NCDG Donation မိသားစုများ၊ အဖွဲ့ဝင်မဟုတ်သော်လည်း အလျင်းသင့်သလို လှူဒါန်းကြသူများခင်ဗျား...
NCDG ၏ ၂၀၁၄ခုနှစ်၊ မတ်လအတွက် အလှူတော်မင်္ဂလာကို အကျိုးတော်ဆောင်များ အလုပ်များမှု၊ မဟာသင်္ကြန်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များ တိုက်ဆိုင်သွားပါသဖြင့် ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းခြင်း၊ သတင်းထုတ်ပြန်ခြင်းများ မပြုလုပ်နိုင်ခဲ့ပါ။
NCDG အဖွဲ့မှာ အဖွဲ့ဝင် (၃၀)ကျော်ရှိသော်လည်း အချို့အဖွဲ့ဝင်များမှာ အဆက်အသွယ်ပြတ်ခြင်း၊ ပုံမှန်လှူဒါန်းခြင်းမရှိတော့သဖြင့် လစဉ်လှူဒါန်းငွေမှာ သုံးသိန်းကျပ်ခန့်သာ ပုံမှန် ကောက်ခံရရှိခဲ့ပါတယ်။
၂၀၁၄ ဇန်နဝါရီလမှ စတင်၍ တစ်လလျှင် လေးသိန်းကျပ်ကို ရွှေပြည်သာမြို့နယ်၊ ပညာရောင်ခြည် သီလရှင် စာသင်တိုက် ၄ထပ်ကျောင်းဆောင် ပြုပြင်ဆောက်လုပ်ရန် မတည်ငွေအဖြစ် ဘဏ်စာရင်းဖွင့်၍ ထည့်သွင်း လှူဒါန်းခဲ့ပါတယ်။
အချို့လများတွင် သီးသန့်လှူဒါန်းသူများရှိသဖြင့် အလှူငွေ လေးသိန်းထက် ကျော်လွန်ရရှိသောကြောင့် ဆွမ်းပဒေသာပင်၊ ပညာရေးပဒေသာပင်၊ ဆေးပဒေသာပင်များပါ လှူဒါန်းနိုင်ခဲ့ပါတယ်။
သို့သော် ပြီးခဲ့တဲ့ မတ်လအတွက်မှာမူ ၄သိန်းကျပ်ပင် မပြည့်ခဲ့၍ ရန်ပုံငွေလက်ကျန်ထဲမှ ထုတ်ယူ၍ လေးသိန်းပြည့်အောင် ဘဏ်စာရင်းထဲ ထည့်သွင်းပေးနိုင်ခဲ့သော်လည်း သီးသန့်သွားရောက် မလှူနိုင်ခဲ့ပါ။
ကျောင်းဆောက်ရန် မတည်ငွေမှာလည်း လစဉ် လေးသိန်းလှူနိုင်မှ ၁၂လပြည့်မည့် ၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလတွင် အတိုးများပါပေါင်း၍ သိန်းငါးဆယ် ပြည့်မည် ဖြစ်ပါတယ်။အကယ်၍ ကောက်ခံရရှိသမျှကိုသာ ထည့်သွင်းလှူဒါန်းလျှင် အချိန်ကာလ ပို၍ ကြာမြင့်သွားမှာ ဖြစ်ပါတယ်။ ထိုအခါ လစဉ်လှူဒါန်းနေသော အလှူရှင်များအနေဖြင့် စိတ်ဝင်စားမှုနည်းပါလာမှာကို စိုးရိမ်မိပါတယ်။ အဖွဲ့ဝင် ၃ပုံ ၁ပုံမှာ နေရာသစ်ကို ရှာဖွေလှူဒါန်းလိုသော ဆန္ဒရှိတာကိုလည်း Poll Result အရ သတိပြု မှတ်သားမိပါတယ်။
ယခုတစ်ဖန် ဧပြီလအတွက် ကောက်ခံရရှိငွေမှာလည်း သုံးသိန်းကျပ် ခန့်သာဖြစ်၍ ရန်ပုံငွေထဲမှ ထုတ်သုံးရန် လိုအပ်နေပါတယ်။ သို့ရာတွင် မမျှော်လင့်ပဲ အလှူရှင်တစ်ဦးမှ ဆယ်သိန်းကျပ် လှူဒါန်းလာပါတယ်။ လက်ကျန်ရန်ပုံငွေ ၆သိန်းကျော်နှင့်ပေါင်းလျင် လစဉ် တစ်သိန်းကျပ်ခန့် ထုတ်သုံးပါက ဒီဇင်ဘာအထိ လုံလောက်သည့်အပြင် ပိုနေပါသေးတယ်။ တစ်လ နှစ်သိန်းကျပ်ခန့် ထုတ်သုံးပါက ၈လစာခန့်ရှိ၍ ၁လစာခန့်သာ လိုပါမယ်။
ငွေဆယ်သိန်း အလှူရှင်မှလည်း မည်သို့လှူပါ မသတ်မှတ်ပဲ အဆင်ပြေသလို စီစဉ်ပါလို့ ဆိုလာပါတယ်။ အဖွဲ့ဝင်တစ်ဦးမှ မြန်မြန်ပြည့်အောင် တစ်ခါတည်း လှူလိုက်ပါ၊ မြန်မြန်ပြည့်ဖို့ အဓိကပဲဟု အကြံပေးလာပါတယ်။ တစ်ခုကောင်းတာတော့ များများထည့်လိုက်လျင် မြန်မြန်ပြည့်သလို အချိန်ပိုရှည်သဖြင့် အတိုးလည်း ပိုရနိုင်ပါတယ်။ စာရင်းကျွမ်းကျင်သူများ တွက်ကြည့်ပေးကြပါ။
သို့ရာတွင် ဘဏ်ထဲသို့သာ ငွေသွင်း၍ အခြားလှူဒါန်းမှုများ မလုပ်နိုင်တာကို စိတ်မကောင်း ဖြစ်မိပါတယ်။ ဆွမ်းတစ်ရက်တာလောက်တော့ လစဉ်ကပ်၍ ဆရာလေးများ အူစိုစေချင်ပါတယ် (အကျိုးဆောင်တွေလည်း စားရလို့ မဟုတ်ပါ)
ထို့အပြင် အဖွဲ့ဝင်တစ်ဦးက မိတ်ဆက်ပေး၍ ဒေါက်တာ ရွှေလင်းအောင် ဦးဆောင်သော မေတ္တာမီးအိမ် ဆေးကုသရေးအဖွဲ့မှ ပညာရောင်ခြည်ကျောင်းမှ ဆရာကြီး/ဆရာလေးများကို အပါတ်စဉ် သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသည်မှာ လေးကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ထို့ကြောင့် NCDG အနေဖြင့် ထိုကဲ့သို့သော ကျန်းမာရေး စောင့်ရှောက်မှုမျိုးကိုလည်း တစ်ဖက်တစ်လမ်းမှ ထေက်ပံ့လှူဒါန်းသင့်တယ်လို့ ယူဆမိပါတယ်။
ယခုအခါ ကျန်းမာရေးပဒေသာပင်ကဏ္ဍအတွက် သီးခြားခေါင်းစဉ်တပ်၍ လှူဒါန်းလာသူမှာလည်း ၃ဦးရှိလာပြီ ဖြစ်ပါတယ်။ အလှူရှင်များ၏ဆန္ဒကို လေးစားသော အားဖြင့်၎င်း၊ တချက်ခုတ် အများပြတ် ပညာရောင်ခြည်သာမဟုတ် အခြားလိုအပ်သည့်နေရာများကိုပါ လှူဒါန်းရာရောက်သောကြောင့် ဆေးပဒေသာပင် သုံးသောင်းကျပ်ကို မေတ္တာမီးအိမ်အဖွဲ့သို့ လစဉ်လှူဒါန်းရန် အဆိုပြုချင်ပါတယ်။ ပမာဏတိုး၍ လှူဒါန်းစေလိုပါကလည်း အကြံပြုပေးပါရန် မေတ္တာရပ်ခံပါတယ်။
လစဉ်ကောက်ခံရငွေ ၃သိန်းခန့်ကို ၄သိန်းပြည့်အောင်ဖြည့်စွက်၍၄င်း၊ ဆေးပဒေသာပင် ၃သောင်း(အဆိုပြု)နှင့် ဆွမ်းတစ်ရက်တာ ၆သောင်း၊ စုစုပေါင်း ၅သိန်းခန့်ကို လစဉ်လှူဒါန်းလိုပါကြောင်း တင်ပြလိုပါတယ်။
အကယ်၍ အဖွဲ့ဝင်များ၊ အလှူရှင်များက အကြံပေး ဆွေးနွေး အတည်ပြုပေးပါလျှင် လာမည့် တနင်္ဂနွေ(၁၁-၅-၂၀၁၄) နေ့တွင် သွားရောက် လှူဒါန်းရန် လျာထားပါတယ်။ ဒေါက်တာရွှေလင်းအောင်ကိုလည်း စကားခံထားပါတယ်။ ဆေးပဒေသာပင်လှူဒါန်းမည်ဆိုပါက ထိုနေ့တွင် ဖိတ်ကြား၍ လှူဒါန်းပေးပါမယ်။
ယခုဆိုလျင် ကျောင်းဆောင် ပြုပြင်ဆောက်လုပ်ရန် မတည်ငွေမှာ ၅-၅-၂၀၁၄ (၄)ကြိမ်မြောက် လှူဒါန်းအပြီးမှာ ၁၆သိန်းကျော်ရှိသွားပြီ ဖြစ်ပါတယ်။ (၁၀)ကြိမ်မြောက်အထိ အထွေထွေ လှူဒါန်းငွေ စုစုပေါင်းမှာလည်း ၃၈သိန်းကျော်သွားပြီ ဖြစ်ပါတယ်။ တစ်ဦးတည်းဆိုလျင် ထိုပမာဏကိုလှူဒါန်းရန် မလွယ်ကူသော်လည်း စုပေါင်းစွမ်းအားဖြင့် လှူဒါန်းနိုင်ခဲ့မှုကို မှတ်တမ်းတင်အပ်ပါတယ်။ များမကြာမီမှာလည်း NCDG မတည်လှူဒါန်းငွေဖြင့် ပညာရောင်ခြည်ကျောင်းသစ် ပန္နက်ချပွဲကြီးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။ NCDG ၏ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်မှာဖြစ်ပြီး ကျောင်းဒကာ၊ ကျောင်းအမများအဖြစ် ကုသိုလ်ပွားနိုင်ကြမှာ ဖြစ်ပါတယ်။
အဖွဲ့ဝင်၊ အလှူရှင်များရဲ့သဘောထားတုန့်ပြန်ချက်ကို စောင့်နေပါမယ်။ စာရိုက်ရမှာပျင်းရင်တောင် အနည်းဆုံးတော့ လက်မထောင်ပြရင် သဘောညီတယ်လို့ မှတ်ပါမယ်။ NCDG Donation တည်တံ့ခိုင်မြဲ၍ အာစိဏ္ဏကံ ကုသိုလ်များပွားများနိုင်ရန် နောက်လ နောက်လတွေမှာလည်း စဉ်ဆက်မပြတ် လှူဒါန်းနိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။အလှူရှင်သစ်များ ရရှိအောင်လည်း နီးစပ်ရာကို ပြောပြစည်းရုံးပေးပါရန် တောင်းဆိုအပ်ပါတယ်။
လေးစားစွာဖြင့်
Good Day,
Thumbs up.
Thanks and Brgds.
Capt. Thawda Swe
--
Naungmoon Cbox user များအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေ...
---
You received this message because you are subscribed to the Google Groups "naungmoon-cbox-donation" group.
To unsubscribe from this group and stop receiving emails from it, send an email to naungmoon-cbox-do...@googlegroups.com.
To post to this group, send email to naungmoon-c...@googlegroups.com.
Visit this group at http://groups.google.com/group/naungmoon-cbox-donation.
To view this discussion on the web visit https://groups.google.com/d/msgid/naungmoon-cbox-donation/CANPQuh83NBO01GkW9JWT2ug%3Dr0hRMuaSx5kJ_AUo6-j71mdpgQ%40mail.gmail.com.
For more options, visit https://groups.google.com/d/optout.