အထက်လှန်အောက်လျှော November

35 views
Skip to first unread message

Tomme Aung

unread,
Nov 28, 2013, 1:56:12 PM11/28/13
to travel...@googlegroups.com
တစ်ခါဖတ်ပြီး လွတ်ပစ်ခြင်းခံရလေ.ရှိသော ဂျာနယ်များတွင် မည်သည်.အခါမျှ  မရေးပါ



အထက်လှန်အောက်လျှော November

ဆောင်းရာသီ ရောက်လာပြီ အအေးဓါတ်ရောက်မလာသေး၊ မုတ်သုန်လေများ November လအထိ အပျော်လွန်နေသည်။တော်တော်နှင်. နုပ်မဆက်နိုင်သေးပေ။ လည်းကောင်း လုပ်နေကျ တာဝန်ကို မေ.နေသလိုပင်။ကမ်ဘာကြီးပူနွေးလာမှုကို လူတွေသိစေချင်လို.ဖြစ်မည်။ ဒီကြားထဲ မုန်တိုင်းတစ်ချက်နှစ်ချက် ဆင်ပြလို. ဖိလစ်ပိုင်နိုင်ငံမှာ လူတွေအတော်သေကုန်ကြသည်။ နောက်ထပ် မုန်တိုင်း ဖန်တီးပြချင်နေသေးသည်။ တော်ပါတော. ဒီလောက်သက်သေပြလျင် ကမ်ဘာကြီး အပူထနေတာ သိနေပါပြီ။

 စာရေးသူတို.ငယ်ငယ်က October လ အလယ် ဆီမီးထွန်းပွဲပြီးလျင် ဆောင်းတွင်းမြောက်လေ ၀င်လာပြီ။ မိုးအကုန် ဆောင်းဦးဝင်စ သီးနှံတစ်ချို.စိုက်ပျိုးပြီးချိန်မှာမှ Buddha ဘုရားသခင် တာဝတိးသာကဆင်းလာပေးသည်မှာအများသူငါကိုမနှောက်ရှက်စေချေင်သောကြောင်.ဖြစ်

သည်။ မုတ်သုန်လေ နောက်အဆုတ်မှာ မြောက်ပိုင်းလေ အလစ်ဝင်လာတတ်သည်။ အေးမြသော လေပြေလေးများရောရှက်ကာ လောကသဘာဝကို ခြောက်သွေ့အောင်လုပ်ပြီးလူအများ ပွင်.လင်းရာသီရောက်ကြောင်းနှင့်ခရီးသွားလာခြင်းကို တစ်ပျော်တစ်ပါးသွားလို့ရကြောင်း နိုးဆော်လိုက်သည်။ ဒါကိုပင် ပွင်.လင်းရာသီ သို.မဟုတ် ၀ါကျွတ် ပြီဟု တင်စားခေါ်ဝေါ်စေသည်။

သို.သော်  အအေးဓါတ်ပေါ်မလာဘဲ ရာသီဥတု ပူမြဲပူနေစေသည်မှာ မကြုံဘူးသော နှစ်တစ်နှစ်ဖြစ်သည်။ မိုးနှောင်း ကာလ လို တိမ်တွေ အုပ်ဆိုင်းသဖြင်. ခရီးသွားရာသီမလှပနိုင်ပါ။

အဆိုးဆုံးမှာ November လအတွင်း မြန်မာနိုင်ငံကိုလာရောက်လည်ပတ်သော နိုင်ငံခြားသား ၁၀၀ ဦး လျှင် ၆၀ ဦးခန်. ၀မ်းဖေါဝမ်းပျက်ဖြစ်နေကြသည်ကို တော်တော်များများတွေ.နေရသည်။

 ကမ်ဘာကြီးပူနွေးလာမှုက ၂၀၁၃-၁၄ ခရီးသွားရာသီအစကို ကန်.လန်.ကဖွင်.ချလိုက်ပုံမှာ အများသူငါ ထိတ်လန်.စေသည်။  နိုင်ငံခြားသား အများစု မြန်မာနိုင်ငံအတွင်း မည်သည်.နေရာမဆို ဘာစားစား ၀မ်းလျှော ကြသည်။ တစ်ချို.က ရေပြောင်းရေလဲကြောင်.ထင်ပြီး တစ်ချို.မှာ အသီးအနှံ၊ ကြက်ဥ နှင်. ကြက်သားစားလို.ဖြစ်ရသည်ဟု ထင်ကြေးပေးကြသည်။ ဘယ်လိုဖြစ်ဖြစ် နိုင်ငံခြားသား များ ၀မ်းလျှောရုံမက အစာအံသည်အထိဖြစ်သည်။ အထက်လှန်အောက်လျှောဖြစ်ကြောင်း ဆရာဝန်တစ်ချို.မှ မှတ်ချက်ပြုသည်။ အပူအအေး မညီမျှခြင်း အစားအစာများ ဓါတ်ပြောင်းလဲခြင်းကြောင်. အဓိကဖြစ်ရကြောင်း ပြောပြကြသည်။ အထက်လှန်အောက်လျှောဖြစ်ပါက အချိန်မီ ဓါတ်ဆားရေနှင်. လိုအပ်သော ဆေးဝါး များ မှီဝဲသင်.သည။် သို.မဟုတ်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်သည်။

 စာရေးသူမှာ November လ အတွင်း Tour နှစ်ကြိမ်လိုက်ရလို. ပျော်နေမှုက မိမိ ဧည်.သည် ၀မ်းလျှောလို. ဆေးကုပေးရသဖြင်. အချိန်ကုန်ကာ စိတ်ပျက်ခဲ.ရသည်။ ဧည်.သည်နှစ်ဖွဲ.စလုံးမှ အတော်များများ အထက်လှန်အောက်လျှောဖြစ်ကြသည်။ နှစ်ရက်မှ သုံးရက် ရောဂါခံစားရပြီး ဆရာဝန်ကို တည်းခိုရာ ဟိုတယ်သို.ပင်.ပြီးကုသရသည် အထိ ကြုံရသည်။ ကံကောင်းသည်မှာ မိမိဧည်.သည်များ ပြန်လည် သက်သာလာလို. ခရီးသွားခရီးစဉ်တစ်ချို. မဖျက်ရဘဲ လည်ပတ်နိုင်ခဲ.သည်။

မိမိဧည်သည်တွေသာ ၀မ်းရောဂါဖြစ်သည်ဧု အစက ထင်ခဲ.တာမှားသည်။ မြန်မာနိုင်ငံအနှံ.တွေ.ရသော နိုင်ငံခြားသားတော်တော်များများလည်း အထက်လှန်အောက်လျှောဖြစ်နေသည်ကိတွေ.လိုက်ရမှာ ပုံမှန်မဟုတ်သော အခြေအနေ မှန်းသိလိုက်ရသည်။ ပြင်ပလေ သည် ပူအိုက်အိုက်နှင်. ဆောင်းရာသီကို ဟန်.တားထားသည်။ မုတ်သုန်လေ နှစ်လနောက်ကျပြီးမှ ၀င်ရောက်ခဲ.မှုက ဆောင်းရာသီဝင်ရောက်မှုကို ဖျက် စီး ပစ်ယုံသာမက လူတွေကိုပါဘေးသင်.အောင်လုပ်လိုက်သည်။ မြန်မာလူမျိုးများကိုဖျားနာအောင်လုပ်ပြီး နိုင်ငံခြားသားများကို အထက်လှန်အောက်လျှောဖြစ်စေသည်။ ထို.ကြောင်. ၂၀၁၃-၁၄  ခရီးသွားရာသီအစကို အထက်လှန်အောက်လျှော November က ခရီးဦးကြိုဆိုလိုက်သည်။

 နိုင်ငံခြားသား ခရီးသွားများ အထက်လှန်အောက်လျှောဖြစ်နေကြလို. ရန်ကုန်ရှိ International Clinic SOS မှ ဆရာဝန်ကြီးများက အောက်ပါအတိုင်း ဆောင်ရန်ရှောင်ရန်နှင်. သောက်သုံးသင်.သော ဆေးဝါးများကို အကြံပြုပေးထားသည်ကို တွေ.ရှိရသည်။

Standard Prescription            /  Gastro-enteritis

-      For vomiting

-      Emeset 4 mg: 2 tablet every 12 hours for one or two days.

-      For Diarrhea

-      Smecta: One sachet three times aday.

-      Zithromax 250mg: Two tablets once a day after food for three days: not taken with Smecta.

-      Drink 100 plus ( sport drink) as much as possible.

 

-      Soft diet, rice, congee, yogurt..

 

-      Avoid: Chili, mangoes, alcohol, eggs and milk

 

-      Bring a stool sample if the diarrhea is persisting.

 

-      By, Dr.Olivier Cattin    SOS/ Yangon 

 

-      Tel: 01: 667879

 

အစဉ်လေးစားလျက်

သွေးသစ်

ခရီးသွားသုတေသီ

၂၉ နိုဝင်ဘာ ၂၀၁၃

 

 


Reply all
Reply to author
Forward
0 new messages