Facebook Account ကို ဖျက်ချင်သူများအတွက်

9 views
Skip to first unread message

Greendays Sale

unread,
Nov 20, 2012, 6:00:53 PM11/20/12
to 7greendays
Facebook အကောင့်ဖွင်ပြီး အကြောင်းတစ်ခုခုကြောင့် sign in ၀င်ပြီးဆက်သုံးမရတောတဲ့အခါတွင်ဒီ  နည်းလေးကအသုံးဝင်မယ်ထင်လို့တင်ပေးလိုက်ပါတယ်။Facebook ကိုလုံးဝမသုံးချင်တော့လို့ Delete လုပ်ချင်တယ် ဆိုရင် ဒီနည်းကိုသုံးလို့ ရပါတယ်။

ပထမဆုံးFacebook အကောင့်ကို Browser Tab တစ်ခုကနေ အရင်ဆုံး Sign in ၀င်ထားရပါမယ်။ပြီးလျှင် နောက်ထပ် New tab (or) Ctrl+t ကိုကလစ်ပြီးနောက် Tab တစ်ခု ထပ်ခေါ် လိုက်ပါ။ထို့နောက် New Tab မှာ ဒီ Link https://www.facebook.com/help/contact.php?show_form=delete_account ကိုရိုက်တည့်ပြီး enter ခေါက်လိုက်ပါ။ ဒါဆိုရင်တော့ delete my account ဆိုတဲ့စာသားနဲ့အတူ delete လုပ်ပစ်ဖို့အတွက် Account ကို Submit လုပ်ရမယ့် Alarm ကိုပါ တွေ့ရပါလိမ့်မယ်။ အဲ့ဒါကြောင့် အကောင့်ကို delete လုပ်ဖို့သေချာပြီ ဆိုရင်တော့ Submit button ကို တစ်ချက်ကလစ်လိုက်ပါ။Submit button ကို ကလစ်လိုက်တဲ့အခါမှာ Permanently delete account     ဆိုတဲ့ box ကိုမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Account ကို ဖျက်ပစ်ဖို့ရာ သေချာဖို့အတွက် Password ကို ထပ်ပေးရမှာဖြစ်ပြီးအောက်မှာရှိတဲ့ Verify your account အောက်က စာလုံးဒီဇိုင်းဆန်းဆန်းလေးနဲ့   ရေးသားတဲ့စကားလုံး(Word) ကို သေချာဖတ်ပြီးမှန်မှန်ကန်ကန်ရိုက်တည့်ပေးပြီး okay ကိုတစ်ချက်  ကလစ်လိုက်ပါ။အကောင့်ဖျက်ပစ်ဖို့အတွက် okay ကိုကလစ်လိုက်တဲ့အချိန်မှာ Permanently delete  account ဆိုတဲ့ box နဲ့ ဒီအကောင့်ကို ၁၄ ရက်အတွင်းပြန်သုံးချင်တယ်ဆိုရင် သုံးလို့ရမည်ဖြစ်ပြီး၁၄   ရက်ထက်ကျော်သွားပြီးဆိုရင်တော့လုံးဝဖျက်ပစ်တော့မှာ ဖြစ်ကြောင်း အသိပေးတဲ့စာသားတွေတက်   လာမှာ ဖြစ်ပါတယ်။ဒါကြောင့်ပြန်သုံးချင်ရင်၁၄ရက်အတွင်းမှာ ပြန်သုံးနိုင်ပါတယ်။အခု လုံးဝဖျက်ပစ်    မှာ ဖြစ်တဲ့ အတွက် okay ကို တစ်ချက်ကလစ်လိုက်ပါမယ်။အကောင့်ဖျက်ပြီးသွားတဲ့အချိန်မှာဝင်        ကြည့်ပါ ၀င်လို့ရမှာမဟုတ်ပါဘူး။ ဒါကြောင့်လုံးဝမသုံးချင်တဲ့ သူတွေအတွက် ဒီနည်းနဲ့ Facebook ကို  ဖျက်ပစ်နိုင်ပါကြောင်းအသိပေးလိုက်ပါတယ်။


Credit to Greendays Sale
*******************************
Contact To Us -
No 9 , Pharpone Street, Sanchaung Township, Yangon.
Phone No - 095160557
Email - mayht...@gmail.com
Website - http://greendayssale.webs.com/
Facebook - http://www.facebook.com/GreendaysSale


Reply all
Reply to author
Forward
0 new messages