်။
စောစောက..တအဲ..အဲ..နဲ့…ထစ်ငေါ့ဆုတ်ဆိုင်းတန်းလန်းလုပ်ထားခဲ့တဲ့ စကားစကို
ပြန်ကောက်ပါပြီ။

“ဒီလိုကွ..မီဒီယာစနိုက်ပါ..ရဲ့..။အာစရိ..ဟာ၊သတင်းစာဆရာအဖြစ်နဲ့၊တာဝန်ကျေခဲ့တယ်။
ဒါကြောင့်လိပ်ပြာသန့်တယ်။ အဲဒီလိုပြောပြီးကာမှ၊ဖြစ်ရပ်တစ်ခုကိုဖျတ်ခနဲ
သတိရလိုက်တယ်။
ဒါကြောင့်..‘အဲ..အဲ..အဲ..ဒါပေမယ့်၊
တစ်ခုတော့ရှိတယ်’ဆိုတဲ့စကားကိုတန်းလန်း လုပ်ထားခဲ့တာ..။အမှန်တကယ်ဆို
လိပ်ပြာက ရာနှုန်းပြည့် သန့်တာမဟုတ်ဘူးကွ..”

ဟော..ယခုပင်လျှင်ဆရာအောင်ဗလ,က၊နောက်ထပ်တကျော့ပေါ်လာပြန်ပါတယ်။စောစောက..
တအဲ..အဲ..နဲ့… ထစ်ငေါ့ ဆုတ်ဆိုင်း တန်းလန်း လုပ်ထားခဲ့တဲ့ စကားစကို
ပြန်ကောက်ပါပြီ။

“ဒီလိုကွ..မီဒီယာစနိုက်ပါ..ရဲ့..။အာစရိ..ဟာ၊သတင်းစာ ဆရာအဖြစ်နဲ့၊
တာဝန်ကျေခဲ့တယ်။ ဒါကြောင့်လိပ်ပြာ သန့်တယ်။အဲဒီလိုပြောပြီးကာမှ၊
ဖြစ်ရပ်တစ်ခုကို ဖျတ်ခနဲသတိရ လိုက်တယ်။ ဒါကြောင့်.. ‘အဲ..အဲ..အဲ..
ဒါပေမယ့်၊တစ်ခုတော့ရှိတယ်’ ဆိုတဲ့ စကားကို တန်းလန်း လုပ်ထားခဲ့ရတာ။
အမှန်တကယ်ဆို လိပ်ပြာက ရာနှုန်းပြည့်သန့်တာ မဟုတ်ဖူးကွ..”

“ဗျာ…”

“အဖြစ်ကဒီလိုကွ။ကြေးမုံပြည်သူပိုင်အသိမ်းမခံရမီကနိုင်ငံတကာသတင်းကိစ္စနဲ့
ပတ်သက်လို့၊ပြင်သစ်ကို ရောက်ခဲ့တယ်။ကိုထွေးမြင့်.. အခု, ၀ါရင့်နိုင်ငံရေး
သမားကြီးများ အ၀န်းအ၀ိုင်းထဲက, ဦးထွေးမြင့်,လေကွာ..။
သူကပြင်သစ်က မြန်မာ သံရုံးမှာတာဝန်ကျနေတာ။ သူ့ဆီကို အလည်သွားချင်လို့၊
ရုံးပိတ်ရက်လည်း ဖစ်နေတော့၊ သူ့အိမ်ကို ဖုန်းဆက်တယ်။ သူကလာခဲ့ဆိုတော့၊
သွားတာပေါ့ကွာ။”

အာစရိကအမောပြေကလေး,ခဏနားတယ်။
ပြီးတော့ဆက်ပြောပါတယ်။

“ကိုထွေးမြင့်အိမ်ကိုရောက်သွားတော့၊လူချင်းကလည်းမတွေ့တာကြာပြီမို့၊
တ,ဟား..ဟားနဲ့ စကားတွေစွတ်ပြော နေတာပေါ့ကွာ။
ခဏကြာတော့အိမ်အတွင်းဘက်က၊အိုးသံ,ခွက်သံ,ပန်းကန်သံတွေကိုကြားရတယ်…။ဒါနဲ့စပ်စုလိုက်တယ်။အထဲမှာဘယ်သူရှိသလဲ..
…“ကိုထွေးမြင့်က အထဲကပုဂ္ဂိုလ်ကြီးရဲ့nicknameကို ရယ်ကျဲကျဲ စပ်ဖြဲဖြဲနဲ့
ပြန်ပြောတယ်။ ဒေါက်တာကျောက်ခဲ့..တဲ့။

အဲဒီနံမယ်ကိုလည်းကြားရရော၊ရင်ထဲ..တဒိတ်,ဒိတ်ဖြစ်ပြီး၊ ခေါင်းထဲ,ထူပူသွားတယ်..”

ကျနော်...မီဒီယာစနိုက်ပါ...သတိပြုမိတာက၊ခုလို,စကားပြောနေစဉ်မှာ၊ အာစရိရဲ့
မျက်စိမျက်နှာဟာ...၊ ပြိုတော့ မယောင်မိုးလို အုံမှိုင်းလွန်းလှတယ်။
အာစရိ,ဟာ၊ခဏမျှတွေသွားပြီး၊မသာမယာစိတ်မချမ်းမြေ့စရာ လေသံဖျော့က နဲ့ ပြောတယ်ခင်ဗျ။

“ဒေါက်တာကျောက်ခဲဆိုတာ၊ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခချုပ်လုပ်ခဲ့တဲ့
ဖျာပုံသား ဒေါက်တာသာလှ..။
ဘူမိဗေဒပညာရှင်ကြီး..။ ဒီသိပ်ပံပညာရှင်ကြီးဟာ..၊ မြန်မာစာ, အင်္ဂလိပ်စာ,
နှစ်ဘာသာလုံးကိုလည်း…၊ ကျွမ်းလိုက်သေးတယ်..”
အာစရိ,က၊ပါမောက္ခကြီးအကြောင်းကိုချီးကျူးစကား ဆက်ပြောသည်။

“ကနေ့ဝန်ထမ်းပင်စင်စားပုဂ္ဂိုလ်ကြီးတွေရဲ့နံမည်နောက်ကကွင်းစ,
ကွင်းပိတ်နဲ့(ငြိမ်း) ဆိုတာ..၊ ဒေါက်တာ သာလှ ထွင်ခဲ့တာပဲ…။ ဟိုး...ယခင်
အသုံးအနှုန်း (အငြိမ်းစား)ကို.. (ငြိမ်း)လို့. .ခတ်တည်တည်...၊
ခတ်ပြတ်ပြတ်...၊ ခုခေတ် စကားနဲ့ပြောရရင်…၊ ခတ်မိုက်မိုက်..
အစားထိုးပစ်ခဲ့တဲ့.. ‘ကိုယ်ထင်, ခုတင်ရွှေနန်း’.. ဆိုတဲ့မဟာ့ မဟာ
ပုဂ္ဂိုလ်.. ..

“မီဒီယာစနိုက်ပါ..ရေ့..။ အဲဒီ..‘ကိုယ်ထင်, ခုတင်ရွှေနန်း’ကြီးကို
ရင်မဆိုင်ရဲလို့..၊ ချက်ချင်းပါပဲ... ပြန်တော့မယ်ဗျာလို့ အာစရိကပြောရင်း
မတ်တတ်ထရပ်လိုက်တယ်..။

ကိုထွေးမြင့်ကအာစရိကိုအတင်းဆွဲထားတယ်။မပြန်ရဘူး..။
ဘာမျှမဖြစ်စေရဘူး..တဲ့။ အားလုံးပြေလည် ရှင်းလင်း သွားစေရမယ်။သူ, လုံးဝ
တာဝန်ယူပါသတဲ့…

ထိပ်သီးများတကာတို့ရဲ့မျက်ခုံးပေါ်စင်္ကြံလျှေက်တဲ့သတင်းစာဆရာထိပ်သီး..
အာစရိအောင်ဗလ..၊ ဘယ်လိုဖြစ်နေပါ့..။

“အာစရိ,ကို၊ကိုထွေးမြင့်ကမေတ္တာစေတနာသံနဲ့တနည်း..၊ ကရုဏာဒေါသ သံနဲ့
တစ်ဖုံ..၊နှစ်မျိုးနှစ်စုံ ရောပြွမ်း နေတဲ့အသံရယ်, ဟန်ပန်ရယ်,နဲ့
ထောက်ပြတယ်.. …“

--`ဒေါက်တာ တောင်ကြီး´ဆိုတဲ့လင်ကြီး, ငုတ်တုတ်
ရှိနေပါလျက်၊မစ္စက်တောင်ကြီး ဆိုတဲ့ မယားကို ခိုးယူပေါင်းသင်း နေတဲ့
ဗိုလ်နေ၀င်းရဲ့ မယားခိုးမှုကိုတော့၊ ဘာမျှ
မရေးခဲ့ကြဘူး။သေနတ်ကိုင်သူမို့,ကြောက်လို့လား..တဲ့….

..“ခု..ဒေါက်တာကျောက်ခဲယူတာက၊လင်မရှိတဲ့လွတ်လွတ်ကင်းကင်
းရှင်းရှင်းလင်းလင်း အပျိုမ..။ ပြီးတော့ နှစ်ဦး သဘောတူ ယူတဲ့ကိစ္စ..။
ဒါကိုတော့ တစ်ကွက်လေးမျှ အလွတ်မပေးဘူး။ သတင်းသမားတွေက သဲကြီးမဲကြီးနောက်က
တကောက်ကောက် လျှောက်လိုက်နေကြတာ..။ မိုးဦးကျ ကာလမျိုးမှာ
တွေ့ရတဲ့`မြိုင်´လိုက်တဲ့ နွားအုပ်ကြီးလိုပဲ။ လူမြင်မကောင်းဘူး..တဲ့…

.…“ပြီးတော့သတင်းတွေပယ်ပယ်နှယ်နှယ်ရေးခဲ့ကြ..။ ခိုးချောင်ခိုးဝှက်
ကပ်သီးကပ်သပ် လိုက်ရိုက်ထားတဲ့ ဓါတ်ပုံတွေဖေါ်ပြခဲ့ကြ..။သေနတ်
မကိုင်သူမို့ မကြောက် လို့လား..တဲ့။ သတင်းစာ, စတုတ္ထမဏ္ဍိုင်က၊ သေနတ်ကိုင်သူ
ဘက်ကို၊ ကျောက်ချီးပန်းပြီး ယိုင်နေပါကလားဗျာ..တဲ့။”

ကျနော် မီဒီယာစနိုက်ပါ ရဲ့ ရှေ့ဆောင်`ဟီးရိုး´,ဆရာအောင်ဗလ
ခမျာ၊`ဘုန်းကြီးစာချ´ ဦးထွေးမြင့်နဲ့ တွေ့နေပါပေါ့လား။
လူကြီးမင်းနှစ်ဦးရဲ့ နဂိုရှိရင်းစွဲ ရင်းနှီးခင်မင်မှုကြောင့် ပေလား။
ပုဂ္ဂိုလ်ခင်မှ တရားမင် တာကြောင့်လေလား။
သံတမာန်နယ်ပယ်ကဦးထွေးမြင့်ရဲ့ညှိုယူဖမ်းစားနိုင်စွမ်းတဲ့သံခင်းတမန်ခင်းကြောင့်ပေလား။
အဲဒါတွေကိုစဉ်းစားကြည့်နေတုန်းမှာ၊ အာစရိ က ဆို,လှာပါတယ်။

“သေနတ်ကိုင်သူနဲ့သေနတ်မကိုင်သူတို့ကို၊ကိုထွေးမြင့်ကယှဉ်ပြီးထောက်ပြတာ
ဟုတ်နေတယ်ကွ….။ နောက်ပြီး ကိုထွေးမြင့်ရဲ့ မေတ္တာစေတနာကို
သဘောလည်းပေါက်တယ်။ တန်ဘိုးလည်း ထားတယ်။ မပြေမလည် ဖြစ်ခဲ့တဲ့ အဖုအထစ်ကို၊
ကိုထွေးမြင့်က ကြုံတုန်းကြုံခိုက်`ဖြေ´ပေးချင်တာကိုး..”

ကျနော်..မီဒီယာစနိုက်ပါ..ဟာ..၊အာစရိ,အလေးထားပြောကြားတာတွေကိုပြင်းပြတဲ့
သိလိုစိတ်နဲ့ နားထောင်ရင်း၊တစ်စုံတစ်ခုကိုသတိပြုမိလိုက်တယ်..။
အာစရိရဲ့မျက်နှာမှာ,မာန်´အရိပ်အယောင် ပြေပျော့ပြီး…၊ အားနာ သယောင်ယောင်,
အသွင်ဆောင်နေတဲ့ ပုံရိပ်ကိုသတိပြုမိ လိုက်တာပါ။

“စနိုက်ပါ,ရယ်..။အာစရိရဲ့စိတ်ဟာ..၊တင်းမာတာလျော့သွားတယ်..။
အဲဒီအချိန်မှာပဲသခင်ဘသောင်းရဲ့`လာမယ့်ဘေး,
ပြေးတွေ့´ဆိုတဲ့လှုံ့ဆော်ချက်ကိုသတိရလိုက်လေရဲ့။အဲဒီလှုံ့ဆော်ချက်အတိုင်းရင်ဆိုင်တော့မယ်လို့၊
စိတ်ကိုဒုန်းဒုန်းချ လိုက်ပြီ။ ပြီးတော့ စိတ်ကို တည်ငြိမ်စွာထိန်းပြီး၊
ကုလားထိုင်မှာပဲ ဆက်ထိုင်နေ လိုက်တယ်..။ အမှန်အတိုင်း ၀န်ခံရရင်၊
စိတ်ထဲမှာတော့ စိုးတထိပ်ထိပ် ခံစားနေရ တုန်းပဲ။”

အာစရိ ရဲ့ ပြောချက်အရ၊ဇာတ်ရှိန်ကမြင့်တက်လာတယ်ခင်ဗျ။
သဲထိပ်ရင်ဖိုဇာတ်လမ်းပမာ၊ အာစရိ က ဆက်ပြောပြန်တယ်။

“ကိုထွေးမြင့်ကအတွင်းဘက်ဝင်သွားလေရဲ့။အတွင်းကအပြန်အလှန် စကားပြောနေသံတွေ
လျှံထွက်လာတယ်။ အသံတွေက`၀ါး´လွန်းလို့ ဘာရယ်မှန်းကို မသိရဘူး။
အတော်ကလေးကြာတော့ ကိုထွေးမြင့် ပြန်ထွက်လာတယ်..
..“သူ့မျက်နှာကပြုံးယောင်သန်းနေတယ်။သူကပြောတယ်။ ကိစ္စမရှိဘူး။
အိုကေမှာပါတဲ့..။ ဒီတော့ရင်ထဲက တဒိတ်ဒိတ် ဗြောင်းဆန် နေတာတွေ၊
နည်းနည်းလျော့ သလိုလိုဖြစ်လာတယ်။”

ကျနော်..မီဒီယာစနိုက်ပါ..စဉ်းစားကြည့်တယ်။အာဂသတ္တိခဲဒိတ်ဒိတ်ကြဲအာစရိတောင်၊
ဒီလောက်ဖြစ်နေရတာ..။
အင်း..ကျနော့်အတွက်ပဟေဠိပါပဲ..။အားနာစရာမို့၊ ပဟေဠိအတွက်
အဖြေမညှိရက်လို့၊ အာစရိပြောပြတာကိုပဲ နားထောင်နေခဲ့တယ်။
“ကိုထွေးမြင့်နဲ့စကားဆက်ပြောကြတယ်။စောစောကလိုတော့၊ကျယ်လောင်လောင်မပြောရဲ
တော့ဘူးကွာ။ အဲဒီလိုပြောနေ တုန်းမှာပဲ၊အတွင်းဘက်က စကားသံကျယ်ကျယ်
ထွက်လာတယ်။

`မောင်ထွေးမြင့်..ဆရာအပြင်ကိုသွားလိုက်ဦးမယ်´တဲ့..။ ဒီစကားသံကို
ကြားလိုက်တာနဲ့၊ အာစရိလည်း မျက်နှာခပ်ပူပူ, ခပ်လန့်လန့်ဖြစ်သွားတယ်။”

အာစရိရဲ့`လန့်´ချက်က၊လာဟပ်လို့၊ကျနော်..မီဒီယာ စနိုက်ပါသည်ပင်လျှင်၊
အမှတ်မဲ့`လန့်´သွားရတယ်။
အဲဒီလို`လန့်´မိလေ၊ အနှီပုဂ္ဂိုလ်ကြီးနဲ့အာစရိ..ဘာတွေဖြစ်ခဲ့သလဲဆိုတာကိုသိချင်လေ..။
သိချင်စိတ်ပြင်းပြနေစဉ်မှာပဲ၊အာစရိက၊စကားဆက်ပါတယ်။

“မကြာလှဘူး..ဟေ့။‘ကိုယ်ထင်,ခုတင်ရွှေနန်း’ကြီးကဗျုံးစားကြီးထွက်ချလာတယ်။
ကိုထွေးမြင့်က ဖျတ်ခနဲထပြီး၊ အခန်း ထွက်ပေါက်ဝမှာ မတ်တတ်ရပ် လိုက်တယ်..။
ပုဂ္ဂိုလ်ကြီးကို အပြင်မထွက်နိုင်အောင် သူ့ကိုယ်လုံးနဲ့ ကာတာတာ လုပ်ရင်း၊
လေသံချိုချို ဖျော့ဖျော့လေးနဲ့ ပြောရှာတယ်။ ဆရာ..ခဏလေး ထိုင်ပါဆရာ..။
ကိုသောင်းကဆရာ့ကို ကန်တော့ချင်လို့၊ တောင်းပန်ချင် လို့ပါ´တဲ့..”

အဲဒီအချိန်မှာ,အာစရိကလည်း၊မတ်တပ်ရပ်လို့ပါတဲ့ခင်ဗျ။ လက်နှစ်ဘက်ကို
နောက်ပစ်ပြီး လက်ဖ၀ါးချင်း ချိတ်ထားလျက်ပါ တဲ့ခင်ဗျ။ အဓမ္မသမားတွေရဲ့
မျက်ခုံးပေါ်မှာ စင်္ကြံလျှောက်တဲ့ သတင်းစာဆရာ အာစရိ ဘာဖြစ်သွားတာလဲ။
ဆန်းကျယ်လှပါဘိ။

“ကိုယ်ထင်,ခုတင်ရွှေနန်းကြီး’က၊မထိုင်ဘူးကွ..။ ထွက်မယ်တကဲကဲ လုပ်နေတယ်။
ကိုထွေးမြင့်ကထပ်ခါတလဲလဲတောင်းပန်တယ..်။အာစရိကလည်းတိုးလျှိုး တောင်းပန်တယ်…။

`ဆရာ..ခဏလေးထိုင်ပါဆရာ...။ ကျနော်,ကန်တော့ပါရစေ..၊ တောင်းပန်ပါရစေ...ဆရာ…. …
“ပုဂ္ဂိုလ်ကြီးကမလှုပ်ဘူး။ ကျောက်ရုပ်လုပ်နေတယ်။ ငြိမ်နေတယ်။
ဟန်မယ့်အလား အလာပဲ ဆိုတဲ့အထင်နဲ့ ထပ်ကာထပ်ကာ တိုးလျှိုးတောင်းပန်တယ်..

…“ဆရာ..ခဏလေးပါဆရာ။ ထိုင်ပါဆရာ..။ ကျနော်..ကန်တော့ပါရစေ..။
တောင်းပန်ပါရစေ..။ ဒီတော့, ပုဂ္ဂိုလ်ကြီးနည်းနည်း ပျော့လာပုံပဲ..”

အဲဒီစကားကိုပြောပြလို့အဆုံးမှာ၊အာစရိရဲ့စိုးရိမ်ပူပန်နေတဲ့မျက်နှာဟာ၊
နေသာ,ထိုင်သာ သယောင်ဖြစ်လာတယ်လို့..၊ကျနော် ရိပ်စား မိပါတယ်။

“အဲဒီတုန်းက,တိုက်မှာကျနော်မရှိပါဘူးဆရာ..။ နောက်မှ ကျနော်သိရတာပါ..။
တိုက်မှာ ကျနော်ရှိခဲ့ရင်၊ ဒီလိုမဖြစ်ရ ပါဘူး ဆရာ..ရယ်။ ဘာပဲဖြစ်ဖြစ်,
ကျနော်မှာ၊ တာဝန်လုံးဝရှိပါတယ်..။ ဒိအတွက်ကျနော် တောင်းပန်ပါတယ်
ဆရာ။ကျနော်ကန်တော့ ပါတယ်ဆရာ…

....“ပြောပြောဆိုဆိုကန်တော့မယ်လုပ်တော့..၊ ဟိတ်,ဟိတ်.. မကန်တော့နဲ့၊
မကန်တော့နဲ့...တဲ့။ တာင်းပန်တာနဲ့ လုံလောက်ပြီ,တဲ့။ အဲဒီတော့မှပဲ၊
အာစရိမှာ, အသက်ရှူချောင် လာခဲ့တယ်။ နေသာထိုင်သာ ရှိလာခဲ့တယ်..။
အလွန်အကျူး ထမ်းထားခဲ့ရတဲ့ ၀န်ထုပ်ဝန်ပိုး ဒုက္ခကြီးလည်း၊
`ဗျုတ်´ခနဲပြုတ်ကျ သွားတော့တယ်။”

စကားဆုံးသွားတော့မှပဲ..၊ အာစရိ,ခမျာပေါ့ပါး လန်းဆန်းလာပါတယ်…။
ဒီဇာတ်လမ်းနဲ့ပတ်သက်လို့…၊အာစရိ,က,ခုလိုနောက်ကြောင်းပြန်ပါတယ်။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

(မီဒီယာဇာတ်လိုက်ကျော်ဆရာအောင်ဗလဘ၀တစ်စိတ်တစ်ပိုင်း)

စကားဆုံးသွားတော့မှပဲ၊အာစရိ,ခမျာပေါ့ပါးလန်းဆန်းလာပါတယ်။
ဒီဇာတ်လမ်းနဲ့ပတ်သက်လို့၊အာစရိ,က,ခုလို.. နောက်ကြောင်းပြန်လေရဲ့..။

ဟိုး..ယခင်က,တစ်နိုင်ငံလုံးမှာမှ၊ပါမောက္ခချုပ်ရယ်လို့, ရန်ကုန်
တက္ကသိုလ်ပါမောက္ခချုပ် တစ်ဦးတည်းပဲရှိခဲ့တာတဲ့…။
ဆေးကောလိပ်ကအစ..၊ကောလိပ်,တက္ကသိုလ်, ဆိုင်ရာမှန်မှန်သမျှတို့ဟာ..၊ရန်ကုန်
တက္ကသိုလ် ပါမောက္ခချုပ် တစ်ဦးတည်းရဲ့ အုပ်ချုပ်မှု အောက်မှာပ
ဲရှိခဲ့တာ..တဲ့။

အဲဒီလိုအရှိန်အ၀ါသြဇာကြီးလှတဲ့ရန်ကုန် တက္ကသိုလ်ပါမောက္ခချုပ်
အဆက်ဆက်ထဲမှာ၊ စီခနဲညံခနဲ အသံအထွက်ဆုံး ပါမောက္ခချုပ်က၊ ဒေါက်တာသာလှ..။
ဘူမိဗေဒပညာရှင်ဖြစ်လို့ nickname ကဒေါက်တာ ကျောက်ခဲ..ဟဲ..ဟဲ..။

ဒေါက်တာကျောက်ခဲက၊ငယ်စဉ်ကတည်းကရုန်းကန်ကြိုးစားပြီး၊ လျှမ်းလျှမ်းတောက်
လာခဲ့သူဖြစ်လေတော့….၊တပည့်တွေကို သူကဲ့သို့ ပေါက်မြောက် စေချင်လွန်းလို့၊
စည်းကမ်း အရာမှာ တင်းမှတင်း..။ ဒီမှာတင်… စေတနာက၊
ဝေဒနာဖြစ်ပြီး၊စီခနဲညံခနဲ အသံတွေက၊ ထွက်ပြီးရင်း..ထွက်’ ထွက်လာ
ခဲ့ပါသတဲ့။

ဒီလိုချိန်ခါမှာပဲ..၊ပါမောက္ခချုပ်ဒေါက်တာကျောက်ခဲဟာ..၊..အိမ်း..ပြောလို့မဆုံးအောင
်ဖြစ်ရပုံကဖြင့် ………….. ‘ကိုယ်ထင်…ခုတင်ရွှေနန်း ’ဇာတ်လမ်းကို၊
ခပ်..မိုက်..မိုက်..နည်းဖြင့် ၊ခင်းခဲ့ပါသတဲ့။

ရန်ကုန်မြောက်ပိုင်း,အင်းစိန်မြို့ရဲ့ကျေးလက်တောရွာဆန်ဆန်တစ်နေရာက..၊
ကျေးတောသူ အလှပဂေး၊ ပူတူတူးလေးကို၊တော်ကောက် တော်မူပြီး…၊ မီးရထားခေတ်
ကောင်းချိန်မို့၊ မီးရထားဖြင့် ပျားရည်ဆမ်း ဟန်းနီးမွန်း ခရီးထွက်တော်
မူခဲ့သည်ကြောင့်၊ ‘ကိုယ်ထင်.. ခုတင်ရွှေနန်း’ ဇာတ်လမ်းရယ်လို့၊တိုင်းသိ
ပြည်သိ..ဟိုး..ဟိုး..ကျော်ခဲ့ရ ပါသတဲ့ခင်ဗျာ. .ဟဲ..ဟဲ..။

ဇာတ်လိုက်မင်းသားက၊ တစ်နိုင်ငံလုံးရဲ့တစ်ဦးတည်းသော ပါမောက္ခ
ချုပ်လျှမ်းလျှမ်းတောက် ဒေါက်တာ ကျောက်ခဲ..။

ဇာတ်လိုက်မင်းသမီးက၊ကျေးတောသူ အလှပဂေး..ပူတူတူးလေး။
ဒီတော့..၊သတင်းစာဆရာတွေရဲ့, ကလောင်နဲ့ ကင်မရာတို့က`စွမ်း´လေလေ...၊
ဇာတ်လမ်းက `လန်း´လေလေ...။
ပရိဿတ်ရဲ့, စိတ်ဝင်စားမှုက ကြွ,ရွ,လာလေလေ.. ဟဲ..ဟဲ..။

ဒီပွဲမှာ,ကလောင်နဲ့ကင်မရာ၊`စွမ်း´တာကြောင့်လား….။`ရန်း´တာကြောင့်လား….။
ဆရာအောင်ဗလရဲ့ကြေးမုံသတင်းစာရောင်းအားက၊ အများကြီးမှ, အများကြီး,
ထိုးတက်ခဲ့ပါသတဲ့..။

အကျိုးဆက်တစ်ခုက၊ ကြေးမုံသတင်းစာ တိုက်ရဲ့ အဓိကပိုင်ရှင်..
ဦးသောင်း(ခေါ်)ဆရာအောင်ဗလရဲ့ ငွေထည့်တဲ့ ဆာလာအိတ်ထဲ၊ ဒုန်းစိုင်းပြီး,
ဝုန်းခနဲ, ဒိုင်းခနဲ, ခုန်ပေါက် ၀င်ရောက်လာတဲ့, ရောင်းရငွေတွေက၊
တချွမ်းချွမ်း, တရွှမ်းရွှမ်း, အသံတွေမြည်ဟည်း နေပါတော့သတဲ့..။

နောက်အကျိုးဆက်တစ်ခုက၊တစ်နိုင်ငံလုံးမှာမှတစ်ဦးတည်းသော
ပါမောက္ခချုပ်ဖြစ်တဲ့၊ အကြီးဆုံးသော ဆရာကြီး ဒေါက်တာ ကျောက်ခဲရဲ့
ပုဂ္ဂိုလ်ရေးရာ, ကိုယ်ရေး ကိုယ်တာ,
အိမ်ထောင်ရေးရာ`ဟ၀ှာ´ကြီး၊ဟက်တက်ကွဲခဲ့ရပါသတဲ့..။

သည်အတွက်ကြောင့်၊ပါမောက္ခချုပ်ဆရာကြီးဒေါက်တာကျောက်ခဲက၊ဆရာအောင်ဗလကို,
ကမ္ဘာမကျေဖြစ်ခဲ့ရ ပါရောတဲ့..။
သို့ကလိုနောက်ကြောင်းပြန်လို့အပြီးမှာ၊အာစရိကမီဒီယာစနိုက်ပါ ကျနော့်ကို၊
အင်တာနက်စကားနဲ့ ပြောရရင်share လုပ်တယ်ပေါ့ ခင်ဗျာ။

“ကဲ..မီဒီယာစနိုက်ပါ..။အာစရိ,ပြောခဲ့တဲ့အဖြစ်ကိုကြည့်.။ သတင်းစာ
ရောင်းကောင်းပြီး, ငွေများများ ရရေးကို
မျှော်မှန်းခဲ့တယ်။သတင်းစာအစွမ်း,ခုခေတ်အခေါ် မီဒီယာအစွမ်းကိုလည်း
အသားကုန်`ပြ´လိုက်သေးတယ်..။ အဲဒီလို
အစွမ်းပြရတာကို၊အရသာ,သိပ်တွေ့ခဲ့တယ်..”

သို့ကလိုပြောပြစဉ်က၊အာစရိရဲ့မျက်နှာက နွမ်းလျလျ ဟန်ပန်နဲ့ တစ်စုံတစ်ရာကို
တတမ်းတတ ဖြစ်နေပုံပါပဲ။ အာစရိက၊မချည့်တဲ့ လေနဲ့ ဆိုလှာပါတယ်။

“သင်ခန်းစာကဘာလဲ။ဟန်းနီးမွန်းထွက်တဲ့ဒေါက်တာ ကျောက်ခဲ..ခမျာ၊
ဟန်းနီးပျားရည်က ချိုမြိန်ရမယ့် အစား၊တူးတူးခါးခါး ရှုးတူးရှားတား မသက်မသာ
နာနာ ကျည်းကျည်း ခံစားချက်ကြောင့်..၊ စိတ်မှာ အနာတရ ဒါဏ်ရာရ သွားရှာတယ်…
…“အာစရိ´မှာလည်း၊အတိတ်ကမှောက်မှားခဲ့မှုရဲ့တန်ပြန်တာကို၊ စောစောက ပြောခဲ့တဲ့ဖြစ်စဉ်
အတိုင်း၊
ဝတ်ခံရသလို, ခံခဲ့ရတယ်…
…“ဘယ်ပြည်သူတစ်ဦးတစ်ယောက်ကိုမျှလည်း၊စစ်စစ်မှန်မှန်ကောင်းကျိုးမပြုခဲ့ဘူး..။
မီဒီယာ အစွမ်းကို၊ ငါအာစရိ, လွဲမှားစွာ အသုံးချခဲ့မိတယ်။”

အာစရိ က သူ့အတွေ့အကြုံများကိုဝေမျှအပြီးမှာ၊အမှားကိုဝန်ခံရင်း
နိဂုံးချုပ်လိုက်ပါတယ်။

“ကဲ..မီဒီယာစနိုက်ပါ,ရေ့။`ပြောစား´မီဒီယာဆြာနဲ့ဆိုင်တာကိုလည်း၊
ဖြည့်စွက်ပြီးပြီ။ `ရေးစား, မီဒီယာဆြာနဲ့
ဆိုင်တာကိုလည်း၊ကိုယ်တိုင်မိုက်မှားခဲ့တာဝန်ခံရင်းတင်ပြဝေမျှပြီးပါပြီ..။
ငါအာစရိ အထူးနှိုးဆော် ချင်တာက...
...“တပည့်ကြီးမီဒီယာစနိုက်ပါနဲ့တကွ၊မီဒီယာဆရာများအားလုံးတို့သည်…
…“မိမိတို့လက်ဝယ်ရှိမီဒီယာလက်နက်ကို၊မလျော်ရာကိစ္စမှာအလွဲမသုံးကြပဲ…
…“တိုင်းပြည်နှင့်တိုင်းရင်းသားပြည်သူများအားလုံးအတွက်..၊မတော်မတရား
အဖိနှပ်ခံများ အတွက်..
…“ဓမ္မဘက်တော်သားများ အဖြစ် သစ္စာရှိရှိ ရပ်တည်ပြီး…
…“အဓမ္မဘက်တော်သားအာဏာရူးငွေရူးလူအညစ်အထေးများကို၊မီဒီယာတန်ခိုးဖြင့်
ဆေးကြောသုတ်သင်၍…၊
…“ကောင်းကျိုးအထွေထွေကိုပြုနိုင်ကြပါစေသော်ဝ်..”
အာစရိဆရာအောင်ဗလက၊ကျနော်မီဒီယာစနိုက်ပါနှင့်တကွ မီဒီယာဆရာများ
အားလုံးကို၊ နှိုးဆော်ရင်း, ဆုတောင်း ပတ္ထနာပို့သရင်း၊ သွယ်ဝိုက်သော
နည်းဖြင့် ဆုံးမသြ၀ါဒ ပေးလို့အပြီးမှာ၊ ထိုင်ရာမှထလေပြီ..။
သြော်..အာစရိ,အာစရိ..။ဆရာအောင်ဗလ,အာစရိ..။ ပစ္စက္ခပျော်စံရာ တမလွန်ဘ၀ဆိုတဲ့
အခြားဂြိုဟ်ကမ္ဘာသို့၊ပြန်ကာ ကြွတော့ မည်ကိုး..။

သည်တော့..ကျနော့်ခေါင်းထဲမှာအတည်မပြုနိုင်သေးသည့်ပဟေဠိအတွက်၊ အာစရိေ
အာင်ဗလဆရာအား..၊ ကသုတ်ကရက်၊ကသုတ်ကပျာ၊ ပူဆာရပြီပေါ့ခင်ဗျာ..။

“အာစရိခင်ဗျာ..။ပါမောက္ခချုပ်ဒေါက်တာကျောက်ခဲ ရဲ့
‘ကိုယ်ထင်..ခုတင်ရွှေနန်း’ ဇာတ်လမ်းက၊ အမှန်တကယ်ဖြစ်ခဲ့ တာလား..”
“အိမ်း..သို့ကလိုသံသယ၀င်လို့၊ဒေါက်တာ ကျောက်ခဲရဲ့‘
ကိုယ်ထင်..ခုတင်ရွှေနန်း’ ဇာတ်လမ်းအကြောင်းကို၊ တိတိပပ
သိချင်ရင်၊မောင်စနိုက်ပါ..ရေ့..

…“မာဒင်္ဂ’မှော်အောင်ထားတဲ့သက်တော်ပြင်းဝါရင့်နိုင်ငံရေးသမားကြီးဦးထွေးမြင့်ကိုသာမေးကြည့်ပါတော့ကွယ်..
..“ကိုထွေးမြင့်ကိုလည်းပြောပြလိုက်ပါ။ဘယ်သောခါမျှကျေးဇူးမမေ့ပါဘူးဆိုတဲ့အကြောင်း..။
မာဒင်္ဂမှော်, အောင်သည်ထက်, ပို၍,ပို၍, အောင်စေဖို့၊ အာစရိကဥုံခံပြီး
မန်းမှုတ်ပေးနေ ပါတယ် ဆိုတဲ့အကြောင်း..”
အဲဒီလိုမှာကြားရင်း ၊ကျေးဇူးရှင် အာစရိရဲ့ ကိုယ်ရောင်ကိုယ်ဝါက၊
ကျနော့်မျက်မှောက်မှ, ဖျောက်´ခနဲ`ပျောက်´သွားပါတော့တယ် ခင်ဗျား။ ။

<မီဒီယာဆြာတွေအစွမ်းပြကြပုံက’ဇာတ်လမ်း၊ဤတွင်နိဋ္ဌိတန်းလေပြီ> ///

မီဒီယာစနိုက်ပါ--
(Burma Media Wash ဝေဖန်သည် အဝေဖန်ခံသည်)

3.ဖေါက်ပြန်တဲ့ကောင်မှန်သမျှမီဒီယာစနိုက်ပါတွေဝိုင်းအုံချ.docx
Reply all
Reply to author
Forward
0 new messages