အလုပ်သင်လေးတွေ မှားနေပြီ

58 views
Skip to first unread message

Nyi Nyi ÂŽ

unread,
Jun 7, 2011, 4:22:53 AM6/7/11
to travelmyanmar
အခုတလောမှာ သတင်းတစ်ပုဒ်ကို ဂျာနယ်တွေမှာဖတ်မိပါတယ်။ Myanmar Tourism Board ကိုဖွဲ့စည်းတဲ့အကြောင်းလေးပါပဲ။
စဦးစွာပြောလိုတာကတော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ ဘာအကျိုးစီးပွားမှမရှိ။ အခုပြောတဲ့သူတွေအပေါ်မှာလည်း ဘာအငြိုးမှ မရှိ။ နောက်ပြောချင်တာကလ...ည်း ဒီကိစ္စတစ်ခုတည်းကိုမဟုတ်။ ဒီလိုအလားတူ ကိစ္စတွေ အလုပ်လုပ်ပုံတွေကိုပါပြောလိုရင်းဖြစ်ပါတယ်။   ခရီးသွားဝန်ကြီးဖြစ်လာတဲ့ ဦးတင့်ဆန်း ( သူက အရင်တုန်းက ဆောက်လုပ်ရေးလုပ်ငန်း လုပ်တဲ့ စီးပွားရေးသမားပါ။ သူက အစိုးရယန္တယားကို ဘယ်လိုလည်ပတ်ရတယ်၊ ဘယ်လို စည်းမျဉ်းတွေ လိုက်နာရတယ် ပြည်သူလူထုကို ဘယ်လို သဘောထားသင့်တယ် ဆိုတာ လေ့လာထား မထား မသိပါဘူး။ ဝန်ကြီးတော့ ဖြစ်လာပါပြီ။) ကနေပြီးတော့ ဇေကမ္ဘာကုမ္ပဏီ ဆိုပြီး စီးပွားရေးလုပ်နေရာက အမတ်ဖြစ်လာတဲ့ ဦးခင်ရွှေ ( နာမည်ပြောရတာက အဲဒီကုမ္ပဏီ ရဲ့ လုပ်ဆောင်ချက်နဲ့ စွမ်းဆောင်မှု အရည်သွေးများကို မြင်စေချင်လို့ပါ။ အဲဒီကုမ္ပဏီ ခေါင်းဆောင်ရဲ့ စီမံခန့်ခွဲမှုအရည်အသွေးကိုလည်း မြင်ကြစေချင်လို့။ အလုပ်လုပ်တဲ့ စတိုင်ကိုလည်း သိစေချင်လို့) ကို Myanmar Tourism Board ဖွဲ့ပါ။ တာဝန်ယူပြီးလုပ်ပါ လို့ ခိုင်းပါသတဲ့။ ဒါနဲ့ အဲဒီ အဖွဲ့ကိုဖွဲ့စည်းပြီး လို့ စာနယ်ဇင်းရှင်းလင်းပွဲလုပ်ပါသတဲ့။ အဖွဲ့အောက်မှာ အသင်းငယ်တွေစုပေါင်းပါဝင်မှာဖြစ်ပါတယ်။ ဘုတ်အဖွဲ့အနေနဲ့ ခရီးသွားဧည့်လမ်းညွှန်တွေရဲ့ဝတ်စားဆင်ယင်မှုက စလို့ ထိမ်းကွပ်သွားမှာဖြစ်သလို အဖွဲ့အောက်မှာပါတဲ့ အသင်းတွေကိုမဝင်ရင် ရပ်တည်လို့ မရနိုင်သလိုမျိုးပြောတာကိုလည်း ဖတ်ရပါတယ်။ နောက် ဘုတ်အဖွဲ့အောက်က စားသောက်ဆိုင်အသင်းကို ဝင်မထားတဲ့ စားသောက်ဆိုင်တွေကို နိုင်ငံခြားသားတွေကို ကျွေးမွေးခွင့်မပြုဘူး။ ခေါ်သွားတဲ့ လမ်းညွှန်နဲ့ ခရီးသွားကုမ္ပဏီကိုအရေးယူမယ်လို့လည်းသတင်းထဲမှာပါတာဖတ်ရပါတယ်။(Voice vol7/No.25 page-11) အဲဒီလို အရေးယူနိုင်ဖို့ အတွက် စောင့်ကြည့်မယ့်အဖွဲ့အစည်း Tourism Police ဆိုတာလည်း ဖွဲ့ဖို့ပြင်နေပါတယ်တဲ့။ ကျွန်တော်သိသလောက်တော့ Tourism Police ဆိုတာ တိုးရစ်တွေကို ကူညီပေး ကာကွယ်ပေးမယ့်အဖွဲ့မျိုးပါ။ သူတို့ကျမှ ကိုယ်လုပ်ချင်တာ ချမှတ်တာကို မလိုက်နာတဲ့သူ ဖမ်းခိုင်းတဲ့အဖွဲ့ဖြစ်နေပါကော။   ဆိုလိုရင်းကတော့ (၁) ဘုတ်အဖွဲ့ ဖွဲ့စည်းမယ် ဆိုကတည်းက ဘုတ်အဖွဲ့ရဲ့ ဥပဒေ နဲ့ လုပ်ထုံးလုပ်နည်းဥပဒေ ကြမ်းတွေကို လွှတ်တော်မှာ တင်ရပါမယ်။ (၂) လွှတ်တော်က အတည်ပြုပြီး သမ္မတက လက်မှတ်ထိုးမှ သာ တရားဝင်ပါတယ်။ (၃) ဘုတ်အဖွဲ့ နဲ့ ဟိုတယ်၊ခရီး ဝန်ကြီးဌာန ရဲ့ အာဏာနဲ့ လုပ်ပိုင်ခွင့် ခွဲဝေမှုက ထပ်မနေရပါဘူး။(လုပ်ငန်းတစ်ခုက အဖေ၂ယောက်၊မှတ်ပုံတင်၂ခါလုပ်၊ စားရိတ်၂ခါကုန် မဖြစ်စေသင့်ပါဘူး။ အရေးယူမှုလည်း ၂ခါမခံရစေပါဘူး။) အစိုးရအဖွဲ့အနေနဲ့လည်း ကိစ္စတစ်ခုတည်းအတွက် လူ၊ငွေ ထပ်ပြီးအကုန်ခံစရာမလိုပါဘူး။ ဒါတွေ ကို စဉ်းစားဖို့ လွှတ်တော်က ဥပဒေပြု အမတ်များ စဉ်းစားဆွေးနွေးကြမှာဖြစ်ပါတယ်။   အခုတော့ ဒီလိုမဟုတ်ပဲ ဝန်ကြီးလုပ်တဲ့သူကလည်း လုပ်ပါဆိုတာနဲ့ လုပ်တာပဲ။ ဖွဲ့ဆိုတာနဲ့ဖွဲ့တာပဲ။ ကိုယ်ဖွဲ့စည်းတဲ့အဖွဲ့ အာဏာလက်စောင်းထက်စေဖို့ အရေးယူမယ်ဆိုတာတွေလည်း လုပ်တော့တာပဲ။ အရေးယူဖို့ဆိုတာ ဥပဒေရှိမှ ဆိုတာလောက်တော့ သိသင့်ပါတယ်။( အမှိုက်မပစ်ရ ဒဏ်ငွေ တစ်သောင်း ဆိုပြီး လုပ်ချင်ရာလုပ်လို့ရသလိုမျိုးဖြစ်နေပြီ)။ လက်ရှိ ဖွဲ့စည်းပုံဥပဒေ နဲ့ အစိုးရ ယန္တယား လည်ပတ်ပုံကို နားမလည်။ တကယ်တော့ ဒီတာဝန်တွေယူရင် နားလည်ဖို့လုပ်သင့်ပါပြီ။ အလုပ်သင်လေးတွေမို့မှားပါတယ်ဆိုရင်လည်း ပြင်သင့်ပါတယ်။ သူတို့အမှားကို သူတို့မမြင်ရင်လည်း ပြင်ပေး ထောက်ပြပေးမယ့် ဥပဒေပြု အမတ်များ၊ စာနယ်ဇင်များ ( Egress ကိုလှမောင်ရွှေ က ဒီဘုတ်မှာ ဒုဥက်လုပ်နေလေရဲ့) လည်း ဒီကိစ္စကို မမြင်ကြလေသလား နားမလည်ကြလေသလားမသိပါ။ ဘာမှပြောသံမကြားရ။ ဒီမိုကရေစီဆိုတာ ဘာလည်း။ လူအများက ရွေးချယ်တင်မြှောက်တာလား၊ ရွေးချယ်တင်မြှောက်ပြီး ဘယ်လိုအလုပ်လုပ်တာလည်း ဆိုတာကိုပါ ဆက်လေ့လာစေချင်ပါတယ်။ ကျွန်တော်တို့ လူမျိုးက ခေါင်းစဉ်လောက်သာ သိပြီး ရပ်သွားတတ်ကြလို့ပါ။ စေတနာကတော့ ဘယ်သူ့သွားမေးမေး စေတနာနဲ့လုပ်တာပါလို့ ပြောကြတာချည်းပဲ။ လုပ်ရည်ကိုင်ရည် နဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းသာ နည်းတာပါ။   စေတနာအမှန်နဲ့ မှားပါတယ်ဆိုရင်လည်း(ဘာပဲဖြစ်ဖြစ်ပေါ့လေ) အလုပ်သင်လေးတွေမို့ ခွင့်လွှတ်ရမှာပေါ့။

(ဒီစာပိုဒ်ကို facebook မှ ကိုရန်အောင်ကျော်၏ note မှခွင့်ပြုချက်တောင်းပြီးပြန်လည်ကူးယူဖော်ပြပါသည်။)

lamoine

unread,
Jun 8, 2011, 11:34:02 AM6/8/11
to Travel Myanmar (Tourism information, activities, idea exchange inside Burma)
Dear reader,

Regarding the post "အလုပ်သင်လေးတွေ မှားနေပြ" and original writer, may
I send my comment as below. In the post, he said in the beginning
that စဦးစွာပြောလိုတာကတော့ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့


ကျွန်တော့်မှာ ဘာအကျိုးစီးပွားမှမရှိ။ အခုပြောတဲ့သူတွေအပေါ်မှာလည်း
ဘာအငြိုးမှ မရှိ။
နောက်ပြောချင်တာကလ...ည်း ဒီကိစ္စတစ်ခုတည်းကိုမဟုတ်။ ဒီလိုအလားတူ ကိစ္စတွေ

အလုပ်လုပ်ပုံတွေကိုပါပြောလိုရင်းဖြစ်ပါတယ်။.

Then, at the conclusion, he wrote that စေတနာအမှန်နဲ့


မှားပါတယ်ဆိုရင်လည်း(ဘာပဲဖြစ်ဖြစ်ပေါ့လေ) အလုပ်သင်လေးတွေမို့
ခွင့်လွှတ်ရမှာပေါ့။

So, probably it was written in satire style. But, we need always
serious writing about our field. if you are not from here, please do
not come and no need to talk about that. But, for us, this is serious
time to carry on from now with those notorious guys like Khin Shwe and
associate. Please read again my point of view in below which was
already posted in 14th May 2011. I still belief that!

<<<< I notice that there are some people, interested in forming guide
association. For me, I found that the plan coming from this notorious
government is to protect them (at intl' platform via tourism) not to
protect the guides. If you will participate in this guide association
forming program, in near future, on day, you have to follow below
programs, I belief.
(a) political-oriented course for guides
(b) obligation to forced rules on guides' attires, dress, Sr-No while
touring
(c) obligation to forced rules on daily fees
(d) obligation to schemes on high in-coming tax
(e) and many others unforeseen now.....
Please, think of back all you write, and share. If meeting
chairperson
and audiences will only be guides and travel agents' OMs or BODs
alone, it is industry interact. It should be attended. Otherwise,
please be careful!!>>>

Xavier

Reply all
Reply to author
Forward
0 new messages