အပိုင်း၂

26 views
Skip to first unread message

Tomme Aung

unread,
Jul 17, 2013, 9:07:27 AM7/17/13
to travel...@googlegroups.com
Tourism တွင် service ပေးနေကြသော အစိမ်းရောင် မြန်မာများ ၂

ဇမ္ဗူ ဒီပါ လက် ယာတောင်ကျွန်း သြဘာနိမိတ်ထွန်း ဆိုတာ မြန်မာ လူမျိုးများရဲ့ ဓလေ့တစ်ခုပါ။

မြန်မာနိုင်ငံမှာ မြန်မာဘီယာရှိတယ်။

မြန်မာဆိုတာ မြန်မာလူမျိုးတို့ရဲ့အလေးထားစရာ နိင်ငံရဲ့ နာမည်။

မြန်မာလူမျိုးတို့ က အတိတ်နိမိတ်ကောင်းယူုပြီးမှ လုပ်ငန်းဆောင်တာ ပြုလုပ်တတ်တာ ရိုးရာတစ်ခုပါ။
အဲဒီတော့ နိမိတ်စကားအရဆိုရင် မြန်မာဘီယာ က မြန်မာနိုင်ငံက ထုတ်တဲ့ဘီယာပေါ့ ။
မြန်မာလူမျိုးတွေ မြန်မာဘီယာကိုပေါပေါသီသီ သောက်နေကြတာ/ လူငယ်တွေပျက်ဆီးနေကြတာ / မြန်မာဘီယာကြောင့် ရောဂါဘယ ရနေကြတာ မဆန်းပါဘူး။

မြန်မာဘီယာဆိုမှတော့ မြန်မာလူမျိုးတွေ မြန်မာဘီယာသောက်ကြပါလို့ ဆိုနေသလားထင်ရတယ်။

' အိမ်ကထွက်ပြီဆိုတာနဲ့နေရာတိုင်းလမ်းတိုင်းမှာ မြန်မာဘီယာဆိုင်တွေတွေ့နေရတယ်။ အလုပ်ဆင်းလို့ စိတ်ညစ်နေရင်ထွက်ပေါက်ရှာဖို့ အထူးစဉ်းစားစရာမလိုပါဘူး။
ဘီယာဆိုင်မှာထိုင်ပြီး မြန်မာစည်ဘီယာနှစ်ခွက်လောက်မော့ပြီး ညစ်တာတွေဖြေရင်း ဘီယာသောက်တတ်လာတယ်။
ဝယ်လို့လွယ်တယ် ဈေးပေါတယ် တစ်ခွက် ၆၀၀ က ၆၅၀ ကျပ်ဘဲလေ။
တစ်ချို့ဆိုရငိ မိသားစုလိုက် အကင်စားရင်း ဖခင်ဖြစ်သူက သား သမီးလေးတွေရှေ့မှာဘီယာသောက်တာ တွေတွေ့ရတယ်။
မြန်မာလူမျိုးတွေ မြန်မာဘီယာသောက်လေ့ရှိတယ်လို့ငယ်ရွယ်တဲ့ ကလေးတွေစိတ်ထဲ မှတ်ယူသွားနိင်တယ်။ ' လို့ အသိတစ်ယောက်က ရှင်းပြတယ်။
တွေးမယ်ဆိုလဲတွေးချင်စရာပါ။ စာရေးသူ သတိထားမိတာ လွနခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကပါ။

ုမြန်မာဘီယာတံဆိပ်မှာ မြန်မာအမည်သုံးရုံမက သီပေါဘုရငိ စီးခဲ့တဲ့ ကရဝိတ်ဖောင်တော်ပုံပါ ထည့်ထားသေးတယ်။ ဒါက မြန်မာလူမ်ျုးတွေကိုဆော်းကားတာပါဘဲ။

ဒါအပြင် မြန်မာဝီစကီဆိုတာလဲ ရှိသေးရဲ့။
နိုင်ငံခြားသားများကလဲုမြန်မာဘီယာ အရမ်းကောင်းကြောင်း ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်မြန်လူမျိုးများ ဘီယာ အရက် ဘာကြောင့်သောက်ကြသလဲဆိုတာ နားမလယ်ကြောငိး မကြာခဏ ပြောပြပါတယ်။

' ကျွန်တော် အမေရိကနဲ့ စင်္ကာပူအပါအဝင် တစ်ခြားနိုင်ငံတွေရောက်တော့ သူတို့နိုင်ငံ အမည်နဲ့ ထုတ်တဲ့ ဘီယာတံဆိပ် မတွေ့ရဘူး။ အေမရိကန္ဘီယာ ဂ်ပန္ဘီယာ မေလးရွားဘီယာ ၾသစေတ်းလ် ဘီယာ ဆုိသလို မတွေ့ ရပါဘူး ။ နီးစပ်ရာနာမည်လေးတွေတော့ရှိတာပေါ့ ။ ဥပမာ စင်းဂါးဘီယာ လိုပေါ့။
သူတို့နိင်ငံမှာ ဘယ်ထုပ်ကုန်ပစ္စည်းမှ နိုင်ငံရဲ့ အမည်ပေးဖို့ လုံးဝခွင့်မပြုပါဘူး။ ဒါဟာ သူတို့ရဲ့ နိင်ငံ ကို လေးစားလို့ပဲ။ ဟိုတစ်လောက မိတ်ဆွေတစ်ယောက် အူမကြီးပုပ်လို့ခွဲစိပ်ရသေးတယ်။ ဆရာဝန်က ဘီယာနဲ့အရက် အကင်များ စားလို့ ဖြစ်တာလို့ ယူဆကြောင်းပြောလိုက်တယ်။ ' လို့ အားရပါးရပြောပြတယ်။

စာရေးသူစိတ်ထဲမှာလည်း အကယ်၍များ ဗိုလ်ချုပ်အောင်ဆန်း သာသင်ရှိထင်ရှားရှိနေခဲ့လျင် ယခုလို့
မြန်မာဘီယာ လို့နာမည်ပေးတာကို ကြိုကိပါ့မလားလို့မဆီမဆိုင်တွေးမိလိုက့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လူငယ်ထုအကျိုးမပြုဘဲ ဆိုးကျိုးသာ ပေးသည့်မြန်မာဘီယာဖြစ်ခြင်း မိန်းကလေးများတောင် လိုက်သောက်နေကြပြီး ဗုဒ္ဓဘာသာအရ ယဉ်ကျေးမူအရ ဆန့်ကျင်ဖက်ဖြစ်ခြင်ုးမြန်မာနိင်ငံ အမည်ကိုသုံးတဲ့အတွက် နိုင်ငံဂုဏ်သိက္ခာ ကျစေခြင်းတို့ကြောငိ့ မြန်မာဘီယာအား အခြားနာမည် ပြောင်းလဲဖို့ရန် အချိန်တန်ပြီ ဖြစ်ကြောင်း ရေးသား တိုက်တွန်းလိုက်ပါသည်။

အမြင်မတော်သူတစ်ဦး

Reply all
Reply to author
Forward
0 new messages