မည်သူမဆို လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်ပါသည်။ ( ကိုအံ့ဘုန်းမြတ် - ဒီဗီဘီ သတင်းထောက်၏ မေးခွန်း။ ( Question by DVB )

53 views
Skip to first unread message

chawchaw mirror

unread,
May 29, 2012, 6:04:12 AM5/29/12
to Travel Myanmar (Tourism information, activities, idea exchange inside Burma)
ဒီကနေ့ သတင်းစာထဲမှာပါတဲ့ စီးပွားရေး၊ ပြည်ဝင်နဲ့ ဖြတ်သန်းဆိုက်ရောက်
ဗီဇာ ၂၇ နိုင်ငံကို ခွင့်ပြုလိုက်တာ အပေါ် မြန်မာပြည် Tourism ကို
impact ရှိပါသလား။ အမြင်လေး နည်းနည်း ကွန့်မန့် သတင်းအတွက်
ရချင်လို့ပါခင်ဗျာ။( Question by DVB )
ညဏ်မှီသလောက် သုံးသပ်ရတာTourism ကို impact မဖြစ်နိုင်လောက်ဘူးလို့
မြင်ပါတယ်။
အခုပေးမဲ့ visa on arrival က business visa သမားတွေ အတွက်ပါ။
ကျွန်မတို့ နိုင်ငံကို မလိုအပ်ဘဲ နဲ့ လဲ Visa on arrival ပေးတာကိုလဲ
သဘောမကျပါဘူး။
တံခါး မရှိ။ ဓားမရှိ အစစ် အဆေးအမေး အမြန်းအထွေအထူးမလုပ်ဘဲ။
စာရွက်စတမ်းမခိုင်လုံဘဲ။
လုပ်ထုံး လုပ်နည်း မမှန်ကန်ဘဲ လွယ်လွယ် ကူကူ ၀င်ချင် သလို
ဝင်ထွက်ချင်သလိုထွက်တာတော့ဘယ်ရ မလဲ။
(အခု့ လောလောဆယ် မှာအချို့လုပ်ငန်းရှင် တရုတ်တွေ။ကိုရီးယားတွေ အများဆုံး
စည်းကမ်းမဲ့ နေတာပါ။ )
Visa on arrival ကို Tourist တွေအတွက်သံရုံးမရှိသေးတဲ့( စပိန် လို)
နိုင်ငံကလွဲရင်ကျန်နိုင်ငံက သက်ဆိုင်ရာ မြန်မာသံရုံး
တွေကသာစနစ်တကျနဲ့လုပ်ထုံးလုပ်နည်းမှန်ကန်ပြီးမြန်ဆန်ဖို့ဘဲလိုပါတယ်။
လက်ရှိ Tourism မှာ visa on arrival လိုအပ်နေတာကမြန်မာသံရုံးမရှိသေးတဲ့
စပိန် လူမျိုးတွေ အတွက်အဓိကပါ။
သူများနိုင်ငံတွေ သွားရင်လဲ ဗီဇာ ကတော့ တစ်ပတ် သို့ မဟုတ် ၃ ရက်
အနည်းဆုံး စောင့်ရတာ ပါဘဲ။
အရှေ့တောင်အာရှ နိုင်ငံ တွေ သွားရင်လဲ စောင့်ရတာပါဘဲ။ ၂ ရက်။ ၃ ရက်
ကတော့။
Business Visa သမားတွေ၊စီးပွားရေး လာလုပ်မယ် လို့ ဆိုတဲ့ သူတွေက
မြေစမ်းခရမ်းပျိုးတာလေ။
သူ့တို့က အလွန်ဆုံးနေရင် ၁၀ ရက်ဘဲ။ tourist site
တွေကိုသာရည်ရွယ်ပြီးသွားတာ မဟုတ်ဘူး၊ ဟိုတယ်။
စားသောက်ဆိုင်လုပ်ငန်းသမားကလွဲရင်ပေါ့။tourist အစစ်က မှ tourist site တွေ
သွားမှာ
အမြန်ဆုံး ထိရောက်တဲ့ ၀င်ငွေ ပြည်သူတွေ လက်လုပ်လက်စားတွေ
( လမ်းဘေးဈေးသည်၊မြင်းလှည်း ဆိုက်ကားသမား
အစထားလို့ )လူတန်းစားပေါင်းစုံ အတွက် ၀င်ငွေ သက်တောင့်သက်သာရနိုင်မယ်။
Business Visa သမားတွေစီးပွားရေးလုပ်ငန်းရှင်တော်တော်များများ အခု
မြင်နေရတာက မြန်မာပြည် ရဲ့သံယံဇာတတွေကို ဘာတွေ ဘယ်လို လာနှိုက်ထုတ်ရမလဲဘဲ
စဉ်းစားပြီး အလုပ်လာလုပ် ချင်နေ ကြတာ။
(ဥပမာ။ ။ ကြေးနီစီမံကိန်း။ ရေအားလျှပ်စစ်။ သဘာဝဓာတ်ငွေ့။ ရေနံ။
တွင်းထွက်ပစ္စည်း အမျိုးမျိုး။ကျွန်းသစ် နှင့်သစ်တောထွက် အမျိုးမျိုး။ )
စတဲ့ Natural Resource ဘာတွေ ထုတ်လို့ရမလဲဘဲ အသဲအမဲ စိတ်ဝင် စားတာ။

human Resource မြန်မြန်မြှင့်တင်ပေးနိုင်မည့် ပညာရေးကဏ္ဍ ။တွေကို
စိတ်ဝင်တစ်စား အလုပ်ဖြစ်တာက
ကနည်း နေတယ်လို့ မြင်တယ်။
နိုင်ငံခြားသား လူဝင်များရင် တိုင်းပြည်တစ်ခုအတွက် ကောင်းကျိုး၊
ဆိုးကျိုးများစွာရှိပါတယ်။ အကောင်းကြီးကိုဘဲ
မျှော်လင့်ထားလို့မရနိုင်သလို အဆိုးတွေကိုလည်း
ဘယ်လိုကြံ့ကြံ့ခံနိုင်မလဲ။
အဆိုးနည်းအောင် ဘယ်လိုလုပ်ကြမလဲ အဖြေရှာရတော့ မှာပါ။ဆယ်စုနှစ်များစွာ
တံခါးပိတ်ထားတဲ့ တိုင်းပြည်အနေနဲ့ ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို
လိုပါလိမ့်မယ်။ဆိုးကျိုးတွေကိုတော့ အကျယ် မပြောချင်တဲ့ အတွက်မြန်မာလို
တံခါးပိတ်တိုင်းပြည် တစ်ခုအနေနဲ့ အခုလို လ.ဝ.က ပေါ်လစီ ပြောင်းလဲခြင်းဟာ
Cultural Shock တစ်ခု ဖြစ်လာလောက် အောင်ကို Culture အပေါ်မှာ
သက်ရောက်မှုကြီးမားနိုင်ပါတယ်။ တစ်ခြားမကြည့်ဘဲ ဒီနှစ်
မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွဲတော် အနေအထားကိုလေ့လာတာနဲ့
ခန့်မှန်းလို့ရပါတယ်။ သင်္ကြန် မစခင်က မဏ္ဍပ်တွေ အင်္ဂလိပ်နံမည် မပေးရ။
ဘာမလုပ်ရ။ညာမလုပ်ရ။ ပြီးတော့လဲ ဥပဒေ ဘက်က ဘာမှထိရောက်အောင် အရေးယူတာ
မျိုးလုံးဝမရှိခဲ့ဘူး။ဥပဒေက on paper မှာ ဘဲဖြစ်နေတယ်။
ဒါတွေကို ကြည့်ပြီးရင် နမူနာ သင်ခန်းစာယူပြီး အစိုးရဘက်ပိုင်းက လုပ်ရမည့်
နည်းဥပဒေ တွေ အများကြီးမြန်မြန်ဆန်ဆန် လုပ်ရပါလိမ့်မယ်။အားမနာတမ်း
ပြောရရင် မွဲတေနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ပြည့်တန်ဆာလုပ်ငန်းလည်း
ပိုမိုကြီးထွားလာဦးမှာပါ။ အမျိုးသားယဉ်ကျေးမှု ကိုမပျက်စီးအောင် ဘယ်လို
အားထုတ်ကြမလဲလို့ အခုကတည်းက သက်ဆိုင်သူတွေ
ပြင်ဆင်သင့်ပြီလို့ယုံကြည်ပါတယ်။
ဥပမာ။ ။ မရှိဘူးလို့ ငြင်းလို့လုံးဝမရတဲ့ ပြည်တန်ဆာလုပ်ငန်းကိုလည်း
ကျန်းမာရေးဆေးစစ်မှုတွေနဲ့ အတူ၊ တိကျပြတ်သားတဲ့ နည်းဥပဒေ အခိုင်အမာတွေ
ထုတ်ပြန်ဖို့ မလွယ်မသွေလိုလာပါလိမ့်မယ်။
ခန္ဒာကိုယ်ရောင်းစားနေရတဲ့အမျိုးသမီးတွေရသင့်တဲ့အခွင့်အရေး၊
ကာကွယ်စောင့်ရှောက်မှု၊နစ်နာမှု
၊မတရားနှိပ်စက်ညှင်းပန်းမှုများကင်းစင်စေရေး။စတဲ့စတဲ့ ကိစ္စ တွေကိုလဲ
မျက်စိမှိတ်ပြီး မြန်မာ့ယဉ်ကျေးမှု culture , CULTURE အော်ပြီး။ CULTURE
ထိခိုက်တယ်ဆိုပြီး ပြည့်တန်ဆာ နှိမ်နင်းရေးဘဲလုပ်ပြီးမသိဟန်ဆောင်
မနေသင့်ပါဘူး။


welcome to Myanmar, please don't be in a hurry to catch up / please
take it slow .

aungmyotun.ning.com

unread,
May 30, 2012, 1:44:02 AM5/30/12
to Travel Myanmar (Tourism information, activities, idea exchange inside Burma)
Mr. Ahn Hbone Myat;
May I involve in debate that Business Visa at tourism impact.
No much effect to tourism.VOA with Visit Visa is needing for travel
agents and tour operators due in unseasonal .But more back -
packagers can entry without effect for agents.May visit at least can
use at 2 Stars hotel with VV be ok. Whatever level of visitors with
VV who have to buy full day or half day package from travel agents
or tour operators that couldn't bad.
VOA with Business Visa just concern organizations may be a few
catching for travel agents and tour operators not priority for
tourism industry just for hoping of government at investment
international.

Mr.Khaing(Khaing Soe Linn)
Freelance Travel Consultant

Ko Htike

unread,
May 30, 2012, 4:01:21 AM5/30/12
to travel...@googlegroups.com
ဒီစာရဲ.ရှေ.တစ်စောင်မှာ ကျွန်တော် အရိပ်အမြွတ်လေးပေးပြီး မြန်မာလိုရေးဖို. မေတာရပ်ခံထားပြီးပါပြီ။ အဲဒီ.နောက် ကိုသောမတ်စ်၊ ကိုဇေဗီယာနဲ. ကိုဆန်နီတို. ခပ်ပါးပါးရော ဝရုန်းသုန်းကားပါ နားလည်အောင်ရေးဖို. ဘယ်သူမှနားမလည်နိုင်တဲ. အေးချမ်းမေ ဘာသာစကားဖြစ်နေကြောင်း ထောက်ပြဝေဖန်ပြီးသွားပါပြီ။ အားလုံးမှာ တစ်ယောက်ယောက်နစ်နာစေလိုစိတ်နဲ. ဆရာလုပ်လိုစိတ်မရှိပဲ မတတ်သာတဲ.အခြေအနေမို. ဝင်ထောက်ပြရတာဖြစ်နေပါတယ်။ ကျေးဇူးပြုပြီး နောက်ဆွေးနွေးချက်တွေကို မြန်မာလို ဆွေးနွေးဖို. တောင်းဆိုပါရစေ မစ်စတာခိုင်ခင်ဗျား။

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.




--
Lin




comenseeme KSL

unread,
May 30, 2012, 9:26:37 AM5/30/12
to travel...@googlegroups.com
ကိုအောင်မျိုးထွန်း..
နောက်ရေးမယ့် comment နဲ့.description တွေကို မြန်မာလိုရေးသားပေးပို့ပါမယ်။
ခင်မင်စွာဖြင့်
မစ္စတာခိုင်

Nyi Nyi ®

unread,
Jun 1, 2012, 12:08:38 AM6/1/12
to travel...@googlegroups.com
သတင်းစာထဲပါတဲ့ ဆိုက်ရောက်ဗီဇာ ၂၇ နိုင်ငံကိုခွင့်ပြုလိုက်တာ ကမ္ဘာလှည့်ခရီးသွားတွေကိုမရည်ရွယ်တဲ့အတွက် မြန်မာပြည် tourism ကို impact နည်းပါလိမ့်မယ်။ ဒါပေမယ့် စီးပွားရေးလို့ဆိုတဲ့အတွက် နိုင်ငံခြားက ခရီးသွားလုပ်ငန်းလုပ်လိုသူတွေမြန်မာပြည်လာလေ့လာဖို့လွယ်ကူသွားစေနိုင်တာကိုတော့မြင်ရပါတယ်။ ဆိုက်ရောက်ဗီဇာကို ကမ္ဘာလှည့်ခရီးသွားတွေကိုရည်ရွယ်ပြီးဖွင့်ပေးလိုက်ရင်တော့ အကျိုးသက်ရောက်မှုကြီးနိုင်တယ်လို့ပြောချင်ပါတယ်။

Khaing Oo Swe

unread,
Jun 2, 2012, 11:04:04 AM6/2/12
to travel...@googlegroups.com
Tourism impact ကို ၀ိုင်းဝန်းသုံးသပ်တဲ့နေရာမှာ negative impact လား positive impact လား ဆိုတာေ၇ာထွေးနေတယ်။ positive impact လား negative impactလား ဆိုတာခွဲခြားသုံးသပ်ပေးကြပါလား

2012/6/1 Nyi Nyi ® <nyi...@gmail.com>
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/Q4FnVE318G8J.

Aung Kyaw Thu

unread,
Jun 3, 2012, 8:17:41 AM6/3/12
to travel...@googlegroups.com
ဟိုတစ်လောဆီက ဂျာနယ်တွေ သတင်းစာတွေမှာ ဆိုက်ရောက်ဗီဇာကို Company
ထောက်ခံချက် တစ်ခုနဲ့ လေဆိပ်မှာဘဲ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်လို
့ကြားသိ ဖတ်မိတဲ့အတွက် သက်ဆိုင်ရာအာဏာပိုင်များကိုကျေးဇူးတင်မိခဲ့ပါတယ်။
အဲ ဒါနဲ့ ဘဲ ယခုမြန်မာစီးပွားရေးအခွင့်အလန်း တွေ ပွင့်လန်းလာပြီး
နိုင်ငံတကာစီးပွားရေး ရင်းနှီးမြုပ်နှံသူတွေ ကလည်း စိတ်ဝင်စားလာကြတယ် ၊
ကျွန်တော် Company ကို Canada နဲ့  Israel က စီးပွားရေး လုပ်ငန်းရှင်တွေက
ဆက်သွယ်ခဲ့တော့ ၊ ကျွန်တော်ကလည်း ဂျာနယ် သတင်းစာတွေထဲက သတင်း အရ
ဆိုက်ရောက်ဗီဇာထုတ်ပေးနိုင်တယ် ၊ မလိုလားအပ်တဲ့ Formality
တွေလည်းနည်းပါးသွားပါပြီ အဆင်ပြေပါတယ်လို့ ပြောခဲ့ပါတယ်။ သူတို့ ဘက်ကလည်း
ရင်းနှီးမြုပ်နှံမှု့ အတွက် ပြင်ဆင်စရာ တွေ ပြင်ဆင်ပြီး မြန်မာနိုင်ငံကို
လာရောက်ဖို့ ပြောတဲ့အခါ ကျွန်တော်လည်း သေချာအောင်ထပ်မံစုံစမ်းတော့ ၂၇
နိုင်ငံထဲမှာ သူတို့ တိုင်းပြည်တွေ မပါဘူးဖြစ်နေ ပါတယ် ၊ ဒါကြောင့်
ဆိုက်ရောက်ဗီဇာအတွက် ၀န်ကြီးဌာနတွေကို ထောက်ခံချက်လျှောက်လွှာပို့ ရမယ် ၊
အဲဒီထောက်ခံချက်ကို လည်း လ၊၀၊က ၀န်ကြီးဌာနကို ပို့ ပြီး သူတို
့ကလေဆိပ်ကို အကြောင်းကြား ပေးမယ်လို့ လည်းသိရပါတယ် ၊ အနည်းဆုံး ၂ ပတ် ကနေ
၃ ပတ်ခန့် ကြာတတ် တယ်လို့ လည်း သိရပါတယ် ။ ဒီတော့ မေးစရာတစ်ခုရှိပါတယ် -
ရင်းနှီးမြုပ်နှံမှု့ ကော်မရှင်က FDI လို့ ခေါ်တဲ့ 
နိုင်ငံခြားရင်းနှီးမြုပ်နှံမှု့ တွေကို ဖိတ်ခေါ်တယ် ၊
ကုန်သွယ်ရေးဝန်ကြီးဌာနကလည်း ကုန်သွယ်မှု့ အခွင့်အလန်းတွေအတွက် ပြည်ပက
လုပ်ငန်းရှင်တွေဖိတ်ခေါ်တယ် ၊ အခုလို အနေအထား နဲ့  ၂၇ နိုင်ငံမှာ မပါတဲ
့သူတွေက ရင်းနှီးမြုပ်နှံမှု့ တွေ အတွက် မြန်မာပြည်ကို ဆိုက်ရောက်
ဗီဇာအစီအစဉ်နဲ့ မလာရတော့ဘူးလား ?

>>> တွေကသာစနစ်တကျနဲ့လုပ်ထုံးလုပ်**နည်းမှန်ကန်ပြီးမြန်ဆန်ဖို့ဘဲလိ**ုပါတယ်။
>>> လက်ရှိ Tourism မှာ visa on arrival လိုအပ်နေတာကမြန်မာသံရုံးမရှိသေး**တဲ့


>>> စပိန် လူမျိုးတွေ အတွက်အဓိကပါ။
>>> သူများနိုင်ငံတွေ သွားရင်လဲ ဗီဇာ ကတော့ တစ်ပတ် သို့ မဟုတ် ၃ ရက်
>>> အနည်းဆုံး စောင့်ရတာ ပါဘဲ။
>>> အရှေ့တောင်အာရှ နိုင်ငံ တွေ သွားရင်လဲ စောင့်ရတာပါဘဲ။ ၂ ရက်။ ၃ ရက်
>>> ကတော့။
>>> Business Visa သမားတွေ၊စီးပွားရေး လာလုပ်မယ် လို့ ဆိုတဲ့ သူတွေက
>>> မြေစမ်းခရမ်းပျိုးတာလေ။
>>> သူ့တို့က အလွန်ဆုံးနေရင် ၁၀ ရက်ဘဲ။ tourist site
>>> တွေကိုသာရည်ရွယ်ပြီးသွားတာ မဟုတ်ဘူး၊ ဟိုတယ်။

>>> စားသောက်ဆိုင်လုပ်ငန်းသမားကလွဲ**ရင်ပေါ့။tourist အစစ်က မှ tourist site တွေ


>>> သွားမှာ
>>> အမြန်ဆုံး ထိရောက်တဲ့ ၀င်ငွေ ပြည်သူတွေ လက်လုပ်လက်စားတွေ
>>> ( လမ်းဘေးဈေးသည်၊မြင်းလှည်း ဆိုက်ကားသမား
>>> အစထားလို့ )လူတန်းစားပေါင်းစုံ အတွက် ၀င်ငွေ သက်တောင့်သက်သာရနိုင်မယ်။

>>> Business Visa သမားတွေစီးပွားရေးလုပ်ငန်းရှင်**တော်တော်များများ အခု


>>> မြင်နေရတာက မြန်မာပြည် ရဲ့သံယံဇာတတွေကို ဘာတွေ ဘယ်လို လာနှိုက်ထုတ်ရမလဲဘဲ
>>> စဉ်းစားပြီး အလုပ်လာလုပ် ချင်နေ ကြတာ။
>>> (ဥပမာ။ ။ ကြေးနီစီမံကိန်း။ ရေအားလျှပ်စစ်။ သဘာဝဓာတ်ငွေ့။ ရေနံ။
>>> တွင်းထွက်ပစ္စည်း အမျိုးမျိုး။ကျွန်းသစ် နှင့်သစ်တောထွက် အမျိုးမျိုး။ )
>>> စတဲ့ Natural Resource ဘာတွေ ထုတ်လို့ရမလဲဘဲ အသဲအမဲ စိတ်ဝင် စားတာ။
>>>
>>> human Resource မြန်မြန်မြှင့်တင်ပေးနိုင်မည့် ပညာရေးကဏ္ဍ ။တွေကို
>>> စိတ်ဝင်တစ်စား အလုပ်ဖြစ်တာက
>>> ကနည်း နေတယ်လို့ မြင်တယ်။
>>> နိုင်ငံခြားသား လူဝင်များရင် တိုင်းပြည်တစ်ခုအတွက် ကောင်းကျိုး၊
>>> ဆိုးကျိုးများစွာရှိပါတယ်။ အကောင်းကြီးကိုဘဲ
>>> မျှော်လင့်ထားလို့မရနိုင်သလို အဆိုးတွေကိုလည်း
>>> ဘယ်လိုကြံ့ကြံ့ခံနိုင်မလဲ။
>>> အဆိုးနည်းအောင် ဘယ်လိုလုပ်ကြမလဲ အဖြေရှာရတော့ မှာပါ။ဆယ်စုနှစ်များစွာ
>>> တံခါးပိတ်ထားတဲ့ တိုင်းပြည်အနေနဲ့ ဒါတွေကို ကြိုတင်ပြင်ဆင်ထားဖို

>>> လိုပါလိမ့်မယ်။ဆိုးကျိုးတွေကိုေ**တာ့ အကျယ် မပြောချင်တဲ့ အတွက်မြန်မာလို


>>> တံခါးပိတ်တိုင်းပြည် တစ်ခုအနေနဲ့ အခုလို လ.ဝ.က ပေါ်လစီ ပြောင်းလဲခြင်းဟာ
>>> Cultural Shock တစ်ခု ဖြစ်လာလောက် အောင်ကို Culture အပေါ်မှာ
>>> သက်ရောက်မှုကြီးမားနိုင်ပါတယ်။ တစ်ခြားမကြည့်ဘဲ ဒီနှစ်

>>> မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ပွ**ဲတော် အနေအထားကိုလေ့လာတာနဲ့


>>> ခန့်မှန်းလို့ရပါတယ်။ သင်္ကြန် မစခင်က မဏ္ဍပ်တွေ အင်္ဂလိပ်နံမည် မပေးရ။
>>> ဘာမလုပ်ရ။ညာမလုပ်ရ။ ပြီးတော့လဲ ဥပဒေ ဘက်က ဘာမှထိရောက်အောင် အရေးယူတာ
>>> မျိုးလုံးဝမရှိခဲ့ဘူး။ဥပဒေက on paper မှာ ဘဲဖြစ်နေတယ်။
>>> ဒါတွေကို ကြည့်ပြီးရင် နမူနာ သင်ခန်းစာယူပြီး အစိုးရဘက်ပိုင်းက လုပ်ရမည့်
>>> နည်းဥပဒေ တွေ အများကြီးမြန်မြန်ဆန်ဆန် လုပ်ရပါလိမ့်မယ်။အားမနာတမ်း
>>> ပြောရရင် မွဲတေနေတဲ့နိုင်ငံဖြစ်တဲ့အတွက် ပြည့်တန်ဆာလုပ်ငန်းလည်း
>>> ပိုမိုကြီးထွားလာဦးမှာပါ။ အမျိုးသားယဉ်ကျေးမှု ကိုမပျက်စီးအောင် ဘယ်လို
>>> အားထုတ်ကြမလဲလို့ အခုကတည်းက သက်ဆိုင်သူတွေ

>>> ပြင်ဆင်သင့်ပြီလို့ယုံကြည်ပါတယ်**။


>>> ဥပမာ။ ။ မရှိဘူးလို့ ငြင်းလို့လုံးဝမရတဲ့ ပြည်တန်ဆာလုပ်ငန်းကိုလည်း
>>> ကျန်းမာရေးဆေးစစ်မှုတွေနဲ့ အတူ၊ တိကျပြတ်သားတဲ့ နည်းဥပဒေ အခိုင်အမာတွေ
>>> ထုတ်ပြန်ဖို့ မလွယ်မသွေလိုလာပါလိမ့်မယ်။

>>> ခန္ဒာကိုယ်ရောင်းစားနေရတဲ့အမျိုး**သမီးတွေရသင့်တဲ့အခွင့်အရေး၊


>>> ကာကွယ်စောင့်ရှောက်မှု၊နစ်နာမှု

>>> ၊မတရားနှိပ်စက်ညှင်းပန်းမှုများ**ကင်းစင်စေရေး။စတဲ့စတဲ့ ကိစ္စ တွေကိုလဲ


>>> မျက်စိမှိတ်ပြီး မြန်မာ့ယဉ်ကျေးမှု culture , CULTURE အော်ပြီး။ CULTURE

>>> ထိခိုက်တယ်ဆိုပြီး ပြည့်တန်ဆာ နှိမ်နင်းရေးဘဲလုပ်ပြီးမသိဟန်ေ**ဆာင်

Nyi Nyi ®

unread,
Jun 4, 2012, 1:58:09 PM6/4/12
to travel...@googlegroups.com
ကိုအောင်ကျော်သူခင်ဗျား လူဝင်မှုကြီးကြပ်ရေးက ဒီလောက်အထိမနိုင်သေးတာလို့မြင်ပါတယ်။ နောက်ပြီး မြန်မာပြည်မှာရှိတဲ့ဌာနဆိုင်ရာအချင်းချင်း အစီးကပ်မှုတွေလိုနေသေးတယ်လို့လည်းမြင်ပါတယ်။ (ဥပမာ - ရင်းနှီးမြှပ်နှံမှုကော်မရှင်၊ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဌာန၊ ပြည်ထဲရေး၊ နိုင်ငံခြားရေး) ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီးမှာအမောဖောက်နေသူတွေရှိတယ်လို့လည်းမြင်ပါတယ်။
လေးစားစွာ
ညီညီနိုင်


2012/6/3 Aung Kyaw Thu <>



--
Nyi Nyi

Sonny

unread,
Jun 4, 2012, 11:50:12 PM6/4/12
to Travel Myanmar (Tourism information, activities, idea exchange inside Burma)
Ko Nyi Nyi,

Stickiness is missing in the inter ministry level at the top even.

God save our sole. (from running between THEM)

Sonny

> ...
>
> read more »

Reply all
Reply to author
Forward
0 new messages