Re: ကြယ်လိပ်များနေထိုင်ရာ မင်းစုံတောင်သဘာဝဘေးမဲ့တော ဆီသို့ သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန် စီစဉ်တင်ပြသည်

20 ملاحظات
پہلے نہ پڑھے ہوئے پیغام پر جائیں

Khaing Oo Swe

نہ پڑھا ہوا،
14 دسمبر، 2015، 6:09:15 PM14/12/15
بنام Thaung Naing Oo،travel...@googlegroups.com
Thanks to Ko Thaung Naing Oo,

Please let me add the data for Star tourtoise.

ကိုသောင်းနိုင်ဦး

လိပ်များဟာ Reptilia  ခေါ်တဲ့တွားသွားသတ္တ၀ါအုပ်စုပါ။ ကုန်းလိပ် ကို Tortoise ဟုခေါ်ပြီး ရေလိပ်ကို Turtle ဟုခေါ်ကြတယ်။ ရေလိပ်ကို Terrapin ဟုလည်းခေါ်ကြတယ်။

ကြယ်လိပ်၏ Common name: Myanmar Star Tortoise

Family:  Testutinidae

Scientific name: Geochelone platynota (Blyth,1863)


လေးစားစွာဖြင့်
ခိုင်ဦးဆွေ


2015-12-12 8:37 GMT+06:30 Thaung Naing Oo <thaung...@gmail.com>:

ကြယ်လိပ်များနေထိုင်ရာ မင်းစုံတောင်သဘာဝဘေးမဲ့တော ဆီသို့

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန် စီစဉ်တင်ပြသည်

          ကျွန်မက မင်းစုံတောင်အုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင်ပါ။

ကမ္ဘာမှာ လိပ်မျိုးပေါင်း ၂၆၀ ရှိပါတယ်။ ၂၆၀ အနက် ရှားပါးစာရင်းဝင်က ၂၅ မျိုးပါဝင်ပါတယ်။ အဲဒီ ၂၅ မျိုးထဲမှာမှ မြန်မာ့ကြယ်လိပ်ဟာ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ မြန်မာပြည်မှာ လိပ်မျိုးပေါင်း ၃၂ မျိုးရှိတယ်။ အဲဒီအထဲမှာမှ ၈ မျိုးက ကိုယ့်ဒေသရင်း လိပ်မျိုးဖြစ်ပါတယ်။ ကုန်းလိပ် ၄ မျိုးထဲမှာ ဒီကြယ်လိပ်က တစ်မျိုးအပါအဝင်ဖြစ်တယ်။

သူ့ရဲ့ Common Name ကတော့ …… Scientific Name ကတော့ …… ။ ဒီကြယ်လိပ်လေးတွေဟာ မြန်မာပြည်ရဲ့ ဒေသရင်းလိပ်လေးတွေဖြစ်ပါတယ်။ တခြား ကမ္ဘာမှာ ဘယ်နေရာမှာမှ မတွေ့နိုင်ပါဘူး။ မြန်မာပြည်မှာပဲရှိပါတယ်။ မြန်မာ့မျိုးရင်း စစ်စစ်ပါ။ မြန်မာပြည်မှာတောင်မှပဲ ဒီလိပ်တွေကို တွေ့နိုင်တာဟာ မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ဒီမင်းစုံတောင်ဘေးမဲ့တော၊ စစ်ကိုင်းတိုင်းဒေသကြီး ပုသိမ်-မုံရွာလမ်းမကြီး ဆင်ပြစ်ပင်ကျေးရွာအနီးမှာ၊ ပြီးတော့ တကောင်းမြို့ဟောင်းအနီးမှာ၊ နောက်တစ်ခုက မကွေးတိုင်းဒေသကြီး ရွှေစက်တောဘေးမဲ့တောမှာ တွေ့နိုင်ပါတယ်။ သူတို့ရဲ့ သဘာဝကျက်စားတာကတော့ မင်းစုံတောင်ဘေးမဲ့တောနဲ့ ရွှေစက်တော်ဘေးမဲ့တောတို့ ဖြစ်ပါတယ်။

          ရှားပါးမျိုးစိပ်လည်းဖြစ်တယ် ကိုယ့်ဒေသရင်းလည်းဖြစ်တယ်။ သဘာဝတောမှာ မျိုးတုံးတော့မယ်ဖြစ်နေတဲ့အတွက်ကြောင့် ဒီမင်းစုံတောင်သဘာဝဘေးမဲ့တောရယ် ရွှေစက်တော် သဘာဝ ဘေးမဲ့တောမှာ ခြံလှောင်မွေးမြူရေးစနစ်တွေ လုပ်ရပါတယ်။ အဲဒီနှစ်နေရာထဲဆိုတော့ နည်းနေသေးတဲ့ အတွက် မန္တလေးတိုင်းဒေသကြီး လောကနန္ဒာဥယျာဉ်မှာလည်းပဲ သူတို့ကြိုက်နှစ်သက်မည့် အနေအထားတွေကို ဖန်တီးပြီးတော့ ခြံလှောင်မွေးမြူရေးစနစ်ကို တိုးချဲ့ဖွင့်လှစ်ထားပါတယ်။ တခြားတွေ့နိုင်တဲ့နေရာတွေကတော့ Zoo တွေမှာလဲတွေ့နိုင်ပါတယ်။ မန္တလေးရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ရန်ကုန်၊ နေပြည်တော်တိရစ္ဆာန်ဥယျာဉ်တွေမှာလည်း တွေ့နိုင်ပါတယ်။

          သူတို့ကို ကြယ်လိပ်လို့ခေါ်ရတဲ့အကြောင်းရင်းက သူ့တို့ရဲ့ဦးခေါင်းထိပ်မှာ ကြယ်ပုံသဏ္ဍာန် အမှတ်အသားကို အထူးပြုပြီးတော့ (ကြယ်လိပ်)လို့ခေါ်တာပါ။ နောက်တစ်ခုက သူ့ရဲ့ကျောကုန်း အလယ်ကျောရိုးမှာ ပန်းပုံသဏ္ဍာန်တွေ့ရပါတယ်။ အဲဒါကြောင့် တစ်ခြားဒေသတွေမှာ သူ့တို့ကို (ပန်းလိပ်)လို့ အမည်တွင်ပါတယ်။ ပြီးတော့ ကျောကုန်းနဲ့ နံဘေးဘက်တွေမှာ Spider ပုံစံမျိုးတွေဖြစ်ပေါ်ပြီး ပင့်ကူအိမ်နဲ့တူ နေတဲ့အတွက် အချို့ဒေသတွေမှာ (ပင့်ကူလိပ်)လို့ခေါ်ကြတယ်။ အခေါ်အဝေါ်ဆိုတာကတော့ ဒေသအလိုက် ကွဲပြားတာမျိုးရှိတာပေါ့လေ။

          အဲဒီနောက် အထီးအမခွဲခြားပုံကိုပြောပါမယ်။ ဒီနှစ်ကောင်က သက်တူရွယ်တူဖြစ်ကြပါတယ်။ ဒါပေမဲ့ တစ်ကောင်က နှစ်ဆလောက်နီးပါးကြီးမားနေတာကို တွေ့ကြရမှာပါ။ အဲဒီနှစ်ဆကြီးနေတဲ့အကောင်က အမဖြစ်ပါတယ်။ အသေးက အထီးပါ။ အမြဲတမ်း အမက ပိုကြီးပါတယ်။ အထီးကသေးပါတယ်။ သူ့ရဲ့ကျောပြင်ဟာ လုံးဝိုင်းတဲ့ပုံသဏ္ဍာန်ဖြစ်တယ်။ အခွက်လေးလဲပါနေတယ်။ အဲဒါက မိတ်လိုက်တဲ့အခါ အဆင်ပြေအောင် သဘာဝကဖန်တီးပေးထားတဲ့ အရာဖြစ်ပါတယ်။ သူတို့ရဲ့ မိတ်လိုက်ချိန်ကတော့ ဇွန်လကနေ သြဂုတ်လအထိဖြစ်တယ်။ စပြီး ဥတာကတော့ စက်တင်ဘာလကနေ မတ်လကုန်အထိဖြစ်တယ်။ အဲဒီနောက် ၈ လကြာပြီးတဲ့အခါ မေ၊ ဇွန်၊ ဂျူလိုင်လတွေမှာ သားပေါက်ကြပါတယ်။

ပြီးတော့ အမြီးကိုကြည့်မယ်ဆိုရင်လည်း အထီးရဲ့အမြီးက သေးသွယ်ရှည်လျှားတယ်။ အမရဲ့ အမြီးက တုတ်တိုခိုင်ခန့်တယ်။ အထီးရဲ့ အမြီးပိုင်း အကြေးခွက်တွေက တော်တော်လေးထူထဲပါတယ်။ အမရဲ့အမြီး အကြေးခွက်မှာတော့ အရမ်းကြီးကို ပါးတယ်။ ကုန်းလိပ်တွေမှာဆိုရင် သူ့ရဲ့ထူးခြားချက်က နောက်ခြေထောက်က ဆင်ခြေထောက်ပုံသဏ္ဍာန်ဖြစ်တယ်။ သူတို့ခြေထောက်တွေက တုတ်တိုခိုင်မာမှ သူတို့ရဲ့ခြေသည်းတွေနဲ့ ဥများဥဖို့ တွင်းတူးတဲ့အခါ ပိုပြီး အဆင်ပြေမှာပါ။ တွင်းရဲ့အကျယ်ကတော့ ၁ လက်မကနေ ၁ လက်မခွဲအထိကျယ်ပြီး အနက်ကတော့ ၆ လက်မအထိနက်ပါတယ်။ အဓိကကတော့ သူတို့ခြေထောက်ကလေးတွေ မှီရောက်သည်အထိ တူးကြတာပါ။ နောက်တစ်ခုက သူဥချနိုင်မည့် အလုံးအရေအတွက်ကို သူသိနေတဲ့အတွက် ကျင်းဘယ်လောက်ကျယ်ကျယ်တူးရမယ်ဆိုတာကို သူသိနေတာပါပဲ။ ၃ လုံးလောက်ပဲဥမယ်ဆိုရင် သာမန်ပဲတူးပြီး ဒီထက်ပိုများမယ်၊ ဥပမာ- ၁၄ လုံးလောက်ဥမယ်လို့ဆိုရင် တွင်းရဲ့ဘေးဘက်တွေကို ချဲ့ပြီးတူးတာပါပဲ။ ထူးခြားချက်တစ်ခုက တွင်းတူးဖို့မြေကြီးက အရမ်းမာကျောနေတယ်ဆိုတာကိုသိလိုက်ရတဲ့အခါ မြေကြီးအစိုဓာတ်ရပြီး အနည်းငယ်နူးသွားအောင် သူတို့ရဲ့ (ယူရီးန်)ကို အသုံးပြုပြီးတူးဆွခြင်းပါပဲ။ တစ်ကြိမ်ဥလျှင် ၂ လုံးကနေ အများဆုံး ၁၄ လုံးထိ ဥပါတယ်။ တစ်နှစ်အတွင်းမှာ ၁ ကြိမ်ကနေ ၄ ကြိမ်အထိ ဥပါတယ်။ တစ်ကြိမ်နှင့်တစ်ကြိမ် လခြားပြီးဥပါတယ်။ တစ်ချို့အမတွေဆိုရင် တစ်ကြိမ် (သို့) နှစ်ကြိမ်နဲ့ ပြီးသွားပါတယ်။ အများဆုံးဥတဲ့ အမက တနှစ်အတွင်း ၃၅ လုံးအထိ ဥပါတယ်။ ဒီမှာပေါက်ပွားနှုံးက ၆၈ ရာခိုင်နှုံးပေါက်ပါတယ်။ အဲဒီတော့ တစ်ဝက်ကျော်ကျော် အောက်မြင်တယ်လို့ ဆိုရမှာပါ။

ဒါကလည်း အပူချိန်ပေါ်မှာလည်း မူတည်ပါတယ်။ သူတို့က အပူပိုင်းဒေသ အပူကြိုက်တဲ့အကောင်တွေဆိုတော့ ကြိုက်သလောက်ပူပါစေ သူတို့ကကြိုက်တယ်။ အေးတဲ့အချိန် ဆောင်းရာသီလိုမျိုးဆိုရင် အရမ်းဂရုစိုက်ရပါတယ်။ အေးတဲ့ရာသီမှာ နှာရည်တွေထွက်တယ်။ မျက်လုံးတွေနီရဲတယ်။ လူတွေလို ဖျားသလိုမျိုးပေါ့။ ခန္ဓာကိုယ်တွေ ရောင်ကိုင်းလာတယ်။

နောက်တစ်ခုက သူတို့ကို အသက်ခန့်မှန်းလို့ရပါတယ်။ လိပ်ပေါ်မှာရှိနေတဲ့ (စကု)တစ်ခုကို ကြည့်လိုက်ပါ။ အဲဒီမှာ (အင်နူရယ်ရီးန်) ခေါ်တဲ့ အကွင်းလေးတွေပါပါတယ်။ အဲဒီ အကွင်းတစ်ကွင်းကို အသက် ၁ နှစ်လို့ သတ်မှတ်ပါတယ်။ (Spacing) ကိုတော့ ကိုယ့်ဖာသာညှိပြီး တွက်ချက်ရတာပါ။ အတိအကျမှန်နိုင်လားဆိုတော့ မမှန်နိုင်ပါဘူး။ စပေါက်ခါစ တစ်နှစ်သားအရွယ်မှာဆိုရင် ကွင်း ၃-၄ ကွင်းက ပါလာပါတယ်။ တစ်နှစ်ကို တစ်ကွင်းတက်သွားပါတယ်။

အထီးဆိုရင်တော့ ၃ နှစ်သားကနေစပြီး မိတ်လိုက်လို့ရပါပြီ။ အမကတော့ ၆ နှစ်ပြည့်မှ မိတ်လိုက်လို့ရပါတယ်။ မွေးဖွားနိုင်ဖို့ အသက်အရွယ်က လိုအပ်တဲ့အတွက် ပိုကြာရခြင်းဖြစ်တယ်။ သက်တမ်းကတော့ နှစ် ၁၀၀ - ၁၂၀ လောက်ထိရှည်ပါတယ်။ ဒီမှာတော့ တောထဲကနေရလာတာက များတော့ အသက် ၂၅ နှစ်ကျော်အကောင်တွေ ရှိပါတယ်။

သူတို့ရဲ့ ကျောကုန်းမှာ နံပါတ်လေးတွေရေးထားရပါတယ်။ ကျွန်မတို့လူတွေမှာ မှတ်ပုံတင်သလိုမျိုးပေါ့ သူတို့ကိုလည်း မှတ်ပုံတင်ထားတာပါ။

သူတို့ရေလည်းကူးတတ်ကြပါတယ်။ တစ်ခါတစ်လေ နွေရာသီမှာဆိုရင် ရေထဲလွှတ်ပေးရတာမျိုးတွေ ရှိပါတယ်။

သူတို့ဟာ အစုံစားသတ္တဝါပါ။ အသီးအရွက်လည်းစားတယ်။ အသားလည်းစားပါတယ်။

နိုင်ငံခြားသားများလည်း ဝင်ရောက်လေ့လာလို့ရပါတယ်။ ဝင်ကြေးမရှိပါဘူး။ ဒါပေမဲ့ သူတို့အစားအစာ စသည်တို့အတွက် လှူမယ်ဆိုရင်တော့ လက်ခံပါတယ်။ သူတို့တစ်ကောင်စီအတွက် ဘတ်ဂျက်က ၁၀ ကျပ်ပဲရတာဆိုတော့ ဒီဒေသမှာ ကန်ဇွန်းရွက်တစ်စီးကို ၃၅ ကျပ်ပေါက်ပါတယ်။ အဲဒီတော့ စားနိုင်တဲ့ကလေးနဲ့ မစားနိုင်တဲ့ကလေး မျှပြီးကျွေးရတာပေါ့။

ကြယ်လိပ်တစ်ကောင်ရဲ့ ဈေးနှုံးကတော့ ဒီမှာတော့ အရောင်းအဝယ်ဆိုတာမရှိတဲ့အတွက် မသိနိုင်ပါဘူး။ ဒါပေမဲ့ ဒီကပျောက်သွားတဲ့လိပ်တွေက ထိုင်းနိုင်ငံဘက်ကို ရောင်းစားခံရတယ်။ ထိုင်းနိုင်ငံက Face book မှာ တင်ရောင်းထားကြတယ်။ အဲဒီက Interpol နဲ့လည်းချိတ်ထားပါတယ်။ အဲဒီမှာ ထိုင်းစကားပြန်တစ်ယောက်ကိုမေးကြည့်တော့ (မြန်မာပြည်နယ်စပ်ကို ဖြတ်ကျော်လာသော မြန်မာ့ကြယ်လိပ်များ ရောင်းရန်ရှိသည်။ ဘတ် ၂၃၀၀၀) လို့ရေးထားတော့ မြန်မာကျပ်ငွေနဲ့ဆိုရင် ၇ သိန်းနဲ့ ၈ သိန်းကြားမှာရှိတာပေါ့။

ဒီမှာက မှတ်တမ်းတင်နိုင်မှု ထိန်းသိမ်းနိုင်မှု စတာတွေက အားနည်းပါတယ်။ နိုင်ငံခြားကနေပြီးတော့ မြန်မာပြည်မှာ ဒီလိပ်မျိုးရှိခဲ့ဖူးတယ်ဆိုပြီးတော့ သူတို့ဖာသာသိလို့ လိုက်လာတယ်။ လိုက်လာတော့ ၁၉၉၉ ခုနှစ်ကစပြီး သူတို့မှတ်တမ်းထဲမှာ ရှိနိုင်တယ်ဆိုတဲ့ ရွှေစက်တော်ဘေးမဲ့တော၊ မင်းစုံတောင်ဘေးမဲ့တော၊ ပုသိမ်မုံရွာလမ်းကြီးတစ်လျှောက် ချင်ပစ်ပင်ကျေးရွာ စတဲ့နေရာတွေမှာ ဆာဗေးတွေဆင်းခဲ့ပါတယ်။ ရွှေစက်တော်မှာ ၁၁ ကောင်တွေ့တယ်။ အလားတူ ၂၀၀၀ ခုနှစ်မှာ ဒီမင်းစုံတောင်ကိုဆင်းတော့လည်း ၁၁ ကောင်တွေ့ပါတယ်။ နောက်တစ်ခု ကျွဲနဖား မြလိပ်တောင်မှာ ဆာဗေးဆင်းတော့လည်း ထူးထူးခြားခြား အဲဒီမှာလည်း ၁၁ ကောင်တွေ့ပါတယ်။ အဲဒီအချိန်တုံးက မျိုးတုံးစတော့ပြုနေပြီလို့ ဆိုရမှာပါ။ သူတို့ကို မွေးရတဲ့ရည်ရွယ်ချက်ကလည်း ရှားပါးနေတဲ့အတွက်ကြောင့် ခြံလှောင်ပြီးမွေးရတာပါ။ အခုတော့ အကောင်တွေက တိုးပွားလာပြီ။ နေရာတွေလည်း ကျပ်လာပါပြီ။ ကျပ်လာပြီဆိုတော့ သူ့ရဲ့ သဘာဝတောကို ပြန်လွှတ်ရတော့မှာပါ။ အဲဒီအစီအစဉ်တွေလည်း စလုပ်နေပါပြီ။ ၂၀၀၈ ခုနှစ်မှာ အကောင်၅၀ကို မင်းစုံတောင်ဘေးမဲ့တောမှာ စလွှတ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ လိပ်အကောင်ရေ ၁၃၀ လွှတ်ခဲ့ပါတယ်။ ပြီးတော့ ဒီနှစ် ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ၄ ရက် လွတ်လပ်ရေးအထိမ်းအမှတ်အနေနဲ့ အကောင် ၃၀၀ လွှတ်ခဲ့ပြီး စုစုပေါင်း အကောင် ၄၅၀-၅၀၀ လွှတ်ပြီးပါပြီ။ နောက်ဆက်တွဲကတော့ ဒီမိုကရေစီဂျာနယ်လေးသာ ဖတ်ကြည့်လိုက်ပါတော့။ (ဝမ်းနည်းစရာပါ။ တချို့ပျောက်ဆုံးကုန်ပါတယ်) ကိုယ့်ကလေးတွေပျောက်သွားတာ ဆိုတော့ မပြောရက်ဖူးဗျာ။

 (အမေးအဖြေ ကဏ္ဍ)

မေး။    ။Private မွေးရင် သစ်တောဥပဒေနဲ့ ညိစွန်းပါသလား။

ဖြေ။     ။ကိုယ့်နိုင်ငံမှာပဲတွေ့နိုင်တယ်။ ရှားပါမျိုးစိပ်ဖြစ်တယ်။ (နိုင်ငံတကာ အပင်နှင့်သားငှက်တိရစ္ဆာန်များ ရောင်းဝယ်ဖောက်ကားမှု တားဆီးရေးအဖွဲ့) ရှိတယ်။ မြန်မာပြည်မှာကတော့ လုံးဝကာကွယ်ထားတဲ့တိရိစ္ဆာန်၊ သာမန်ကာကွယ်ထားတဲ့တိရစ္ဆာန်၊ ရာသီအလိုက်ကာကွယ်ထားတဲ့တိရစ္ဆာန် ဆိုပြီး သုံးမျိုးခွဲခြားထားတယ်။ လုံးဝကာကွယ်ထားတဲ့တိရစ္ဆာန်မှာဆိုရင် ခွင့်ပြုချက်မရဘဲ သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း၊ လက်ဝယ်မှာထားရှိခြင်း၊ တင်ပို့ရောင်းချခြင်း၊ အချင်းချင်းရောင်းချခြင်း၊ အစိပ်အပိုင်းတစ်ခုခုကို တစ်စုံတစ်ခုပြုလုပ်ခြင်း တို့ကျူးလွန်မယ်ဆိုရင်ထိုက်သင့်တဲ့ ပြစ်ဒဏ်ခံရမှာပါ။ ရာသီအလိုက်ကာကွယ်ထားတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်ခြင်းစသည် ကျူးလွန်မယ်ဆိုရင် ထောင်ဒဏ် ၃ နှစ်နဲ့ ၁ လ။ သာမန်ကာကွယ် ထားတဲ့တိရစ္ဆာန်ကို ကျူးလွန်မယ်ဆိုရင် ၃၆(က)အရ ထောင်ဒဏ် ၅ နှစ်နဲ့ ၃ လ၊ လုံးဝကာကွယ်ထားတဲ့ တိရစ္ဆာန်ကို ကျူးလွန်မယ်ဆိုရင် ၃၇(က)အရ ထောင်ဒဏ် ၇ နှစ်နဲ့ ဒဏ်ငွေ ငါးသောင်း၊ နှစ်ခုစလုံးဖြစ်စေ ကျခံရမယ်။ ဒီကြယ်လိပ်တွေဟာ လုံးဝကာကွယ်ထားတဲ့ အကောင်တွေထဲမှာပါဝင်ပါတယ်။

         ။Sky Net ကရိုက်ကူးထားတဲ့ Documentary ရှိပါတယ်။ အမြဲပြသပေးနေပါတယ်။

         ။သူတို့ဟာ သွားမပါကြပါဘူး။ အသီးအနှံတွေဆိုရင် ဒီအတိုင်းပဲ မျိုချကြပါတယ်။ အဲဒီအခါ သူတို့ မစင်စွန့်တဲ့အခါ မြေသြဇာဖြစ်သွားတာတို့ မိုးရာသီလိုမျိုးမှာ အသီးအနှံတွေကနေ အပင်တွေပြန်ပေါက်လာတာ တို့ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သစ်ပင်စိုက်သူများ ဖြစ်ကြပါတယ်။

         ။ဘာဖြစ်လို့ မျိုးတုံးခဲရသလဲဆိုရင် အလွန်အကျွံထုတ်ယူသုံးစွဲကြလို့ပါပဲ။

         ။တရုတ်ပြည်ကိုလည်းတင်ပို့တယ်လို့ကြားဖူးပါတယ်။ တရုတ်ပြည်မှာ ဒီလိပ်များရဲ့ ပလက်တွန်က ဆေးဖက်ဝင်တယ်လို့ကြားဖူးပါတယ်။ မြန်မာပြည်မှာတော့ သိပ်မသုံးပါဘူး။

         ။တန်ဖိုးကြီးရတဲ့အကြောင်းကတော့ တချို့နိုင်ငံတွေမှာ Lucky ရှိတဲ့အကောင်လို့ဆိုပြီး မွေးတဲ့လူတွေ ရှိတယ်။ တချို့ကလည်းမွေးရုံနဲ့ Lucky ဖြစ်တယ်ဆိုရင် စားရင်လည်း ဘယ်လောက် ပိုပြီး Lucky ရှိမလဲဆိုပြီး ခရေဇီဖြစ်တဲ့သူတွေ စားကြတာလည်းရှိတယ်။

         ။လိပ်ခွံနဲ့ ရင်ထိုး၊ ဆံထိုး၊ ခေါင်းဖီးတို့လည်း လုပ်ကြတယ်လို့ ဆိုပါတယ်။

         ။လိပ်ဥအရွယ်အစားကတော့ အသေးဆုံးက ၂.၃ မီလီမီတာ၊ အကြီးဆုံးအရွယ်အစားက ၄.၁ - ၄.၂ မီလီမီတာခန့်ရှိပါတယ်။ လိပ်ရဲ့ ကျောခွင်ရဲ့ အရှည်၊ အနံနဲ့ ရင်ခွင်ရဲ့ အရှည်၊ အနံတို့ကိုလည်း တိုင်းရပါတယ်။

         ။သဘာဝအန္တရာယ်ကတော့ ကြွက်ဝမ်းဖြူတွေက လိပ်ကလေးတွေရဲ့ ခြေထောက်ကတွေကို လာကိုက်တတ်တယ်။ အူတွေဖောက်စားတယ်။ အကောင်ပေါက်ကလေးတွေ တွင်းထဲကမထွက်မီ ပုရွက်ဆိတ်ကိုက်ပြီးသေတာမျိုးတွေလဲရှိတယ်။ အဲဒီအခါ ပုရွက်ဆိတ်အန္တရာယ်ကာကွယ်ရပြန်ရော။ ပြီးတော့ အသားစားငှက်တွေက ချီယူသွားပြီး သစ်ပင်ပေါ်မှာ ထိုးစားကြတာမျိုးတွေရှိပါတယ်။ သာဘာဝကတော့ သဘာဝအတိုင်းပဲပေါ့။

         ။သူတို့ရဲ့ ဥ(သို့)အခြားအစိပ်အပိုင်းအများရဲ့ အရာသာဟာ ဘယ်လိုရှိပါသလဲဆိုတော့ ကျွန်မတို့ မစားဖူးတော့မသိပါဘူးတဲ့။ စားဖူးသူများကို မေးကြည့်တော့ ပင်လယ်လိပ်လိုမျိုးပါပဲတဲ့။

         ။ပိတ်ချိန် ဖွင့်ချိန်မရှိပါဘူး။ ကြိုတင်အကြောင်းကြားထားပါက စောင့်ဆိုင်းပေးပါတယ်။

         ။၁ - ၂ နှစ်သားဆိုရင် ဖလန်းဖလန်းထတဲ့အချိန်ပေါ့။ ၃ နှစ်ကနေ  ၅ နှစ်သားအရွယ်က သူတို့အရွယ် ရောက်ချိန်ပေါ့။ ကိုယ့်ကိုယ်ကို သာဘာဝဘေးအန္တရာယ်ကနေ ရင်ဆိုင်နိုင်ပြီဖြစ်တဲ့အတွက် ကြယ်လိပ်များကို တောထဲလွှတ်ပါတယ်။ လွှတ်တဲ့အခါ မိုက်ခရိုချစ်ပ် များကိုတပ်ပြီးလွှတ်ပါတယ်။

         ။လိပ်တစ်ကောင်ရဲ့ ရောဂါ (သို့) ရောဂါပိုးရှိမရှိ ကျန်းမာရေးစစ်ဆေးမှုက ကုန်ကျစရိတ် အရမ်းကြီးတဲ့အတွက် ကျွန်မတို့မလုပ်နိုင်ပါဘူး။ နိုင်ငံခြားကနေသူတို့စက်တွေယူလာတယ်။ စစ်ဆေးမှုတွေ လာလုပ်ပါတယ်။ တစ်ကောင်ကို ဒေါ်လာ ၁၀၀၀ လောက်ကျပါတယ်။ ကျွန်မတို့ အဲဒီလောက်မတတ်နိုင်ပါဘူး။ မြန်မာပြည်မှာရှိတဲ့ ကြယ်လိပ်တွေကို ၃ နှစ်ဆက်တိုက် စစ်ဆေးပါတယ်။ ဘာရောဂါမှမတွေ့ပါဘူး။ ဒီမှာတွေရတဲ့လိပ်တွေက ကျန်းမာသန်စွမ်းနေတဲ့လိပ်ကလေးတွေပါ။

         ။မြန်မာနိုင်ငံမှာ ကြယ်လိပ်အကောင်ရေကတော့ ၅၀၀၀ ကျော်ရှိနေပါပြီ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။        ။ ရပါတယ်ရှင် ဒါ ကျွန်မတို့ရဲ့တာဝန်ပါရှင့်။

(မှတ်ချက်။       ။Mp3 မှတဆင့် ကူးယူရေးသားရပါ၍ မရှင်းလင်းသော အကြောင်းအရာ အချက်အလက်များစွာ ပါရှိပါသဖြင့် အကယ်၍ အမှားတစ်စုံတစ်ရာ ပါရှိခဲ့ပါက ကျွန်တော်၏အမှားများသာ ဖြစ်ပါကြောင်း တောင်းပန်အပ်ပါသည်။ သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်)

 


سبھی کو جواب دیں
مصنف کو جواب دیں
فارورڈ کریں
0 نئے پیغامات