For your information,

ပြင်းထန်တဲ့ လာနီညာရာသီဥတု အကျိုးဆက်တွေ ကြုံတွေ့နေရပြီ
မြန်မာနိုင်ငံ အတွင်းကို ဟိမ၀န္တာ တောင်ခြေက လေအေးတွေ တိုးဝင် လာနေပါတယ်။
လွန်ခဲ့တဲ့(၂၄)နာရီအတွင်းကဟိမ၀န္တာတောင်ခြေကလေအေးတွေဟာတရုတ်ပြည်မကြီးပေါ်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်းကြီးမှဆစ်တင့် မြန်မာနိုင်ငံအတွင်းကို တိုးဝင်လာနေပါတယ်။
လွန်ခဲ့တဲ့ (၁၁-၃-၂၀၁၁)ရ့်နေ့စပြီးတော့ မြန်မာနိုင်ငံတ၀ှမ်းမှာ မိုးတွေကလည်း ရွာနေခဲ့ပါတယ်။ အခုမှဘဲ လာနီညာ ရာသီဥတုဆိုတာအေးပြီးစွတ်စိုတဲ့ရာသီဥတုကို ဖြစ်စေပါတယ်ဆိုတာလက်တွေ့ပါဘဲ။မတ်လဆိုတာ နွေကာလကြီးပါ။
အခုမှာ နွေခေါင်ခေါင်ကြီးမှာ မိုးတွင်းကြီးလို မိုးတွေရွာနေပြီး ဆောင်းတွင်းကြီးလို အေးနေပါတယ်။ ဒါဟာ ရာသီဥတုတွေ ဖေါက်ပြန်နေတဲ့သဘောပါဘဲ။
၂၀၁၀၂၀၁၁လာနီညာဟာအသင့်အတင့်အားကောင်းတဲ့အဆင့်သာရှိပေမယ့်သူ့ရဲ့အကျိုးဆက်ဖြစ်တဲ့လာနီညာရာသီဥတုကတော့လာနီညာသမိုင်းတလျှောက်မှာအဆိုးဝါးဆုံးဘဲလို့
စောစောပိုင်းကဖြစ်ခဲ့တဲ့ သြစတြေလျ၊ နယူးဇီလန်၊ ပီရူး၊ အီကွေဒို၊ ဘိုလီးဗီးယား၊ သီရိလင်္ကာစတဲ့ နိုင်ငံတွေမှာ ကြုံတွေ့ခဲ့ရတဲ ရာသီဥတု ဆိုးဝါးမှုတွေကို ကြည့်ပြီး ရာသီဥတုပညာရှင်တွေကသုံးသပ်ကြပါတယ်။
အဲဒီ လာနီညာရဲ့ အဆိုးဝါးဆုံး ရာသီဥတု အကျိုးဆက်တွေကို ကွှန်တော်တို့ အခုမှဘဲ စတင် ကြုံတွေ့နေရပြီလို့ MCCW ကတော့ ယူဆကြောင်းပါဗျာ။
လေထုအရည်အသွေးတွေ ကောင်းမွန်နေဆဲပါ။
(၁၁-၃-၂၀၁၁)ရက် ညနေပိုင်းမှာ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွေမှာ ရေအောက် ငလျင်ကြီးလှုပ်ရာမှာ ဆူနာမီရေလှိုင်းတွေဖြစ်ပေါ်လာခဲ့လို့ nuclear plant (၆)ခုရှိတဲ့အနက် (၄)ခုမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ရေဒီယိုသတ္တိကြွရောင်ခြည်တွေ လေထုထရြောက်ရှိသွားခဲ့ရာမှာ ဂျပန်နိုင်ငံမှာတော့ အရေးပေါ်အခြေအနေမျိုးတွေ ဖြစ်နေရပါတယ်။
အဲဒီမှာ ဒီရေဒီယိုသတ္တိကြွရောင်ခြည်တွေ လေထုထဲကမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံတွေကိုပါ ပျံ့နှံ့ရောက်ရှိသွားလိမ့်မယ်ဆိုတဲ့ သတင်းတွေနဲကအတူ မြန်မာနိုင်ငံကိုလည်း အက်ဆစ်မိုးတွေ ရွာသွန်းတော့မယ်ဆိုတဲ့ ကောလဟာလတွေ အများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး စင်္ကာပူနိုင်ငံမှာ (၁၅-၃-၂၀၁၁)ရက်နေ့မှာ တိုင်းတာရရှိခဲ့တဲ့ လေထုအရည်အသွေး မှတ်တမ်းများကို ကြည့်တဲ့အခါ လေထုမှာ ဘာမျှပြောင်းလဲမှုမရှိသေးဘဲ ကောင်းမွန်နေဆဲဖြစ်တာကို တွေ့ရပါတယ်။ ဒါကြောင့် (၁၅-၃-၂၀၁၁)ရက်နေ့အထိ မြန်မာနိုင်ငံဖက်ဆီကို ရေဒီယိုသတ္တိကြွ ရောင်ခြည်တွေ ရောက်လာမှုမရှိသေးတာကို သိရပါတယ်။