Easy Htwe Oo Myanmar ရုပ်သေးရုံ၏ စနေ-တနင်္ဂနွေ အထူးပွဲများ

11 views
Skip to first unread message

ထွေးဦးမြန်မာ

unread,
Jun 28, 2015, 4:09:16 PM6/28/15
to travelmyanmar

Easy Htwe Oo Myanmar ရုပ်သေးရုံ၏ စနေ-တနင်္ဂနွေ အထူးပွဲများ

June 28, 2015 at 11:28pm

Easy Htwe Oo Myanmar ရုပ်သေးရုံ ရဲ့ အပတ်စဉ် စနေ-တနင်္ဂနွေနေ့တိုင်း ညနေ(၄)နာရီမှာကပြပေးမဲ့ အထူးပွဲလေးကို ဘယ်နေ့ထိလဲလို့ မေးနေကြလို့ သီးသန့် ဖြေပေးလိုက်ပါတယ်။

 

 

ဒီပွဲကို ပရိုမိုးရှင်းပွဲ ဆိုတာထက် အထူးပွဲ လို့ပြောချင်ပါတယ်။ အရင်က အူးထွေးအိမ်မှာ ကတုန်းက မြန်မာမိတ်ဆွေတွေကို အခမဲ့ လာကြည့်ဖို့ ခေါ်ပါတယ်။ နိုင်ငံခြားသား ပွဲကြည့်တဲ့သူက အမြဲတန်း မပြည့်ဘူးလေ။ ဒါပေမဲ့ မြန်မာတွေချည်းဆို အခမဲ့ ကပြပေးဖို့ သိပ်မလွယ်ပါဘူး။ ဒီတော့ နိုင်ငံခြားသား ကြည့်မဲ့သူရှိမှ လာပေါင်းကြည့်ဖို့ ဖိတ်ခေါ်ရပါတယ်။

 

 

အခု easy ထွေးဦးမြန်မာ ရုပ်သေးရုံဖွင့်တော့ အိမ်မှာထက် ကျယ်တယ်ဆိုပေမယ့် ခုံအရေအတွက် သိပ်မများလှပါဘူး။ ဒါပေမဲ့ မြို့လယ်ခါင်ဆိုတော့ high season ကြရင် လူပြည့်ဖို့များပါတယ်။ မြန်မာတွေလည်း လာရလွယ်လို့ လာကြည့်ကြမယ်လို့ မျှော်လင့်ပါတယ်။

 

 

အဲဒီအခါကြရင် အခမဲ့ပြဖို့ အဆင်မပြေတော့ပါဘူး။ မြို့လယ်ခေါင်ရဲ့ အခန်းငှားခ၊ ပြင်ဆင်စားရိတ်၊ မီတာခ စသဖြင့် စားရိတ်တွေ ကြီးတာကြောင့်ပါ။

 

 

ဒါကြောင့် မြန်မာတွေကိုလည်း အခမဲ့ပြချင်ပေမဲ့ ရုံဝင်ခ ယူဖို့စဉ်းစားရပါတယ်။ နိုင်ငံခြားသားနဲ့ ခွဲပြီးယူရင်လည်း တော်ကြာ မြန်မာတွေချည်း ရုံပြည့်သွားရင် နိုင်ငံခြားသားတွေ မကြည့်ရဖြစ်မှာ စိုးရိမ်ပါတယ်။ အချို့က နောက်ရက် ထပ်မလာနိုင်ဘူးလေ။

 

 

တန်းတူယူပြန်ရင်လည်း အချို့က ပိုပြီးတောင် ပေးနိုင်ပေမဲ့ အချို့အတွက် များနေမှာကို စိတ်ပူမိပါတယ်။

 

 

နောက်ဆုံးတော့ မိတ်ဆွေတစ်ယောက် အကြံပေးတဲ့အတိုင်း သက်သာတဲ့ဈေးနဲ့ တစ်ချိန်ခွဲပြီး သီးသန့် ကပြပေးဖို့ စီစဉ်လိုက်တာပါ။

 

 

မြန်မာတွေ အကြည့်များမဲ့ စနေ-တနင်္ဂနွေ (၄)နာရီကို အထူးပွဲအဖြစ် စတင်ကပြပေးနေတာပါ။ မြန်မာချည်းသာ၊ နိုင်ငံခြားသားမပါဘူးလို့တော့ သတ်မှတ်မထားလို့ ဒီပွဲရှိတာသိလို့ လာကြည့်တဲ့ နိုင်ငံခြားသားတွေ အတွက်တော့ ပရိုမိုးရှင်းပွဲပေါ့။ မြန်မာတွေအတွက် အထူးပွဲပါ။

 

 

နောက်တစ်ခုက ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေတွေ၊ မေတ္တာဖြင့် ပြသရမဲ့သူတွေအတွက်လည်း သီးသန့်ဖိတ်လို့ ရအောင်ပါ။

 

 

ဒါ့ကြောင့် အားပေးသူတွေရှိလို့ အခုလို ရုံပြည့်အောင် ကပေးနေရသ၍ ဒီအထူးပွဲ အစီအစဉ်ကို ထားသွားပေးမှာဖြစ်ပါကြောင်း။

 

 

အကယ်၍ စနေ-တနင်္ဂနွေ (၄)နာရီ အထူးပွဲကို လာကြည့်ဖို့ အဆင်မပြေလို့ အခြားနေ့ရက်၊ အခြားအချိန်များတွင် ကြည့်ရှုအားပေးချင်တယ် ဆိုလျင်လည်း အနည်းဆုံး ဆယ်ယောက်ဆိုလျင် အထူးနှုံးနဲ့ ကပြပေးပါမယ်။ အနည်းဆုံး ငါးယောက်ဆိုလျင်တော့ ပုံမှန်လက်မှတ်ခဖြင့် အားပေးရန်ဖြစ်ပါတယ်။(ယခု လောလောဆယ်အတွက် အနည်းဆုံး လူဦးရေ သတ်မှတ်ချက်ဖြစ်ပါတယ်။ high season အတွက် ပြောင်းလဲနိုင်ပါတယ်။)

 

 

ခရီးသွားကုမ္ပဏီများမှ Inspection visit လာမည်ဆိုပါက အဆင်ပြေစွာ လာရောက်နိုင်မည့်အချိန်တွင် ကပြမိတ်ဆက်ပေးသွားပါမယ်။

 

 

အနည်းဆုံး တစ်ရက်ကြိုတင်၍ 

ea...@htweoomyanmar.com သို့စာပို့၍လည်းကောင်း

Easy Htwe Oo Myanmar facebook သို့ဆက်သွယ်၍လည်းကောင်း

01 211 942, 0979 8888 790 နှင့် 0951 27271 တို့သို့ ခေါ်ဆို၍လည်းကောင်း

ဘိုကင် တင်နိုင်ပါတယ်။

 

 

လိပ်စာမှာ အမှတ် ၁၇၄/၁၇၆(ပထမထပ်) ဆူးလေဘုရားလမ်း(ရုပ်ရှင်ရုံဘလောက်၊ လူကူးခုံးကျော်တံတားအဆင်း)

 

 

မြန်မာ့ရုပ်သေးကို အားပေးမှုအတွက် ကျေးဇူးတင်စွာဖြင့်

 

 

Easy Myanmar Travel + HTWE OO MYANMAR

 

Reply all
Reply to author
Forward
0 new messages