မိန်းကလေးများ သတိပြုရန်(facebook ပေါ်မှ နိုင်ငံရေးသမားဟု ပြောဆိုပြီး မိန်းကလေးများရဲ့ ဓါတ်ပုံကိုရယူကာ မိုက်မိုက်ရိုင်းရိုင်းစကားများ ပြောဆိုသူ)
ဒီပို့စ်လေးက ကျမရဲ့ ကိုယ်တွေ့ပါ။
ကျမကိုယ်တိုင်ကြုံခဲ့ရတာမို့ တခြားသော မိန်းကလေးများကို ကိုယ်ချင်းစာ၍
တင်ပေးလိုက်ခြင်းဖြစ်ပါသည်။
http://www.facebook.com/magweman ဒီ facebook အကောင့်
ပိုင်ရှင်(Myat Thu Htet)ဟာ မိန်းကလေးအကောင့်ကို အပ်ကာ ခင်ချင်သည်ဟု စကားပြော၍
ဓါတ်ပုံများကို ကူးယူလေ့ရှိပြီး မိန်းကလေးတွေကို မိုက်မိုက်ရိုင်းရိုင်းပြောလေ့
ရှိတယ်လို့ သိရပါတယ်။ ကျမလည်း
အစတုန်းက မသိလို့ လက်ခံလိုက်မိပြီး နောက်ကျတော့ သူ့ရဲ့ အောက်တန်းကျတဲ့
လုပ်ရပ်တွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ အကောင့်ပိုင်ရှင်က သူ့ကိုယ်သူ နိုင်ငံရေးသမားဆိုပြီး
(အမှန်ဟုတ်မဟုတ် ကျမ မသိပါ) လိုက်လံပြောကာ သူ့ရဲ့ လုပ်ရပ်တွေက နိုင်ငံရေးသမားတစ်ယောက်ရဲ့
အဆင့်အတန်းနဲ့ မတူလောက်အောင်ကို အောက်တန်းကျလွန်းပါတယ်။ ဒီအကောင့်ပိုင်ရှင(Myat
Thu Htet)်ဟာ မကွေးမှာ နေတယ်တယ်လို့လည်း ပြောပါတယ်။ ကျမ ပတ်ဝန်းကျင်
အသိုင်းအ၀ိုင်းထဲမှာလည်း နိုင်ငံရေးသမားတွေရှိပါတယ်။ ဒါပေမယ့် သူ့လိုတော့ အောက်တန်းကျတဲ့
အလုပ်မျိုး လုပ်တတ်တဲ့သူမျိုးတော့ ကျမ မတွေ့ဖူးဘူး။ နိုင်ငံရေးသမားဆိုပြီ
အမြဲတမ်းဟစ်ကျွေးကာ လုပ်ရပ်တွေက အောက်တန်းကျလွန်းတာကြောင့် တခြားနိုင်ငံရေးသမားတွေလည်း
ဒီလိုပဲလားလို့ ကျမကို လာမေးတဲ့သူတွေတောင် ရှိပါတယ်။ နောက်ထပ် ကျမ
သိရတာကတော့ ကျမလိုမျိုးပဲ တခြားမိန်းကလေးတွေလည်း ကြုံတွေ့ဖူးတယ်လို့ သိရပါတယ်။
ကျမလို စော်ကားခံရတဲ့ မိန်းကလေးမျိုး ဘယ်နှစ်ယောက်လောက်ရှိနေပြီလဲဆိုတာ ကျမလည်း
သေချာတော့ မသိနိုင်ပါ။ ကျမလို အဖြစ်မျိုး နောက်ထပ်မိန်းကလေးတွေ
မကြုံတွေ့စေချင်လို့ ဒီပို့စ်လေးကို ကျမရေးသားလိုက်ခြင်းဖြစ်ပါတယ်။
ဓါတ်ပုံကိုတော့ သူ့ facebook အကောင့်မှာ တွေ့တဲ့ပုံကိုပဲ ကျမ တင်ပေးလိုက်ပါတယ်။
ကျမ စုံစမ်းလို့ရတဲ့ သူ့ရဲ့ ဂျီမေးလ်အကောင့်ပါ myatth...@gmail.com
ဒါကတော့ သူရဲ့ facebook link ပါ http://www.facebook.com/magweman ဖိုရမ်ထဲရှိ
မိန်းကလေးများ ကျမလို အဖြစ်မျိုးနဲ့ ကင်းဝေးနိုင်ကြပါစေ