ဒုသမ္မတလောင်းများ ကိုယ်ရေးအကျဉ်း
ဒုသမ္မတလောင်း ၅ ဦး၏ ကိုယ်ရေးအကျဉ်းကို လေ့လာသိရှိနိုင်ရန် စုဆောင်းတင်ပြ
လိုက်ပါသည်။
အမည် ဦးသိန်းစိန်(ဗိုလ်ချုပ်ကြီးဟောင်း)
မွေးသက္ကရာဇ် ၂ဝ. ဝ၄. ၁၉၄၅
ရာထူးအလုပ်အကိုင် ဝန်ကြီးချုပ်နှင့်ဥက္ကဋ္ဌ (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ)
တပ်မတော်ထဲ ဝင်ရောက်ခြင်း - ဦးသိန်းစိန်သည် ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၈
ဆင်း ဖြစ်သည်။
ဝန်ကြီးချုပ် ဖြစ်လာခြင်း - ၁၉၈၈ ခုနှစ်တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက်
ကကကြည်း တွင် စစ်ဦးစီးဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူး တာဝန်များ
ထမ်းဆောင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်
တိုးမြှင့်ခန့်အပ်ခံခဲ့ရသည်။
၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်၊ ၂ဝဝ၂ ခုနှစ်တွင် စစ်ရေးချုပ်၊ ၂ဝဝ၃ ခုနှစ်တွင်
ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအပြင် နိုင်ငံတော် အေးချမ်း သာ ယာရေးနှင့်
ဖွံဖြိုးရေးကောင်စီ နအဖ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၎
ခုနှစ်တွင် အတွင်းရေးမှူး(၁)အဖြစ် တိုး မြှင့်ခန့်ထားခံရသည်။
၂ဝဝ၇ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဝန်ကြီးချုပ်စိုးဝင်း ကွယ်လွန်ပြီးနောက်
၂၄ ရက် နေ့တွင် နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ယင်းရာထူး
ခန့်အပ်ခံရပြီးနောက် ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ စစ်ဘက်ဆိုင်ရာ
ရာထူးတိုးမြှင့်ခံခဲ့ရသည်။ ၂ဝ၁ဝ ခုနှစ် ဧပြီ လဆန်းပိုင်းတွင် စစ်တပ်ရာထူးမှ
အနားပေးခြင်း ခံရသည်။
နိုင်ငံတကာ ဆက်ဆံရေး - ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ
ချစ်ကြည်ရေးခရီးစဉ်များ အဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်း
စသည့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊
နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။
၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်ခံ
ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရ အရာရှိများထဲတွင် ပထမဆုံး ဖြစ်သည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး
ကာကွယ်တားဆီး ရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကို လည်း ပူးတွဲထမ်းဆောင်ခဲ့သည်။
၂ဝ၁ဝ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအနေဖြင့်
ဦးဆောင်ကာ ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကိုယ်တိုင်လည်း
မန္တလေးတိုင်း ဇဗ္ဗူသီရိမြို့ နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက်
ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ သည်။
ရွေးကောက်ပွဲတွင် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင် နှုန်းနှင့်
ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိ ခဲ့သည်။
ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်း ဖြစ်သည်။ ရင်သွေး ၃ ဦး ထွန်းကားသည်။ လက်ရှိတွင်
နေပြည်တော်၌ နေထိုင်လျက်ရှိသည်။
-----------------
အမည် သီဟသူရ တင်အောင်မြင့်ဦး
မွေးသက္ကရာဇ် ၂၉. ၅. ၁၉၅ဝ
ရာထူးအလုပ်အကိုင် အတွင်းရေးမှူး ၁ (နိုင်ငံတော် အေးချမ်းသာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီ) ဗဟိုနာယကအဖွဲ့ဝင် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ)
တပ်မတော်ထဲ ဝင်ရောက်ခြင်း - ပြင်ဦးလွင် စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ဆင်း ဖြစ်သည်။
အတွင်းရေးမှူး ၁ ဖြစ်လာခြင်း - ၁၉၈ဝ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ
(ဗကပ)နှင့် ဖြစ်ပွား ခဲ့သည့် တိုက်ပွဲများတွင် စစ်ဘက်ဆိုင်ရာ သီဟသူရဘွဲ့
ရရှိခဲ့သည်။
၁၉၉ဝ ခုနှစ်တွင် စစ်ကိုင်းတိုင်း ခြေလျင်တပ်ရင်း ၁၁၁ တွင် တပ်ရင်းမှူးအဖြစ်
တာဝန်ယူခဲ့ပြီး နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တမခ ၃၃ တွင် စစ်ဦးစီးမှူး
ပထမတန်းအနေဖြင့် စစ်ဗျူ ဟာမှူး တာဝန်ထမ်းဆောင်ခဲ့သည်။
ထို့နောက် အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက်
စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် (စကခ-၁) တွင် ဗိုလ်မှူးချုပ်အဖြစ်
တာဝန်ပေးအပ်ခံရပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း
စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့် ခန့် အပ်ခံရသည်။
၂ဝဝ၂ ခုနှစ်တွင် စစ်ထောက်ချုပ်၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီးအထိ
ဖြစ်လာခဲ့ပြီး ၂ဝဝ၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့်
ဖွံ့ဖြိုးရေးကောင်စီတွင် အတွင်းရေးမှူး ၁ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။
၂ဝဝ၉ ခုနှစ် မတ်လမှစ၍ ဗိုလ်ချုပ်ကြီး ရာထူးအထိ တိုးမြှင့်ခံခဲ့ရသည်။
ပါတီနိုင်ငံရေး လှုပ်ရှားမှု -၂ဝ၁ဝ ခုနှစ်တွင် စစ်ဘက်ဆိုင်ရာတာဝန်များမှ အနားယူကာ
အတွင်း ရေးမှူး ၁ ရာထူးအပြင်၊ ပါတီအသွင် ပြောင်းလာသည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီတွင် ဗဟိုနာယကအဖွဲ့ဝင်အဖြစ် တာဝန်ယူ
ဆောင်ရွက်ခဲ့သည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း
ပုဗ္ဗသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အနေဖြင့်
ဝင်ရောက်အရွေးခံကာ အနိုင်ရခဲ့သည်။
ယင်းရွေးကောက်ပွဲတွင် ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇
ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။
ဦးတင်အောင်မြင့်ဦး၏ ဇနီးသည်မှာ ဒေါ်ခင်စောနှင်းဖြစ်ပြီး၊ သားဖြစ်သူမှာ
နိုင်လင်းဦး (ခေါ်) တေဇာစောဦး ဖြစ်သည်။ နိုင်လင်းဦးသည်
ဗိုလ်ကြီးဟောင်းတဦးဖြစ်ပြီး ဧရာဟင်္သာကုမ္ပဏီ ပိုင်ရှင်လည်း ဖြစ်သည်။
လက်ရှိတွင် နေပြည်တော်၌ နေထိုင်လျက်ရှိသည်။
-----------------
အမည် ဒေါက်တာအေးမောင်
မွေးသက္ကရာဇ် ၁. ၁၁. ၁၉၅၇
ပါတီတာဝန် ဥက္ကဋ္ဌ (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP)
မွေးရပ်ဇာတိ အောင်ဆိပ်ကျေးရွာ၊ ရသေ့တောင်မြို့နယ်၊ ရခိုင်ပြည်နယ်
ပညာအရည်အချင်း - ၁၉၇၅ ခုနှစ်တွင် စစ်တွေမြို့ အထက ၂ မှ ၁ဝ တန်း
အောင်မြင်ခဲ့ပြီး စစ်တွေခရိုင် လူရည်ချွန်အဖြစ် ရွေးချယ်ခံခဲ့ ရသည်။ ၁၉၈၁
ခုနှစ်တွင် ရန်ကုန် မွေးမြူရေးနှင့် ဆေးကုသရေး (တိမွေးကု) တက္ကသိုလ်မှ B.V.S
(Yangon) ဘွဲ့ ရရှိခဲ့သည်။
၁၉၈၁ ခုနှစ်တွင် ရန်ကုန်မြို့ ရွာသာကြီးတွင် စိုက်ပျိုးမွေးမြူရေး
ကေဒါသင်တန်းကို ၃ နှစ်ကြာ တက်ရောက်ခဲ့သည်။
အလုပ်အကိုင် - ၁၉၈၄ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲနှင့် ၁၉၈၆
ခုနှစ်တွင် နမ့်ခမ်းမြို့၌ အစိုးရဝန်ထမ်း ဖြစ်ခဲ့ပြီး၊ ၁၉၉ဝ ခုနှစ် တွင်
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ မြို့နယ်ဦးစီးအရာရှိ အဖြစ် လုပ်ကိုင်ခဲ့သည်။
အမ်းမြို့နယ်တွင် တနှစ်ကျော် တာဝန်ယူခဲ့ပြီး၊ မောင်တောတွင် ၁၉၉၆ ခုနှစ်အထိ
အဆိုပါ ရာထူးဖြင့် ဆက်လက် ထမ်းဆောင်ခဲ့သည်။
၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး ၁၉၉၈
ခုနှစ်တွင် လက်ထောက် ညွှန်ကြားရေးမှူး တာဝန်ဖြင့် မောင်တောတွင် ၂ဝဝ၉ ခုနှစ်အထိ
လုပ်ကိုင်ခဲ့သည်။ ထို့ပြင် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)
၏ စီမံကိန်းများ တွင်လည်း ပြည်တွင်း အတိုင်ပင်ခံ ပညာရှင်အဖြစ် ၂ဝဝ၈ ခုနှစ်မှ
၂ဝ၁ဝ ခုနှစ်အထိ ၅ ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သည်။
၂ဝဝ၉ ဧပြီလတွင် ကယားပြည်နယ်သို့ ပြောင်းရွှေ့မိန့် ကျခဲ့ပြီးနောက်
အငြိမ်းစားယူခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်၌ ဆေးဆိုင်နှင့် မွေးမြူရေးခြံများ
လုပ်ကိုင်လျက်ရှိသည်။
ဇနီးသည်မှာ အငြိမ်းစား ကျောင်းဆရာမဖြစ်ပြီး၊ သားသမီး ၂ ဦး ထွန်းကားခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု - ၁၉၉ဝ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ပါတီစုံ
အထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၂ဝ၁ဝ ရွေးကောက်ပွဲတွင်
ဝင်ပြိုင်ရန်အတွက် RNDP ကို ထိုနှစ် ဇွန်လ ၁ ရက်နေ့တွင် တည်ထောင်ခွင့်
ရယူနိုင်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ခဲ့သည်။
ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် စစ်တွေမြို့နယ် မဲဆန္ဒနယ် ၁ တွင်
ဝင်ပြိုင်ခဲ့ ရာ အနိုင်ရရှိခဲ့သည်။
RNDP သည် လွှတ်တော်သုံးရပ်လုံးအတွက် အမတ်ကိုယ်စားလှယ် ၄၄ ဦးဖြင့်
ဝင်ပြိုင်ခဲ့ရာ ၃၅ ဦး ရွေးချယ်ခံခဲ့ရသည်။
ပါဝင်ခဲ့သည့် အသင်းအဖွဲ့များ - ၁၉၇၁ မှ ၁၉၇၅ ခုနှစ်အထိ စစ်တွေမြို့နယ်
ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်အဖြစ် မီးဘေးကယ်ဆယ်ရေး၊ လူမှုရေးနှင့်
ဒုက္ခသည်ကူညီရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက်ခဲ့သည်။
၁၉၇၆ မှ ၁၉၈၁ ခုနှစ်အထိ စစ်တွေမြို့ တက္ကသိုလ်များ ပညာသင်ထောက်ပံ့ရေး
ကော်မတီတွင် အလုပ်အမှုဆောင် အဆင့်အထိ တာဝန် ယူခဲ့သည်။
၁၉၇၆ မှ ၁၉၈၁ ခုနှစ်အထိ တက္ကသိုလ်များ ရခိုင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ
(ရန်ကုန်) တွင် အလုပ်အမှုဆောင်အဖြစ် ဆောင်ရွက် ခဲ့သည်။ ၁၉၈ဝ ပြည့်နှစ်
ရခိုင်တန်ဆောင်မဂ္ဂဇင်း အမှတ် ၁၆ တွင် မဂ္ဂဇင်းကော်မတီ အတွင်းရေးမှူးနှင့်
ထုတ်ဝေသူ ဖြစ်ခဲ့သည်။
၁၉၈၂ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ရခိုင်မောင်မယ် တံမြက်စည်းလှဲအသင်း
တည်ထောင်ရာ ဦးဆောင်ပါဝင်ခဲ့သည်။
-----------------------
အမည် ဦးစောသိန်းအောင်
ပါတီ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ
၁၉၅၈ ခုနှစ်တွင် ၁ဝ တန်း အောင်မြင်ခဲ့ပြီး ၁၉၆၃-၆၄ ခုနှစ်တွင် သမိုင်းအဓိက
ဘာသာဖြင့် ဘွဲ့ရရှိခဲ့သည်။ ဘွဲ့ရပြီးနောက် ကျောင်းဆရာ လုပ်ကိုင်ခဲ့သည်။ ၁၉၇၈-၇၉
နှစ်တွင် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ဇော်ထံ ကိုယ်ရေးအရာရှိအဖြစ်
လုပ်ကိုင်ခဲ့သည်။ ထို့နောက် ၁၉၇၉ ခုနှစ်တွင် သင်္ဘောသား လုပ်ကိုင်ခဲ့သည်။
၁ဝ နှစ်ကြာပြီး ၁၉၈၈ ခုနှစ် ဇွန်လ ၂ဝ ရက်နေ့တွင် မြန်မာပြည်သို့
ပြန်ရောက်လာခဲ့သည်။
အိမ်ထောင်ဆက် ၂ ဆက်ရှိခဲ့ပြီး ပထမအိမ်ထောင်ကို အသက် ၂၈ နှစ် အရွယ်တွင်
ပြုခဲ့ပြီး၊ သားတဦးနှင့် သမီးတဦး ထွန်းကားခဲ့သည်။
နိုင်ငံရေးလှုပ်ရှားမှု - ၁၉၆၅ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ)
သင်တန်းတက် ရောက်ခဲ့သည်။ သင်တန်းတက်ပြီး နောက် ရန်ကုန်တိုင်း
စမ်းချောင်းမြို့နယ် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။
-----------------
အမည် ဒေါက်တာ စိုင်းမောက်ခမ်း
၁၉၅ဝ ခုနှစ်တွင် မူဆယ်မြို့၌ မွေးဖွားခဲ့ပြီး မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့
ရရှိခဲ့သည်။
အလုပ်အကိုင် - ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် “ယူလီခ” အထူးကုဆေးခန်း
ဖွင့်လှစ်ထား သည်။
ပါဝင်လှုပ်ရှားခဲ့သည့် အသင်းအဖွဲ့များ - ဒေါက်တာစိုင်းမောင်ခမ်းသည်
ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် လားရှိုးမြို့နယ် ရှမ်းစာပေနှင့်
ယဉ်ကျေးမှု အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည်။
နိုင်ငံရေးလှုပ်ရှားမှု - ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီမှနေ၍ အမျိုးသား လွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် ၃ တွင်
ဝင်ပြိုင်ခဲ့ရာ အနိုင်ရခဲ့သည်။ ရွေးကောက်ပွဲအကြို စည်းရုံးရေးကာလအတွင်း အခမဲ့
ဆေးကုသပေး မည်ဟူ၍ လူထုကျန်းမာရေး အကြောင်းပြချက် ဖြင့်
စည်းရုံးရေးဆင်းခဲ့မှုကြောင့် ဝေဖန်ခံခဲ့ရသည်