နန်းဘုရားအရှုပ်တော်ပုံ

129 views
Skip to first unread message

khin thidar

unread,
Jun 29, 2013, 12:26:44 PM6/29/13
to emerald.twentyfive, chawchawmarrior, ninikhet, Soe KyawThu, yunn eain, yannaing htun, winzaw oo5, yanyan.hlaing, travelmyanmar
Myo Swe Than
4 hours ago via mobile
near Dagon

နန်းဘုရား
ဒုတိယစည်သူလို့ ခေါ်တဲ့
နရပတိစည်သူလက်ထက်က
မျက်ဖြေလင်္ကာတစ်ပုဒ်ကြောင့်
နာမည်ကြီးသွားတဲ့ အနန္ဒသူရိယရဲ့
...See More
— with Thatoe Thuzaraung, TinTin Aye, Nini Khet, Soe Kyaw Thu and
Chawchaw Mirror.
Like ¡ ¡ Unfollow Post ¡ Share

Soe Kyaw Thu, Nyein Nyein Aung, Nann Wai Lwin and 141 others like this.
17 shares
A MA RA နန်းဘုရားတည်ဆောက်သေါခေတ်မှာအနော်ရထာမင်းကြီးလက်ထက်နောက်သိပ်မဝေးဟုယူဆရပါသည်။မနူဟာမင်းကြီးစံနန်းတော်နေရာတွင်
မြစ်တော်နာဂသမန်းကတည်ဆောက်ခဲ့သည်ဟုအဆိုရှိပါသည်။ (စိတ်မရှိပါနဲ့နော် )
4 hours ago ¡ Like ¡ 2
YarZar Myo right A MA RA
4 hours ago via mobile ¡ Like
Thiha Maung Maung မြန်မာ့ရိုးရာလက်ဝှေ့သမိုင်းကြောင်းအထောက်အထားကို
ခိုင်ခိုင်မာမာပြနိုင်တဲ့ နံရံဆေးရေးပန်းချီရှိတဲ့နေရာဟာ
နန်းဘုရားဖြစ်ပါတယ်။ ကချေသည်တွေနဲ့အတူ နဘမ်းသတ်နေတဲ့ လူပုံတွေကို
အဲဒီဆေးရေးထဲမှာ ထည့်ရေးဆွဲထားပါသတဲ့။ အာစရိ
အဲဒီနံရံဆေးရေးပန်းချီလေးများရရင် တင်ပေးပါဦးအာစရိရယ် ...
4 hours ago ¡ Like ¡ 1
Myo Swe Than နာဂသမန်းက အနန္တသူရိယပါပဲ
နရပတိစည်သူရဲ့ ရာဇဝတ်သင့်ခြင်းကိုခံရတဲ့ အမတ်ပါ။
နရပတိစည်သူရဲ့ကုသိုလ် ကျောက်ဂူဥမင်တည်ပြီးနောက်နှစ်နှစ်အကြာမှ
နန်းဘုရားကိုတည်ပါတယ်။
ကျောက်သားရာသက်တမ်းပါ
တူညီပါတယ်ရဲရဲပြောရရင် အနုပညာရှင်ပန်းတော့ပညာရှင်
(၂)ဦးလည်းမဝေးလှဘူးပဲပြောရမှာပါ။
4 hours ago via mobile ¡ Like ¡ 3
Yan Naing Htun I am happy to read historical discovery. Thanks a lot.
4 hours ago via mobile ¡ Like
Myo Swe Than ကျေးဇူးတင်ပါတယ် ဒေါ်အမရာနှင့် ကိုရာဇာမျိုး
ခင်ဗျားပြန်ပြီးဆွေးနွေးတာက
ဒေါ်အမရာပဲရှိဘူးပါတယ်ကြိုဆိုပါတယ်၊
နရပတိနန်းစံနှစ်ကွဲပြားလှပါတယ်
နောက်ဆုံးကျွန်တော်ကောက်ယူတာက
အမရပူရရေမြောင်းဖုံး လှန်တော့ကျောက်စာက နရပတိစည်သူက
ရာဇဝင်မှတ်တမ်းတွေထက် ၈ နှစ်စောနေပါပြီ။
4 hours ago via mobile ¡ Unlike ¡ 2
Myo Swe Than သီဟ နန်းဘုရားမှာနံရံပန်းချီမရှိဘူး
နင်ပြောတာနဂါးရုံဖြစ်လိမ့်မယ်
4 hours ago via mobile ¡ Like ¡ 1
A MA RA နာဂသမန်းကမွန်လူမျိုး ၁၁ ရာစုပါ နန်းဘုရားကလဲ
၁၁ရာစုဘုရားပါရှင် အနန္တသူရိယ က ၁၃ ရာစုပါ သူ့မျက်ဖြေလင်္ကာက
သူတည်းတယောက်ကောင်းဘို့ရောက်မူ.....ပါ ကျမတို့အနေနဲ့ ရှေးဟောင်းက
စာအုပ်တွေကိုမှီငြမ်းရတာကြောင့် ဒီစာအုပ်တွေတိုင်း ပြောပြတာပါ
အမှတ်မှားမှာစိုးလို့ပါ အပေါ်ကပြောတဲ့
လက်ဝှေ့သမိုင်းပြတယ်ဆိုတဲ့ပန်းချီကလဲ ကျန်စစ်သားဥမင်မှာဖြစ်ပါလိမ့်မယ်
နန်းဘုရားမှာမရှိပါ
4 hours ago ¡ Like ¡ 1
Myo Swe Than ဟုတ်ကကဲ့ပါ အရင်ဆုံးက
အနန္တသူရိယရဲ့မျက်ဖြေလင်္ကာက ပုဂံခေတ်ကမဟုတ်ပါဘူး
၁၁ ရာစုမြန်မာက စကားပြေတောင်
မချောသေးပါဘူး၊
သူတည်းတစ်ယောက် ကောင်း
ဖို့ ရောက်မူသူတစ်ယောက်မှာ
ပျက်လင့်ကာသာဓမ္မာတာတည်းအစချီတဲ့လင်္ကာမှာ
ရွှေအိမ်နန်းနှင့် ကြငန်းလည်းစံ
မတ်ပေါင်းရံလျက် မှာ ကြငန်း ဆိုတဲ့အသုံး ပုဂံခေတ်မှာမသုံးသေး
စသည်ဖြင့်ပုဂံခေတ်မှာမရှိခြင်းများစွာ
တွေကို ဒေါက်တာသန်းထွန်းက ရှင်းသွားခဲ့ပါတယ်၊စာတမ်းလည်းဖတ်ပါတယ်၊
စာအုပ်လည်းထွက်ပါတယ်။
ဒါကဗျာနဲ့ ပတ်သက်လို ပါ
ကျန်တာကျွန်တော်ဆက်ပြောပါမယ်။
3 hours ago via mobile ¡ Like ¡ 1
Myo Swe Than ဒီဇတ်လမ်းက အနော်ရထာနဲ့  မနုဟာထက်
ကျန်စစ်သားမင်းကြီးရဲ့ ထိုးဇတ်က ပိုပြီးသံသရာရှည်ခဲ့လို့ ပါကျွန်တော်လည်း
အမှတ်မှားခဲ့ဘူးပါတယ်၊ အနော်ရထာက ပိဋကတ်သုံးပုံလိုချင်လို့ 
တိုက်တယ်လို့ ဖာဖာထေးထေးပြောရာ
ကနေ ဗုဒ္ဓဘာသာပါ အဲဒီကနေယူတယ်
ဖြစ်ကျရပါတယ်။
မောနင်းစတားလဖက်ရည်ဆိုင်က
သူငယ်ချင်းကိုစိုးမိန်းမက
ဒီနေ့ မိကွန်ချမ်း၊ ထူးအိမ်သင်သမီးက
ဒီနေ့  မိကွန်ထောဖြစ်ပြီး ၁၁ ရာစုက
ကျန်စစ်သားခေါ်လာခဲ့တဲ့ မွန်မင်းသမီးက
ခင်ဦး ဆိုတော့လည်း ဒီဇာတ်နားလောက်က
စထိုးတယ်ပေါ်ပါပြီ။
3 hours ago via mobile ¡ Like
Myo Swe Than ဒီဇာတ်လမ်း ရာဇဝင်မှာ ပညာရှင်တွေက
အထောက်အထားမရှိလို့ ဆိုပါတယ်။
3 hours ago via mobile ¡ Like
Myo Swe Than ကျွန်တော် ပုဂံမှာ ရှိတဲ့ ပိဋကတ် ၃
ပုံအားလုံးစစ်ကြည့်တော့ အခုခေတ်လိုနားလည်အောင်ပြောရရင်
အားလုံးက 4th edition ပါ သထုံမှာရှိတာက 3rd edition ဖြစ်ပါတယ်၊
ပုဂံကသီဟိုဠ်က စတုတ္ထသံဃာယနာတင်ပြီးသားမူကိုပဲယူ
ပါတယ်။
3 hours ago via mobile ¡ Like
Myo Swe Than ပြီးတော့ ပုဂံမှာ ရှိသမျှသော နံရံပန်းချီများ က
ခုဒ္ကက နိကာယ်တစ်ခုတည်း ကချည်းပဲဖြစ်ပါတယ်၊
အဲဒီတော့ ပုဂံကသာသနာဟာ
အဘိဓမ္မာကိုအခြေခံတဲ့သာသနာဖြစ်ပြီး
အဲဒီတုန်းက မွန်(သထုံ)ကသာသနာဟာ
သုတ္တန်ကိုအခြေခံထားပါတယ်။
ဒါဆိုရင် စောစောက မွန်မင်းသမီးနဲ့ 
ပိဋကတ် ၃ ပုံလိုချင်လို့ တိုက်တဲ့
ဇတ်လမ်းကိုကျောခိုင်းရတော့မှာပါ
ရီဝေယံတော့ အသည်းနှလုံးထဲကမဏိစန္ဒာ ဆက်ရိုက်ချင်ရိုက်ပေါ့။
3 hours ago via mobile ¡ Like
Thiha Maung Maung ဟုတ်လားအားစရိ ဆရာမန်းသင့်နောင်(ကော့ကရိတ်)
ရေးတဲ့အထဲမှာ (ကျွန်တော့်ဘေးမှာ စာအုပ်မရှိတော့
အမှတ်မှားသွားတာလည်းဖြစ်နိုင်ပါတယ်) ဖတ်ဖူးလို့ပါ။ အဲဒါဆိုရင်တော့
အာစရိပြောတဲ့ နဂါးရုံဖြစ်မယ်ထင်တယ်။ မြန်မာ့လက်ဝှေ့နဲ့ ပတ်သက်ပြီး
ပုံဂံခေတ်ကတည်းကဆိုတာကို အထောက်အထားခိုင်ခိုင်မာမာရှိတာသိပေမယ့်
ရေးထားတဲ့ စာအုပ်တွေတိုင်းမှာ ပုံမပါလို့ပါ။ ဥပမာ ဆရာမြ၀င်း၊
ဆရာမန်းသင့်နောင် (ကော့ကရိတ်)
3 hours ago ¡ Like ¡ 1
A MA RA ကျမတို့အနေနဲ့လဲ
ဧည့်သည်တွေကိုအထောက်ထားမရှိတဲ့ပါးစပ်ရာဇ၀င်တွေရှင်းပြလို့မရပါ
နန်းဘုရားဟာ ၁၁ ရာစုနောက်ပိုင်း ၁၂ ရာစုအစပိုင်းဆိုတာ
စကော်လာအားလုံးသိကြပါတယ် ရာဇကုမ္မာရ ၁၁၁၃
မှာရေးထိုးခဲ့တဲ့မြစေတီကျောက်စာမှာ ပျူ မွန် မြန်မာ ပါဠိ ၄ဘာသာပါပါပြီ
ဒေါက်တာသန်းထွန်းကလဲ နန်းဘုရားကို အနန္တသူရိယ ၁၃ ရာစု တည်တယ်မပြောခဲ့ပါ
ကျမပြောတာတွေဟာ ကျမပါးစပ်နဲ့ စိတ်ကူးထဲကစကားများမဟုတ်ဘဲ
ရှေးဟောင်းသုတေသနဌာနရဲ့အထောက်ထားများနဲ့ပြောခြင်းဖြစ်ပါတယ်
သမိုင်းအမှတ်မှားမှာစိုးလို့စေတနာနဲ့ပြောပြတာဖြစ်ပါတယ်
ဒီအလုပ်ကကျမတို့ရဲ့ထမင်းအိုးဖြစ်တဲ့တွက်သေချာလေ့လာထားရတာပါ အကယ်၍များ
သေချာဆွေးနွေးလိုလို့ မြန်မာပြည်ကလူတွေကိုမယုံရင်ပြင်သစ်က
ရှေးဟောင်းသုတေသနပညာရှင်ရောက်နေပါတယ် ခုဘဲ ပြည်ကပြန်လာတာပါ
သူ့ဟိုတယ်ဖုန်းပေးပါ့မယ် မေးကြည့်လို့ရပါတယ်
2 hours ago ¡ Like ¡ 3
Myo Swe Than အေး ဟုတ်တယ်သီဟ ရေ မင်းပြောတဲ့
နံရံပန်းချီရှိပါတယ် ပြီးတော့ တင်ပေးမယ်လေ အခုတော့ နန်းဘုရား
ခုနှစ်ဆက်ဆွေးနွေးလိုက်ဦးမယ်။
2 hours ago via mobile ¡ Like ¡ 1
Thiha Maung Maung ဟုတ်ကဲ့အာစရိ မလောပါ။
အာစရိသွားတုန်းလာတုန်းရိုက်ခဲ့တဲ့ ပုဂံပုံတွေထဲက အကြောင်းတိုက်ဆိုင်တုန်း
ကြည့်ချင်စိတ်လေးဖြစ်မိလို့ပါ။ အခုလည်း အာစရိတို့ဆွေးနွေးချက်တွေ
ဖတ်နေပါတယ်။
2 hours ago ¡ Like
Ei San မွန် သထုံ က သူတ္တန် ကို အ ခြေ ခံ တာက ယိုး ဒယား နဲ့ ဆက်စပ်
မယ် ထင် တယ် ယိုးဒယား ထေ ရဝါဒ က သုတ္တန် သန် တယ် ဗမာ က အဘိဓမ္မာ သန် တယ်
သီရိ လင်္ကာ က ဝိနည်း သန် တယ် လို့ ဖတ် ဘူး တယ် ထေ ရဝါဒ သုံးနိုင် ငံ မှာ
ပေါ့ ဟုတ်လား ဆြာ ကျောင်း
2 hours ago ¡ Like
Chawchaw Mirror ပုဂံက နန်းဘုရား မှာ နံရံဆေးရေးပန်းချီရှိတယ်တဲ့လား။
ကျမ ရောက်ဘူးတာ အကြိမ် ၁၅၀ ကျော်ပါတယ်။ မတွေ့ဘူးလို့ပါ။ ရှိတယ်ဆိုရင်
တင်စေချင်ပါတယ်။ လေ့လာရတာပေါ့။
2 hours ago ¡ Like ¡ 1
Myo Swe Than မ A MA RA ဘာလုပ်ပါသလဲဗျ
Tour Guideလား
ကျွန်တော်ရှင်းလို့ တော့မပြီးသေးဘူး
ဒီ မနုဟာပြသနာ ကရှေ့ မှာ ပညာရှင်တွေကိုယ်တိုင်အမှတ်
မှားခဲ့ကြလို့ နောက်တွေ့ 
ကျောက်စာတွေနဲ့ တိုက်ပြီးတိုင်း
အမှားပြင်ကြရပါတယ်။ နရပတိစည်သူရဲ့
နန်းစံနှစ် အမျိုးးမျိုးဖြစ်ရတဲ့ အကြောင်းရင်းကိုလည်းသိ
ဘို့ လိုပါတယ်။
အခုလည်း ကျွန်တော် တတ်နိုင်သလောက် လော့ဂျစ်ကယ် သင်းကင်း
ကိုအခြေခံပြီးခိုင်မာတဲ့ အထောက်အထားတွေကိုပဲစစ်ထုတ်ပြီးရှင်းပြနေတာပါ
အစ်မက ဇွတ်ပဲ ၁၁ ရာစုဖြစ်ရမယ်ပြောနေပြန်တယ်၊
မြန်မာမယုံရင် ပြင်သစ်မေးတဲ့
ကျွန်တော် ပြင်သစ်လိုမတတ်ဖူး
အိုဗွားပါရီဆိုလားအဲဒါပဲသိတယ်
ကျွန်တော် ပညာရှင်ဟူသမျှတွေ့ ချင်တဲ့
အာသီသရှိပါတယ်။ အဲဒီပြင်သစ် က
ဘာပညာရှင်လည်းသိလိုပါတယ်၊
နန်ူဘုရားက စာအုပ်တွေထဲမှာ ရှေ့ ကမနုဟာလို့ ကျောက်စာအဖတ်မှားရာကနေ
ထိုးဇာတ်နဲ့ ရောပြီး အမှားကြာခဲ့လို့ 
မကုတ လို့ သာဖတ်လို့ ရမယ့်အကြာင်းကိုပညာရှင်တွေရော
ရှေးဟောင်းကပါ ပြင်ပြီးလို့ အစီရင်ခံစာတွေထွက်ပါတယ်။
အစ်မ ၁၁ ရာစု ဖြစ်ချင်လဲ ဖြစ်ပေတော့
အမှန်တကယ်ရှင်ူလင်းချင်တယ်ယ
ဆိုရင်တော့ စောစောက ကျွန်တော်ပြောတာတွေမှာ ရှင်းပါပြီ
အစ်မ ဘယ်စာအုပ်ကိုးကားတယ်
ဆိုတာပြောရင် ကျွန်တော် တိုက်ဆိုင်ပြောပြပါ့မယ်။
ကျွန်တော်လည်းစကော်လာပါအစ်မ။
2 hours ago via mobile ¡ Like ¡ 1
Myo Swe Than ဒေါ်Chawchaw Mirror နန်းဘုရားမှာ နံရံပန်းချီမရှိပါဘူး
ပုဂံကကျောက်ဆစ်လက်ရာလေးခုထဲကတစ်ခုလို့ ပြောထားပါတယ်။
2 hours ago via mobile ¡ Like
Chawchaw Mirror ကျမ ကိုသီဟမောင်မောင်ကို မေးတာပါ။
2 hours ago ¡ Like ¡ 1
Myo Swe Than ဆေးချယ်ထားတာတွေတော့ရှိ တယ်
အကြိမ်၁၅၀ -ရောက်ဆိုတော့ သိမှာပါ။
2 hours ago via mobile ¡ Like
Chawchaw Mirror စကားမစပ် စကော်လာ ဆိုလို့ပါ ကျောက်ဆစ်လက်ရာ ၄ ခုထဲက
တစ်ခုဆိုရင် ကျန် ၃ ခု အမည် လေးများ သိခွင့် ရှိမလား။
2 hours ago ¡ Like ¡ 1
Myo Swe Than အစ်မ ဘာလုပ်သလဲ tour guide လား
ကျွန်တော်သိပါတယ် သုတေသနလုပ်ပြီးသားပါ။
ပြောလို့ ရပါတယ်။
2 hours ago via mobile ¡ Like
Daniel Townsend ma A MA RA, Congratulation!!! this is what we call
professional.. quite a lot of guides ( including me) should take good
example of you. I am proud of you ama, also my respect to all others
bretherns who participated in this valuable discussion.
2 hours ago ¡ Like ¡ 2
A MA RA ကျမကဧည့်လမ်းညွှန်ဖြစ်ပြီး
ပြင်သစ်ကပညာရှင်ကရှေးဟောင်းသုတေသနပညာရှင်ပါ ခုဒီမှာရောက်နေပါတယ် ခုလေးတင်
ဒီကရှေးဟောင်းကDr တယောက်နဲ့ပြည်ကပြန်လာပါတယ် အဲဒီဗမာပြည်ကDr
နဲ့လဲမေးလို့ရပါတယ် ကျမကသာမန်ဘဲဆိုတော့ သူတို့နဲ့ပြောရင်ပိုကောင်းလို့ပါ
ဗမာပြည်က Drက Iron Age (ဗမာပြည်)နဲ့ Rennes University of France
ကဒေါက်ထရိတ်ရလာတာပါ
about an hour ago ¡ Edited ¡ Like ¡ 1
Thiha Maung Maung ကျွန်တော် မရောက်ဖူးသေးပါ မချောချောခင်ဗျား၊ ခုနက
ကျွန်တော် မသိတာကို မသိကြောင်း ကျွန်တော့် ဆရာကိုပြောပြီးခဲ့ပါပြီ၊
မြန်မာ့ရိုးရာလက်ဝှေ့နဲ့ ပတ်သက်ပြီး သကသေအထောက်အထား
ခိုင်ခိုင်မာမာရှိပေမယ့် ရုပ်ပုံများနဲ့ ပတ်သက်ပြီး နေရာဒေသအမည်တွေ
လွဲမှားပြီး သိနေတာကိုလည်း ကျွန်တော် ၀န်ခံခဲ့ပြီးပါပြီ။ ကျွန်တော်
အသေအချာသွားဖူးချင်ပေမယ့် အကြောင်းမတိုက်ဆိုင်သေးလို့ ရောက်ဖူးထားတဲ့
ကျွန်တော့်ဆရာကိုမေးခြင်းဖြစ်ပါတယ်ခင်ဗျား ...
2 hours ago ¡ Like ¡ 1
Chawchaw Mirror ( နန်းဘုရားဒုတိယစည်သူလို့ ခေါ်တဲ့နရပတိစည်သူလက်ထက်က
မျက်ဖြေလင်္ကာတစ်ပုဒ်ကြောင့်နာမည်ကြီးသွားတဲ့ အနန္ဒသူရိယရဲ့
ကုသိုလ်ပါ။)ဆိုတာကိုအရင် သေချာစေချင်လို့ မေးတာပါရှင်။စကော်လာ
ဆိုတော့ ကုသိုလ်ရှင် နာမည်များလွဲ နေမလားလို့ပါ။ ကျမ မှတ်မိတာတော့
မနုဟာမြစ်ဆိုလား။တူဆိုလား ကုသိုလ်ရှင်က လေ။
about an hour ago ¡ Like ¡ 1
Nyein Nyein Aung ဟုတ်ပါတယ် ကျောက်ဆသ် လက် ရာ လေး ခု ထဲ က တခုကို
မရှင်း ပါ ကျန်တာ တွေသိပါရစေ
about an hour ago via mobile ¡ Like
Myo Swe Than မအမရာ ကျွန်တော်ပြောပါတယ်၊
ဆွေးနွေးတာကြိုဆိုပါတယ်ပြောပြီးသားပါ၊ အစ်မက ဆွေးနွေးတာလဲမဟုတ်ဘူး
ပြင်သစ်မေး
ဒေါက်ထရိတ်မေး ဖုန်းပဲတွင်တွင်ဆက်ခိုင်းနေတော့တာပဲ။
ဆိုင်သလား သူတို့ နန်းဘုရား ဘယ်နှစ်ကတည်တယ်လိ့ 
ပြောမှာလား။ သူတို့ အထူးပြုထားတဲ့ခေတ်လား
ဒါပေမယ့် ကျွန်တော်ဆက်လိုက်မယ်
ဘယ်သူတွေလို့ မပြောနဲ့ ဘယ်သူဆိုတာ ကျွန်တော်ဖြေပေးမယ်၊
ကြေးသင်းချိုင်တွေအကြောင်း အစ်မပြောရင်
Radio Carbon Dating ကိုသိမှာပေါ့ ။
နရပတိစည်သူရဲ့ ကျောက်ဂူဥမင် တည်အပြီး
နောက်နှစ်အနည်းငယ်ကြာမှ တည်ပြီးတယ်လို့ ပြောပါတယ်။ ကျောက်သားနဲ့ သက်တမ်း
တူတယ်လို့ ပြောပါတယ်။ အစ်မသေသေချာချာမသိချင်လို့ ပြောနေတာဖြစ်ပါလိမ့်မယ်။
အစ်မဧည့်သည်က ဒီအချိန်မှာ ရှေးဟောင်းက ပြင်သစ်မဟုတ်ပဲ ဘောလုံးကန်တဲ့
ဇီဒန်းဆိုရင်ရော
ဖုန်းဆက်ခိုင်းဦးမှာလား။
ကျွန်တော်ပြောနေတာက အစဉ်အလာမှတ်ခဲ့ကြတာဒီလို။
အခု နောက်တွေ့ အထာက်အထာတွေကဒီလို ဆိုပြီး
Thinking လုပ်ပုံပြောနေတာပါ အစ်မကျက်ထားက ဒီလိုပဲပြောနေတာလေ၊
ဘယ်စာအုပ်လဲ ပထမအကြိမ်ဖြစ်နေမှာစိုးလို့ မေးတာမဖြေဘူး
တစ်ချို့ က အမှားပြင်ပြီး ဒုတိယအကြိမ်ထွက်ပြီးပြီ။
ပြီးရင် ကျွန်တော်ဆက်ပြောမှာပါ။ အခု
ခင်ဗျားန်တွင်တွင်ဆက်ခိုင်းတဲ့လူကြီးတွေဆီဆက်လိုက်ဦးမယ် သူတို
့နဲ့ဆိုင်သလားလို့ ။
about an hour ago ¡ Like
Chawchaw Mirror ကျမ သိချင်တာက ဓာတ်ပုံရှင် စကော်လာ ရဲ့ ပုံနဲ့ စာထဲ
မှာ ရေးထားတက(နန်းဘုရားဒုတိယစည်သူလို့ ခေါ်တဲ့နရပတိစည်သူ
လက်ထက်ကမျက်ဖြေလင်္ကာတစ်ပုဒ်ကြောင့်နာမည်ကြီးသွားတဲ့
အနန္ဒသူရိယရဲ့ကုသိုလ်ပါ။)ဆိုတာကိုအရင် သေချာစေချင်လို့
မေးတာပါရှင်။စကော်လာ ဆိုတော့ ကုသိုလ်ရှင် နာမည်များလွဲ နေမလားလို့ပါ။ ကျမ
မှတ်မိတာတော့ မနုဟာမြစ်ဆိုလား။တူဆိုလား (နာဂသမန်ဆိုလားဘဲ )ကုသိုလ်ရှင်က
။တင်ထားတဲ့ပုံရယ်။ ကုသိုလ်ရှင် အမည်ရယ် လွဲ နေသလားလို့ပါ။ စကော်လာကို ဆရာ
မလုပ်ပါဘူး။ရှင်။
about an hour ago ¡ Like
Nyein Nyein Aung Kyauk Gu Umin Temple
11 thCentury; upper levels added in late 12 th Century
first Edition Dec 2011 by Ma Thanegi
about an hour ago via mobile ¡ Like
Nyein Nyein Aung The Nanpaya's stones are same type used to built
the 11 century Kyuakgu UminTemple lower level of a greenish,…
about an hour ago via mobile ¡ Like
TinTin Aye နန်းဘုရားကိုမနူဟာ၏မြစ်နာဂသမန်းတည်ဒါပါ။
about an hour ago ¡ Like ¡ 3
TinTin Aye Better read Prof. Luce's "Old Burma, Early Pagan."
Should see also Aung Thwin's "Mist of Ramayana."
about an hour ago ¡ Like ¡ 2
Nyein Nyein Aung နန္ဒသူရိယ ရဲ့  ကုသိုလ် ဘုရား က "လေးမျက်နှာ ဘုရား"ပါ ။
about an hour ago via mobile ¡ Like ¡ 1
Naytun Shein ကျွန်တော်သိတာနန်းဘုရားက မနူဟာမင်းကြီးကောင်းမှု ဆိုတာပါပဲ။
about an hour ago via mobile ¡ Like
A MA RA Ko Myo Swe Than ကျမမေးခိုင်းတဲ့ဧည့်သည်က Ancient Pyu of
Myanmar ရေးတဲ့ဒေါက်တာပါ ပါမောက္ခ လု့စ်ရဲ့တပည့်ပါ
သူတို့ဟာမြန်မာပြည်ရှေးဟောင်းsite တွေအကြောင်းကျမတို့ထက်
ပညာရှင်ကျကျပိုသိလို့မေးပါလို့ပြောရခြင်းဖြစ်ပါတယ် Iron Age
လေ့လာသူကလဲသူ့နယ်လေးတခုထဲကွက်ကွက်လေ့လာလို့မရပါဘူး သူကအခု ရှေးဟောင်း
Post Grat ဌာနမှုးပါ ဒီနှစ်မှစဖွင့်ပါတယ်
ကျမတို့အားလုံးကိုယ်မယုံကြည်တာတွေကိုကြက်တူရွေးစာတတ်လုပ်ပြီးဧည့်လမ်းညွှန်ဖြစ်လာတာမဟုတ်ပါ
ကျမတို့လေ့လာတာလဲစာတအုပ်ထဲမဟုတ်ပါ ဦးဗိုကေ ဦးအောင်ကြိုင်
(ရှေးဟောင်းညွှန်ချုပ်) ဒေါက်တာသန်းထွန်း နှင့်တကွ တကမ
္ဘာလုံးကစာအုပ်စာတမ်းများရှိကြပါတယ်
ပုဂံဘုရားတွေကရွှေကြိုအဆင့်မျိုးလို့သတ်မှတ်ရင်တော့မှားပါလိမ့်မယ်
about an hour ago ¡ Like ¡ 1
Chawchaw Mirror ကိုNay tun Shein နန်းဘုရား က မနုဟာ
မင်းကွယ်လွန်ပြီးမှ တည်တယ်လို့ ထင်ပါတယ်။ မနုဟာမင်းကြီး
သီတင်းသုံးနန်းစံခဲ့တဲ့နေရာလို့လဲ ဖတ်မိတယ်ထင်ပါတယ်။အဲ့ဒီ့နေရာမှာ
သီတင်းသုံးပြီး မြင်းကပါရွာက သူဌေးကို ကျောက်သံပတ္တမြားတွေ ရောင်းပြီး
မနူဟာဘုရားကို တည်တာပါလို့ ဖတ်မိပါတယ်။သူနတ်ရွာစံ သွားပြီးမှ
နန်းဘုရားကို သူ့ဆွေမျိုးတော်သူကို တည်တာပါလို့ ဖတ်မိပါတယ်။ သေချာတာက
ကုသိုလ်ရှင် အမှန်ဆုံးဖြစ်အောင် (ပုဂံ သမိုင်းစာအုပ် ရှာပြီး အတည်ပြုကြတာ
) အကောင်းဆုံးပါ။
about an hour ago ¡ Like ¡ 1
Soe Kyaw Thu ကောင်းပါတယ် အမတို့ ခုလိုဆွေးနွေးတာ
ခုပဲ တီချယ် Daw April ခေါ် ဒေါ်တင်တင်အေး ကိုမေးနေပါတယ်
အားလုံးသေချာစေချင်လို့ပါ
ပြောပြပါတယ် Professor Luce ရေးတဲ့ old burma early BAGAN ထဲမှာ
နာဂသမန်း နဲ့ ကျန်စစ်သားသမီး ရွှေအိမ်စည်နဲ့ပေးစားတယ် ဒါပေမယ်
မှန်နန်းရာဇဝင် ကတော့ စောယွန်းနဲ့ပေးစားတယ် ဒေါက်တာသန်းထွန်းကတော့ Pro
Luce နဲ့ပဲ သဘောတူပါတယ်
နန်းဘုရားဟာ နာဂသမန်းရဲ့ ကုသိုလ်ဖြစ်ပြီး late 11 cent ( 1060 - 1070) မှာပါ
to commemorate the place where his grate grandfather was kept as captive.
Refrance - မှန်နန်းရာဇဝင် နှင့် Acient Myanmar website
နန်းဘုရားမှာ Mural painting နဲနဲရှိပါတယ်တဲ့ ဒါပေမယ့်
နဘန်းသတ်တာကတော့ ကျန်စစ်သားဥမင် သီရိပစ္စယာရွာမှာရှိတဲ့ ဂူ၄၁၈ဃ
မှာရှိပါတယ်
ပထမစည်သူက အလောင်းစည်သူ
ဒုတိယစည်သူက နာရပတေ့စည်သူပါ

ပထမစည်သူ ( 1113-1168)
ဒုတိယစည်သူ ( 1174-1121)
နာဂသမန်းနှင် ဒုတိယစည်သူ နှစ်၆၀လောက်ကွာပါတယ်
နာဂသမန်းဆိုတာ ကျန်စစ်သားလက်ထက်ကပါ
ကျန်စစ်သား ( 1084-1113)
နှစ်၆၀ကွာတယ်ဆိုမြင်သာအောင်ပါ
နာဂသမန်းနှင့် အနန္တသူရိယအမတ် ကတစ်ယောက်ထဲမဟုတ်ပါ
အနန္တသူရိယဟာ နရသီဟပတေ့ ခေါ် တရုပ်ပြေးမင်းလက်ထက် ( 1256-1287)
မျက်ဖြေလက်ာလဲသူရေးတာပါ အကွာကြီးပါ
ကဲ သာဓု ဿာဓု သာဓု
REFEANCE
DAW TN TIN AYE ( TOUR GUIDE FROM 1978 TO 1992 IN BAGAN)

B.A Liberal Arts
Simon's Rock College Great Barrington, M.A , USA

M.A MUSEUM EDUCATION ( UNIVERSITY OF THE ARTS) PHILADELPHIA , PA, USA

M.A Cultural Anthropology
TEMPLE University
PHILADELPHIA, PA, USA
58 minutes ago via mobile ¡ Unlike ¡ 3
Soe Kyaw Thu ဆရာဦးအောင်ကြိုင် ကိုခုဖုန်းဆက်လို့ရပါတယ် ဆရာဆီက
လဲဒီအဖြေပါပဲ ကျွန်တော်စာမေးနေကြမို့ဒါတွေမေးနေကြပါ
53 minutes ago via mobile ¡ Unlike ¡ 2
Nyein Nyein Aung ပြီးတော့ မေးထား တဲ့ အခြားသဲကျောက်န့ လုပ်ထားတဲ့
အဆာက် အဦး ရှိသေးလို့ သိပါရ စေ
43 minutes ago via mobile ¡ Like
TinTin Aye Pitakataik, Shwezigon, Nanpaya, Kyaukku and new
discovery near Nyaung-oo airport.
31 minutes ago ¡ Like ¡ 2
Chawchaw Mirror ဟုတ်ကျေးဇူးတင်ပါတယ်ရှင်။
30 minutes ago ¡ Like ¡ 2
TinTin Aye The last one is said to be only a small building.
27 minutes ago ¡ Like ¡ 2
Nyein Nyein Aung last one is rare to know .Thus why I asking
MyoSwe Than .he realy know or not.
21 minutes ago via mobile ¡ Like ¡ 2
Soe Kyaw Thu Ok တီချယ်နဲ့ပြောနေပါတယ် သူလဲရေးပေးပါလိမ့်မယ် ၅ခုပါတဲ့
သဲကျေက်အဆောက်အဦး
Shwezigon 11 cent
Kyauk ku u min 11 cent
Nanphaya late 11 cent
Pitikatike 13 cent
Recently Discovered place ဆရာဦးအောငကြိုင်ကိုမေးပေးပါမယ်
ဘယ်နေရာမှာလဲ မသေချာလို့ပါ

နောက် တစ်ချက် typing အမှားပြင်ခွင့်ပေးပါ
ဒုတိယစည်သူ ( 1174-1211) ပါ အပေါ်မှာ 1121 လို့ မှားရေးမိပါတယ်
နှစ် ၆၀ ကွာတယ်ဆိုတာ နာဂသမန်းက ကျန်စစ်သားလက်ထက်မို့
အကြမ်းဖျင်းတွက်ကြည့်တာပါ အမှန်ဆို နာဂသမန်းနဲ့ ဒုတိယစည်သူ
နှစ်တစ်ရာကျော် ကွာပါတယ် အနန္တသူရိယနဲ့ဆို အရမ်းကွာလွန်းပါတယ်

အပေါ်မှ ကျွန်တော်ရဲ့ အမ စီနီယာကြီးများအား လေးစားစွာဖြင့်
21 minutes ago via mobile ¡ Like ¡ 2
Nyein Nyein Aung Thanks a lot…Teachergyi
21 minutes ago via mobile ¡ Like ¡ 2
Nyein Nyein Aung wellcome La LiLi!
18 minutes ago via mobile ¡ Like ¡ 1
Myo Swe Than ကျွန်တော်ဖြေပါ့မယ်
ကိုယ်ပိုင်အယူအဆနဲ့  ကိုယ်တိုင်တွေ့ ရှိတဲ့သူများပါမလားစောင့်ကြည့်တာပါ
ကျောက်အဆောက်အဦက
၁- ရွှေစည်းခုံပါ
၂ - ရာဇကုမာရရဲ့စက္ကူတိုက်လို့ ခေါ်တဲ့
စာကြည့်တိုက်ပါ
၃- ကျောက်ဂူဥမင်ပါ
၎- နန်းဘုရားပ့
17 minutes ago via mobile ¡ Like
Myo Swe Than ၄- နန်းဘုရားပါ
16 minutes ago via mobile ¡ Like
Nyein Nyein Aung မြန်မာပြည်မှာ 18 Century မှ စက္ကူ စတင် သုံးဆွဲ ပါ တယ်။
12 minutes ago via mobile ¡ Like
Soe Kyaw Thu Pitakatike က 11 cent ပါ ကျွန်တော် typing အမှားကို
ခွင့်လွတ်ပေးပါ
10 minutes ago via mobile ¡ Like ¡ 1
A MA RA ကျောက်နဲ့ဆင်းတုအကြီးကတော့ သမ်းတော်ကြားပါ
9 minutes ago ¡ Like ¡ 1
Myo Swe Than နောက်ထပ်တွေ့  တဲ့ကျောက်အဆောက်အဦက
သေးသေးပါရှေးဟောင်းပညာသင်
ကျောင်းမှာ ကျောင်းအုပ်ကြီးလုပ်သွားတဲ့ ပုဂံရှေးဟောင်းညွှန်မှူး
ဦးသိန်းလွင်လိုက်ပို့လို့ ပြင်ခါစမှာပဲ
မူလအခြေအနေကမြင်လိုက်ရပါတယ်
သေးငယ်လွန်းပြီးသမိုင်းရှာမတွေ့ ပါဘူးတဲ့။
9 minutes ago via mobile ¡ Like
Chawchaw Mirror ဓာတ်ပုံပိုင်ရှင်တင်ထားတဲ့ စာသားထဲက အတိုင်း
နန်းဘုရားကုသိုလ်ရှင်က ( အနန္ဒသူရိယ )လား။ မနုဟာမင်း၏ဆွေမျိုးတော်သူ
(နာဂသမန်း)လား ဆိုတဲ့ အချက် ကို ကိုယ်ပိုင် အယူအဆူ ရယ်။
ကိုယ်တိုင်တွေ့ရှိတဲ့သူများရယ် နဲ့ အဖြေထုတ်လို့ ရမယ် မထင်ပါဘူး။
အခုကျမတို့ ပြောဆိုနေတာက ရှေးဟောင်းရာဇ၀င်က ရှေးဟောင်း ဘုရားတွေရဲ့
အလှုဒါယကာ ကုသိုလ်ရှင် နာမည် အမှား အလွဲကို ဆွေးနွေးနေတာပါရှင်။ ကျမတို့လဲ
စာအုပ်ထဲက သမိုင်းပညာရှင်လေ့လာထားတဲ့ နာမည်ကုသိုလ်ရှင်ကိုဘဲ
မှတ်ထားရပါတယ်။ အခု စတင်ဆွေးနွေးတာက ကုသိုလ်ရှင် နာမည် လွဲတာကို
ဆွေးနွေးတာလို့သာ မြင်ပါတယ်။ ကုသိုလ်ရှင်နာမည် အလွဲကို ကိုယ်ပိုင် အမြင်
။ကိုယ်ပိုင် အယူအဆ နဲ့ ဆွေးနွေးလို့ မရဘူးလို့ ထင်ပါတယ်။
8 minutes ago ¡ Unlike ¡ 2
Soe Kyaw Thu still made of sand stone. So there are 5. Not 4.
7 minutes ago via mobile ¡ Like ¡ 1
Myo Swe Than ဟုတ်ပါတယ် စက္ကူတိုက်လို့  ခေါ်ဝေါ်တဲ့အတိုင်းပါ။
7 minutes ago via mobile ¡ Like ¡ 1
TinTin Aye is evident that there are five stone structures.
5 minutes ago ¡ Like ¡ 1
Chawchaw Mirror ( PITAKATIKE ) ပိတ္တဋ်တိုက်လား။ စက္ကူတိုက်လား ဟင်။
5 minutes ago ¡ Like ¡ 1

Write a comment...

hpoun kyaw

unread,
Jul 2, 2013, 1:16:01 PM7/2/13
to c
Hi,
No one ( including scholars well-known or little-known ) knows
exactly who built the Nanphaya Temple because of the lack of concrete,
tangible documents. All the facts and figures about it are scholarly
drawn guesstimations based on its architecture and its stone carvings
and ohters found there. But one thing, almost cent per cent sure for
most scholars, is that it was founded in the early period__ 1 story
low lying building, perforated windows, the combination of porch, hall
and shrine just to mention a bit.
No mural paintings are found there but very very few remaining
blurred unclear murals are impossible to be reclaimed, claimed to be
that of the paintings of boxers or wrestlers which can be observed so
far only at (1) the temple no.1255 about 100ft to the south of Nagayon
Temple, to the east of Soemingyi pagoda complex, (2) roughly the
southern shrine of the Dhammarazaka/razika Stupa in Bagan.
In fact, the scholars have been debating whether or not Nanphaya
is a Buddhist or Hindu temple. One of the reasons is that the figure
of Brahma at the Buddhist monuments of Bagan, is almost always
depicted holding an umbrella together with that of Indra holding a
conch in most cases. But this is the different case for the 8 Brahma
figures at Nanphaya Temple. There are other things to be considered
but for the time being, I am sharing with you just a part of a whole
to think of.
Thanks, best regards and please respect oneself not to mislead those
who are willing to learn the truth!
Hpoun Kyaw
Ps; What I have just mentioned above is the outcome of my discussion
with Ko Thant Zaw, the son-in-law of Minbu U Aung Kyaing and other
reliable resources, for those not to be misled by so-called
self-claimed scholars.
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/CAD6UT2Lm9pF4xGeUhaRndMfENZ_xEKF%2BNBYBBdRT1J%3D1hKeibg%40mail.gmail.com.
> For more options, visit https://groups.google.com/groups/opt_out.
>
>
>

Thatoe ThuZarAung

unread,
Jul 4, 2013, 2:26:11 AM7/4/13
to travel...@googlegroups.com, emerald.twentyfive, chawchawmarrior, ninikhet, Soe KyawThu, yunn eain, yannaing htun, winzaw oo5, yanyan.hlaing

အသေးစိတ် ဖတ်ခွင့်ရလို့ ကျေးဇူးပါ မသီတာ
Reply all
Reply to author
Forward
0 new messages