---ပြင်သစ်ဂိုက်အသစ်များ လာမည့်ရာသီတွင် အလုပ်ရလတ္တံ့ ။
အဘယ့်ကြောင့်ဆိုသော် ပြင်သစ်ဂိုက်အဟောင်း
များ MTGA တွင် ခုံလုတမ်းကစားနေသောကြောင့်ဖြစ်သည်။
---မကြီးနှင်း Tour အဆက်မပြက် ရလတ္တံ့ ( ကုမ္ပဏီများ ကြားသွားပြီး)
---မကြီးစိုး ခေါင်းလျှော် (Brain Wash ) ခံရလတ္တံ့။
---အမည်တွင် " ဌ " ပါသူများ အထူးသဖြင့် စနေသားသမီးများအား ရှောင်ပါ။
---Tour Guide များ ငွေကုန်ကြေးကျများလတ္တံ့ (လိုင်စင်လဲလျှင်)
---ဂိုက်များ ခေါင်းဆေးခံရလတ္တံ့ (Refresher Course )တွင်
နားမထောင်ချင်သူများ နားဆို့ရန် ဂွမ်းဆောင်လာရန်
---အနာဂတ်အတွက် MTGA ကိုအသုံးချပြီး Training ယူနေတဲ့ အမကြီးချော
ရန်ကုန်နှင့်နေပြည်တော် တစ်လ လောက် လွန်းပျံလိုက်တာ
ဟုတ်ကဲ့ပါရှင့်ဝန်ကြီး ဟုတ်ကဲ့ပါရှင့် MD ကြီးဖြစ်သွားပါရော့လား
ပြောတော့ဖြင့် ရှေ့လူတွေ ပုတ်သင်ညိုတွေဆို အမကြီးကော အခုဘာဖြစ်နေပြီလဲ ???
---အလုပ်တွေလုပ်ရတာ မောနေပြီဆိုရင် နေပြည်တော်ရောက်တုန်း
ရေပန်းဥယျာဉ်သွားပြီး စိတ်ဖြေလိုက်ပါ
---အနာဂတ်ရည်ရွယ်ချက်တွေ အကောင်အထည်ဖော်ဖို့ MTGA က လေ့ကျင့်ရေးကွင်း မဟုတ်ဘူးနော်
ကြံ့ဖွံ့မှာ တစ်နေရာကြိုပြီးတောင်းထားပေးမယ်....
---ယိုးဒယားပြန် စကားဝါစိန်ရေ စာရင်းတွေ ဘယ်တော့လာရှင်းမှာလည်း ?
မျှော်သာမျှော်သည် မပေါ်ပြီ
ဖြစ်နေပြီ MTGA တည်ထောင်ခြင်းသမိုင်းနဲ့အတူ မော်ကွန်းတင်ခံနေရအုံးမယ်
တော်ကြာမှ MTGA နှင့်
ကျွန်မ ဆောင်းပါးရေးနေရအုံးမယ်....
---ရွှေပစ်တိုင်းထောင်ရေ အမှန်တွေကို ထပ်ရေးပါအုံး အားပေးပါတယ် ဒီကတို့က
သူ့လို ရေးတတ်ဖူး...
နောက်တစ်ခါ သမ္မတကြီးဆီကို ရေးလိုက်ပါနော်....
---ဒါနဲ့ စကားမစပ် မန္တလေးဂိုက်အသင်းကြီးက ချီးကျူးချင်စရာပဲ အပင်တွေစိုက်
အသုဘတွေပို့ စာရင်းရှင်း
တာများ ရှင်းလို့ လင်းလို့ လှထွန်း& Associate မှာအပ်ထားသလား အောက်မေ့ရတယ်......
---ရန်ကုန်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဘယ်ရောက်နေလဲ ? မိုးကုန်တော့မယ်နော်
ရန်ကုန်မှာ ဆင်ငိုမြက် ခွေးလေးယားပင် ပဒိုင်းပင်တွေ စိုက်ကြတာပေါ့ MTGA
ရံပုံငွေ ဆေးဖော်ရောင်းကြ ရအောင် MTGA လျက်ဆား (သွက်သွက်ခါရန်
အာမခံသည်) ကိုယ်စားလှယ်ပေးမည် .... ၅၀% ကော်မရှင် ရမည်။
ကျောက်ဆိုင်တောင်သွားရန်မလို လျက်ဆားသာ ရောင်းရန်လိုသည် MTGA MEMBER
များကို ဦးစားပေးမည်။
မှတ်ချက်------MTT မှလူများ မစိုးရိမ်ကြပါနှင့် လစဉ်မေတ္တာလက်ဆောင်
မကြီးချောနှင့် ထည့်ပေးလိုက်မည်
MD အတွက် ပိုပေးလိုက်ပါမည်။
---Pindayakhin ၏စာကို ခံစားဘတ်ရှုပေးပါသော မန္တလေးရွှေမြို့တော်မှ
ဇာတ်မင်းသားလေး ၀င်းဇော်အား
ဖော်ပြီးပြီးချင်း DHL နှင့် ပို့လိုက်မည် မျှော်နေပါ။
---သြော် မေ့တော့မလို့ ဂိုက်များ သင်္ချာတွက်တတ်ကြသလား..တစ်နှစ် MTGA
နှစ်စဉ်ကြေး ၁၅၀၀၀x၃၀၀၀
ဆိုတော့ သိန်း ၄၅၀ နော် ဘာလုပ်ကြမှာလဲ ကိုရီးယားကိုသွားပြီး
အပန်းဖြေကြမလို့လား
---ဥက္ကဌကြီး ဒေါ်ကာလီမာဒေ၀ီရဲ့သူငယ်ချင်း ၀န်ကြီးရဲ့
အလုပ်ရုံဆွေးနွေးပွဲမှာ ဂိုက်များတူညီဝတ်စုံဝတ်
တာကောင်းကြောင်းစာတန်းတင်တဲ့ ဒေါ်ခင်မြန်မာဆိုတာ နာမည်အရင်းက
ဒေါ်ခင်ညိုကျော်စိုး ဆိုပဲ
သူ့ရဲ့ မိခင်ဌာနကိုသိကြရဲ့လား အထူးသစ်ကိုင်းတပ်ဖွဲ့ SB ကတဲ့ အဲဒီကလူ ၆
ယောက် ဂိုက်ယောင်
ဆောင်ပြီး အထဲမှာဝင်နေတယ်လို့ သတင်းကြားတယ် ဂိုက်အားလုံး အပြောအဆို သတိထားကြနော်...
နေရင်းထိုင်ရင်း အနားယူနေရမယ်..
---ဒီနေ့တော့ တော်ပြီဟေ့ ဓာတ်ခန်းဝင်လိုက်အုံးမယ် အာရုံရလျှင် ဆက်ပြီးရေးမယ်...