ငွေလဲကောင်တာတွင် နိုင်ငံခြားငွေများ စုပြုံနေ

10 views
Skip to first unread message

Nyi Nyi ®

unread,
Nov 29, 2011, 12:51:28 PM11/29/11
to travel...@googlegroups.com
နိုင်ငံခြားငွေ လဲလှယ်ခွင့်ရတဲ့ ဘဏ်အချို့မှာ နိုင်ငံခြားငွေတွေ စုပြုံနေသလို နိုင်ငံခြားငွေဈေးနှုန်း ဆက်တိုက် ကျဆင်းနေတာကြောင့် အရှုံးတွေ ဖြစ်ပေါ်နေတယ်လို့ ငွေလဲကောင်တာ ဖွင့်ခွင့်ရတဲ့ ဘဏ်အချို့မှ သိရပါတယ်။ ‘လာပြန်ဝယ်တဲ့သူထက် ရောင်းတဲ့သူက ပိုများတော့ ကောင်တာမှာ မြန်မာငွေ မလောက်ဘဲ နိုင်ငံခြားငွေတွေ တစ်နေ့ထက် တစ်နေ့ များလာတယ်၊ ဈေးကလဲ တဖြည်းဖြည်းကျလာတော့ နိုင်ငံခြားငွေ အများကြီး လက်ထဲမှာရှိရင် အများကြီးပိုရှုံးတာပေါ့’ လို့ နိုင်ငံခြားငွေလဲကောင်တာ ဖွင့်ခွင့်ရတဲ့ ဘဏ်တစ်ခုမှ လက်ထောက်မန်နေဂျာက ဆိုပါတယ်။ နိုင်ငံခြားငွေ လဲလှယ်နှုန်း ဈေးကျနေတဲ့အတွက် ငွေလဲကောင်တာတွေမှာ ပိုပြီး ဆုံးရှုံးမှုတွေ ရှိလာနိုင်တယ်လို့ စီးပွားရေးပညာရှင် တချို့ကလည်း သုံးသပ်ကြပါတယ်။ ပြင်ပ မှောင်ခိုငွေလဲနေရာတွေမှာ လိမ်လည်ခံရတာတွေ ရှိတဲ့အတွက် ငွေလဲကောင်တာတွေမှာ လဲတဲ့သူတွေ ပိုများလာနေတယ်။ ငွေလဲကောင်တာမှာ တစ်နေ့တစ်နေ့ ဝယ်တဲ့သူထက် ရောင်းတဲ့သူတွေ ပိုများတဲ့အတွက် ကောင်တာ စောပိတ်ရတာတွေလည်း ဖြစ်လာတယ်။ ငွေလဲကောင်တာတွေ စဖွင့်တဲ့အချိန်က တစ်ဒေါ်လာကို ကျပ် ၈၀၀ နဲ့ဝယ်ခဲ့ပေမဲ့ အခု တစ်ဒေါ်လာကို ၇၈၀ ဝန်းကျင်နဲ့သာ ဝယ်ယူတော့တယ်လို့ သိရပါတယ်။ ‘နေ့တိုင်း ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ရတာ၊ အခုနောက်ပိုင်း ကန့်သတ်ချက်တွေနဲ့ အရောင်းအဝယ် လုပ်တာတောင် လာရောင်းတဲ့သူက မလျော့ဘူး၊ ငွေလဲကောင်တာ ဖွင့်ခွင့်ရတဲ့ ဘဏ်တွေအားလုံး ကန့်သတ်ချက်က အတူတူပဲ’ လို့ စီဘီဘဏ်မှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ လက်ရှိ နိုင်ငံခြားငွေလဲကောင်တာ တရားဝင် ဖွင့်ခွင့်ရတဲ့ဘဏ် ၁၇ ဘဏ်ဟာ နေ့စဉ် ဗဟိုဘဏ်ရဲ့ ညွှန်ကြားမှုနဲ့ ဆောင်ရွက်နေကြပါတယ်။ သိမ်ဖြူငွေလဲကောင်တာ စဖွင့်စဉ်က တင်းကျပ်မှု သိပ်မရှိပေမဲ့ နောက်ပိုင်း နိုင်ငံခြားငွေကြေး အရောင်းအဝယ် လာလုပ်တဲ့အခါ ပြည်တွင်းပြည်ပ အထောက်အထားမျိုးစုံနဲ့ ကန့်သတ်ပြီး ပမာဏတစ်ခုအတွင်းသာ အရောင်းအဝယ် ပြုလုပ်ပေးနေပါတယ်။ အခု ဘဏ်တွေမှာ နိုင်ငံခြားငွေပမာဏ များများရှိနေတဲ့အတွက် ဘဏ်လုပ်ငန်းရှင်တွေနဲ့ စီးပွားရေး ပညာရှင်တွေ စုပေါင်းပြီး ဖြေရှင်းဖို့ နည်းလမ်းကိုလည်း စဉ်းစားကြတယ်လို့ နိုင်ငံခြားငွေလဲကောင်တာ ဖွင့်ခွင့်ရတဲ့ ဘဏ်အချို့ထံမှ သိရကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages