ကုလသမဂ္ဂ အ​ထွေ​ထွေ​အတွင်း​ရေး​မှူး​​ရာထူး​ ဒုတိယသက်တမ်း​ ဆက်လက်​ရယူရန် ဘန်ကီမွန်း​​ကြိုး​ပမ်း​မည် ၊ သက်ဆင်ညီမက ရွေးကောက်ပွဲရလဒ်ကို လက်ခံသွားရန် ထိုင်းစစ်တပ်အားတိုက်တွန်း ၊ ထပ်စင်၏ညီမကို မဟုတ်မမှန်ထွက်ဆိုမှုဖြသ့် အရေးယူရန် တောင်ဆို ၊ တရုတ်နိုင်ငံ၏ ပထမဆုံ

16 views
Skip to first unread message

Slip Knot

unread,
Jun 13, 2011, 5:40:54 PM6/13/11
to

  1. ကုလသမဂ္ဂ အ​ထွေ​ထွေ​အတွင်း​ရေး​မှူး​​ရာထူး​ ဒုတိယသက်တမ်း​ ဆက်လက်​ရယူရန် ဘန်ကီမွန်း​​ကြိုး​ပမ်း​မည် ၊
  2. သက်ဆင်ညီမက ရွေးကောက်ပွဲရလဒ်ကို လက်ခံသွားရန် ထိုင်းစစ်တပ်အားတိုက်တွန်း ၊
  3. ထပ်စင်၏ညီမကို မဟုတ်မမှန်ထွက်ဆိုမှုဖြသ့် အရေးယူရန် တောင်ဆို ၊
  4. တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘော တည်ဆောက်နေ  ၊
  5. ချီလီမီးတောင်ကြီး ပေါက်ကွဲရန် အားယူနေပြီ ၊
  6. ဆူနာမီအန္တရာယ် ဂျပန်လျှော့တွက်ခဲ့ဟု အိုင်အေအီးအေ ဆို ၊
  7. ဂျာမနီ၏ နျူဓာတ်အား​ပေး​စက်ရုံများ​ ပိတ်သိမ်း​မည်  ၊
  8.  တောင်အာဖရိကတွင် ကြွက်ကိုက်သဖြင့် ကလေးသူငယ်များသေဆုံး ၊ 
  9. လေဒီဂါဂါ၏ အယ်လ်ဘမ်ရောင်းချမှု လက်ဘနွန်အစိုးရပိတ်ပင်  ၊
  10.  ကျောင်း​သူဘဝတွင် မိန်း​မပျက်ဟု အ​ခေါ်ခံရဖူး​ကြောင်း​ ​လေဒီဂါဂါ​ပြောကြား​ ၊
  11. အပမ်း​ဖြေသည့်​အခါ အ​ပေါ်ပိုင်း​ဗလာကျင်း​တတ်သည့်​ ဗြိတိန်အမျိုး​သမီး​များ​ ၊
  12. ဆယ်ကျော်သက် မိန်းကလေးများအား အဓမ္မ ကိုယ်ဝန်ဆောင်ခိုင်းသည့် အိမ်တစ်အိမ်ကို နိုင်ဂျီးရီးယားတွင် ဖမ်းဆီး ၊
  13. ကမ္ဘာ့နိုင်ငံအချို့တွင် ကလေးငယ်များ လက်ထပ်ပေးစားခြင်းခံနေရ ၊
  14. ၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ် ၊
  15.  အမျိုး​သမီး​ထင်မှတ်ကာ အမျိုး​သား​ပြည့်​တန်ဆာကို ​ခေါ်ယူမိသည့်​ တရုတ်အမျိုး​သား​ ဒုက္ခ​တွေ့​ရ  ၊ 

ကုလသမဂ္ဂ အ​ထွေ​ထွေ​အတွင်း​ရေး​မှူး​​ရာထူး​ ဒုတိယသက်တမ်း​ ဆက်လက်​ရယူရန် ဘန်ကီမွန်း​​ကြိုး​ပမ်း​မည်

alt

ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ တာဝန်ကို ဒုတိယ ငါး​နှစ်သက်တမ်း​ ဆက်ယူရန် ဘန်ကီမွန်း​တစ်​ယောက် စီစဉ်​နေ​ကြောင်း​ သိရသည်။

အသက် ၆၆ နှစ်ရှိ ​တောင်ကိုရီး​ယား​ နိုင်ငံသား​က ဇွန်လ ၆ ရက်​နေ့​တွင် ဒုတိယသက်တမ်း​အတွက် ရည်ရွယ်ကြိုး​ပမ်း​မည်ဟု အတည်ပြု ​ပြောကြား​လိုက်သည်။ ကုလသမဂ္ဂ လုံခြုံ​ရေး​ကောင်စီ အမြဲတမ်း​ အဖွဲ့​ဝင် ၅ နိုင်ငံအနက် အ​မေရိကန်၊​ တရုတ်နှင့်​ ပြင်သစ်တို့​က ဘန်အား​ ​ထောက်ခံမည်ဟု ကတိပြုထား​သည်။ အခြား​သော ၂ နိုင်ငံဖြစ်သည့်​ ရုရှား​နှင့်​ ဗြိတိန်တို့​ကလည်း​ သ​ဘောတူဖွယ် ရှိ​နေရာ ဒီဇင်ဘာ ၃၁ ရက်​နေ့​တွင် ရာထူး​သက်တမ်း​ ကုန်ဆုံး​မည့်​ ဘန်အ​နေနှင့်​ ​နောက်ထပ် ၅ နှစ်သက်တမ်း​ ရာထူး​တာဝန်ကို ထမ်း​ဆောင်ခွင့်​ရဖွယ် ရှိ​နေသည်။

ဘန်က ကုလသမဂ္ဂ အဖွဲ့​ဝင် နိုင်ငံများ​၏ ​ထောက်ခံမှုဖြင့်​ ​နောက်ထပ် ရာထူး​သက်တမ်း​ တိုး​မြှင့်​နိုင်မည်ဆိုလျင် ၎င်းအတွက် အလွန်​ကျေနပ်ဖွယ် ဂုဏ်ယူစရာ ဖြစ်လာမည်ဟုဆိုသည်။ ဘန်သည် ၂၀၀၇ ခုနှစ် အ​စောပိုင်း​က ကိုဖီအာနန်၏ ရာထူး​နေရာကို ဆက်ခံခဲ့​သူဖြစ်သည်။

၎င်းသည် ကမ္ဘာ့​အင်အား​ကြီး​ နိုင်ငံများ​၏ လွှမ်း​မိုး​မှုကို ခံရ​ကြောင်း​ ​ဝေဖန်ခံရမှုများ​လည်း​ ရှိခဲ့​သည့်​တိုင် အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ တာဝန်ကို အ​ကောင်း​ဆုံး​ ထမ်း​ဆောင်ပြခဲ့​သည်။ ဘန်က သတင်း​ထောက်များ​နှင့်​ ​တွေ့​ဆုံစဉ် ကမ္ဘာ့​နိုင်ငံအသီး​သီး​ရှိ လူ့​အခွင့်​အ​ရေး​ဆိုင်ရာ အား​နည်း​ဖောက်ဖျက်မှုများ​ကို အား​ကောင်း​ကောင်း​ဖြင့်​ ကိုင်တွယ်​ဖြေရှင်း​နိုင်​ရေး​ လုပ်​ဆောင်ရန် လိုအပ်ဆဲဖြစ်​ကြောင်း​လည်း​ ​ပြောဆိုသွား​သည်။


သက်ဆင်ညီမက ရွေးကောက်ပွဲရလဒ်ကို လက်ခံသွားရန် ထိုင်းစစ်တပ်အားတိုက်တွန်း

(အေအက်ဖ်ပီ)
ဇော်ဝင်း ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)

ပူရာထိုင်းပါတီမှ ယင်ဂလပ် ရှင်နာဝပ်။ ဓာတ်ပုံ - အေအက်ဖ်ပီ

နိုင်ငံ၏ ပထမဆုံးသော အမျိုးသမီးဝန်ကြီးချုပ်ရာထူးဖြစ်လာရန်ကြိုးပမ်း နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ ညီမဖြစ်သူက စစ်အာဏာသိမ်းမှုမပြုလုပ်ရန် ဇွန်လ ၁ ရက်နေ့က ထိုင်းစစ်တပ်အား ပြောကြားသည်။

နိုင်ငံရေးအခြေအနေ မတည်ငြိမ် သည့် ထိုင်းနိုင်ငံရေး ဇာတ်ခုံပေါ်သို့ အသစ်ဝင်ရောက်လာသည့် စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတစ်ဦး ဖြစ်သူ ယင်ဂလပ် ရှင်နာဝပ်သည် ထိုင်းဝန်ကြီး ချုပ် အဘီဆစ်၏ ဒီမိုကရက်များအား အာဏာဖြုတ်ချသွားရန်ကြိုးပမ်းနေခြင်းဖြစ်သည်။

ဇူလိုင်လ ၃ ရက်နေ့တွင် ကျင်းပသွား မည့် အထွေထွေရွေးကောက်ပွဲ ရလဒ် အား အသိအမှတ်ပြုသွားစေလိုကြောင်း သူ၏တောင်းဆိုမှုသည် ဘန်ကောက် တွင် ယမန်နှစ်က မငြိမ်သက်မှုများဖြစ်ခဲ့ ချိန်မှစ၍ ပထမ ဆုံး ယှဉ်ပြိုင်မည့်ရွေး ကောက်ပွဲအကြို လူထုသဘောထား ကောက်ခံမှုတွင် အသာစီးရနေချိန်၌ ထွက်ပေါ်လာခြင်းဖြစ်သည်။

၂၀၀၆ ခုနှစ်က စစ်အာဏာသိမ်းမှု မျိုးအား ပြန်လည် မပြုလုပ်တော့ပါဟု ကတိပြုခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချအား ၎င်း၏ ကတိစကားတည် စေရန် အေအက်ဖ်ပီနှင့် တွေ့ဆုံမေးမြန်း နေစဉ်အတွင်း ယင်ဂလပ်ရှင်နာဝပ်က ပြောသည်။

"အာဏာသိမ်းမှုတွေ ဆက်ဖြစ်လာမှာ မဟုတ်ဘူးလို့ ကျွန်မထင်ပါတယ်။ လူတွေရဲ့ဆုံးဖြတ်ချက်ကို လိုက်နာကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်" ဟု အသက် ၄၃ နှစ်အရွယ်ရှိ ယင်ဂလပ်ရှင်နာဝပ် က ပြောသည်။

"ထိုင်းနိုင်ငံဟာ နောက်ပြန် သွားနေတာ လေးငါးနှစ်ရှိနေပါပြီ။ ဒါကြောင့် ရှေ့ဆက်သွားဖို့ လိုအပ်ပါတယ်" ဟု ၎င်းကဆိုသည်။

ယင်ဂလပ်သည် နိုင်ငံရေးအတွေ့အကြုံရှိသူမဟုတ်ဘဲ သက်ဆင်ရှင်နာဝပ်၏ ကိုယ်စားလှယ်အဖြစ်ယူဆခြင်းခံရသူဖြစ်သည်။ အကျင့် ပျက်ခြစားမှုဖြင့် အကျဉ်းကျခံစေခြင်းအား ပြည်ပတွင် နေထိုင်ကာ ရှောင်ရှားနေသည့်တိုင် သက်ဆင်ရှင်နာဝပ်သည် အဓိက အတိုက် အခံပါတီ ပူရာထိုင်း၏ခေါင်း ဆောင်အဖြစ် ယူဆခြင်းခံရသူဖြစ်သည်။

ယခင် ရုပ်သံမီဒီယာ လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သည့် သက်ဆင်သည် ကျေးလက်နှင့် အခြေခံ လူတန်းစားများ၏ အားပေးမှုကို ခံရ သော်လည်း ဘန်ကောက် အခြေစိုက်လူ့အဖွဲ့အစည်းအတွက်မူ ခြစား၍ အာဏာရှင်ဆန်ပြီး ထိုင်းဘုရင်စနစ်ကိုခြိမ်းခြောက်သူအဖြစ် ရှုမြင်ခြင်းခံရသည်။ ပူရာထိုင်းပါတီသည် ၎င်းတို့ အနိုင်ရ ရှိပါက သက်ဆင်ကဲ့သို့သော တရားစွဲဆို ခြင်း ခံထားရသည့် နိုင်ငံရေးသမား များ အား လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်မှန်းနေခြင်းဖြစ်သည်။ 


http://burmese.dvb.no/b_news/14358-2msm%20copy.gif


တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘော တည်ဆောက်နေ

ယခင်ကတည်းက သတင်းများ ထွက်ပေါ်နေသည့် ကိစ္စကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ဦးစီးဗိုလ်ချုပ် တစ်ဦးဖြစ်သော ချန်ဘင်ဒီက အတည်ပြု ပြောဆိုခဲ့

တရုတ်နိုင်ငံ၏ ပထမဆုံးလေယာဉ်တင်သင်္ဘော တည်ဆောက်နေ

တရုတ်စစ်တပ်မှ ထိပ်သီးဗိုလ်ချုပ် တစ်ဦးက တရုတ်နိုင်ငံသည် ပထမဆုံးသော လေယာဉ်တင် သင်္ဘောကို တည်ဆောက်နေကြောင်း အတည်ပြု ပြောကြားလိုက်သည်။ ယခင်ကတည်းက သတင်းများ ထွက်ပေါ်နေသည့် ကိစ္စကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၏ ဦးစီးဗိုလ်ချုပ် တစ်ဦးဖြစ်သော ချန်ဘင်ဒီက အတည်ပြု ပြောဆိုခဲ့သည်။ ထိုလေယာဉ်တင် သင်္ဘောသည် ဆိုဗီယက်ခေတ်က တပ်နီတော်တွင် သုံးစွဲခဲ့သော Varyagကို ပြန်လည်မွမ်းမံ တည်ဆောက်နေခြင်းဖြစ်သည်။ ဗိုလ်ချုပ်ချန်က တရုတ်၏ ရေတပ်တွင် လေယာဉ်တင်သင်္ဘော ရှိလာခြင်းကြောင့် အခြားသော နိုင်ငံများကို ခြိမ်းခြောက်ရန်ပြုရန် စီစဉ်နေသည်ဟု မယူဆစေလိုကြောင်း ပြောကြားခဲ့သည်။ ဗိုလ်ချုပ်က (၃၀၂)မီတာ အရှည်ရှိ သင်္ဘောကြီးအား နိုင်ငံ အရှေ့မြောက်ပိုင်းရှိ ဒါလီယန် ဆိပ်ကမ်းတွင် တည်ဆောက်နေကြောင်း ဟောင်ကောင်ထုတ် Commercial Daily သတင်းစာသို့ ပြောကြားသွားခဲ့သည်။ PLAသည် ကမ္ဘာပေါ်တွင် စစ်အင်အား အတောင့်တင်းဆုံး တပ်ဖွဲ့ကြီးဖြစ်ပြီး ၎င်းတို့၏ ကာကွယ်ရေး အစီအမံများနှင့် ပတ်သက်၍ သိုသိပ်စွာ လုပ်ဆောင်လေ့ရှိသည်။ ယခုတရုတ်တို့ ပြန်လည်မွမ်းမံနေသော လေယာဉ်တင် သင်္ဘောကြီးကို (၁၉၈၀)ပြည့်လွန် နှစ်များက ဆိုဗီယက် ရေတပ်က တည်ဆောက်ခဲ့သော်လည်း အပြီးမသတ်နိုင်ခဲ့ချေ။ ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးနောက် Varyagသည် အပြီးမသတ်သေးဘဲ ယူကရိန်းတွင် လွန်းတင်လျက်သား ရှိနေခဲ့သည်။ PLAနှင့် အဆက်အသွယ် ရှိနေသော တရုတ်ကုမ္ပဏီ တစ်ခုက အဆိုပါ လေယာဉ်တင်သင်္ဘောကြီးအား ၀ယ်ယူခဲ့သည်။ ထိုစဉ်က မကာအိုတွင် ရေပေါ်ကာစီနို လောင်းကစားရုံကြီး တည်ဆောက်ရန် ၀ယ်ယူခြင်းဟု အဆိုပါ ကုမ္ပဏီက အကြောင်းပြခဲ့သည်။ သို့သော်လည်း ယခုအခါ သင်္ဘောကြီးသည် စစ်ဖက်တွင် အပြည့်အ၀ အသုံးချရန် ပြန်လည်မွမ်းမံ တည်ဆောက်နေမှု အပြီးသတ်တော့မည်ဖြစ်သည်။ ယခုနှစ်အတွင်းတွင်ပင် ပင်လယ်ပြင် လက်တွေ့မောင်းနှင်မှု ပြုလုပ်ဖွယ် ရှိနေသည်။ တရုတ်ရေတပ်မှ အကြီးတန်း ဗိုလ်ချုပ်တစ်ဦးက ထိုသင်္ဘောကြီးအား မည်သည့်နိုင်ငံ၏ ရေပိုင်နက်အတွင်းသို့မှ ခုတ်မောင်းသွားမည် မဟုတ်ကြောင်း ပြောဆိုထားသည်။ “တောင်တရုတ် ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ပင်လယ်ဝါနဲ့ ထိုင်ဝမ်ကမ်းလွန်တို့မှာ ကြုံနေရတဲ့ ဖိအားတွေအတွက် ဒီသင်္ဘောကြီး ရှိနေတာဟာ ကောင်းတဲ့အချက်ပါ”ဟု ယင်းဗိုလ်ချုပ်ကဆိုသည်။ တရုတ်သည် လက်ရှိတွင် ရေပိုင်နက် သတ်မှတ်မှုအတွက် ဗီယက်နမ်၊ ဖိလစ်ပိုင်တို့နှင့် အငြင်းပွားနေရသည်။ တရုတ်၏ လေယာဉ်တင်သင်္ဘောကြီးသည် ထိုနိုင်ငံများအပြင် ဒေသတွင်းရှိ တောင်ကိုရီးယား၊ ဂျပန်တို့ကိုလည်း စိုးရိမ်မှုများ မြင့်တက်လာစေဖွယ် ရှိနေသည်။



လေယာဉ်တင်သင်္ဘော (၁၁)စင်း ပါဝင်ပြီး ကမ္ဘာပေါ်တွင် အကြီးမားဆုံး လေယာဉ်တင်သင်္ဘော တပ်ဖွဲ့ကြီးကို ပိုင်ဆိုင်ထားသည့် အမေရိကန် ပြည်ထောင်စုကလည်း PLA၏ ရေတပ်အင်အား တိုးချဲ့လာမှုကို အလေးထား စောင့်ကြည့်လျက်ရှိသည်။ PLAသည် လက်ရှိတွင် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောများ တည်ဆောက်မှုတွင် အကြီးအကျယ် အားထည့်မြှုပ်နှံ ဆောင်ရွက်လျက်ရှိသည်။ ထိုရေငုပ်သင်္ဘောများတွင် ကမ္ဘာ့ပထမဆုံး “လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်”များ တပ်ဆင်ထားမည်ဟု အမေရိကန်က ယုံကြည်နေသည်။ အဆိုပါ ဒုံးကျည်များသည် လေယာဉ်တင် သင်္ဘောကြီး တစ်စင်းလုံးကိုပင် နှစ်မြှုပ်နိုင်ပြီး ကမ်းခြေမှ ကီလိုမီတာ (၁၅၀၀)ခန့်ထိ ဝေးကွာသော ပစ်မှတ်ကို ချေမှုန်းနိုင်မည်ဟု ယူဆရသည်။ တရုတ်သည် ကိုယ်ပိုင် ကိုယ်ပျောက်ဂျက်တိုက်လေယာဉ် တစ်မျိုးကို တီထွင်ဖန်တီး တည်ဆောက်နိုင်ခဲ့သလို ရုရှားဆီမှ ပုံစံနမူနာယူကာ လေယာဉ်တင်သင်္ဘောပေါ်တွင် တပ်စွဲနိုင်မည့် နည်းပညာများကိုပါ ထည့်သွင်းထားသည်။ ထိုလုပ်ရပ်တိုင်းသည် အာရှတိုက်နှင့် ပတ်ဝန်းကျင် သမုဒ္ဒရာများအတွင်း ရှိနေသော အမေရိကန် စစ်အခြေစိုက် စခန်းများ၊ အမေရိကန် တိုက်သင်္ဘောများနှင့် လေယာဉ်တင် သင်္ဘောများကို ခြိမ်းခြောက်လျက်ရှိသည်။ တရုတ်ကဲ့သို့ပင် အာရှတိုက်၏ တက်သစ်စ အင်အားကြီးနိုင်ငံ ဖြစ်လာသော အိန္ဒိယသည်လည်း ဆိုဗီယက်ခေတ်လက်ကျန် လေယာဉ်တင် သင်္ဘောတစ်စင်းကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်နေကြောင်း သိရသည်။ တရုတ်အနေနှင့် လေယာဉ်တင်သင်္ဘောအား စတင်အသုံးပြုပြီးပါက အရှေ့အာရှ အရေးအရာများတွင် စစ်ရေးနှင့် သံတမန်ရေးအရ ပိုမိုအားကောင်းပြီး ဩဇာကြီးမားလာဖွယ် ရှိနေကြောင်း လေ့လာသူများက ပြောကြားခဲ့ကြသည်။

Source: BBC


ချီလီမီးတောင်ကြီး ပေါက်ကွဲရန် အားယူနေပြီ

Posted by Popular News 

ကမ္ဘာ့ မီးတောင်အများဆုံးရှိရာ နိုင်ငံများတွင် ပါဝင်နေသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ချီလီနိုင်ငံ တောင် ပိုင်းရှိ Puyehue မီးတောင် ကြီးမှ ကြီးမားလှသော မီးခိုးလုံးကြီး များထွက်ပေါ်နေပြီး ပေါက်ကွဲမှု အဆင့် ဆင့်သို့ အားယူနေကြောင်း ဇွန်လ ၅ ရက်နေ့က သိရသည်။ ၄င်းမီးတောင်ကြီးမှာ ချီလီနိုင်ငံ မြို့တော် စင်တီယာဂိုမြို့မှ မိုင် ၅ဝဝ ခန့်အကွာတွင်တည်ရှိပြီး အမြင့်ပေ ၇၃၃၆ ပေရှိသော မီးတောင်ကြီး ဖြစ်သည်။ အနီးအနားဧရိယာရှိ လူဦးရေ ၃၅ဝဝ ကို အရေးပေါ် ရွှေ့ပြောင်း နေရကြောင်း သက်ဆိုင်ရာ အာဏာပိုင် များက ထုတ်ပြန်ထား သည်။ မျက်မြင်သက်သေများ၏ ပြောပြချက်အရ အနီးအနားတွင် ဒဏ်ရာရရှိ သူများ လုံးဝမရှိဟု သိရှိ ရသည်။ အင်ဒီးတောင်တန်းကြီး ပေါ်တွင် အမည်းရောင် မီးခိုးလုံး ကြီးများ မှိုင်း အုပ်နေပြီး ကားလမ်း တစ်လျှောက်ပြာမှုန်များကျရောက် ဖုံးလွှမ်းနေကြောင်း သိရှိရသည်။ မီးတောင် မပေါက်ကွဲမီတွင် အကြိမ် ပေါင်းများစွာ ငလျင်ငယ်များလှုပ် နေခဲ့ကြောင်း သိရှိရသည်။ ၄င်း မီးတောင်ကြီး သည် ၁၉၆ဝမေလ ၂၄ ရက်ကလည်း ပေါက်ကွဲခဲ့ဖူး ကြောင်း သိရှိရသည်။
KLMA


ဆူနာမီအန္တရာယ် ဂျပန်လျှော့တွက်ခဲ့ဟု အိုင်အေအီးအေ ဆို

(အေအက်ဖ်ပီ)
တင်စိန် ဘာသာပြန်သည်။
အတွဲ ၂၇ ၊ အမှတ် ၅၂၁ ( ၁၀-၁၆ ၊ ၆ ၊ ၂၀၁၁)

တိုကျို- မတ်လ ၁၁ ရက်နေ့က ကြုံတွေ့ ခဲ့ရသော ဘေးဆိုးကြီးကို ဂျပန်အစိုးရ က တုံ့ပြန်ပုံသည် ထူးခြားကောင်းမွန်ပြီး အတုယူ လောက်သည်ဟု ချီးမွမ်းစကား ဆိုရင်း ယင်း နိုင်ငံသည် ၎င်း၏ နျူကလီးယား စက်ရုံများ ဆူနာမီရေလှိုင်းကြီးများကြောင့် ဖြစ်ပေါ်ခဲ့ သည့် ဘေးအန္တရာယ်ကို လျှော့တွက်ခဲ့သည်ဟု ကုလသမဂ္ဂအဏုမြူအရေး လေ့လာစောင့်ကြည့်သည့်အဖွဲ့အစည်းဖြစ်သော အပြည် ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (အိုင်အေအီးအေ)က ဇွန်လ ၁ ရက်နေ့တွင် ကြေညာခဲ့သည်။

ထို့ပြင် အိုင်အေအီးအေက "ပုံမှန် လွတ်လွတ်လပ်လပ်နှင့် ရှင်းလင်းစွာ ဆောင်ရွက်နိုင်သောအခန်းကဏ္ဍ" ၏ အရေးပါမှုကို အလေး အနက်ထား ဖော်ပြခဲ့ပြီး အဏုမြူစွမ်းအားမြှင့်တင် ရေးကို ဆောင်ရွက်သည့် ဂျပန်နိုင်ငံ နျူကလီးယား စောင့်ကြည့်လေ့လာရေး အဖွဲ့ သည် ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်းဝန်ကြီးဌာန၏ အစိတ်အပိုင်း ဖြစ်နေသည့်ကိစ္စကိုလည်း အနည်းငယ်ရေးသားဖော်ပြခဲ့သည်။

ဂျပန်နိုင်ငံ၏ ပြင်းအား ၉ ဒသမ သုညရှိ ပင်လယ်ကြမ်းပြင်တွင် လှုပ်သွားသော ငလျင်နှင့် ဆူနာမီရေလှိုင်း ဒဏ်က လွန်ခဲ့သော ၂၅ နှစ်ကျော် ကာလ ချာနိုဘိုင်းလ်ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီး နောက် ကမ္ဘာပေါ်တွင် အဆိုးဆုံး နျူ ကလီးယားဘေးအန္တရာယ်ကြီးကို ဖူကူ ရှီးမား ဒိုင်အိချိစက်ရုံတွင် ဖြစ်ပေါ်စေ ခဲ့သည်။ ၎င်းစက်ရုံမှ ရေဒီယိုသတ္တိကြွ ဓာတ်များ လေထု၊ မြေပြင်နှင့် ပင်လယ် များအတွင်းသို့ ပျံ့နှံ့ခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့အပါ အ၀င် နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ပါရဂူ များနှင့် ကျွမ်းကျင်သူ များပါဝင်သော အဖွဲ့ဝင် ၁၈ ဦးပါ အဖွဲ့တစ်ဖွဲ့ကို အိုင်အေအီးအေက အချက်အလက် ရှာဖွေရေးမစ်ရှင်အဖြစ် ဂျပန်နိုင်ငံသို့ စေလွှတ် ခဲ့သည်။ "စက်ရုံနေရာအတော်များများတွင် ဆူနာမီဒဏ်ကြောင့် ဖြစ်ခဲ့သော ဘေးအန္တရာယ်ကို လျှော့တွက်ထားခဲ့သည်" ဟု အိုင်အေ အီးအေအဖွဲ့၏ ပဏာမ အစီရင်ခံစာကဆိုသည်။

ယခုလနှောင်း ပိုင်း ဗီယင်နာမြို့တွင်ကျင်းပမည့် အစည်းအဝေးသို့ တင်သွင်းရမည့် အစီရင်ခံစာ အပြည့်အစုံမတိုင်မီ ဂျပန် နိုင်ငံ၏ ဗဟိုလက်ဝဲအစိုးရအဖွဲ့သို့ ပေးပို့သည့် ပဏာမအစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ "နျူကလီးယားပုံစံ ထုတ်လုပ်သူများ နှင့် စက်ရုံကို ဦးစီးဆောင်ရွက်သူများ သည် သဘာဝဘေးအန္တရာယ်များ အားလုံးဖြစ်နိုင်ခြေကို သင့်လျော်သလို အကဲဖြတ်၍ ကြိုတင် ကာကွယ်သင့် သည်။ ထို့ပြင် ထိုသို့သော အကဲဖြတ် ဆန်းစစ်မှုနှင့် အကဲဖြတ်သော နည်း ပညာများကိုလည်း အခါအားလျော်စွာ ခေတ်နှင့်အညီ တိုးတက်မှုများကို ပြင်ဆင်သင့်သည်"ဟု အဆိုပါ ပဏာမ အစီရင်ခံစာက ဆိုသည်။

အိုင်အေအီးအေ၏ အစီရင်ခံစာတွင် အဆိုပါ သဘာဝဘေးအန္တရာယ်ဆိုးကြီး မှရရှိခဲ့သည့် သင်ခန်းစာများအရ နျူ ကလီးယားစက်ရုံ များကို အစွန်းရောက် ပြင်ပဖြစ်ရပ်များ အထူးဖြင့် တရားလွန် ကြီးမားသော ရေလွှမ်းမိုးမှုဘေးကဲ့သို့ ကြုံရလေ့ရှိသည့် နည်းလမ်းများ အတွက် ခံနိုင်ရည်ရှိစေရန် ပုံစံရေးဆွဲထုတ်လုပ်သင့်သည်ဟု ဆိုသည်။

"ရေရှည်ကြုံရမည့် ပြင်းထန်သော ပြင်ပဖြစ်ရပ်များ ပေါင်းစည်းမှုများ အတွက် စက်ရုံပုံစံလုပ်ငန်းလည်ပတ် ဆောင်ရွက်မှု၊ လက်ခွဲ ဆောင်ရွက်ခြင်းနှင့် အရေးပေါ်အစီအစဉ်များအတွက် ပြည့်စုံလုံလောက်အောင် ဆောင်ရွက်သင့်သည်"ဟု ၎င်းအစီရင်ခံစာက ဖော်ပြသည်။

အိုင်အေအီးအေ အစီရင်ခံစာ အကျဉ်းချုပ်က နျူကလီးယားစက်ရုံ များတွင် "ပြင်းထန်သော မတော်တဆ ဖြစ်ပျက်မှု အခြေအနေများ အတွက် အချိန်မီ နည်းလမ်းဖြင့် လိုအပ်သော ဘေးကင်းလုံခြုံမှုလုပ်ငန်း ဆောင်ရွက် မှုများ မူလအခြေအနေအတိုင်း ပြန် လည်ပြင် ဆင်ရန် ရိုးရှင်းထိရောက်ပြီး ခိုင်ခံ့သော ကိရိယာများ အလွယ်တကူ ရရှိသင့်သည်"ဟုလည်း အစီရင်ခံစာက ဖော်ပြခဲ့သည်။

နျူကလီးယားစက်ရုံသုံးရုံသို့ သွား ရောက်လေ့လာခဲ့သည့် အဆိုပါ အိုင်အေ အီးအေ၏ ပညာရှင်အဖွဲ့က ဂျပန်အစိုးရ စက်ရုံလုပ်ငန်း စီစဉ် ဆောင်ရွက်သူ များနှင့် အေဂျင်စီ အဖွဲ့များသည် "သတင်းအချက်အလက် များမျှဝေရာ တွင် အလွန်ပွင့်လင်း"မှု ရှိခဲ့သည်ဟု ဆိုပြီး အဆိုပါ ဂျပန်နိုင်ငံ၏ သဘာဝ ဘေးအန္တ ရာယ်ဆိုးကြီးကို ကနဦးဆုံး တုံ့ပြန်မှုကိုလည်း ချီးမွမ်းခဲ့သည်။ ဗြိတိန်နိုင်ငံ၏ နျူကလီး ယားစက်ရုံ များ စစ်ဆေးရေးအရာရှိချုပ် မိုက်ဝိတ် မင်းဦးဆောင်သည့် အိုင်အေအီးအေ၏ ပညာရှင်အဖွဲ့သည် ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ အိုင်အေအီးအေဌာနချုပ်တွင် ဇွန်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ ထိကျင်းပမည့် ၀န်ကြီးအဆင့်အစည်းအဝေး၌ ၎င်း၏ အစီရင်ခံစာ အပြည့်အစုံကို တင်ပြမည်ဟုသိရသည်။


ဂျာမနီ၏ နျူဓာတ်အား​ပေး​စက်ရုံများ​ ပိတ်သိမ်း​မည်

alt

ဂျာမနီနိုင်ငံအ​နေနှင့်​ သန့်​စင်​သော စွမ်း​အင်အသုံး​ချမှုစနစ် သုံး​စွဲနိုင်​ရေး​ကို ဦး​ဆောင်သွား​မည်ဟု ​ကြေညာခဲ့​သည်။

နျူကလီး​ယား​ စွမ်း​အင်ကို ဂျာမနီအ​နေနှင့်​ အသုံး​ချမှုများ​ကို ဆယ်စုနှစ် တစ်ခု​ကျော်အတွင်း​ ရပ်ဆိုင်း​မည်ဟု ဂျာမနီ ဝန်ကြီး​ချုပ် အင်ဂျလာ မာကယ်ကဆိုသည်။ မာကယ်က နိုင်ငံအတွင်း​ နျူကလီး​ယား​ ဓာတ်​ပေါင်း​ဖို အား​လုံး​ကို ၂၀၂၂ တွင် ရပ်ဆိုင်း​မည်ဟု အတည်ပြုခဲ့​သည်။

ဂျာမနီရှိ နျူကလီး​ယား​ ဓာတ်အား​ပေး​စက်ရုံ ၁၇ ခုတို့​က ​မေလ ၃၀ ရက်​နေ့​ တရား​ဝင် ​ကြေညာချက် မတိုင်မီ အဆိုပါ ကိစ္စကို နည်း​အမျိုး​မျိုး​ဖြင့်​ ဆန့်​ကျင်ခဲ့​ကြ​သေး​သည်။ ကမ္ဘာ​ပေါ်တွင် စက်မှုဖွံ့​ဖြိုး​မှု အကြီး​မား​ဆုံး​ နိုင်ငံတစ်ခုဖြစ်ပြီး​ ​ရေနံနှင့်​ သဘာဝဓာတ်​ငွေ့​ မထွက်​သော​ကြောင့်​ နျူကလီး​ယား​ စွမ်း​အင်ကို အဓိက တည်မှီ​နေရ​သော ဂျာမနီ၏ ဆုံး​ဖြတ်ချက်သည် အလွန်ရဲရင့်​သော လုပ်​ဆောင်ချက်တစ်ခု ဖြစ်လာသည်။

ဂျပန်ရှိ ဖူကူရှီး​မား​ နျူကလီး​ယား​ အရှုပ်အ​ထွေး​ကို သင်ခန်း​စာယူကာ ဂျာမနီ အစိုး​ရက ဓာတ်​ပေါင်း​ဖိုများ​ ပိတ်သိမ်း​ရန် ဆုံး​ဖြတ်ခဲ့​ခြင်း​ဖြစ်သည်။ ထိုအ​တောအတွင်း​ ပတ်ဝန်း​ကျင် ညစ်ညမ်း​မှု ​လျော့​နည်း​မည့်​ ​လောင်စာစွမ်း​အင် စနစ်သစ်များ​ကို ရှာ​ဖွေသွား​မည်ဟု မာကယ်ကဆိုသည်။ ဂျာမနီသည် လက်ရှိတွင် နိုင်ငံ၏ စွမ်း​အင်လိုအပ်ချက် ၂၂ ရာခိုင်နှုန်း​ကို နျူကလီး​ယား​ စွမ်း​အင်အ​ပေါ် မှီခို​နေရ​ကြောင်း​လည်း​ သိရှိရသည်။


တောင်အာဖရိကတွင် ကြွက်ကိုက်သဖြင့် ကလေးသူငယ်များသေဆုံး

တောင်အာဖရိကတွင် သောင်းကျန်းနေသော ကြွက်ကြီးများသည် အမြီးထိ (၃)ပေမျှ အရှည်ရှိတတ်ကြ

တောင်အာဖရိကတွင် ကြွက်ကိုက်သဖြင့် ကလေးသူငယ်များသေဆုံး

ကြောင်ကြီးတစ်ကောင် အရွယ်အစားမျှရှိသည့် ကြွက်ကြီးများသည် တောင်အာဖရိက နိုင်ငံတွင် ကလေးသူငယ်များ သေဆုံးမှု ဖြစ်ပေါ်နေကြောင်း သိရသည်။ The Sunသတင်းစာက ကလေးငယ် တစ်ဦးသည် ကြွက်ကိုက်ခံရပြီး သေဆုံးခဲ့ရာ မျက်လုံးများပင် အပြင်ထွက်ကျနေကြောင်း ဖော်ပြသွားသည်။ ကလေး၏ အလောင်းကို ဦးစွာတွေ့ခဲ့သည့် မိခင်ဖြစ်သူက “ကျွန်မရဲ့ ကလေးကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာ ဘယ်တော့မှ မေ့လို့မရတော့ဘူး။ သမီးလေးရဲ့ မျက်လုံးတွေ အပြင်ထွက်နေတယ်။ မျက်ခုံးကနေ ပါးအထိက ကိုက်ဖျက်ပြီး အစားခံထားရတယ်။ သမီးရဲ့ မျက်လုံးတစ်ဖက်က အသားတွေနဲ့ချိတ်ပြီး တွဲလဲကျနေတာပါ”ဟု ပြောကြားခဲ့သည်။ တောင်အာဖရိကတွင်  သောင်းကျန်းနေသော ကြွက်ကြီးများသည် အမြီးထိ (၃)ပေမျှ အရှည်ရှိတတ်ကြသည်။ ယင်းတို့၏ ရှေ့သွားများသည် တစ်လက်မကျော်ရှည်သည်။


big africa rat

သားစားကြူးပြီး ရန်လိုရက်စက်သော အဆိုပါ ကြွက်များကို အာဖရိက အရေထူ ကြွက်ဘီလူးများဟု ခေါ်ဝေါ်ပြီး ကမ္ဘာပေါ်တွင် အကြီးဆုံး ကြွက်မျိုးများဖြစ်သည်။ ၎င်းတို့သည် ညပိုင်းတွင် ကျက်စားလေ့ရှိပြီး အစုံစားသတ္တ၀ါများ ဖြစ်ကြသည်။ အပင်များရော၊ တိရစ္ဆာန်များကိုပါ အစာအဖြစ် စားလေ့ရှိပြီး ကြွက်မတစ်ကောင်သစ် တစ်နှစ်လျင် ကြွက်ကလေး (၅၀)မျှ မွေးဖွားလေ့ရှိသည်။ တောင်အာဖရိကရှိ ဆိုဝီတိုမြို့တွင်လည်း ကြွက်များလက်ချက်ကြောင့် နောက်ထပ်မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့သေးသည်။ ကလေးမလေး၏  ဆယ်ကျော်သက်အရွယ် မိခင်မှာ သူငယ်ချင်းများနှင့် အပြင်ထွက် လည်ပတ်စဉ် ကြွက်ကိုက်ခံရပြီး သေဆုံးခြင်းဖြစ်သည်။ “မိန်းကလေးရဲ့ မိခင်ကို ကလေးသူငယ် မျက်ကွယ်ပြုမှု၊ လူသေစေလောက်တဲ့ ပေါ့လျော့မှုတွေနဲ့ ဖမ်းထားပါတယ်”ဟု ရဲတပ်ဖွဲ့ အရာရှိ ဘွန်ဂါနီမာလွန်ဂိုက ပြောကြားခဲ့သည်။ ကြွက်ကြီးများကြောင့် ကလေးများ နောက်ထပ် သေဆုံးမှုများလည်း တောင်အာဖရိကတွင် ပေါ်ပေါက်နေဆဲဟု ၎င်းကဆိုသည်။ ကြွက်များသည် ကလေးများသာမက အိုမင်းမစွမ်း ဖြစ်နေသူများကိုပါ တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ ပြီးခဲ့သည့်လက အသက်(၇၇)နှစ်ရှိ အဖွားအို နိုမာသမ်ဘာဂျိုယီ၏ မျက်နှာညာဖက်ခြမ်းကို ကြွက်ကြီးများက ၀ါးစားခဲ့သဖြင့် အဖွားအိုခမျာ သေဆုံးခဲ့ရရှာသည်။

Source: DailyChilli



လေဒီဂါဂါ၏ အယ်လ်ဘမ်ရောင်းချမှု လက်ဘနွန်အစိုးရပိတ်ပင်

ဂါဂါသည် သူမ၏ အယ်လ်ဘမ်တွင် ပါဝင်သော စာသားများကြောင့် အမေရိကန်ရှိ ဘာသာရေး အဖွဲ့အစည်းများနှင့်လည်း မကြာခဏ ပြဿနာတက်လေ့ရှိ

လေဒီဂါဂါ၏ အယ်လ်ဘမ်ရောင်းချမှု လက်ဘနွန်အစိုးရပိတ်ပင်

လေဒီဂါဂါ၏ အယ်လ်ဘမ်ရောင်းချမှုအား လက်ဘနွန်အစိုးရက ပိတ်ပင်ခဲ့သည်။ နိုင်ငံပေါင်းများစွာ၏ အယ်လ်ဘမ် အရောင်းရဆုံး စာရင်းများတွင် ထိပ်ဆုံးနေရာမှ ရပ်တည်နေသော်လည်း အရှေ့အလယ်ပိုင်း ဒေသရှိ နိုင်ငံကမူ ကွဲပြားသော အမြင်မျိုး ရှိနေသည်။ ဂါဂါ၏ အယ်လ်ဘမ်သည် အသုံးအနှုန်းများ ပြင်းထန်ပြီး ခရစ်ယာန်ဘာသာရေးကို စော်ကားမှုများ ပြုလုပ်ထားကြောင်း အကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်သည်။

lady gaga

(ဇွန် ၆ ရက်ညက နယူးယောက်ခ်မြို့တွင် ကျင်းပသည့်

CFDA Fashion Awards သို့ တက်ရောက်လာသော လေဒီဂါဂါ၏ ဖက်ရှင်စတိုင်လ်)


အယ်လ်ဘမ်များ လက်ဘနွန်သို့ ရောက်ရှိခဲ့သော်လည်း အခွေအားလုံးကို သက်ဆိုင်ရာ တာဝန်ရှိသူများက အလျင်အမြန် ထိန်းသိမ်းလိုက်သည်။ ဂါဂါသည် သူမ၏ အယ်လ်ဘမ်တွင် ပါဝင်သော စာသားများကြောင့် အမေရိကန်ရှိ ဘာသာရေး အဖွဲ့အစည်းများနှင့်လည်း မကြာခဏ ပြဿနာတက်လေ့ရှိသည်။ သူမ၏ Judasအမည်ရှိ သီချင်းကို လက်ဘနွန်တွင် ရေဒီယိုမှ အသံလွှင့်ခွင့်ကို ဧပြီလက ပိတ်ပင်ခဲ့သေးသည်။ သူမသည် ယခင်ကလည်း စာသားများအတွင်း Gayများနှင့် ပတ်သက်သော အသုံးအနှုန်းများ ထည့်သွင်းသီဆိုမှုများကြောင့် ဘာသာရေး အသင်းအဖွဲ့များက ဝေဖန်မှုများ ပြုလုပ်ခဲ့သေးကြောင်း သိရှိရသည်။

Source: DailyChilli



ကျောင်း​သူဘဝတွင် မိန်း​မပျက်ဟု အ​ခေါ်ခံရဖူး​ကြောင်း​ ​လေဒီဂါဂါ​ပြောကြား

alt

လေဒီဂါဂါက သူမသည် ​ကျောင်း​သူဘဝက မိန်း​မပျက်ဟုပင် ​ခေါ်​ဝေါ်ခိုင်း​နှိုင်း​ ခံရဖူး​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

သူမအ ​နေနှင့်​ အဆို​တော် တစ်ဦး​အဖြစ် ​အောင်မြင်လာချိန်တွင် အမျိုး​မျိုး​ ​ဝေဖန်မှုများ​ ကြုံ​နေရ​သော်လည်း​ မတုန်လှုပ်​ကြောင်း​ ဂါဂါကဆိုသည်။ သူမသည် ​ကျောင်း​တွင် မိန်း​မပျက် တစ်ဦး​အဖြစ်ပင် အ​ပြောအဆို ခံရခြင်း​ကြောင့်​ ထိုသို့​သော ကိစ္စများ​မှာ အသား​ကျ​နေပြီဖြစ်​ကြောင်း​ ဂါဂါက ဖွင့်​ဟခဲ့​သည်။ ထူး​ထူး​ဆန်း​ဆန်း​ ​တွေး​ခေါ်သလို ထူး​ထူး​ဆန်း​ဆန်း​လည်း​ ဝတ်ဆင်တတ်သည့်​ ဂါဂါက သူမသည် အိပ်ချိန်တွင်ပင် မိတ်ကပ်လိမ်း​ကာ အိပ်​လေ့​ရှိ​ကြောင်း​လည်း​ ဆိုသည်။

ထိုသို့ ​ ဖြစ်ရသည်မှာ အိပ်မက်ထဲတွင် သူမနှင့်​ ​တွေ့​ဆုံမည့်​ အမျိုး​သား​အတွက် အဆင်သင့်​ ဖြစ်​နေ​စေရန်ဟု Popဂီတ စတား​တစ်ဦး​ဖြစ်​သော ဂါဂါက ​ပြောကြား​ခဲ့​သည်။ သို့​သော်လည်း​ သူမသည် မျက်နှာမသစ်ဘဲ ​နေတတ်သူ​တော့​ မဟုတ်​ကြောင်း​ ရယ်ရယ်​မော​မော ​ပြောဆိုခဲ့​သေး​သည်။

Poker Faceစတား​ ဂါဂါသည် သူမ၏ ဂီတထူး​ချွန်မှုအပြင် ထူး​ခြား​သော ဖက်ရှင်ဖန်တီး​မှုများ​ကြောင့်​ပါ နာမည်​ကျော်သူဖြစ်ပြီး​ အသား​စိမ်း​ဖြင့်​ ချုပ်ထား​သောဝတ်စုံ၊​ ကွန်ဒုံး​ပုံဝတ်စုံများ​ကြောင့်​ လူအများ​ကြား​ အံ့​ဩစရာများ​ ဖြစ်​စေခဲ့​ဖူး​သည်။


အပမ်း​ဖြေသည့်​အခါ အ​ပေါ်ပိုင်း​ဗလာကျင်း​တတ်သည့်​ ဗြိတိန်အမျိုး​သမီး​များ

alt

အ​ပေါ်ပိုင်း​ဗလာကျင်း​ဖြင့် အပမ်းဖြေနေသည့် အမျိုးသမီး© dailymail

အား​လပ်ရက် အပမ်း​ဖြေသည့်​အခါတိုင်း​ ဗြိတိန်အမျိုး​သမီး​ ၅ ဦး​တွင် ၁ ဦး​သည် အ​ပေါ်ပိုင်း​ ဗလာကျင်း​ပြီး​ လွတ်လွတ်လပ်လပ် ​နေ​လေ့​ရှိ​ကြောင်း​ စစ်တမ်း​တစ်ခုက ​ဖော်ပြခဲ့​သည်။

အထူး ​သဖြင့်​ နိုင်ငံအ​ရှေ့​ပိုင်း​ဒေသမှ မိန်း​က​လေး​များ​သည် ​နေပူစာလှုံသည့်​အခါ အ​ပေါ်ဝတ်များ​အား​လုံး​ကို ချွတ်ပစ်​လေ့​ရှိ​ကြောင်း​ သိရသည်။ အ​ရှေ့​ပိုင်း​ ​ဒေသမှ မိန်း​က​လေး​ ၂၈ ရာခိုင်နှုန်း​မျှသည် ထိုသို့​ ပြုမူ​လေ့​ရှိပြီး​ မိန်း​က​လေး​များ​ အချိန်အများ​ဆုံး​ အဝတ်အစား​ချွတ် ​နေပူစာလှုံချိန်မှာ ၃ နာရီ ၁၅ မိနစ်ဝန်း​ကျင်မျှဟုဆိုသည်။

စ ​ကော့​နယ်မှ မိန်း​က​လေး​များ​သည် အဝတ်ချွတ်ရန် ဒုတိယ အား​အသန်ဆုံး​ဖြစ်ပြီး​ ​မြောက်အိုင်ယာလန်သူများ​မှာမူ အရှက်အကြီး​ဆုံး​ဖြစ်ပြီး​ ၁၂.၅ ရာခိုင်နှုန်း​မျှသာ အဝတ်ချွတ်ပစ်​လေ့​ရှိ​ကြောင်း​ သိရသည်။

အသက် ၃၅ နှစ်မှ ၄၄ နှစ်ကြား​ အမျိုး​သမီး​များ​မှာမူ အချွတ်အကြမ်း​ဆုံး​ဟုလည်း​ Superdrugက ပြုလုပ်​သော စစ်တမ်း​တွင် ​ဖော်ပြထား​သည်။


ဆယ်ကျော်သက် မိန်းကလေးများအား အဓမ္မ ကိုယ်ဝန်ဆောင်ခိုင်းသည့် အိမ်တစ်အိမ်ကို နိုင်ဂျီးရီးယားတွင် ဖမ်းဆီး

၁၅ နှစ်မှ ၁၇ နှစ် အရွယ်ကြား မိန်းကလေးများကို အတင်းအဓမ္မ ကိုယ်ဝန်ဆောင်စေကာ မွေးဖွားလာသော ကလေးများကို ရောင်းစားသည့် အိမ်တစ်အိမ်ကို နိုင်ဂျီးရီးယား နိုင်ငံတွင် ရဲများက ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း
အာဏာပိုင်များက ဇွန် ၁ ရက်နေ့တွင် ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း အာဘီးယားပြည်နယ်၊ အဘားမြို့မှ ယင်းနေအိမ်အား ၀င်ရောက် ဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့မှ ရဲမင်းကြီး ဘလာဟက်ဆန်က ''ကိုယ်ဝန်ဆောင် မိန်းကလေး ၃၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကလေးတွေကို ရောင်းစားနေတဲ့ သူတို့ရဲ့သူဌေးကို ဖမ်းဆီးခဲ့ပါတယ်''ဟု ပြောကြားခဲ့သည်။

ကလေးငယ်တစ်ဦးလျှင် နိုင်ဂျီးရီးယားသုံးငွေ နိုင်ရာ ၂၅၀၀၀ မှ ၃၀၀၀၀ ကြား (၁၉၂ ဒေါ်လာ ၀န်းကျင်)ဖြင့် ယောက်ျားလေးနှင့်မိန်းကလေးပေါ် မူတည်၍ မိမိတို့ထံမှ ၀ယ်ယူရန် ကမ်းလှမ်းကြောင်း၊ ထို့နောက် သူဌေး ဖြစ်သူက ပြန်လည် ၀ယ်ယူသူများကို နိုင်ရာ သုံးသိန်းမှ တစ်သန်း အထိ (ဒေါ်လာ ၁၉၂၀ မှ ၆၄၀၀)ဈေးဖြင့် ပြန်လည် ရောင်းချကြောင်း ကယ်တင်ခံခဲ့ရသည့် မိန်းကလေး အချို့က ပြောကြားခဲ့ကြသည်။

ယခုအခါ ကယ်တင်ထားသည့် မိန်းကလေးများကို နိုင်ဂျီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်း အီနူဂူး ဒေသရှိ လူကုန်ကူးမှု တားဆီးရေး အမျိုးသား အေဂျင်စီ ရုံးများသို့ ရွှေ့ပြောင်းပေးမည် ဖြစ်ပြီး ၎င်းတို့၏ သူဌေးအား ကလေးသူငယ် ညှဉ်းပမ်းနှိပ်စက်မှု၊ လူကုန်ကူးမှုတို့ဖြင့် တရားစွဲဆိုမည် ဖြစ်ကြောင်း သိရသည်။ နိုင်ဂျီးရီးယားတွင် ကလေးငယ်များအား ၀ယ်ယူ၊ ရောင်းချခြင်းကို တားမြစ် ပိတ်ပင်ထားပြီး ထောင်ဒဏ် ၁၄ နှစ် အထိ ပြစ်ဒဏ်ကျ ခံရနိုင်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ်ကလည်း နိုင်ဂျီးရီးယားတွင် ယင်းကဲ့သို့ ဖမ်းဆီးမှု ပေါ်ပေါက်ခဲ့သည်။ ကလေးသူငယ်များအား ညှဉ်းပမ်းနှိပ်စက်မှု၊ လူကုန်ကူးမှုများသည် အနောက်အာဖရိက နိုင်ငံများတွင် ပုံမှန် ဖြစ်ပေါ်လျက် ရှိပြီး ကလေးများကို စိုက်ပျိုးရေးလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ စက်ရုံ၊ အိမ်အကူ လုပ်ငန်းများတွင် ခိုင်းစေရန်နှင့် အချို့ကလေးများကို ပြည့်တန်ဆာ လုပ်ငန်း၊ ယဇ်ပူဇော်ခြင်းများ အတွက် မိဘများထံမှ ၀ယ်ယူကြောင်းလည်း သိရသည်။



ကမ္ဘာ့နိုင်ငံအချို့တွင် ကလေးငယ်များ လက်ထပ်ပေးစားခြင်းခံနေရ

ကမ္ဘာပေါ်တွင် ထိုသို့သော ကံကြမ္မာမျိုး ကြုံနေရသည့် မိန်းကလေးငယ် နှစ်စဉ် (၁၀)သန်းမှ (၁၂)သန်းခန့်မျှထိ ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့

ကမ္ဘာ့နိုင်ငံအချို့တွင် ကလေးငယ်များ လက်ထပ်ပေးစားခြင်းခံနေရ

ကမ္ဘာ့နိုင်ငံ အချို့တို့တွင် ကလေးများအနေနှင့် အသက်(၅)နှစ်မျှ အရွယ်နှင့်ပင် လက်ထပ်ပေးစားခြင်း ခံနေရကြောင်း သိရသည်။ National Geographicက လူသူမသိ လက်ထပ်ပေးစားခြင်း ခံလိုက်ရသော အလွန်ငယ်ရွယ်သည့် မိန်းကလေးများစွာ ရှိနေကြောင်း ဖော်ပြခဲ့သည်။ ကမ္ဘာပေါ်တွင် ထိုသို့သော ကံကြမ္မာမျိုး ကြုံနေရသည့် မိန်းကလေးငယ် နှစ်စဉ် (၁၀)သန်းမှ (၁၂)သန်းခန့်မျှထိ ရှိနေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။ အိန္ဒိယတွင် မိန်းကလေးနှင့် ယောက်ျားလေးများကို အသက်(၄)နှစ်၊ (၅)နှစ် အရွယ်ကတည်းက စေ့စပ်ကြောင်းလမ်းပေးပြီးဖြစ်သည်။

child bride

(ပန်းရောင်ဝတ်စုံနှင့် မိန်ကလေးမှာ အသက် ၅ နှစ်အရွယ်က လက်ထပ်ပေးစားခြင်းခံခဲ့ရခြင်းဖြစ်သည်)

ယီမင်၊ အာဖဂန်နစ္စတန်၊ အီသီယိုးပီးယားနှင့် အခြားသော နိုင်ငံအချို့တို့တွင်လည်း အသက်ငယ်ငယ်နှင့် လက်ထပ်မှု အရေအတွက်သည် တစ်စထက်တစ်စ တိုးတက်လာနေသည်။ အချို့သော မိန်းကလေးများသည် အသက်(၅)နှစ်မျှ အရွယ်တွင် လူလတ်ပိုင်း သတို့သားများကို လက်ထပ်နေရကြောင်း သိရသည်။ လက်ထပ်ပေးမှု အချို့တို့မှာ စီးပွားရေး ပေါင်းစည်းမှုနှင့် မိသားစု ကြွေးမြီများ မဆပ်နိုင်မှုတို့ကြောင့်လည်း ဖြစ်တတ်သည်။ ကလေးငယ်များသည် ယင်းသို့သော ကိစ္စများတွင် အခြေအနေဆိုးနှင့် ကြုံနေရမှုကို National Geographicမှ သတင်းထောက် စင်သီယာဂေါ်နေးက ပရောဂျက် တစ်ခုအဖြစ် မှတ်တမ်းတင် ဖော်ပြခဲ့သည်။

child bride

(ကလေးသူငယ်နှစ်ဦးအား လက်ထပ်ပွဲကျင်းပပေးနေစဉ်)

အိန္ဒိယတွင် မိန်းကလေးတစ်ဦးသည် အသက်(၁၈)နှစ် မပြည့်မချင်း တရားဝင် လက်ထပ်ခွင့်မရှိဟု အစိုးရက တားမြစ်ထားသော်လည်း (၅)နှစ်အရွယ် မိန်းကလေးများကို မိသားစုများက လူလတ်ပိုင်းများနှင့် အတင်းပေးစားမှုများ ရှိနေကြောင်း စင်သီယာကဆိုသည်။ အချို့မင်္ဂလာဆောင်များတွင် သတို့သားရော၊ သတို့သမီးပါ ကလေးများ ဖြစ်နေတတ်သည်။ မင်္ဂလာပွဲ တစ်ခုဆိုလျင် အသက်(၅)နှစ်အရွယ် ရာဂျာနီအမည်ရှိ သတို့သမီးလေးသည် မင်္ဂလာပွဲ မစတင်မီ ကလေးပီပီ အိပ်ပျော်နေခဲ့ကြောင်း သိရသည်။ သူမ၏ ဦးလေးတစ်ဦးက ရာဂျာနီအား မချီကာ ဟိန္ဒူဘုန်းတော်ကြီး တစ်ဦးထံ ပို့ဆောင်ပြီး သတို့သားနှင့် ထိမ်းမြားပေးစေခဲ့သည်။ ရာဂျာ၏ သတို့သားမှာလည်း အသက်(၁၀)နှစ်သာ ရှိသေးသည်။ ရာဂျာနီ၏ မိဘများက ကလေးများကို အသက်အရွယ် ကြီးပြင်းလာသည်အထိ မိမိတို့ မိသားစုအလိုက်သာ အုပ်ထိန်းသွားမည်ဟု ပြောကြားခဲ့သည်။ ထိုသို့သော စီမံမှုမျိုးသည် ကလေးငယ်များ ထိမ်းမြားလက်ထပ်မှုတိုင်းတွင် ရှိမနေချေ။

child bride

(နီပေါနိုင်ငံ ကျေးရွာလေးတစ်ရွာမှ အသက် ၁၆ နှစ်အရွယ် သတို့သမီးအား သတို့သားအိမ်သို့ ပို့ဆောင်စဉ်)

လွန်ခဲ့သော (၃)နှစ်က အသက်(၁၀)နှစ်အရွယ် ယီမင်မိန်းကလေး နူဂျွတ်အလီသည် သူမ၏ ခင်ပွန်းသည် နေအိမ်မှ ခင်ပွန်းနှင့် ကွာရှင်းခွင့်ပေးရန် တရားရုံးတွင် တောင်းဆိုခဲ့မှုက တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့သည်။ သူမခင်ပွန်း၏ အသက်(၃၀)ကျော်အရွယ် ဖခင်သည် နူဂျွတ်အား အတင်းအကြပ် ရိုက်နှက်နှိပ်စက် ခိုင်းစေမှုများ ပြုလုပ်ခဲ့သည်။ နူဂျွတ်ကဲ့သို့ လွတ်မြောက်ခဲ့မှုမျိုးမှာ အလွန်ရှားပါးသည့် ကိစ္စမျိုးဖြစ်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် အတင်းအကြပ် ပေါင်းသင်းခံနေရသော မိန်းကလေးများသည် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်နာကျင်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်းလည်း National Geographicက ဖော်ပြခဲ့သည်။ အလွန်ငယ်ရွယ်ပြီး အသိဥာဏ် နုနယ်သေးသော မိန်းကလေးငယ် တစ်ဦးကို မိသားစု အသိုက်အ၀န်းမှ ဆွဲထုတ်ပြီး အရွယ်နှင့် လုံးဝမမျှသည့် အိမ်ထောင်ရေး တာဝန်များ ထမ်းဆောင်ခိုင်းခြင်းသည် အလွန်ကြောက်စရာကောင်းသော လုပ်ရပ်မျိုးဖြစ်ကြောင်း ဆီနီဂေါအခြေစိုက် NGOအဖွဲ့အစည်းတစ်ခုဖြစ်သော Tostanကို ထူထောင်သူ မော်လီမယ်ချင်က National Geographicသို့ သုံးသပ်ပြောဆိုသွားခဲ့သည်။

Source: DailyMail


၁၁ နှစ်အရွယ် မိန်းကလေးအား ၁၈ နှစ်ကြာ အကျဉ်းချထားပြီး အဓမ္မ ပြုကျင့်ခဲ့သူအား ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်

w63612
ဖိလစ်ဂါရီဒိုနှင့် နန်စီဂါရီဒို တို့အား တရားခွင်တွင် တွေ့ရစဉ်

w63613
ဂျေစီဒူးဂတ်ကို ပြန်လည် ကယ်တင်နိုင်ခဲ့အပြီး တွေ့ရစဉ်
၁၁ နှစ်အရွယ် ဂျေစီဒူးဂတ် ဆိုသူ မိန်းကလေးအား အသက် ၂၉ နှစ် အရွယ်အထိ ၁၈ နှစ်ကြာ အကျဉ်းချ အဓမ္မပြုကျင့်ခဲ့သူ ဖိလစ်ဂါရီဒို ဆိုသူအား တရားရုံးက ဇွန်လ ၂ ရက်နေ့တွင် တရားရုံးက ထောင်ဒဏ် ၄၃၁ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

ဂျေစီဒူးဂတ်အား အကျဉ်းချ နှိပ်စက်မှုများတွင် ပါဝင် ပတ်သက်ခဲ့သော ဖိလစ်ဂါရီဒို၏ ဇနီးဖြစ်သူ နန်စီဂါရီဒိုကိုလည်း ကာလီဖိုးနီးယား ပြည်နယ် အယ်လ်ဒိုရာဒို ကောင်တီ တရားရုံးက ထောင်ဒဏ် ၃၆ နှစ် ချမှတ်ခဲ့သည်။ ကျူးလွန်ခံခဲ့ရသည့် ဒူးဂတ်သည် စီရင်ချက်ချသည့်နေ့တွင် ကိုယ်တိုင် တက်ရောက် နားထောင်ခြင်း မရှိဘဲ မိခင်ဖြစ်သူကသာ သူ၏ ထွက်ဆိုချက်ကို ကိုင်ဆောင်ပြီး တက်ရောက်ခဲ့သည်။

ဂျေစီဒူးဂတ်၏ ထွက်ဆိုချက်ကို မိခင်ဖြစ်သူ တယ်ရီပရိုဗင်က တရားရုံးတွင် ဖတ်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်က ကာလီဖိုးနီးယားပြည်နယ် တာဟိုးကန် တောင်ပိုင်းရှိ နေအိမ်ရှေ့တွင် ကစားနေစဉ် ပြန်ပေးဆွဲခံခဲ့ရသော ဒူးဂတ်သည် ယခုအခါ အသက် ၃၁ နှစ် ရှိနေပြီ ဖြစ်သည်။

ဒူးဂတ်ကို ၂၀၀၉ ခုနှစ်တွင်မှ အာဏာပိုင်များက ပြန်ရှာတွေ့ခဲ့ခြင်း ဖြစ်သည်။ ဂါရီဒို လင်မယားသည် ၎င်းတို့အိမ်ရှိရာ ကာလီဖိုးနီးယား ပြည်နယ်၊ အန်တီယို့ခ်ျရှိ မြေအောက်ခန်းတွင် ဒူးဂတ်ကို ဖမ်းထားခဲ့သည်။ ဒူးဂတ်သည် ဂါရီဒိုနှင့် ကလေး နှစ်ယောက် ရခဲ့သည်။

ဒူးဂတ်၏ ထွက်ဆိုချက်တွင် ''ရှင်ရှိနေတဲ့ နေရာမှာ ကျွန်မဘ၀ရဲ့ နောက်ထပ် တစ်စက္ကန့်ကိုမျှ မဖြုန်းတီးပစ်ချင်တော့လို့ ဒီနေ့ ဒီနေရာမှာ ကျွန်မ ရှိမနေတာပါ''ဟု ဖော်ပြထားခဲ့သည်။

''ဖိလစ်၊ ရှင့်ရဲ့ ဖျော်ဖြေရေး အတွက် ကျွန်မကို အရာဝတ္ထု တစ်ခုလို အမြဲ အသုံးချခဲ့တယ်။ ရှင်နဲ့ ရှင့်ရဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကြောင့် ၁၈ နှစ်လုံး နေ့တိုင်း စက္ကန့်တိုင်း အမုန်းတရားတွေနဲ့ ပြည့်နှက်နေခဲ့ရတယ်။ နန်စီ၊ ရှင့်ကိုတော့ ဘာမှ မပြောလိုပါဘူး။ ရှင်တို့ နှစ်ယောက်စလုံးရဲ့ အနှစ်မပါတဲ့ စကားလုံးတွေနဲ့ တောင်းပန်မှုတွေကို ထပ်ပြောမနေပါနဲ့တော့။ ရှင်တို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေ အတွက် ကျွန်မလိုပဲ ရှင်တို့မှာ အိပ်မပျော်နိုင်တဲ့ညတွေ အများကြီး ရှိမယ်လို့ မျှော်လင့်ပါတယ်''ဟု ခံစားချက် အပြည့်ဖြင့် ရေးသားထားသော ထွက်ဆိုချက်ကို တင်ပြခဲ့သည်။

''ကျွန်မဘ၀နဲ့ ကျွန်မမိသားစုကို ခိုးယူသွားတဲ့ အဲဒီနှစ်တွေ အတွက် ကျွန်မ အရမ်း ဒေါသထွက်ခဲ့တယ်။ အခုချိန်မှာတော့ နေလို့ကောင်းနေပါ ပြီ။ ခြောက်အိပ်မက်တွေ ရှိမနေတော့ပါဘူး။ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ မိသားစုတွေ ရှိနေပြီ။ ရှင်တို့ ကျွန်မဆီက ဘယ်တော့မှ ထပ်မယူသွားနိုင်မဲ့ အရာတွေပေါ့။ ရှင်တို့ဟာ ကျွန်မအတွက် အရေးမကြီးတော့ဘူး''ဟု ဒူးဂတ် က ပြောကြားခဲ့သည်။

ကာလီဖိုးနီးယားပြည်နယ် ဥပဒေအရ ဂါရီဒို ကျူးလွန်ခဲ့သော ပြစ်မှုများ အတွက် သေဒဏ်ချမှတ်၍ မရနိုင်ကြောင်း သိရသည်။ အသက် ၆၀ ရှိပြီ ဖြစ်သော ဂါရီဒိုသည် ယခု စီရင်ချက်ကို အယူခံဝင်နိုင်သည်ဟု သိရသည်။


အမျိုး​သမီး​ထင်မှတ်ကာ အမျိုး​သား​ပြည့်​တန်ဆာကို ​ခေါ်ယူမိသည့်​ တရုတ်အမျိုး​သား​ ဒုက္ခ​တွေ့​ရ

alt

အမျိုး​သား​ပြည့်​တန်ဆာ​© dailymail

ကိုယ်စီး​သည့်​မြင်း​ အထီး​မှန်း​၊​ အမမှန်း​ မသိခဲ့​သည့်​ ကိစ္စအတွက် တရုတ်အမျိုး​သား​တစ်ဦး​ အလွန်တုန်လှုပ်​နေ​ကြောင်း​ သိရသည်။

ဇန်ဟုသာ အမည်​ဖော်ပြ​သော အသက် ၃၈ နှစ်အရွယ် အမျိုး​သား​သည် ဂွမ်ဇီး​ရှိ လီဇူး​မှ ဂျီယန်ဘင်ဥယျာဉ်တွင် အမျိုး​သမီး​ တစ်ဦး​နှင့်​ ​တွေ့​ဆုံခဲ့​သည်။ မှိန်​ဖျော့​ဖျော့​ အလင်း​ရောင်​အောက်တွင် အဆိုပါ အမျိုး​သမီး​သည် အလွန်ကြည့်​ကောင်း​နေပြီး​ ဇန်သည် အမျိုး​သမီး​နှင့်​ ညှိနှိုင်း​ကာ လိင်ဆက်ဆံမှု တစ်ကြိမ်အတွက် ယွမ်​ငွေ ၆၀ နှင့်​ သ​ဘောတူညီမှု ရရှိခဲ့​သည်။

၎င်းတို့​သည် ​နောက်​ဖေး​လမ်း​ကြား​ အခန်း​တစ်ခုတွင် လိင်ဆက်ဆံ​နေစဉ် ရဲများ​က အလစ်ဝင်​ရောက် ဖမ်း​ဆီး​ခဲ့​သည်။ ဇန်သည် ပြူတင်း​ပေါက်မှ ခုန်ချကာ ထွက်​ပြေး​ခဲ့​သော်လည်း​ ရဲများ​က ၎င်းကို ဖမ်း​မိခဲ့​သည်။ တန်ဟုသာ အမည်​ဖော်ပြ​သော ပြည့်​တန်ဆာ အမျိုး​သမီး​မှာ အခန်း​ထဲတွင်ပင် ဖမ်း​မိခဲ့​သည်။ နှစ်ဦး​လုံး​ကို ရဲစခန်း​တွင် ​ခေါ်ယူစစ်​ဆေး​သည့်​ အခါတွင်မှ ဇန်တစ်​ယောက် ​ခေါင်း​မီး​တောက်ရခြင်း​ဖြစ်သည်။

တန်သည် အမျိုး​သမီး​ တစ်ဦး​မဟုတ်ဘဲ ၄၂ နှစ်အရွယ် ​ယောက်ျား​စစ်စစ်ကြီး​ ဖြစ်​နေ​ကြောင်း​ သိလာရ၍ဖြစ်သည်။ မိမိ​လောက် မိုက်မဲသူ မရှိဟု ဇန်က ငြီး​တွား​ခဲ့​သည်။ ​မှောင်မည်း​နေချိန်တွင် အမျိုး​သမီး​ဟုသာ ထင်ခဲ့​ကြောင်း​ ၎င်းက ဝန်ခံခဲ့​သည်။ ​ယောက်ျား​ချင်း​ လိမ်လည်မှုကို ခံရခြင်း​အတွက် ခံပြင်း​ကြောင်း​လည်း​ ဇန်ကဆိုသည်။ တန်သည် ထိုကဲ့​သို့​ ပြည့်​တန်ဆာ လုပ်ကိုင်ပြီး​ တစ်လလျင် ယွမ်​ငွေ ၈၀၀ မှ ၁ဝဝဝ ခန့်​ထိ ရရှိတတ်​ကြောင်း​ သိရသည်။

လီဇူး ​မှ ရဲများ​သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကလည်း​ အမျိုး​သား​တစ်ဦး​၊​ အမျိုး​သမီး​တစ်ဦး​တို့​ကို ပြည့်​တန်ဆာမှုဖြင့်​ ဖမ်း​ဆီး​ခဲ့​ပြီး​ ၎င်းတို့​ထံမှ ကွန်ဒုံး​များ​၊​ အပြာရုပ်ရှင်​ခွေများ​နှင့်​ ကာမအား​ပေး​သည့်​ ​ဆေး​တောင့်​များ​ကို သိမ်း​ဆည်း​ရမိခဲ့​သည်။

    

More info : http://groups.google.com/group/myanmar-daily-info-n-general-knowledge/subscribe?hl=en


With Best Regards,

slip
http://www.meepyatite.info/


Simple Views On My Land
http://simpleviewsonmyland.blogspot.com/


Myanmar Social Network
http://myanmar-social-network.socialgo.com/


Computer Technical Notes & Sharing Software
http://slip-meepyatite.blogspot.com/


Myanmar Digital Satellite Navigation Gathering
http://mdsng.blogspot.com/


All Myanmar Blogs
http://allmyanmarblogs.blogspot.com/


Myanmar (Burma)
http://republicoftheunionofmyanmar.blogspot.com/


Music
http://myl6.blogspot.com/


Funny Jokes
http://7comrades.blogspot.com/


MIET Forum
http://mietforum.ning.com/


You received this message because you are member of
"Myanmar Daily Info & General Knowledge" group. To post to this group, send email to
myanmar-daily-info-...@googlegroups.com
To unsubscribe from this group, send email to
myanmar-daily-info-n-gene...@googlegroups.com
For more options, visit this group at
http://groups.google.com/group/myanmar-daily-info-n-general-knowledge?hl=en
If you need any help, you can contact ad...@meepyatite.org & forall...@gmail.com & simplev...@gmail.com.


Reply all
Reply to author
Forward
0 new messages