A change in The Tourism မှ စာမု တစ်ချို့

49 views
Skip to first unread message

Tomme Aung

unread,
Aug 25, 2014, 12:46:53 PM8/25/14
to travel...@googlegroups.com

A Change in Tourism   2014 9 လပိုင်းထွက်မည့် စာအုပ်မှ စာမြည်း
( မြန်မာ့ ခရီးသွားအရွေ့ )


 မြန်မာနိုင်ငံရှိ ဟိုတယ် မိုတယ် အင်းနှင့် တည်းခိုခန်းများ

မြန်မာနိင်ငံ၏ ခရီးသွားလာရေး အတော်စန်းထနေသည်။
နိုင်ငံတကာ ခရီးသွား လာရောက်လည်ပတ်သူ နှစ်စဉ်လိုလို များလာသည်။ ၂၀၀၉ ခုနှစ်တွင် ၇၆၂၅၄၇ ဦးသာရှိခဲ့ပြီး ၄ နှစ်ကျော်ကြာပြီးနောက် ၂၀၁၃ တွင် ၂, ၀၄၄၃၀၇ ဦး အထိရှိကာ ၂ဆ ပိုများလာသည်။
လာရောက်သူများတွင် အလွတ်တန်းလာသူ F.I.T များသာ ၃၈% အများဆုံးဖြစ်သည်။ Package tour ဖြင့်လာသူ ၁၇% စီးပွားရေးအတွက်လာသူ ၁၉% ဆိုရှယ် visit ၅% အခြားဂဏ္ဍများ အတွက်လာသူ ၂၁% ရှိခဲ့သည်။
မြန်မာခရီးသွားဂဏ္ဍသမိုင်းတစ်လျှောက် ၁၉၉၃ မှ ၂၀၁၄ တိုင် ၂၀၁၃ သည် ပထမဦးဆုံး နိုင်ငံခြားသားခရီးသွား အများဆုံးနှစ်ဖြစ်ကြောင်း တွေ့ရသည်။
၂၀၁၄-၂၀၁၅ တွင်များများလာကြမည်။
အများခန့်မှန်းထားသည်မှာ ၃ သန်းခန့်ဖြစ်သည်။
အမှန်တကယ်တွင် ၂၀၁၃ ၌ ၂သန်းကျော်ရှိ လာမည်ကို မထင်ထားကြပေ။၁သန်းကျော်သာရှိမည်ကို ပြည်တွင်းရှိ ဟိုတယ်အိပ်ခန်းပေါင်း ၂၀၀၀၀ကျော် ဖြင့် နိုင်းယှဉ် ယူဆခဲ့ကြသည်။
အကယ်၍ ၂၀၁၄-၁၅ တွင် ၃ သန်းလာရောက်ခဲ့ပါက အဆင်ပြေပြေတည်းခိုနိုင်ရန် ဟိုတယ်များ လိုအပ်လာပေလိမ့်မည်။
၂၀၀၉ တွင် ဟိုတယ်ပေါင်း ၆၂၁ လုံးသာ ရှိခဲ့သော်လည်း ၂၀၁၄ ၈ လပိုင်းတွင် ၉၆၀ လုံး ရှိလာသည်။
၂.၄ သန်းလာရောက်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ၉၂၃ လုံးသာရှိခဲ့သည်။
၈ လအတွင်း ဟိုတယ် ၃၇ လုံး တိုးလာခြင်းဖြစ်သည်။
အထူးသဖြင့် ရန်ကုန် မန်းလေး အင်းလေးနှင့် ပုဂံဒေသတို့တွင် တိုးချဲ့ဆောက်လုပ်ခဲ့ကြခြင်းဖြစ်သည်။
ဟိုတယ်နှင့် ဝန်ကြီးဋ္ဌာနအနေဖြင့် အင်းလေးဟိုတည်ဇုံ မန်းလေး ဟိုတယ်ဇုံ တိုးတည်ဆောက်ရန် ၂၀၁၂ နှစ်ဦးပိုင်းတွင် ချမှတ်ပေးခဲ့သည်။
ထိုဒေသအပြင် ပုဂံနှင့် အခြားဒေသတို့တွင် လိုအပ်ပါက တိုးမြင့်တည်ဆောက်မည့် အစီအစဉ်များ ရှိနေသေးသည်။
၂၀၁၄ ခုနှစ်တွင် ဟိုတယ် ပေါင်း ၁၀၀၀ ကျော် နှင့် အခန်းပေါင်း ၃၀၀၀၀ ကျော် ရှိလာမည်ဖြစ်သည်။
မြန်မာ့ ဟိုတယ်ခရီး၏ ညွှန်းကိန်းများအရ ၂၀၁၃ အကုန်တွင် ဟိုတယ်ရင်းနှီးမြုပ်နှံမှု ဒေါ်လာသန်းပေါင်း ၁၉၁၇ သန်းအထိရှိလာသည်။
အများဆုံးရင်းနှီးမြုပ်နှံသည့်နိုင်ငံမှာ စင်္ကာပူ ၈၈၀.၄ သန်းဖြင့်အများဆုံး
ထိုင်း- ၂၃၅.၇ သန်း ဂျပန်- ၁၈၃ သန်း ဟောင်ကောင်- ၁၅၀.၅ သန်း မလေးရှား - ၂၀ သန်း ဗီယက်နမ်- ၄၄၀ သန်း UK - ၃.၄ သန်းUAE- ၄သန်း ဟူ၍ ၈ နိုင်ငံမှ ရင်းနှီးမြုပ်နှံထားသည်ကို တွေ့ရှိရသည်။
ယခုကဲ့သို့ ဟိုတယ်များတိုးပွားလာခြင်းသည် နိုင်ငံရေး အနည်းငယ် တိုးတက်လာခြင်း အစိုးရသစ်လက်ထက်တွင် TOURISM ကို အားပေး ပံ့ပိုးကူညီခြင်း ဝန်ကြီးဌာနမှ လိုအပ်သည့်အပိုင်းကို စေတနာထား ကူညီလုပ်ဆောင်ပေးခြင်းတို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းကြား မြန်မာနိုင်ငံအားစိတ်ဝင်စားမှု ပိုလာခြင်းတို့ကြောင့် ခရီးသွားလာခြင်းတိုးမြင့်လာသလို ဟိုတယ်များပေါများလာစေခြင်း အကျိုးတရားများ ဖြစ်ပေါ်စေပါသည်။
၂၀၁၂ နိုဝင်ဘာလ ၂၉ ရက်နေ့အမေရိကန် သမ္မတ က မြန်မာနိင်ငံ လာရောက်ခဲ့အပြီး ကမ္ဘာ့ ခရီးသွား ဇာတ်ခုံပေါ်ဝယ် မြန်မာနိုင်ငံသည် ထွန်းတောက်ခဲ့ရသည်။ အများထင်သလို လုံခြုံရေးစိတ်မချရသော နိုင်ငံမဟုတ်ကြောင်း မြန်မာနိုင်ငံသည် ခိုင်မာသော သမိုင်းကြောင်းရှိခြင်း ယဉ်ကျေးမှု မြင့်မားသလို လှပသော ဒေသတစ်ခုဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်သလို ဖြစ်ခဲ့ရသည်။ လာလည်ချင်သော်လည်း မလာရဲသည့် ဧည့်သည်များကို ဖမ်းစားနိုင်ခဲ့သည်။
ထို့ကြောင့်တစ်နှစ် ထက် တစ်နှစ် နိုင်ငံခြားသားခရီးသွား များများလာခဲ့သည်။
သို့သော် ၂၀၁၃ ၁၀ လပိုင်းတွင် ဟိုတယ်ကြီး တစ်ခု၏ အခန်းတစ်ခန်းတွင် ဗုံးပေါက်ကွဲခဲ့မှုကြောင့်၂လ ခန့် ဧည့် အဝင်နဲသွားခဲ့ရသည်။
ဒါပြင် တိုက်တိုက်ဆိုင်ဆိုင် ၂၇ ကြိမ်မြောက် Sea Game ကို နေပြည်တော်နှင့် မန်းလေး ရန်ကုန်မြို့များ၌ကျင်းပသဖြင့် ထိုမြို့ကြီး၃ မြို့ ရှိ ဟိုတယ်တိုင်းပွဲတော်လာရောက်ကြည့်ရှု သူများပြည့်နေသောကြောင့် တခြား ဥရောပ နိုင်ငံခြားသားများ အလာနဲသွားခဲ့သည်။ 
ဒါပေမယ့် ၂၀၁၃-၁၄ ခရီးသွားရာသီကို အနည်းငယ်သာလှုပ်ခတ်စေခဲ့ပြီး ၂.၄ သန်းခန့် လာလည်ခဲ့ကြသည်။
ဟိုတယ်များပိုမို လိုအပ်လာသည်။ အထူးသဖြင် ရန်ကုန် မန်းလေး ပုဂံ အင်းလေးဒေသတို့တွင် ဟိုတယ်များ ပိုပြီးများလာသည်ကို တွေ့ရသည်။
၂၀၀၉ တွင် ရန်ကုန် ၁၆၂ လုံး မန်းလေး ၆၈ လုံး အင်းလေးညောင်ရွှေ ၁၉ လုံး နှင့် ပုဂံတွင် ၇၆ လုံးသာ ရှိခဲ့သော်ငြား ၂၀၁၃ ခုနှစ် မန်းလေး ၁၀၄ လုံး ရန်ကုန် ၂၃၂ လုံး အင်းညောင်ရွှေ ၄၇ လုံး ပုဂံမှာ ၉၀ လုံး နီးပါးရှိလာသည်မှာ ၄နှစ်ကျော်အတွင်း ၂ဆခန့် တိုးပွားလာခြင်းဖြစ်သည်။
အခြားတိုးဆိုဒ် များတွင်လည်းဟိုတယ်များ ထပ်မံ ဆောက်လုပ်လာတာကို တွေ့ရပါသည်။၂၀၁၄ သြဂုတ်လအထိ ဟိုတယ်ပေါင်း ၉၆၀ ကျော် တည်ဆောက်ပြီးဖြစ်သည်။ယခင်နှစ်များစွာက ခရီးသွားလုပ်ငန်းကို စိတ်မဝင်စားခဲ့ကြသော စီးပွားရေးလုပ်ငန်းရှင်များလည်းဟိုတည်ရင်းနှီးမြုပ်နှံမှု လုပ်ကိုင်လာကြသည်ကို တွေ့ရှိရသည်။
ငွေကြေးတတ်နိုင်သူများ ဟိုတယ်ဆောက်ရန် ဟိုတယ်အကြံပေးငှားရခြင်းပြုလုပ်ရကာဆောက်ကြနေရပြီ။
Tourism ကိုမရင်းနီးသော်လည်းခရီးသွားလုပ်ငန်းကို စိတ်ဝင်စားလာကြသည်။
လိုကယ်တွေသာတည်းခိုသော တည်းခိုခန်းများကလည်း နိုင်ငံခြားသားများတည်းခိုနိုင်စေရန် ပြုလုပ်လာကြသည်။
သို့ပါ၍ ဟိုတယ်တစ်လုံးတည်ဆောက်ရာဝယ် 
၁ ဘေးကင်းလုံခြုံမှု
၂ သက်တောင့်သက်သာရှိမှု
၃ ပတ်ဝန်းကျင်ကောင်းမှု
၎ ဝန်ဆောင်မှု ကောင်းမှု
၅ ဈေးနုန်း သင့်တင်မှု ရှိခြင်း တို့ကို ကြည့်ပြီး နိုင်ငံခြားသားများက တည်းခိုကြောင်းသိရှိထားရန်လိုသည်။
သို့ပါ၍ ဟိုတယ်ခရီးမှ အလျင်းသင့် သလို ဝန်ဆောင်မှု သင်တန်းများ ပို့ချပေးတာကိုလည်းတွေ့ရှိရပါသည်။
စာရေးသူအမြင်တင်ပြချင်ပါသည်။
ခရီးသွားလာရေး တိုးတက်ကောင်းမွန်လာတာကို
အကောင်းမြင်ဝါဒဖြင့်ကြည့်ရလျင် ဟိုတယ်များ များလာခြင်းသည် ဒေသတွင်းရှိလူငယ်များကို အလုပ်အကိုင်ပေါများလာစေနိုင်သည်။
၆ ၆ ၂၀၁၃ နေ့ Master Plan အရ ဒေသခံလူများ အကျိုးရှိစေသော်လည်း ထိုဒေသ၏ ဂေဟစနှစ်ကို မထိခိုက်အောင် လုပ်ဆောင်ပေးရန်လည်း လိုအပ်ပါသည်။
ဟိုတယ်ပေါင်း ၉၆၀
ရှိလာသော်လည်း Guest House ခေါ် တည်းခိုခန်းများမှာ FIT များရဲ့ နားခိုရာဖြစ်၏။
Package Tour များ မတည်းခိုသော်လည်း အဆိုပါ Guest House များမှာ တစ်ပြည်လုံးအနှံ့ ၅၅၀ ကျော်ရှိပါသည်။
သို့သော် တည်းခိုခန်းလေးများသည် 
အတွင်းခန်းသန်ရှင်းသပ်ရပ်ဖို့ လိုမည်။
ငွေကြေးမသုံးနိုင်သော Back packer ခေါ် အလွတ်တန်းလာသူတွေသည် သန့်ရှင်းမှုကို အဓိက ထားကြသည်။သွားလာရေးအတွက် စက်ဘီး ဆိုက္ကား တို့ဖြင့် သွားပြီး ကြုံ သလို ဖြစ်သလို စားကြတာများသည်။
သို့ပါ၍ တည်းခိုခန်းများအနေဖြင့် ဝန်ဆောင်မှုကောင်း အခန်းတွင်း Amenity တွေ ဖြည့်ပေးခြင်းထက် နံရံများအား ဆေးသုတ်ပေးခြင်း လေဝင်လေထွက်ကောင်း အနံ့အသက်ဆိုးများ မရှိအောင်လုပ်ပေးခြင်း ခေါင်းအုံး စောင်များ သန့်ရှင်းစွာရှိစေခြင်းတို့ပြုလုပ်ပေးသင့်သည်။ 
စာရေးသူ စင်္ကာပူ ကို ၂၀၁၀ တွင် အလည်အပတ်ခရီးသွားခဲ့စဉ်က ကြုံတွေ့ခဲ့ရတာကို မျှဝေချင်ပါသည။်
စင်္ကာပူသည် အစစ အရာရာ ဈေးကြီးသော မြို့ပြနိုင်ငံငယ်ဖြစ်သည်။
စင်္ကာပူ မရောက်ခင်ကတည်းက ဘူးဂစ် အရပ်မှာ ဈေးချိုသော တည်းခိုခန်းများအကြောင်း လေ့လာသိရှိပြီးဖြစ်သည်။
ချန်ဂီလေဆိပ်ရောက် တက္ကစီ ငှားပြီး တည်းခိုခန်းတစ်ခုကို ရောက်ခဲ့သည်။
ရောက်ရောက်ခြင်း ပတ်စ်ပို့ပေးပြီး အခန်းယူသည်။
အခန်းတွင်းဝင်မည်အလုပ်တွင် အလွန်အံ့သြသွားရသည်။
မိမိအိပ်မည့်အခန်းသည် အနံ ၆ ပေ အလျား ၁၂ ပေသာရှိသော အခန်းကျဉ်းကလေးဖြစ်သည်။ ကုတင်တစ်လုံး စားပွဲ တစ်ခုသာရှိသည်။ ဒါပေမယ့် ထိရက်စရာ မရှိ သန်ရှင်းသပ်ရပ်လွန်းသည်။ အပြင်မှာ မိုးရွာ၍ ဘွတ်ဖိနပ်စို ဖြင့် အခန်းတွင်း စီးပြီး မဝင်ရက်အောင်ဖြစ်ရသည်။
ဤတည်းခိုခန်းသည် ဈေးအချိုဆုံးတစ်ခုဖြစ်သည်။ တစ်ည စင်္ကာပူဒေါ်လာ ၁၀ သာပေးရသည်။အခန်းတွင်းရေမွှေးနံ့ သင်းနေသည်။ ဆပ်ပြာနှင့် ခေါင်းလျှော်ရည် ၁ဒေါ်လာ ရေချိုး တဘက် ၁ဒေါ်လာနှင့် တယ်လီဖုန်းအားသွင်းရန် အိတ်စ တန်းရှင်း ငှားခ ၁ ဒေါ်လာ ထပ်ပေးရသည်။ မနက်စာတော့ အလကားကျွေးသည်။ စိမ်းသောနေရာ စိမ်းသော အိပ်ရာမှာ စာရေးသူ အခက်အခဲမရှိ အိပ်ရေးဝဝ အိပ်ပျော်ခဲ့သည်။
ဆိုလိုချင်သည်မှာ မြန်မာနိုင်ငံတွင် Deluxe ဟိုတယ်တွေပေါလာတာကောင်းသည်။ တည်းခိုရာနေရာသည် အဓိက ဘာကို အထောက်အပံ့ ပေးမည်နည်း။ Deluxe ဟိုတယ်များဈေးကောင်းကောင်းယူ၍ဝန်ဆောင်မှုကောင်းပေးမည်ဆိုတာ သံသရ မဝင်မိ။ သို့သော် နိုင်ငံခြားသားများအတွက် စိတ်ချမ်းသာမှုကို အဓိကထားလုပ်ဆောင်သင့်သည်။
အဘယ့်ကြောင့်ဆိုသော် အင်္ဂလိပ်လို ဆိုရိုးစကားတစ်ခုကြားဘူးသည်။
Home away from Home ဟူ၍ဖြစ်သည်။
နိဂုံးချုပ်ပြောချင်သည်မှာ မြန်မာနိုင်ငံ၏ခရီးသွားဂဏ္ဍတိုးတက်လာသလို Infrastructure များ လိုအပ်လာသည်။ ဟိုတယ် မိုတယ် အင်းနှင့် တည်းခိုခန်းများ များပြားလာတာကို ကြိုဆိုပါသည်။
Quality Product / ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်စေသလို ဝန်ဆောင်မှုကောင်းပေးနိုင်ဖို့ရန် အသိပညာများ ဖြည့်တင်းပေးနိုင်ဖို့လည်း လိုအပ်မည်ထင်သည်။
နိုင်ငံတစ်နိုင်ငံ တိုးတက်ရန် အတတ်ပညာရှင် အသိပညာရှင်များ ညီညွတ်စွာ ချီတက်နိုင်မှပိုမို ကောင်းစေနိုင်မည် မဟုတ်ပါလား။

အစဉ်လေးစားလျက်
သွေးသစ်
ခရီးသွားသုတေသီ
၂၀၁၄

်


Akauk Taung.jpg
Orchaella.jpg

Thida Win

unread,
Aug 27, 2014, 11:47:36 PM8/27/14
to travel...@googlegroups.com
အစ်ကို ဒီစာအုပ် ထွက်ပြီးတဲ့အချိန်လောက်မှာ ဒီစာအုပ်ကို ကိုးကားပြီး
သတင်းရေးသားခွင့်ရမလားသိချင်ပါတယ်။
သတင်းရေးလို့အရမ်းကောင်းတဲ့အကြောင်းအရာတွေမို့ပါ။ အစ်ကို ထွက်ပြီးမှ
ရေးမှာပါ။ ခွင့်ပြုရင်ပေါ့။ အကြောင်းပြန်ပေးပါနော်
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/fb275022-b284-4e7e-a517-d42fa9c7a498%40googlegroups.com.
> For more options, visit https://groups.google.com/d/optout.
>

Nansein Than

unread,
Aug 28, 2014, 1:30:35 AM8/28/14
to travel...@googlegroups.com
Suggestion!
Dear Thidar Win,
Please try to travel as much as you can and share your own experience.
Best regards, NST
> https://groups.google.com/d/msgid/travelmyanmar/CANWyO3D4Eopz_yyzAY3GHS_6-OKFkT_8ryP_VPWLoZv9PMWVmg%40mail.gmail.com.
Message has been deleted

Thomas Latt

unread,
Aug 28, 2014, 11:10:03 PM8/28/14
to travelmyanmar
good point Bo Saw. thanks. we should discuss more detail on separate topic.



~ an asian tour operator AATO ~
“Kilometers are shorter than miles. Save gas, take your next trip in kilometers.” – George Carlin.


2014-08-29 5:57 GMT+06:30 Bo Saw <saww.m...@googlemail.com>:
စား​သောက်​ဆိုင်​ အများစုကို​တော့စိတ်​ပျက်​မိတယ်
မ​နေ့က ပုဂံ ကပြန်​ ​တော့ပြည်​ ဘက်​ကဆင်းလာတယ်

နေ့လည်​စာ ကိုခရီးသွားများပြီး သန့်​မယ်​ ထင်​တဲ့ဆိုင်​မှာ
ဝင်​စားမိတယ်​  စား​ကောင်း​ကောင်းနဲ့စားပြီး အ​ပေါ့ အပါး
သွားမိတာက ပြဿနာ စတာပဲ

စားထားတာ​တွေ ပြန်​မထွက်​ရုံပဲ
အော်​ဂလီဆန်​ စရာဆို ​တော့စဉ်းစား သာကြည့်​ ​တော့ဗျို့

မနှစ်​က Tour နဲ့ အ​ပြောင်းအလဲဖြစ်​ ​အောင်​ဆိုပြီးရန်​ကုန်​ ကနာမည်​ကြီး ဒံ​ပေါက်​ဆိုင်​ မှာစားမိတယ်
အ​ခြေအ​နေသိ​အောင်​​ကျွေး​နေတုန်း  Toilet အရင်​သွား
ကြည့်​တယ်​ ။ ချက်​ချင်း bill ရှင်းပြီး​ပြေးပဲ ။

Toilet ​ရှေ့မှာ ဒံ​ပေါက်​ပန်းကန်​​တွေ အိုး​တွေ​ဆေး​နေတာမြင်​မ​ကောင်းဘူး ။

လသာလမ်း နားက နာမည်​ကြီး အသား​ပေါင်း ​ပေါက်​စီဆိုင်​ ကပိုဆိုး​သေး ညစ်​ပတ်​တဲ့ အပြင်​ ၂ ပိဿာ​လောက်​ကြွက်​ကြီး ​တွေပါ​တွေ့​သေး ။

အသား​ပေါင်းထဲ​ရောဖို့​မွေးထားလားမသိဘူး ။

စင်​ကာပူတိုးတက်​တာ​တော့မ​ပြောနဲ့ဗျာ ။ ပိုက်​ဆံကုန်​စရာမလို တဲ့စိတ်​ဓာတ်​ နဲ့ သန့်​ရှင်း ​ရေးမှာ စကွာသွားပြီ ။

အိ​မ်​သာ လို့ နာမည်​​ပေးခဲ့တဲ့ ဗမာကြီး ​တွေကို အားနာမိတယ်​ဗျာ ။

အိမ်​သာသွားပြီးမှစားပါ  လို့


--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
Reply all
Reply to author
Forward
0 new messages